YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Street.Dance.Girls.Fighter.S01E02.211207.720p.CM.mp4

1.04 GB N/A video/mp4 1150 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunt
6.8

Squid Game မင်းသားကြီး Lee Jung Jae ၊ Steel Rain မင်းသားကြီး Jung Woo Sung ၊ SearchWWW နဲ့ Stranger2 တို့က မင်းသမီးကြီး Jeon Hye Jin တို့အပြင် Alchemy of Souls ထဲက နာ့ဆူလေး Go Yoon Jung တို့ အဓိက ပါဝင်ထားပြီး Heo Sung Tae ၊ Jung Man Shik တို့ကလည်း supprot role ကနေပါဝင်သလို ဧည့်သရုပ်ဆောင်တွေအဖြစ် Along with The Gods မင်းသားကြီး Joo Ji Hoon ၊ Snow Drop ထဲက ကျွန်တော်တို့ အချစ်တော်ကြီး Park Sung Woong တို့ ပါဝင်တဲ့အပြင် မြန်မာမှာ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်ကိုပါ ခပ်ဆင်ဆင်အနေအထားနဲ့ ထည့်သွင်းရိုက်ကူးထားတဲ့အတွက် ကိုရီးယားရောက် မြန်မာလူမျိုးအချို့လည်း အားဖြည့်ပါဝင်ရိုက်ကူးထားတဲ့ Hunt ဆိုတဲ့ အလန်းစား စပိုင်၊ အက်ရှင် ဇာတ်လမ်းလေး လာပါပြီ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ၁၉၈၀ ခုနှစ် ကိုရီးယား အာဏာရှင်စနစ် လွှမ်းမိုးမှု အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ ပြည်ပဆိုင်ရာ KCIA ဦးစီးမှူး ပတ်ဖြောင်းဟိုနဲ့ ပြည်တွင်းဆိုင်ရာ KCIA ဦးစီးမှူး ဂင်ဂျောင်ဒို တို့ဟာ ဒုံလင်ဆိုတဲ့ မြောက်ကိုရီးယား စပိုင် အကြီးအကဲကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးအပ်ခံရပါတယ်။ ဒုံလင်ဆိုတာကတော့ နယ်နယ်ရရမဟုတ်ဘဲ သူတို့အဖွဲ့အစည်းထဲကို အတွင်းထဲထိ စိမ့်ဝင်ထားနိုင်တဲ့ သူလျှိုဖြစ်ပြီး ထိပ်တန်းလျှို့ဝှက်ချက်တွေကိုပါ မြောက်ကိုရီးယားဆီ ပေးပို့နေတဲ့သူပါ။ ဖြစ်ချင်တော့ ဒုံလင်ကို မဖော်ထုတ်နိုင်တဲ့အပြင် ဖိအားတွေပါ ရင်ဆိုင်လာရချိန်မှာတော့ အချင်းချင်း အပြန်အလှန် စွပ်စွဲပြစ်တင်ကြပါတယ်။ ဒါပေမဲ့လည်း ဌာနမှူးနှစ်ယောက်ဟာ သူလျှိုကဘယ်သူဆိုတာနဲ့ သူလျှိုရဲ့ အဓိက တာဝန်ဟာ တောင်ကိုရီးယား သမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ဖြစ်တယ်ဆိုတာကို တဖြည်းဖြည်းသိရှိလာတဲ့အခါမှာတော့ ... ဒုံလင်ဆိုတဲ့ အတွင်းသူလျှိုက ဘယ်သူဖြစ်မလဲ? ဒုံလင်ကို ဖော်ထုတ်နိုင်ဖို့ ဌာနမှူးနှစ်ယောက် ဘယ်လိုကြိုးစားကြမလဲ? သူတို့ ဌာနနှစ်ခုကြား အချင်းချင်း ဝေဖန်ပြစ်တင်တာတွေကို ဘယ်လိုဖြေရှင်းမလဲ? သမ္မတကို ကယ်တင်ဖို့ကော ဒီ ဌာနမှူးနှစ်ယောက် စွမ်းဆောင်နိုင်မှာလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ရင်တထိတ်ထိတ် ဆက်လက် ကြည့်ရှု အဖြေရှာကြပါစို့ဗျာ။ (မင်းသားကြီး Lee Jung Jae ဟာ ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းရေးရာမှာလည်း တစ်စိတ်တစ်ဒေသပါဝင်ခဲ့ပြီး ကိုယ်တိုင်တည်းဖြတ်ရိုက်ကူးထားတဲ့အပြင် အဓိကဇာတ်ဆောင်အနေနဲ့လည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်ခင်ဗျာ) ကိုရီးယားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး cast အလန်းစားတွေကိုမှ ဇာတ်လမ်း အကြမ်း၊ အမိုက်စား ကြည့်ရှုခံစားရမှာ ဖြစ်တဲ့အတွက် မလွတ်တမ်း ကြည့်ရှုကြဖို့ အကြံပေးလိုက်ပါရစေခင်ဗျာ။ File Size          : 2.2GB, 859MB, 270MB Quality            : 1080p WEB-DL AC3 5.1CH, 720p, 480p Format            : mp4 Duration         : 2hr & 11mins Genre              : Action, Drama, Mystery Translated by Song Song & Hnin Thazin Encoded by Kinnov

