YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Spy x Family - 27 (1080p) {CM}.mp4

386.45 MB N/A video/mp4 410 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Lifeguard's Obsession
3.7

အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။ အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။ သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။ မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။ လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။ မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။ တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီ ဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင် အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။ ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ third partyလို့ခေါ်တဲ့ ကြားပွဲစားလေးတွေပေါ့။ အခုမက်ဂီတို့အတွဲကြားကိုလည်း လှိုင်းခိုးစီးဖို့ကြိုးစားရင်း ရေနစ်နေတဲ့မက်ဂီကို ကယ်တင်ပေးရင်းနဲ့ ဝင်ရောက်လာတဲ့ တောင့်တောင့်ဖြောင့်‌ဖြောင့်Lifeguardတစ်ယောက်ဖြစ်တဲ့ ဘလိတ်ခ်၊ မက်ဂီကတော့ အသက်သခင်ကျေးဇူးရှင်လို့မြင်နေတာကတစ်ကြောင်း တော်ကီကောင်းလွန်း သူ့ကိုဖေးမတတ်လွန်းတဲ့ ဒီဘဲကြီးရဲ့ခြွေချက်တွေကြားမှာ မျောမလိုဖြစ်သွားတဲ့အခါမှာတော့.... ကိတ်ဒ်နဲ့ကတောက်ကဆတွေများနေချိန်မှာ ကယ်တင်ရှင်လိုပေါ်လာတဲ့ဘလိတ်ခ်ကို မိန်းမသားပီပီ အားကိုးချင်စိတ်ဖြစ်လာမိတဲ့ မက်ဂီ၊ မက်ဂီကိုချစ်ပေမဲ့ အလုပ်ကိုပိုချစ် ပိုအလေးပေးနေမိတဲ့ကိတ်ဒ်၊ အသက်ကယ်တာကိုအရင်းတည်လို့ မက်ဂီရဲ့ဘဝမှာပါ နေရာဝင်ယူဖို့ကြိုးပမ်းလာတဲ့ဘလိတ်ခ် ဒီ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းကနေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 712MB | 335MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Comedy • Fantasy • Horror
3.7 2023 90 mins
A Lifeguard's Obsession
The Man with Two Brains
6.2

ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမ‌လှ‌လေးက‌ ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာက‌နေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း‌ သိရှိခဲ့ရတဲ့အပြင် စကား‌ပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါ‌တော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ .... IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေး‌တွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး File size…(1.4 GB)/( 900MB )/( 500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Max

Horror • Thriller
6.2 1983 93 mins
The Man with Two Brains
Blue's Big City Adventure
7.2

Blue's Big City Adventure ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတကား အကြောင်းပြောပြချင်ပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။ ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။ မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ? သူတို့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ? ဆိုတာ ... တေးသီချင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ကားလေးကို ကြည့်ရင်း ရင်ခုန်ကြတာပေါ့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zeul Thwin ပါ။) File Size          : 2.2GB, 883MB, 481MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 22mins Genre              : Comedy, Family, Musical Translated by Zeul Thwin Encoded by Kinnov

Drama • Romance
7.2 2022 74 mins
Blue's Big City Adventure
Yaksha: Ruthless Operations
6.5

