YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Strange Tales of Jiang Cheng E43 1080p WEB-DL CM.mp4

171.6 MB N/A video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bridget Jones's Baby
6.4

~ IMDb - 6.5/10, RT - 78%, Meta - 59% ~ ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။ 2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။ အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ဒိတ်လွန်နေတော့ ဘရစ်ဂျစ်မှာ ကိုယ်၀န်ရှိလာပါတော့တယ်။ ကိုယ်၀န်က ဘယ်သူ့ဟာလဲဆိုတာ မသိတဲ့အခြေအနေမှာ တစ်ညအတူအိပ်ခဲ့တဲ့သူကလည်း မီလီယံနာသူဌေးတစ်ယောက်ဖြစ်နေပါတယ်။ ကိုယ်၀န်ကိစ္စကို နှစ်ယောက်လုံးသိသွားတဲ့အခါမှာ နှစ်ယောက်လုံးက ဘရစ်ဂျစ်နဲ့ကလေးကို အပြိုင်အဆိုင်ဂရုစိုက်ပါတော့တယ်။ ဒါပေမဲ့လည်း မာ့ခ်ကတော့ အလုပ်များတာနဲ့ ဘရစ်ဂျစ်လိုတဲ့အချိန်မှာ မလာနိုင်တာမျိုးဖြစ်ပြီး ကတောက်ကဆဖြစ်တာမျိုးရှိပါတယ်။ နောက်ဆုံး DNA စစ်ပြီးတဲ့အခါမှာ ကလေးရဲ့ဖခင်အစစ်က ဘယ်သူဖြစ်မလဲ၊ ဘရစ်ဂျစ်ကရော ဘယ်သူ့ကိုရွေးချယ်မှာလဲ၊ ဘရစ်ဂျစ် အမှန်တကယ်ချစ်တဲ့သူက ကလေးဖခင်ဖြစ်ပြီး ပျော်ရွှင်စွာအဆုံးသတ်မှာလားဆိုတာ ဟာသလေးတွေပါရောပြီး စိတ်၀င်စားဖွယ်ကြည့်ရမှာပါ။ နာမည်ကျော်အဆိုတော် Ed Sheeran ကလည်း Guest အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 840MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 48Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Thriller
6.4 2016 123 mins
Bridget Jones's Baby
Jumanji: The Next Level
6.9

အကုန်လုံးစောင့်နေတဲ့ Jumanji တော့လာပါပြီ IMDb 7 နဲ့ toamtoes မှာ 71 ရထားပါတယ် ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါ စပန်ဆာတစ်ယောက်နေရင်းထိုင်ရင်း Jumanji ထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ် အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ် ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲ စပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ် ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်း ပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲ ဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာ ဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီး အပြင်ကိုဘယ်လိုပြန်ထွက်မလဲ သူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ...။ File Size : (4.6 GB)/(2.2 GB)/(1.2 GB) Quality : BluRay 4K HEVC / 1080p /720p Running Time : 2 hr 03 min Format : mkv/mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin,Nyeinsaeya Aung

Comedy • Drama • Romance
6.9 2019 123 mins
Jumanji: The Next Level
Get Out
7.6

IMDb - 7.7/10_____Rotten - 98% Won 1 Oscar. Another 152 wins & 201 nominations လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ ဆက်ဆံပါတယ် ... ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ ... ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် ... အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့ အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ဂျ် မိသားစုရဲ့ မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာပြီး ထွက်ပြေးဖို့ကြိုးစားပါတော့တယ် သူ အဲ့ဒီလို ထွက်ပြေးဖို့ကြိုးစားတာက အောင်မြင်ပါ့မလား သူ့ချစ်သူ ရို့စ် ကကော ... သူ့ရဲ့မိသားစုဝင်တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်Horror/Mystery/Thriller အမျိုးအစားဖြစ်ပြီး IMDB rating လည်း 7.7 ထိ ရထားတာဖြစ်တာကြောင့် CM ပရိသတ်များ ကြိုက်နှစ်သက်ကြဦးမယ်လို့ထင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Scrn ဖြစ်ပါတယ်) File Size : 752 MB Quality : Bluray 720P Running Time : 1hr 44minutes Format : Mp4 Genre : Horror,Mystery Translator : Scrn Encoder :Thanhtike Zaw