6.8 2022 131 mins
Hunt
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
A Twelve-Year Night
7.4

ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ရှင်သန်လာတဲ့ လူတွေမှာ ဘာတွေတွေးခေါ်နိုင်မလဲခင်ဗျား စဉ်းစားကြည့်။ လူတစ်ယောက်မှာ လွတ်လပ်စွာရှင်သန်ခွင့်ဟာအရမ်းအရေးကြီးတယ်၊ ကိုယ်နေထိုင်တဲ့ လူ့အသိုက်အဝန်းအဖွဲ့အစည်းကိုယ်၌က လွတ်လပ်မှ ကိုယ့်အတွေးအခေါ်တွေဟာ လွတ်လပ်မယ်။ ဒီလိုပဲ အညမည သဘောအနေနဲ့ ကိုယ့်အတွေးအခေါ်တွေ လွတ်လပ်မှ ကိုယ့်အသိုက်အဝန်းလွတ်လပ်မယ်။ လွတ်လပ်မှုဟာ လုံခြုံမှုကိုဦးတည်တယ်၊ လုံခြုံမှုကနေမှ သန့်ရှင်းတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုနိုင်ငံတစ်ခုကို ဖော်ဆော်နိုင်မယ်။ ဒီလိုသဘောတရားတွေဟာ ဒီမိုကရေစီနိုင်ငံသားတွေရဲ့စိတ်ထဲမှာစိမ့်ဝင်ထားပြီးသား။ ဥရုဂွေးနိုင်ငံဟာ ဆယ်စုနှစ်များစွာ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နေရာကနေ အာဏာရှင် လက်အောက်ကို ကျရောက်သွားတယ်။ ဒီလိုအာဏာသိမ်းမှုမျိုးကို လက်မခံနိုင်တဲ့ လူတွေဝိုင်းဝန်းတော်လှန်ကြပြီး တူပါမာရိုတော်လှန်ရေးဆီကိုဦးတည်သွားတော့တယ်။ သို့ပေမဲ့ စိတ်မကောင်းစွာပဲ ရှုံးနိမ့်ခဲ့ရပြီး ကျန်ရစ်သူတွေကတော့ထောင်ကျခဲ့ပါတယ်၊ ဒီတော်လှန်ရေးကြီးကနေပြီး တစ်ချိန်မှာ ဥရုဂွေးနိုင်ငံရဲ့သမ္မတဖြစ်လာမယ့်သူ၊ အထက်လွှတ်တော်အမတ်ဖြစ်လာမယ့်သူတွေဟာ ထောင်ထဲမှာ ၁၂ နှစ်ကြာ တိုက်နန်းစံရတဲ့ အိမ်ရှေ့မင်းသားရာထူး ရခဲ့ကြပါတယ်။ ဒီ ၁၂ ကြာကာလဖြတ်သန်းရပုံကို ကိုယ်ခံစားနေရသလို ခံစားရတဲ့အထိရိုက်ပြနိုင်တဲ့ကားပါပဲ။ " မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောခွင့်မရှိသလို ဘယ်သူနဲ့မှလည်း စကားမပြောရဘူး "တဲ့။ စိတ်သတ်ကွင်းဆိုတာ အဲဒီလိုနေရာမျိူးပါပဲ၊ စိတ်နဲ့ခန္ဓာ မအပ်စပ်တော့အထိ နှိပ်စက်ခဲ့ကြပြီး ဒီ တူပါမာရိုအကျဉ်းသား‌တွေရဲ့အပေါ့အလေးကိစ္စဟာလည်း မြောက်ကိုရီးယား နျူထိန်းချုပ်ရေးကိစ္စထက် ပိုအရေးကြီးခဲ့ကြပါတယ်။ စိတ်သတ်ကွင်းမှာ သားရဲတွင်းက လွတ်လာတဲ့ သူတစ်ဦးကလည်း ၂၀၁၀ ကနေ ၂၀၁၅ အထိ ဥရုဂွေးနိုင်ငံကြီးကို ဦးဆောင်ပြသွားခဲ့ပါတယ်။ ဆိုတော့ ဒီစာကို ဂျိုဆေးမူဂီကာရဲ့အမေပြောထားတဲ့စကားလေးနဲ့အဆုံးသတ်ပါရစေ။ " တိုက်ခိုက်နေတာကို ရပ်လိုက်တဲ့သူက ရှုံးနိမ့်သွားတာပဲ... " (ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်) Size - 1.97GB, 790MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 2Min Genre - Adventure, Biography, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Murphy Encoded by Y

