YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Street.Woman.Fighter.S02E06.1080p.CM.mp4

2.43 GB N/A video/mp4 175 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Twelve Nights
6.7

The Warlords နဲ့ Dragon တို့လို ကားကောင်းတွေမှာ ဇာတ်ညွှန်းရေးခဲ့တဲ့ စာရေးဆရာမ Aubrey Lam ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဟောင်ကောင်ရဲ့ အကျော်အမော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Cecilia Cheung နဲ့ သူ့ခင်ပွန်းဟောင်း လက်ရှိခေတ်ရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့၊ ကျွန်တော်တို့တော့ ဟွားဝူချွဲအဖြစ်နဲ့ စသိခဲ့ကြတဲ့ Nicholas Tse တို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အချစ်တို့ရဲ့ ၁၂ညတာ အကြောင်းပါပဲ။ အချစ်ရဲ့ ပြေးတော့လိုက် လိုက်တော့ပြေးခြင်းတွေ၊ အချစ်ရဲ့မရင့်ကျက်ခြင်းတွေ၊ ဘဝရဲ့လှည့်စားခြင်းတွေကို ၁၂ညတာအချိန်အတွင်း ဘောင်သွင်းပြသွားတဲ့ ဟောင်ကောင်ရိုမန့်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အလှတရားနဲ့ ညှို့ကွင်းထောင်နေတဲ့ ယန်တစ်ခုလို Cecilia Cheung နဲ့တင် ဒီဇာတ်လမ်းကို ကြည့်သင့်နေပြီ ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 32Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.7 2000 92 mins
Twelve Nights
Strange World
6.5

ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ ‌တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ‌တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ပန်ဒိုအပင်ကို စိုက်ပျိုး၊ သုတေသနပြုပြီး ပန်ဒိုဆီကနေ စွမ်းအင်ထုတ်ယူနိုင်ခဲ့ပါတယ်။ အဲ့စွမ်းအင်ကိုပဲ လျှပ်စစ်လို အသုံးချပြီး အဗာလိုနီးယားကို လူနေမှူအဆင့်မြင့်မားစေခဲ့လို့ အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ လေးစားခံရပါတယ်။ တစ်နေ့မှာ ဆာချာရဲ့အိမ်ရှေ့စိုက်ခင်းမှာ သူတို့အဗာလိုနီးယားပြည်သူတွေ သုံးစွဲနေကျလေသင်္ဘောအငယ်စားထက်ကြီးမားတဲ့ ယာဉ်တစ်ခုရောက်နေလို့ ထွက်ကြည့်လိုက်တဲ့အခါ အဗာလိုနီးယားသမ္မတဖြစ်သူ မောလ်ကိုတွေ့လိုက်ရပါတယ်။ မောလ်ဟာ ဂျေဂါရဲ့ခရီးစဉ်မှာ အဖွဲ့သားအဖြစ်လိုက်ပါဖူးသူပါ။ မောလ်ပြောပြချက်အရ အဗာလိုနီးယားပြည်ရဲ့ အဓိကစွမ်းအင်ထုတ်ကုန်ဖြစ်တဲ့ ပန်ဒိုပင်မှာ ဘေးအန္တရာယ်ကျရောက်နေကြောင်းသိလိုက်ရပြီး မောလ်ကလည်း ပန်ဒိုကိုကယ်တင်မယ့်ခရီးစဉ်တစ်ခုစီစဉ်ထားလို့ ဆာချာကိုလည်း လိုက်စေချင်ကြောင်း ပြောပါတယ်။ မငြင်းသာလို့ ဆာချာလိုက်ရမယ့်အချိန်မှာ စူးစမ်းလိုစိတ်ပြည့်နေတဲ့ ဆယ်ကျော်သက် သားဖြစ်သူ အီသန်လည်း အတင်းလိုက်ချင်နေတဲ့အခါ…။ ဆာချာတို့ရဲ့ခရီးစဉ်ထဲ အီသန်ပါသွားမလား…။ ပန်ဒိုကိုဒုက္ခပေးနေတဲ့ အရာရဲ့ဇာစ်မြစ်ကို မောလ်တို့အဖွဲ့ ဖော်ထုတ်တားဆီးနိုင်မှာလား…။ နောက်ထပ် ဘာအလှည့်အပြောင်းတွေရှိလာဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြည့်ကြရအောင်ပါ။ ဒစ္စနေးအင်နီမေးရှင်းကားတွေရဲ့ ထုံးစံအတိုင်း အသက်ဝင်ပီပြင်အောင် ဖန်တီးရိုက်ကူးထားလို့ ရှုခင်းတွေ၊ စိတ်ကူးယဉ်သတ္တဝါဆန်းတွေ၊ လှုပ်ရှားမှုတွေကို ပီပီပြင်ပြင်ရသမြောက်‌စွာ ရှုစားကြည့်ရှုရမှာပါ။ အဖေနဲ့သားကြား၊ မြေးအဘိုးကြား သံယောဇဉ်တရားနဲ့ လူကြီး၊လူငယ်ကြား ပဋိပက္ခလွန်ဆွဲတတ်မှုတွေအကြောင်း ပညာပေးရိုက်ကူးပြသထားလို့ မိသားစုတွေနဲ့ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ gender orientation သဘောဆန်တဲ့ အကြောင်းလေးအချို့ပါလို့ စိတ်အနှောင့်အယှက်ရှိနိုင်ပါတယ် (ဟောလိဝုဒ်ရဲ့ ပထမဦးဆုံး LGBT တုတ်ထိုးအိုးပေါက်ဇာတ်ဝင်ခန်းပါတဲ့ဇာတ်ကားလို့‌တောင် ဝေဖန်ရေးသမားတွေကတော့ မှတ်ချက်ပြုထားပါတယ်) IMDb rating 5 ဖြစ်ပြီးတော့ Rotten tomatoes 74% ဖြစ်ပါတယ်။ File size…(2.5GB)  / (1.07GB) / (537MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:42:00 Genre...Animation / Action / Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

