YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Stargirl.S03E10.720p.AMZN.WEB-DL.DDP5.1.(CM).mp4

252.96 MB N/A video/mp4 76 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

ယဉ်ကျေးမှု ဆိုတာကို " သဘာဝပတ်ဝန်းကျင်မှ လူတိုင်းကိုယ်တိုင်ဖန်တီးယူသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ယဉ်ကျေးမှု ဆိုသည်မှာ လူတစ်မျိုး၏ ဘဝတည်ဆောက် ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူတို့ ဆက်ဆံ နေထိုင်စားသောက် လှုပ်ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှု စနစ်ဖြစ်သည်"လို့ ဖွင့်ဆိုထားတယ်။ သူ့ဖွင့်ဆိုချက်အတိုင်းပဲ ယဉ်ကျေးမှုဟာ ရွေ့လျောသွားတဲ့နေရာ ရွေ့လျားသွားတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး မတူညီကြဘူး။ နိုင်ငံကွဲ ဒေသကွဲ အရပ်ကွဲတာတွေထားဦး။ အိမ်တစ်အိမ်ထဲတောင် အဖေနဲ့သားရဲ့ ယဉ်ကျေးမှုခြင်းက မတူနိုင်ဘူး။ ဘယ်တုန်းကမှလည်း လူကြီးတွေရဲ့ ယဉ်ကျေးမှုဟာ လူငယ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ထပ်မတူမကျဖူးဘူး။ ဟိုးတုန်းက ဆံပင်အရှည်ထားလို့ လမ်းသရဲလို့သမုတ်ခံရတဲ့ ကျွန်တော်တို့ရှေ့မျိုးဆက်တွေနဲ့ သူတို့ရှေ့မျိုးဆက်တွေရဲ့ ယဉ်ကျေးမှုလည်းမတူသလို ကျွန်တော်တို့နဲ့ ဆံပင်ရှည်ထားတဲ့မျိုးဆက်က ယဉ်ကျေးမှုလည်းမတူဘူး။ တကယ်လို့သာ နိုင်ငံကွဲသားသမီးတစ်ယောက်နဲ့ အဖေတစ်ယောက်ရဲ့ ယဉ်ကျေးမှုဆို ဘယ်လောက်ထိ ကွာခြားသွားနိုင်လဲ။ ဒီရုပ်ရှင်က ဒီအကြောင်းပါပဲ။ ဇာတ်ကားစစအဖွင့်မှာ ကိုရီးယားမျက်နှာနဲ့ ကောင်မလေးတစ်ယောက် တည်းခိုခန်းမှာ အခန်းလာငှားတယ်။ လက်ရှိကိုရီးယားတွေထက်တောင် ကိုရီးယားစစ်တဲ့ ရုပ်ပေါက်နေပေမဲ့ တကယ်က သူက ပြင်သစ်သူ။ သူ့ကိုယ်သူ ကိုရီးယားမိဘတွေရဲ့ သမီးမှန်း မွေးစားခံထားရမှန်း သူသိထားတယ်။ ဒီတော့ ကိုရီးယားကို သူရောက်လာတာက သူ့အဖေနဲ့အမေအရင်းကို ရှာဖို့လို့ ပြောလို့ရတယ်။ ဒီလိုနဲ့ ကိုရီးယားသူငယ်ချင်းတွေနဲ့ ကိုရီးယားယဉ်ကျေးမှုအတိုင်း သူတို့အရက်ဝိုင်းဖွဲ့ကြရာကနေ သူ့မိဘတွေကိုရှာတွေ့မယ့်လမ်းစကို သူရသွားတယ်။ ကိုရီးယားရဲ့နာမည်ကြီး ကလေးမွေးစားရေးစီမံစင်တာပေါ့။ အဲဒီကိုသူသွားတော့ စင်တာရဲ့စနစ်က ထူးထူးခြားခြားပဲ သားသမီးထက် မိဘကို ကာကွယ်ပေးထားတာကိုတွေ့လိုက်ရတယ်။ မွေးစားခံခဲ့ရတဲ့ သားသမီးက မိဘရင်းကို လာစုံစမ်းရင် စင်တာက မိဘရင်းတွေကိုသိခဲ့ရင် အဲဒီမိဘရင်းတွေရဲ့ လိပ်စာကို ၃ခါတိတိ ကြေးနန်းပို့ပေးတယ်။ အကြောင်းပြန်မလာရင် ဥပဒေအရ မိဘတွေအနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ဘာနေနေ ဆက်သွယ်ကြည့်တော့ သူ့အဖေဘက်က ဆက်သွယ်လာပေမဲ့ သူ့အမေဘက်ကတော့ အကြောင်းပြန်မလာခဲ့ဘူး။ ဒီလိုနဲ့ သူ့အဖေနဲ့ သူ့အဖေဘက်က အမျိုးတွေနဲ့ သွားတွေ့ကြည့်ခဲ့တယ်။ သူ့ကို စကားပြန်လုပ်ပေးတဲ့လူကတော့ သူ့သူငယ်ချင်းပြင်သစ်လိုတတ်တဲ့ကောင်မလေး။ ဒီပြင်သစ်မလေးက မိဘရင်းတွေကို တွေ့လည်းတွေ့ချင်သလို ဒေါသလည်းနည်းနည်းရှိနေတယ်။ သူကိုရီးယားနိုင်ငံရဲ့စီးပွားရေးမပြေလည်တဲ့ကာလတစ်ခုမှာ သူ့သမီးကောင်းစားစေချင်လို့ မွေးစားဖို့ပေးလိုက်မိတဲ့အဖေက နောင်တနဲ့ သမီးကိုပြန်လိုချင်တယ်။ သမီးကလည်း ရိုင်းစိုင်းသလို ( သူ့နိုင်ငံနဲ့ သူ့ယဉ်ကျေးမှုအရတော့ ဒီလောက်ကြီးမရိုင်းဘူး ) အဖေကလည်း သမီးကို အတင်းဆက်သွယ်တာတွေ ဘာညာလုပ်လာတယ်။ ( ဒါကလည်း ကိုရီးယားရဲ့မိဘကို အလေးထားတဲ့ ယဉ်ကျေးမှုအရဆို ဒီလောက်မရိုင်းပေမဲ့ ကောင်မလေးအမြင်ကျ အတင်းကြီးဝင်စွက်ဖက်သလိုဖြစ်ပြီး မတရားရိုင်းသွားတယ်) ထူးတာက ဒီ၂ယောက်ကြားက ပေါင်းကူးဖြစ်တဲ့ စကားပြန်မလေးက သူတို့၂ယောက်စကားတွေကို စကားပြန်ရုံတင်မဟုတ်ဘဲ ယဉ်ကျေးမှုပေါင်းကူးပါလုပ်ပေးပြီး တစ်ယောက်စကားတစ်ယောက်နားမှာ မခါးရအောင် ဆိုသလိုမျိုး ပြန်ပေးသွားတာပဲ။ ဒီဇာတ်မှာတော့ ယဉ်ကျေးမှု ၂ခုကြားမှာ အစကတည်းက ယဉ်ကျေးမှုမတူနိုင်တဲ့ အဖေနဲ့သမီး ဘယ်လိုရှေ့ဆက်ကြမလဲ ကြည့်ကြရမှာပါ။ ဒါရိုက်တာရဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန်ကို ပြင်ဆင်ရိုက်ကူးထားတာမို့ ဒါမျိုးအဖြစ်တွေလည်းလောကမှာ ရှိတတ်ကြောင်းလည်းသိရတာပေါ့။ Return to Seoul ဟာ ကိုရီးယားမှာ ဇာတ်အိမ်တည်ရိုက်ထားတဲ့ ကမ္ဘောဒီးယား ပြင်သစ် ဒါရိုက်တာ Davy Chouရဲ့ ကမ္ဘောဒီယားကားပါပဲ။ ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ကမ္ဘောဒီးယားက အော်စကာ Best International Featureအတွက် သူ့နိုင်ငံကိုယ်စားပြုရွေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.68GB | 680MB | 349MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

