YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Stealer The Treasure Keeper(2023).EP4.WEB-DL.720P(CM).mp4

413.5 MB N/A video/mp4 2398 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Conference
6.5

သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ စဥ်းစား​ခဲ့တာဖြစ်ပြီး ပထမဆုံး​အနေနဲ့​ ဂျူး​တွေ​အားလုံးကို​ မာဒါဂါစကားကျွန်းကိုပိုဖို့စီစဥ်ခဲ့ပေမဲ့ စစ်ပွဲအခြေအနေနဲ့ ရေကြောင်း​အင်အားမလုံလောက်မှုကြောင့် အရှေ့ဘက်ဒေသလို့ခေါ်တဲ့ ဂျာမန်အသိမ်းပိုက်ခံ ပိုလန်နိုင်ငံကိုပို့ပြီး​ ဓာတ်ငွေ့ခန်းတွေထဲမှာ စီရင်​ဖို့​ဆုံးဖြတ်​ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေအားလုံးကို ဒီအစည်းအဝေးမှာပဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီစီမံကိန်းကို​ အကောင်​အထည်ဖော်ဖို့လိုအပ်တဲ့လုပ်ငန်းစဥ်တွေ၊ အသေး​စိတ်အချက်တွေကို ဆွေးနွေး​ကြတာကို သမိုင်းစိတ်ဝင်စားသူတွေအတွက် စိတ်ဝင်စား​ဖွယ်တွေ့မြင်ရမှာပါ။ ဒီ​ရုပ်ရှင်​က​ ဂျာမန်​တယ်လီဗေးရှင်းဆုများနဲ့​ နိုင်ငံ​တကာဆုများကိုလည်းရရှိထားပါတယ်။ အစည်းအဝေး​အစကနေ​ အဆုံးထိကို ရိုက်ကူး​ထားတာ​ဖြစ်ပြီး ဇာတ်ကား​တစ်လျှောက်​လုံး စကားတွေပဲထိုင်ပြောနေတာဖြစ်တဲ့အတွက် ပရိသတ်​တချို့အတွက်တော့ ပျင်းရိ​စရာကောင်းနေမှာဖြစ်ပေမဲ့ သမိုင်းကိုစိတ်ဝင်စားသူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခုဖြစ်မှာပါ။ ဘာသာပြန်သူ​ကတော့​ Wolfenheim​ ဖြစ်​ပါတယ်။ File size…(1.4 GB)/(600 MB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...History, War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemheim

Horror • Thriller
6.5 2022 107 mins
The Conference
Suite Française
7.3

Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး ၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်း နှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်း ဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကို ပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy
7.3 2015 103 mins
Suite Française
Lethal Weapon 4
6.6

Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။ File size…(2.41GB)  / (1.38GB) / (813.87MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

6.6 1998 127 mins
Lethal Weapon 4
Inside Men
7

ဒီကားဟာ ဆုပေါင်း ၂၁ ဆုရရှိခဲ့ပြီး Box Office ဝင်ခဲ့သလို   မင်းသားကြီး Lee Byung-hun လည်း   Best Actor ဆုရရှိခဲ့တယ်...   ဇာတ်ကားထဲမှာ ဒိတ်ဒိတ်ကျဲ အရောင်စုံမြေခွေးကြီးတွေနဲ့ဖွဲ့စည်းထားတာပြီး   ဒီဇာတ်ရုပ်တွေပီပြင်ဖို့ နာမည်ကြီး Casts တွေချည်းသုံးထားတယ်...   ခရိုနီတွေနဲ့ နိုင်ငံရေးလောကထဲဝင်တဲ့ အမတ်တွေရဲ့ဆက်ဆံရေး...   အမှုစစ်တွေ မီဒီယာတွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေ..   နောက်ကွယ်က အမှိုက်တွေအရှုတ်တွေလိုက်ရှင်းပေးနေတဲ့   လူမိုက်တွေနဲ့ ဒီဇာတ်လမ်းဟာ အတော်မိုက်တယ်..   Runtime (၃)နာရီအတွင်း ဇာတ်ကောင်တွေများသလို အကြောင်းအရာတွေကလည်း   တစ်ခုမှ လက်လွှတ်လို့မရလို့ အတော်လေးတော့ လိုက်မှတ်ရပါတယ်...   ပထမတင်စဉ်ဆက်စဉ်တုန်းက မူရင်းစာဖိုင်လိုအပ်ချက်လေးတွေရှိလို့   ယခု update ပေးထားပါတယ်..   နိုင်ငံရေးလောကဟာ ဘာမှမတော်တဆ မရှိဘူးဆိုတာ   အရွယ်ရောက်သူတိုင်းသိပြီးဖြစ်လို့ ဒီဇာတ်လမ်းဟာ   ကြည့်ရပိုလန်းနေမှာပါ.,,,   File Size : (3.40GB) (1.18GB) and (222MB) Quality : Blu-Ray 1080p5.1CH, 720p Format…mp4 Duration…03:00:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by A Htet Encoded by Phyo Pyae