7.4 2018 122 mins
A Twelve-Year Night
Side Job
6.1

Kanojo no Jinsei wa Machigai ja Nai" ဝတ္ထုစာအုပ်ကို အခြေခံရိုက်ကူးထားပြီး ဝတ္ထုရေးဆရာပဲ ပြန်လည်ရိုက်ကူးထားတာပါ ဆူနာမီကြောင့် အမေဆုံးရှုံးသွားပြီးနောက်ပိုင်း မီယူကီဆိုတဲ့ ကောင်မလေးက ဖူကူရှီမာမြို့မှာ သူ့အဖေနဲ့အတူ နေထိုင်ပါတယ် အရင်တုန်းက လယ်သမားဖြစ်တဲ့ အဖေက နေ့တိုင်းအရက်သောက်ပြီး ငလျင်ဒဏ်ကြောင့် ပြန်လည်ရရှိခဲ့တဲ့ ထောက်ပံ့ငွေတွေကို ဂိမ်းကစားပစ်ပါတယ်... မီယူကီတစ်ယောက် အိမ်စရိတ်ကာမိဖို့အတွက် တိုကျိုမြို့မှာ ပြည့်တန်ဆာအဖြစ် ရုန်းကန်ရင်း ဘဝကို ရှေ့ဆက်ရပါတယ်... မီယူကီတစ်ယောက် ဘဝကို ရှေ့ဆက်ဘယ်လိုဖြတ်သန်းမလဲ ဆက်လက်ကြည့်ရှုကြပါအုန်း ။ File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:00:00 Type__Adult, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Parris99

Comedy • Romance
6.1 2017 120 mins
Side Job
Holy Emy

Holy Emy (2021) ============== ၂၀၂၁ ခုနှစ်က ဂရိနိုင်ငံမှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကား။ ဂရိမှာနိုင်ငံမှာရိုက်ကူးပေမဲ့ အဓိကဇာတ်ဆောင် တွေကို ဖိလစ်ပိုင်သရုပ်ဆောင်‌တွေသာ သုံးထားတဲ့ ရုပ်ရှင် ကားကောင်းတစ်ကား။ ခရစ်တော်ကိုချီးမွမ်းခြင်း ကားတစ် ကားလို့လည်းဆိုနိုင်သလို အဓိကသရုပ်ဆောင် ဖိလစ်ပိုင် ညီအစ်မနှစ်ယောက်ကြားက သံယောဇဉ်၊ မေတ္တာအတိမ်အနက် ကို ဖော်ညွှန်းပေးတဲ့ ဒရာမာရုပ်ရှင်။ လူ့ဘဝသရုပ်တွေကို ပီပီ ပြင်ပြင်တင်ပြသွားတာနဲ့အညီ ဂရိနိုင်ငံထွက်ကားတွေထဲမှာ IMDb 6.2 ထိရထားလို့ မဆိုးဘူးလို့ဆိုရမယ့်ကား တစ်ကားပါ။ ရုပ်ရှင်ကားလေးရဲ့ဇာတ်အိမ်က အတော်ထူးဆန်းတယ်လို့ဆိုရမှာ ဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်လမ်းကျောရိုးဟာလည်း အတော်လေးထူးခြားနေပါတယ်။ အမေဖြစ်သူနဲ့ နိုင်ငံချင်းခြားပြီး နေနေရတဲ့ ဖိလစ်ပိုင် ညီမနှစ်ယောက်အကြောင်း ရိုက်ကူးထားပြီး အဘယ်ကြောင့် Holy Emy ‌ဆိုတဲ့ အမည်နာမပေးထားရတယ်၊ ဒီညီမနှစ်ယောက်နဲ့ သူတို့‌အမေနဲ့ကြား ဘယ်လို‌တွေဖြစ်ခဲ့ကြတယ်၊ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ Holy Emy လေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)