null 2022
Return to Seoul
(18+) Death By Desire
10

Three's a Crowd ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဘယ်လိုဆက်ဆံရေးမျိုးမဆို တတိယလူဆိုတာ မဝင်သင့်မဝင်အပ် ကြိုဆိုစရာအကြောင်းမရှိတဲ့လူမျိုးပါပဲ။ ဒါပေမဲ့လည်း မီဂယ်ဆိုတဲ့ ကောင်လေးကတော့ မီးတောက်တစ်စကို သူ့ဘဝထဲ လိုလိုလားလားခေါ်သွင်းခဲ့မိပါတယ်။ သူဟာ မကြာခင်လက်ထပ်ရတော့မယ့် သတို့သားလောင်းတစ်ယောက်... သူ့ရဲ့ဇနီးလောင်းကတော့ အောက်ပိုင်းသေနေပြီး သူ့လိင်ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တော့တဲ့သူ။ အဲဒီဇနီးကိုလည်း သူသိပ်ချစ်တယ်။ ဒါပေမဲ့ အလိုဆန္ဒရဲ့ဖြားယောင်းမှုအရ သူအပြင်မှာ အပျော်ရှာမိတယ်။ ဒါပေမဲ့လည်း သူရှာမိတဲ့ ပျော်ရွှင်စရာလို့ထင်ခဲ့တဲ့ ကောင်မလေး ဧပရယ်ဟာ နာမည်နဲ့လိုက်အောင် သူ့ဘဝကို ရက်ရက်စက်စက် ပူလောင်ခြင်းတွေပေးတော့မှာဆိုတာကြိုမသိခဲ့ပါဘူး။ ဧပရယ်ရဲ့အပြစ်ကတော့ သူ့ကို သိပ်ချစ်မိခဲ့တာနဲ့အစွဲအလန်းကြီးလွန်းခဲ့တာပါ။ ကာမပိုင်နီးပါးဖြစ်နေခဲ့တဲ့လူတစ်ယောက်ကို ချစ်ခင်စွဲလန်းခဲ့ပြီး အဲဒီလူဆီက ပစ်ခွာမှုကိုခံရချိန်မှာတော့ ဧပရယ် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ရယူပိုင်ဆိုင်လိုခြင်းတွေ အငြိုးအတေးတွေနဲ့ သေဆုံးသွားတဲ့သူဖြစ်တဲ့အလျောက် သူ့ကို အခုလိုဖြစ်သွားရအောင် စေစားခဲ့တဲ့သူတွေရဲ့ဘဝကိုလဲ အဆုံးစွန် လိုက်နှောင့်ယှက် ဒုက္ခပေးဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 650MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Animation • Fantasy
10 2023 89 mins
(18+) Death By Desire
Family Affairs
7