Action
7.6 2017 104 mins
Get Out
Daliland
6

Dalíland (2022) =========== IMDb Rating – 6.0/10 Salvador Dali..1990 ခုနှစ်တွေရဲ့ အကြီးကျယ်ဆုံးသော ပြင်သစ် ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိထိ လည်း ပန်းချီလောကမှာ သူ့ရဲ့ အနုစိတ်တဲ့ စုတ်ချက်တွေ တမူထူးခြားထဲ့ လက်ရာတွေကြောင့် ပြောစမှတ်တွင်ဆဲ ဖြစ်ပြီး၊ Nobel Work 7ဆုထိတောင် ပိုင်ဆိုင်ခဲ့ပါတယ်။ 1904 ခုနှစ်မှာ မွေးခဲ့ပြီး 1989..အသက် 84 နှစ်မှာကွယ်လွန် ခဲ့ပါတယ်..ဒီကားလေးကတော့ Dali ရဲ့ အသက် 70 နောက် ပိုင်းကနေစပြီး သူမဆုံးခင်အထိ သူ့ဘဝရဲ့ နေဝင်ချိန်ကာလမှာ ကြုံတွေ့ရခဲ့တဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေကို Docum- entary ဆန်ဆန်ပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သိပ်ကို ထူးချွန်လှတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ စိတ်နေစိတ်ထားအပါ အဝင် အနုပညာသမားတွေဟာ သိပ်ကိုခံစားချက်နုနယ်လှတာ ကြောင့် Dali တစ်ယောက် သူ့ဘဝရဲ့ နေဝင်ချိန်မှာ ဘာတွေဘယ် လိုကြုံတွေခံစားခဲ့ရလဲဆိုတာကိုပါကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(2.2 GB) / (724 MB) / (423 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama Translator…….Thetti Tun Encoder……….SWM

Action • Fantasy • Thriller
6 2022 97 mins
Daliland
Oliver Twist
6.8

ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံး ပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက် လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေး တစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့ မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့ ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။ လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကို ရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့ သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုး လူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင် ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။ File size…2.07GB / 898MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 10m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

