YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Strange Tales of Tang Dynasty 2 E34 720p WEB-DL CM.mp4

316.22 MB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Virgin Suicides
7.1

The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲ​ဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ညပါတီပွဲတက်ခွင့်ရတဲ့အခါမှာတော့... လှောင်အိမ်ထဲက ငှက်ကလေးတွေ ပျံဝဲရင်း ဘာတွေဆက်ဖြစ်မှာလဲ...? မိဘတွေကရော ဘာကြောင့် အဲ့လောက်ထိချုပ်ခြယ်တာလဲ...? သေဆုံးမှုမှာ ဘယ်သူက အဓိကတာဝန်ရှိတာလဲ...? စတဲ့အတွေးပေါင်းစုံနဲ့ 1970 ဝန်းကျင်လောက်ကို Retro Vibe နဲ့အတူ ပြန်သွားရင်း ယနေ့ခေတ်နဲ့ ယှဥ်ပြီး အတွေးနယ်ချဲ့လို့ကောင်းမယ့် ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ File size…(1.92GB)/(1B)/(470MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Northener

Drama • Romance
7.1 1999 97 mins
The Virgin Suicides
Dual
6

IMDb - 6.2/10, Rotten Tomatoes - 72% ~ ဘာရောဂါနဲ့မှန်းမသိ သေတော့မယ့် ကောင်မလေးတစ်ယောက်ကို ဆရာ၀န်က သေဖို့သေချာနေပြီလို့ ပြောတော့ ကောင်မလေးက သူ့မှာ ဘာများရွေးချယ်စရာ ရှိသေးလဲလို့မေးတော့ ဆရာ၀န်ကပြန်ဖြေတယ်။ "မြေမြုပ်မလား မီးသင်္ဂြိုလ်မလား ရေထဲမျှောမလား ရွေးချယ်လို့ရပါတယ်"ဆိုပြီး သူသာဆို မြေပဲမြုပ်မယ့်အကြောင်း ဋီကာချဲ့ပြီးနောက် ကိုယ်သေသွားပေမဲ့ ကိုယ်ချစ်တဲ့သူတွေအတွက် ကိုယ့်ပုံတူကိုယ်ပွား အစားထားခဲ့လို့ရတဲ့အကြောင်း ကြော်ငြာစာရွက်ကလေးပေးလိုက်တယ်။ ဒီလိုနဲ့ ကောင်မလေးက ကိုယ်ပွားပွားပေးတဲ့ဆီ ကိုယ်ပွားသွားပွားတယ်။ Ethic စောက်ရမ်းရှိတဲ့ ဆရာ၀န်က ကိုယ်လုံးတီးဖြစ်နေတဲ့ သူ့ကိုယ်ပွားကို ဘူးသွားတာကလွဲ အားလုံးအဆင်ချောပါတယ်။ နောက်မှ ဆရာ၀န်က ဘာမှားလဲမသိပေမဲ့ မသေတော့ပါဘူး ကောက်လုပ်ပြန်တော့ ကောင်မလေးခဗျာ ကိုယ်ပွားကြီးအဖတ်တင်ပါရော။ ပြဿနာက ခုနကိုယ်ပွားက လူစစ်စစ်ပဲ။ စက်မဟုတ်ဘူး။ ဆိုတော့ သူ့ကိုဖျက်သိမ်းဖို့က သတ်ပစ်ရတာပဲ။ ဥပဒေအရ သေခါနီးလူမဟုတ်ရင် ကိုယ်ပွားပွားလို့ မရတော့ တစ်ယောက်ပဲရှင်ရမယ်။ ‌ဥပဒေအရပဲ ကိုယ်ပွားမှာလည်း ရှင်သန်ခွင့်ရှိတယ်။ ဒီတော့အဖြေက စီးချင်းထိုးပြီး မသေတဲ့တစ်ယောက်နေဖို့ပဲတဲ့။ စားပွဲပေါ်လက်နက်၅မျိုး ထားပေးထားတယ်။ ကြိုက်တဲ့လက်နက်ကို ရွေးပြီး ဆော်ရတယ်။ မသေမချင်း ဆော်ရတာပါ။ သေရင်သေ မသေရင် စုတ်ပြတ်သပ်တာပါပဲ။ မင်းသမီးက Karen Gillan ဆိုတော့ ဘယ်သူသေသေ နှမြောစရာပါပဲ။ ကိုယ်ပွားသေမလား မူလလူသေမလားတော့ ကြည့်ကြည့်ပေါ့။ အကွက်လေးတွေ လှပါတယ်။ ဟိုအကောင်းဆုံးစီးရီး Breaking Bad ထဲက ကတုံးအတွဲထဲက ကတုံးအငယ် Aaron Paul လည်းပါပါတယ်။ Sundance ပွဲမှာ နှစ်အစလောက်က ပြခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး Ratingလည်းမဆိုးသလို ဇာတ်လည်းလန်းတဲ့ ရုပ်ရှင်ပါပဲ။ Size - 1.32GB, 620MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Romance
6 2022 95 mins
Dual
The Beguiled
5.9