ကိုရီးယားရဲ့ ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ Sol Kyung-gu , Park Hae-soo , Hiroyuki Ikeuchi ပါဝင်ထားတဲ့ ဒီအက်ရှင်ကားဟာ ဘက်ဂျင်တွေအများကြီးအသုံးပြုထားတဲ့အတွက် တော်တော်ကြီ:ကိုမိုက်ပါတယ်... ကိုရီးယားနိုင်ငံ အမျိုးသားထောက်လှမ်းရေးရုံးရဲ့ နိုင်ငံခြားဌာနခွဲတစ်ခုမှ ဌာနမှူး Kang-in ဟာ အကောင်းဆုံးအေးဂျင့်တွေစုစည်းထားတဲ့ Black Team ကိုဦးဆောင်ပြီး လျှို့ဝှက်မစ်ရှင်များကိုလုပ်ဆောင်ရမယ့် အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်.... Kang-in ဟာ သူလိုချင်တာရဖို့အတွက်ဆိုရင် ညှာတာမှုမရှိဘဲ ရက်စက်တတ်တဲ့သူဖြစ်တာကြောင့် "Yaksha" (လူတွေကိုဝါးမျိုသောဝိဉာဉ်) ဆိုပြီးနာမည်ဆိုးနဲ့ ကျော်ကြားပါတယ်... တစ်ရက်မှာ Black Team ကိုစစ်ဆေးရေးလုပ်ဖို့အတွက် ဌာနချုပ်ကနေ အမှုစစ် Ji Hoon ကိုစေလွှတ်ခဲ့ပါတယ်... ဒီ‌နေရာမှာ သူတို့ဆောင်ရွက်ရမယ့်စစ်ဆင်ရေးအစစ်ဟာ အရှေ့အာရှတစ်ခွင်လုံးကို လှုပ်ခတ်သွားစေနိုင်မယ့်အမှုနဲ့ ပတ်သက်မှုရှိနေကြောင်း သိလိုက်ရတဲ့အခါမှာတော့... File Size :(0.9GB) and (346 MB) Quality :WEB-DL 720p Format…mp4 Duration…02:05:00 Genre : Crime , Drama, Action Subtitle : Myanmar Subtitle (Hard Sub) Translated by  Hnin Pale, EiPhyu Khin & Lwin Lwin Aung Encoded by Phyo Pyae

Action • Drama
6.5 2022 125 mins
Yaksha: Ruthless Operations
Cyber Hell: Exposing an Internet Horror
7.2

IMDb - 6.5/10 ဒီDocumentaryဟာ ၂၀၁၉ ​တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးကျယ်ဆုံး ဆိုက်ဘာပြစ်မှု​တွေထဲက၂ခုအ​ကြောင်း ဖြစ်ရပ်မှန်​တွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်၊ IT​ခေတ် ဖြစ်တာနဲ့အညီ နည်းပညာနဲ့ ကျွမ်းဝင်သူ​တွေ များသလို ဒီနည်းပညာကိုသုံးပြီး မသိနားမလည်သူ​တွေအ​ပေါ် ကျူးလွန်လာတဲ့ဆိုက်ဘာပြစ်မှု​တွေက တစ်​နေ့တခြား များလာသလို နည်းလမ်း​တွေလည်း ပိုစုံလာပါတယ်၊ ဒီ Documentary မှာဆိုရင်​ နည်းပညာကိုအသုံးချပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စီးပွားရှာသွားသူ​တွေအ​ကြောင်း မြင်​တွေ့ရမှာပါ။ ဘယ်လိုပုံစံမျိုး​ ကျူးလွန်သွားမလဲဆိုတာ အညွှန်းထဲရေးတာထက် ကိုယ်တိုင်ကြည့်လိုက်တာက ပိုပြီးအ​ဆင်​ပြေပါတယ်၊ ​ ဒီ​​နေ့​ခေတ်မှာ လူတိုင်းကြုံ​တွေ့​နေရတဲ့ အခက်အခဲတစ်ခုကိုပဲချနင်းပြီး ငွေသန်းချီ ရှာသွားခဲ့ကြတာတွေ၊ သူတို့ရဲ့​ကျော့ကွင်းထဲ သက်​ဆင်းသွားတဲ့ မိန်းမပျို​တွေ ဘယ်​လောက်ထိ ထိခိုက်နစ်နာခဲ့ရလဲ ဆိုတာ​တွေကို မြင်​တွေ့ရမှာပါ၊ နစ်နာသူ မိန်းက​လေး​တွေထဲမှာ အသက်မပြည့်​သေးသူ​တွေပါ ပါဝင်​နေတာက အ​တော်ကို ဆိုးပါတယ်၊ မြန်မာနိုင်ငံမှာလည်း လိင်ထိပါး​စော်ကားမှုအဖြစ်အပျက်​တွေ မကြာခဏဆိုသလို မြင်​တွေ့​နေရချိန် ဒီ Docuကို ကြည့်ပြီး ​ရှောင်သင့်၊ ဆောင်သင့်တာ​တွေ သိသွားနိုင်ဖို့ ​မျှော်လင့်ပါတယ်၊ ဘယ်သူ​တွေ ကြည့်သင့်လဲဆိုရင်​တော့ ကျား၊ မ မဟူ ဘယ်သူမဆို ကြည့်သင့်ပါတယ်၊ လိင်မုဆိုး​တွေ ဘနဖူးသိုက်တူးသူ​တွေက ကျား၊ မ ​ရွေးနေမှာ မဟုတ်လို့ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Crime, Documentary Quality….1080p | 720p| 480p File size…1.4GB | 546MB | 275MB Format…mp4 Duration…. 1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

