YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Story of Kunning Palace E18 1080p WEB-DL CM.mp4

605.48 MB N/A video/mp4 106 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Holly and the Hot Chocolate

IMDb Rating - 6.3/10 ဒီဇာတ်ကားလေးကတော့ မင်းသား Ryan Farrel နဲ့ မင်းသမီး Hanna Gaffney တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ် Fancy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ခရစ္စမတ်ကို နောက်ခံ ထားရိုက်ကူးထားတဲ့ကားလေးဖြစ်လို့ ပွဲတော်အကြောင်းတွေ၊ ပျော်စရာလေးတွေကိုတော့ ပေါပေါသီသီကိုမြင်တွေ့ရမှာဖြစ်ပါ တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဇာတ်လမ်းလေးတွေကြည့်ချင်တဲ့ သူတွေအတွက်ကတော့ တော်တော်လေး သင့်တော်မယ်လို့ထင်ပါ တယ်။ ဒီဇာတ်ကားလေးထဲမှာကတော့ ပိုင်းဖောဆိုတဲ့ ပွဲတော်တွေကို အရမ်း ခုံမင်ကြတဲ့ မြို့ငယ်လေးတစ်မြို့ကို စတင်ဖော်ပြထားပါတယ်။ မိန်းမ ဆုံးပါးသွားပြီးကတည်းက ခရစ္စမတ်ဆိုရင် လှည့်တောင်မကြည့်ချင် တော့တဲ့အပြင်၊ တစ်မြို့လုံးက အရမ်းကြိုက်နှစ်သက်ကြတဲ့ Hot Chocolate ကိုတောင် လုံးဝမထိတွေ့တော့တဲ့ ရူဒီနဲ့ တစ်ဖက်မှာလည်း ခရစ္စမတ်ဆိုရင် အရမ်းကိုပျော်တဲ့ဟော်လီတို့ နှစ်ယောက်ကြားက အချစ် ကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဟော်လီက သူ(မ)ရဲ့ရည်းစားနေထိုင်ရာ ဘော်စတွန်ကိုအသွား လမ်းမှာ ကားမတော်တဆမှူဖြစ်ပြီး ရူဒီတို့မြို့လေးမှာသောင်တင်နေခဲ့ရာကနေစလို့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်မျှော်ရှုစားလိုက်ကြပါဦးခင်ဗျာ………. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်) File Size..........(1.07 GB) / (423 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Family Translator.......Lwin Bo Encoder..........SWM

Comedy • Drama
0 2022 66 mins
Holly and the Hot Chocolate
Eiffel
6.3

ပြင်သစ်သမိုင်းဖြစ်ရပ်မှန် ဒရာမ အသစ်လေး ကြည့်လိုက်ရအောင်။ ဇာတ်ကားနာမည်ကိုတွေ့တာနဲ့ သိသာနေပါပြီ။ အိုက်ဖယ်မျှော်စင် (အီဖယ်မျှော်စင်)ကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ ဂုစတက် အိုက်ဖယ်ရဲ့ အကြောင်းပါပဲ။ အိုက်ဖယ်မျှော်စင်ကို ၁၈၈၇ ခုနှစ် ဇန်နဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂ နှစ် ၂ လ နဲ့ ၅ ရက်အကြာ ၁၈၈၉ မတ်လမှာ ပြီးစီးခဲ့ပါတယ်။ မီတာ ၃၀၀ အထိ မြင့်ပြီးတော့ သံတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ကမ္ဘာကျော် ဧရာမအဆောက်အဦအမြင့်ကြီးကို ဆောက်တဲ့နေရာမှာ ထူးခြားစွာပဲ သေဆုံးခဲ့သူ ကြီးကြီးမားမားထိခိုက်ခဲ့သူမရှိခဲ့ပါဘူး။ ဒါဟာလည်း အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ မျှော်စင်ကြီးစတည်ဆောက်ဖို့အကြောင်းဖန်လာပုံတွေ၊ ကြိုးစားခဲ့တာတွေ အခက်အခဲတွေကို ရိုးမန့်စ်ဒရာမာလေးတွေနဲ့ရောပြီး ပြသထားပါတယ်။  ရုပ်ရှင်ကောင်းတစ်ခုပဲမို့ တင်ပေးလိုက်ပါတယ်။ File size…(1.49GB)/(662MB)/(425.5 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Comedy • Family • Science Fiction
6.3 2021 108 mins
Eiffel
Northeast Zoo
6

ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဘဝအမောတွေပြေစေဖို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေရှင် ။ “ မြို့ကိုတက်ပြီးအလုပ်လုပ်နေပေမဲ့ အလုပ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူ ၊ ဖခင်ဖြစ်သူဟာ လျောင်ခရိုင်မှာ တိရိစ္ဆာန်ရုံတစ်ခုကိုဖွင့်လှစ်ထားပေမဲ့ ၎င်းတိရိစ္ဆာန်ရုံကို ဦးစီးဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိသူ ၊ ဖခင်နဲ့လဲ ဆက်ဆံရေး အဆင်မပြေသူ – စွင်းရှောင်ဟူ ” တစ်နေ့မှာတော့ ရင်းနီးမြှုပ်နှံသူတစ်ချို့ဟာ စွင်းရှောင်ဟူ ဖခင်ရဲ့ တိရိစ္ဆာန်ရုံကို စီးပွားရေးနယ်ချဲ့ဖို့အတွက် မျက်စိကျနေခဲ့ကာ တိရိစ္ဆာန်ရုံမြေနေရာကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်လာခဲ့ပါတယ် ။ အဲဒါနဲ့ပဲ အလုပ်အကိုင် / ငွေကြေးအဆင်မပြေတဲ့ စွင်းရှောင် ဟူကို ငွေနဲ့ဖျားယောင်းကာ တိရိစ္ဆာန်ရုံရဲ့ စီးပွားရေးဖျက်ဆီးပစ်ပြီး မြေနေရာကို ဖယ်ခိုင်းခဲ့ပါတယ် ။ ဖခင်အပေါ်လဲ စိတ်ကျေနပ်မှုမရှိတဲ့ စွင်းရှောင်ဟူဟာ ဒီသဘောတူညီချက်ကိုလက်ခံပြီး တိရိစ္ဆာန်ရုံကို ဖျက်ဆီးပစ်ဖို့ စီစဥ်လာခဲ့ပါတော့တယ် ။ ❏ စွင်းရှောင်ဟူတစ်ယောက် ဖခင်ဖြစ်သူကိုဘယ်လိုရင်ဆိုင်မှာလဲ ? ❏ တိရိစ္ဆာန်ရုံဖျက်ဆီးပြစ်ဖို့ အကြံကရော အောင်မြင်နိုင်ပါ့မလား ? ❏ သူ့အပေါ်ဆို ဘယ်အရာနေနေ သစ္စာရှိကြတဲ့ သူငယ်ချင်းတွေကရော သူ့လုပ်ရပ်အတွက် ခွင့်လွှတ်နိုင်ပါ့မလား ? ❏ ဘယ်လိုအလွဲလွဲ အမှားမှားတွေ ဖြစ်လာဦးမလဲဆိုတာ ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။

6 2023
Northeast Zoo
Sun and Concrete
7.6

Sun and Concrete (2023) ~ IMDb rating – 7.6/10 ~ “Sun and Concrete” ဆိုတဲ့စကားလုံးကို မြင်လိုက်ရင် တော်တော်များများက နေ နဲ့ ဘိလပ်မြေဆိုပြီးတော့ ထင်ကြမှာအမှန်ပါပဲ။ ဒါပေမဲ့ ဒီကားမှာတော့ ဂျာမနီနိုင်ငံက “နေရောင်အောက်က မြို့ပျက်လေး” တစ်မြို့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီဇာတ်ကားဟာ ဆန်ခါတင်စာရင်း ၅ ခုထဲပါခဲ့တဲ့အပြင် မျက်နှာသစ်သရုပ်ဆောင်ဆုကိုပါရရှိထားပါတယ်။ ဒါ့အပြင် IMDb မှာ 7.6/10 နဲ့ 2023 မှာ ဂျာမန်ရဲ့ တတိယအကောင်းဆုံးဇာတ်ကားအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်သူငယ်ချင်းလေးယောက်ဖြစ်ကြတဲ့ လူးကတ်စ်၊ ဂျူးလိယက်စ်၊ ဂျီနိုနဲ့ ဆန်ချက်ဇ်တို့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အကျဉ်းကိုပြောရမယ်ဆိုရင် လူးကတ်စ်တို့လေးယောက်ဟာ ဘာလင်မြို့ရဲ့ နူကိုလင်ရပ်ကွက်မှာ နေထိုင်ကြတာပေါ့။ သူတို့လေးယောက်ဟာ နေ့တိုင်း တုတ်၊ ဓား၊ ရန်ပွဲ နဲ့ မူးယစ်ဆေးတွေကြားမှာ ဘဝကြီးကိုရုန်းကန်နေရသူတွေပါ။ ဒါပေမဲ့ တစ်နေ့မှာ သူတို့ဘဝရဲ့ အမှားကြီးတစ်ခုကိုလုပ်ဖို့ ဆုံးဖြတ်ချက်ချမိသွားပါတယ်။ လူးကတ်စ်တိုလေးယောက် ဘယ်လိုအမှားတွေကျူးလွန်ခဲ့ကြသလဲ၊ နောက်ဆုံးမှာ ဘယ်လိုအကျိုးဆက်တွေခံစားလိုက်ရလဲဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ တစ်ဝကြီးခံစားရမှာပဲဖြစ်ပါတယ်။ ဒီ “Sun and Concrete” ဟာဆိုရင် ၂၀၀၀ ခုနှစ်စွန်းစွန်းက ဘာလင်ရဲ့ရပ်ကွက်တစ်ခုမှာဖြစ်သွားတဲ့ တကယ့်အဖြစ်အပျက်အပေါ်အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ လက်လွန်ခြေလွန်ဖြစ်တတ်တဲ့ လူငယ်တွေအတွက်ရည်ရွယ်ပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း ဘဝအတွေ့အကြုံ သင်ခန်းစာပေါင်းများစွာကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 925MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 59Min Genre – Adventure, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Thriller • Action • Drama • TV Movie
7.6 2023 119 mins
Sun and Concrete
Everybody Loves Jeanne
6.4