Action • Adventure • Drama • Science Fiction
0 2021
Holy Emy
Ripper’s Revenge
5.3

လန်ဒန်မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကွင်းဆက်လူသတ်သမား Jack the Ripper ရဲ့ လူသတ်မှုတွေ ဖြစ်ပွားပြီး တစ်နှစ်အကြာ ၁၈၈၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ခဲ့ကြပေမဲ့လည်း Jack the Ripper ရဲ့ သရုပ်မှန်ဟာ ခုချိန်ထိ လျှို့ဝှက်ဆန်းကြယ်ဖြစ်နေဆဲပါ။ ဆီဘက်ရှန် စတပ်ဘ်က London Morning’s Times က သတင်းထောက်တစ်ဦးပါ။ ၁၈၈၈ က Jack the Ripper ရဲ့ လူသတ်မှုတွေအကြောင်း ရေးပြီး အကြီးအကျယ် အောင်မြင်ခဲ့ပေမဲ့ တစ်နှစ်အကြာမှာတော့ ကံဆိုးမိုးမှောင်ကျပြီး လူစိတ်မဝင်စားတဲ့ သတင်းတွေကိုပဲ ရေးနေရပါတယ်။ ငွေရေးကြေးရေး ကြပ်တည်းပြီး အိမ်ငှားခတောင် မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာပါတယ်။ စာအောက်ခြေမှာလည်း Jack the Ripper လို့ လက်မှတ်ထိုးထားပြီး သူ ကျူးလွန်ခဲ့တဲ့ လူသတ်မှုအကြောင်း ရေးထားပါတယ်။ နောက်တစ်နေ့မနက်မှာလည်း စာထဲက ရေးထားတဲ့နေရာမှာ တကယ်ပဲ လူသတ်မှု ဖြစ်သွားပါတယ်။ စာထဲမှာလည်း လူသတ်သမားက သူ့လူသတ်မှုတွေကြောင်းကို ရှေ့ဆုံးစာမျက်နှာမှာ ထည့်ရေးစေချင်တယ်လို့ ပြောထားပါတယ်။ စာတွေ ထပ်ရောက်လာပြီး လူသတ်မှုတွေ ထပ်ဖြစ်လာချိန်မှာတော့ ဆီဘက်ရှန်တစ်ယောက် စုံစမ်းရပါပြီ။ စာတွေအကြောင်း သတင်းထည့်ရေးပြီး သူ့ငွေကြေး အကြပ်အတည်းကို လွယ်လွယ်ပဲ ဖြေရှင်းလိုက်မလား လူသတ်သမား လိုချင်တဲ့ လူထုအာရုံစိုက်မှု မရအောင် မရေးဘဲနေမလား ဝေခွဲမရဖြစ်နေပါပြီ။ အမှုကို ထပ်ပြီးတူးဆွလိုက်တဲ့အခါမှာတော့ အမှန်တရားဟာ ထင်ထားတာထက် အများကြီး ရှုပ်ထွေးနေတာ တွေ့လိုက်ရပါတယ်။ ထင်မထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(950 MB)/(400 MB)/(220 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Twe

5.3 2023
Ripper’s Revenge
Róise & Frank
6.6

Róise & Frank (2022) ================ IMDb Rating – 6.6/10 ဒီကားလေးကတော့ အိုင်ယာလန်ရဲ့ နိုင်ငံအားကစားနည်းတစ်ခုဖြစ်တဲ့ ဟာလင်းဆိုတဲ့ ကစားနည်းလေးနဲ့၊ ခွေးလေးတစ်ကောင်ရယ် သူ့ရဲ့ ပိုင် ရှင်မိသားစုလေးရယ်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဟာလင်းဆိုတာ က တင်းနစ်ဘောလုံးအရွယ်အစားဘောလုံးကို ရိုက်တံနဲ့ ဟိုဘက်ဒီဘက် ၁၅ယောက်စီ ဂိုးသွင်းအမှတ်ယူရတဲ့ ကစားနည်းပါ။ အိုင်ယာလန်မှာ တော့ နိုင်ငံအားကစားနည်းတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ အရင်က ကြည့်ဖူးတဲ့ တိရစ္ဆာန်ကားတွေလိုပဲ ခွေးလေးက ဟာလင်းမှာ ပါရမီပါတဲ့ ကောင်လေးနဲ့အတူတူ ပွဲကစားတာမျိုးပါပဲ။ ထူးခြားတာက ခွေးလေးဖရန့်နဲ့ပိုင်ရှင်ဖြစ်သူ ရို့စ်စီကြားက ဆက်ဆံရေးပဲဖြစ်ပါတယ်။ ဖရန့်နဲ့ ရို့စ်စီကြားက ဆက်ဆံရေးကဘယ်လိုမျိုးထူးခြားနေလဲ၊ ဖရန့်နဲ့ ကောင်လေးတို့ ဘယ်လိုမျိုး ဟာလင်းဆော့ကြမလဲ၊ ဘယ်လိုအခက် အခဲတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.25 GB) / (535 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thetti Tun Encoder……….SWM

