YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Strange Tales of Tang Dynasty 2 E29 1080p WEB-DL CM.mp4

564.86 MB N/A video/mp4 38 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Carter

(အဖော်အချွတ်ခန်းအချို့နဲ့  ကြမ်းတမ်းတဲ့ သတ်ဖြတ်ခန်းတွေ အများကြီးပါတာမို့ မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး..) ဇာတ်လမ်းကိုတော့ ခေါင်းထဲမှာ ဗလာမှတ်ဉာဏ်နဲ့နိုးထလာတဲ့ လူတစ်ယောက်နဲ့ အစချီထားတယ် အဲ့ဒီလူနိုးနိုးချင်းမှာပဲ သူ့နားပတ်လည်မှာ သွေးသံရဲရဲဖြစ်နေပြီး CIAအေးဂျင့်တွေဝိုင်းနေခဲ့တယ် ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အဲ့ဒီလူက ရုတ်တရက် သူ့နားထဲမှာတပ်ထားတဲ့ အသံတစ်ခုကို ကြားပြီး အဲ့ဒီအသံစေညွှန်ရာအတိုင်း လိုက်လုပ်ဖို့ဖြစ်လာတယ် နားထဲကစက်ရဲ့အသံပိုင်ရှင်ဆီကနေ သူ့နာမည် “Carter”ဆိုတာနဲ့ အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်မှန်း သိခဲ့ရတယ် စီအိုင်အေနဲ့ မြောက်ကိုရီးယားကြားက ဆန်းကြယ်တဲ့စစ်ဆင်ရေးတစ်ခုကို Carterဘက်က မငြင်းဆန်နိုင်ဘဲ မဖြစ်မနေလုပ်ရမဲ့ အကြောင်းဖန်လာတဲ့အခါ…. ထူးခြားတဲ့ဇာတ်အိမ်၊ ရင်တမမကြည့်ရမဲ့ဇာတ်ကွက်တွေနဲ့ ကြည့်ရတာတန်မဲ့ကားကောင်းဖြစ်လို့ လက်မလွတ်တမ်း ခံစားကြည့်ရှုကြပါဦး... . File Size : (3.28GB)  (1.2GB)and (456MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:12:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai,Hnin Pale & Thynn Nu Swe Encoded by Phyo Pyae

Animation • Fantasy
0 2022 13 mins
Carter
The Big 4
7

The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ် နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။ တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။ ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့ ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး စနိုက်ပါပစ်လိုက်လို့ ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲ့ကို တည်ထောင်သူ မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲ့သားလေးယောက် ဇာတ်မြှုပ်နေကြပြီ။ မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။ ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။ ဇာတ်ကြမ်းကားမို့ ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။ လူဆိုးလူမိုက်ကြီးတို့ရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖို့ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 2.68GB | 1.36GB |400MB Format… mp4 Duration….2h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Ka Naung, August

Adventure • Fantasy
7 2022 141 mins
The Big 4
Marriage Story
7.8

ဒီရုပ်ရှင်ကတော့ နာမည်ကျော်ပဲမို့ စောင့်နေတဲ့သူတွေရှိမှာပါ။ စကားလက်ဂျိုဟန်ဆန် နဲ့ အဒမ်ဒရိုင်ဘာတို့ သရုပ်ဆောင်စွမ်းရည်ပြထားတဲ့ကားဆိုလည်း မမှားပါဘူး။ ဆုတွေအတော် ဆန်ကာတင်မယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ။ အိမ်ထောင်ရေးဇာတ်လမ်းလေး တစ်ပုဒ်ပါ။ အရမ်းသဘာဝကျပြီး ယုတ္တိဆန်လွန်းပါတယ်။ အရာရာကို စိတ်တိုင်းကျလုပ်တတ်တဲ့ ချာလီဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ ကိုယ်ဘာလိုချင်လို့လိုချင်မှန်းမတွေးတတ်တော့တဲ့ နီကိုး ဆိုတဲ့ မိန်းကလေးတစ်ယောက် လက်ထပ်မိခဲ့တယ်။ ချာလီက ပြဇာတ်ဒါရိုက်တာ၊ နီကိုးက ပြဇာတ်သရုပ်ဆောင်ပေါ့။ ချာလီရဲ့သဘောအတိုင်း နယူးယောက်မှာ အခြေချခဲ့ပြီး ဟင်နရီဆိုတဲ့ သားလေး တစ်ယောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် နီကိုးအတွက် လော့စ်အိန်ဂျလိ ဟောလိဝုဒ်မှာ ဇာတ်လမ်းတွဲတစ်ခု ခေါင်းဆောင်မင်းသမီးနေရာ ရသွားချိန်မှာ နယူးယောက်နဲ့ အယ်လ်အေ အခြေချမှုတွေ၊ ကလေးအုပ်ထိန်းခွင့်တွေနဲ့ ပတ်သတ်ပြီး အငြင်းပွားလာကြတယ်။ ဇာတ်လမ်းက သဘာဝအကျဆုံးနဲ့ ဇာတ်ရှိန်တွေ တက်လာပုံက အတော်ကောင်းတယ်ပြောရမှာပါပဲ။ ကွာရှင်းတဲ့ကိစ္စအတွက်ရှေ့နေက ပြောသလိုပေါ့ ‘ ရာဇဝတ်မှုရှေ့နေတွေက လူဆိုးတွေကို သူတို့အကောင်းဆုံးလုပ်နေချိန်မှာ တွေ့ရပြီး အိမ်ထောင်ကွဲရှေ့နေတွေကတော့ လူကောင်းတွေကို သူတို့အဆိုးဆုံးလုပ်မယ့်အချိန်မှာ တွေ့ရတာပါပဲ’ တဲ့။ ခံစားကြည့်လိုက်ပါ။