Everybody Loves Jeanne (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ဂျန်းမေယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်ပေါ့။ ဂျန်းဟာ ထက်မြက်တယ်၊ ဦးဆောင်နိုင်တယ်၊ လူဝင်ဆန့်တယ်။ သူ့ရှေ့အနာဂတ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အလားအလာကောင်းတွေ တသီကြီး စောင့်နေတယ်ပေါ့။ အဲဒီလို ဂျန်းဟာ တစ်ရက်မှာ သူ့ဘဝရဲ့ ဆုံးရှုံးမှုအကြီးစားကြီးတစ်ခု ကြုံလိုက်ရပြီး ဒေဝါလီခံရလုဆဲဆဲဖြစ်ပါတော့တယ်။ အကြံကုန် ဂဠုန်ဆားချက်၊ ဂျန်းတစ်ယောက် သူ့အမေချန်ခဲ့တဲ့ တိုက်ခန်းကို ရောင်းပြီးအကြွေးဆပ်ဖို့ကြံရွယ်ပြီး သူ့အမေ အသက်ရှိတုန်းက နေထိုင်ခဲ့ရာ လစ်ဘွန်ဆီ ခရီးထွက်ခဲ့ပါတော့တယ်။ ဒီကားမှာ စိတ်ဝင်စားဖို့ကောင်းတာက ပြင်ပကမ္ဘာမှာ မြင်နေရတဲ့ ဂျန်းမဟုတ်ပါဘူး။ လူတစ်ကိုယ် အတွေးပေါင်းသောင်းခြောက်ထောင်ဆိုတဲ့အတိုင်း ဂျန်းရဲ့ ခေါင်းထဲမှာဖြစ်ပျက်နေတဲ့ အတွေးတွေ အသံတွေကို ကိုယ်စားပြုပြီး ပြထားတဲ့ အန်နီမေးရှင်းတွေပါ။ ထက်မြက်တဲ့ ဦးဆောင်နိုင်တဲ့ လူဝင်ဆန့်တဲ့ အားလုံးကချစ်ကြတဲ့ ဂျန်းရဲ့ အတွင်းပိုင်းမှာက ဝရုန်းသုန်းကားဆန်မှုတွေ၊ မလုံမလဲမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမှုတွေ၊ နောင်တတွေ၊ ရံဖန်ရံခါ သတ်သေချင်လာတဲ့ နေ့တွေ… ဒါတွေအကြောင်းပေါ့။ ဒီကားကို ခေါ်သွားတဲ့အဓိကပြဿနာက ဂျန်းရဲ့ ငွေရေးကြေးရေး ပြဿနာဆိုပေမဲ့ ကြည့်ရှုသူအနေနဲ့ အဲဒီပြဿနာကို မေ့သွားစေပြီး ဂျန်းရဲ့ ကိုယ်ပိုင်ဘဝ ဂျန်းရဲ့ စိတ်အတွင်းပိုင်းဆီကို ခေါ်ဆောင်သွားပေးပါတယ်။ ပြောရရင် ပိုက်ဆံက ဂျန်းအကြောင်းကို ပိုသိရစေဖို့ အကြောင်းအရင်းလေးတစ်ခုမျှသာပါပဲ။ ဒီကားရဲ့ သာလွန်ချက်က အပေါ်မှာ ပြောခဲ့သလို ဂျန်းရဲ့ အတွင်းစိတ်ထဲကို ဝင်ခွင့်ရတဲ့အချက်ပါပဲ။ အဲဒီတော့ ဂျန်းကြားသလိုကြားရမယ် ဂျန်းမြင်သလိုမြင်ရမယ့်အပြင်ကိုမှ ဂျန်းတွေးနေတာတွေကို ဗီအိုင်ပီခုံကနေ ထိုင်ကြည့်ခွင့်ရသလိုပေါ့။ “ကျုပ်တို့အားလုံးသည် ဂျန်းများသာ” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 770MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 35Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Horror • Music • Action
6.4 2022 95 mins
Everybody Loves Jeanne
John and the Hole
5.2