Adventure • Comedy • Crime • Mystery
7 2015 130 mins
Inside Men
One Bad Turn
6.1

One Bad Turn (2022) ================ ဇာတ်ကားကတော့ နိုက်ဂျီးရီးယားက အာဖရီကန်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ drama အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်တစ်ခုရဲ့ ပြသနာတွေကို တင် ပြထားတာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေချင်း အိမ်ထောင်ကျတော့ လုပ်ငန်းမှာ နစ်မွန်းပြီးတော့ မိသားစုဘဝမရှိတော့တာကတစ်ဆင့် အိမ်ထောင်ဖောက်ပြန်မှုတွေ ကပ်လိုက်တာမျိုးကို တင်ပြပေးတာမျိုးပါ။ ပညာပေးဇာန်လမ်းတစ်ခုလို တင်ဆက်ထားပါတယ်။ 18+ scenes နည်းနည်းပါးပါး ရှိတော့ မိသားစုနဲ့ ကြည့်ရင်တော့ နည်း နည်း ရစ်ရမှာပါနော်။ဇာတ်လမ်းကို ကြည့်လို့ကောင်းအောင် ဆင်ထား တာတွေတွေ့ရမှာပါ။ အာဖရိကန်သရုပ်ဆောင်တွေချည်းပဲ ကြိုးစားပြီး သရုပ်ဆောင်ထားတာကိုလည်း တွေ့ရမှာပါ။ drama ရုပ်ရှင်ကားတွေ ကြိုက်နှစ်သက်သူတွေ အတွက်တော့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.72 GB) / (783 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror Translator…….Thy Santa Encoder……….SWM