The Beguiled 2017 မှာဆိုရင်တပ်ကြပ်ကြီးမက်ဘာနီက စစ်ပွဲတွင်းမှာထွက်ပြေးလာတဲ့ ဒဏ်ရာရထားတဲ့ပြည်ထောင်စုစစ်သားတစ်ယောက်ပါ။ သူ့ကိုတောင်ပိုင်းကမိန်းကလေးတွေပဲနေတဲ့စာသင်ကျောင်းတစ်ကျောင်းကအသက်ကယ်ခဲ့ပါတယ်။ သူ့အသက်ကိုကယ်ခဲ့တဲ့မိန်းကလေးကျောင်းကကောင်မလေးတွေနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရမယ့် ဒရာမ သည်းထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကားပါ။ မင်းသမီးချောလေး Elle Fanning လဲပါတာမို့လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာတော့အသေအချာပါပဲဗျာ (ဘာသာပြန်သူကတော့ Saw Wunna ပါ) File Size : (700 MB) and (240 MB) Quality : Bluray720p Running Time : 1hr 33min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Wunna Encode by Thanhtike Zaw

Drama
5.9 2017 93 mins
The Beguiled
Drive All Night
6

Drive All Night (2022) မရဏတရား… လူတွေက သေမှာကို ကြောက်ကြတယ်။ ဘာလို့လဲ။ သေပြီးနောက် တမလွန်မှာ ဘာဖြစ်မယ် မသိကြလို့… အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တွယ်တာနေကြလို့ပါပဲ။ တကယ်တော့ လူတွေက သေမှာကို မကြောက်ပါဘူး လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ဆုံးရှုံးရမှာကို ကြောက်ကြတာပါ။ ရွေးချယ်မှု… ဘဝမှာ ရွေးချယ်မှုက အရမ်းအရေးပါပါတယ်။ နေမလား… သွားမလား… ထိုင်နေမလား… ထနေမလား… ဒါလုပ်မလား… ဟိုဟာလုပ်မလား… လက်လွှတ်ရမယ့် တန်ဖိုးက ကြီးလေ ဆုံးဖြတ်ရခက်လေပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့တွေ ဆုံးရှုံးရမှာကို ကြောက်လို့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်ကြတယ်။ တစ်ခါတလေမှာတော့ အကြောက်တရားနဲ့ ဆုံးဖြတ်လိုက်တာက မှန်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာက ရွေးထားတဲ့ လမ်းဆုံးကို ရောက်မှ သိနိုင်မှာမလား။ ကစားပွဲ… ကစားပွဲတစ်ခုကို အနိုင်ရဖို့ ကျွမ်းကျင်မှု၊ ကစားပွဲကို နားလည်သဘောပေါက်မှု၊ ဖြတ်ထိုးဉာဏ်၊ ဗျူဟာ၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ လိုအပ်ပါတယ်။ ခံစားချက်ကရော ကစားပွဲမှာ အရေးပါပါသလား။ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်လို့ပြောကြပါတယ်။ ကျွန်တော်ကတော့ ခံစားချက်တွေကို ပဲ့ကိုင်နိုင်တဲ့သူကမှ နိုင်ချေပိုများတယ်လို့ ထင်မိပါတယ်။ အခွင့်အရေး… တံခါးတွေက သော့ခတ်မထားပါဘူး၊ ခင်ဗျား ဖွင့်လိုက်ဖို့ပဲလိုတာပါ။ ၂၀၂၂ ထွက် Drama ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကစီသမားတစ်ယောက်က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို မော်တယ်တစ်ခုကနေ တင်လာတယ်။ အဲဒီမိန်းကလေးက Arcade ဂိမ်းတွေနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တယ်။ အဲဒီမိန်းကလေးကို မာဖီးယားလိုလို လူတစ်ယောက်နဲ့ အဲဒီလူငှားထားတဲ့ Arcade ဂိမ်းဝါသနာအိုး ကြေးစားတစ်ယောက်က အဲဒီကောင်မလေးကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ မိန်းကလေးနဲ့ တက္ကစီသမားတို့ရဲ့ ကားပတ်မောင်းတဲ့ တစ်ညတာ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကတော့ ဘာမှမထူးခြားပေမဲ့ ဇာတ်ကွက်တွေနဲ့ ဒိုင်ယာလော့တွေက ဘဝနဲ့ပတ်သက်လို့ တွေးစရာတွေ အများကြီးရသွားနိုင်ပါတယ်။အေးအေးဆေးဆေး ထိုင်တွေးဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size – 710MB, 330MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Adventure • Science Fiction
6 2022
Drive All Night
Oh! My Assistant: The Movie

