YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Street.2015.720p.BluRay {CM}.mp4

882.25 MB N/A video/mp4 104 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunger
4.5

Bad Geniusထဲမှာ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားသွားတဲ့မင်းသမီး Aokbab Chutimon ရဲ့ ကားသစ်လေးဖြစ်တဲ့ Hungerဆိုတဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဂျစ်ကန်ကန်ကာရိုက်တာနဲ့ အင်မတန်လိုက်ဖက်တဲ့သူလေးကို ဒီကားထဲမှာတော့ ဇွဲနပဲကြီးတဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့ရှက်ဖ်လေးအဖြစ် မြင်ရမှာပါ။ အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသတ်ချင်သူပါ။ ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။ ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။ ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ... မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။ ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါ‌စားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ် အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့၊ လောကကြီးကို လုပ်နိုင်ကြောင်း သက်သေပြချင်တဲ့အွိုင်တစ်ယောက် အောင်မြင်မှုကို ငတ်မွတ်လာတဲ့အခါ ရယူခြင်းရဲ့နောက်ကွယ်က ပေးဆပ်ခြင်းတွေကိုရော အွိုင်တစ်ယောက် လက်ခံနိုင်မှာလား။ လောကရဲ့နိယာမအတိုင်း အထက်ဖားအောက်ဖိတဲ့ပြဿနာတွေ၊ လုပ်ဖော််ကိုင်ဖက်တွေကြားက မနာလိုမှုတွေ၊ လူတန်းစာအလွှာကွာခြားမှုကြားက ပဋိပက္ခတွေ အစရှိသဖြင့် ရသအစုံအလင်ခံစားနိုင်မဲ့ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင့် ခေတ်နဲ့အညီ ဆန်းသစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုဆန်းသစ်လာတဲ့ ဒီထိုင်းmovieလောကရဲ့ လက်ရာသစ်လေးကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 862MB | 431MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Drama • Mystery
4.5 2023 9 mins
Hunger
The Eight Mountains
7.7