John and the Hole (2021) =================== ဒီဇာတ်ကားကို လူစိတ်ဝင်စားနေကြတာ တော်တော်များနေကြတယ်။ ဖြစ်ချင်ရာ ဖြစ်တဲ့ လောကကြီးထဲက ကိစ္စရပ်တစ်ခုပဲပေါ့။ မိသားစုကို မရ ရတဲ့နည်းနဲ့ စွန့်ပစ် ခဲ့တဲ့ လူမမည် ကောင်လေးတစ်ယောက်ရယ်၊ သမီးလုပ်သူကို တာဝန်မဲ့စွာ စွန့်လွှတ် ထားပစ်ခဲ့တဲ့အမေရယ်။ လောကကြီးက ရယ်ရတယ်‌ဗျ။ သူ့ချိုချဉ်ကို ဝိုင်းလုနေကြတဲ့ လူ‌ဆိုးလေးတစ်သိုက်ကိုတော့ အနာခံပြီး ချိုချဉ်မပေးခဲ့တဲ့ ကောင်မလေးက သူ့ကို ကူညီရင်း အရိုက်ခံ ဝိုင်းသေးပန်းခံလိုက်ရတဲ့ ကောင်လေးကိုတော့ ရက်ရက်ရော ရောကြီး သွားပေးနေပြန်ရော။ စတီဖင်ချောင်ရဲ့ဇာတ်ကားပြောပါတယ်။ အခုလည်းပဲ လာမယ့်ဘေး ပြေးတွေ့ပြီး ဘာပဲဖြစ်ဖြစ် မကြောက်ဘဲ အမေ၊ အဖေနဲ့ အစ်မကို တွင်းကြီးထဲ ပစ်ချခဲ့တဲ့ကောင်လေး။ သူက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ နေချင် တယ်။ လူကြီးတစ်ယောက်လို လုပ်ချင်ရာလုပ်ပြီး ‌ဘဝကိုဖြတ်သန်းချင်တယ်။ လွတ် လပ်မှုကို ရချင်တဲ့ ၁၃ နှစ်သား။ ကောင်မလေးကတော့ သူ့ကို ပိုက်ဆံတစ်နှစ်စာပေးပြီးစွန့်သွားတော့မယ့် အမေကို အတင်းဖက်တွယ်လို့ အမေနဲ့ နေရပါမယ့်အကြောင်း တောင်းပန်တိုးလျှိုးနေပြန်ရော။ နင်လုပ်ချင်တာလုပ်၊ နင့်ဆုံးဖြတ်ချက်နဲ့နင်။ ဒါပေမဲ့ သူကတော့ အမေ့ဘေးမှာ အမေ့ ဆုံးဖြတ်ချက်နဲ့ပဲ နေချင်ပါတယ်ဆိုတဲ့ ၁၂ နှစ်သမီး။ သူတို့နှစ်ယောက်ကို နေရာလဲ ပေးခဲ့ရင်တောင် လောကကြီးက မာယာများလွန်းတော့အဆင်ပြေမယ်မထင်ပါဘူးလေ။ ဒီဇာတ်ကားကတော့ 2021 ကထွက်ခဲ့တဲ့ ကလေးစိတ်ပညာရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရထိုက်သလောက် ရထားပြီး Rating လည်း မဆိုးလှ ပါဘူး။ မိသားစုကို တွင်းထဲပစ်ချပြီး အစာကျွေးတလှည့် မကျွေးတလှည့်လုပ်နေတဲ့ ကောင်လေး။ သူဘယ်လိုစိတ်မျိုးနဲ့ ဆက်နေမလဲ။ တွင်းထဲမှာ နံနံစော်စော် ငတ်ငတ် ပြတ်ပြတ်နေခဲ့ရတဲ့ မိသားစုသုံးယောက်သား တွင်းထဲကနေ လွတ်မြောက်နိုင်ပါ့မလား။ စိတ္တဇရုပ်ရှင်ပီပီ ဇာတ်ကွက် ဦးစားမပေးဘဲ ရိုက်ချက်တွေနဲ့ပဲ ပုံဖော်သွားတာပါ။ ရွေး ချယ်ကြည့်ရှုဖို့ မဆိုးလှတဲ့ ဇာတ်ကားဖြစ်ကြောင်းပြောကြားရင်းတင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Chun Winchester ဖြစ်ပါတယ်) File Size……….(1.97 GB) / (776 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator……Arr Chun Winchester Encoder……….SWM