Comedy • Science Fiction • Romance
6.6 2022 88 mins
Róise & Frank
Cargo
6.1

၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျာမန်Sci-fi/Thrillerရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခရစ်သက္ကရာဇ် ၂၂၆၇ခုနစ်အချိန်၊ ဂေဟစနစ်ပြိုလဲတာကြောင့် ကမ္ဘာကြီးဟာ အသက်ရှင်နေထိုင်ဖို့မသင့်တော့ပါဘူး။ ဒီတော့ အသက်ရှင်ကျန်နေတဲ့လူသားတွေဟာ ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ အာကာသစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ ဒေါက်တာလော်ရာပေါ့မန်းက ဒုက္ခတွေကြုံတွေ့နေရတဲ့ အမျိုးသမီးဆရာဝန်တစ်ဦး။ အစ်မဖြစ်သူမိသားစုရှိတဲ့ ရီယာဆိုတဲ့ လူတွေနေထိုင်နေကြတဲ့ဂြိုလ်ဆီကိုသွားဖို့ ရည်မှန်းထားသူ။ အဲဒီဂြိုလ်မှာနေထိုင်ဖို့ အသုံးစရိတ် နေထိုင်ခွင့်အတွက် ပိုက်ဆံရှာဖို့ ကတ်ဆန်ဒရာကုန်တင်အာကာသယာဉ်ပေါ်မှာ ဆေးအမှုထမ်းအနေနဲ့ လိုက်ပါခဲ့ပါတယ်။ ယာဉ်ပေါ်မှာက ၈လကျော်ကြာတစ်ဆိုင်းနှုန်းနဲ့ တစ်ယောက်စီ အလှည့်ကျကင်းစောင့်ရပါတယ်။ ဒေါက်တာပေါ့မန်းအဆိုင်းတာဝန်ချိန်မှာပဲ ထင်မှတ်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ…။ သူသွားချင်တဲ့ ရီယာဆိုတဲ့ဂြိုလ်ကလည်း ဖုံးကွယ်မှုတွေများစွာနဲ့တည်ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2 GB)/(916 Mb) Quality….Blu-ray 1080p/720p Format…mp4 Duration….01:52:00 Genre…Drama, Mystery, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Action • Comedy
6.1 2009 120 mins
Cargo
Slyth: The Hunt Saga

Sltyth : The Hunt Saga (2024) Romance နဲ့Drama series တွေပဲအရိုက်များတဲ့ ချစ်ခြင်းဖန်ဆင်းသောလှေ ဇာတ်ကားထဲက Queen mookda Narinrak ကို အရင်တွေ့နေကျ နဲ့ကွဲထွက်နေတဲ့ ဖိုက်တာမလေးအဖြစ် Luke နဲ့အတူ မြင်တွေ့ရမယ့် Slyth : The Hunt Saga ရုပ်ရှင်သစ်လေး ထွက်ရှိလို့လာပါပြီ။ ဇာတ်လမ်းတွဲမှာပဲ မြင်တွေ့နေကျဖြစ်တဲ့ Mookdaရဲ့movieသစ်မှာရော သူတို့ဘယ်လိုလိုက်ဖက်ညီညီနဲ့ သရုပ်ဆောင်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ ကမ္ဘာ့အကြီးဆုံးတောမီးလောင်ကျွမ်းမှုကြောင့် တမဟုတ်ချင်းညစ်ညမ်းသွားတဲ့လေထုဟာ အသက်ရှင်ဖို့ လေထုကိုမှီတွယ်နေရတဲ့ လူသားမျိုးနွယ်တွေအတွက် အိပ်မက်ဆိုး ကပ်‌ဘေးဆိုး ဖြစ်လာပါတော့တယ်။ ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်မယ့်တစ်ခုတည်းသောအရာက ဒဏ္ဍာရီလာ Slythဆိုတဲ့ဂြိုဟ်သားတွေရဲ့ ရောဂါမှန်သမျှကုစားနိုင်တဲ့ မသေမျိုးသွေး တစ်ကမ္ဘာလုံးက Slythတွေရဲ့သွေးကိုလိုချင်လာတဲ့အတွက် နေရင်းထိုင်ရင်း အမဲလိုက်ခံရဖို့ဖြစ်လာတဲ့ ဒီဂြိုဟ်သားတွေက လူသားတွေပြုသမျှနုနေမှာမဟုတ်တဲ့အခါ… အမဲလိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်တဲ့သူက သားကောင်ဖြစ်ရမှာဆိုတော့ ရှင်သန်ရပ်တည်ဖို့ လူသားတွေနဲ့Slythတွေ ဘယ်လိုအားပြိုင်သွားမလဲဆိုတာ အားလုံးအတူတူရှုစားလိုက်ရအောင်ပါ။ အညွှန်း ကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ, Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Action, Scif-fi, Thriller Quality…. 1080p | 720p File size… 1.7GB | 857MB Format… mp4 Duration…. 1hr 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ, Char Ou Encoder ….. Aaron