6.1 2022
One Bad Turn
The Grifters
6.9

The Grifters (1990) ~ IMDb – 6.9/10, Rotten Tomatoes – 91% ~ National Board of Review of Motion Pictures ရဲ့ ၁၉၉၀ ခုနှစ်အတွက် အကောင်းဆုံး ရှပ်ရှင် ၁၀ ကားထဲက တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ သိတဲ့အတိုင်း ၁၉၉၀ ဆိုတာ ကားကောင်းတွေထွက်ခဲ့တဲ့နှစ်ဆိုတော့ အကောင်းဆုံး ၁၀ ကားထဲပါတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။ အော်စကာဆု ၄ ခု ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဒါရိုက်တာ၊ သရုပ်‌ဆောင်နဲ့ ဇာတ်လမ်းအပိုင်းတွေမှာ တခြားဆုကြီးတွေလည်း ရခဲ့တယ်။ ဒီရုပ်ရှင်ကို Crime ဝတ္ထု‌နယ်ပယ်မှာ ဩဇာရှိတယ်လို့ပြောလို့ရတဲ့ Jim Thompson ရဲ့ The Grifters ဝတ္ထုကို မှီငြမ်းထားတယ်။ ၁၉၉၀ မှာ Jim Thompson ရဲ့ ဝတ္ထု ၂ ခုကို မှီငြမ်းရိုက်ခဲ့တဲ့ ရုပ်ရှင် ၂ ကားထွက်ခဲ့တယ်။ “The Grifters” နဲ့ “After Dark, My Sweet” တို့ပေါ့။ ဒီဝတ္ထုကအရှိန်အဝါရှိတဲ့ ဝတ္ထုဆိုတော့ အရှိန်အဝါရှိတဲ့လူနဲ့ရိုက်မှတော်ကာကျမပေါ့။ အဲဒါကြောင့် အစက ဒီရုပ်ရှင်ကို ထုတ်လုပ်တဲ့ Studio Cineplex Odeon Films က Martin Scorsese ကို ဒါရိုက်တာလုပ်စေချင်ခဲ့တယ်။ ဒါပေမဲ့ မာတင်က Stephen Frears ကို ရိုက်ကူးဖို့ပြောပြီး သူကတော့ ပရိုဂျူဆာနေရာမှာပဲနေခဲ့တယ်။ Frears ကလည်း ဒီနှစ်(၂၀၂၃)ထဲမှာပဲ ရုပ်ရှင်နယ်ပယ်မှာ သူ့ရဲ့အားထုတ်မှုအတွက် သူရဲကောင်းဘွဲ့ရခဲ့တယ်။ Grifters ဆိုတာ ဖိုးတွမ်တိပေါ့။ ဖိုးတွမ်တိမှာတောင် ၂ မျိုးရှိတယ်။ Long-con ခေါ်တဲ့ အချီကြီးသမားနဲ့ Short-con ခေါ်တဲ့ တစ်ပွဲတိုးသမား။ အချီကြီးသမားတွေက ပိပိရိရိ ‌အသေးစိတ်အစီအစဉ်ဆွဲပြီး ငွေပမာဏအများကြီးကိုလိမ်တယ်။ တစ်ပွဲတိုးသမားတွေကတော့ ဖဲလိမ်သလို၊ အံစာတုံးလိမ်သလို၊ လက်လှည့်ပြကွက်မျိုးတွေနဲ့ တစ်ပွဲတိုးစာလောက်ပဲလိမ်တယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလန်က တစ်ပွဲတိုးသမား၊ သူ့ချစ်သူ မိုင်ရာကတော့ အချီကြီးသမားပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဒီလန်ဆီကို မတွေ့တာကြာတဲ့ သူ့အမေ လီလီ ရောက်လာတယ်။ လီလီက ဝါရင့်ဖိုးတွမ်တိသမားလို့ပြောလို့ရတယ်။ လတ်တလောကတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ မြင်းပွဲဒိုင်လုပ်နေတယ်။ အဲဒီလိုနဲ့ သူတို့ ၃ ယောက် ပြန်ဆုံပြီး အရင်းအနှီးကြီးတဲ့ ရှုပ်ထွေးမှုတွေထဲ ခြေရှုပ်မိကြတဲ့အချိန်မှာ အချင်းချင်း လိမ်လည်လှည့်ဖျားရင်း ပြန်လမ်းမရှိတဲ့ လမ်းတွေကို နင်းခဲ့မိကြတယ်။ ဒီရုပ်ရှင်မှာ အဓိကအနေနဲ့ တစ်ပွဲတိုးသမား ဒီလန် (John Cusack)၊ အရာရာကို မြှူပြီးဖြေရှင်းတတ်တဲ့ မိုင်ရာ (Anette Benning) နဲ့ ဒီလန်ရဲ့ အမေဖြစ်တဲ့ ဝါရင့်ဖိုးတွမ်တိ လီလီ (Anjelica Houston) တို့ပါဝင်ထားတယ်။ ဇာတ်ကောင်က ၃ ယောက်ဆိုပေမဲ့ ဇာတ်ကောင်တည်ဆောက်ပုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ လူ ၃ ယောက် စိတ် ၃ မျိုး။ လီလီက ဒီလန်ကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သူ့အသက် ၁၄ နှစ်ပဲရှိသေးတယ်။ အဲဒီတော့ သူတို့သားအမိက ကစားဖော်တွေလိုဖြစ်နေတယ်။ သူတို့ဆက်ဆံရေးကလည်း တော်တော်ကိုထူးဆန်းတယ်။ မိုင်ရာက တစ်ချိန်ကတော့ အချီကြီးလုပ်တဲ့ဆရာကြီး ကိုးလ်ဆိုတဲ့လူနဲ့ လက်တွဲလုပ်ခဲ့ပြီး အဲဒီလိုအချီကြီးမျိုးကိုသိပ်လုပ်ချင်နေတယ်။ အဲဒီအတွက် ဒီလန်နဲ့ပေါင်းပြီးလုပ်ချင်တယ်တကဲကဲဖြစ်နေတာပေါ့။ လီလီကတော့ မိုင်ရာကို သိပ်သဘောမကျဘူး။ သူကိုယ်တိုင်ကော သူ့သားကိုပါ ဒီ ဒုစရိုက်လောကထဲက ထွက်စေချင်တယ်။ ဒါပေမဲ့ ထင်သလောက်မလွယ်ပါဘူး။ ဒုစရိုက်လောကဆိုတာ အလျော်အစားကြီးပါတယ်။ ဒီရုပ်ရှင်မှာ ဘယ်သူက လူဆိုးလဲပြောဖို့ခက်လိမ့်မယ်။ ၃ ယောက်လုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဉာဏ်နီဉာဏ်နက်များကြတယ်။ နောက်ဆုံးကျန်ခဲ့မယ့်မေးခွန်းက… “ဘယ်သူက ဘယ်သူ့ကို လိမ်နေတာလဲ…” (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 50Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.9 1990
The Grifters
Christmas As Usual
5.4