Oh! My Assistant : The Movie (2022) ရင်ခုန်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါး ဟာသ‌လေးနှောထားတဲ့ Korea BL Movie လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှင်းဆွန်းဟိုကတော့ လူကြီးပိုင်းကာတွန်းတွေကိုရေးရာက‌နေ နာမည်ကြီးလာတဲ့ကာတွန်းဆရာတစ်ယောက်ဖြစ်ပါ။ အလုပ်တွေပုံလာတဲ့ ဆွန်းဟိုတစ်ယောက် လက်ထောက်တစ်ယောက်ငှားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး သူ့ကမ္ဘာထဲကို အေးတိအေးစက်ပုံစံပေါက်ပေမယ့်ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ဝင်လာခဲ့ပါတော့တယ်။ ဂိုမူယောင်းကတော့ ကာတွန်းဆရာရှင်းဆွန်းဟိုရဲ့ အကြီးစားဖန်ဖြစ်တာမို့ လက်ထောက်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ Bisexual ကောင်လေးပါ။ ကာတွန်းဆရာရှင်းဆွန်းဟိုကို တိတ်တိတ်လေးသဘောကျနေတဲ့ မူယောင်းရယ် ဆွန်းဟိုတို့ရဲ့ကြားမှာ အရက်သောက်ရင်းအတူတူရှိဖြစ်ခဲ့ကြတဲ့ညကစပြီး တွယ်ငြိတဲ့ခံစားချက်တွေက ပိုပိုတိုးလာပါတော့တယ်။ မူယောင်းရဲ့ ငယ်ငယ်ကတည်းကခ‌င်ရတဲ့ ဂျွန်ဆော့ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း မူ‌ယောင်းအပေါ်စပြီး သဘောကျလာမိတဲ့အခါ ….. ၃ ပွင့်ဆိုင်အချစ်ကို ဟာသနှောထားတဲ့ဇာတ်လမ်းလေးမို့ သေချာပေါက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Shin Shin, Cali, Thantsin, Lai Laii တို့ပဲ ဖြစ်ကြပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p | 480p File size… 1GB | 518MB | 216MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin Shin, Cali, Thantsin, Lai Laii Encoder ….. August

0 2023
Oh! My Assistant: The Movie
Dragon Blade
5.9

Dragon Blade (2015) =============== IMDb Rating – 5.9/10 ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအ‌ကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။ မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် အချိန်လုပ်အား သက်သာရတာတွေကို အသားပေးထားလို့ တရုတ်ကားမှ ဟုတ်ပါလေစလို့ ထင်မှတ်ရတဲ့အထိပါပဲ။ တရုတ်တို့ရဲ့ အသောက်အစား ရေမြေတောတောင်ကိုဖွဲ့တဲ့ ဂီတသံအပြီးမှာ ရောမတို့ရဲ့ နိုင်ငံချစ်စိတ်၊ သူရဲကောင်းစိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုး တတ်ပုံတွေကို အတိုင်းသားမြင်ရတဲ့ ဂီတသံကို တရုတ်တို့ အံ့ဩဘနန်းဖြစ် ရပုံလည်း မြင်ရပါဦးမယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာပါတဲ့။ ရောမအင် ပါယာကြီးကနေ ထွက်ပြေးလာတဲ့ အိမ်ပြေး ဗိုလ်ချုပ်တစ်ယောက်နဲ့ ပိုးလမ်း မကြီးထက်က နိုင်ငံရာဇဝတ်သား ရဲဘက်အလုပ်သမား တရုတ်ဗိုလ်မင်းတစ် ယောက်တို့ရဲ့ ၁၅ ရက်တာ ခင်မင်မှုကနေ အသက်ပေး ချစ်ခင်ရသူ မိတ်ဆွေ ကြီးတွေ ဖြစ်ခဲ့ရတဲ့ဇာတ်လမ်းပါ။ ရောမအင်ပါယာမှာ လက်ရှိတရားသူကြီး ချုပ် (ဘုရင်) ရဲ့ အကြီးဆုံးသားက ထီးနန်းဆက်ခံသူ ညီအငယ်ဆုံးကို မျက် ကန်းဖြစ်အောင် အဆိပ်ခပ်လိုက်တဲ့အခါ သစ္စာရှိဗိုလ်ချုပ် လူစီးယက်စ်က သားတော်လေးကို ကယ်တင်ထွက်ပြေးလာပြီး တရုတ်နဲ့ အနောက်ဒေသနယ် စပ် ပိုးလမ်းမကြီးထက်က ငန်းရိုင်းဂိတ်တံခါးကို ရောက်လာပါတယ်။ တရုတ်အင်ပါယာ ဟန် မင်းဆက် ပိုးလမ်းမကြီးကာကွယ်ရေး တပ်ခွဲလေးတစ် ခုက ခေါင်းဆောင်ဗိုလ်မင်း ဟိုအန် က သူ့ရဲ့လက်ထောက် သစ္စာဖောက်တဲ့ အတွက် ရွှေမှောင်ခိုလုပ်တဲ့အမှုတွဲတပ်ခံရပြီး ရာဇဝတ်သားဖြစ်ခဲ့ရတယ်။ သူ့ကို ငန်းရိုင်းဂိတ်တံခါးမှာ ရဲဘက်အလုပ်သမားအဖြစ် တာဝန်ပေးခံရချိန် ဂိတ်တံခါးကို ခြိမ်းခြောက်လာတဲ့ ရောမတပ်မဟာကြီးကို ရင်ဆိုင်လိုက်ရပါ တယ်။ နောက်ဆုံး လူစီးယက်စ် နဲ့ ဟိုအန် စီးချင်းထိုးဖို့ဖြစ်လာပြီး တိုက်ပွဲဝင် နေစဉ်မှာ သဲမုန်တိုင်းတိုက်လာတဲ့အတွက် ဟိုအန် က လူစီးယက်စ် ကို မြို့ထဲ အဝင်ခံပြီး တစ်ညတာ တည်းခိုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဟိုအန် ရဲ့ မြို့ တော်တည်ဆောက်ရေးလုပ်ငန်းမှာ လူစီးယက်စ် ကဝင်ကူရင်း သွေးချင်းညီ နောင်သဖွယ် ညီအစ်ကိုရင်းချာလို မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် မှာပဲ ရောမအင်ပါယာက ကောက်ကျစ်တဲ့ သားကြီးဩရသက ညီငယ်နောက် လိုက်လာပြီး သူ့ရဲ့တပ်မဟာကြီးနဲ့ ငန်းရိုင်းဂိတ်တံခါးကို ဝိုင်းလိုက်တဲ့အချိန်မှာတော့ … Jackie Chan ရယ်၊ 2012 ကမ္ဘာပျက်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ John Cusack တို့က ခေါင်းဆောင်မင်းသားတွေဖြစ်ပြီး The Pianist ဇာတ်ကား ထဲက မင်းသားကြီး Adrien Brody က ဗီလိန်အဖြစ် ဝေဝေဆာဆာ ပါဝင် သရုပ်ဆောင်ထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2.66 GB) / (1.53 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 07Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Drama, Fantasy Translator…….Arr Khun Winchester Encoder……….Zin Phyo Aung