7.2 2022 105 mins
Cyber Hell: Exposing an Internet Horror
The Murderer
8

The Murderer (2023) နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။ ဇာတ်လမ်းအကျဉ်း ထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။ သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။ အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်း သူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Drama
8 2023 120 mins
The Murderer
Deep Fear
5.5

Deep Fear (2023) ရုပ်ရှင်ကားဟာဆိုရင် အဓိကသရုပ်ဆောင် Romania မင်းသမီးချောလေး Mãdãlina Ghenea နဲ့ English သရုပ်ဆောင် ဖြစ်တဲ့ gossip girl ထဲက ကောင်မလေးတွေ ကြွေကြတဲ့ Ed Westwick တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ် ဒီဇာတ်ကားရဲ့ အမြည်းလေးကို ပြောပြရမယ်ဆိုရင် မင်းသမီးက ငယ်ငယ်ကတည်းက ပင်လယ်မှာ သင်္ဘောမှောက်လို့ မိဘ ၂ ပါးလုံး ဆုံးရှုံးခဲ့ရသူပါ။ ဒါပေမဲ့လည်း အတိတ်ဆိုးကို ရင်ဆိုင်ပြီး အရွယ်ရောက်လာတဲ့ အခါ ကာရေဘီယံပင်လယ်မှာ အထူးချွန်ဆုံး သင်္ဘောမောင်းနှင်သူဖြစ်လာခဲ့ပါတယ်။ တစ်နေ့ ခရီးသည်ကို ကြိုဖို့ ပင်လယ်ကိုတစ်ယောက်တည်းဖြတ်သန်းနေတုန်းမှာ သင်္ဘောပျက်တစ်စီးက ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ကူညီလိုက်တဲ့ သူ့ကို အကယ်ခံလိုက်ရတဲ့သူတွေက ဘယ်လိုအခက်အခဲတွေ တွေ့စေမှာလဲ သူကော ဘယ်လိုရုန်းထွက်မှာလဲ အဲ့ဒီအချိန်မှာပဲ ကမ်းပေါ်မှာ ရှိနေတဲ့ မင်းသမီးရဲ့ချစ်သူကကော ဘယ်လိုကူညီဖို့ကြိုးစားမလဲ စတာတွေကို ရုပ်ရှင်တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်လို့ အချိန်ကုန်ပြီး ရုပ်ရှင်ပြီးလို့ ပြီးသွားမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။ ပင်လယ်ကို သဘောကျရင် ရင်ခုန်ရတဲ့ရုပ်ရှင်မျိူးတွေကို သဘောကျရင် မကြည့်မဖြစ် ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်ခင်ဗျ။ File size…1.68GB / 821MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Horror • Mystery • Thriller • Drama • Science Fiction
5.5 2023 84 mins
Deep Fear
[18+] Nude Model