Christmas As Usual (2023) ==================== Thea က ခရစ္စမတ်အတွက် သူ့မွေးရပ်မြေကိုပြန်ဖို့ သူနဲ့စေ့စပ် ထားတဲ့ ချစ်သူ Jashanကိုပါ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ Theaက သူ့မိသားစုကို Jashanက အိန္ဒိယလူမျိုးဖြစ်ကြောင်းနဲ့ သူတို့စေ့ စပ်ထားကြောင်းကို မပြောရသေးပါဘူး။ လူမျိုးချင်းမတူတဲ့ Thea နဲ့ Jashan တို့ ခရစ္စမတ်မှာ မတူညီတဲ့ ယဥ်ကျေးမှုဓလေ့ရိုးရာ ယုံကြည်မှုတွေကို ဘယ်လို မေးခွန်းထုတ် အမြင်ပြောင်းလဲစေ မလဲ၊ မိသားစုကြားက ခရစ္စမတ်အတွင်း ဘယ်လိုနွေးထွေးမှုတွေ ရှိလဲဆိုတာကို ကြည့်ရှုရမှာပါ။ နော်ဝေးမိသားစုလေးရဲ့ ပုံမှန်ခရစ္စ မတ်လေးက Jashan အတွက်တော့ ပုံမှန်ခရစ္စမတ်မဟုတ်ခဲ့တာမို့ သူဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ရင်တ မမနဲ့ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.39 GB) / (482 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thwal Htoo Zin Encoder……….SWM

Horror • Action • Fantasy
5.4 2023 89 mins
Christmas As Usual
Diaz – Don’t Clean Up This Blood
7.3

IMDb Rating 7.3 အထိရရှိထားတဲ့ Diaz – Don’t Clean Up This Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့ 2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာ ဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ် ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေ ဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက် သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစား နေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိ အကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့် ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲ အကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေ ဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကို တစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Thriller
7.3 2012
Diaz – Don’t Clean Up This Blood
Paint it Gold