Thriller • Mystery • TV Movie • Drama
5.9 2015 127 mins
Dragon Blade
Clouds of Chernobyl
5.8

1986ခုနှစ် ရိုမေးနီးယားမှာ ကွန်မြူနစ်အစိုးရအုပ်ချုပ်ခဲ့တုန်းက နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို နောက်ခံထားရိုက်ထားတဲ့ မိသားစုဇာတ်ကားဖြစ်ပါတယ်။ဓာတ်ပေါင်းဖိုကနေယိုစိမ့်လာတဲ့ ရေဒီယိုဓာတ် ရောင်ခြည်တွေက လေကနေတဆင့် ချာနိုဘယ်မြို့ရဲ့ တိမ်တွေထဲမှာစုနေပါတယ်။ ပြည်သူပြည်သားတွေက ကွန်မြူနစ်အစိုးရကြောင့်ဒုက္ခရောက်ကြရတဲ့အထဲ အဆိပ်သင့်ဓာတ်ငွေ့တွေကိုလေကတဆင့်ရှူမိကြလို့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြပါတယ်။ ဒီနျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ဖြစ်ရပ်ဟာ သမိုင်းမှာရှိတဲ့ဟီရိုရှီးမား ဗုံးပေါက်ကွဲမှုပြီးရင်အထင်ရှားဆုံးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အီရီနာဆိုတဲ့ အမျိုးသမီးဟာ ခေတ်ပျက်ထဲမှာ ကိုယ်ဝန်ရသွားပြီး ဖိအားတွေကြားထဲကနေ အသက်ရှင်ဖို့ရုန်းကန်ရပုံကိုကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်း ဇာတ်လမ်းအေးမယ်လို့ ထင်ရနိုင်ပေမယ့် တစိမ့်စိမ့်နဲ့အရှိန်တက်ပြီးကြည့်လို့ကောင်းတဲ့ကားမျိုးဖြစ်ပါတယ်။ မိဘမေတ္တာနဲ့အဲဒီခေတ်က victimတွေအတွက်ရည်ရွယ်ရိုက်ကူးထားတဲ့ကားဖြစ်လို့ political drama ကောင်းကောင်းကြည့်ချင်နေသူတွေအတွက် ကွက်တိပါပဲ။ File size…(1.2 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre…Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni

Romance • Drama • History
5.8 2022
Clouds of Chernobyl
All-Time High

စလောင်းပဲ့နှင့် နှုတ်ခမ်းရွဲ့ဆိုတဲ့စကားပုံက ဒီဇာတ်ကားမှာ အစစ်ပါပဲ။ ဇာတ်ဆောင်နှစ်ယောက်က သေအောင်လည်းရယ်ရ ငိုချင်စရာလေးလည်းပါတော့ ရသစုံလွန်းလို့ ဘာသာပြန်ရင်း သဘောကျမိတဲ့ ဟာသကားလေးပါ။ ယူဆက်ဖ်ဟာ မလိမ်ရမနေနိုင်တဲ့ ကလိမ်ကကျစ်ကောင်ပါ။ ဘဝကလည်းချို့တဲ့ ငွေကြေးဥစ္စာကလည်းမရှိတော့ ကြုံရင်ကြုံသလို တွေ့တဲ့လူအပေါ်မှာ ခွင်ဖန်တတ်တဲ့ကောင်မျိုးပါ။ တနေ့မှာတော့ သူဟာ ကာစီနိုမှာပိုကာဆော့ရင်းနဲ့ ငွေပမာဏအများကြီး အကြွေးတင်လာပြီး လစ်ပြေးလာပါတော့တယ်။ ဒီအချိန်မှာ ကာစီနိုပိုင်ရှင်က သူ့ကိုအသေရရ အရှင်ရရလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း စတက်ဖနီဆိုတဲ့ကောင်မလေးက ယောင်္ကျားဆန်ဆန်နေတတ်ပြီး ရုပ်ကလည်း ရွက်ကြမ်းရေကျို ညစ်ညစ်ပတ်ပတ်လည်းနေတတ်ပါသေးတယ်။ သူမဟာ လူတိုင်းကို ခရစ်ပတိုငွေကြေး (ဘစ်ကွိုင်) တွေအများကြီးရှိတယ်ဆိုပြီးတော့ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းက ဆယ်ရက်အတွင်း ပိုက်ဆံပြန်မပေးနိုင်ရင် သတ်ခံရမယ့် ယူဆက်ဖ်နဲ့ ပါးစပ်ဖွာတတ်လို့ သူ့မှာခရစ်ပတိုငွေရှိတာ လူဆိုးတွေသိပြီး အလိုက်ခံနေရတဲ့ စတက်ဖနီတို့ နှစ်ယောက်သား ကံကြမ္မာက ဆုံတွေ့ပေးလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တီးကျမလဲ၊ ဖျံကျကြမလဲ၊ အန္တရာယ်တွေကနေရော လွှတ်နိုင်ပါ့မလား ခွက်ထိုးခွက်လန်အူတက်အောင် ရယ်ရမယ့်ပြင်သစ်ဟာသကားလေးပါ။ ၂၀၂၃ မှာပဲထွက်ရှိထားတာဖြစ်ပြီး IMDb Rating 5.4/10 ရရှိထားကာ ရယ်နေရတာနဲ့ကို ကြည့်လို့တန်နေပါပြီ။ ဘာသာပြန်ဆိုသူမှာ Matteo ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
All-Time High
Dragons Forever
7.1

ဂျက်ကီလောင် (ဂျက်ကီချန်း) ဟာ အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ ဓာတုဆေးဝါးထုတ်လုပ်တဲ့ကုမ္မဏီဘက်က ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတယ်။ ဝါကုမ္မဏီက စွန့်ပစ်တဲ့ ဓာတုအကြွင်းအကျန်တွေက ရေထဲစီးဆင်းလာပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မစ္စရီတို့အတွက် အကြီးအကျယ်ထိခိုက်စေပြီး ငါးတွေအမြောက်အမြားသေဆုံးရတဲ့အတွက် မစ္စရီတို့ ညီအစ်မက ဝါဓာတုဆေးဝါးကုမ္မဏီကို တရားစွဲပါတော့တယ်။ ဒီအချိန်မှာ ဂျက်ကီက ဓာတုဆေးဝါကုမ္မဏီဘက်က ရှေ့နေလိုက်ပေးပြီး မစ္စရီရဲ့ ဝမ်းကွဲညီမ တဖြစ်လည်း ငါးလုပ်ငန်းဘက်ကရှေ့နေဖြစ်တဲ့ ဝမ်မေလင်းကို သဘောကျသွားပါတော့တယ်။ ဒီလိုနဲ့ တရားလိုရှေ့နေနှင့် တရားပြိုင်ရှေ့နေဖြစ်တဲ့ သူတို့နှစ်ယောက် ချစ်မိသွားကြမလား ဘယ်ဘက်က တရားနိုင်သွားမလဲ ဓာတုဆေးဝါးကုမ္မဏီနောက်ကွယ်မှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဂျက်ကီချန်းကားသဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရမယ့် ဟောင်ကောင်ဇာတ်မြူးလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(4.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.1 1988 93 mins
Dragons Forever
Moscow Mission
6.3

1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့…… အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ် ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။

6.3 2023
Moscow Mission
Damsel
7.8

Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေး Millie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ် မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာ မိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့ မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။ ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကို ဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင် ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း ************** မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီး အငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့ အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့ အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့ မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေ အလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်း သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အော်ရီရာ တိုင်းပြည်က ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲ အန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ… File size… 6.6GB / 1.79GB /845MB Quality…WEB-DL 4K HEVC/ 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr. Andreson