6.8 2005 130 mins
Oliver Twist
The Ipcress File
7.2

The Ipcress File (1965) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ ဗြိတိသျှရုပ်ရှင်အစည်းအရုံးရဲ့ ၂၀ရာစုအတွင်း အကောင်းဆုံးဗြိတိသျှရုပ်ရှင် ၁၀၀ မှာ နံပါတ် ၅၉ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကိုတော့ Len Deighton ရဲ့ ၁၉၆၂ ခုနှစ်ထုတ် The Ipcress File စာအုပ်အပေါ် အခြေခံရိုက်ကူးထားပါတယ်။ စာအုပ်အပေါ်အခြေခံကြတာက မထူးဆန်းပေမဲ့ ဒီစာအုပ်ကျတော့ စပိုင်ဝတ္ထုလောကကို အတော်ရိုက်ခတ်ခဲ့တဲ့စာအုပ်ဖြစ်နေတယ်။ သူ့ခေတ် သူ့အခါအရ စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် စပိုင်ဇာတ်လမ်းတွေခေတ်စားခဲ့တယ်။ အဲဒီစာအုပ်တွေထဲကမှ ဒီစာအုပ်ဟာ လက်တွေ့ဘဝနဲ့ ဆက်နွယ်မှုရှိပြီး တကယ့် စပိုင်တွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပီပီပြင်ပြင် ဖော်ပြခဲ့တာကြောင့် အတော်ကိုကျော်ကြားခဲ့တာမျိုး‌ပေါ့။ ဒီစာအုပ်က Len Deighton ကို ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်စေခဲ့သလို ရုပ်ရှင်အနေနဲ့ ပြန်ရိုက်တဲ့အချိန်မှာလည်း Sir Michael Caine ကို ကမ္ဘာကျော်မင်းသားဖြစ်စေခဲ့တယ်။ Sequel အနေနဲ့ Funeral in Berlin (1966) နဲ့ Billion Dollar Brain (1967) တို့ထွက်ခဲ့တယ်။ ဇာတ်လမ်းကတော့ အေးအေး ကောင်းကောင်းကြီးပဲ။ မုန့်တစ်ခုကို စားနေတုန်း ဗိုက်ပြည့်အောင်သာစားနေပေမဲ့ ကုန်ခါနီးကျမှ ပိုပိုပြီး အရသာရှိလာနေသလိုပေါ့။ ဇာတ်လမ်းကတော့ စပိုင်ကားထုံးစံ သိပ္ပံပညာရှင်တယောက် ပြန်ပေးဆွဲခံလိုက်ရတာကနေ စတယ်။ အဲဒီအချိန်မှာ ထောက်လှမ်းရေးရဲ့ မှတ်တမ်းတွေအရ သိပ္ပံပညာရှင်တွေ အကြောင်းမဲ့ ပျောက်သွားတာ ဒီတယောက်နဲ့ဆိုရင် ၁၇ ယောက်ရှိနေပြီ။ ပြန်ရောက်လာကြတဲ့အခါမှာလည်း သိပ္ပံပညာအလုပ်တွေကိုဆက်မလုပ်ကြတော့ဘူး။ အဲဒီတော့ ဒီလို “ဦးနှောက်ခမ်းခြောက်မှု” ကိစ္စကို အဖြေရှာဖို့အတွက် သူလျှိုတန်ပြန်ရေးဌာနရဲ့ တာဝန်ဖြစ်လာတယ်။ အထူးသဖြင့် ပါလ်မာပေါ့။ ဒီထဲမှာ Michael Caine က ပါလ်မာ ဆိုတဲ့ ဇာတ်ကောင်နဲ့ လုံးဝတထပ်တည်းကျသွားတယ်။ ခွဲခြားမရနိုင်အောင်ကိုဖြစ်သွားတာ‌မျိုး။ ပါလ်မာဆိုတာက စပိုင်တယောက်ပဲ။ ဂျိမ်းစဘွန်းတို့ ဘာတို့လို “ရုပ်ရှင်ထဲမှာပဲရှိတာပါကွာ” လို့ ထင်ရတဲ့ စပိုင်အလန်းစားမျိုးမဟုတ်ဘူး။ သူက ကမ္ဘာစစ်ကာလတုန်းက မှောင်ခိုတွေလုပ်လို့ စစ်ထောင်လည်းကျခဲ့ဖူးတယ်။ ထောင်ကျရင်း ဗိုလ်မှူးကြီးရော့စ်က သူ့အရည်အချင်းကို သိတာကြောင့် အာမခံနဲ့ ထုတ်ပေးပြီး ထောက်လှမ်းရေးမှာ ခိုင်းနေတာပေါ့။ ဖွန်ကြောင်ရတာလည်း အတော်ဝါသနာထုံတယ်။ သူက ဂျိမ်းစဘွန်းလို အားတိုင်း ဖိုက်တင်တွေပလေးပြတဲ့ ဖိုက်တာလည်းမဟုတ်ဘူး။ ရှားလော့ဟုမ်းလို အမှုသီးသန့်လိုက်တဲ့ စုံထောက်လည်းမဟုတ်ဘူး။ သူက စပိုင်။ လက်တွေ့ဘဝက စပိုင်တွေနဲ့ အနီးစပ်ဆုံး ရိုက်ကူးထားတယ်။ အဲဒီလိုနဲ့ ဒီအမှုကို သူတို့လိုက်ကြတယ်။ လူကိုပါ တင်ရောင်းနိုင်တဲ့ မှောင်ခိုဈေးကွက်မျိုးရှိတဲ့လူက ငှက်ခါး ဆိုတဲ့ ဘဲကြီးပဲရှိတယ်။ အဲဒီတော့ သူ့ကို လိုက်ကြလေသတည်းပေါ့။ ဒါပေမဲ့ အမှုက ထင်သလောက်မရိုးရှင်းဘူး။ နောက်ကွယ်က သိပ္ပံစမ်းသပ်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ သပွတ်အူလိုရှုပ်နေတယ်။ အဲဒီအရာတွေထဲက Ipcress ဆိုတာကတော့ ဘယ်လိုအဓိပ္ပာယ်ရှိမလဲ… ဘာရည်ရွယ်ချက်နဲ့လုပ်ကြသလဲ… အဲဒီဇာတ်ရှုပ်ကြီးကို ဘယ်လို‌ဖြည်မလဲ… ကြည့်ရမှာပါ။ ဇာတ်လမ်းကလည်း ၂ နာရီနီးပါးဆိုတော့ အတော်ပေရှည်တဲ့ထဲပါပါတယ်။ ဒါပေမဲ့ ကြည့်ရကျိုးနပ်ပါလိမ့်မယ်။ ရုပ်ရှင်နဲ့ ပေရှည်နေပြီးတာတောင် အားမရလို့ ‌၂၀၂၂ တုန်းက စီးရီးအနေနဲ့ ထပ်ရိုက်ထားပါသေးတယ်။ အဲလ်ဖရက်ဒ်ကြီးရဲ့ ငယ်ဘဝကိုတွေ့ရမယ့်အပြင် စိတ်ဝင်စားဖို့လည်း အတော်ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.2 1965
The Ipcress File
Kick-Ass
7.6