Drama
6.5 2022 102 mins
Strange World
Beneath the Green
3

ဇာတ်လမ်းလေးကတော့ ကေလတ်ဟာသစ်တောထဲက တစ်နေရာမှာနိုးထတယ်၊ ဘယ်နေရာကို ဘာကြောင့်ရောက် နေမှန်းလဲမသိဘူး၊ အဲ့အချိန်မှာ ဟန်တာကသူ့ကိုလာခေါ်တယ်၊ ဟန်တာ ကေလတ်ကို သူတို့ဟာ ဒီဂြိုလ်တဲ့အတိတ်ကာလမှာ ရောက်နေတာဖြစ်ပြီး လွတ်လမ်းမရှိဘဲ ထပ်ခါထပ်ခါဒီနေရာ မှာပဲနေနေရတဲ့အကြောင်းကိုပြောပြပြီးတော့ အခြားသူတွေရှိတဲ့ နေရာကိုခေါ်သွားတယ်၊ အခြားသူတွေက ထွက်လမ်းဝင်လမ်း မရှိတဲ့ဒီနေရာကိုရောက်လာတဲ့ ကေလတ်ကို ကယ်တင်ဖို့လာတယ် လို့ထင်နေကြတာပေါ့။ အဖွဲ့သားတွေအကုန်လုံးကလည်းဖြစ်ရပ်တွေအကုန်လုံးကို ဘာမှ မမှတ်မိပဲ စူးစမ်းစုံစမ်းရင်းရလာတဲ့အချက်အလက်တွေကိုမှီခိုပြီး လွတ်လမ်းကိုရှာဖွေနေကြပါတယ်။အကုန်လုံးကလွတ်လမ်းအတွက် တံခါးတစ်ချပ်ရှိမယ်လို့ယုံကြည်ထားပြီးတံခါးကိုရှာဖွေနိုင်မှသာ လွတ်မြောက်မယ်လို့ယုံကြည်ထားကြပါတယ်။ အရင်ကအဖွဲ့ဝင် ဗစ်တာဆိုတဲ့တစ်ယောက်က သူတို့ထဲကပျောက်သွားပြီးလွတ်သွား တယ်လို့ထင်နေကြပါတယ်။ အဲ့ဒါကြောင့်ကေလတ်ကိုသူတို့အတွက် လွတ်လမ်းရှာဖွေပေးနိုင်မယ့်သူလို့ ယုံကြည်ကြတာပေါ့။ ဒါကြောင့် ကေလတ်တစ်ယောက်အဖွဲ့သားတွေကို တကယ်ပဲကယ်တင်နိုင်မလား ဒါမှမဟုတ် အတိတ်မှာပဲပိတ်မိနေမလားဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.2 GB) / (473 MB) / (340 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Sci-Fi Translator.......Tin Myo Lwin Encoder..........SWM