~ IMDb - 7.8/10, RT - 89%, Meta - 79% ~ တစ်ခုသော နွေရာသီကျောင်းပိတ်ရက်မှာ ကောင်လေး၂ယောက် တောင်တန်းပေါ်က ရွာလေးတစ်ရွာမှာ ဆုံတွေ့ခဲ့ကြတယ်။ မြို့ကြီးပြကြီးမှာ မွန်းမွန်းကြပ်ကြပ်ကြီးလာတဲ့ ပီရဲထရိုနဲ့ တောင်ပေါ်မှာ ပြေးရင်းလွှားရင်း လွတ်လွတ်လပ်လပ်ကြီးလာတဲ့ ဘရူနို... မတူညီတဲ့ နောက်ခံအခြေအနေတွေက သူတို့ရဲ့ ခင်မင်မှုကြားမှာ အနှောင့်အယှက်မဖြစ်ခဲ့။ တစ်ဘဝစာ ရင်းနှီးမှုကို တစ်ယောက်ဆီမှာ တစ်ယောက် ရှာတွေ့ခဲ့ကြသလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လို့ရှာတွေ့ခဲ့ကြ။ အသက်ကြီးလာတာနဲ့အမျှ လျှောက်ကြတဲ့ ဦးတည်ရာတွေမတူဘဲ အတိုင်းအတာတစ်ခု ကွာဝေးခဲ့ကြပြီးနောက် ၂ယောက်ထဲက တစ်ယောက်ရဲ့ အဖေဆုံးသွားတဲ့အချိန်မှာမှ ပြန်လည်ဆုံတွေ့၊ ဘဝရဲ့ တစ်ဆစ်တစ်ကွေ့မှာ ပြန်ရင်းနှီးပြီး အတူတူလုပ်ရမယ့် ကိစ္စတစ်ခုရှိလာခဲ့ပါတယ်... ရေခဲတောင်တွေပေါ်မှာပေါ့။ ဒီကားဟာ နာမည်တူ ဝတ္ထုစာအုပ်ကိုပဲ ပြန်ရိုက်ထားခြင်းဖြစ်ပြီး ၂၀၂၂ ကိန်းရုပ်ရှင်ပွဲတော်မှာ Jury Prize ရရှိခဲ့ပါတယ်။ မှင်သက်လောက်တဲ့ ရေခဲတောင်အလှ‌တွေကို ရှုစားရမှာဖြစ်သလို ကလေးဘဝကတည်းက အစပြုခဲ့တဲ့ ယောက်ျားသား ၂ယောက်ကြားက တစ်သက်စာ ခင်မင်ရင်းနှီးမှုကို ဘဝရဲ့ အပိုင်းအခြားအလိုက် တွေ့ရမှာပဲဖြစ်ပါတယ်။ နောက်ပြီး မတူညီတဲ့အချိန်တစ်ခုမှာသာ တွေ့ခဲ့ရရင် တစ်မျိုးတစ်မည်ပြောင်းသွားနိုင်တဲ့ သားအဖဆက်ဆံရေးလေး တစ်စိတ်တစ်ပိုင်း။ တကယ်ပါ... ဒီကားဟာ လှတယ်လို့ပြောရင် ရှုခင်းသက်သက်မဟုတ်ဘဲ သူငယ်ချင်း၂ယောက်ကြားက ခင်မင်မှုအကြောင်းနဲ့ သူတို့ကိုယ်စီရဲ့ သူတို့ကိုယ်သူတို့ ရှာဖွေမှုခရီးစဉ်အကြောင်းပါ ပါတယ်ဆိုတာ ယုံလိုက်ပါ။ အချင်းချင်း တစ်ပတ်လောက် တစ်လလောက် မမြင်ရ မတွေ့ရရုံနဲ့ အားလျော့မသွားတဲ့ ခိုင်မာမှုမျိုးနဲ့ သူငယ်ချင်း ၂ယောက်ကြားက တစ်သက်တာသံယောဇဉ်။ ကံဆိုးမှုတွေ၊ သဘောထားကွဲလွဲမှုတွေ၊ အထူးသဖြင့်တော့ အချိန်ကာလကိုပါ ကျော်ဖြတ်နိုင်တဲ့ ရှားပါးပြီး ထူးခြားတဲ့ လူတိုင်းတောင့်တတဲ့ ဆက်ဆံရေးတစ်ခုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 1.05GB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 2H 27Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7.7 2022 147 mins
The Eight Mountains
If Looks Could Kill
6.2