Drama
7.8 2019 137 mins
Marriage Story
Darkest Hour
7.3

Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။ လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ? Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ? အဖြေကရှင်းပါတယ်။ ဒီရုပ်ရှင်ထဲမှာ Gary Oldman ဟာ တကယ့်ဝင်စတန်ချာချီ ဝင်သရုပ်ဆောင်နေသလား အောက်မေ့ရလောက်အောင် တူလွန်းလှပါတယ်။ တစ်နေ့ကို ၁၈ နာရီရိုက်ကူးရေးလုပ်ရပြီး ၆ နာရီသာအိပ်ခဲ့ရပါတယ်။ ဝင်စတန်ချာချီလို ဗိုက်ပူပူနဲ့ လူကောင်လုံးလုံးကြီးဖြစ်အောင် ပိန်ပိန်ပါးပါး Gary Oldman ဟာ လူခန္ဓာကိုယ်ပုံစံတူပြုလုပ်ထားတဲ့ဝတ်စုံအကြီးကြီးကိုဝတ်ဆင်ပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ ဆေးလိပ်တွေသောက်ရလွန်းလို့ အဆိပ်သင့်တဲ့အထိလဲ ဖြစ်ခဲ့ပါသေးတယ်။ အဲ့လောက်အထိကို ကြိုးစားခဲ့ရတာပါ ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ ဝင်စတန်ချာချီကို ဘယ်တုန်းကမှမမြင်ဖူးတဲ့ အမြင်နဲ့ တွေ့ရတာပါ။ ဇာတ်လမ်း အစအလယ်အဆုံး ဆူပုတ်ပုတ် ဂျစ်ကန်ကန်ပုံစံ ဝင်စတန်ချာချီကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့နာမည်ကျော် မိန့်ခွန်းတွေကိုလဲ နားထောင်ရမှာဖြစ်သလို ဘုကလန့်ဂွစာပုံစံတွေကိုလဲ ကြည့်ရှူရမှာပါ။ ဇာတ်လမ်းက တခြားအတ္ထုပတ္တိရုပ်ရှင်တွေလိုမျိုး ဇာတ်အိမ်အရမ်းနက်နဲမှုမရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ သမိုင်းရုပ်ရှင်တစ်ကားကို စိတ်ဝင်စားအောင်တင်ဆက်ထားပါတယ်။ သမိုင်းအချက်အလက်တွေလဲ အများကြီးပါဝင်သလို ပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကလဲ Gary Oldman ရဲ့ ချာချီဇာတ်ကောင်ကို အများကြီးထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ နောက်ခံသမိုင်းကြောင်းအနေနဲ့ ဒန်းကတ်ကမ်းခြေမှာသောင်တင်နေတဲ့ စစ်သား ၄သိန်းကို ကယ်ထုတ်ဖို့ကြိုးစားတဲ့ဖြစ်ရပ်ကို အခြေခံထားပြီး ဝင်စတန်ချာချီအနေနဲ့ ဒီလူ ၄ သိန်းကို ကယ်ထုတ်ဖို့၊ သူ့ကို ဗြိတိန်လွှတ်တော်၊ ဘုရင်၊ သူ့ရဲ့ပါတီဝင်တွေ ယုံကြည်လာအောင်၊ ပြည်သူတွေ သူ့ကိုထောက်ခံအားပေးလာအောင် ဘယ်လိုအားထုတ်ခဲ့ရတယ်ဆိုတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကိုကြည့်ပြီးရင် ချာချီရဲ့စိတ်နေစိတ်ထား၊ သူ့ရဲ့ခံယူချက်၊ သူ့ရဲ့သတ္တိကို ပိုပြီးနားလည်သဘောပေါက်လာမှာသေချာပါတယ်။ ဒီနှစ် Academy Awards မှာတော့ The Disaster Artist မင်းသား James Franco မရမှာသေချာနေပြီဆိုတော့ Gary Oldman ကိုတော့ တစ်ပေးထားလိုက်ပါပြီ။ ဆုတွေလဲအများကြီးဆွတ်ခူးထားတဲ့ရုပ်ရှင်ဖြစ်သလို Academy Award Best Picture Nominee ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကြည့်ပြီးရင် Christopher Nolan ရဲ့ Dunkirk ရုပ်ရှင်ကိုလဲ ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားနှစ်ကားက ဆက်စပ်မှုရှိနေသလို နှစ်ကားလုံးကလဲ အကောင်းဆုံးရုပ်ရှင်ဆု လျာထားခံထားရတဲ့အတွက်ကြောင့်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုအာကာဖြိုးပါ) File Size : (953 MB) Quality : WEB-DL 720p Running Time : 2hr 5min Format : Mp4 Genre :Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Arkar Phyo Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.3 2017 125 mins
Darkest Hour
The Year Between
6

