YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Strange Tales of Tang Dynasty S3E26 1080p WEB-DL.mp4

824.11 MB N/A video/mp4 12 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lionheart
6.5

အာဖရိကမှာ တာဝန်ထမ်းဆောင်နေတဲ့အထူးတပ်သားတစ်ယောက်ရှိတယ်။ လော့အိန်ဂျယ်လိမှာ သူ့ညီဟာ အရှင်လတ်လတ် မီးရှိခံလိုက်ရတဲ့ ရက်စက်တဲ့အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရပေမဲ့ တပ်က သူ့ကိုအသိမပေးဘဲ ဖုံးထားခဲ့တယ်။ ဒီလိုနဲ့ သူသိသွားတဲ့အခါမှာ တပ်ကနေပြေးပြီး သူ့ညီရှိတဲ့ဆီ အပြေးသွားခဲ့တယ်။ လမ်းမှာ ငွေမရှိတော့ လမ်းဘေးထိုးပွဲတွေမှာ ဝင်ထိုးပြီး ငွေရှာရာကနေ နာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့ပြီး ဒီနွံထဲက မရုန်းနိုင်ဘဲ သူ့ညီအတွက် သူ့မိသားစုအတွက် ကြေးမြင့်ထိုးပွဲတွေအထိပါ သူ့ရဲ့ ခြင်္သေ့လို နှလုံးသားနဲ့ ဆက်ထိုးရင်း တပ်ကလိုက်ဖမ်းတာကိုလည်း ရှောင်နေခဲ့ရတယ်။ ချစ်စိတ်လည်းကြီး သတ္တိလည်းကြီးတဲ့ သူ့နှလုံးသားနဲ့ ထိုးတဲ့ လက်သီးချက်တွေက သူ့မိသားစုဆီ ပြန်ရောက်ဖို ခြေတစ်လှမ်းပိုနီးလာစေမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ Lionheart ဟာ ဗန်ဒိန်းရဲ့ အက်ရှင်ခန်း ထိုးခန်း ချခန်း အလန်းစားတွေနဲ့ အက်ရှင်ကားကောင်းတစ်ကားပါ။ နပန်းပွဲတွေ ဆက်တိုက်ထိုးနေတာာကို ကြည့်ရတာမို ချခန်းတွေက တော်တော်လေး ကြည့်ကောင်းသလို မိသားစုအတွက် ဘာမဆိုလုပ်မယ့်လူတစ်ယောက်ရဲ့ ချစ်စိတ်ကိုပါ emotionalဖြစ်ဖြစ် တွဲဖက်မြင်ရမှာမို အက်ရှင်ခန်းလည်းမိုက် မာလှတဲ့အသည်းတွေကိုလည်း ထိခတ်စေမယ့် အက်ရှင်ကားကောင်းတစ်ကားပါပဲ။ ရိတ်တင်လည်း ၆ကျော်တာမို အက်ရှင်ကားအနေနဲ့ ဆို အတော်ကြည့်ကောင်းတယ်ပြောရပါမယ်။ အက်ရှင်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဗန်ဒိန်းရဲ့ အကြမ်းစား ထိုးခန်းသတ်ခန်းတွေနဲ့ ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားဆိုလည်း မမှားပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:42:00 Type__Action , Crime , Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Comedy • Thriller
6.5 1990 105 mins
Lionheart
The Highway Family
6.8

Good Job အပြီး Jung IL Woo ရဲ့ Drama ကို မျှော်လင့်နေကြသူတွေအတွက်- Highway Family ဆိုတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အဝေးပြေးလမ်းမပေါ်က အိမ်ရာမဲ့မိသားစုလေးတစ်ခုအကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာကြုံတွေ့ရနိုင်တဲ့ လောကဓံတရားတွေနဲ့ မိဘမေတ္တာတွေအကြောင်းကို ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားပါတယ်။ နေစရာအိမ်လည်းမရှိ အလုပ်အကိုင်လည်းမရှိတဲ့ ဂျန်ဂီဝူတို့မိသားစုဟာ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ လမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်နေရင်း တစ်နေ့မှာတော့ ဇနီးသည်ဂျီဆူမှာ နောက်ထပ်ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။ အလိုလိုနေရင်း မနည်းရုန်းကန်နေရတဲ့ ဒီမိသားစုလေးထဲကို ကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မယ်ဆိုကာမှ ဂျန်ဂီဝူဟာ ရုတ်တရက် အဖမ်းခံလိုက်ရချိန်မှာတော့...။ ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဂျီဆူတို့ ဘဝကို ဘယ်လို‌ရှေ့ဆက်ဖြတ်သန်းကြမလဲ။ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လောကဓံတွေကို မျှဝေခံစားပေးမယ့်သူ၊ အကူအညီပေးမယ့်သူ ပေါ်လာပါဦးမလားဆိုတာ ရင်တနင့်နင့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့ Family Movie ကြိုက် ပရိသတ်ကြီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Cast တွေအနေနဲ့ကလည်း Jung IL Woo, Kim Seulgi နဲ့ Ra Miran တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ သေချာပေါက်ကြည့်ကောင်းမယ်ဆိုတာ အထွေအထူးမိတ်ဆက်နေစရာမလိုတော့ပါဘူးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…2.2GB | 960MB | 459MB Format… mp4 Duration….2h 9min Subtitle…. Myanmar Subtitle (Hardsub) Translator .....Hmwe Thet Winn Encoder ..... August