ကြော်ငြာတွေကို ဖန်တီးရတဲ့ ဒါရိုက်တာဂန်အင်နာက ကြော်ငြာတွေကို ဖန်တီးလိုက် သူ့ချစ်သူ ပရိုဂျူဆာလေးနဲ့ ချစ်ကြည်နူးလိုက်နဲ့ ဘဝလေးက သာယာနေတာပေါ့ ဒါပေမဲ့ တစ်နေ့မှာ သူ့အခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီးတော့ သူ့ချစ်သူကောင်မလေးက ဘဝင်မကျကြောင်း ဖြုတ်ပစ်စေချင်ကြောင်း ပြောလာတယ် အဲဒီပန်းချီကားလေးက သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားဖြစ်ပြီးတော့ ကိုယ်လုံးတီးဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံဖြစ်တယ် အဲဒါက ဒါရိုက်တာဖြစ်ဖို မရွေးချယ်ခင်မှာ ပန်းချီဆရာဖြစ်ဖို စိတ်ကူးအိပ်မက်နဲ့ နောက်ဆုံး ရေးခြယ်ခဲ့တဲ့ ပန်းချီကားဖြစ်တာကြောင့် သူ့ချစ်သူ ဘဝင်မကျကြောင်းပြောတဲ့အခါမှာ အဲဒီပန်းချီကားရေးဆွဲခဲ့ပုံ အမှတ်တရတွကို ပြန်လည် အောက်မေ့လာခဲ့မိတယ် အဲဒီနောက်မှာ ပန်းချီကားထဲက မော်ဒယ်လေးနဲ့ ‌ပြန်ဆုံခဲ့တဲ့အခါမှာတော့ … ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါနော် ချစ်ကြည်နူးပုံတွေ ကွက်ကွက်ကွင်းကွင်းပါတာမို မိသားစုနဲ့ ကြည့်ရှုဖို မသင့်တော်ပါဘူးနော် File Size : 1.44GB / 511MB Quality : WEB-DL 1080P / 720p Format…mp4 Duration…01:02:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2016
[18+] Nude Model
There’s Something in the Barn

ဇာတ်လမ်းအကျဥ်းလေးကတော့ ဘေလ်တို့မိသားစုက အမေရိကားကနေ နော်ဝေးကိုအိမ်ပြောင်းလာခဲ့ကြတယ်။ ဘေလ်ရဲ့ဇနီး ကယ်ရိုလ်က ကလေးတွေရဲ့မိထွေးပါ။ အဲဒါကြောင့် ဘေလ်က မိသားစုဘဝသစ်တစ်ခုဖြစ်လာအောင် ဆုံးသွားတဲ့ဦးလေးဆီက အမွေရခဲ့တဲ့ နော်ဝေးကခြံကြီးဆီကို ပြောင်းလာခဲ့တာပေါ့။ ဒါပေမဲ့ ခြံကြီးမှာက ထူးခြားတဲ့တင်းကုပ်ကြီးတစ်ခုရှိနေတယ်။ အဲဒါကတော့ တင်းကုပ်ကြီးမှာ နတ်သူငယ်တွေရှိနေတာပါပဲ။ တင်းကုပ်နဲ့ပက်သက်ရင် စည်းကမ်းတင်းကျပ်တဲ့နတ်သူငယ်တွေဖြစ်လို့ သူတို့နဲ့အန္တရာယ်ကင်းကင်းနေချင်ရင် လိုက်နာရမယ့်အချက်တွေရှိတယ်။ အဲဒါတွေကတော့ တင်းကုပ်မှာဆူညံသံတွေမဖွင့်ဖို့၊ အလင်းရောင်စူးစူးတွေမထွန်းဖို့ပါပဲ။ ဒါပေမဲ့ စည်းမျဥ်းတွေအားလုံးကို ဘေလ်တို့မိသားစုကချိုးဖောက်မိတဲ့အခါ…။ File size…(1.5 GB)/(832 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Comedy • Crime • Romance
0 2023
There’s Something in the Barn
Hypnotic Duel
5.8