Comedy • Drama • Family • Romance
3 2023 81 mins
Beneath the Green
Where the Wild Things Are
6.5

ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲ ပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊ family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။ မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။ မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင် လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ရုပ်ရှင် အများစုနဲ့မတူပဲ ထူးခြား ကွဲထွက်ပြီး ကြည့်ပြီးတာနဲ့ တစ်သက်မမေ့မယ့် ကားမျိုးဖြစ်တာမို့ ကျွန်တော်ကတော့ highly recommendပါ။ မင်းသားကြီး Tom Hanksကိုယ်တိုင် producerအနေနဲ့ပါဝင်ပြီး ဒေါ်လာ သန်း100 အကုန်ကျခံ ရိုက်ကူးထားပါတယ်။ ဒါရိုက်တာကလဲ ဒီလို တမူထူးခြားတဲ့ ကားတွေကို ရိုက်တတ်တဲ့ Spike Jonzeပါ။ သူ့ကိုတော့ Her(2013) ကားနဲ့ အများစု သိကြမှာပါ။ ငွေကြေးအရ အမြတ်သိပ်မထွက်ခဲ့ပေမယ့် အနုပညာပိုင်းအရ အတော်လေး အောင်မြင်ခဲ့ပြီး ၂၀၀၉ခုနှစ်ရဲ့ အကောင်းဆုံ း ရုပ်ရှင်တွေစာရင်းတွေမှာ အမြဲ top 10က ပါလေ့ရှိတဲ့ ရုပ်ရှင်ပါ။ ကလေးဖတ် ရုပ်ပြစာအုပ်ကို အခြေခံပြီး ရိုက်ထားတာဖြစ်ပေမယ့် ၊ ကလေး လူကြီးမရွေး ကြည့်လို့ အဆင်ပြေပါတယ်။ တကယ်လို့သာ သင်ဟာ broken family တစ်ခုမှာ ကြီးပြင်းခဲ့တဲ့ကလေး ဒါမှမဟုတ် ကိုယ်တိုင်က အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘမျိုး ဖြစ်နေခဲ့ရင်တော့ ဒီဇာတ်ကားလေးကို သေသေချာချာ အချိန်ယူပြီး အနည်းဆုံး နှစ်ခေါက်လောက် ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုပေးထားတာကတော့ Kaung Khant Winဖြစ်ပါတယ်။ File size…1.57GB /750MB Quality…1080pBluRay AAC5.1CH / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Thriller
6.5 2009 101 mins
Where the Wild Things Are
The Father Who Moves Mountains
5.9