Paint It Gold [2023] (IMDb 5.6/10) ရန်ဇို နာဗီဆိုတာ ခေတ်ဟောင်းက ပန်းချီဆရာတစ်ယောက်… ပန်းချီကားရောင်းရငွေလေးနဲ့ပဲ ရှင်သန်နေတယ်… သိပ်ချစ်ရတဲ့ ဇနီးသည်ဆုံးသွားပြီးကတည်းက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း လွင့်ပါးသွားခဲ့ရတယ်… ပန်းချီဆရာတို့ ထုံးစံ လူ့လောကနဲ့ ဆန့်ကျင်ဘက်… ဘောင်တို့ရဲ့ ပြင်ပက လူတစ်ယောက်ပေါ့… နာဗီ့မှာ အာသာဆိုတဲ့ ပြတိုက်မှူးမိတ်ဆွေတစ်ယောက် ရှိတယ်… အာသာက နာဗီကို အမြဲတစေ ကူညီတယ် ဒါပေမယ့် နာဗီက အကုန်လုံးကို သဲထဲရေသွန်ဖြစ်အောင်ပဲ လုပ်လေ့ရှိတယ်… ဒီလိနေ့မှာတော့ အာသာ သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါတယ်… အဲ့နောက်တော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားလေတော့သတည်းပေါ့… ဒါပေမယ့်လည်း အချိန်တစ်ခုအကြာမှာတော့ သူတို့ ပြန်ခေါ်ပြန်ပြော ဖြစ်သွားပါတယ်… ပြန်တည့်သွားကြတဲ့နောက် နာဗီတစ်ယောက် သူ့အချိန်ပြီးသွားပြီ သူသေဖို့ အသင့်ဖြစ်ပြီလို့ ဆိုကာ သူ့ကိုယ်သူ သတ်သေမယ့်အစီအစဉ်မှာ ကူညီပေးဖို့ အာသာကို အကူအညီတောင်းပါတယ်… အာသာကတော့ မကူညီခဲ့ပါဘူး… အဲ့နောက်တော့ နာဗီလည်း သူလုပ်စရာ ရှိတာကိုသာ လုပ်ဖို့ ကြိုးစားရင်းက ဘာတွေဆက်မဖြစ်လဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 575MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2023
Paint it Gold
Super Nani
4.8

Super Nani (2014)”တုနှိုင်းမဲ့မေတ္တာ” ============================= 3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။ မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။ အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။ သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.8 2014 133 mins
Super Nani
Dream Images
7.6

ရိုမေနီးယား ဒိုကူမန်ထရီ ရုပ်ရှင်ပါ။ ၂၀၁၆မှာပဲ Transilvania International Film Festivalမှာ ပြသခဲ့ဖူးတယ်။ 1978မှာ ရိုမေနီးယား အာဏာရှင် Ceausescuက တစ်တိုင်းပြည်လုံးကို ထိန်းချုပ်ထားခဲ့တယ်။ အဲဒီကာလမှာ အနုပညာသမားတွေဟာ ပိတ်ပင်ခံခဲ့ရတယ်။ Rodion G.A.ဆိုတဲ့ တီးဝိုင်းတစ်ခုကလည်းပါခဲ့တယ်။ သူတို့ဝိုင်းဟာ အဲဒီခေတ်အနေနဲ့ဆို တော်တော်ခေတ်ရှေ့ပြေးနေတဲ့ ဂီတကို ချပြခဲ့တဲ့ဝိုင်းပါ။ အာဏာရှင်က ပိတ်ပင်ထားလို ဆိုဗီယက်ကလည်း သူနဲ့မဟာမိတ်ဖြစ်တဲ့ ဥရောပအလယ်ပိုင်းနဲ့အရှေ့ပိုင်းက နိုင်ငံတွေကို ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံတွေနဲ့ ကူးလူးဆက်ခံခွင့်ပိတ်ထားတယ်။ အဲဒါကို Iron Curtainလို့ခေါ်ခဲ့ကြတယ်။ ဒီတော့ သူတို့ဝိုင်းဟာ ဘယ်လိုမှ သူတို့ဂီတကို မဖြန့်ဝေနိုင်ခဲ့ဘူး။ အနှစ်၃၀ကြာပြီး ၂၀၁၃မှပဲ ပွဲဦးထွက် အယ်လ်ဘမ်ကို ယူကေက Strut Recordကနေ ဖြန့်ဝေပေးခဲ့တယ်။ ဒီလို ခေတ်ရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ Bandက Rodion Ladislau Rosca ဆိုတဲ့ အဓိကလူရဲ့ ၂၀၁၆တုန်းက လက်ရှိဘဝကို ရိုက်ပြထားတာပါ။ တီးဝိုင်းအကြောင်းနည်းနည်းပဲပါပြီး လက်ရှိကျေးလက်မှာနေနေတဲ့ Rodion Ladislau Rosca ရဲ့ ဘဝကိုပဲ ပြထားပါတယ်။ ဒီဒိုကူမှာ သူနေထိုင် စားသောက်ရှင်သန်ဖြတ်သန်းပုံကို အဓိကပြပြီး ဂီတကိုချစ်ခြင်းနည်းနည်းစွက်ထားပါတယ်။ ဒီဒိုကူမန်ထရီက ရိုမေနီးယား ဂီတအဖွဲ့တစ်ဖွဲ့ရဲ့အတိတ်ကို ဦးတည်တာဆိုပေမဲ့ လက်ရှိကိုပဲပြထားတဲ့ အချက်က ထူးခြားတယ်လို့ပဲပြောရပါမယ်။ File Size : 1.5 GB, 932 MB Quality : WEB-DL 1080p / 720p Running Time : 1hr 18min Format : Mp4 Genre : Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.6 2016
Dream Images
Daddy Long Legs
6.3