The Year Between (2022) ================= Bipolar disorder လို့ခေါ်တဲ့ စိတ်အတက်အကျမြန် စိတ်ဝေဒနာ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ဇာတ်လိုက်နေရာမှာ ဝင်သရုပ်ဆောင်ထားတဲ့ Alex Heller ကလည်း bipolar disorder ရှိနေတဲ့သူတစ်ယောက်ပါ။ စိတ်အတက်အကျမြန်ရောဂါက အရှင်းပျောက်အောင်ကုလို့မရပါဘူး။ ကိုယ့်မှာဖြစ်လာရင် တစ်သက်လုံး ဒီရောဂါနဲ့ပဲယှဉ်တွဲနေသွားရပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ထိ အန္တရာယ်များတတ်ပေမဲ့ ဆေးသောက်၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့တွေ့၊ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ရင် ပုံမှန်လူလိုနေနိုင်ပါတယ်။ Alex Heller က အင်တာဗျူးတစ်ခုမှာပြောပါတယ်။ စိတ်ရောဂါနဲ့ပတ် သက်တဲ့အကြောင်းအရာတွေမှာ များသောအားဖြင့်က ရောဂါအခြေအနေ အဆိုးရွားဆုံး အမှောင်မိုက်ဆုံးကာလတွေကိုပဲ ပြသလေ့ရှိကြတဲ့အတွက် ခုကားထဲမှာ သူလိုငါလိုမထူးခြားတဲ့အချိန်တွေ ရယ်ရတဲ့အခြေအနေတွေ ကိုပါထည့်ပြီး ရိုက်ကူးထားပါတယ်တဲ့။ ဒါ့အပြင် စိတ်ရောဂါဆိုတာ ကာယ ကံရှင်တင်မကဘဲ မိသားစုကိုပါ ထိရောက်မှုတွေရှိကြောင်းကိုလည်း သိစေ ချင်ကြောင်း ပြောပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ကလမ်မန့်စ်မစ်လာဆိုတဲ့ ကောလိပ်ကျောင်းသူ လေးက သူ့မှာ bipolar ရှိမှန်း သိသွားတော့ ကျောင်းထွက်ပြီး သူ့မိဘတွေရှိ တဲ့မြို့ကို ပြန်လာနေတဲ့အချိန်မှာ အရှင်းပျောက်အောင် ကုသလို့မရတဲ့ ဒီရော ဂါက သူနဲ့သူ့မိသားစု သူငယ်ချင်းမိတ်ဆွေတွေကို ဘယ်လိုသက်ရောက်မှုရှိ ပုံတွေ၊ သူကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ကြိုးစားပုံတွေကို ကြည့်ရှုရမှာဖြစ် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.6 GB) / (620 MB) / (360 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 34Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….EL Encoder……….SWM

