YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

star.trek.discovery.s02e02.720p.(CM).mp4

378.24 MB N/A video/mp4 168 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Daughter of the Bride
7.2

Daughter of the Bride (2023) ~ IMDb - 7.3/10, Rotten Tomatoes - 50% ~ အခု မိတ်ဆက်ပေးမယ့် Daughter of the Bride ဆိုတဲ့ ဇာတ်ကားလေးကတော့ IMDb 7.3/10 အထိ ရရှိထားတဲ့ ဟာသဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၀၁၅ တုန်းက ထွက်ရှိထားတဲ့ Scout Guide to the Zombie Apocalypse မှာ မင်းသမီးတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ အခြားနာမည်ကြီး Drama ဇာတ်ကားတွေမှာလည်း ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Halston Sage ရဲ့ကားသစ်လေးပါ။ ဒါ့အပြင် နှစ်ပေါင်း ၃၀ ကျော် ဝါရှိတဲ့ သရုပ်ဆောင် Aidan Quinn နဲ့ မင်းသမီးကြီး Marcia Gay Harden ကပါ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားတာဖြစ်လို့ သရုပ်ဆောင်ပိုင်းကတော့ လုံးဝကို ရှယ်ပါပဲ။ ဇာတ်ကြောင်းလေးဟာဆိုရင်တော့ဖြင့် ဖခင်နဲ့ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားခဲ့ရတဲ့ သမီးနဲ့အမေနှစ်ဦးအပေါ် အခြေခံပြီးတော့ ရိုက်ကူးထားပါတယ်။ ဇာတ်ဆောင် မင်းသမီးလေးဖြစ်တဲ့ ကိတ်ဟာ ငယ်စဉ်ကတည်းက မိခင်နဲ့ပဲ နှစ်ဦးတည်းကြီးပြင်းလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာလည်း ရှိရင်းစွဲအခြေအနေမှာပဲ ကျေနပ်တင်းတိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း အချစ်ဆိုတဲ့ ဆန်းကြယ်တဲ့အရာကို နှစ်ဦးလုံး မြည်းစမ်းလိုက်ရတဲ့အခါ သမီးနဲ့မိခင်နှစ်ဦးကြားမှာ ပြဿနာ အကြောင်းကြောင်းဖန်လာပါတော့တယ်။ ကိတ်တီလေးဟာ မိခင်ရဲ့ နောက်အိမ်ထောင်ပြုမယ့်ကိစ္စကြောင့် စိတ်သောကရခဲ့ရုံသာမက သူကိုယ်တိုင်ကလည်း ဘယ်လိုရိုမန်တစ်ဆန်ဆန် အဖြစ်အပျက်တွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရလဲဆိုတာအပြင် ရသမျိုးစုံ ခံစားရစေမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 42Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Horror • Thriller
7.2 2023 102 mins
Daughter of the Bride
Coast Guard Malaysia: Ops Helang
2

မလေးရှားကမ်းခြေစောင့်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင် ဗိုလ်တစ်ဦးဖြစ်သူ ဟဖစ်ဟာ မှုခင်းတိုက်ဖျက်စစ်ဆင်ရေးတွေပြုလုပ်အပြီးမှာတော့ ဇနီးလောင်းလေးနဲ့ ဘဝအသစ်စမယ်ဆိုပြီး ကျွန်းလေးတစ်ကျွန်းမှာ စေ့စပ်ပွဲလေးကျင်းပလက်ထပ်ကြတယ်ပေါ့။ ကံဆိုးချင်တော့ အဲ့နေ့ညမှာပဲ ပင်လယ်ဓားပြတွေက ကျွန်းကိုဝင်စီး ဟဖစ်တို့ ဇနီးမောင်နှံအပါအဝင် မိသားစုနဲ့ ပွဲလာသူတွေကို လူတွေကိုဖမ်းဆီး ဓားစာခံလုပ်ကာဖမ်းခေါ်သွားပါတယ်။ ဒါပေမယ့် ဟဖစ်ကတော့ ဒဏ်ရာရကာ ကံကောင်းပြီးဓားပြတွေလက်ထဲမှလွတ်မြောက်လာခဲ့ပြီး ဇနီးဖြစ်သူနဲ့မိသားစုကိုပြန်ကယ်ဖို့ကြိးပမ်းပါတော့တယ်။ ဒီဓားပြမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဥ်မဟုတ်ဘဲ တခြားအကြောင်းအရာများစွာ နောက်ကွယ်မှာ ရှိနေသေးကြောင်းသိလိုက်ရတဲ့အခါ.... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားနိုင်ပါပြီ။ File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Thriller
2 2023 90 mins
Coast Guard Malaysia: Ops Helang
The Trial of the Chicago 7
7.7

တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ... နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD... ၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာ ချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ ပဋိပက္ခတွေဖြစ်ပွားပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလို အဓိကရုဏ်းဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ၁၉၆၉ မတ်လ ၁၀ ရက်နေ့မှာ ခေါင်းဆောင် ၇ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ နေဦး တရားစွဲတယ်လို့ ပြောမိတာလား။ မတရားအဆွဲခံရတယ်လို့ ပြောရင် ပိုမှန်မလား။ အဲဒါကို ဇာတ်ကားကို တစ်ချက်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့။ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပေမဲ့ အတော်ကို ဟာသမြောက်ပါတယ်။ Chicago 7 လို့ လူသိများတဲ့ ဒီ ၇ ယောက် စစ်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်ဆန္ဒပြရင်း ထောင်ခြောက်ဆင်ခံရပြီး နိုင်ငံရေးကစားပွဲထဲက ထိုးကျွေးခံနယ်ရုပ်လေးတွေ ဖြစ်လာတဲ့ပုံကို လှလှပပလေးပြထားပါတယ်။ ဒီ လူ ၇ ယောက်ထဲက နာမည်ကျော် နိုင်ငံတကာလူငယ်ပါတီ(YIP - Yippy လို့လည်းခေါ်ပါတယ်) ခေါင်းဆောင် အက်ဘီ ဟော့ဖ်မန်း ရဲ့ပြက်လုံးတွေကတော့ အဓိကအားဖြည့်ထားတာပေါ့။ သောက်တလွဲတရားသူကြီး ဂျူလိယက် ဟော့ဖ်မန်း(တရားခံ အက်ဘီဟော့ဖ်မန်းနဲ့အမျိုးမတော်ပါ။ ဒီအကြောင်းကို ဇာတ်ကားထဲမှာ သေချာရှင်းရှင်းလင်းလင်းပြထားပါတယ်။) ရဲ့ ကြောင်တောင်တောင် ဂေါက်တောက်တောက် လုပ်တာတွေက တကယ်ကို မုန်းချင်စရာကောင်းသလို ရယ်လည်းရယ်ချင်စရာကောင်းပါတယ်။ သူတို့ ၇ ယောက် တရားရုံးမှာ မလှုပ်သာမလှည့်သာ အကြပ်ရိုက်နေကြတာကို ထေ့လုံးငေါ့လုံးတွေနဲ့ သရော်ပြထားပြီး အဓိကရုဏ်းဖြစ်တဲ့နေ့က အဖြစ်အပျက်ကို အပြည့်အစုံပြထားပါတယ်။ ဒီတရားခွင်ဖြစ်လာတဲ့ အကြောင်းကို သိရင် အပေါ်မှာ ပြောထားတဲ့အတိုင်း နိုင်ငံရေးတရားခွင်ဆိုတာ ရှိလား ဆိုတာ ပြန်ပြီးမေးခွန်းထုတ်ချင်စရာဖြစ်လာပါလိမ့်မယ်။ ပိုပြီး ထင်ရှားတာကတော့ သူတို့ ၇ ယောက်နဲ့ ဘာမှမဆိုင်တဲ့ လူမည်းအခွင့်အရေးတက်ကြွလှုပ်ရှားသူ Black Panther ပါတီ ခေါင်းဆောင် ဘော်ဘီစီးလ် ကိုပါ သူတို့ ၇ ယောက်နဲ့ အတူတရားစွဲခံထားရတာကိုသာကြည့်ပါတော့။ သူတို့တွေက အတွေးအခေါ်တစ်ခုကို ပြည်နယ်တွေကို ဖြတ်ပြီးသယ်လာရင်း တစ်နိုင်ငံလုံးကို သိလာအောင် မြင်လာအောင် ကြားလာအောင် ပြောပြဖို့ ကြိုးစားရင်းက ပါးစပ်တွေကို ပိတ်ထားလိုသူတချို့ရဲ့စနက်ကြောင့် ရာဇဝတ်သားတွေဖြစ်လာခဲ့ရတာပါ။ တရားခွင်ကျင်းပနေစဉ်မှာပါ တကယ်ကို ပါးစပ်ကို အဝတ်နဲ့ ဆို့ပြီး မပြောနိုင်အောင် ပါးစပ်ပိတ်ထားခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီသောက်တလွဲ တရားခွင်က ဘယ်လိုသောက်တလွဲတွေဖြစ်မယ်ဆိုတာကို The Trial of Chicago 7(2020) ကြည့်ပြီး ခွီရင်း ဒီဇာတ်ကားရဲ့ မတ်စေ့(Message) ကြီးကို ယူလိုက်ကြပါကုန်။ "တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်"တဲ့ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံပါ။ သူတို့ပြောတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်ဆိုပေမဲ့ စောင့်ကြည့်နေကြရုံပါပဲ။ မပြောဘဲ၊ မလုပ်ဘဲနေခဲ့ကြတာပါ။ ဒီနေရာမှာ အက်မွန် ဘရွတ်ရဲ့ စကားကို ကိုးကားချင်ပါတယ်။ "မကောင်းမှုအောင်မြင်ဖို့အတွက် ဘာမှမလိုပါဘူး။ လူကောင်းတွေ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေဖို့ပဲလိုပါတယ်" ဆိုတဲ့စကားလေးပါပဲ။ လိုအပ်ရင် ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ပြဖို့လိုပါတယ်။ လုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ ပြောတဲ့သူတွေ ဘာဖြစ်တတ်တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်မှာပါ။ ဘေးကနေ လက်ပိုက်ကြည့်နေရုံအတွက်တော့ သတ္တိမလိုဘူးပေါ့။ တစ်ယောက်ယောက်ကတော့ ပြောဖို့လိုနေပြီဆိုတာကို သိပြီး သိတဲ့အတိုင်းပြောခဲ့ကြတဲ့ သူရဲကောင်း ၇ ယောက်ကို ဒီအညွှန်းနဲ့ ဦးညွှတ်လိုက်ချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်…) File Size : (1.80 GB) , (950 MB) and (480 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 2hr 09min Format : Mp4 Genre : Drama, History, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB.h264-PALEALE Translated by d3mon Encode by Thanhtike Zaw