Daddy Long Legs (2005) ************************ ဒီကားလေးကတော့ Jean Webster ရဲ့ Daddy Long Legs ဆိုတဲ့ novel ကို ဇာတ်ကားအနေနဲ့ရော musical အနေနဲ့ရော များစွာ ပြန်လည်ရိုက်ကူးပုံဖော် ထားကြတဲ့ထဲကမှ 2005 မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး Ha Ji-won နဲ့ Yeon Jung-hoon တို့ ပါဝင်သရုပ်ဆောင်ထားပြီးတော့ စိတ်လှုပ်ရှားစရာကောင်းပြီး နွေးထွေးတဲ့အချစ်ပုံပြင်လေးကြောင့် ဖြတ်သန်းလာခဲ့တဲ့နှစ်တစ်လျှောက် ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားခဲ့တဲ့ အနုပညာလက်ရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း —————— Cha Young Mi (Ha Ji-won) ဟာ မိဘနှစ်ပါးလုံးမရှိတော့ဘဲ တစ်ယောက်တည်း ပင်ပန်းစွာ ရပ်တည်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ အမည်မသိ သူစိမ်းတစ်ယောက်ဆီကနေ တက္ကသိုလ်ကျောင်းစရိတ်တွေ လက်ဆောင်တွေ စသဖြင့် လျှို့ဝှက်ဆန်းကြယ်စွာ အကူအညီပေးတာခံခဲ့ရပါတယ်။ အဲဒီ အမည်မသိအကူညီတွေပေးနေခဲ့တဲ့ လူကို Cha Young Mi က နာမည်ပြောင်လေးပေးခဲ့မိတာပေါ့။ Daddy Long Legs…အရပ်ရှည်တဲ့ဦးလေးကြီး ဆိုပြီးတော့… ဒီလိုမျိုး အရပ်ရှည်တဲ့ဦးလေးကြီးရဲ့ အကူအညီတွေကြောင့် နောက်ဆုံး ဘွဲ့ရပြီး သူမရဲ့ပန်းတိုင်ဖြစ်တဲ့ အသံလွှင့်ဌာနမှာ အစီအစဉ်ရေးဆွဲတဲ့သူအဖြစ် အလုပ်ဝင်လုပ်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူမရဲ့အလုပ်နဲ့ အိမ်နေရာအခက်အခဲကြောင့် အိမ်ငှားခပေးစရာမလိုတဲ့ အိမ်တစ်အိမ်မှာပါ ဝင်နေလို့ရသွားပါတယ်။ တစ်ရက်…သူမ နေထိုင်ရာအိမ်ဆီကို အရင်တစ်နှစ်ကနေ အချိန်ကိုက်ပြီး ပေးပို့ခဲ့တဲ့ အိမ်ပိုင်ရှင်ရဲ့ အီးမေးလ်တစ်စောင်ရောက်လာပါတယ်။ စာထဲမှာ “သူမနဲ့ သူမရဲ့ တစ်ဖက်သတ်ချစ်ရသူနဲ့ပက်သက်ပြီးတော့ ကြေကွဲဝမ်းနည်းဖွယ်ရာ အကြောင်းလေးတွေ”ကို ရေးထားတဲ့အခါ… Cha Young Mi ဟာ အဲဒီအီးမေးလ်ထဲက သူတို့ကို ရှာဖွေသွားနိုင်မလား… တက္ကသိုလ်ကတည်းက အလုပ်ဝင်တဲ့အချိန်ထိ တိတ်တဆိတ် အကူအညီတွေ ပေးလာခဲ့တဲ့ သူမရဲ့ အရပ်ရှည်တဲ့ဦးလေးကြီးနဲ့ရော တကယ်ပဲ တွေ့ဆုံသွားနိုင်မှာလား…ဆိုတာကို ရင်ခုန်ဖွယ် စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီးတော့ အဆုံးထိ ကြည့်ပြီးသွားတဲ့အခါမှာ .. ဒီကားလေးကို ဘာကြောင့် remake တွေ ပြန်ရိုက်လဲ ဘာလို့ နာမည်ကြီးတာလဲဆိုတာတွေ သဘောပေါက်သွားစေမဲ့ ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…3.02GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Action • Crime • Thriller
6.3 2005
Daddy Long Legs
A Feast for Life