Thriller • Drama
5.2 2021 103 mins
John and the Hole
57 Seconds

ကြည့်ရှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားပါ။ ဝါရင့်သရုပ်ဆောင်ကြီး Morgan Freeman လည်းပါဝင်ထားပြီး အနာဂတ်မှာတိုးတက်လာတဲ့ နည်းပညာနဲ့ဆေးပစ္စည်းတွေရဲ့ အကျိုးဆက်က အမြဲတမ်းမကောင်းနိုင်ဘူး ဆိုတာကိုမီးမောင်းထိုးပြထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း….. ဖရန့်ကလင်းဖော့စ်ကတော့ ဇီဝနည်းပညာရှင်တစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူသေဆုံးမှုအတွက် တရားမျှတမှုကိုရှာပေးချင်နေတဲ့သူဖြစ်ပါတယ်။ လူတွေကိုလည်း အကောင်းဆုံးကျန်းမာရေးကိုပိုင်ဆိုင်နိုင်ဖို့ အမြဲနည်းလမ်းတွေပေးနေတဲ့သူဆိုလည်းမမှားပါဘူး။ တစ်နေ့မှာတော့ အကောင်းဆုံးကျန်းမာရေးကိုဖော်ဆောင်ပေးနေတဲ့ နည်းပညာရှင်ဂုရုကြီးနဲ့သွားတွေ့ရာက မထင်မှတ်ဘဲ လက်စွပ်တစ်ကွင်းကောက်ရလာခဲ့ပါတယ်။ အဲဒီလက်စွပ်က ရှေ့ ၅၇ စက္ကန့်ကိုပြန်ရစ်လို့ရတဲ့လက်စွပ်ဖြစ်နေမှန်းသိလိုက်ရတဲ့အချိန်မှာ… ဖရန့်ကလင်းတစ်ယောက် လက်စွပ်ရဲ့အစွမ်းကိုအသုံးချပြီး သူ့ညီမအတွက်တရားမျှတမှုကိုဘယ်လိုရှာပေးမလဲ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn

Music • Drama • History
0 2023 99 mins
57 Seconds
Sathiya Sothanai
7.6

Sathiya Sothanai (2023) “အမှန်တရားရဲ့တိုက်ပွဲ” IMDb 8.6/10 ၂၀၂၃ အစောပိုင်းက ထွက်ရှိခဲ့တဲ့ “A Jackfruit Mystery” ဆိုတဲ့ ဇာတ်လမ်းရဲ့ပိန္နဲသီးပျောက်ရှာပုံတော်လိုမျိုး ယခုတစ်ခေါက် Sathiya Sothanaiဆိုတဲ့ဇာတ်လမ်းထဲမှာတော့ အလောင်းပျောက်ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Premgi Amaren, Swayam Siddhaနဲ့ Reshma Pasupuletiတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ … ရွာပြင်က စားကျက်မြေမှာ ဆိုင်ကယ်ပတ်စီးနေတဲ့ ရိုးသားတဲ့ဖိုးသခွားလေး ပရာဒိတစ်ယောက် လူတစ်ယောက် သေနေတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပရာဒိဟာ သက်သေတွေပျောက်မှာစိုးပြီး အလောင်းဆီက လက်ဝတ်ရတနာတွေကို သူ့ကိုယ်ပေါ်ပြောင်းဝတ်လို့ ရဲစခန်းဆီ ဦးတည်ခဲ့ပါတယ်။ လမ်းမှာ အဘွားကြီးတစ်ယောက်နဲ့တွေ့လို့ ပတ်ရစ်ပြီး ဘွားတော်ပါ ဆိုင်ကယ်ပေါ်တင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းကို ရောက်သွားပြီး ရဲတွေပြန်အလာကို စောင့်နေတုန်း ကိုယ်ပေါ်က ပစ္စည်းတွေ ပျောက်သွားပါတယ်။ ပစ္စည်းတွေကလည်းပျောက် တိုင်စရာကလည်း မရှိနဲ့ ရွာပဲ ပြန်မယ်ဆိုတော့ ရဲတွေက အလောင်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ အလောင်းတွေ့ခဲ့တဲ့ဆီ ရောက်သွားတော့ အလောင်းပါ ပျောက်နေပါလေရော။ ဒီလိုကနေ လူရိုးလေးပရာဒိတစ်ယောက် လူသတ်မှု‌ထဲ ရောက်လာတဲ့အခါမှာတော့ လောဘကြီးတဲ့ ရဲတွေရဲ့ လက်တွေကနေ ဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေနဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြပါစို့နော်။(ဒီဇာတ်လမ်းကိုတော့ V ~ ToMo ~ KKKZ ~ Dee တို့က ညွှန်းဆိုဘာသာပြန်ထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Comedy • Adventure
7.6 2023
Sathiya Sothanai
Land of the Blind
6.4