ဒီကားလေး‌ကတော့ ၂၀၁၈ မှာတုန်းက How About Adolf? ဆိုတဲ့ နာမည်နဲ့ထွက်ရှိခဲ့တဲ့ ဂျာမန်ကားလေးရဲ့အဆက်ပဲဖြစ်ပါတယ်။ ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။ အဲဒါမှ ရှေ့နောက်ချိတ်ဆက်မိပြီး ပိုခွီရပါလိမ့်မယ်။ ဇာတ်လမ်းအစမှာ စတက်ဖန်နဲ့ အဲလိဇဘက်တို့လင်မယားနဲ့ မိဘဖြစ်ခါစ သောမက်စ်နဲ့အန်နာတို့အတွဲတွေ ကလေးတွေကိုထားပြီး လန်ဇိုရာတီမှာရှိတဲ့ ဒေါ်ရိုသီယာရဲ့အိမ်ကို ပိတ်ရက်ခရီးထွက်လာကြရင်း စတက်ဖန်တစ်ယောက် လေဆိပ်မှာ အိတ်ပျောက်လို့စိတ်ညစ်နေတာကို ရိုက်ပြ‌ထားပါတယ်။ ဟိုကိုရောက်တဲ့အခါ ‌ဒေါ်ရိုသီယာနဲ့ ရေးနေးတို့က သတင်းကြီးကို ထုတ်ပြောပြလိုက်ရာကစပြီး အရှုပ်တော်ပုံတွေ တစ်စပြီးတစ်စပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတွင်းက အားနည်းချက်ကို လူမသိစေချင်လို့ ယောက်ျားတွေလုပ်မိတဲ့လုပ်ရပ်တွေနဲ့ မိန်းမတွေရဲ့ မျိုသိပ်ထားရတဲ့ခံစားချက်တွေကို ထိထိမိမိရိုက်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 740MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 27Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Drama
7 2022 87 mins
Family Affairs
Sila Nerangalil Sila Manidhargal
7.2

ယခုနှစ်မှထွက်ရှိထားတဲ့အိန္ဒိယတောင်ပိုင်းကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်တည်ထားပုံကတော့အထူးတလည် နက်နဲတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ကိုယ့်ဘဝကိုယ်စီလျှောက်လှမ်းနေကြတဲ့လူငယ်လေးယောက်ဟာ တစ်နေ့မှာတော့ဆိုးဝါးလှတဲ့မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သက်မိကြပါတယ်။ သာမန်ဇာတ်ကားတွေနဲ့မတူတာကတော့ ဒီဇာတ်ကားဟာ အဓိက‌ဇာတ်ကောင်ရယ်လို့ တိတိကျကျမပါဘဲ ဇာတ်ကောင် လေးယောက်လုံးကို ကြည့်နေရင်းမှာတင် ဒီဇာတ်ကောင်တွေရဲ့ဘဝထဲကို ကိုယ်တိုင်စီးမျောသွားစေနိုင်လောက်အောင် ဇာတ်ကောင်တစ်ခုချင်းကိုအသားပေးပုံဖော်ပြထားလို့ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင် လူတိုင်းဟာ အမှားတွေလုပ်တတ်ပြီးတော့ ဘဝကြီးကလည်းအမြဲတမ်းအဲဒီအမှားတွေကိုပြန်ပြင်ဖို့အခွင့်အရေးပေးလေ့ရှိတယ်ဆိုတာကို ယုံကြည်ပြီးတော့ ကိုယ့်ဘက်ကပြင်ဆင်ချင်တဲ့စိတ်ပဲရှိဖို့လိုတယ်ဆိုတာကိုနားလည်လာစေမှာပါ။ ဒီဇာတ်ကောင်လေးယောက်ကရော သူတို့အမှားတွေကို ပြန်မြင်နိုင်ပါ့မလား။ ပြင်ဆင်ဖို့ရောသူတို့မှာအခြေအနေတွေပေးလာပါ့မလား။ အသိတရားဝင်တဲ့အချိန်မှာ ပြင်ဆင်ဖို့မှီပါဦးမလား။ လမ်းပေါ်ကအက်ဆီးဒန့်တစ်ခုကနေစတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ နှစ်နာရီကျော်ကုန်သွားမှန်းမသိအောင်ကို ပရိသတ်တွေအတွက်ဖျော်ဖြေမှုရသကောင်းတွေပေးသွားမှာဖြစ်လို့ တောင်ပိုင်းဒရာမာကားကောင်းတွေ ကို ကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲ ညွှန်းလိုက်ပါရစေ။ File size…1.8GB /900MB / 400MB Quality…720p WEB DL / 480p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Haruko