Kick-Ass (2010) IMDb Rating (7.6) / Rotten Tomatoes (77%) ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။ Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ….. ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ သာမာန်လူငယ်တစ်ယောက်ပါပဲ။ Spiderman လို ပင့်ကူအကိုက်ခံရလို့ မဟုတ်ဘူး။ ဒါပေမဲ့ လူ့လောကရဲ့ မတရားခြင်းတွေရဲ့အကိုက်ခံခဲ့ရတယ်။ ကြီးနိုင်ငယ်ညှင်းတွေ နေရာတိုင်းမှာ ရှိတယ်။ မြို့ထဲက လမ်းကြားတွေမှာ ဒုစရိုက်သမားတွေဟာ ရိုးအတဲ့ လူတစ်ချို့ဆီက ပိုက်ဆံတွေ မတရားတောင်းမယ်။ သတ်ဖြတ်ခြင်းတွေ ရှိမယ်။ အမျိုးသမီးတွေကို လှောင်ပြောင်ရာကစလို့ ကိုယ်ထိလက်ရောက်စော်ကားခြင်းတွေထိ ရှိမယ်။ ဒါတွေကို ရဲဆိုသူတွေက အကုန်လုံးကို မသုတ်သင်နိုင်ကြဘူး။ တစ်ချို့ကို လျစ်လျှူရှုထားတတ်ကြတယ်။ ဒါဆို ဒီအားနည်းတဲ့သူတွေကို ဘယ်သူတွေက ကယ်တင်မှာလဲ။ ဒီလိုနဲ့ Kick Ass ဆိုတဲ့ လူတစ်ယောက် မြို့ထဲကို မသိမသာ ရောက်ရှိလာတော့တယ်။ ဝတ်စုံကို online ကဝယ်တယ်။ လက်နက်ဆိုယုံ တုတ်လေး 2 ချောင်းကို ကျောမှာ သယ်ပြီး ညဘက်ဆို လမ်းမတွေပေါ်မှာ လျှောက်သွားပြီး ကူညီရမယ့်သူတွေကိုတွေ့ရင် ကြောင်ကို လိုက်ရှာပေးရတာကအစ လုပ်ပေးတဲ့ သူမျိုး။ မတရားမှုတွေနဲ့ပြည့်ကျပ်နေတဲ့ လောကကြီးကို မိမိတတ်စွမ်းသလောက် ကယ်တင် ကူညီချင်တဲ့ စိတ်ပေါ့။ လူပုံစံကကြည့်တော့ ငပိန်ငကြောက်လေး ဘာစွမ်းအားမှမရှိတဲ့ hero ဖြစ်နေပေမယ့် လက်မရွံ့လူသတ်သမားတွေကို သူ့ဝတ်စုံလေးဝတ်လိုက်တာနဲ့ မနိုင်မှန်းသိနေတာတောင်အသေခံချတဲ့ လူစားမျိုး ဒဏ်ရာတွေကြောင့် ဆေးရုံမှာအကြာကြီးသတိလစ် ဒဏ်ရာတွေသေလောက်အောင် အမြဲရနေလည်း သူ့ဝတ်စုံလေးဝတ်လိုက်တာနဲ့ အားတွေပြန်ပြည့်လာတာမျိုး Super hero တစ်ယောက်ဖြစ်ဖို့ ပင့်ကူကိုက်စရာ လက်နက်ပစ္စည်းအထောက်အပံ့တွေယူစရာ စွမ်းအားတွေရှိစရာမလိုပါဘူး…. ဝတ်စုံလေးတစ်ခုရယ် လက်နက်တစ်ခုရယ်နဲ့ ကူညီချင်တဲ့စိတ်တစ်ခုရယ်နဲ့ အဲ့ဒီဟီးရိုးကတော့ Kick Ass။ (ရုပ်ရှင်အညွှန်းကို Moe Myint Lwin မှ တင်ဆက်ထားပါတယ်။) 4K Quality ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့ တင်ဆက်ထားတာမလို့ 4K ဖိုင်ကို HDR Play နိုင်တဲ့ ခေတ်ပေါ် Device များသာကြည့်ရှုလို့ရမှာဖြစ်ပြီး 1080p နဲ့ 720p ဖိုင်တွေကိုတော့ ပုံမှန်အတိုင်း ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