ရာသီဥတုပူပူမှာ အခွီဓာတ်လေးရစေမဲ့ ဟာသအက်ရှင်ဇာတ်မြူးလေးဖြစ်တဲ့ 90sရဲ့ Old but gold movieလေးတစ်ကားဖြစ်တဲ့ If Looks Could Killဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာတော့ ကြက်ကန်းဆန်အိုးသွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့စွန့်စားခန်းကို ရှုစားရမှာပါ။ မိုက်ကယ်ကော်ဘန်ဟာ ကျောင်းပြေးအလေလိုက် ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ ဆရာမတိုင်းမျက်မုန်းကျိုးမဲ့ နောက်ဆုံးတန်းကကောင်လေးပေါ့။ သူ့ဟာ အရာရာကိုခပ်ပေါ့ပေါ့ပဲတွေးရင်းနဲ့ ပြီးအောင်မလုပ်တတ်တဲ့အကျင့်လေးကလည်းရှိတော့ အတန်းပြေးတာလက်လွန်ပြီး ပြင်သစ်ဆရာမရဲ့အကွက်ထဲဝင်သွားတာပေါ့။ အထက်တန်းပြီးဖို့ ပြင်သစ်ဆရာမဂရော်ဘာဆီက အမှတ်ကလည်းလိုနေ ဆရာမကလည်း နွေရာသီသင်တန်းချိန်မှာ ပြင်သစ်ကလပ်နဲ့တူတူ ပြင်သစ်ကိုလေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေချိန်ဆိုတော့ လူရွှတ်လူနောက် ကော်ဘန်တစ်ယောက် ပြင်သစ်သွားဖို့ အကြောင်းပါသွားတော့တာပေါ့။ ကော်ဘန်တစ်ယောက် အဖေကြည်ဖြူအောင်သာ အထက်တန်းအောင်ဖို့ကို အကြောင်းပြနေပေမဲ့ စိတ်ထဲမှာတော့ ပါရီကစကီတစ်သိုက်နဲ့ နိုက်အောက်ဖို့အစီအစဉ်ဆွဲနေတာပါ။ မျက်မုန်းကျိုးနေတဲ့ဆရာမကလည်း သူ့ကိုပြင်သစ်ခေါ်လာတာ ပညာပြဖို့ပါပဲ။ ဒါပေမဲ့ မျက်နှာပြောင်တပည့်နဲ့ စည်းကမ်းကြီးတဲ့ဆရာမကြားကတိုက်ပွဲမှာ မထင်မှတ်တဲ့ကိစ္စတစ်ခုပေါ်လာပါတော့တယ်။ အဲဒါကတော့ ပြင်သစ်ကိုသွားမဲ့လေယာဉ်ပေါ်မှာ မိုက်ကယ်ကော်ဘန် ၂ ယောက်ပါလာတာပါပဲ။ တစ်ဖက်က အမေရိကန်အသွင်ယူအေးဂျင့် မိုက်ကယ်ကော်ဘန်ကတော့ လတ်တလောဖြစ်နေတဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ ထူးဆန်းစွာအသတ်ခံရမှုနဲ့အတူ အော်ရန့်ဘာ့ဂ်ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ် ဥရောပဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဩဂက်စ်တက်စတာရန်ကိုကို ကာကွယ်ပေးဖို့ရောက်လာတာပါ။ ဒါပေမဲ့ အေးဂျင့်အစစ်က လုပ်ကြံခံလိုက်ရပြီးတော့ ကျောင်းသားလေးမိုက်ကယ်ကော်ဘန်ကို အသွင်ယူအေးဂျင့်လို့ ထင်သွားကြတဲ့အခါ... စိုင်ကော်လို့ခြုံပေါ်ရောက်တာမဟုတ်တဲ့ နာမည်ကော်လို့ အေးဂျင့်ဖြစ်သွားတဲ့ မိုက်ကယ်ကော်ဘန်တစ်ယောက် နိုင်ငံရေးပြဿနာထဲကို ဘုမသိဘမသိဝင်ပါမိရင်းနဲ့ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာ အားလုံးကြည့်ရှုခံစားရင်း ရယ်မောခြင်းနဲ့ ဘဝအပန်းဖြေလိုက်ရအောင်ပါ။ File size…(1.1 GB)/ (580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Fantasy
6.2 1991 88 mins
If Looks Could Kill
Prey
7.8

Predator ရုပ်ရှင်စီးရီးထဲက အသစ်တစ်ကားလာပါပြီ။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။ အက်ရှင်အသားပေးမို့ တစ်ကားလုံးကြုံးနေကြတာပါပဲ။ ကြည့်လို့အတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr. Anderson ပါ။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File Size          : 4.1GB, 2GB, 851MB, 415MB Quality            : 4K HEVC 5.1CH, 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 39mins Genre              : Action, Drama, Horror Translated by Mr. Anderson Encoded by Kinnov, PhyoPyae

Drama • Romance
7.8 2022 100 mins
Prey
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Dracula 2000
5.2