Action • Adventure • Fantasy
7.2 2022 141 mins
Sila Nerangalil Sila Manidhargal
Goodbye 2
6

သိပ်မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Good Bye 1 ရဲ့ အဆက်လေးပါ အရင်ကားကိုကြည့်ချင်တယ်ဆိုရင်တော့အောက်ကလင့်မှာဝင်ရောက်ကြည့်နိုင်ပါတယ် Goodbye I ( 2022 ) – Channel Myanmar တုန်းပေမှာ အသုဘကိစ္စတွေကိုလုပ်ဆောင်တဲ့ ဖန့်တမင်ပိုင် ဆိုသူဟာ အမှားတွေ မြောက်များစွာ ကျူးလွန်ခဲ့ပေမဲ့လို့ သူ့ရဲ့ အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အဖွဲ့ပြန်လည်ဖွဲ့စည်းကာ သုဘရာဇာအလုပ်ကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ် ။ ဖခင်ရဲ့ သေဆုံးမှုနဲ့ သမီးငယ်ဖြစ်သူရဲ့ ခွဲစိတ်စရိတ် အစရှိတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဖန့်တမင်ပိုင် တစ်ယောက် စျာပနာတစ်ခုစီစဥ်ပေးဖို့အတွက် မထင်မှတ်ပဲ လက်ခံရရှိခဲ့ပါတော့တယ် ။ ဒီကိစ္စတွေ လုပ်ကိုင် နေစဥ်အတွင်းမှာပဲ ပြဿနာတွေအများကြီး ကြုံတွေ့ခဲ့ရသလို အလုပ်အပ်သူရဲ့ ထူးဆန်းမှုတွေကလဲ တစ်ဖြည်းဖြည်းနဲ့ ပေါ်ပေါက်လို့လာခဲ့ပါတယ် ။ ❏ ဒီတော့ ဒီဆန်းကျယ်လှတဲ့ စျာပနကို ဖန့်တမင်ပိုင် တစ်ယောက် ဘယ်လိုကိုင်တွယ်မှာလဲ ? ❏ ဒီစျာပနရဲ့ နောက်ကွယ်က အဖြစ်မှန်ကရော ဘယ်လိုဖြစ်နေမလဲ ? ❏ သူနဲ့ရော ဘာအညှိုးအတေးတွေ ရှိနေနိုင်မလဲ ? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ ။ ဒီဇာတ်ကားအတွင်းမှာ ဝမ်းနည်းမှု ပျော်ရွှင်မှု အစရှိတဲ့ ရသမျိုးစုံကို ရောယှက်ပြီးဖော်ပြထားတာ ဖြစ်တာမို့ အခုပဲကြည့်လိုက်ရအောင်ပါနော် ။

6 2023
Goodbye 2
Middle Class Love
6.4

Middle Class Love (2023) IMDb 6.4/10 မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့် Comedy/Drama/Romantic ဇာတ်ကားမျိုးပါ လူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီ ဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်