6 2022
The Year Between
Mr Yin-Yang
5.9

ချင်းယွမ်မြို့ မှာ ထူးခြားတဲ့ကိစ္စတွေအခြေတည်နေတဲ့ လင်းအိမ်တော်ရဲ့ကနေအစတည်ခဲ့တဲ့ဇာတ်လမ်းလေးပါပဲ… ဖေးယွမ်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မှာ သုန်းကျစ်လို့ ခေါ်တဲ့ အဖော် ကောင်လးတစ်ယောက်ရှိခဲ့တယ်… တစ်နေ့မှာ နှစ်ယောက်သားသီးသန့်နေရာလေးတစ်ခု ဘယ်သူ့ကိုမှမပြောပါဘူးဆိုပြီး ကတိပြုခဲ့ကြပြီး သုန်းကျစ်က အဲ့ဒီနေရာလေးမှာ ရုပ်သေးအတတ်ပညာကို အိမ်ရှင်တွေမသိအောင်ခိုးသင်ခဲ့တယ်…တစ်နေ့မှာ ငွေရှာပြီး ထွက်သွားဖို့အတွက်ပေါ့… ဒါပေမယ့် ကံကြမ္မာဖန်လာတော့ အရာရာကို ငွေနဲ့ပဲ ဖြေရှင်းတဲ့ လင်းအိမ်တော်က သေဆုံးပြီးဖြစ်တဲ့ သားဖြစ်သူကို ယင်ဓာတ် နဲ့မင်္ဂလာဆောင်ပေးဖို့ ဖေးယွမ်နဲ့ စီစဥ်ခဲ့ကြတယ်… ဖေးယွမ်သိတော့ ကြောက်လန့်တကြား သုန်းကျစ်ကို အကူအညီတောင်းခဲ့တော့ သူတို့လျို့ဝှက်နေရာလေးမှာ ပုန်းနေဖို့ပြောခဲ့တယ်… အိမ်ရှင်တွေက ဖေးယွမ်ပျောက်ဆုံးသွားတဲ့ အတွက် သုန်းကျစ်ကိုစစ်မေးရင်း ဖေးယွမ်ပြန်ပေါ်လာတာကြောင့်အရင်အစီအစဥ်အတိုင်း မင်္ဂလာပွဲစီစဥ်ကာ အရှင်လတ်လတ်​မြုပ်ပစ်ခဲ့ကြတယ်… မတရားသဖြင့်သေခဲ့ရတဲ့ ဝိဉာဥ်ဖြစ်တာကြောင့် ခြောက်လန့်မှုတွေရှိလာပြီး ယင်းယန်ဆရာ ယင်းရှစ်စန်းကို ခေါ်ခဲ့လိုက်ကြတယ်…. ယင်းရှစ်စန်းကဖြေရှင်းပေးနိုင်ပါ့မလား…. လင်းအိမ်တော်ရဲ့ အရှုပ်တော်ပုံကရောဒီလောက်ပဲလား ဘာတွေ ထပ်ရှိဦးမလဲ…. သရဲခြောက်တယ်ဆိုတာရော အမှန်တကယ်ပဲလား လုပ်ကြံနေတဲ့သူရှိနေတာလားဆိုတာကို စောင့်မျှော်ကြည့်ပေးကြပါဦးနော်

5.9 2023
Mr Yin-Yang
The Duchess
6.9

Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချော Keira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ် မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့ လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooper တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင် ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့ အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကို ထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့ မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင် Georgiana ဟာ အားလုံးသိတဲ့ မင်းသမီး Diana Spencerနဲ့လည်း ဆွေမျိုးတော်စပ်ပါသတဲ့။ ဇာတ်လမ်းအကျဉ်း‌အနေနဲ့ကတော့ Georgiana Cavendish ဆိုတဲ့အမျိုးသမီးလေးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ မြို့စားတစ်ဦးနဲ့လက်ထပ်ခဲ့ရပြီး မြို့စားရာထူးကိုဆက်ခံပေးမယ့် သားယောက်ျားလေးတစ်ဦးကို မွေးဖွားပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူတို့အိမ်ထောင်ရေးကြားထဲကို လေဒီအဲလိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ဦးကလည်း ပါဝင်လာခဲ့ပါတယ်။ အခုလိုအိမ်ထောင်ရေးအရှုပ်အရှင်းတွေကြားထဲက ဂျော်ဂျီနာရဲ့ ဘဝဇာတ်ကြောင်းကို လိုက်ပါစီးမျောခံစားနိုင်မယ့် ဇာတ်ကားကောင်း‌တစ်ကားပဲဖြစ်ပါတယ်။ File size…1.52GB / 746MB Quality…Web-Rip 1080p / 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Fantasy • Horror • Comedy
6.9 2008 110 mins
The Duchess
Crypto Boy