Action & Adventure • Crime • Drama
7.7 2020 130 mins
The Trial of the Chicago 7
Indiana Jones and the Last Crusade
7.8

BluRay 1080p 5.1 Ch နဲ့ပြန်လည်တင်ဆက်ထားပါပြီ။ IMDb Rating (8.2/10) နဲ့  Rotten Tomatoes (89/100)%  ရရှိထားပါတယ်။ (Indiana Jones and the Last Crusade ဆိုတဲ့ဒီဇာတ်ကားထဲက စိတ်ဝင်စားစရာ ပစ္စည်းကတော့ Holy  Grail ပါ။ တော်တော်များများလဲ ကြားဖူးသိဖူးကြမှာပေါ့။ ဒီခွက်ကို ယေရှုနောက်ဆုံးညစာစားပွဲမှာ သုံးခဲ့တယ်လို့ဆိုကြပါတယ်။ နောက်ပိုင်း ကျမ်းစာအလိုအရ ယေရှုရဲ့သွေးကို Josephက ဒီခွက်နဲ့ပဲ ခံယူခဲ့ပါသတဲ့။ ဒါလဲပဲ ဂျေရူစလင် ကျဆုံးချိန်မှာ ပျောက်ဆုံးတဲ့စာရင်းထဲမှာပါပါတယ်။ တချို့မှတ်တမ်းတွေအရ Templar တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာကို သယ်ဆောင်သွားခဲ့ပြီး လုံခြုံတဲ့ နေရာတခုမှာ ဖွက်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ ဘယ်နေရာလဲဆိုတာတော့ ရေရေရာရာမသိနိုင်တော့ပေမယ့် ဂျေရူဆလင်နဲ့ အနောက်ကမ္ဘာ ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာလို့ပဲ ယူဆရပါတယ်။ ဒီခွက်နဲ့ပတ်သတ်ပြီး နောက်ထပ် တော်တော်ခိုင်မာတဲ့ဇာတ်လမ်းတစ်ပုဒ်မှာတော့ Holy Grail ဆိုတာ ခွက်တစ်ခွက်မဟုတ်ပဲ ယေရှုရဲ့ဇနီး Mary Magdaline ကို လျှို့ဝှက်ခေါ်ဆိုတာလို့ ဆိုပါတယ်။ အကျယ်သိချင်ရင်တော့ Da Vinci Code ရုပ်ရှင်ကို ပြန်ကြည့်ကြည့်ကြပါ။ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို phothagyan ဘလော့မှကူးယူဖော်ပြပါသည်။) File size…(2.1 GB) and (1.6 GB) Quality…BluRay 1080p 5.1 DTS Format…mkv Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy
7.8 1989 127 mins
Indiana Jones and the Last Crusade
Fatal Fandom
5.5