Comedy • Drama
6.4 2022
Middle Class Love
Heroes Season 1 to 4 Complete
7.7

လွန်ခဲ့သော ၁၇ နှစ်က Moving (သို့မဟုတ်) Heroes 2006 Season 1 2 3 4 complete အခုလက်ရှိ လူကြိုက်များနေတဲ့ Moving စီးရီးက အတော်ကောင်းပါတယ်။ အက်မင်လည်းကြည့်ပါတယ်။ Moving ကိုကြည့်ကြည့်မိချင်းမှာ ပြေးသတိရသွားတာကတော့ ၂၀၀၆ လောက်က အခွေနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ဒီစီးရီးပါပဲ။ Moving လိုစီးရီးမျိုးကိုကြိုက်လို့ ခပ်ဆင်ဆင်ကြည့်ချင်တဲ့သူတွေ၊ စူပါပါဝါစီးရီးမျိုးကိုမှ English taste နဲ့ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းပေးရင်း ပြန်တင်ပေးထားတာပါ။ ဒီစီးရီးက အခွေခေတ်ကဆိုတော့ စီစန် -၁ ကတော့ Dvd 360p ပဲရှိပေမဲ့ ကျန်တဲ့စီစန်တွေကိုတော့ အကြည်တင်ပေးထားပါတယ်။ ဒီစီးရီးဟာ စူပါဟီးရိုးကြိုက်သူတွေအတွက်တော့ ရွှေပါပဲ။ လူတိုင်းတစ်ယောက်ချင်းစီမှာ ထူးဆန်းတဲ့အစွမ်းတွေ ပိုင်ကြပါတယ်။ မိုးပေါ်ပျံနိုင်တာ၊ ဒဏ်ရာပြန်ကောင်းတာ၊ အချိန်ကိုထိန်းချုပ်နိုင်တာ စသဖြင့် အစွမ်းအစုံပါပါတယ်။ ဒီစီးရီးရဲ့ ကောင်းတဲ့အချက်ကတော့ ဇာတ်ကောင်အဆက်အစပ်ပါပဲ။ ဇာတ်ကောင်တွေဟာ တစ်နေရာစီ မဆိုင်သလိုဖြစ်နေပေမဲ့ တစ်ချိန်မှာ တွေ့ကြ ပေါင်းစပ်မိကြပြီး စွမ်းအားတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ပေါင်းမှ အောင်မြင်မှာတွေ ဖြစ်လာပါတယ်။ ပေါင်းစပ်ပုံတွေကတော့ moving ထက် အတော်လေးကို ပိုရှုပ်ထွေးပြီး ဇာတ်အိမ်ပိုခိုင်ပါတယ်။ အပိုင်းပိုများလို့လည်း ဖြစ်မှာပါ။ နောက်ပြီး မိသားစုဒရာမာ၊ ညီအစ်ကိုဒရာမာတွေက အတော်ကောင်းပါတယ်။ ကိုရီးယားစတိုင်တော့မဟုတ်ဘဲ အမေရိကန်စတိုင် ဒရာမာပါပဲ။ နောက်ပြီး ရန်သူမိတ်ဆွေပုံသေမရှိဘဲ အခြေအနေရ တွဲကြ ခွဲကြတာတွေနဲ့ နောက်ကွယ်က ပဟေဠိဆန်ဆန်အဖွဲ့တွေနဲ့မို့ မထတမ်းကြည့်ချင်စရာတောင် ကောင်းပါတယ်။ မကြည့်ဖူးသေးရင် မြည်းကြည့်လိုက်ကြပါဦး။ Thit San Khant =========== Season-2 Season-3 Season-4