0 2024
Slyth: The Hunt Saga
The Girl in the Spider’s Web
6.1

The Girl In The Spider’s Web Genre – Action, Adventure, Crime IMDB – 6.1/10 ၂၀၁၈ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ လူသူဝေးတဲ့ တောအုပ်ထဲမှာ အိမ်တစ်လုံးရှိပြီး အဖေနဲ့ သမီးနှစ်ယောက်နေကြပါတယ်။ စိတ္တဇလို ရက်စက်တတ်တဲ့အဖေရဲ့လက်အောက်မှာ ကြီးပြင်းရတဲ့ သမီးနှစ်ယောက်အဖို့ကတော့ တကယ့်အိပ်မက်ဆိုးနဲ့ နေ့ရက်တွေပါပဲ။ တစ်နေ့မှာတော့ ဖအေဖြစ်သူရဲ့ ညှင်းဆဲမှုကို မခံနိုင်တော့တဲ့နောက် ဝရန်တာကနေပဲ ခုန်ချထွက်ပြေးသွားခဲ့ပါတယ်။ မလိုက်နိုင်တဲ့အစ်မဖြစ်သူကတော့ အဖေ့ဆီမှာပဲ ကျန်နေခဲ့ပါတော့တယ်။ နှစ်တွေကြာပြီးတဲ့နောက်မှာတော့ အငယ်မလေးလစ်စဘတ်သ်ဟာ ကြေးစားလူသတ်သမားတဖြစ်လဲ မကောင်းတဲ့လူတွေကို အပြစ်ပေးတဲ့ ကြေးစားလူသတ်သမားလုပ်ရင်း ဘဝကိုဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ သူ့ကို ကမ္ဘာ့နျူကလီးယားလက်နက်တွေကို ထိန်းသိမ်းထားတဲ့ ဆော့ဝဲတစ်ခုကို ပြန်ခိုးပေး‌ဖို့ အလုပ်ဝင်လာပါတယ်။ ဒါပေမဲ့ ဒီအလုပ်ဟာ သူထင်ထားသလောက်မရိုးရှင်းဘဲ ပင့်ကူအိမ်လိုရှုပ်ထွေးစွာနဲ့ အတိတ်ကဖြစ်ရပ်တွေပါ ပြန်နွယ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။ File size… 1.4 GB / 729 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Action/Adventure/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Aditi

6.1 2018 115 mins
The Girl in the Spider’s Web
The Bridge of San Luis Rey
6

စပိန်စုံစမ်းစစ်ဆေးမှုအတွင်း ဖရန်စစ်စကန်ဘုန်းတော်ကြီး ညီအစ်ကို ဂျူနီပါ (Gabriel Byrne) က ပီရူးနိုင်ငံ၊ လီမာမြို့ရှိ တံတားပြိုကျမှုကို မျက်မြင်တွေ့ရှိခဲ့ပြီး လူငါးဦးကို သေစေနိုင်ရန် ဘုရားသခင် အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို အံ့ဩစရာဖြစ်ခဲ့တယ် ပီရူးနိုင်ငံရဲ့ ဧကရာဇ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Robert De Niro) ဦးဆောင်သည့် ခုံရုံးတွင် ဘုန်းတော်ကြီးက သူမရဲ့သမီး (Émilie Dequenne) နှင့် ချောမောလှပသော သခင်မ (Pilar López de Ayala) တို့ ငြင်းပယ်ခံရသော မာကီဆာ (Kathy Bates) အပါအဝင် အဖြစ်ဆိုးရဲ့ သားကောင်များအကြောင်း တွေကို ဖော်ပပေးထားတာပါ File size_(3GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Drama, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