Fatal Fandom (2022) ================ ဧဒင်ချေ့စ်ဟာ နာမည်ကြီး ပေါ့ပ်အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။ သူဟာ လူချစ်လူခင်ပေါများသလို သီချင်းဆို လည်း ကောင်းတာမို့ ပရိသတ်တွေကတော့ အရူးအမူးပါပဲ။ ဒီလိုနဲ့ စတူဒီယိုတစ်ခုမှာ သီချင်းဗွီဒီယိုအသစ်အတွက် အသံ သွင်းပြီးအပြန် ကားပါကင်မှာ လူတစ်ယောက်က သေနတ်နဲ့ ချိန်ပြီး သူ့ကို ပြန်ပေးဆွဲဖို့ လုပ်တာနဲ့ ကြုံလိုက်ရပါတယ်။ အဲအချိန်မှာပဲ ဂျက်ဆန်ဆိုတဲ့ လုံခြုံရေးတစ်ယောက်က ဧဒင့် တို့ကို ဝင်ရောက်ပြီး ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ ရဲတွေလည်း အဆိုပါလူကို လိုက်ဖမ်းဖို့ ကြိုးစားပေမယ့် မမိ ခဲ့ပါဘူး။ ဧဒင်ရဲ့ သူငယ်ချင်းတွေလည်း ဧဒင့်အတွက် စိုးရိမ်ပြီး ဧဒင့်ကို အချိန်ပြည့်စောင့်ရှောက်ပေးနိုင်မယ့် လုံခြုံရေးတစ် ယောက်လိုတဲ့အတွက် ဂျက်ဆန့်ကို ငှားလိုက်ပါတယ်။ ဂျက်ဆန် ဟာ ဧဒင့်ရဲ့ ပရိသတ်ဖြစ်တဲ့အတွက် အလုပ်ကိုလက်ခံလိုက်ပါ တယ်။ ဂျက်ဆန်လည်း ဧဒင်နဲ့အတူ အိမ်ကြီးမှာ နှစ်ယောက်တည်း အတူနေရင်း အနီးကပ် လုံခြုံရေးပေးခဲ့ပါတယ်။ အဲနောက်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်းရင်းနှီးလာခဲ့ပါတယ်။ ဒီလိုနဲ့ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညှိဆိုသလို ဂျက်ဆန်တစ်ယောက် ဧဒင့်အပေါ် စိတ်ခံစားချက်တွေ ဝင်လာခဲ့ပါ တယ်။ ဧဒင့်ကို ပြန်ပေးဆွဲဖို့ လုပ်ခဲ့တဲ့ သူကရော ဘယ်သူလဲ၊ ဧဒင်နဲ့ ဂျက်ဆန်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲ၊ ဧဒင်တစ်ယောက် ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး ဖြစ်မလားဆို တာကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.75 GB) / (600 MB) / (380 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Leonard Lin Encoder……….SWM

Action • Thriller
5.5 2022
Fatal Fandom
The Price of Family
5.8

The Price of Family (2022) =================== IMDb Rating – 5.8/10 ဇာတ်လမ်းလေးကတော့ အမ်မီလီယိုနဲ့ အဲလက်စန်ဒရာတို့ မောင်နှမ အဖေနဲ့ အမေကို ထားခဲ့ပြီး အိမ်ခွဲနေကြတာကနေ စပါတယ်။ သိပ်မ ကြာခင်မှာပဲ အလုပ်တွေကိုယ်စီနဲ့ ရှုပ်နေကြတဲ့ မောင်နှမ မိဘတွေကို အချိန်ပေးဖို့ ခက်လာပါတယ် မွေးနေ့လို နေ့မျိုးမှာတောင် မိသားစု မဆုံနိုင်ကြတော့ပါဘူး။ ခရစ္စမတ်လို မိသားစုတွေ ဆုံကြတဲ့ပွဲမျိုးမှာ တောင် အကြောင်းအမျိုးမျိုးကြောင့် မဆုံနိုင်‌တော့ပါဘူး ဒီလိုနဲ့ မိဘတွေဖြစ်တဲ့ အန်နာနဲ့ ကာလို သားသမီးတွေကို ပညာပြဖို့ အကြံထုတ်ပါတော့တယ်။ သူတို့မှာ ပိုက်ဆံ‌ရှိရင်တော့ လာကပ်ကြ မှာပဲဆိုပြီး ယူရို ၆သန်း အမွေရထားတယ်ဆိုပြီး ပြောလိုက်ပါတော့ တယ်။အဲတော့ အရင်က မအားကြတဲ့ မောင်နှမ အကြောင်းအမျိုးမျိုး ရှာပြီး မိဘတွေဆီ ကပ်လာကြပါပြီ။ တစ်ဖက်မှာလည်း အန်နာနဲ့ ကာ လိုဟာ သန်းကြွယ်သူဌေးဂုဏ်ပုဒ်နဲ့အညီ သုံးပြဖြုန်းပြ ရပါတယ်။ အစီအစဉ်ကတော့ ခရစ္စမတ်မတိုင်ခင်ထိပါပဲ ခရစ္စမတ်ပြီးရင် သား သမီးတွေကို အမှန်အတိုင်း ပြောပြပါတော့မယ်။ ဒါအပြင့် အလိမ်အညာဆိုတာ ကြာကြာဖုံးထားလို့ မရလေတော့ သူတို့ ခရစ္စမတ်အထိ ဟန်ဆောင်နိုင်ပါ့မလား၊ အလိမ်အညာတွေကို ဆက်တိုက် ဖုံးဖိဖို့ ဘာတွေလုပ်ကြမလဲ၊ သားသမီးတွေနဲ့ ဝေးပြီး အထီးကျန်နေတဲ့ အဖေနဲ့ အမေ၊ ခရစ္စမတ်မှာ မိသားစုဆုံရဖို့ ကြံမိကြံရာ လုပ်ကြတာတွေကို ဟာသနှောပြီး ရိုက်ပြထားပါတယ်။ စိတ်မကောင်းစရာဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး ကြည့်ရမှာမို့ ခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.63 GB) / (700 MB) / (400 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Phu Myat Thwe Encoder……….SWM