မက်သရူး ဗန်ဟယ်ဆင်းဆိုတဲ့ အဖိုးကြီးက လန်ဒန်မှာ ရှေးဟောင်းပစ္စည်းပြခန်းဖွင့်ထားပြီး အနုပညာပစ္စည်းတွေစုဆောင်း ရောင်းဝယ်ပါတယ်။ နတ်ရွှေသိုးအရေခွံလိုမျိုး ဘာသာရေးနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ပြခန်းအောက်က လျှို့ဝှက်မြေအောက်ခန်းထဲမှာ သိမ်းထားပါတယ်။ တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှုးဖြစ်တဲ့ ဆိုလီနာက အပြင်က သူ့လူနဲ့ပေါင်းပြီး လျှို့ဝှက်ခန်းကိုဖောက်ထွင်းကာ ပစ္စည်းတွေခိုးဖို့လုပ်ကြပါတယ်။ သူတို့လိုချင်တာက ရွှေငွေတွေဖြစ်ပေမဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ ပွက်လောရိုက်ကြပါတယ်။ ဒီလိုနဲ့ အခန်းတစ်ခုထဲကိုရောက်တော့ ငွေခေါင်းတလားတစ်လုံးကိုတွေ့လိုက်ရပါတယ်။ အပြည့်ပိတ်ထားပြီး ဖွင့်စရာနည်းလမ်းရှာမတွေ့တဲ့ အဲဒီအခေါင်းထဲမှာ အဖိုးကြီးရဲ့ ရွှေငွေမှန်သမျှကိုထည့်ထားလိမ့်မယ်လို့ ထင်ပြီး သူခိုးတစ်သိုက်က အခေါင်းကို ဖျောင်ပြီး လေယာဉ်ပေါ်တင်သွားကြပါတယ်။ အခေါင်းကိုဖွင့်ဖို့ကြိုးစားတဲ့သူရဲ့သွေးတွေက အခေါင်းထဲကိုစီးဝင်သွားရင်းနဲ့ အထဲမှာရှိတဲ့ Dracula ကို ပြန်အသက်သွင်းမိသွားပါတယ်။ Dracula က သူခိုးတစ်သိုက်လုံးကို တိုက်ခိုက်လိုက်လို့ လေယာဉ်လည်းပျက်ကျသွားပါတယ်။ တစ်ဖက်မှာတော့ အဖိုးကြီး မက်သရူးက ငွေခေါင်းတလားခိုးခံလိုက်ရတာကိုသိတာနဲ့ အသက်ဝင်လာမယ့် Dracula ကိုလိုက်ရှင်းဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ သူကတကယ်တော့ Dracula ဆီကသွေးတွေကိုယူပြီး သူ့ခန္ဓာကိုယ်ထဲထိုးသွင်းရင်းနဲ့ အသက်ရှည်အောင်နေလာခဲ့တဲ့သူပါ။ ဒါကြောင့် အဖိုးကြီးရဲ့သမီးဖြစ်သူ မယ်ရီမှာလည်း Dracula ရဲ့သွေးပါနေခဲ့တာပါ။ မယ်ရီက Dracula နဲ့ပတ်သက်တဲ့ အိပ်မက်ဆိုးတွေမက်တတ်ပြီး တကယ်မဟုတ်တဲ့အရာတွေလို့ပဲ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါကတော့ Dracula က တကယ်အသက်ပြန်ဝင်လာတဲ့အခါ သူ့ရဲ့သွေးပါနေတဲ့ မယ်ရီကို လိုက်ရှာပါတော့တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.3GB, 673MB Quality - 1080p, 720p, 480p IMDb Rating - 4.9/10 Format - mp4 Duration - 1H 39Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Chuck

Horror • Thriller
5.2 2000 99 mins
Dracula 2000
Apollo 10½:  A Space Age Childhood
7.1