6 2004 120 mins
The Bridge of San Luis Rey
Big Sleep
7

Big Sleep (2023) ******************* CM ပရိသတ်ကြီးတွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ Busan International Film Festival မှာ (၃) ထပ်ကွမ်းဆုရရှိထားခဲ့တဲ့ ကိုရီးယားနိုင်ငံက အိမ်ပြေးလူငယ်တွေရဲ့ အနာဂတ်ပျောက်တဲ့ပုံစံကို ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိမ်ပြေးလူငယ်တစ်ယောက်နဲ့ သူ့ကိုဂရုစိုက်တဲ့ လူကြီးတစ်ယောက် ကြုံတွေ့ကြပြီး နှစ်ယောက်သား ဘယ်လိုတွေ ဘဝကိုရှင်သန်ဖြတ်သန်းကြမလဲဆိုတာကို ဇာတ်ကြောင်းအေးအေးလေးနဲ့ ကြည့်ရှုရမှာပါ။ -ဇာတ်လမ်းအကျဉ်း- ဂီဟိုဆိုတဲ့ ကောင်လေးကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အိမ်ကနေထွက်ပြေးလာတဲ့ အိမ်ပြေးလူငယ်တစ်ယောက်ပါ။ တစ်နေ့မှာ ဂင်ဂီယောင်းက မနက်ခင်းအလုပ်သွားဖို့ လုပ်ရင်း သူ့အိမ်ရှေ့ကကွပ်ပျစ်မှာ အိပ်နေတဲ့ဂီဟိုကို တွေ့သွားပြီး အပြောကြမ်းပေမဲ့ စိတ်ထားကောင်းတဲ့ ဂီယောင်းဟာ ဂီဟိုကိုကြည့်ပြီး သူ့ငယ်ဘဝကို ပြန်လည်အမှတ်ရမိသွားတဲ့အတွက် ဂီဟိုကို သူ့အိမ်မှာ နေခွင့်ပြုခဲ့ပါတော့တယ်။ ကိုယ်တိုင်က အရှုံးသမားတစ်ယောက်လို နေနေတဲ့ ဂီယောင်းတစ်ယောက် သူ့ထက်ပိုအားနည်းတဲ့ ဂီဟိုကို ဘယ်လိုတွေ နှစ်သိမ့် ဂရုစိုက်ပေးမလဲဆိုတာကို ရင်ထဲထိထိ ကြည့်လိုက်ရ‌အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1.54GB / 570MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa

7 2023
Big Sleep
The Substance
7.8

The Substance (2024) IMDb Rating (7.6) / Rotten Tomatoes (91%) နာမည်ကြီး ဟော်ရာ ရုံရှင်ကားအသစ် အကြည်ထွက်ပါပြီ။ မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time… in Hollywood ရုပ်ရှင်ထဲက Pussycat လေး Margaret Qualley တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲ တွေနဲ့ ရွံစရာတွေ ပါတာမို့ နှလုံးခိုင်မှ ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ် ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့ အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။ အဲဒီဆေးရဲ့ အစွမ်းကတော့ ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကို ပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက် ကိုယ်ပွားထွက်ပေါ်လာတာပါပဲ။ အဲဒီကိုယ်ပွားက ပိုလှမယ် ပိုတော်မယ် ပိုပြီးပြည့်စုံတဲ့ ဗားရှင်းဖြစ်လာပါမယ်။ ဒါပေမဲ့ အရေးကြီးတဲ့သတ်မှတ်ချက်ကတော့ မူလလူနဲ့ ကိုယ်ပွားဟာ တစ်ယောက်ကို တစ်ပတ်စီ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ကိုယ်ပွားလေးဟာ တဖြည်းဖြည်း ပိုအောင်မြင်လာပြီ အချိန်တွေကို ပိုလောဘကြီးလာတဲ့အခါ မူရင်းလူမှာ ယိုယွင်းတာတွေ ဆိုးရွားလာပြီး ကိုယ်ပွားမှာလဲ ခန္ဓာကိုယ်မတည်ငြိမ်တာတွေဖြစ်လာပါတယ်။ အဲဒီကနေမှ ပိုပိုပြီး အရုပ်ဆိုးတဲ့ ရက်စက်တဲ့အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါ… File size…(5.6 GB) / (1.85 GB) / (1.09 GB) Quality…WEB-DL 4K HEVC/1080p HEVC / 720p Format…mkv / mp4 Duration….2h 21m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Mr.Anderson