ဒီနှစ် ၁၀ လပိုင်းမှာတင် Netflix ကထွက်ထားတဲ့အသစ်စက်စက်ဇာတ်ကားလေး။ ကားနာမည်အရဆို ခရစ်ပတို အကြောင်းအဓိကပြရိုက်ထားသလိုထင်ရပေမဲ့ ကြည့်ကြည့်ရင် အဖေနဲ့ သားကြားက သံယောဇဉ်ပတ်သတ်မှု bond တစ်ခုကိုမြင်ရမှာပါ။ အသက် ၂၀ မခံချင်စိတ်အပြည့်၊မြှီးကောင်ပေါက် အရွယ် အာမီရ်နဲ့ အရွယ်ရောက်လာလည်းသားသမီးအပေါ်ကလေးလို ဘာမှမလုပ်တတ်သေးပါဘူးဆိုပြီး ဘယ်အရာမှ စိတ်မချ လက်မလွှဲတတ်တဲ့ မက္ကဆီကန်စားသောက်ဆိုင်ပိုင်ရှင် အိုမာတို့ရဲ့အဖေတစ်ခု၊သားတစ်ခုဇာတ်အိမ်လေးဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်သားဖြစ်ပေမဲ့ deli ပဲလိုက်ပို့နေရတော့စိတ်အိုက်လာတဲ့တစ်နေ့ deli လိုက်ပို့ရင်း ရွိုင်ရဲ့ခရစ်ပတိုဟောပြောပွဲကိုရောက်သွားတော့၊ ရွိုင်မှာ အာမီရ်ဖြစ်ချင်အားကျရတဲ့ ငယ်ရွယ်ချမ်းသာပျော်ပါးပြီး လုပ်ငန်းကိုဦးစီးနေတာတွေ့ရချိန် အာမီရ်အားတွေတက်ပြီး ရွိုင်လိုဖြစ်အောင်လုပ်မယ်ဆိုပြီး ရွိုင့်ရဲ့ ခရစ်ပတိုကုမ္ပဏီမှာအလုပ်ရအောင်လျှောက်ပါတော့တယ်။ ရွိုင်ကလည်း အာမီရ်လုပ်ရည်ကိုင်ရည်ကိုသဘောကျသွားတော့အလုပ်ခန့်ပြီး ဘောနပ်စ်တွေပါပေးလိုက်ပါသေးတယ်။ လူကြီးတို့သဘာဝအတိုင်း အသစ်အဆန်းတွေထွက်လာရင်စိတ်တိုင်းမကျသံသယများတတ်တဲ့ အိုမာက သားဖြစ်သူ ခရစ်ပတိုဆိုတဲ့အသစ်အဆန်းနဲ့အလုပ်လုပ်ပြီးငွေအများကြီးရနေတာ့ မယုံသင်္ကာစိတ်ပူမိပြီး သားအဖ နှစ်ယောက်အခြေအနေကအရင်ကထက် တကျက်ကျက်ပိုဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ ဘဝဆိုတဲ့အတိုင်း တန်းတန်းမတ်မတ်သွားတာဘယ်ရှိမတုန်း။ တနေရာရာ ခလုတ်ငုတ်တို့နဲ့တိုက်မိချိန်မှာတော့ ဒီသားအဖနှစ်ယောက်ပဲရှိချိန်တစ်ယောက်ကိုတစ်ယောက်မှီတင်းဖေးမရင်းသံဝေဂရစရာကြည့်ရမှာဖြစ်ပါတယ်…. File size…(1.4 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre..Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2023
Crypto Boy
Wake of Death
5.5

Wake of Death (2004) 2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မကြာခင် ကလပ်​လောကက​နေ အနားယူ​တော့မယ်လို့ ဘန်အာချာတစ်​ယောက် လုပ်​ဖော်ကိုင်ဖက်​တွေကို​ပြောပြီး​နောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်​​ယောက် ကင်မ်ဆိုတဲ့ တရားမဝင်​ရွေ့​ပြောင်း​နေထိုင်သူက​လေးကို ကူညီ​​ပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှု​နောက်ကွယ်က တရုတ်ဂိုဏ်း​နောက် ဘန်တစ်​ယောက်လိုက်လံ​ချေမှုန်းရာက​နေ ဘယ်လိုဆုံးရှုံးမှု​တွေ ဘယ်လိုအခက်အခဲ​တွေနဲ့ ​တွေ့ရမလဲ… ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကား​ကောင်း​တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 730MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 31Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.5 2004
Wake of Death
What Death Leaves Behind
6