CM ရဲ့ ပရိသတ်တို့အတွက် အိပ်ငွေ့ချခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာရုပ်ရှင်လေးဖြစ်တဲ့ Hypnotic Duel ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- စိတ်ကျန်းမာရေးလောကမှာ အိပ်ငွေချခြင်းပညာနဲ့ နာမည်ကြီးတဲ့ ပါမောက္ခယဲ့ယွမ်တုန်းဟာ ရုပ်ရှင်မင်းသမီးအန်းယာရဲ့ အကူအညီတောင်းမှုကြောင့် ရုပ်ရှင်အဖွဲ့ကို ဇာတ်ညွှန်းပြင်ပေးဖို့လက်ခံလိုက်ပါတယ်။ လက်ထောက်ဖြစ်သူ လျိုစွမ်းနဲ့အတူ ဝေးလံလှတဲ့ တောင်ပေါ်က အပန်းဖြေစံအိမ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ ဇာတ်ညွှန်းဆွေးနွေးဖို့လာရောက်ကြတဲ့ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီး ပိုပြီးတော့ အံ့အားသင့်စေတာက ရုပ်ရှင်ထဲက ဇာတ်ကောင်ဟာ ယဲ့ယွမ်တုန်းနဲ့ တစ်ထပ်တည်းကျနေပါသတဲ့။ အပေါ်ယံမှာတော့ အားနာနာပြောဆိုနေကြပေမဲ့ အားလုံးက အတိတ်က အကြောင်းတွေကို ဖော်နေသလို ဖြစ်နေပါတယ်။ ဒီလို အကွက်ချစီစဉ်မှုရဲ့ နောက်ကွယ်က အဖြစ်မှန်က ဘာတွေဖြစ်မလဲ…… ဘယ်သူကရော အိပ်ငွေ့ချပညာနဲ့ ဒီအရာတွေကို ထိန်းချုပ်နေတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

5.8 2024
Hypnotic Duel
Tiger House
5.1

ကဲ အခုတစ်ခါတော့ ပရိတ်သတ်ကြီး အတွက် သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်ကားလေးကတော့ မမျှော်လင့်ထားတဲ့ နေရာကိုရောက်သွားပြီးတော့ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံတွေ့ရတတ်ပုံကို သည်းထိတ်ရင်ဖိုအသားပေး ရိုက်ကူးထားတာဖြစ်ပါတယ် မြန်မာစကားပုံတစ်ခုတောင် ရှိသေးတာပဲ ” အစားမတော် တလုပ် အသွားမတော် တလှမ်းတဲ့ ” ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်လီဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ တစ်ညမှာ သူ့ရည်းစားအိမ်ကို သွားရောက်လည်ပတ်ရာမှ သူ့ရည်းစားနဲ့ မတွေ့ဘဲ မထင်မှာထားတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့လိုက်ရာမှ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော….။