Drama • Romance
6.8 2022 129 mins
The Highway Family
Rangamarthanda
6.3

Rangamarthanda (2023) IMDb-8.2/10 ဗီလိန်ဇာတ်ရုပ်တွေနဲ့ ကျွန်တော်တို့ရင်းနှီးခဲ့ကြတဲ့မင်းသားကြီး Prakash Raj ကို ပြဇာတ်ကိုမြတ်နိုးတန်ဖိုးထားရူးသွပ်လွန်းတဲ့ ပြဇာတ်မင်းသားကြီးအဖြစ် မြင်တွေ့ရမဲ့ဇာတ်လမ်းဖြစ်ပါတယ် မင်းသမီးလေးကတော့ ငယ်ငယ်ချောချောShivathmika Rajashekar လေးပါ သက်တံ့ကိုနှစ်ရောင်ပဲခြယ်နိုင်ရင်တောင် ခံစားချက်ကိုးမျိုးထိပေးစွမ်းနိုင်တဲ့ အနုပညာရှင် လက်ခုပ်အားပေးသံတွေကိုစားသုံးပြီး လေချွန်သံတွေနဲ့ အသက်ဆက်ခဲ့ရတဲ့ အနုပညာရှင် ဆစ်ဒူးဆိုတာ အောင်မြင်တဲ့သရုပ်ဆောင်ဖြစ်ချင်တဲ့ တက်သစ်စ လူငယ်လေးတစ်ယောက် တစ်နေ့ပြဇာတ်အဖွဲ့တစ်ခုကို စိတ်ဝင်စားလို့လိုက်ကြည့်ရင်း ပန်းကန်ဆေးနေတဲ့ အဘိုးကြီးတစ်ယောက်ကိုတွေ့သွားတယ် အဲဒီအဘိုးကြီးက သူ့ရဲ့ဆရာ တ စ်ချိန်ကပြဇာတ်သဘင်လောကမှာ သူတထူးပြောရလောက်သည်ထိ နာမည်ကျော်ကြားခဲ့သူရန်ဂါ အဲဒီချိန်မှာပဲ ပြဇာတ်ရုံကြီးမီးလောင်ပြာကျတဲ့သတင်းကလည်းကြားလိုက်ရချိန်ရင်ကွဲနာကျခဲ့ရသူက ရန်ဂါ မီးလောင်ပြင်ပြဇာတ်ရုံကြီးမှာ အတိတ် နဲ့ ပစ္စုပ္ပန်ကို ယှဉ်ပြီး တသသတမ်းတပြောဆိုနေတဲ့ ပြဇာတ်မင်းသားကြီးရဲ့အတိတ်ဘဝဇာတ်ကြောင်းကို ကြည့်ရှုခံစားကြည့်ပါဦး (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Zwe ~ Cherry ~Yunni ~ V တို့ပဲဖြစ်ပါတယ်) File size…2.69GB  / 1.09GB Quality…1080p True WEB DL / 720p  Format…mp4 Duration….2h 31mins Subtitle….Myanamar Subtitle (Hard Sub) Encoder….YK Translated by  BpL ~ Moon ~ Zwe ~ Cherry ~Yunni ~ V

Drama • Romance
6.3 2023
Rangamarthanda
King Arthur: Legend of the Sword
6.5

2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ဒီအာသာဗားရှင်းမှာတော့ မှော်ပညာတွေ သတ္တဝါဆန်းကြီးတွေ ထည့်သွင်းထားပါတယ်။ ရုပ်ရှင်ကောင်းတစ်ခုပဲမို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size : 903 MB Duration : 2 hr 6 min Quality : HDrip 720p Translator/ Encoder : Littleneo

Crime
6.5 2017 126 mins
King Arthur: Legend of the Sword
Warcraft: The Beginning
6.8

******************************** ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။ သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီး WOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။ လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့ Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာ Orc မှော်ဆရာ Gul’dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီး မှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီး မျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။ အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့် ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့ တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ…… Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီး မှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ…. Orc တွေထဲက တကယ့် အမှန်တရားကို မြင်နိုင်တဲ့ နှင်းဝံပုလွေမျိုးနွယ်ခေါင်းဆောင်(Frostwolf) ဂျူရိုတန် နဲ့ သွေးနှောနေတဲ့ Orc မိန်းကလေး Garona တို့ကရောဘယ်လိုဆက်လှုပ်ရှားကြမလဲဆိုတာ ဒီ Warcraft The Beginning ထဲမှာကြည့်ရှုရင်း နောက်ထွက်မဲ့အပိုင်းတွေကို အတူတူစောင့်ကြတာပေ့ါဗျာ။ File Size : (6.3GB )(3.65 GB) and (1.43GB) Quality : 4K-Blu-Ray.HEVC, 1080P5.1Ch,720p Running Time :2hr 3min Format : Mp4e Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Myo Myint Maung Encoded by Phyo Pyae