5.8 2022 90 mins
The Price of Family
Bloodsucking Bastards
6

ဇာတ်လမ်းလေးကတော့ အရောင်းကုမ္ပဏီတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အဲဗန်ဟာ စိတ်သဘောထားကောင်းတဲ့အတွက် သူ့လက်အောက် သူငယ်ချင်း ဝန်ထမ်းတွေဟာ နေချင်သလိုနေ လုပ်ချင်သလိုလုပ်နေကြတယ်။ သူ့ရည်မှန်းချက်ဖြစ်တဲ့ ယာယီအရောင်းမန်နေဂျာကနေ တရားဝင် အ‌ရောင်းမန်နေဂျာ ဆိုတဲ့ရာထူးကိုရဖို့အတွက်ကြိုးစားနေသူတစ်ယောက်ပါ။ အထက်ကနေ အမျိုးသားလိင်အားတိုးဆေးရောင်းဖို့အတွက် တင်ပြချက်တစ်ခုကို လုပ်ဖို့ အထက်လူကြီး တက်ဒ်က အဲဗန်ကိုတာဝန်ပေးလိုက်ပါတယ်။ အဲ့နေ့တစ်ဆက်တည်းမှာပဲ ကုမ္ပဏီမှာရာထူးတစ်နေရာ ကြေညာစရာရှိတဲ့အတွက် ရုံးကဝန်ထမ်းအကုန်လုံးကို တက်ဒ်ရဲ့ရုံးခန်းထဲကိုလာခိုင်းလိုက်ပါတယ်။ အဲဗန်က သူ့ကိုမန်နေဂျာရာထူးကြေညာ ပေးတော့မယ်အထင်နဲ့ ပျော်ရွှင်နေပါတယ်။ တကယ်ကြေညာလိုက်တဲ့အခါမှာ ကောလိပ်ကျောင်းတုန်းက ရန်ဖက်ဖြစ်တဲ့ မက်စ် ကိုကုမ္ပဏီမှာခန့်လိုက်ပါတယ်။ မက်စ်ကုမ္ပဏီကိုရောက်လာတဲ့အချိန်ကစပြီးတော့ ဝန်ထမ်းတွေဟာ တစ်ယောက်ပြီး တစ်ယောက် ဗန်ပိုင်းယားတွေဖြစ်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ သတိထားမိလာတဲ့ အဲဗန်ဟာ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ တင်မ်နဲ့အတူ ဗန်ပိုင်းယားတွေကိုရှင်းလင်းပစ်တဲ့အခါမှာတော့…… File size…1.17 GB / 512MB Quality… Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6 2015
Bloodsucking Bastards
Grudge
5.5