Action • Crime
7.7 1900
Heroes Season 1 to 4 Complete
What We Did on Our Holiday

ပေါ့ပေါ့ပါးပါးနဲ့ မိသားစုလိုက်ထိုင်ကြည့်ပြီး ခွီးလို့ရမယ့် ၂၀၁၄ ခုနှစ်ထွက် ဗြိတိသျှ black comedy- drama ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Outnumbered ဆိုတဲ့ BBC Show တစ်ခုကို အတုခိုးပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Doctor Who (2005) မှာပါဝင်တဲ့ David Tennant နဲ့ Jack Reacher (2012)၊ Die another day (2002) စတဲ့နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်တဲ့ မင်းသမီးချော Rosamund Pike တို့ခေါင်းဆောင်ပါဝင်ထားပြီး Billy Connolly၊ Ben Miller၊ Lewis Davie၊ Celia Imrie၊ Amelia Bullmore စတဲ့သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Andy Hamilton နဲ့ Guy Jenkin တို့ကပူးတွဲရိုက်ကူးထားပြီး BBC Films၊ Creative Scotland စတဲ့ကုမ္ပဏီများကထုတ်လုပ်ထားပြီး UK၊ US နိုင်ငံတွေမှာ Lionsgate ကဖြန့်ဖြူးပေးထားပါတယ်။ ကုန်ကျစရိတ် ပေါင် ၃.၅ သန်းဝန်းကျင် ဘတ်ဂျက်သုံးစွဲထားပြီး Box Office မှာတင် ဒေါ်လာ ၁၀.၇ သန်း ပြန်ရတာဖြစ်လို့ တွက်ချေကိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကင်ဆာရောဂါနဲ့ကွယ်လွန်ခါနီး ဖခင်ကြီးဖြစ်သူ ဂေါ်ဒီမက်ကလောက်ရဲ့ဆန္ဒအရ သားငယ်ဖြစ်သူ ဒေါက်မက်ကလောက်နဲ့ ချွေးမဖြစ်သူ အဘီတို့ဟာ ကလေးဘုစုခရုသုံးကောင်ကို လက်ဆွဲပြီး လန်ဒန်ကနေ စကော့တလန်ကို လာတွေ့တဲ့အကြောင်းပါ။ ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးအတွက် အစ်ကိုကြီးဖြစ်သူ ဂယ်ဗင်မက်ကလောက်က ခမ်းခမ်းနားနား ပါတီကြီးတစ်ခုကျင်းပပေးဖို့ စီစဥ်ရင်း ညီဖြစ်သူတို့မိသားစုကိုပါ အဖေဖြစ်သူနဲ့ တွေ့ရအောင် စီစဥ်လိုက်တာပါ။ အမှန်တော့ ညီတော်မောင်လင်မယားက ကလေးသုံးယောက်ရပြီးကာမှ ယောကျ်ားဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် လင်မယားနှစ်ယောက် အိမ်ခွဲနေကြရင်း ကွာရှင်းဖို့အထိ အခြေအနေတွေဖြစ်နေကြတာပါ။ ကလေးသုံးယောက်ကလည်း တကယ့်ကိုမိမနိုင်၊ဖမနိုင် မျောက်လောင်းလေးတွေဖြစ်ကြပြီး အမှန်တော့ ဇာတ်လမ်းတစ်ခုလုံးဟာလည်း ကလေးသုံးယောက်မွှေသမျှကို ကျောရိုးတည်ထားတင်ပြထားသလို ဖြစ်နေတာပါ။ ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးစိတ်မချမ်းမသာမဖြစ်ရစေဖို့ ကလေးတွေကို သူတို့အတူမနေကြောင်းအဘိုးကို သွားမပြောဖို့ ဖခင်ဖြစ်သူ ဒေါက်က စည်းရုံးရာကနေ မအောင်မမြင်ဖြစ်ပြီး တလွဲတွေတောက်လျှောက်ဖြစ်ပါတယ်။ လွဲချက်လက်လွန်ပြီး အဘိုးဖြစ်သူခမျာ မျောက်လောင်းသုံးကောင်မွှေတဲ့ဒဏ်နဲ့ သူ့အတွက်စီစဥ်ပေးတဲ့ ပါတီကိုပါ မတက်လိုက်ရတဲ့အထိ အလွဲလွဲအချော်ချော်တွေချည့်ဖြစ်ကြပုံကို တစ်ကားလုံးခွီးရင်း ကြည့်ကြရမှာပဲဖြစ်ပါတယ်။ မိသားစုဝင်များကြား၊ လင်မယားနဲ့ သားသမီးမိဘကြား ဖြစ်တတ်တဲ့စိတ်သဘောထားမတိုက်ဆိုင်မှုတွေ၊ လွဲချော်မှုတွေအကြောင်း ဟာသနှောတင်ပြရင်း ဘဝမှာထားသင့်ထားအပ်တဲ့ စိတ်ထားမျိုး၊ ရှင်သန်မှုပုံစံမျိုးကိုလည်း တစ်စွန်းတစ်စလှစ်ဟပြသထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဝေဖန်ရေးပိုင်းမှာလည်း IMDb rating 6.9 နဲ့ Rotten Tomatoes လည်း 75% ရထားတာဖြစ်လို့ ဆက်ဆက်ကြည့်ရှုကြဖို့ လက်တို့လိုက်ရပါတယ်။ File size…(1.8 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Horror • Mystery
0 2014 95 mins
What We Did on Our Holiday
Baltimore (aka) Rose’s War
5.7

Baltimore ဟာ 1974 ခုနှစ် ဧပြီ 26 ရက်နေ့က အဖြစ်အပျက်ကို အခြေခံပြီး ချမ်းသာပြီး ငယ်ရွယ်တဲ့ မိန်းကလေး Rose Dugdale တစ်ယောက် IRA ကို ဝင်ပြီးနောက်ဆက်တွဲ အဖြစ်အပျက်တွေကို ရိုက်ကူးထားပါတယ် Rose Dugdale ဟာ IRA အဖွဲ့ဝင်ပြီးနောက် ရဲဘော် Eddie, Martin, Dominic တို့နဲ့အတူ Wicklow မြို့ Russborough အိမ်မှ ၁၉ရာစုရဲ့အနုပညာလက်ရာ ပန်းချီကားတွေကို ခိုးယူပြီး IRA အတွက် လက်နက်ထောက်ပံ့ပေးဖို့ ကြိုးပမ်းရာမှ သူတို့ရဲ့ကြိုးပမ်းမှုအောင်မြင်သွားမလား၊ အစိုးရဘက်က Rose တို့အဖွဲ့ကို လိုက်လံဖမ်းဆီးရာ သူတို့ကိုဖမ်းမိသွားမလားဆိုတာကိုတော့ Baltimore ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှုပေးကြပါဦး File size…(1.1 GB)/(580 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:38:00 Genre… Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