ဒီ Romanian ဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Daniel Sandu က ရိုက်ကူးထားပြီး 2021 ကထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက တော့ စစ်တပ်အရံအရာရှိဖြစ်တဲ့ မစ္စတာဂျီအာနူ ဟာဇနီးဟောင်းနဲ့ကွဲပြီး အိမ်ထောင်အသစ်ရှိသူပါ။ သူ့မှာဇနီးဟောင်းနဲ့ရခဲ့တဲ့ ကော့စ်မင် ဆိုတဲ့ သားလေးတစ်ယောက်လည်းရှိပါတယ်။ သူဟာသူ့သားလေးကိုသိပ်ချစ် တာကြောင့်မလို့ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် မဖြစ်နိုင်တာတွေကိုပါ ရအောင် လုပ်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သားလေး ကော့စ်မင် ကသူ့ကောင်မလေးနဲ့အတူ ရေခဲတောင်ခြေလျှင်ခရီးတက်ရင်း ပျောက်ဆုံးသွားတယ်လို့ ရဲတွေက အကြောင်းကြားလာပါတယ်။ အဲဒီအခါမှာတော့ သူအရမ်းချစ်ရတဲ့သား လေးကို ကယ်တင်ဖို့အတွက် သူ့တပည့်ကိုခေါ်ပြီး ရေခဲတောင်တန်းတွေ ရှိရာကိုလာပါတော့တယ်။ အဲဒီမှာတောင်တက်ကယ်ဆယ်ရေးတွေကလည်း ကယ်ဆယ်ပေးနေပေမယ့် စိတ်အရမ်းလောနေတဲ့ မစ္စတာဂျီအာနူကတော့ တောင်ပေါ်တက်မယ်တကဲကဲနဲ့ ဖြစ်နေပါတော့တယ်။ နောက်ပိုင်း တောင် တက်သမားတွေနဲ့ အစပ်အဟပ်မတည့်တော့ သူ့ရဲ့အဆက်သွယ်တွေနဲ့ စစ်တပ်ထောက်လှမ်းရေးကိုပါ ခေါ်ချလာပြီး ကယ်တင်ဖို့လုပ်ပါတော့တယ်။ အရင်ကသူ့သားကိုအနိုင်ကျင့်တဲ့ ဘယ်သူကိုမဆို အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ ရေခဲတောင်ကြီးဖြစ်နေတဲ့အခါ သူ့ရဲ့ဖခင်မေတ္တာတွေနဲ့ အနိုင် ယူနိုင်ဦးမှာလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size..........(1.72 GB) / (733 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator......Theo Kat Encoder..........SWM

Action • Drama • War
5.9 2021 108 mins
The Father Who Moves Mountains
Enola Holmes
7.3

ဒီကားလေးကို မျှော်နေတဲ့သူတွေ များမယ်ထင်ပါတယ်။ Stranger Things က အားလုံးရဲ့ အချစ်တော်လေးက ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ သူ့ရဲ့ ဇာတ်ကောင်နာမည်ကတော့ အန်နိုလာ ဟုမ်းစ် ပါပဲ။ မိုက်ခရော့ ဟုမ်းစ် နဲ့ ရှားလော့ဟုမ်းစ်တို့ရဲ့ ညီမဖြစ်ပါတယ်။ အင်နိုလာ နဲ့ သူ့ရဲ့ အမေဟာ အင်နိုလာရဲ့ အဖေသေဆုံးပြီး ညီအစ်ကိုနှစ်ယောက်လည်း မရှိတော့ချိန်မှာ အိမ်ကြီးတစ်ခုထဲမှာ နှစ်ယောက်ထဲနေထိုင်ပြီး အမေဖြစ်တဲ့ ယူဒိုရီရာဟုမ်းစ်က အင်နိုလာကို ပညာအစုံ သင်ပေးခဲ့ပါတယ်။ အင်နိုလာ ၁၆ နှစ်ပြည့်တဲ့နေ့မှာတော့ ယူဒိုရီရာဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ဟုမ်းစ်ညီအစ်ကို နှစ်ယောက်ပြန်ရောက်လာပြီး ရှားလော့က သူ့အမေကို ရှာဖို့ မိုက်ခရော့က အင်နိုလာကို ဘော်ဒါကျောင်းတစ်ခုကို ပို့ဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် အင်နိုလာက ထွက်ပြေးလာပြီး သူ့အမေကို ကိုယ်တိုင်ရှာဖို့ စွန့်စားခန်းတွေ ဖွင့်တဲ့အခါမှာ…. File Size -  1.74 gb Quality - web-dl 1080p Subtitle -   burmese Translator - Little Neo Encoder - Thit San Khant