Action • Fantasy
6.8 2016 123 mins
Warcraft: The Beginning
Evil Hunter
5.9

ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ယိုးကျိုးမြို့နယ်အတွင်းမှာ ဓားပြတိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ မှုခင်းနေရာမှာ သဲလွန်စ တစ်ခုမှ မကျန်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့လဲ အခက်တွေ့နေပါတယ်။ ဒါပေမဲ့လဲ စိတ်ဓာတ်မကျပဲ နေ့ညမနား အဘက်ဘက်ကနေ လိုက်လံစုံစမ်းပြီးနောက်မှာတော့ ဓားပြတိုက်သွားတဲ့ ဆိုင်ကယ်ပိုင်ရှင်ကို ရှာတွေ့ခဲ့ပါတယ်။ ဆိုင်ကယ်ပိုင်ရှင် ရှောင်လောင်ယောင်းဟာလည်း သူများခိုင်းလို့ လုပ်တာဖြစ်နေတာကြောင့် တရားခံအစစ်ရဲ့ သဲလွန်စက ပျောက်သွားခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ ဓားပြတိုက်ခံရတဲ့ ကားဆရာ ဝမ့်ကွေဟွာဟာ တိုက်ပေါ်ကနေပြီးတော့ ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအမှုကနေတဆင့် လိုက်လံစုံစမ်းပြီးတဲ့အခါ ဝမ့်ကွေ့ဟွာရဲ့သားဟာ ဓားပြတိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူဓားပြတိုက်ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။ ဓားပြတိုက်မှုရဲ့ နောက်ကွယ်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုရဲ့ သဲလွန်စကို ရခဲ့တဲ့အခါ ရဲတပ်ဖွဲ့က ဒုစရိုက်ဂိုဏ်းကို ဖမ်းဆီးဖို့ ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

Crime
5.9 2023
Evil Hunter
RedLife
6.9

Redlife 2023 အညွှန်း ‌ဒီတစ်ခေါက်မှာတော့ Hormones S2 S3 မှာ စပြီးပါဝင်ခဲ့ပြီး၊ My Ambulance၊ Mind Game ထဲက မင်းသား Bank Thiti Mahayotaruk နဲ့ BNK48 ရဲ့ 2nd Generation မန်ဘာဟောင်း, Queendom Puzzle မှာတုန်းက တစ်ဦးတည်းသော ထိုင်းမန်ဘာအဖြစ်ပါဝင်ခဲ့တဲ့ Fye တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစားဘ၀ကနေ ရုန်းထွက်ကြမယ့် လူငယ်နှစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေက နှစ်ပိုင်းခွဲကြည့်ရပါလိမ့်မယ်။ မဟုတ်ရင် အစပိုင်းမှာ လည်ထွက်နေမှာပါ။ Ter (Bank) ကြိုက်နေတဲ့ကောင်မလေးကတော့ ပြည့်တန်ဆာ တစ်ယောက်ပါ။ Ter ကိုယ်တိုင်ကလည်း သူခိုးတစ်ယောက်ဆိုတော့ Mild အတွက် တင့်တောင့်တင့်တယ်မထားနိုင်တဲ့အပြင် ကောင်မလေးအဲလိုလုပ်နေတာကိုပါ မြင်တွေ့နေရတာပါ။ ‘Ter က Mild ကိုလက်ထပ်ချင်တဲ့အတွက် သူ့အနေနဲ့ Mild ကို အဲလိုဘဝကနေ ရုံးထွက်ရအောင် ကြိုးစားရပါတော့တယ်။ တစ်ဖက်ကဇာတ်လမ်းကလည်း ဆင်တူပါပဲ။ မတူတာကဘာလဲဆိုတော့ Som ကို သူ့အမေက ပြည့်တန်ဆာလုပ် ပိုက်ဆံရှာပြီးကျောင်းထားပေးနေတာပါ။ အဲလိုလုပ်နေတာကို Som ကမကြိုက်တဲ့အပြင် ကျောင်းမှာလည်း ဆင်းရဲလို့ သူ့ကိုအပေါင်းအသင်းမလုပ်ကြပါဘူး။ အဲလိုနဲ့ တစ်နေ့ သူ့ကိုဂရုစိုက်တဲ့သူ Peach (Fye) ပေါ်လာပါတော့တယ်။ အဲလိုနဲ့ သူ့ရဲ့ဘဝကြီးက သာယာသွားမလား သူ့အမေရဲ့ အရိပ်မည်းကြီးအောက်က ရုန်းထွက်နိုင်မလား။ ရုန်းထွက်ချင်တဲ့ လူငယ်နှစ်ယောက် Ter နဲ့ Som နှစ်ယောက်တို့ရဲ့ ဇာတ်လမ်းက ဘယ်တွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်ကား၏ အပြုအမူနှင့် အပြောအဆိုများသည် အရမ်းကြမ်းတမ်းလွန်းပြီး ဝတ်စလစ်ခန်းများ ပါဝင်သောကြောင့် မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါကြောင်း) အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.3GB | 574MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