7.8 2024
Damsel
Giant Fish 2
5.8

ဘဝကြီးမှာ အရာအားလုံးမတည်မြဲခြင်းတရားကို လူတိုင်းသိကြသော်လည်းထာဝရတည်မြဲအောင် လုပ်နေကြတဲ့လူသားတွေကို ဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို CM မှပရိသတ်ကြီးဆီ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ကျန်းချန်ဆိုတဲ့လူကတော့ မအိုဆေးကို သုတေသနလုပ်တာ အောင်မြင်သွားပေမဲ့လည်း ဘေးထွက်ဆိုးကျိုးရှိနေတာကြောင့် ဈေးကွက်ထဲကို မဖြန့်ပဲနေလိုက်ရာ လျော်ကြေးအကြွေးတွေ တင်နေခဲ့တာကြောင့် အရူံးသမားလို့ကိုယ့်ကိုယ်ခံယူနေခဲ့တယ်။ သူ့နဲ့ (၁၇) နှစ်ကြာပေါင်းသင်းခဲ့တဲ့မိန်းမ ယန်ထုံကတော့ ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ပေါ့။ တနေ့မှာမိန်းမဖြစ်သူက ဖောက်ပြန်တယ်လို့သံသယဝင်ပြီး မိန်းမရှိတဲ့နိုင်ငံခြားကိုသွားပြီးလက်ပူးလက်ကြပ်မိအောင် ဖမ်းဖို့နိုင်ငံခြားကို ကျန်းချန်နဲ့သူ့သူငယ်ချင်းသာ့ဖေးတို့ ထွက်ခဲ့ကြတယ်။ ယန်ထုံအလုပ်လုပ်တဲ့နေရာကတော့ ဟေးဟူလို့အမည်တွင်ပြီး ဟေးဟူဆိုတာကမိန်းကလေး ဧည့်သည်တွေကို အထူးပစ်မှတ်ထားတဲ့ အသားအရည်ထိန်းသိမ်းရေးစင်တာဖြစ်တယ်။ ဒါပေမဲ့ဒီဟေးဟူရဲ့ထူးဆန်းစေတဲ့အရာတစ်ခုကတော့ သူတို့ချပေးတဲ့ ငါးအသားကိုစားလိုက်ရုံနဲ့ အိုမင်းနေတဲ့အသားအရည်ကနေ ငယ်ရွယ်နုပျိုတဲ့အသားအရည်အဖြစ်ပြောင်းလဲသွားစေပြီး ဟေးဟူကိုတည်ထောင်တဲ့ မီယာမိန်းကလေးကို လာရောက်တဲ့ဧည့်သည်တွေကနတ်ဘုရားသဖွယ်ကိုးကွယ်နေကြတာဖြစ်တယ်။ ဒီလိုနဲ့ကျန်းချန်နဲ့သာ့ဖေးတို့က ယန်ထုံအလုပ်လုပ်တဲ့ဟေးဟူကို မိန်းကလေးပုံစံအဖြစ်ဟန်ဆောင်ဝင်ရောက်သွားပြီး ယန်ထုံဖောက်ပြန်မှုကိုဖော်ထုတ်ရန်ကြိုးစားပါတော့တယ်။ ယန်ထုံက ဟေးဟူရဲ့သုတေသနပညာရှင်ဝမ်ပါမောက္ခနဲ့ ဖောက်ပြန်နေတာလို့ သံသယဝင်ကြပြီးအဲ့သက်သေကို ကျန်းချန်နဲ့သာ့ဖေးရှာဖွေကြရင်း မတော်တဆဟေးဟူဝန်ထမ်းက သတိထားမိသွားလို့ ထွက်ပြေးကြတဲ့အချိန်မှာ နှစ်ဦးသားမတော်တဆ ဝမ်ပါမောက္ခနေတဲ့အခန်းကိုရောက်သွားခဲ့တယ်။ ဝမ်ပါမောက္ခအခန်းထဲမှာ ယန်ထုံအတွင်းခံဘောင်းဘီကို တွေ့ခဲ့တာကြောင့် ကျန်းချန်ကသူ့မိန်းမဖောက်ပြန်နေတာလို့ တထစ်ချမှတ်ပြီး ၂ ဦးသားစကားများကွာရှင်းဖို့ဆုံးဖြတ်ပြီးနောက် ကျန်းချန်နဲ့သာ့ဖေးတို့ထွက်သွားဖို့ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကားရပ်ထားတဲ့ကားပါကင်မှာ လူအလောင်းတွေကို ဖျက်စီးနိုင်တဲ့ကိုယ်ပျော့သတ္တဝါအများအပြားကိုတွေ့ရှိသွားတဲ့အချိန်မှာ ကျန်းချန်က ဒီသတ္တဝါတွေကလူလုပ်ဖန်တီးထားတယ်ဆိုတာ သတိပြုမိသွားပြီး နောက်ယောင်ခံလိုက်တဲ့အချိန်မှာ ငါးမန်းပုံစံနဲ့ရေခူပုံစံ လူသားစားတဲ့ထူးဆန်းငါးကြီးကိုတွေ့ရှိသွားခဲ့တယ်။ ဒါကိုအမှုဖွင့်ရဲတိုင်ဖို့ကြိုးစားရာကနေ မီယာမိန်းကလေးတစ်ယောက် သိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီငါးကြီးကကော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာအပြင် မိန်းကလေးတွေရဲ့ အလှအပအလွန်အမင်းမက်မောမှုကြောင့် ကိုယ့်အသက်ကိုတောင်မမှုပဲနုပျိုအောင်ဖန်တီးနေကြတဲ့အရာတွေကို ပီပြင်အောင်ရိုက်ကူးထားတာဖြစ်တာကြောင့် လက်မလွတ်တမ်းစောင့်မျှော်ကြည့်ရူလိုက်ရအောင်