Land of the Blind (2006) =================== IMDb Rating – 6.4/10 Land Of The Blind.2006 ဇာတ်ကားu နိုင်ငံရေး Drama ဇာတ်ကားပါ။ စာရေးဆရာက နိုင်ငံရေးအတွေအခေါ်ပေါ်အခြေပြုပြီးတော့ ဇာတ်လမ်းကို ဆင်ထားပါတယ်။ ကြည့်ရှုသူပရိတ်သတ်အနေနဲ့တော့ ဒါရိုက်တာတင်ပြထား တဲ့ရှုထောင့်ကပဲ တစ်သပ်မတ်တည်း ကြည့်ရှုခံစားပေးရမယ်လို့ မရှိဘဲ ဖြစ်နိုင် ခြေတွေကို ဒီဇာတ်လမ်းနှင့်အတူ ဝေဖန်သုံးသပ်ကြရမှာပါ။ ပဒေသရာဇ်အစဥ်အလာတွေကို မင်းမဲ့ဝါဒရောနှောထားတဲ့ သမ္မတဂိုဏ်သား တွေက ဖြုတ်ချပယ်ဖျက်ပြီးနောက်မှာ သမ္မတဂိုဏ်းသားတွေကလည်း သူ့တို့ ဟစ်ကြွေးခဲ့တဲ့မူတွေအတိုင်း မနေနိုင်ကြတာကြောင့် သူတို့အရေးတော်ပုံမ အောင်မြင်တဲ့အကြောင်း တင်ဆက်ထားတာပါ။ ဒါပေမယ့် ဒီနေရာမှာ စဥ်းစား စရာတွေက သမ္မတဂိုဏ်းသားတွေ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ နည်းနာတွေက တကယ် ပဲ သူတို့ဟစ်ကြွေးထားတဲ့အတိုင်းပဲ ဖြစ်နေသလား။ ဒါရိုက်တာရဲ့တင်ဆက်မှုမှာ ဘာတွေထပ်ပြီး သုံးသပ်လို့ရမလဲဆိုတာကိုတော့ ပရိတ်သတ်က ကြည့်ရှုရင်း ဆုံးဖြတ်ပေးရမှာပါ။ Best Narrative Features အပိုင်းမှာ ဆုအတွက် တင်သွင်း ခံရပြီးတော့ IMDb rating 6.4 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.77 GB) / (573 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Thy Santa Encoder……….SWM

Fantasy • Drama • Thriller
6.4 2006
Land of the Blind
A Walk in the Woods
6.4

ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီး အက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် 2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆို မတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော် ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာ အဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော် ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှ ဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကို အတူစတင်ကြပါတော့တယ်။ အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်း လမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းက မိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို ဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီး ဝေဖန်ခံစားလိုက်ပါ။ File size… 2.3 GB / 742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

6.4 2015
A Walk in the Woods
Madame Web

ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel’s Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။ မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ ဇာတ်လမ်းအကျဉ်း ကတ်စီ ဝက်ဘ် ဟာ အရေးပေါ်ကယ်ဆယ်ရေး ဆေးအကူဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ရင်း ရေထဲကျသွားပြီး နှလုံးရပ်သွားပါတယ်။ နှလုံးပြန်နိုးလာပြီး အသက်ရှင်လာချိန်မှာတော့ အနာဂတ်ရဲ့ဖြစ်ရပ်တွေကို ဖြတ်ခနဲ ဖြတ်ခနဲ မြင်နေရပြီးကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင့်ကူအစွမ်းတွေရှိနေတဲ့ အီဇီကီရယ်ဆိုတဲ့လူကလည်း သူ့အနာဂတ်ကို ကြိုမြင်နိုင်နေပြီး အနာဂတ်မှာသူ့ကိုသတ်မဲ့ ပင့်ကူမယ် ၃ ယောက်ကို ဆယ်ကျော်သက်ဘဝမှာလိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီ ကလေးမ သုံးယောက်ကို ကတ်စီဝက်ဘ်က အီဇီကီရယ် လက်ထဲက‌နေ ဘယ်လို ကယ်တင်ပြီး ပြန်တိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။ ဘယ်လိုတိုက်တိုက် Sydney Sweeney နဲ့ Dakota Johnson တို့တိုက်မှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။ 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။ File size…(4.5 GB)/(1.4 GB)/(1 GB) Quality….WEB-DL 4K HEVC/ 1080p / 720p Format…mp4 Duration….01:56:00 Genre…Action, Adventure, Sco-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung, Thit San Khant Translated by Mr. Anderson