5.1 2015 80 mins
Tiger House
Ghudchadi

Ghudchadi (2024) “သားအဖနှစ်ယောက် ငါးပါးမှောက်” Genre – Family, Comedy, Romance နာမည်ကျော်မင်းသားကြီး တစ်လက်ဖြစ်တဲ့ Sanjay Dutt ရဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိထားတဲ့ မိသားစုဟာသအချစ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်ဗျာ။ ဒါအပြင် မင်းသမီးချောကြီး Raveena Tandon တို့အပြင် တခြားမင်းသမီးငယ်ငယ်ချောချောလေး Khushali Kumar ကပါ အားဖြည့်ထားတော့ မိုက်နေရောပေါ့။ ဇာတ်လမ်းလေးကတော့ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ခင်ပြီး နွေးထွေးကြတဲ့ အဘွားရယ် အဖေရယ် သားဖြစ်သူရယ်ဆိုပြီး မိသားစုလေး ရှိကြတယ်။ အဘွားဖြစ်သူက ဘုရားတရားလုပ် လူကြီးဖြစ်တဲ့အတွက် ခေတ်မမှီတဲ့လူပေါ့လေ၊ အဖေကတော့ စစ်ပြန်အငြိမ်းစား ကာနယ်ကြီးတစ်ယောက် အပေါင်းအသင်းတွေနဲ့ ဂေါက်လေးဘာလေးရိုက်ပြီး မိခင်အမေအိုကြီးကို စောင့်ရှောက်ပေးနေသူ၊ သားဖြစ်သူကျ သူငယ်ချင်းတစ်ယောက်နဲ့အတူ အတွင်းခံလုပ်ငန်းကြီးကို စွန့်ဦးတီထွင်သူအဖြစ် စတင်လှုပ်ရှားနေကြတာပေါ့။ သားဖြစ်သူကိုလည်း အဘွားဖြစ်သူရော အဖေဖြစ်သူကပါ မျက်စိနောက်ပြီး မိန်းမပေးစားချင်နေပေမဲ့လည်း အဆင်မပြေနေဘူးပေါ့လေ။ တစ်ရက်ကျ သားဖြစ်သူက သူငယ်ချင်းမင်္ဂလာဆောင်သွားရင်းနဲ့ သတို့သမီးရဲ့ သူငယ်ချင်းဖြစ်သူလေးကို ကြွေလာပါလေရော။ ဒါတင်မကဘူး အဖေဖြစ်သူကလည်း မိန်းမဖြစ်သူ ဆုံးထားတာ နှစ် ၂၀ လောက်ရှိနေတဲ့အချိန် ရုတ်တရက် ငယ်ချစ်ဦးနဲ့ ပြန်ဆုံတွေတဲ့အချိန် ငယ်ကအချစ်အနှစ်တရာဆိုပြီးလုပ်။ ခက်တာက သားအဖနှစ်ယောက်ခင်ဗျာ ဝဠ်ကြွေးပါလာခဲ့တော့ သူတို့ကြိုက်မိနေတာလည်း ဟိုဖက်မှာ သားအမိဖြစ်နေကြတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို တေးသံစုံ ဇာတ်မြူးလေး ပေါ့ပေါ့ပါးပါး ကြည့်ရမှာပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Horror
0 2024
Ghudchadi
The Truman Show
8.2