ဒီဇာတ်လမ်းလေးကတော့ 2023က ထွက်ထားတဲ့ ဂျာမန်စကားပြောနဲ့ ဂျာမန်ဟာသ ဒရမ်မာရုပ်ရှင်လေးဖြစ်ပါတယ်။ ပွဲစီစဉ်သူနဲ့ သူ့ရဲ့အဖွဲ့တို့ မင်္ဂလာဆောင်တစ်ခုကို တာဝန်ယူ ကျင်းပကြရင်း ဟာသအလွဲတွေနဲ့ ရယ်ရင်းမောရင်း ဒရမ်မာလေးတွေကိုပါ ကြည့်ရမှာဖြစ်ပါတယ် မင်္ဂလာပွဲဆိုတာ စုံတွဲတွေအတွက် အလှပဆုံးနေ့ထဲက တစ်ခုပါပဲ ဒါပေမယ့်လဲ မင်္ဂလာပွဲကို စီစဉ်တဲ့အခါမှာတော့ ဆန္ဒတွေက ဘတ်ဂျက်ထက် ပိုကြီးနေတတ်ပါတယ်။ မင်္ဂလာပွဲစီစဉ်သူ Dieter (Christoph Maria Herbst) ကလည်း ဖောက်သည်တွေရဲ့ နားမလည်မှုတွေ ငြင်းခုန်မှုတွေကြောင့် တော်တော်ငြီးငွေ့နေပြီး သူ့အလုပ်တွေကို စွန့်ခွါချင်လာပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လုပ်ရမယ့် နောက်ဆုံးတာဝန်ကတော့ Leonie (Mira Benser) နဲ့ Lasse (Ulrich Brandhoff) တို့ရဲ့ မင်္ဂလာပွဲပဲဖြစ်ပါတယ်။ Dieter က အမြဲတမ်းလိုလို မင်္ဂလာပွဲတွေကို အသေးစိတ် စီစဉ်တတ်သူပါ။ ဒီတစ်ခါလည်း မင်္ဂလာဆောင်အတွက် အရာအားလုံး ပြည့်စုံအောင် ပြင်ဆင်ထားပေမဲ့လဲ ဧည့်သည်တွေဝမ်းသာမျက်ရည်တွေကျပြီး ရှန်ပိန်တွေသောက်အောင်ပွဲမခံခင်မှာတင် ရုန်းရင်းဆန်ခက်နဲ့ အလွဲတွေဖြစ်လာပါတော့တယ်။ မင်္ဂလာဆောင်အတွက် သီချင်းဆိုပေးမည့် အဆိုတော် Steve (Marc Hosemann) က Dieter ရဲ့ လက်ထောက် Jella (Cynthia Micas) ကို သဘောကျသွားပြီး ဓာတ်ပုံဆရာ Marcel (Jörg Schüttauf) ကတော့ သူ့အလုပ်ထက် ဘူဖေးစားဖို့ကိုပဲ ပိုစိတ်ဝင်စားနေပါတယ်။ အဲ့ဒါအပြင် ယာယီစာပွဲထိုးဝင်လုပ်နေတဲ့ Florian ကလဲ သတိုးသမီးနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်ပြီး သတိုးသမီးကို ကြိုက်နေခဲ့တယ်။Dieter ကတော့ မင်္ဂလာပွဲမှာ ပြသနာမဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားနေသလို သူ့အဖွဲ့ကတော့ အတင်းအကြပ် တွန်းအားပေးပြီး မင်္ဂလာပွဲကို တကယ်တမ်း ကမောက်ကမဖြစ်အောင် လုပ်မိသွားကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသတွေ အလွဲတွေနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ… File size…(1.6 GB)/(892 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kaung Myat Htoo