Drama • Romance
5.8 2024
Giant Fish 2
Transformers One
7.8

ထရန်စဖော်မာတွေရဲ့ စစ်ပွဲအစ အော့တိမပ်ပရိုင်း နဲ့ မက်ဂါထရွန်တို့ရဲ့ ရန်ငြိုးအစကို ပြသထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ Rating 7.8 အထိ ရရှိထားပါပြီ။ အသံသရုပ်ဆောင်တွေကလည်း အော်ရိုင်ရန်ပက်အဖြစ် သောရ်မင်းသား Chris Hemsworth၊ အလီတာအဖြစ် မမ စကားလက်ဂျိုဟန်ဆန် တို့ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း *************** ဆိုက်ဘာထရွန်ဂြိုလ်ဟာ ကွင်တက်ဆင်တွေနဲ့ စစ်ဖြစ်ရင်း ပရိုင်းတွေ အားလုံး ကျဆုံးသွားပြီး ဆန်တီနယ်ပရိုင်းတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ ကွင်တက်ဆင်တွေကို အနိုင်ယူခဲ့ပြီး အိုင်ရာကွန်မြို့ကို ဆန်တီနယ်ပရိုင်းက အုပ်ချုပ်နေတဲ့အချိန်ပါပဲ။ စစ်ပွဲကြောင့် ဆိုက်ဘာထရွန်တစ်ခုလုံးရဲ့ စွမ်းအင်ရင်းမြစ် မေးထရစ် ပျောက်ဆုံးသွားတာကြောင့် အင်နာဂျွန် စွမ်းအင်တွေကိုရဖို့ တူးဖော်ရေးသမားစက်ရုပ်တွေကိုပဲ ခိုင်းစေနေရ ပါတယ်။ တူးဖော်ရေးသမားတွေဟာ အနိမ့်စား စက်ရုပ်တွေဖြစ်ပြီး ပုံပြောင်းနိုင်စွမ်းရှိတဲ့ စက်လုံးတွေ ရင်ဘတ်မှာ မရှိကြပါဘူး။ အော်ရိုင်ရန် နဲ့ ဒီ-၁၆ တို့ဟာ တူးဖော်ရေးသမား အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ်။ အော်ရိုင်ရန်ဟာ စက်လုံးမရှိ အစွမ်းမရှိတဲ့ စက်ရုပ်ဖြစ်ပေမဲ့ အမြဲတမ်း ကြီးကျယ်တာတွေကို လုပ်ချင်နေတဲ့ သူဖြစ်ပြီး မေးထရစ်ကို ရှာပေးပြီး ဆိုက်ဘာထရွန်ဂြိုလ်ကြီးကို ကယ်တင်ချင်တဲ့သူ အမြဲဖြစ်ချင်ခဲ့တာပါ။ တစ်နေ့မှာတော့ မေးထရစ်ကို ရှာပြီး ဆန်တီနယ်ပရိုင်းကို ပေးဖို့ ကြိုးစားရင်း မထင်ထားတဲ့ အဖြစ်အပျက်တွေနဲ့ စွန့်စားခန်းတွေ ရင်ဆိုင်ရပါတော့တယ်။ File size…6GB / 2.50GB / 1.52GB Quality…WEB-DL 4K HEVC /1080p / 720p Format…mkv / mp4 Duration….1h 44m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Mr.Anderson