TV Movie • Comedy • Drama • Romance
0 2024 117 mins
Madame Web
Trainspotting
8.1

Trainspotting (1996) IMDb Rating (8.1) / Rotten Tomatoes (90%) ဒါရိုက်တာ Danny Boyle က ရိုက်ကူးတင်ဆက်ထားပြီး Stars တွေဖြစ်တဲ့ Ewan McGregor, Jonny Lee Miller, Kevin McKidd မင်းသမီး Kelly Macdonald တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Trainspotting 1996 ဒီဇာတ်ကားကတော့ မာခ့်ဆေးစွဲနေတဲ့လူငယ်လေးတစ်ဦးနဲ့ သူ့မိတ်ဆွေတွေ မူးယစ်ဆေးကိုစွဲလမ်းနေပုံ၊ မူးယစ်ဆေးကြောင့် အမှားအမှန်မသိအရှက်အကြောက်မရှိတော့ပဲနဲ့ လုပ်ချင်တာတွေကို စိတ်ထင်တိုင်းလုပ်ကြပုံ။ ပတ်ဝန်းကျင်မှတွန်းအားပေးကူညီမှုကြောင့် မာခ့်တစ်ယောက်ဆေးပြတ်သွားသောအခါ သူ့ဘဝရှေ့ခရီးဘယ်လိုဆက်ဖြစ်မလဲ။ သူနှင့်ဆေးအတူသုံးတဲ့ မိတ်ဆွေတွေကို ဘယ်လိုအဆက်ဖြတ်ဖို့ကြိုးစားမလဲ ၊သူ့ရဲ့ဆိုးဖော်ဆိုးဖက်မိတ်ဆွေတွေကရော မာခ့်ကို အလွတ်ပေးပါ့မလား ၊ သူ့မိတ်ဆွေတွေကရော မူးယစ်ဆေးဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ စသည်တို့ကို ဟာသနှောကရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(2.5 GB) / (980 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama Duration….01:35:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

8.1 1996 94 mins
Trainspotting
Missing You
6.7

Missing You (2016) ******************* IMDb….6.7 ဒီတစ်ခါမှာတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ Crime, Thriller အမျိုးအစား ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးပါရစေ။ ဒီကားမှာတော့ Sunny ဇာတ်ကားမှ Shim Eun-Kyung နဲ့အတူ အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ရန်သရုပ်ဆောင်များဖြစ်ကြတဲ့ Yoon Je-Moon နဲ့ Kim Sung-Oh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဟီဂျူ (Shim Eun-Kyung) ဆိုတဲ့ မိန်းကလေး အသက် ၇ နှစ်အရွယ်မှာ စုံထောက်တစ်ဦးဖြစ်တဲ့ သူ့အဖေက တာဝန်ထမ်းဆောင်ရင်း အသတ်ခံလိုက်ရပါတယ်။ လူသတ်သမား ဂင်ဂီဘုမ်း (Kim Sung-Oh) ဆိုသူကတော့ လူသတ်မှု ၇ ခုထဲမှာမှ တစ်မှုအတွက်ပဲ အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရပြီး အပြစ်မရှိကြောင်း စီရင်ချက်ချခံရတဲ့ အမှု ၆ ခုထဲမှာ ဟီဂျူ့အဖေ အသတ်ခံရတဲ့အမှုလည်း ပါဝင်သွားပါတော့တယ်။ ၁၅ နှစ်ကြာပြီး ယခုလက်ရှိမှာတော့ ဟီဂျူက ကင်းထောက်လူငယ် ဂုဏ်ပြုဆုလက်မှတ်ကို ရရှိထားပြီး ဂင်ဂီဘုမ်းပြန်လွတ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေပါတယ်။ တစ်ဖက်မှာလည်း စုံထောက်ဂျိုဒယ်ယောင်း (Yoon Je-Moon) က သူ့ရဲ့ပါတနာဟောင်းဖြစ်သူ ဟီဂျူ့အဖေကိုသတ်မှုနဲ့ ဂင်ဂီဘုမ်းကို အပြစ်ရှိကြောင်း စီရင်ချက်ကျခံရစေဖို့အတွက် လက်မလျှော့ဘဲ ကြိုးပမ်းနေဆဲပေါ့။ အဲဒီလိုနဲ့ ဂင်ဂီဘုမ်း ထောင်က ပြန်လွတ်လာတဲ့အခါမှာတော့… ဟီဂျူတစ်ယောက် အဖေဖြစ်သူ အသတ်ခံရမှုအတွက် တရားမျှတမှုကို ဘယ်လို ပြန်လည်ရယူသွားမလဲ..။ စုံထောက်ဂျိုကရော ဂင်ဂီဘုမ်းကို ပြန်ပြီး ထောင်ထဲ ဖမ်းထည့်နိုင်မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဒီကားလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်…) File Size : 1.46GB/ 680MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