Drama • Thriller
6.9 2023
RedLife
Gadera
6

Gadera (2024) “ရတနာသိုက်ရှာပုံတော်” လူငယ် မျက်နှာသစ်ဒါရိုက်တာ ရေဂတ်ရှ်ဗတ်စ်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၁၂ခုနှစ် အိန္ဒိယကို ဗြိတိသျှနယ်ချဲ့တွေအုပ်စိုးချိန်။s လောဘဇောတိုက်နေတဲ့ ဗြိတိသျှလူမျိုးတွေဟာ ဟိမ၀န္တာတောင်တန်းတစ်ဝိုက်က သစ်တောတွေကိုရှင်းလင်းဖို့ အနီးနားက ရွာတွေမှာရှိတဲ့ ကျန်းမာသsန်စွမ်းတဲ့သူတွေကို အတင်းအဓ္ဓမခိုင်းစေကြပါတယ်။ တစ်နေ့ ဂါဒီရာစမ်းချောင်းမှာ မျောပါလာတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းဆီကနေ ရှေးဟောင်းရွှေဒင်္ဂါးပြားတစ်ခုကို တွေ့တဲ့အချိန်မှာတော့ အရင်က ပုံပြင်လိုပြောနေကြတဲ့ ရတနာသိုက်ကြီး ရှိနေတယ်ဆိုတဲ့အချက်ဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ရွာသူရွာသားတွေကတော့ ဒီရွှေဒင်္ဂါးကို ကျိန်စာသင့်နေတာလို့ ယုံကြည်နေကြပါတယ်။ ယုံကြည်တဲ့အတိုင်းလည်း ဒီရွှေဒင်္ဂါးနဲ့ပတ်သက်သူတွေ အသေဆိုးနဲ့သေကုန်ကြပါတော့တယ်။ ကျိန်စာဆိုတာတွေကိုမယုံတဲ့ ဗြိတိသျှတွေကတော့ ဒီဒင်္ဂါးတွေ့တဲ့နေရာမှာ ရတနာသိုက်ရှိမယ်ဆိုပြီး စူးစမ်းရှာဖွေကြတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6 2024 108 mins
Gadera
Dragonkeeper
6

စပိန်-တရုတ်ဖက်စပ်ရိုက်ကူးထားတဲ့ Dragonkeeper ရုပ်ရှင်ကတော့ စိတ်ကူးယဥ်စွန့်စားခန်း Animation ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ရှေးဒဏ္ဍာရီလာနဂါးကြီးတွေကိုထိန်းကျောင်းနိုင်စွမ်း ရှိသူတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို တရုတ်နိုင်ငံ ဟန်မင်းဆက်ခေတ်မှာ အခြေတည်ထားပြီး အစေခံမလေးတစ်ယောက်ဖြစ်တဲ့ ပင်နဲ့ နဂါးကြီးလုံတန်စီတို့ရဲ့စွန့်စားခန်းခရီးစဥ်ကို လိုက်ပါ ကြည့်ရှု့ကြရမှာပါ။ လူသားတွေနဲ့နဂါးတွေဟာ ရှေးတုန်းက တစ်ခေတ်တစ်ခါမှာ အတူလက်တွဲစစ်တိုက်ခဲ့ကြဖူးပေမယ့် အာဏာမက်မောတဲ့ လူသားတွေကြောင့် နဂါးတွေဟာ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ် ခံရပြီး မျိုးတုန်းတော့မယ့်အရေးနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ဒါပေမဲ့ ရဲရင့်တဲ့ပင်ဆိုတဲ့မိန်းမငယ်လေးကတော့ ရှားရှားပါးပါး နဂါးတွေကို ထိန်းချုပ်နိုင်သူပီပီ အခက်အခဲတွေကိုကျော်ဖြတ်ပြီး နောက်ဆုံးလက်ကျန်နဂါးဥလေးကို ကယ်တင်ပေးနိုင်မှာလား ဆိုတာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.64GB / 771MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Action • Adventure • Science Fiction • Fantasy • Thriller
6 2024 99 mins
Dragonkeeper
My Spy the Eternal City

IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ မသိနိုင်တဲ့လူတစ်စုရဲ့ လျှို့ဝှက်အကြံအစည်တွေနဲ့ သူတို့ရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံလာရချိန်မှာတော့… အစိုးရိမ်ကြီးတဲ့ ဂျေဂျေနဲ့ လူငယ်ပီပီ လွတ်လပ်ချင်တဲ့ ဆိုဖီတို့အကြား ဆက်ဆံရေးပြေလည်သွားနိင်မှာလား.. သူတို့နှစ်ယောက်ရင်ဆိုင်ရမယ့် အန္တရာယ်အခက်အခဲတွေကိုရော ဖြတ်ကျော်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre… Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
My Spy the Eternal City
Ek Kori Prem Katha
6.8