7.6 2010
Kick-Ass
All of Us Strangers
8

All of Us Strangers (2023) ~ IMDb – 8/10, RT – 96%, Meta – 90% ~ ဂျပန်စာရေးဆရာ Taichi Yamada ရဲ့ ၁၉၈၇မှာထွက်ခဲ့တဲ့ Strangers ဆိုတဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ ရိုက်တဲ့ ဒါရိုက်တာ Andrew Haigh က ရိုက်သမျှကားတိုင်း မှတ်ချက်တွေကောင်းသလို LGBTQ+ ကားတွေပဲ အရိုက်များတဲ့ ဒါရိုက်တာပါ။ Sherlock စီးရီးထဲ မိုရီယာတီအနေနဲ့ လူသိများခဲ့တဲ့ Andrew Scott နဲ့ Normal People နဲ့ လူသိများသလို Aftersun နဲ့ မနှစ်က အော်စကာဆန်ခါတင်ဝင်ပြီး နာမည်လည်း တော်တော်ရလာတဲ့အပြင် ဒီနှစ်လည်း ဒီကားမတိုင်ခင် Foe ထွက်ထားသေးတဲ့ Paul Mescal တို့ အဓိကသရုပ်ဆောင်ထားတယ်။ ဒီရုပ်ရှင်က Queer ကားဆိုပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးထက် အင်ဒရူးစကော့ရဲ့ဇာတ်ကောင် အဒမ်ရဲ့ ထရော်မာကိုပဲ အဓိကထားတင်ဆက်ထားတယ်။ မကြည့်ခင်ကတော့ ဂေးရိုမန့်ကားသက်သက်ထင်ခဲ့ပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲတယ် ပြောရမှာပဲ။ ရွှေကမ္ဘာလုံးမှာတော့ အင်ဒရူးစကော့က သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပေမဲ့ အော်စကာတော့ ဆန်ခါတင် တစ်ခုမှမဝင်ခဲ့ဘူး။ ဒါပေမဲ့လည်း တချို့ကတော့ လီယိုတို့ ဘယ်ရီတို့ထက် အင်ဒရူးစကော့ ဆန်ခါတင်မဝင်တာက အော်စကာရဲ့ Biggest Snub လို့ ပြောကြတယ်။ အဒမ်နဲ့ ဟယ်ရီဆိုတဲ့ Queer နှစ်ယောက်က လူသူသိပ်မနေသေးတဲ့ နေရာတစ်ခုမှာ အခြေချကြရင်း သူတို့ချင်း ချစ်မိသွားကြတယ်။ သူတို့ရဲ့ အချစ်ဇာတ်ကို အဖြစ်လောက်သာထည့်ထားပြီး အဒမ်ရဲ့မိဘတွေအိမ်ကို အဒမ်သွားတဲ့အကြောင်းတွေ… သူ့ Homosexual ဖြစ်တည်မှုကို သူ့ကိုယ်သူနဲ့ သူ့မိဘတွေ သူ့ဘေးကလူတွေ လက်ခံခြင်း မခံခြင်းအကြောင်းတွေဆီကို ဦးတည်ထားတယ်။ တစ်ခုရှိတာက ဒီကားက ရိုမန့်သက်သက်မဟုတ်ဘဲ Fantasy ပါပါတော့ အရှိတရားကနေ ကင်းလွတ်နေတဲ့ Fantasy ဆန်ဆန်အရာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့ ဒီကားရဲ့ Genre ကို Fantasy Romance လို့တော့ လက်ခံဖို့ခက်တယ်။ All of Us Strangers ဟာ လူတစ်ယောက်ရဲ့ ထရော်မာတွေအကြောင်းကို သရုပ်ဆောင်‌ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့‌ ရုပ်ရှင်ပါပဲ။ မဆန်းတော့တဲ့ဇာတ်ကို ဆန်းတဲ့တင်ဆက်ပုံနဲ့ တင်ဆက်ထားတယ်လို့ ပြောရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 585MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 45Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
All of Us Strangers
The Greatest Night in Pop
8