5.7 2023
Baltimore (aka) Rose’s War
Gintama 2: Rules are Made to Be Broken
6.4

Gintama 2 (2018) IMDb Rating (6.4) Anime နဲ့မရင်းနှီးသူတွေတောင် Gintama ဆိုတာကိုသိကြပါတယ် .. ဒါကတော့ ဒုတိယမြောက် Live action ရုပ်ရှင်ဇာတ်ကားလေးပါ .. ထုံးစံအတိုင်း အိမ်လခပေးစရာမရှိတဲ့ကြုံရာကျပန်း ဂင်ချန်တို့ဟာ ဆောင်ကြာမြိုင်မှာအလုပ်သွားရှာခဲ့ကြပါတယ် .. အဲ့ဒီမှာ ရှိုဂန်းနဲ့စတွေ့ပြီး ခေါင်းဖြတ်စက်ဆီရောက်မလို့ဖြစ်ခဲ့ရပါတယ် .. ရှိုဂန်းကိုလုံခြုံရေးယူပေးနေတဲ့ ရှင်ဆန်းဂုမိတပ်ဖွဲ့ နတ်ဆိုးဒုခေါင်းဆောင်ဟီဂျီကာတာကလည်း ချစ်ပ့်ပြားတစ်ခုထည့်သွင်းခံလိုက်ရပြီ လူဖြစ်ရှုံးတဲ့အိုတာကုဖြစ်သွားခဲ့ပါတယ် .. ထိုကနေတစ်ဆင့် ဂင်ချန်က ရှင်ဆန်းဂုမိတပ်ဖွဲ့ကို ကာကွယ်ဖို့ဖြစ်လာခဲ့ပါတယ် .. ဂင်တမာဆိုရင် တစ်ချိန်လုံးရယ်မောနေရပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့အဖြစ်တစ်ခုလည်းရှိနေပါသေးတယ် .. ဒီရုပ်ရှင်မှာ အီတိုကာမာတိုရိုဇာတ်ကောင်ပါဝင်ခဲ့ပြီး ထိုဇာတ်ကောင်ကိုသရုပ်ဆောင်ခဲ့တဲ့ မင်းသားဟာရုမာဟာ ၂၀၂၀ ဂျူလိုင် ၁၈ မှာကြိုးဆွဲချပြီးသေဆုံးသွားခဲ့ပါတယ် .. ကျွန်တော် စကြည့်တုန်းက တစ်ချိန်လုံးရယ်မောခဲ့ရတဲ့ရုပ်ရှင်ဟာ သူ့ကိုမြင်တိုင်းဝမ်းနည်းမိရတဲ့အဖြစ်မျိုးကြုံတွေ့ခဲ့ရပါတယ် .. File size…(3.8 GB) / (1.4 GB ) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….02:15:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay Lin Thar

Drama • Romance
6.4 2018 134 mins
Gintama 2: Rules are Made to Be Broken
Soo
6.1

Soo (2007) ************* ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးမှာတော့ မင်းသားကြီး Ji Jin Hee, Oh Man Seok နဲ့ တခြားဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း ************** နာမည်ကြီး လူသတ်သမားတစ်ယောက်ဖြစ်တဲ့ Soo(Ji Jin Hee) က မိဘမဲ့ဂေဟာမှာတည်းက ကွဲသွားခဲ့တဲ့ အမွှာညီဖြစ်သူကိုလိုက်ရှာနေရင်း သူ့အမွှာညီဖြစ်သူက ရဲဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အပြင်၊ ဂိုဏ်းတစ်ခုကို ဖမ်းဖို့လုပ်ရင်း အသတ်ခံလိုက်ရတာကို သိလိုက်ရတဲ့အချိန်မှာ၊ သူ့ညီအတွက်လက်စားချေဖို့ ကြိုးစားပါတော့တယ်။ သူဘာတွေဆက်ပြီးရင်ဆိုင်သွားမလဲ၊ ဘယ်လိုနည်းတွေနဲ့ ပြန်ပြီး ကလဲ့စားချေမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမဲ့ Action Thriller ရုပ်ရှင်ကား‌ကောင်းတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းကို Alice မှ ရေးသားပေးထားပါတယ်) File size…1.71GB / 727MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 2 min. Genre ….. Action, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Alice Encoded by AHtet