What Death Leaves Behind(2018) *********************************** အလုပ်ကြိုးစားပြီး ဘဝကိုရိုးစင်းစွာဖြတ်သန်းနေတဲ့သူတစ်ယောက်ရှိတယ်… တစ်နေ့တော့ သမရိုးကျ မဟုတ်တဲ့ဖြစ်စဉ်ကြီးတစ်ခု မလွှဲသာမရှောင်သာ သူရင်ဆိုင်လိုက်ရတယ်…အဲဒါကတော့ သူ့ကျောက်ကပ်အစားထိုးကုသလိုက်ရတာပါပဲ… ကျန်းမာရေးအဆင်ပြေနေပေမဲ့ အစားထိုးပြီးကတည်းက သူ့ရင်ဘတ်ထဲက ကျောက်ကပ်အကြောင်းကို အချိန်ပြည့်တွေးနေတယ်… သူ့ရဲ့ အတွေးအခေါ်တွေဟာလည်း သာမန်လူတစ်ယောက်လိုမဟုတ်တော့ဘူး… အဲဒီနောက် သူ့ပတ်ဝန်းကျင်မှာလည်း လူသတ်မှုတွေတိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတယ်… သူနဲ့ ပတ်သက်နေလား ဒီလူသတ်မှုတွေက … ဒီပြသနာအရှုပ်တွေကို သူဘယ်လိုရင်ဆိုင်မလဲ..ဆိုတာကိုတော့ ခံစားကြည့်ပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်… File Size : 1.11GB/ 450MB Quality : WEB-DL 1080p / 720p Format…mp4 Duration…01:26:00 Genre : Mystery, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Tiff

6 2018 87 mins
What Death Leaves Behind
Scooby-Doo! WrestleMania Mystery
6.2

ဒီတစ်ခါမှာတော့ စမတ်ဒေါင်းကို နှစ်ခြိုက်ခဲ့ကြတဲ့ သူတွေအတွက် WWE ပါဝင်တဲ့ ပဟေဠိကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ WWE ရဲ့ သမိုင်းဝင် လူ နဲ့ ဝက်ဝံ သတ်ပုတ်ခဲ့တဲ့ နပမ်းပွဲကနေ စပြီးမှီတည်လာတဲ့ ပဟေဠိကို တွေ့ရှိရမှာ ဖြစ်ပါတယ် ထို သမိုင်းဝင် နပမ်းပွဲအပြီး နှစ်တွေအကြာကြီး ကြာတဲ့အခါမှာတော့ WWE မြို့တော်အနီးမှာ ဝက်ဝံမိစ္ဆာအကြောင်း ကောလဟာလတွေ ထွက်လာပါတော့တယ် ဇာတ်လမ်းအစမှာ စကူးဘီ နဲ့ ရှက်ဂီဟာ စမတ်ဒေါင်းဂိမ်းကို အရူးအမူးဆော့ကြရင်း ဂိမ်းရဲ့ နောက်ဆုံး အဆင့်ထိနိုင်သွားပြီးတော့ WWE မြို့တော်ကို သွားရောက်လေ့လာဖို့ ဖိတ်ကြားခံလိုက်ရပါတော့တယ် WWE ကို အရူးအမူးဖြစ်နေကြတဲ့ စကူးဘီတို့ဟာ ကျန်တဲ့ အဖွဲ့သားတွေကို နပမ်းမြို့တော်ကို သွားနိုင်ဖို့ ပူဆာကြပါတော့တယ် ဇာတ်လမ်းထဲမှာ WWE ရဲ့ နာမည်ကျော် ဂျွန်စီးနား ကိန်းတို့ အပါအဝင် တခြားနာမည်ကြီး အများအပြားလဲ ပါဝင်တာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ဒီလိုနဲ့ စကူးဘီတို့အဖွဲ့ နပမ်းမြို့တော် ရောက်တဲ့အခါမှာတော့ ဘယ်လို ပဟေဠိတွေ ပြသနာတွေကို ဖြေရှင်းကြဦးမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် File Size : 1.5 GB, 883 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 24min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Nwe Hnin Thazin Encode by : Thit San Khant