Crime • Drama • Action
0 2024
A Feast for Life
Dr. Sander’s Sleep Cure
6.5

Dr. Sander’s Sleep Cure (2024) IMDb Rating (6.5) ပေါ့ပေါ့ပါးပါး Dramatic ဆန်ဆန် Fantasy Horror ကားကို ကြိုက်နှစ်သက်ကြသူများအတွက် Estonian Director ဖြစ်တဲ့ Mart Sander ရဲ့ Dr. Sander’s Sleep Cure ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်း‌ပေးချင်ပါတယ်နော်။ အိပ်မပျော်တဲ့ဝေဒနာကို ခံစားနေရသူတစ်ယောက်က ‌Dr. Sanderရဲ့ ကုထုံးကို အသုံးချရင်း အိပ်ပျော်ဖို့ အားထုတ်ရာကနေမှ ပုံမှန်မဟုတ်ဘဲ ဆန်းပြားတဲ့ကုထုံးကြောင့် ထူးထူးဆန်းဆန်း အိပ်မက်တွေ မြင်မက်တဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကုထုံးမှာပါဝင်တဲ့ အကြောင်းအရာတွေဟာ အိပ်မပျော်ခင်မှာ စိတ်ကူးယဉ်ကြည့်ရင်း အိပ်မက်ထဲထိခေါ်ဆောင်သွားနိုင်ကြောင်းကို ပြသထားပြီး ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာဆိုရင် ကိုယ်ဟာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးကိုမဆို ပြုလုပ်နိုင်ကြောင်း ကုထုံးမှာထည့်သွင်းထားပြီး အဲဒီဇာတ်ကောင်အတိုင်းကို အိပ်မက်ထဲမှာ စီးမျောခံစားရင်း အဆုံးမှာ အိပ်ပျော်သွားနိုင်ဖို့ကို ရည်ရွယ်ထားတာပါ။ အဲဒီတော့ ကုထုံးအတိုင်း စီးမျောရင်း တကယ်ပဲ အိပ်ပျော်သွားနိုင်မလား၊ ဆိုးကျိုးတွေရော ရှိနေမလားဆိုတာ ကြည့်ရှုခံစားရမယ့် Fantasy Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။) File size… (1.5 GB) / (760 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror Duration…. 01:43:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Vivien Cho

6.5 2024 98 mins
Dr. Sander’s Sleep Cure