Grudge (2021) ဇာတ်ကားဟာ တူရကီနိုင်ငံမှာ အခြေခံရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး တူရကီနိုင်ငံရဲ့ နာမည်ကျော် ဇာတ်ညွှန်းဆရာ/ဒါရိုက်တာဖြစ်တဲ့ Yilmaz Erdogan ကိုယ်တိုင် ရေးသားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ action/crime ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကျောရိုးက ဆုချီးမြှင့်ခံရပြီး ရာထူးတိုးတော့မဲ့ ရဲမှူးကြီးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ သူ ရာထူးမတိုးခင်လေးမှာ သူသာမန်ရဲဘဝတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်လိုလူတွေက သူ့ကို ရန်ငြိုးတွေနဲ့ ဘာများကြံစည်ကြမလဲ။ သူကကော အဲ့အခက်အခဲတွေကို ကျော်လွှားနိုင်မှာလား။ သူ့ရဲ့အတိတ်က အရိပ်မည်းတွေကို လွတ်အောင် ရှောင်ပြေးနိုင်မှာလားဆိုတာတွေကို ကြည့်ရှူရမှာဖြစ်ပါတယ်။ သာမန် crime တွေနဲ့ မတူတာက ဇာတ်လမ်းမဆုံးမချင်း ဘယ်သူက ဘာတွေ ဖြစ်လိုဖြစ်မလဲဆိုတာ လုံးဝမှန်းလို့မရနိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို အပေါ့ထသွားဖို့တောင် မေ့လောက်တဲ့အထိ အစကနေအဆုံး ဆွဲခေါ်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ မဖြစ်မနေ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… File size…1.08GB / 531MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.5 2021 104 mins
Grudge
School Society (L’école est à nous)
6.2

ဒီဇာတ်ကားလေးကတော့ နိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့ ပညာရေးစနစ်နှင့် မိဘတွေ မှားယွင်းစွာ စွဲမြဲနေတဲ့ အကျင့်စရိုက်တွေကြောင့် အနာဂါတ်ခေါင်းဆောင်လေးတွေဖြစ်တဲ့ ကလေးငယ်လေးတွေ အညွန့်ချိုးခံနေရတဲ့အဖြစ်ကို မီးမောင်းထိုးရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မစ္စ ဗာဂျင်နီသီဗနုက အရင်က တက္ကသိုလ်မှာ အဆင့်မြင့်သင်္ချာဘာသာရပ်ကို သင်ကြားတဲ့ တက္ကသိုလ်ဆရာမ ဖြစ်ပေမယ့် သူ့အတန်းကကျောင်းသားတစ်ယောက်ဟာ ဖိအားများလွန်းပြီး သတ်သေသွားတာကြောင့် စိတ်ဒဏ်ရာရပြီး အလယ်တန်းကျောင်းလေးကို သာမာန်သင်္ချာဆရာမအဖြစ် ပြောင်းလာပါတော့တယ်။ ဒီလိုနဲ့ သူမရောက်ပြီး မကြာပါဘူး၊ ဒီအလယ်တန်းကျောင်းလေးမှာ ပညာရေးဘုတ်အဖွဲ့က ရန်ပုံငွေကိုလျှော့ချလိုက်တဲ့ အတွက် ကလေးတွေကို အဓိကဘာသာရပ်တွေကလွဲပြီး တခြားဘာသာရပ်တွေကို လျှော့ချဖို့လုပ်တဲ့အခါမှာ ဆရာတွေရော ကျောင်းသားမိဘတွေပါ ကျောင်းမတက်ဘဲ ဆန္ဒပြပါတော့တယ်။ ဒါပေမဲ့ တချို့မိဘတွေက သူတို့သားသမီးက ဆန္ဒပြကာလအတွင်းမှာလည်း ကျောင်းတက်စေချင်တဲ့အတွက် ဒီကလေးအချို့ကို မစ္စသီဗနုနှင့် စက်မှုဆရာက ထိန်းရပါတော့တယ်၊ ဒီအချိန်မှာ မစ္စသီဗနုအနေနဲ့ ကလေးတွေအတွက် မွန်းကြပ်စရာကောင်းတဲ့ ကျောင်းကြီးကို ကလေးတွေ လာချင်စိတ်ဖြစ်အောင် ဘယ်လိုသင်ကြားမလဲ၊ မိဘတွေရဲ့ လောင်းရိပ်တွေ ဆရာဝန်မှ အင်ဂျင်နီယာမှဆိုတဲ့ လွဲမှားနေတဲ့အတွေးအခေါ်တွေကို ဘယ်လိုပြုပြင်ပေးမလဲဆိုတာကို စိတ်ဝင်စားဖွယ် အတုယူဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(895 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.2 2022 108 mins
School Society (L’école est à nous)
The Killing Performance
6.3