6.2 2014 84 mins
Scooby-Doo! WrestleMania Mystery
Zero Dark Thirty
7.4

Zero Dark Thirty (2012) IMDb Rating (7.4) / Rotten Tomatoes (91 %) “အိုစမာ ဘင်လာဒင် ” ဆိုတဲ့ကမ္ဘာကျော် နာမည်ကိုအားလုံးကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တာဝါ ၂ ခုကို အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့တဲ့ (၉/၁၁) ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အိုစမာ ဘင်လာဒင်ဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၉/၁၁ ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ ဘင်လာဒင်ရဲ့အရိပ်အယောင်ကို အမေရိကန်တွေ ရှာမတွေ့ခဲ့ကြပါဘူး။ ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့လက်ကနေ နှစ်အများကြီးလွတ်အောင် ဘင်လာဒင် ဘယ်လိုပုန်းကွယ်ခဲ့လဲ။ အဲဒီလိုပုန်းကွယ်နေရင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ပြီး အမေရိကန်ကိုဆက်လက်အထိနာစေတဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့လဲ။ အပုန်းကောင်းသူကြီး အိုစမာ ဘင်လာဒင်ရဲ့ နေရာကို အမေရိကန်တို့ ဆယ်နှစ်ကြာအောင် ဘယ်လို စတေးမှုတွေနဲ့ ဘယ်လိုခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး သုတ်သင်ခဲ့ရလဲ ဆိုတာတွေကို ဒီရုပ်ရှင်မှာ အသေးစိတ်ကြည့်ရှုကြရမှာပါ။ ‌Zero Dark Thirty ဆိုတဲ့အဓိပ္ပါယ်ကတော့ သန်းခေါင်ယံကျော်လွန်ပြီး မိနစ် သုံးဆယ်အကြာကို ဆိုလိုတာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ ဘင်လာဒင်ကို အမေရိကန်တို့ သုတ်သင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးက Rating တွေမြင့်ပြီး ကြည့်ရှုသူတိုင်းကြိုက်ကြတဲ့ ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်ကားဖြစ်ပြီး အော်စကာဆုတဆု ရရှိခဲ့သလို အခြားသော ဆုပေးပွဲတွေမှာလဲ ဆုပေါင်း ၈၆ ဆုထိရရှိခဲ့ပါတယ်။

7.4 2012
Zero Dark Thirty
Steppenwolf Dala qasqiri
6.4

Steppenwolf (2024) IMDb Rating (6.4) / Rotten Tomatoes (79%) ဒီကားနာမည်က သိဒ္ဓတ္ထဝတ္တုကိုရေးခဲ့တဲ့ ဂျာမန်စာရေးဆရာကြီး ဟားမန်းဟက်ဆီရဲ့ Steppenwolfဆိုတဲ့ ဝတ္တုနာမည်ကိုပဲ ပေးထားတာ။ ဒါပေမဲ့ အဲဒီဝတ္တုရဲ့ ဇာတ်လမ်းကို ယူထားတာတော့မဟုတ်ဘူး။ ဇာတ်လမ်းရဲ့အစမှာ Steppenwolfထဲက ဇာတ်ကောင်ရဲ့ ကိုယ့်ကိုယ်ကိုယ်ကရော လူ့ဘောင်ကရော လွတ်မြောက်မှုကို ထင်ဟပ်စေတဲ့ စကားကို ယူသုံးထားတယ်။ အဲဒီစကားက ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် အမျိုးသမီးကိုရော အမျိုးသားကိုရော ထင်ဟပ်နေတယ်။ ” လူ့ဘောင်ကြီးရဲ့ ရည်ရွယ်ချက်ကိုလည်း ငါနားမလည်နိုင်သလို လူတွေသာယာနေကြတဲ့ ပျော်စရာတွေဆိုတာကိုလည်း ငါမခံစားတတ်တဲ့နောက် ငါက တစ်ကိုယ်တည်းသမား ဧကစာရီကျင့်ကြံသူ ဖြစ်လာရတော့တာပေါ့” ဟားမန်းဟက်ဆီရဲ့ ဟန်အတိုင်း လွတ်မြောက်မှုအစစ်ဆိုတာကို သရုပ်ဖော်ထားတဲ့ စာသားပါပဲ။ ဒီကားက မငြိမ်သက်တဲ့ တိုင်းပြည်တစ်ခုရဲ့ ရိုက်ခတ်မှုကြားက အဖော်မဲ့သွားတဲ့ လူ၂ယောက်ရဲ့ ဖြစ်စဉ်ကို ရက်စက်မှုတွေ တစ်သီတစ်သန်းနဲ့ သရုပ်ဖော်ထားတဲ့ ကား။ မသိရင် အက်ရှင်ကားလို့ ထင်ရအောင်ကို ပစ်ခတ် သတ်ဖြတ်တာလည်း သိပ်များတယ်။ ဥပဒေမဲ့နေတဲ့ နိုင်ငံမှာ ဖြစ်ချင်တိုင်း ဖြစ်ချင်နေတဲ့ အခြေအနေတွေကြားက လူတွေကို သရုပ်ဖော်ထားတယ်ပေါ့။ အောက်ကစာတွေကတော့ ဆောင်းပါးတစ်ခုမှာ ဒီကားအကြောင်းရေးထားတာလေးက သဘောကျစရာတော့ ကောင်းလို့ ထုတ်နုတ် ဘာသာပြန်ပေးလိုက်တာပါ။ စစ်ပွဲတွေက ဘယ်တော့မှ မပြောင်းလဲဘူး။ စစ်ပွဲဒဏ်ခံရတဲ့လူတွေပဲ ပြောင်းလဲကုန်ကြတာပါပဲ။ ဒီရုပ်ရှင် ဇာတ်အိမ်တည်ရာ Kazakhstan နိုင်ငံဆိုတဲ့နာမည်က Boratကားနဲ့ ရုပ်ရှင်သမားတွေ အားလုံးသိကြတဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့ Kazakhstanရုပ်ရှင်တွေကတော့ ကမ္ဘာကို သိပ်ပျံ့နှံ့ပုံမရဘူး။ ဒီနိုင်ငံက ကမ္ဘာပေါ်မှာ နဝမမြောက်အကြီးဆုံးနိုင်ငံဆိုတော့ ဒီလိုဖြစ်နေတာ ဆန်းတော့ဆန်းသား။ တစ်ခါတလေကျ တစ်ကမ္ဘာလုံး နိုင်ငံတစ်ခုနာမည်ကို ရင်းနှီးသွားဖို့ ရုပ်ရှင်တစ်ကားပဲလိုတယ်။ Steppenwolfက ဒီနိုင်ငံရဲ့ ရုပ်ရှင်လောကကို ရုပ်ရှင်ပရိသတ်တွေ အာရုံစိုက်မိစေမယ့် ရုပ်ရှင်ပါပဲ။ Steppenwolfဟာ ကျွန်တော်တို့ စိတ်ကိုချမ်းမြေ့စေမယ့် ရုပ်ရှင်တစ်ကားတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကမ္ဘာကြီးကို ပိုသိဖို့ ကျွန်တော်တို့ကြည့်ဖို့လိုတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ခံစားချက်တွေစိုပြေစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ဖို့တော့ တော်တော်အလှမ်းဝေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.7 GB) / (680 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Dram,Thriller Duration….01:42:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Drama
6.4 2024 102 mins
Steppenwolf Dala qasqiri
Twelve O’Clock High
7.7