6.1 2007 122 mins
Soo
The Tracey Fragments
6

The Tracey Fragments ဒီဇာတ်လမ်းထဲမှာတော့ လက်ရှိခေတ်စားနေတဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Umbrella Academy မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Elliot Page ရဲ့ ကလေးဘဝသရုပ်ဆောင်ထားတဲ့ ဇာတ်ကွက်တွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ထရေစီလို့ခေါ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကြောင်းကို အခြေခံထားတာပါ။ ထရေစီဟာ ငယ်ငယ်ကတည်းက အတွေးအမြင်တွေ ဆန်းသစ်လွန်းလို့ သူ့မိဘတွေက သူ့ကို စိတ္တဇဆိုပြီးနာမည်တပ်ပြီး အိမ်ထဲမှာ မျက်သာလုံးဝမပေးခံရတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ သူဟာ သူ့မောင်လေး ဆန်နီနဲ့ကစားနေရင် တစ်နေရာမှာ သူ့မောင်လေးပျောက်သွားပါတယ်။ ဒါကို သူ့အိမ်ကကော ကျောင်းပတ်ဝန်းကျင်က တခြားဖိအားတွေနဲ့ ပေါင်းသွားတဲ့အခါမှာ ထရေစီဟာ တကယ့်အရူးသယောင် ဖြစ်သွားရပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ စိတ္တဇတစ်ယောက်ရဲ့ တွေးတောဆင်ခြင်ပုံ လူတစ်ယောက်က စိတ်ဒဏ်ရာရသွားတဲ့အချိန်မှာ ဦးနှောက်နေ သူတို့ရဲ့မှတ်ဉာဏ်ကို ဘယ်လိုမျိုးပြောင်းလဲပစ်တတ်လဲဆိုတာကို တစိုးတစမြင်ရမှာပဲဖြစ်ပါတယ်။ File size_(1.5GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

6 2007 77 mins
The Tracey Fragments
Utsavam
7.1

Utsavam (2024) “ဘဝပြဇာတ်ခုံ” ရိုးရာပြဇာတ်ကပြခြင်းကို အခြေခံရိုက်ကူးထားတဲ့ တေလဂူး ဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ခရစ်ရှနာက ပြဇာတ်မျိုးရိုးကနေ ပေါက်ဖွားလာတဲ့သူ.. သူ့ရဲ့ အဖေက တစ်ချိန်ကဆုတံဆိပ်များစွာ ရရှိခဲ့တဲ့ သဘင်သည်ကြီးတစ်ယောက် ဒါပေမဲ့ တိုးတက်လာတဲ့ခေတ် ပြဇာတ်ဆိုတာကို ဘယ်သူမှတန်ဖိုးမထားတော့တဲ့ ကာလမှာ သူတို့အနုပညာလည်း မှေးမှိန်လာခဲ့တယ် ရိုးရာအနုပညာအတွက် စိတ်ဆန္ဒပြင်းပြတဲ့ ခရစ်ရှနာက သူ့ချစ်သူကောင်မလေး ရာမာနဲ့အတူ အဖေဖြစ်သူရဲ့ လမ်းညွှန်မှုနောက်ကိုလိုက်ပြီး ခေတ်သစ်ကမ္ဘာမှာ ပျောက်ကွယ်လုနီးဖြစ်တဲ့ ရိုးရာဓလေ့၊ သဘင်အနုပညာကို ဘယ်လိုပြန်အသက်သွင်းဖို့ ကြိုးစားမလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7.1 2024
Utsavam
Bolt from the Blue
5

Bolt from the Blue (2024) Alaska က ကျွန်းမြို့တစ်ခုကို အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Mia က သုတေသနတစ်ခုအတွက် ရောက်လာခဲ့တယ်။ Mia ရဲ့ အလုပ်က လျှပ်စီးတန်းတောင်ကြား သုတေသနအဖွဲရဲ့ နည်းပညာတွေကို ခိုးယူပြီး သူ့ရဲ့ကုမ္ပဏီမှာ ပြန်ဖန်တီးလိုရအောင် အချက်အလက်ရယူဖိုပါ။ ဒါပေမဲ့ Mia တွေ့လိုက်ရတာက သူ မျှော်မှန်းထားခဲ့သလို စစ်မှန်တဲ့ သိပ္ပံနည်းကျ သုတေသနအဖွဲအစည်းတစ်ခုမဟုတ်ဘဲ ဒဏ္ဌာရီလာပုံပြင်တစ်ခုလို စိတ်ကူးယဉ်အတွေးနဲ့ သူ့ကိုယ်သူ မိုးကြိုးဖမ်းသမားလို အခိုင်အမာယုံကြည်နေတဲ့ Lucas နဲ့ သူ့နောက်ကို ကင်မရာ တကောက်ကောက်နဲ့လိုက်နေတဲ့ Clem ဆိုတဲ့ ကြောင်တောင်တောင် လူနှစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ Mia မဖြစ်နိုင်ဘူးလိုထင်ခဲ့တဲ့ Lucas ရဲ့ မိုးကြိုးဖမ်းဖို မစ်ရှင်ကို ပူးပေါင်းလေ့လာရင်း Mia ရဲ့ အမြင်တွေ ပြောင်းလာမလား၊ Lucas ရဲ့ အိပ်မက်တွေက ဒဏ္ဌာရီသက်သက်မဟုတ်ဘဲ အစစ်အမှန်ဖြစ်နေမလား ဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.2 GB) / (760 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Comedy, Sci-Fi Duration…. 01:30:54 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

5 2024 91 mins
Bolt from the Blue