Action & Adventure • Crime • Drama
7.3 2020 123 mins
Enola Holmes
Freaky
6.6

ဒီတစ်ခေါက်တော့ဆယ်ကျော်သက် Horror ကားလေးတွေကိုကြိုက်တဲ့ CMပရိတ်သတ်ကြီးအတွက် Horror/Comedy ကားလေးဖြစ်တဲ့ Freaky(2020)ဆိုတဲ့ ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြပေးလိုပါတယ်။ တစ်နေ့တော့ ဘလစ်ဖီးမြို့လေးမှာ သားသတ်သမားလို့ခေါ်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်လွတ်လာပါတယ်။ ဆယ်‌ကျော်သက်တွေကိုရွေးချယ်သတ်တတ်တယ်ဆိုတဲ့ သူ့အကြောင်းက ပုံပြင်လိုလိုဖြစ်နေကြပေမယ့် ဆယ်ကျော်သက်လေးယောက်ကို တစ်နေ့မှာတော့ တကယ်ကိုရက်ရက်စက်စက်သတ်ပစ်လိုက်ပါတော့တယ်။ အဲဒီအိမ်ကပဲ လာဒီုလာဆိုတဲ့ ရှေးဟောင်းဓားတစ်ချောင်းကိုပါခိုးသွားတာက ပြဿနာကစတာပါပဲ။နောက်နေ့မှာတော့ မီလီဆိုတဲ့‌ကောင်မလေးဆီကို သားသတ်သမားရောက်လာပြီး အဲဒီရှေးဟောင်းဓားနဲ့ထိုးလိုက်ပါတော့တယ်။ အဲဒီရှေးဟောင်းဓားရဲ့အစွမ်းက စိတ်၀ိဥာဥ်ချင်းလဲသွားစေတာပါပဲ။ စိတ္တဇလူသတ်သမားခန္ဓာကိုယ်ထဲက မီလီနဲ့ မီလီ ခန္ဓာကိုယ်ထဲက စိတ္တဇလူသတ်သမား... ဘယ်လိုတွေ့ရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားလေးပါ။ Teenage ကားလေးတွေကိုကြိုက်သူတွေအဖို့ကတော့ အကြိုက်တွေ့ဦးမှာပါ။ ဒီကားလေးရဲ့နာမည်ကတော့ Freaky(2020)ပါ။ File size…600 Mb Quality…. 1080p , 720p Webrip Format…Mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Aye Mon Kyaw

Action & Adventure • Drama • Sci-Fi & Fantasy
6.6 2020 102 mins
Freaky
Choyleefut: Speed of Light
5

တရုတ်ပြည်မှာ ကိုယ်ခံသိုင်းပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ ချွိုင်လီဖတ်ဆိုတဲ့ ကိုယ်ခံပညာအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒီသိုင်းပညာဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာမှာပါ လူသိများတဲ့ကွန်ဖူးပညာ တစ်ရပ်လည်းဖြစ်ပါတယ်။ ချွိုင်လီဖတ်အကျော်အမော်ညီနောင်နှစ်ပါးထဲက အစ်ကိုဖြစ်သူချန်တိန်းလိုင်ဟာ ကမ္ဘာတစ်လွှားမှာကျောင်းပေါင်းများစွာ ဖွင့်လှစ်ပြီး သိုင်းပညာကို ဖြန့်ဝေလျက်ရှိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်က ပင်မကျောင်းတော်ကြီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုက အုပ်စိုးဖို့ကြိုးစားလာပါတော့တယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက သဘောတူထားပြီးပေမယ့် သူရဲ့သား ဂီက လက်သင့်မခံဘဲ ပြန်လှန်တွန်းလှန်ဖို့ ကြိုးစားရင်းက ကျောင်းတော်ကြီးရဲ့ကံကြမ္မာကို ပြိုင်ပွဲအဆုံးအဖြတ်နဲ့ စီရင်ဖို့ ဖြစ်လာရပါတော့တယ်…. ကျောင်းကို စီးပွားရေး ကုမ္ပဏီကြီးကပဲ အုပ်စိုးသွားမလား… ဂီနဲ့အတူ အပေါင်းအပါတွေကပဲ ကယ်တင်သွားနိုင်မလား ရှုစားရမှာပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2011
Choyleefut: Speed of Light
14 Blades
6.3