7.8 2024 104 mins
Transformers One
Robert Downey Jr.: High Altitude
6.5

Robert Downey Jr: High Altitude IMDb – 6.5 ====================== ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ ကျွန်မတို့ ချစ်ရတဲ့ Iron Man တိုနီစတာ့ခ်ရဲ့ တကယ့်ဘဝအကြောင်းရိုက်ထားတဲ့ ‌မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ လူတိုင်းချစ်ရတဲ့ အိုင်ရွန်းမန်း ကာရိုက်တာရဲ့ ပဲ့ကိုင်ရှင် ‌ရောဘတ်တစ်ယောက် ဒီလိုအခြေအနေမျိုး ‌ရောက်လာဖို့ လာအခက်အခဲတွေရှိခဲ့မလဲ ရိုလာကိုစတာလိုမျိုး သူ့ဘဝမှာ အတက်အကျတွေများပြီး‌ ကြမ်းတမ်းခဲ့တာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရောဘတ်က အရည်အချင်းလေးလည်းရှိလို့ အနုပညာလောကထဲရောက်ပြီး အောင်မြင်ခါစအဖြေအနေမှာ သူ့ရဲ့ ဆေးသုံးတတ်တဲ့ပြဿနာက သူ့ကို အောက်ဆုံးထိဆွဲခေါ်သွားခဲ့ပါတယ်။ ဒီနေ့လူတွေမြင်နေရတဲ့ မိသားစုကိုချစ်တဲ့ အလုပ်ကြိုးစားပြီး တော်တဲ့ရောဘတ်တစ်ယောက်ဖြစ်အောင် သူမူးယစ်ဆေးကို ဘယ်လိုဖြတ်ခဲ့ရလဲ အောက်ဆုံးကနေဘယ်လိုပြန်တက်ရလဲဆိုတာ ကြည့်ပြီး အားကျအတုယူဖို့ကောင်းလှပါတယ်။ စတားဘဝကိုရောက်ပြီး အောက်ဆုံးပြန်ကျခဲ့တာတောင် လက်မလျော့ပဲ ထပ်ကြိုးစားခဲ့တဲ့ ရောဘတ်ရဲ့အတုယူဖွယ်ကောင်းတဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဒီရုပ်ရှင်ကနေကြည့်ပြီး အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။

6.5 2023
Robert Downey Jr.: High Altitude
Silver Linings Playbook
7.7

Silver Linings Playbook (2012) IMDb Rating (7.7) / Rotten Tomatoes (92%) Bradley Cooper နဲ့ Jennifer Lawrence တို့အပြင် Robert De Niro , Chris Tucker , Julia Stiles စတဲ့နာမည်ကြီးတွေလဲပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Matthew Quick ရဲ့ ၀တ္ထုဖြစ်တဲ့ The Silver Linings Playbook ကို အသက်သွင်းထားတာပါ။ ဂျနီဖာလောရန့်က ဒီဇာတ်ကားနဲ့ အော်စကာရခဲ့ပြီး တခြားသရုပ်ဆောင်တွေလဲ အော်စကာ Nominee ဝင်ခဲ့သလို ဘတ်ဂျက် $21 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ $236.5 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုကြီးမားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အထက်တန်းကျောင်းအစမ်းခန့်ဆရာတစ်ယောက်ဖြစ်တဲ့ အဓိကဇာတ်ကောင်ပတ်ထ်ဟာ bipolar disorder ရောဂါခံစားနေရတဲ့ လူတစ်ယောက်ပါ။ မိန်းမဖောက်ပြန်နေတာကို ရေချိုးခန်းထဲမှာသွားတွေ့ပြီး အဲဒီလူကို သေလုနီးနီးထိ ရိုက်မိလို့ စိတ်ရောဂါကုဆေးရုံကို ရောက်သွားခဲ့ပါတယ်။ သူပြန်လွတ်လာတော့ သူ့မိန်းမဖြစ်သူနစ်ကီကို ပြန်ရဖို့ ကြိုးစားရင်း သူ့လိုလူမျိုးပဲဖြစ်တဲ့ တစ်ဖနီဆိုတဲ့ စိတ်ကျရောဂါရှင်မုဆိုးမလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ်။ သူ့မိန်းမနစ်ကီက သူ့နားမကပ်နိုင်အောင် တွေ့ခွင့်ပိတ်တားမြစ်မိန့်ထုတ်ထားတော့ ကြံရာမရဖြစ်နေတဲ့ ပတ်ထ်က သူ့မိန်းမနဲ့ရင်းနှီးတဲ့ တစ်ဖနီကို စာလေးပေးပေးဖို့ အကူအညီတောင်းပါတော့တယ်။ တစ်ဖနီကကလည်း သူနဲ့အတူအကပြိုင်ပွဲတစ်ခုကို ပြိုင်ပေးမှ ကူညီမယ်ဆိုပြီး နှစ်ယောက်သား အပေးအယူလုပ်လိုက်ကြပါတော့တယ်။ အဲဒီလိုနဲ့ နှစ်ယောက်သားအတူအကလေ့ကျင့်ကြရင်း နီးစပ်လာကြတဲ့အခါမှာ ပတ်ထ်က သူ့မိန်းမနစ်ကီနဲ့ တစ်ဖနီ နှစ်ယောက်ထဲက ဘယ်တစ်ယောက်ကို သူ့ဘ၀ထဲ ထည့်ဖို့‌ ရွေးချယ်မလဲ ဆိုတာ……….။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Phu Thet Khin မှ တင်ဆက်ထားပါတယ်။)

7.7 2012 122 mins
Silver Linings Playbook