Drama • Horror • Thriller
7.8 2024 141 mins
The Substance
Don’t Tell Mom the Babysitter’s Dead
6.3

တစ်ခါတလေကျတော့လည်း အရင်တုန်းက ပေါ့ပေါ့ပါးပါး ဇာတ်လမ်းကလေးတွေကို ပြန်ကြည့်ကြရတာက အသက်အရွယ်ငယ်ငယ် ဆယ်ကျော်သက်ဘဝတွေကို ပြန်လည် အမှတ်ရစေတာကတော့ တကယ်ပါပဲ။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ ဆယ်ကျော်သက်အရွယ်ကလေးတွေ ကပေါက်တိကပေါက်ချာလုပ်ကြတဲ့ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းတွေကိုတော့ ဘယ်အချိန်နေနေ ပြန်လည်ကြည့်ရှုချင်မိကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ (၁၉၉၁)ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Comedy/ Dark comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “Don’t Tell Mom the Babysitter’s Dead” ဇာတ်လမ်းလေးမှာဆိုရင်တော့ စွဲလ်တို့မောင်နှမတသိုက် ဖြတ်သန်းရမယ့် နွေရာသီအားလပ်ရက်တွေကို မြင်တွေ့ရမှာပြ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ကွာရှင်းထားသူ စွဲလ်တို့အမေက စွဲလ်တို့မောင်နှမငါးယောက်ကို ထိန်းေကျာင်းပျိုးထောင်ရင်းနဲ့ နှစ်ပေါင််း(၃၀)ကျော်ကို ကုန်ဆုံးခဲ့တာ ပင်ပန်းလွန်းလှလို့ တူပါရဲ့ ဒီနွေတော့ သူ့ကလေးတွေကို အိမ်မှာထားခဲ့ကာ၊ သူ့ချစ်သူနဲ့ ဥရောပကို ခရီးထွက်သွားပါတော့တယ်။ The babysitter ဆိုတဲ့အတိုင်း စွဲလ်တို့ကို ထိန်းကျောင်းဖို့ ကလေးထိန်းဘွားဘွားတစ်ယောက်ကိုလည်း အိမ်မှာ ခန့်ခဲ့ပါသေးတယ်။ ကလေးထိန်းသက်တမ်းရင့်နေပြီဖြစ်တဲ့ ကလေးထိန်းအဘွားကြီးက စည်းကမ်းအလွန်အမင်းတင်းကျပ်လွန်းတာကြောင့် ကလေးတွေက အစ်မကြီးဖြစ်သူစွဲလ်ကို အားကိုးတကြီး ပြောပေးခိုင်းကြတော့တာပေါ့။ စွဲလ်လည်း ကလေးထိန်းအဘွားကြီးကို သွားအပြော ဘာမှန်းမသိ သေဆုံးနေတဲ့ အဘွားကြီးကို တွေ့လိုက်ရပါတော့တယ်။ အဘွားကြီး သေသွားတာကို စွဲလ်တို့တွေဟာ ပျော်ချင်တိုင်းပျော်ခွင့်ရမယ့် သူတို့နွေအားလပ်ရက်ရေး ဆုံးရှုံးသွားမှာကို စိုးရိမ်တာကြောင့် သူတို့အမေကို မပြောဖို့ ဆုံးဖြတ်ကြပြီးတော့ စွဲလ်ဦးဆောင်မှုအတိုင်း မောင်နှမငါးယောက်စခန်းသွားကြပါတော့တယ်။ ဒီနွေရာသီအားလပ်ရက်လေးက စွဲလ်တို့အတွက် လုပ်ချင်တာလုပ်ဖို့ အခွင့်အရေးလား ဒါမှမဟုတ် ဂြိုဟ်ဆိုးဝင်တာလားပဲဆိုတာကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ “Don’t Tell Mom the Babysitter’s Dead” (1991) ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File Size : 2.8 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Comedy, Dark Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Doros Encode by : Thit San Khant

Thriller • Crime • Action
6.3 1991 105 mins
Don’t Tell Mom the Babysitter’s Dead