ဒုတိယကမ္ဘာစစ်ကြီးမှာ ၂၁သန်းကနေ ၂၅သန်းကြားရှိ စစ်သားတွေ ကမ္ဘာတစ်ဝှမ်းအများအပြား အသက်ပေးခဲ့ကြရပါတယ်။ စစ်ပွဲမှာ ယောက်ျားအရင့်အမာကြီးတွေ အနေနဲ့ ဘယ်လောက်စိတ်ဓာတ်မာကြောနိုင်ကြနိုင်မလဲဆိုတာ တစိမ့်စိမ့်ခံစားကြည့်ရှုနိုင်မယ့် IMDb 7.7 ရထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်း လေတပ်ဗိုလ်ကြီး ဒဗန်ပေါ့ဦးဆောင်တဲ့ အင်္ဂလန်ကိုရောက်ရှိနေတဲ့ အမေရိကန်လေတပ် တပ်ရင်းအမှတ် ၉၁၈ဟာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားပြီး အကျအဆုံးနဲ့အထိအခိုက် များလာတဲ့အတွက် ဗိုလ်ကြီး ဒဗန်ပေါ့ အထောင်းခံနေရပါတယ်။ တပ်သားတွေကို မိသားစုဝင်လို ချစ်ခင်ဆက်ဆံတတ်ပြီး သက်ညှာတတ်တဲ့ ဗိုလ်ကြီး ဒဗန်ပေါ့ကို အေးဆေးတည်ငြိမ် ခက်ထန်လွန်းတယ်လို့နာမည်ကြီးတဲ့ သူငယ်ချင်းဖြစ်သူ ဗိုလ်ချုပ် ဖရန့်ခ်ဆားဗေ့နဲ့ အထက်က အစားထိုးလိုက်ပါတယ်။ ရောက်ရောက်ချင်း စောက်နဲ့ထွင်းဆိုသလိုပဲ မိန့်ခွန်းပြောအပြီးမှာတင် တပ်သားအားလုံးက ဖရန့်ခ်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘဲ ရွှေ့ပြောင်းမိန့်အတွက် အားလုံးတစ်ညီတည်း စာတင်ကြပါတော့တယ်။ ဒီလိုအခြေအနေကနေ ဖရန့်ခ်တစ်ယောက် ဒီတပ်ရင်းကို လိုချင်တဲ့ပန်းတိုင် ရောက်အောင် ဘယ်လိုကြိုးစားမလဲ။ တပ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုရော ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ ကြည့်ရမှာပါ။ မျက်ရည်မချူ မျက်ရည်မကျစေဘဲ ကမ္ဘာစစ်တွေအတွင်းက ယောက်ျားသားတွေရဲ့ မျိုးစုံသော ဖိအားကို လက်တွေ့ဘဝမှာ အနုပညာဆန်ဆန် တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 4.1 GB GB / 2.62 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 12m Genre ….. Drama / War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Mahaw Htike Lay

Drama • Thriller
7.7 1949 132 mins
Twelve O’Clock High