Ek Kori Prem Katha 2024 ရှေးရိုးစွဲရွာကခေတ်သစ်သမီးပျို IMDb – 6.1/10 ခုခေတ်မှာ virginityက ဘဝကြီးမဟုတ်ဘူးဆိုပြီး ပြောနေကြပေမဲ့ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာထက်ပိုတဲ့နေရာမှာတော့ virgin serious တွေရှိနေဆဲပါပဲ။ အခုဒီရုပ်ရှင်လေးကတော့ အပျိုရည်ကို ရွှေလိုသဘောထားပြီး မိန်းမတွေကို နှိပ်ကွပ်တတ်တဲ့ရွာကလေးကို ဇာတ်အိမ်တည်ရိုက်ထားတာပါ။ ဒီရွာလေးမှာ Koriဆိုတဲ့ အစဉ်အလာတစ်ခုကို မင်္ဂလာဦးညမှာ လုပ်လေ့ရှိပါတယ်။ ရိုးရှင်းအောင်ပြောရရင် အပျိုစစ်ရင် မင်္ဂလာဦးညမှာ အတူနေပြီးရင် သွေးစွန်းရမယ် ဘာညာလေးတွေပေါ့။ အကယ်၍ သွေးမထွက်ခဲ့ရင်တော့ သတို့သမီးဘက်က ရာမာယနထဲကသီတာလို ‌မီးပေါ်ဖြတ်လျှောက်လို့ သန့်စင်မှုကို သက်သေပြခိုင်းပါသတဲ့။ ဒါပေမဲ့ လက်တွေ့ဘဝကြီးဟာ ရာမာယနဇာတ်မဟုတ်သလို သတို့သမီးလေးတွေလည်း သီတာမဟုတ်တဲ့ သာမန်သွေးနဲ့သားနဲ့လူသားဆိုတော့ မင်္ဂလာဦးညမှာ သွေးမထွက်တာနဲ့ ဒီမိန်းက‌လေးဘဝပျက်ပြီဆိုတာ အစဉ်အလာကြီးဖြစ်နေတော့တာပေါ့။ ဒီလို ရှေးရိုးစွဲရွာမှာ ဆိုင်ကယ်ကို ခပ်မိုက်မိုက်မောင်းတတ်တဲ့ ဆဘ်ဟရာတာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါသတဲ့။ ခပ်မိုက်မိုက်နေတတ်သူပီပီ ရှေးရိုးတွေဘာတွေ သိပ်ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ရွာအကြီးအကဲရဲ့သား လဒ်ဒူနဲ့မှ မေတ္တာမျှမိလေတော့…… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ KKKZတို့ပဲဖြစ်ပါတယ်)

6.8 2024
Ek Kori Prem Katha
Mississippi Burning
7.8

Mississippi Burning ဆိုတဲ့ကားလေးကတော့ ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ 1988 ခုနှစ်မှာ ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဆရာကြီး Williem Dafoe ရဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ အမေရိကန်မှာ လူဖြူ လူမဲ ခွဲခြားမှု ပြင်းထန်နေသေးတဲ့ ကာလမှာ ဇာတ်လမ်းတည်ထားပြီး အဓိက ဇာတ်လိုက် နေရာမှာ FBI ရဲနှစ်ယောက်ကိုတွေ့ရမှာပါ။ ပြည်သူ့ရေးရာ ဝန်ထမ်းသုံးယောက် မစ္စစ္စပီမှာ လူမဲတွေ မဲပေးခွင့်ရရှိရေး လာရောက် လုပ်ဆောင်ချိန်မှာ အသတ်ခံလိုက်ရတာနဲ့ ဇာတ်လမ်းစထားပါတယ်။ ဒီအမှုကိုလိုက်ဖို့ FBI နှစ်ယောက် မြို့ကိုရောက်လာချိန်မှာတော့ မြို့နေလူထုက သူတို့ကို အမှုလိုက်ဖို့ မကူညီပေးကြပါဘူး။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်သား လုပ်ရိုးလုပ်စဉ်အတိုင်းမဟုတ်ပဲ ဉာဏ်ကိုလွှာသုံးပြီး အမှုလိုက်ရပုံကိုကြည့်ရှူရမှာပါ။ ဒါ့အပြင် လူမျိုးရေးခွဲခြားမှုရဲ့ အကျည်းတန်မှု ရက်စက်မှုတွေကိုလည်း ချပြထားပါသေးတယ်။ ဇာတ်ကားကောင်းလေး ဖြစ်တာမလို့ ကြည့်ရှူခံစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…(2.8 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:08:00 Genre… Crime, Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