နတ်ဖလစ်ကနေ ထုတ်လွင့်တင်ဆက်ပေးလိုက်တဲ့ ပေါ့ပ်ဂီတရဲ့ ဂန္တဝင်ညတစ်ညအကြောင်းပေါ့ဗျာ။ အခု တင်ဆက်ပေးချင်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ “We are the world”သီချင်း ဖန်တီးခဲ့တုန်းကအချိန်ကို ရှင်သန်နေသေးတဲ့ အဆိုကျော်ကြီးတွေ ပရိုဂျူဆာတွေ ကင်မရာမန်းတွေ မီးအလင်းအမှောင်ဆရာတွေကနေ ပြန်ပြောင်းပြောပြထားတာတွေပါ။ အားလုံးသိကြတဲ့အတိုင်းပဲ ဒီသီချင်းကို ဖန်တီးရေးဖွဲ့ခဲ့တာက မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီ။ စစချင်း စူပါစတားတွေ လေးစားရတဲ့ ပရိုဂျူဆာ ကန်ကရေဂန်စီစဉ်ခဲ့တာက စတီဗီနဲ့ လိုင်ယွန်နယ်တို့ရေးကြဖို့။ စတီဗီကို ဆက်သွယ်လို့မရတဲ့အဆုံးမှာ မိုက်ကယ်နဲ့ လိုင်ယွန်နယ်တို့ အတူတူရေးဖွဲ့ဖြစ်ခဲ့ကြတယ်။ မိုက်ကယ်က ဒီသီချင်းကို ပါဝင်ရေးဖွဲ့ခဲ့ပေမဲ့ ဝင်ဆိုဖို့ ရုပ်သံဗီဒီယိုထဲမှာပါဝင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။ မင်းရဲ့ ဂီတသက်တမ်းတလျောက်မှာ နောင်တအကြီးအကျယ်ရလိမ့်မယ်ဆိုတဲ့ ပရိုဂျူဆာရဲ့တိုက်တွန်းမှုနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ခါက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုကျော်ကြီးတွေကို အာဖရိကက ငတ်မွတ်ခေါင်းပါးမှုတွေ ဖြေလျော့ဖို့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ သူတို့တွေဘယ်လိုခက်ခက်ခဲခဲနဲ့ စုစည်းပြီး ဒီသီချင်းဖြစ်မြောက်ဖို့ ကြိုးစားခဲ့ရပုံတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre… Documentary, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

8 2024 97 mins
The Greatest Night in Pop
Legacy of Rage
6

ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6 1986
Legacy of Rage
Shadow of Fire
7