လူသားမျိုးနွယ်ရဲ့ အာကာသခရီးဟာ ၁၉၆၉ခုနှစ် ဇူလိုင်လ ၁၆ရက်က လွှတ်တင်တဲ့ Apollo 11နဲ့အတူ အစပျိုးခဲ့ပါတယ်။ လိုက်ပါသွားခဲ့တဲ့ Neil Armstrong နဲ့အဖွဲ့သားတွေဟာ လပေါ်ကို ပထမဆုံး အခြေချနိုင်သူတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အမှန်တကယ် ပထမဆုံး အခြေချနိုင်သူဟာ Neil Armstrong မဟုတ်ဘဲ မူလတန်းကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်… ထိုအချိန်က Huston နယ်မြေမှာ အရာရာတိုင်းက အာကာသနဲ့ပတ်သက်တာတွေချည်း ဖြစ်ခဲ့တာပေါ့။ မူလတန်းကျောင်းသားလေး Stan အပါအဝင် ကလေးတော်တော်များများရဲ့ အိပ်မက်ဟာ အာကာသယာဉ်မှူးကြီးဖြစ်ဖို့ပါပဲ။ တစ်နေ့မှာတော့ NASAက လူတချို့ဟာ Stan ကိုခေါ်ပြီး အာကာသယာဉ်ထိန်းခန်းဆောက်လုပ်ရာမှာ တွက်ချက်မှုအမှားလေးတွေကြောင့် သာမန်ထက်အနည်းငယ် သေးငယ်သွားပြီး အဲဒီယာဉ်ကိုမောင်းနှင်ပြီး လပေါ်ကိုသွားဖို့ ကလေးတစ်ယောက်ကိုလိုက်ရှာနေတာဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီအကြံကို Stan ကလဲ လက်ခံခဲ့ပြီး လပေါ်ကို ခရီးသွားနိုင်ခဲ့ပါတယ်။ အဲဒီပရောဂျက်ဟာ Apollo 10 ½ လို့ခေါ်ပြီး Apollo 11 မတိုင်ခင် ဖြစ်ခဲ့တာပေါ့။ သို့သော် ဒီဖြစ်ရပ်ကို ပါးစပ်ပိတ်ထားရတဲ့ Stan အဖို့တော့ နေ့စဉ်ဘဝဟာ ထူးခြားပြီး ပြောင်းလဲသွားတာမရှိပါဘူး။ ဒီဇာတ်လမ်းလေးမှာ ထိုခေတ်အခါက အာကာသယာဉ်မှူးတွေ ဖြတ်ကျော်ရတဲ့လေ့ကျင့်ရေးတွေ၊ အာကာသခရီးစဉ်ရဲ့ အဆင့်ဆင့်ကျော်ဖြတ်ရပုံတွေအပြင် ထိုခေတ်က လူနေမှုပုံစံတွေကို အသေးစိတ်ကျကျ ထည့်သွင်းရှင်းပြထားတဲ့အပြင် သမိုင်းဝင်ဖြစ်ရပ်အချို့နဲ့ မူရင်းအသံဖိုင်၊ ဗီဒီယိုဖိုင်လေးတွေပါ ထည့်သွင်းဖော်ပြထားတာဖြစ်လို့ ရသထက် သုတက အလေးပိုတဲ့ဇာတ်လမ်းလေးပါ။ Biography ပုံစံလေးဖြစ်လို့ အေးအေးလေးနဲ့ ဆွဲဆောင်နိုင်မယ့်ကားဖြစ်တာကြောင့် တည်တည်ငြိမ်ငြိမ်ဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူတွေ၊ အာကာသပရိတ်သတ်တွေအနေနဲ့ မျက်စိအစာကျွေးရင်း ဦးနှောက်ကိုပါ အစာကျွေးလို့ကောင်းမယ့် ဇာတ်လမ်းလေးကို တင်တက်ပေးလိုက်ပါတယ်။ File size…1.7GB / 671MB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro

Action • Science Fiction
7.1 2022 98 mins
Apollo 10½: A Space Age Childhood
Bhaag Saale

Bhaag Saale 2023 (IMDb 7/10) CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့ comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာ‌ကတော့ အာဂျွန်ကို ချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့ အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကို မွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကို ချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါ အဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါ one ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းက လူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါ ဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလို ကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့.... ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲ တခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်‌စားလေးကို ကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.13GB / 1022MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Drama • Mystery • Thriller
0 2023
Bhaag Saale
Art of Love
5

Art of Love (2022) တက္ကသိုလ်ပရော်ဖက်ဆာတစ်ဖြစ်၊ စာရေးဆရာအဖြစ် ကျင်လည်နေတဲ့လူတစ်ယောက်ဟာ လူမှုပတ်ဝန်းကျင်မှာ ဝင်ဆံ့ဖို့မလွယ်တဲ့ပြဿနာနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ အိမ်နီးချင်းတွေနဲ့လည်း အဆက်ဆံမလုပ်တတ်တဲ့ တစ်ကိုယ်တည်းသမားကြီးတစ်ယောက် တစ်နေ့မှာတော့ စာအပိုင်းအစလေးတွေနဲ့ နောက်‌ယောင်ခံဆက်သွယ်မှုကို ကြုံလာရပါတော့တယ်။ ပဟေဠိဆန်ဆန် လှည့်ကွက်တွေနဲ့ နောက်ကွယ်ကလူကို တဖြည်းဖြည်း စွဲလမ်းမိလာပြီးနောက်မှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲ? မထင်မှတ်ထားတဲ့ ဇာတ်လမ်းအပြောင်းအလဲတွေနဲ့ ဘယ်လို အဆုံးသတ်သွားကြမလဲ? ဆိုတာကို ဆက်လက် ရှုစားလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hae Areum က ရေးထားတာပါ။) File Size : 797MB, 376MB Quality : 720p WEB-DL, 480p Format : mp4 Duration : 1hr & 56min Genre : Romance, Thriller Translated by Hae Areum Encoded by Kinnov