7.8 1988
Mississippi Burning
Operation Undead
5.1

Operation Undead (2024) ************************ တလောကမှ ရုံတင်ထားတဲ့ Nongkul ရဲ့ ဇွန်ဘီးကားအသစ်လေးကို CM ပရိသတ်ကြီးအတွက် Quality အလန်းနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ရုံတင်တုန်းက mixed review တွေ ရထားတဲ့ ဒီကားလေးကရော ပရိသတ်စိတ်ကြိုက်တွေ့မလား .. just another zombie movie ဖြစ်မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ ဒုတိယကမ္ဘာစစ်ကာလ ထိုင်းနယ်စပ်ကို ဂျပန်စစ်သားတွေ ကျူးကျော်ဝင်ရောက် လာတဲ့အတွက် စစ်ဖြစ်ကြရင်း နှစ်ဖက်သ‌ဘောတူ အပစ်အခတ် ရပ်စဲလိုက်ကြတာပေါ့။ ဒီတော့ ဌာနချုပ်က မက်နဲ့မော့တို့ ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့တပ်ဖွဲ့တွေနဲ့ အတူ နယ်စပ်မှာ နယ်မြေရှင်းလင်းရေးအတွက် လွှတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ သူတို့ မသိတာက ကျူးကျော်လာတဲ့ ဂျပန်စစ်သားတွေမှာ ထူးဆန်းတဲ့ ဇီဝလက်နက်တစ်ခု ပါလာပြီးတော့ တိုက်ပွဲဖြစ်ရင်း အဲဒီလက်နက်က သေတ္တာထဲကကျသွားပြီး နယ်စပ်က ရွာနီးစပ်ချုပ်မှာ ပြန့်သွားတဲ့အခါ… ကိုယ့်ဇာတ်ကိုယ်မကနိုင်လို့ အကုန်ရှင်းပစ်ဖို့ကြံစည်နေတဲ့ ဂျပန်စစ်သားတွေကတစ်ဖက် ကိုယ့်ရဲ့ရှင်သန်ရေးအတွက် တိုက်ခိုက်ရမယ့် ရွာသားတွေနဲ့ ထိုင်းစစ်သားတွေကတစ်ဖက် လွန်ဆွဲပွဲမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.59GB / 707MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, History, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

Action • Thriller
5.1 2024 110 mins
Operation Undead
12 to Midnight
5

သမန်းဝံပုလွေလို့ခေါ်တဲ့ ဝံပုလွေတစ်ပိုင်း လူသားတစ်ပိုင်း တွေကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများသိပြီး ကြပြီးသားဖြစ်မှာပါ။အခုတင်ဆက်ပေးမဲ့ 12 To Midnight ဆိုတဲ့ဇာတ်ကားလေးကလည်း ဒီသမန်းဝံပုလွေအကြောင်းကိုပဲ အဓိကထားရိုက်ကူးထားတာဖြစ်ပြီး Production ပိုင်းကတော့ အရမ်းကြီးမကြမ်းပေမဲ့ အပျင်းပြေပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေ ကြည့်ရှုချင်သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့တော့ဒ်လို့ခေါ်တဲ့ စုံထောက်ကြီးဖြစ်ပြီး သူကတော့ ရာဇဝတ်သားတွေကိုထောင်ထဲ ထိမခေါ်သွားပဲ သေနတ်တစ်လက်နဲ့တရားစီရင်ပေးနေကျမလို့ နာမည်ကြီးနေသူတစ်ယောက်ဖြစ်ပါတယ်။အထူးသဖြင့်တော့ သူ့မိန်းမ ပုံပျက်ဆင်းပျက်ဖြစ်အောင် ရက်ရက်စက်စက်အသတ် ခံရပြီးနောက်ပိုင်း တာဝန်မကျေခဲ့တဲ့လူတစ်ယောက်လိုခံစားချက် တွေနဲ့ မူးရူးနေပြီး လက်လည်းပိုရဲနေခဲ့ပါတော့တယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ သူ့မိန်းမအသတ်ခံထားရတဲ့ပုံစံနဲ့ ဆင်တူတဲ့ မိန်းကလေးတွေအသတ်ခံရတဲ့အမှုတွေတစ်ခုပြီးတစ်ခု များလာတဲ့အခါမှာတော့ အဲ့ဒီအမှုတွေလိုက်ဖို့သူ့ကိုတာဝန်ပေးခဲ့ ပါတော့တယ်။ဒီအမှုတွေမှာထူးဆန်းနေတာက အသတ်ခံရတဲ့ နေရာတိုင်းမှာ ဝံပုလွေလိုအမွှေးအမြင်တွေတွေ့နေရပြီး ဒဏ်ရာ တွေကလည်း ဝံပုလွေလက်သည်းရာတွေလိုဖြစ်နေတာပါပဲ။ ဒီတော့ စုံထောက်ကြီးတော့ဒ်တစ်ယောက် ဒီလိုကြမ်းကြုတ်တဲ့ ရက်စက်မှုတွေကို တားမြစ်ဖို့တရားခံကိုလိုက်ရှာရင်း သူ့မိန်းမ အတွက်လက်စားချေပေးနိုင်ပါ့မလား တရားခံကရောဘယ်သူ ဖြစ်နေမလဲ ဘယ်လိုကောင်ဖြစ်နေမလဲဆိုတာတွေကိုရှုစားရမှာ ဖြစ်တဲ့အတွက် အပျင်းပြေကြည့်ရှုဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ File size… (2.24GB) / (1.10GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Drama • Music
5 2024
12 to Midnight
Supernova
4.8