ဒီတစ်ခေါက်မှာတော့ လူသတ်မှုတရားခံကို ဖော်တိုင်း သေဆုံးသူ ဝိညာဉ်ကို ခေါ်မေးတတ်တဲ့ မန်စစ်ဆေးရေးမှူးကြီးတစ်ယောက်ဟာ ပြဇာတ်ရုံက မော့လင်ယိဆိုတဲ့ မြို့မျက်နှာဖုံး သဘင်သည်မလေး သေနတ်ပစ်ခံရတဲ့အမှုမှန်ပေါ်ဖို့ လိုက်ခဲ့ပုံကို နောက်ခံထား ရိုက်ကူးထားတဲ့ killing performance ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ မြို့မျက်နှာဖုံး သဘင်သည်မလေး မော့လင်ယိဟာ ပုရိသယောက်ျားသားတို့ နှလုံးသားကို ပိုင်ဆိုင်ထားပေမယ့် အားလုံးကို ငြင်းနေသူတစ်ဦးပေါ့… ဒီလိုနဲ့ ဒီကောင်မလေးနားဝဲနေတဲ့ ပျားပိတုန်းတွေကြားထဲမှာမှ ဘယ်သူက နှလုံးသားကို အပိုင်ရမလဲ ကြိုးစားနေကြရာကနေ ကောင်မလေးဟာ ပြဇာတ်ရုံက အနောက်ပန်းခြံထဲမှာတင် သေနတ်ပစ်ခံရပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ်… ဒီအပြင် ဘယ်သူက တရားခံဆိုတာကို ရဲနဲ့ အမှုစစ်တွေလိုက်တာတောင် မသိခဲ့ဘူးတဲ့…. ဒီလိုနဲ့ ဇာတ်လိုက်ကျော်ကြီး မန်စစ်ဆေးရေးမှူးကို ခေါ်ခဲ့ရာကနေ သံသယရှိသူ ၇ ယောက်ထွက်လာပြီး ဘယ်သူက တကယ့်တရားခံဆိုတာကို စစ်ဆေးရင်း စစ်ဆေးရင်း မေးခွန်းထဲက မေးခွန်းပေါ်ဆိုသလို တစ်ခုချင်း အလိမ်အညာတွေကနေ ဖုံးကွယ်ထားတဲ့အမှန်တရားကို သိရပေမယ့် အဆုံးသတ်မှာ တကယ် မော့လင်ယိကိုသတ်တဲ့ တရားခံရှာတွေ့မတွေ့ဆိုတာတော့ ဇာတ်ကားလေးက အဖြေတစ်ခုပေးမှာပါ

6.3 2024
The Killing Performance
Liberation (aka) Before It Ends
7

ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်း Jacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါ‌တော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။ မကြာခင်ပဲ သူ့ကျောင်းမှာရှိတဲ့ ဂျာမန်လူမျိုးဒုက္ခသည်တွေက ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး တဖြုတ်ဖြုတ် သေကြပါတော့တယ်။ ဒီအခါ ကျောင်းအုပ်ဆရာကြီး Jakob ၊ သူ့ရဲ့ ဇနီး Lis နဲ့ မိသားစုအနေနဲ့ ခိုကိုးရာမဲ့နေတဲ့ ဂျာမန်ဒုက္ခသည်တွေကို ကူညီသင့်သလား ဒါမှမဟုတ် ဒိန်းမတ် ဆန့်ကျင်ရေးမှာ အခိုင်အမာ ရပ်တည်သင့်လား ဆိုတဲ့ ဝိရောဓိတွေအကြားမှာ ဘယ်လို ရွေးချယ်ဆုံးဖြတ်လုပ်ကိုင်ခဲ့လဲ၊ သူတို့ရဲ့ ဒိန်းမတ် အသိုင်းအဝိုင်းကရော သူတို့လုပ်ရပ်တွေကို လက်ခံကြပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Anyway “HUMANITY IS A CHOICE.” File size…(1.2 GB)/(670 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug

Drama • Romance • Action
7 2023
Liberation (aka) Before It Ends
Bloody Johann Krvavý Johann
3.2

Bloody Johann (2024) ဇာတ်ကားက Horror ရုပ်ရှင်အမျိုးအစားပါ။ ဂျာမဏီရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်ကို အမှီပြုပြီးတော့ ဒီရုပ်ရှင်ကို ရိုက်ကူးထားတာပါ။ ယောဟန်ဖော့စ်က မားဂရက်ကို ရဖို့အတွက် နတ်ဆိုးနဲ့ အလောင်းအစားလုပ်ခဲ့ပါတယ်။ အဲဒီအတွက် ပြန်ပေးဆပ်လိုက်ရတာကတော့ သူရလိုက်တဲ့ မားဂရက်ရဲ့ ချစ်ခြင်းမေတ္တာဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာပါပဲ။ မားဂရက်က သူ့ကို ဒီလို အောက်လမ်းနည်းနဲ့ ရယူလိုက်မှန်းသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ မိသားစုဘဝက ရာစုနှစ်ပေါင်းများစွာ မကျေမချမ်းဖြစ်မှုတွေနဲ့ ရှေ့ဆက်ကြရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Fantasy, Horror Duration….01:31:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