CM ပရိသတ်ကြီးတို့ကို wuxia ကား ကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။ တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေ ပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်း ကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်း သိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက် နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေ စာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့ မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့ အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) က တာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။ တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီး ပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲ ထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုဆိုရင် ချင်းလုံအနေနဲ့ ပုန်ကန်မှုကို ဖြစ်စေမယ့် ဧကရာဇ်တံဆိပ်တော်ကို ရန်သူတွေလက်ထဲ မရောက်အောင် ဘယ်လိုလိုက်တားဆီးမလဲ၊ သူ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ရမလဲ၊ ကျားကုန်းကုန်းနဲ့ ချင်းမင်းသားတို့ရဲ့ ပုန်ကန်မှုကိုရော တားဆီးလိုက်နိုင်ပါ့မလားဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ပါ။ File size… 1.6 GB / 722 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Action/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Nyein Khant

Comedy • Crime • Mystery • TV Movie
6.3 2010 114 mins
14 Blades
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
I Have a Date with Spring
5.9

I Have a Date with Spring (2018) ******************************** ဒီတစ်ခါတော့ Fantasy/mystery genre ကြိုက်တဲ့သူတွေအတွက် Kang Ha Neul, Jang Young Nam, Kim Sung Kyun တို့လို ဝါရင့်သရုပ်ဆောင်များပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားလာပါပြီ .. ဒီဇာတ်ကားလေးက ဇာတ်လမ်းလေးပုဒ်ပါပြီး လေးခုလုံးကတော့ Plot တစ်ခုတည်းကိုပဲ ဦးတည်ထားတာပါ .. ဇာတ်လမ်းတစ်ခုစီတိုင်းရဲ့ အဓိကဇာတ်ကောင်လေးခုရဲ့မွေးနေ့ဟာ ကမ္ဘာမပျက်ခင်တစ်ရက်အလိုဖြစ်ပါတယ် .. နောက်ထပ်တူညီတာကတော့ ဇာတ်ကောင်လေးခုလုံးဟာ စိတ်ဓာတ်ကျတာ ပစ်ပယ်ခံရတာ စသဖြင့်သောစိတ်ဒဏ်ရာကိုယ်စီရှိပြီး သူတို့ကိုအဖော်ပြုပေးမဲ့ ချီးကျူး‌ပေးမဲ့လူ လိုအပ်‌နေကြတာပါပဲ .. ဒီလိုနဲ့သူတို့လေးယောက်ဆီကို သူစိမ်းတစ်ယောက်စီရောက်ရှိလာပြီး သူတို့မွေးနေ့မှာ မေ့မရနိုင်မဲ့လက်ဆောင်တွေပေးသွားကြပါတယ်…. အဲဒီလက်ဆောင်က ဘာများဖြစ်မလဲဆိုတာကတော့….. (အညွှန်းကို Eric မှ ရေးသားပေးထားပါတယ်) File size…1.37GB / 560MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 32 min. Genre ….. Mystery, Drama, Sci-Fi, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa & Eric Encoded by AHtet