6.7 2016 108 mins
Missing You
Mobile Suit Gundam III: Encounters in Space
7.5

Mobile Suit Gundam Movies Trilogy Mobile Suit Gundam III: Encounters in Space (1982) Mobile Suit Gundam ဆိုတာက Anime လောကမှာဆိုရင် သူ့ဟာနဲ့သူ Star Wars လို့တောင် တင်စားလို့ရမယ်ထင်တယ်။ ဒီ ရုပ်ရှင် ၃ ကား Trilogy ကတော့ မူရင်းစီးရီးကို ရုပ်ရှင် ၃ ကားအဖြစ် ဖန်တီးထားပြီး Music ပိုင်း Animation ပိုင်း ပိုအားထုတ်ပေးထားတယ်။ နောက်ပြီး Mecha လို့ ခေါ်ရမယ့် စက်ရုပ်ကြီးတွေနဲ့ တိုက်ပွဲဆင်တာ ဘာညာကို စတင်မိတ်ဆက်ပေးတဲ့ကောင်လည်း ဟုတ်တယ်။ အဲဒီလိုဆိုလို့ စက်ရုပ်အက်ရှင်တွေပဲလားဆိုတော့ မဟုတ်ဘူး သူက လူသားတွေရဲ့ Emotional တွေ စစ်ရဲ့ဆိုးကျိုးတွေ နိုင်ငံရေးတွေပါ ထည့်သွင်းပုံဖော်ထားတာ။ Sci-fi, War, Psycological Drama ဆိုတာတွေကို အချိုးကျကျ ရောသမပေးထားတာမျိုး။ ဇာတ်လမ်းအကျဉ်းမပြောခင် သူတည်ဆောက်ထားတဲ့ကမ္ဘာမှာ လူသားတွေက အာကာသတွေပေါ်မှာ ကိုလိုနီလုပ် နေထိုင်နေကြပြီ။ အဲဒီမှာ Earth Federation နဲ့ Zeon ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့နှစ်ဖွဲ့ကွဲပြီး စစ်ဖြစ်နေကြရော။ Zeon ဖက်က Zaku ဆိုတဲ့ စက်ရုပ်ကြီးတွေနဲ့ လူမောင်းနှင်ပြီး တိုက်ခိုက်သလို Federation ဖက်ကလည်း Gundam, Guntank, Guncannon ဆိုပြီး စက်ရုပ်တွေနဲ့ ပြန်ဆော်ကြတယ်။ အဲဒီမှာ Federation ဘက်သားဖြစ်သူ ဖခင် အင်ဂျင်နီယာကြောင့် အာကာသစခန်းပေါ် လိုက်နေတဲ့ Amuro လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူတို့နေရာကို ဆုတ်ခွာမိန့်ပေးထားတာကို မကြားပဲ သူ ဝါသနာပါရာတွေလုပ်နေရင်း ကျန်ခဲ့တာ ။ ဒီမှာတင် Zeon တွေက ဝင်တိုက်တော့ ပြေးကြလွှားကြရင်းနဲ့ လမ်းမှာ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ Gundam ဆိုတဲ့ စက်ရုပ်ကြီးပေါ်ကို Manual ဖတ်ရင်း ပြန်ချရာကနေ ဒီကောင်က လက်စောင်းထက်လာပြီး White Base ဆိုတဲ့ စစ်ယာဉ်ကြီးနဲ့ လွတ်ရာကိုပြေးရင်း နောက်ကလည်း Zeon တပ်က တိုက်ခိုက်ရာကနေ ဒီ Trilogy တစ်ခု ဖြစ်လာခဲ့တာပါ။ ဒီလိုနဲ့ ပထမကားအရ အူကြောင်ကြောင်နဲ့ စစ်ပွဲထဲဝင်လာတဲ့ ကောင်လေးတစ်ယောက်ဟာ တဖြည်းဖြည်း ဒီ အကျည်းတန်ရုပ်ဆိုးတဲ့ စစ်ပွဲဆိုတာကြောင့် ဘယ်လို စိတ်ဒဏ်ရာတွေဖြစ်လာမလဲဆိုတာတွေ၊ Zaku Vs Gundam ချခန်းတွေ၊ Villain ဂန္ဓဝင်ဇာတ်ကောင် Char နဲ့ Amuro တို့ရဲ့ အဆက်မပြတ် တိုက်ပွဲတွေ ၊ ပြီးပြည့်စုံတဲ့ ကမ္ဘာတည်ဆောက်မှုနဲ့ ဖန်တီးမှုကြောင့် အဟောင်းဖြစ်သော်ငြား Old is Gold မို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်) File size… 3.58 GB / 2.22 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 2h 24m Genre ….. Anime/Action/ Sci-fi/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

Science Fiction • Action
7.5 1982 140 mins
Mobile Suit Gundam III: Encounters in Space