Supernova (2000) ဒီတစ်ခါတော့သိပ္ပံစိတ်ကူးယဥ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။Supernova ဆိုတာက ကြယ်ပေါက်ကွဲမှုဖြစ်ပါတယ် ။ ကြယ်ဆိုတာကနေပါပဲ။နေတွေမှာသက်တမ်းရှိပါတယ်။လက်ရှိကမ္ဘာရဲ့နေကကြယ်ဝါပု( yellow dwarf)ပါ။ ကြယ်တွေမှာဟိုက်ဒရိုဂျင်တွေလောင်ကျွမ်းပြီးလောင်စရာကုန်တော့ ဟီလီယမ်တွေပါ ဆက်fusionဖြစ် ပိုလေးလံတဲ့အောက်ဆီဂျင် ကာဘွန်နဲ့တစ်ခြားလေးလံတဲ့ဒြပ်စင်အဖြစ်ဆက်fuseဖြစ်ပြီး စွမ်းအင်တွေအများကြီးထွက်လာပြီးကြယ်တွေရဲ့အပြင်လွှာကအပြင်ကိုအရှိန်အဟုန်နဲ့ပြန့်ကားထွက်လားထွက်လာပါမယ်။ အနီးအနားကဂြိုလ်တွေလတွေကိုဝါးမြိုသွားမှာပါ။အဲဒီအဆင့်က ကြယ်နီကြီး(Red Giant)ပါ ။ပြန့်ကားတာကြာလာတဲ့အခါဒြပ်ဆွဲအားသက်ရောက်တာနည်းပြီးစကြာဝဠာထဲကိုလွတ်ထွက်သွားပါမယ်။ အရွယ်အစားကအဆပေါင်းများစွာသေးတဲ့ ကြယ်ဖြူပုဖြစ်လာပြီးအဲဒီကြယ်ဒြပ်ထုတစ်ဝက်ကအပြင်ခွံလွှာမှာပါသွားပြီးအဲဒီဒြပ်မှုန်လွှာတွေကဓါတ်ငွေ့ဖုန်မှုန့်အစုအဝေး planetry nebulaဖြစ်လာပါမယ်။ အဲဒီနက်ဗျူလာက ကြယ်ဖြူပုကိုပတ်နေပါမယ်။နှစ်ဘီလီယံ ထရီလီယံကြာပြီးနောက်တော့ တောက်လောင်တာချုပ်ငြိမ်းပြီးကြယ်ပုမည်းဖြစ်ပြီးအပြီးပျောက်ကွယ်သွားပါမယ်။ လက်ရှိ ကမ္ဘာဂြိုလ်ရဲ့နေထက် အဆ ၂၅ဆ ၃၀ဆကြီးတဲ့ ကြယ်တွေသေဆုံးရင်တော့ Supernova အဖြစ်ပေါက်ကွဲပါတယ်။ ပေါက်ကွဲမှုကထွက်လာတဲ့ရောင်စဥ်တွေက ဂလက်ဆီတစ်ခုလုံးကိုလင်းလက်တောက်ပသွားနိုင်ပါတယ်။ပေါက်ကွဲမှုပြီးရင် မြို့တစ်မြို့စာအကျယ်ရှိတဲ့ နျူထွန်ကြယ်သေအဖြစ်ရှိနေပါမယ်။ အဆ၃၀နီးပါးကြီးတဲ့ကြယ်တွေက အာကာသတွင်းနက်တွေအဖြစ်ရှိနေပါမယ်။ကြယ်တာရာသချိုင်းမှာရှိတဲ့ ရုပ်ကြွင်းနက်ဗျူလာတွေ ဓါတ်ငွေ့တိမ်တိုက်အစုအဝေးတွေကစကြာဝဠာထဲခရီးဆက်သွားပြီး စုမိပေါင်းမိပြီးကြယ်တွေကိုထပ်မွေးဖွားပါမယ်။ စကြာဝဠာထဲက ဒြပ်စင်တွေ ကမ္ဘာပေါ်ကဒြပ်စင်တွေ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ဒြပ်စင်တွေက ကြယ်သေဆုံးမှုကလွင့်လာတဲ့အမှုန်အမွှားတွေလို့ဆိုပါတယ်။ ဒီအကြောင်းလေးကိုဘာလို့ ပြောပြရသလဲဆိုတော့ ဒီသဘောတရားတွေကိုရုပ်ရှင်ထဲမှာ ပြောပြထားလို့ပါပဲ။ဒါတွေကိုသိထားရင် ရုပ်ရှင်ရဲ့ အနှစ်သာရကလည်း ပိုကောင်းလာနိုင်ပါတယ်။ ဇတ်လမ်းအကျဥ်း ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအာကာသယာဥ် နိုက်တင်းဂေးလ်ဟာ အာကာသထဲမှာတစ်ရက်မှာအက်စ်အိုအက်စ်(အရေးပေါ်အကူညီတောင်းခံခြင်း)ဆစ်ဂနစ်တစ်ခုကိုတိုက်ရိုက်လက်ခံရရှိပါတယ် ။ အဲဒါက အလင်းနှစ်၃၄၃၂ ကွာဝေးတဲ့တိုင်တန်လပေါ်ကမိုင်းတွင်းဟောင်းတစ်ခုကလာတာပါ။ အကူညီတောင်းခံတဲ့ ကားလ်လာဆန်ဆိုတဲ့လူကို ဒေါက်တာ ခေးလာအဲဗားစ်(အိန်ဂျယ်လာ ဘက်စ်ဆက် Angela Basset)ကသိပါတယ်။ အဲဒီကိုသွားကယ်ဖို့ဆိုရင်သူတို့တွေကhyperspaceလို့ခေါ်တဲ့ဒိုင်းမန်းရှင်းမတူတဲ့နေရာမှာဒိုင်မန်းရှင်းဒရိုက်ရဲ့အကူနဲ့အလင်းထက်မြန်အောင်သွားနိုင်မှရောက်မှာဖြစ်ပါတယ် ။ ဒိုင်းမန်းရှင်းခုန်(အလင်းထက်မြန်အောင်ခရီးသွား)ပြီးတိုင်တန်လနားကိုရောက်တဲ့အခါ အခက်အခဲတွေကြုံရပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ယာဥ်မှုး သေသွားသလိုလပါတ်လမ်းထဲက အမှုန်တွေအခဲတွေနဲ့တိုက်မိပြီး လောင်စာကန်ပေါက်ပြီးလောင်စာတွေလည်းတော်တော်ဆုံးရှုံးသွားပါတယ်။ လနဲ့လည်းတိုက်မိမလိုဖြစ်ပါတယ်။ အဲဒါနဲ့ ခဏအစမ်းခန့်တဲ့သဘောနဲ့ ယာဥ်ပေါ်ကိုရောက်နေတဲ့ဒုပိုင်းလော့နစ်ခ်ဗန်ဇန့်(ဂျိမ်း စပက်ဒါ James Spader) က ယာဥ်မှူးတာဝန်ကိုယူလိုက်ရပါတယ်။ တိုင်တန်လကနေ ယာဥ်တစ်စင်းရောက်လာပြီးယာဥ်ပေါ်ကလူကသတိမေ့နေပါတယ်။အကူညီတောင်းတဲ့ ကားလ်လာဆန်လည်းမဟုတ်ပါဘူး ။သူ့ရဲ့သားထရွိုင်လို့ဆိုပါတယ်။ ထရွိုင်ရဲ့ ယာဥ်ပေါ်ကိုရှာတဲ့အခါထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုသွားတွေ့ပါတယ်။ ထရွိုင်က တိုင်တန်လ မိုင်းတွင်းဟောင်းထဲမှာ လောင်စာတွေရှိတယ်ပြောတာကြောင့်နစ်ခ်က ကယ်ဆယ်ရေးယာဥ်တစ်စင်းနဲ့ သွားယူပါတယ်။ အဲဒီထူးဆန်းတဲ့စ္စည်းကဘာလဲ ထရွိုင်ရဲ့လျို့ဝှက်ချက်ကဘာလဲ နစ်ခ်တိုင်တန်ပေါ်ကနေလောင်စာတွေရမလား ယာဥ်အမှုထမ်းတွေကမ္ဘာမြေကိုပြန်ရောက်မလားဆိုတာကိုတော့ဆက်လက်ပြီးဖန်သားပြင်ပေါ်မှာကြည့်နိုင်ပါတယ်။ ဒါရိုက်တာက Walter Hill ပါ။ ဒီဇာတ်ကားမှာ သဘောကျတာက ရူပဗေဒနဲ့ဆိုင်တဲ့ သဘောတရားတွေ ကြယ်တာရာတွေဂြိုလ်တွေကိုပါ။ ဇတ်ကောင် ထရွိုင်ပြောတာက “ကိုယ့်ကိုအခုထိတူညီတဲ့ပစ္စည်းတွေနဲ့ပဲဖွဲ့စည်းထားတာ ကယ်လဆီယမ် အိုင်းရွန်း ဇင့်ဒြပ်စင်တွေအားလုံး ဒါအကုန်လုံးကကြယ်တွေရဲ့ဖုန်တွေ ကိုယ်တို့တောင်မှပဲကြယ်တွေသေလို့ကိုယ်တို့အသက်ရှင်နိုင်တာပြီးတော့ကိုယ်တို့သေတယ်အဲဒါကြောင့်ကြယ်တွေကိုပြန်မွေးဖွားနိုင်တယ်” ရုပ်ရှင်ကြည့်ရင်း ဒြပ်စင်တွေနဲ့ဖွဲ့စည်းထားပြီးစကြာဝဠာထဲက ဖုန်တစ်မှုန့်နဲ့တူတဲ့လူတွေရဲ့မမြဲတဲ့သဘောတရားလေးကိုပြေးမြင်မိလိုက်တာက ကိုယ့်အတွက်တော့အနှစ်သာရပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (1.6 GB) / (860 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Sci-Fi, Thriller Duration….01:31:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Drama
4.8 2000 91 mins
Supernova