5.9 2018
I Have a Date with Spring
The Empire L’empire
5.2

The Empire (2024) IMDb Rating (5.2)/ Rotten Tomatoes (64%) ပြင်သစ်ကထုတ်လုပ်လိုက်တဲ့ ကောင်းကင်တိုက်ပွဲ ” Star Wars” ဇာတ်ကားကြီးလာပါပြီ။ Star Wars ရုပ်ရှင်နဲ့ Hollywood နာမည်ကြီးရုပ်ရှင်တွေကို အပြောင်အပျက်ရိုက်ကူးထားတာဖြစ်ပြီး Parody , Comedy , Sci-Fi အမျိုးအစားဖြစ်တာကြောင့် ပြင်သစ်စတိုင် လွန်လွန်ကျူးကျူးတွေနဲ့ ပေါ့ပေါ့ပါးပါး ခွီနေရမှာပါ။ ဇာတ်လမ်းကတော့…. ပြင်သစ်နိုင်ငံက ရွာ‌လေးတစ်ရွာမှာ တမူထူးခြားတဲ့ကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ ဒီကလေးတစ်ယောက်ကြောင့် အ‌ကောင်းနဲ့အဆိုးဆိုတဲ့ လူ့ကိုယ်ခန္ဓာထဲဝင်နိုင်တဲ့ အာကာသအပြင်ဘက်က အင်ပါယာကြီးနှစ်ခုကြား တိုက်ပွဲတွေ ဖြစ်လာမဲ့အကြောင်းပါပဲ။ ဇာတ်လမ်းကရှယ်မိုက်သလို ပြင်သစ်မင်းသမီးလေး Anamaria Vartolomei ကလဲ ရှယ်လှတာပါပဲ။ တခါတလေ လောကကြီးကိုအရွဲ့တိုက်ရင်းနဲ့ အလှအပလေးတွေခံစားချင်တယ်ဆိုရင်တော့ ဒီပြင်သစ်ဟာသကားလေးက ကွက်တိပါပဲ ညီကိုတို့ရေ။ အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့တော့ ကြည့်လို့မရပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Khant Sett Naing မှတင်ဆက်ထားပါတယ်။) File size…(2.2 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Science Fiction Duration….01:51:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing

Action • Romance • Drama
5.2 2024 110 mins
The Empire L’empire
Thalakona
6.5

Thalakona 2024 နိုင်ငံရေးပါတီတစ်ခုမှာ ရွေးကောက်ပွဲနီးလာတဲ့အချိန် လူငယ်ဥက္ကဋ္ဌမရှိတဲ့အတွက် အဲဒီနေရာအတွက် ရွေးကောက်ရန် အဖွဲဝင်တွေကိုခေါ်ပြီး ဒီမိုကရေစီဆန်ဆန် သင့်တော်သူများကို ထင်မြင်ချက်ပေးခိုင်းပေမဲ့လည်း အရိုးစွဲနေတဲ့ ထုံးစံတွေအတိုင်း ဝန်ကြီးရဲ့ညီဖြစ်သူဗီဂျေးကို ဒီနေရာပေးဖို တင်ပြသူအများအပြားရှိခဲ့သလို အမြင်အသစ်တွေနဲ့ ပါတီအတွက် အကူအညီရပြီး တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရီဗန့်သ်ကို ထောက်ခံသူတွေလည်းရှိပါတယ်။ သိုပေမဲ့လည်း ဝန်ကြီးဘက်ကလူတွေနဲ့ အချင်းမများချင်တဲ့အတွက် ဗီဂျေးကိုပဲ ဒီနေရာအတွက် ပေးလိုက်ဖို ရီဗန့်သ်တစ်ယောက် လိမ္မာပါးနပ်စွာနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ရာဗန့်သ်တစ်ယောက် ဗီဂျေးကို ဝန်ကြီးရဲ့အင်အားနဲ့မမျှလိုပေးလိုက်ရပေမဲ့ ဒီနေရာကို ပြန်လည်ရယူနိုင်ဖို အခွင့်အလမ်းကို အမြဲရှာဖွေလျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ဆာရာဆိုတဲ့ကောင်မလေးဟာ မစ်ပြိုင်ပွဲတစ်ခုမှာ မစ်အိန္ဒိယအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ သူဟာလည်း ကိုယ့်ကိုယ်လာမထိသရွေ့ အေးဆေးပဲ လာထိလိုကတော့ မီးပွင့်သွားမယ်ဆိုတဲ့သူမျိုးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဆာရာနဲ့ ဗီဂျေးတို တွေ့ကြပြီး ဗီဂျေးက ဆာရာ့အပေါ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်မိရာက ဆာရာက ဗီဂျေးနဲ့ သူ့လူတွေကိုပြန်သမလိုက်ရာကနေ အဲဒီလို ဖြစ်ပျက်နေတဲ့ ဗီဒီယိုက ရာဗန့်သ်လက်ချက်နဲ့ ပြန့်သွားတဲ့အခါမှာတော့ ……… ဗီဂျေးတစ်ယောက် ဒီအရှုပ်ကိစ္စကြီးကို သူ့အစ်ကိုဝန်ကြီးအားကိုးနဲ့ ဘယ်လိုရှင်းသွားမလဲ ……. ရာဗန့်သ်တစ်ယောက်ကရော ဒီအရှုပ်ကို အခွင့်ကောင်းယူပြီး လူငယ်ဥက္ကဋ္ဌရာထူးနေရာကို ဘယ်လိုအရယူသွားမလဲ …… ဒီအရှုပ်တွေကြားထဲမှာ ဝင်မပါချင်တဲ့ ဆာရာတစ်ယောက် သူငယ်ချင်းတွေနဲ့အတူ ဒီကိစ္စကိုရှောင်နိုင်ဖို ခရီးထွက်ရာကနေ ဘာတွေ ဘယ်လို ကြုံတွေ့ရဦးမလဲ …… ဆိုတာတွေကို ကြည့်ရှုရမဲ့ Thriller ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Romance • Drama • Comedy
6.5 2024 128 mins
Thalakona
A Civil Action