Action • Thriller
5 2022
Art of Love
Choyleefut: Speed of Light
5

တရုတ်ပြည်မှာ ကိုယ်ခံသိုင်းပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ ချွိုင်လီဖတ်ဆိုတဲ့ ကိုယ်ခံပညာအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒီသိုင်းပညာဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာမှာပါ လူသိများတဲ့ကွန်ဖူးပညာ တစ်ရပ်လည်းဖြစ်ပါတယ်။ ချွိုင်လီဖတ်အကျော်အမော်ညီနောင်နှစ်ပါးထဲက အစ်ကိုဖြစ်သူချန်တိန်းလိုင်ဟာ ကမ္ဘာတစ်လွှားမှာကျောင်းပေါင်းများစွာ ဖွင့်လှစ်ပြီး သိုင်းပညာကို ဖြန့်ဝေလျက်ရှိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်က ပင်မကျောင်းတော်ကြီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုက အုပ်စိုးဖို့ကြိုးစားလာပါတော့တယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက သဘောတူထားပြီးပေမယ့် သူရဲ့သား ဂီက လက်သင့်မခံဘဲ ပြန်လှန်တွန်းလှန်ဖို့ ကြိုးစားရင်းက ကျောင်းတော်ကြီးရဲ့ကံကြမ္မာကို ပြိုင်ပွဲအဆုံးအဖြတ်နဲ့ စီရင်ဖို့ ဖြစ်လာရပါတော့တယ်…. ကျောင်းကို စီးပွားရေး ကုမ္ပဏီကြီးကပဲ အုပ်စိုးသွားမလား… ဂီနဲ့အတူ အပေါင်းအပါတွေကပဲ ကယ်တင်သွားနိုင်မလား ရှုစားရမှာပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2011
Choyleefut: Speed of Light
Scarygirl
6.2

ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် လတ်တလောကမှထွက်ရှိထားတဲ့ ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီး စမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။ တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီး နေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကို သူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီး အလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလောက်ပါပဲ။ ဇာတ်လမ်းသွားလေးကလည်း ပျင်းစရာမကောင်းဘဲပေါ့ပေါ့ပါးပါးရှိပြီး animation တွေကလည်း အတော်ကိုကောင်းလှပါတယ်။ Australia ကရိုက်တဲ့ကားမို့ Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။ ဒီတော့ ဇာတ်ကားလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.56GB / 743MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.2 2023
Scarygirl
Do the World Darts 8
5.7