3.2 2024
Bloody Johann Krvavý Johann
Life and Love Elu ja armastus
6.8

Life and Love (2024) Elu ja armastus IMDb Rating (6.8) 1933 ခုနစ်ကာလမှာ Irma ဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့ဇာတိ ကျေးလက်ကိုစွန့်ခွာပြီး အိပ်မက်တွေနောက်ကိုလိုက်ဖို့ မြို့ကိုတက်လာခဲ့တယ်။ မြို့က သူ့ရဲ့ဝမ်းကွဲဖြစ်သူ Lonni ရဲ့ အကူအညီနဲ့ ပုံနှိပ်တိုက်တစ်ခုမှာ သန့်ရှင်းရေးအဖြစ် ဝင်လုပ်ရင်း ကံကြမ္မာဖန်တော့ ပုံနှိပ်တိုက်ပိုင်ရှင်ရဲ့အိမ်မှာ အိမ်ဖော်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီ အသက်လတ်ပိုင်း လူပုံခန့်ခန့်နဲ့ ဆိုရှယ်ကောင်းတဲ့ ပုံနှိပ်တိုက်ပိုင်ရှင် Rudolf ဟာ မကြာခင်မှာပဲ အိမ်ဖော်မလေး Irma ကို စိတ်ဝင်တစားနဲ့ ချဉ်းကပ်လာတယ်။ ခေတ်ကာလက စီးပွားပျက်ကပ်ဆိုက်ပြီး နိုင်ငံရေးရှုပ်ထွေးနေချိန်ဆိုတော့ အချစ်က အဲဒီလောက် အရေးမပါတဲ့ကာလ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ Irma က Rudolf ရဲ့အချစ်ကိုလက်ခံပြီး နှစ်ဦးသား လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီး သိပ်မကြာခင်နောက်ပိုင်းမှာပဲ သိပ်မြတ်နိုးလှပါတယ်ဆိုတဲ့ Rudolf ရဲ့ အမူအယာတွေဟာ ပြောင်းလဲလာခဲ့တယ်။ Rudolf ကို သိပ်ချစ်မိသွားတဲ့ Irma ဟာတော့ အကြောင်းရင်းကို ရှာဖွေရင်း ဒီအချစ်ဇာတ်လမ်းရဲ့ဇာတ်သိမ်းလေး ဘယ်လိုပြီးဆုံးသွားမလဲ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khey Ki ဖြစ်ပါတယ်။) File size…(1.2 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:59:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khey Ki

6.8 2024 119 mins
Life and Love Elu ja armastus
Everything Comes to an End Svemu dodje kraj
6.8

Everything Comes to an End (2024) IMDb Rating (6.8) ဒင်ကိုဟာ သူ့နေရာဒေသမှာဆိုရင် နာမည်ကြီးတဲ့ရှေ့နေတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဖောက်သည်တစ်ယောက်ဟာ မူးနေရင်းနဲ့ နှစ်လောင်းပြိုင်လူသတ်မှုကြောင်းကို အမှတ်မထင်ဝန်ခံမိသွားပါတယ်။ ဖြစ်ချင်တော့ ပြောလိုက်တဲ့ကိစ္စမှာ မြို့ရဲ့နာမည်ကြီးခရိုနီက လက်သည်ဖြစ်နေတာပါ။ ခရိုနီကတော့ မြို့ကိုဘယ်လောက်ပိုင်လဲဆိုရင် တရားရင်ဆိုင်ဖို့ရှိလာလို့ တရားကိစ္စတွေပါရှိလာပြီဆိုရင် တရားခွင်ကိုပါကြိုးကိုင်ခြယ်လှယ်နိုင်သူတစ်ယောက်ပါ။ ဒါကို သိသွားတဲ့ ဒင်ကိုဟာ သူ့ရဲ့ဘဝကိုရင်းပြီး တရားမျှတမှုကို ဘယ်လိုရှာဖွေသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.2 GB) / (540 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance,Thriller Duration….01:25:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

6.8 2024 90 mins
Everything Comes to an End Svemu dodje kraj