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလ ဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီး ဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင် “အနက်ရောင်ဆီးနှင်းကျတဲ့ည”လို့တင်စားခေါ်ဝေါ်တဲ့ တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်း တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများ အပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့ အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကို လစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေး တစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန် စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။ သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာ အစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည် ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက် ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါ ထင်ဟပ်ပြသထားပြီး တကယ့်ကို ခံစားမှုရသပေးစွမ်းနိုင်တဲ့ စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားကောင်း တစ်ကားလို့ ဆိုပါရစေ။ File size…1.59GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , History , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7 2023
Shadow of Fire
Sugar Baby Youtopia
5.2

Sugar Baby (2018) IMDb Rating (5.2) ဒီအီတလီရုပ်ရှင်ကတော့ ရိုးရိုးလေးပေမဲ့ အကြောင်းအရာမဆိုးဘူးလို့ပြောရမယ်။ အစစအရာရာပျက်ယွင်းနေတဲ့ ယောက်ျားသားမရှိတဲ့ အဘွား, အမေ, သမီးပဲရှိတဲ့ မိသားစုတစ်ခုရဲ့ အခက်အခဲတွေကို အခြေတည်ထားတယ်။ သူတို့မိသားစုက နေထိုင်စားသောက်ဖို့ ခက်ခဲနေတဲ့အပြင် အိမ်ကလည်း အပေါင်ဆုံးတော့မယ် စားစရာခက်ခဲရုံမက နေစရာပါမရှိဖြစ်တော့မယ်။ ဒီအချိန်မှာ အမေတစ်ယောက်ရဲ့ စိတ်ဖိစီးမှုတွေကို ကျွန်တော်တို့ကိုပြတယ်။ အဲဒီဒဏ်ကို သမီးက ခံရပုံကိုလည်းပြတယ်။ ဖြေရှင်းကြပုံကတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပါပဲ။ သူ့သမီးက စစချင်း Dark Web မှာ အဖော်အချွတ်လုပ်ရင်း ရတဲ့ငွေနည်းနည်းကို သူ့အမေကိုပေးတယ်။ ဒါပေမဲ့ ပိုကြီးတဲ့ပြဿနာက နှစ်ပတ်အတွင်းအိမ်ကိုလေလံတင်ရောင်းတော့မယ်လို့ ဘဏ်က စာပို့လာတာပေါ့။ ဒီအချိန်မှာ အားလုံးကြံရာမရဖြစ်နေကြတဲ့အချိန် သူ့သမီးက သူ့အပျိုစင်ဘဝကို လေလံတင်ရောင်းပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့လုပ်ခဲ့တယ်။ ဘာတွေဆက်ဖြစ်မလဲတော့ ရုပ်ရှင်မှာ ဆက်မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:32:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

History
5.2 2018 94 mins
Sugar Baby Youtopia
Aku Jati, Aku Asperger
7.8

Aku Jati, Aku Asperger (2024) IMDb Rating (7.8) ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် Jati ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးက သူ့မှာ အခြားသူတွေနဲ့ ဆက်ဆံရေးခက်ခဲတဲ့ Asperger’s syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိတယ်။ အဲဒီရောဂါကြောင့် Jati က နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ၊ အချိန်ဇယားတွေကို အလွန်အမင်းအားကိုးပြီး သူ့ရဲ့အချိန်ဇယားတွေ ပျက်သွားရင် စိတ်မထိန်းနိုင်ဖြစ်တတ်တယ်။ Jati က သူ့အစ်ကို Daru နဲ့ Daru ရဲ့ချစ်သူ Kiara နဲ့ တစ်အိမ်တည်းမှာ အတူနေတယ်။ ဒါပေမဲ့ Daru နဲ့ Kiara ပြတ်သွားပြီး Kiara အိမ်ပေါ်ကနေ ဆင်းသွားပြီးနောက်မှာတော့ Jati ရဲ့ နေထိုင်မှုပုံစံကလည်း အကုန်ပြောင်းသွားတယ်။ သူ့အတွက် ဒီအပြောင်းအလဲဆိုတာက လက်မခံနိုင်တဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတော့ Jati တစ်ယောက် သူ့အစ်ကိုအတွက် ချစ်သူအသစ်ရှာပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ ချစ်သူအသစ်ရှာခရီးစဉ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (760 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:21:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Horror
7.8 2024 88 mins
Aku Jati, Aku Asperger