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ဥပဒေနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်…1998 ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ အော်စကာဆုနှစ်ခုအတွက် nomination ဝင်ခဲ့ပါတယ်….အဓိကဇာတ်ဆောင်တွေအနေနဲ့ Pulp Fiction နဲ့နာမည်ကြီးတဲ့မင်းသားကြီး John Travolta နဲ့မင်းသားကြီး Robert Duvell တို့ပါဝင်ပါတယ် ဇာတ်လမ်းကတော့ ဂျန်ရှလစ်မန်းဟာအောင်မြင်တဲ့၊အလျှော့မပေးတတ်တဲ့ရှေ့နေတစ်ဦးပါ….သူဟာသူတရားစွဲတဲ့ကုမ္ပဏီတွေကိုငွေပေးပြီးကျေအေးချင်လာအောင်ဖိအားပေးပြီးတော့ အနိုင်ရအောင်ယူတတ်သူပါ….ဒီတော့ သူတို့ရှေ့နေလုပ်ငန်းဆီကိုအန်းအန်ဒါဆန်ဆိုတဲ့မိန်းမကအမှုအပ်လာပါတယ်….အမှုကတော့အန်းအန်ဒါဆန်ရဲ့သားအပါအဝင် Woburn ဆိုတဲ့မြို့ငယ်လေးက ကလေးတော်တော်များများဟာသွေးကင်ဆာရောဂါကိုခံစားနေရပြီးတော့ အန်းအန်ဒါဆန်တို့ကသူတို့မြို့ရဲ့သောက်သုံးရေကြောင့်လို့ထင်လို့ပါ…. သောက်သုံးရေဟာစက်ရုံတွေကထုတ်တဲ့ဓာတုပစ္စည်းတွေနဲ့ညစ်ညမ်းနေခဲ့လို့ စက်ရုံတွေကိုတရားစွဲချင်တာပါ…..အစကတော့အကျိုးရှိမှာမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့ ဂျန်ရှလစ်မန်းတစ်ယောက် စည်းကမ်းမရှိလုပ်ကိုင်နေတဲ့စက်ရုံတွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့ အမှုကိုလက်ခံလိုက်ပါတယ်….ဒီလိုနဲ့ဂျန်ရှလစ်မန်းက Beatrice ကုမ္ပဏီနဲ့ W. R. Grace ကုမ္ပဏီတို့ကိုတရားစွဲပါတော့တယ်….ထိုအခါသက်သေပြဖို့ကလည်းခဲယဉ်းပြီးတော့ အမှုကြာလေလေငွေကုန်ကြေးကျများလေလေဖြစ်လာတဲ့အခါမှတော့…ဂျန်ရှလစ်မန်းတစ်ယောက်အမှုကိုအနိုင်ရရှိသွားမလားဆက်လက်ကြည့်ရှုကြပါခင်ဗျာ…. File size…(1.4 GB)/(788 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

Family • Fantasy
0 1998
A Civil Action