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၈ ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီတစ်ခေါက် CMကတင်ဆက်ပေးမှာကတော့ ထျန်းရှပို့ဆောင်ရေးအဖွဲ့ အစည်းသခင်ငယ်ဖြစ်တဲ့ ဝမ်ကျန့်ဝေးက စီးပွားရေးသူဌေးတစ်ယောက်ဖြစ်တဲ့ ကွမ်ချင်းရှန်းရဲ့ ထန်ခေတ်အမျိုးသမီးပိုးချည်ပြင်ပန်းချီပို့ဆောင် ကာကွယ်ရေးအလုပ်ကိုလက်ခံခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ် အဲ့ဒီပန်းချီဟာ ထန်ခေတ်နာမည်ကျော်ပန်းချီတစ်ခုဖြစ်ပြီး ဒီပန်းချီကိုမကောင်းသူတွေမျက်စောင်းထိုးမှာစိုးလို့ ကွမ်ချင်းရှန်းက ပန်းချီပြပွဲကျင်းပပြီး အလျင်အမြန်ရောင်းထုတ်ချင်ခဲ့တယ် သိုင်းလောကနာမည်ကျော်ဓားပြဖြစ်တဲ့ အမြီးကိုးချောင်းမြေခွေးလဲ ဒီပန်းချီကိုမျက်စောင်းထိုးခဲ့လေရာ ဖေးယန့်ကလက်ခံဖို့တွန့်ဆုတ်ခဲ့ပေမဲ့ ဝမ်ကျန့်ဝေးကအတင်းလက်ခံခဲ့တယ် အဲ့ဒီနောက်မှာတော့ကွမ်ချင်းရှန်းအိမ်တော်မှာ ဓားပြရန်ကာကွယ်ဖို့အတွက် ထောင်ချောက်မျိုးစုံ ပြင်ဆင်ခဲ့တယ် ဒါပေမဲ့ ပန်းချီက နောက်ဆုံးမှာအခိုးခံလိုက်ရလို့ ပန်းချီကိုပြန်ရအောင်ကြိုးစားရင်းက လိမ်ညာမှုကြီးတစ်ခုကို တွေ့ရှိခဲ့ကြပေတယ် ဒီဇာတ်လမ်းလေးမှာ ဝမ်ကျန့်ဝေးတို့က ဘယ်လိုလိမ်ညာမှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်

5.7 2007
Do the World Darts 8
Naughty aka Neposlushnaya
4.7

Naughty Girl (2023) ရုရှားစကားပြော ဟော့ဟော့ရမ်းရမ်း ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အီလီယာဟာ သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူလေးဖြစ်ကြီး ပတ်ဝန်းကျင်စိမ်းလန်းရေးအတွက်ဆို ရှေ့ဆုံးက မားမားမတ်မတ်ရပ်တည်သူပါ မက်ဗီဆိုတဲ့ သူဌေးကတော့ အီလီယာတို့မြတ်နိုးရတဲ့ ဘစ်စဗီစကီ သစ်တောပန်းခြံမှာ မိုးမျှော်တိုက် ဆောက်ဖို့ကြံပါတယ် ဒီတော့ကား အီလီယာတို့ကျောင်းသားတစ်သိုက်နဲ့ မက်ဗီတို့ ညှိနှိုင်းဆွေးနွေးပွဲတစ်ခုမှာ ငြင်းခုံရင်း အီလီယာက မက်ဗီကို လူရှေ့သူရှေ့ အရှက်ခွဲလိုက်ပါတယ် ဒါပေမဲ့ အီလီယာတစ်ယောက် ဘောစိနဲ့ ပြန်လည်တွေ့ဆုံဖို့အကြောင်းဖန်လာတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ … ပွင့်လင်းမြင်သာစွာ ချစ်ကြတဲ့ ပြကွက်တချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူ မကြည့်သင့်ပါခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ကပဲ ဖြစ်ပါတယ်

4.7 2023
Naughty aka Neposlushnaya
Ant-Man Ant Man
7.2

Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Ant-Man (2015) IMDb Rating (7.2) / Rotten Tomatoes (83 %) “Ant-Man” (2015) သည် Marvel Cinematic Universe (MCU) Phase 2 ရဲ့ ဆဌမမြောက် ဇာတ်ကားဖြစ်ပြီး၊ ပုရွက်ဆိတ်လို သေးငယ်ပြီး စွမ်းအားကြီးမားတဲ့ Scott Lang (Ant-Man) ရဲ့ ဇာတ်ကောင်ကိုမိတ်ဆက်ထားပါတယ်။ Pym Particles နဲ့ Quantum Realm တို့လို အဆင့်မြင့်နည်းပညာတွေနဲ့ အချိန်ခရီးသွားနည်းပညာတွေကို မိတ်ဆက်ထားပြီး ဒီနည်းပညာတွေဟာ MCU ရဲ့ နောက်ပိုင်းဇာတ်ကားတွေမှာ အဓိကနေရာကနေ အလှည့်အပြောင်းတွေဖန်တီးပေးနိုင်ခဲ့ပါတယ်။ Budget $130–169.3 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $519.3 million ထိပြန်လည်ရရှိခဲ့ပါတယ်။

Drama • Romance
7.2 2015 117 mins
Ant-Man Ant Man