The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Drama သင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား? ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။ Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်…. ဒါပေမယ့်အောင်မြင်ပါ့မလား? Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် အကုန်လုံးကအတုတွေဆိုတာကိုမခွဲခွာခင်မှာပြောခဲ့တယ်။ သူတို့ကရှင်နဲ့တွေ့တာမကြိုက်ဘူး ဆိုတာကိုလည်းပြောခဲ့တယ်။ ပြီးတော့သူမဟာ Fijiတောင်တန်းတွေဘက်ကိုအရွေ့ခံလိုက်ရတယ်။ တကယ်တော့သူမကို Show ပွဲကနေထုတ်လိုက်တာပါ။ Trumanတစ်ယောက် Fijiဆိုတာကိုရှာမယ်။ သူမကိုတွေ့အောင်ရှာမယ်။ ဒါပေမယ့် အချစ်က တကယ်ပဲသူ့ကို ဒီအိမ်မက်ဆိုးကြီးကလွတ်မြောက်အောင်ဆောင်ရွက်ပေးမှာလား။ သူကလွဲပြီးအကုန်အတုအယောင်တွေဆိုတာကိုသူသိသွားမှာလား။ တကယ်ပဲလွတ်မြောက်သွားမှာလား။ တကယ့်ကိုရုပ်ရှင်ချစ်တဲ့လူဆို ဒီကားကိုကြည့်ပြီး အကောင်းဆုံးတွေထဲကတခုအဖြစ်သတ်မှတ်မှာသေချာပါတယ်။ ကြည့်ကိုကြည့်ရမယ့်ကားပါ။ PG ရုပ်ရှင်ဖြစ်တာနဲ့အညီဟာသလေးတွေနဲ့မပျင်းရအောင်ဆွဲခေါ်ထားပါတယ်။ ဒါပေမယ့်တကယ်တွေးကြည့်ရင်ဇာတ်ကားကနက်နဲ ပြီးကြောက်စရာကောင်းပါတယ်။ ကြောက်စရာအကောင်းဆုံးရုပ်ရှင်တွေထဲကတခုအဖြစ်သတ်မှတ်ထားပါတယ်။ Coraline လိုမျိုးပါပဲ။ ဖြဲမခြောက်ပဲကိုကြောက်စရာကောင်းတဲ့ကားမျိုးပါ။ မျက်ရည်ဝဲရင်းကျေနပ်မှုအပြည့်အဝပေးမယ့်ကားလေးပါ။ ဇာတ်ကားကလည်း 1 နာရီနဲ့43မိနစ်ဆိုတော့အရမ်းမကြာပါဘူး။ စလာထဲကဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ ပြီးတဲ့အထိမထပဲ ကြည့်ချင်မယ့်ကားမျိုးပါ။ မင်းသားအနေနဲ့ အချစ်တော် Jim Carreyက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Show ပွဲကိုစီစဥ်သူအနေနဲ့ Ed Harris က ပါဝင်အားဖြည့်ထားပါတယ်။ Jim Carrey အနေနဲ့ Golden Globe အကောင်းဆုံးမင်းသားဆု Ed Harris အနေနဲ့ Golden Globe အကောင်းဆုံးဇာတ်ပို့မင်းသားဆုအပြင်ဆုတွေအများအပြားသိမ်းပိုက်ထားတဲ့ကားပါ။ ကြည့်ဖြစ်အောင်ကြည့်ပါ။ (ရုပ်ရှင်အညွှန်းကို Myat P Kyaw Fb မှ ကူးယူဖော်ပြပါသည်။)

8.2 1998
The Truman Show
Krazy House
5

Krazy House (2024) မင်းသမီးကြီး Alicia Silverstone နဲ့ ဟာသမင်းသားကြီး Nick Frost ပါဝင်ထားတဲ့ Comedy/Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ 90s sitcom တွေ vibe မျိုး အပြည့်အဝ ရပြီး Christians မိသားစုနဲ့ ဇာတ်အိမ် တည်ထားပါတယ်။ Bernie Christians ဟာ နာမည်အတိုင်းပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန် ကောင်းတစ်ယောက်ဖြစ်ပါတယ်။ မိန်းမဖြစ်သူ Eve ကတော့ အလုပ်ပဲ စိတ်ဝင်စားပြီး တခြားဘာကိုမှ စိတ်မဝင်စားပါဘူး။ သားနဲ့ သမီး နှစ်ယောက်ကလည်း သူ့စကားကို နားမထောင်တဲ့အပြင် အဖေကို လေးလေးစားစားမရှိကြပါဘူး။ ဒီလိုနဲ့ သူတို့အိမ်ကို ရေပိုက်ပြင်ဖို့ Russia လူမျိုး သားအဖ သုံးယောက် ရောက်လာကြပါတယ်။ ရေပိုက်ပြင်တဲ့ အကြောင်းပြချက်နဲ့ မီးဖိုခန်းတစ်ခုလုံး အိမ်တစ်ခုလုံးက နံရံတွေကို ဖြိုချကြပါတယ်။ အလုပ်အလွန်အကျွံလုပ်လွန်းလို့ ကျန်းမာရေး မကောင်းဖြစ်သွားတဲ့ မိန်းမကို ပြုစုရတာ တစ်ဖက်၊ စကားနားမထောင်တဲ့ သားသမီးတွေကို ထိန်းကျောင်းရတာ တစ်ဖက်အပြင် လူဆိုးတွေလိုလို အိမ်ကို ဖျက်ပစ်နေတဲ့ သားအဖ သုံးယောက်ကိုပါ လိုက်တားနေရတဲ့အခါ Bernie စိတ်ထဲမှာ မကောင်းတဲ့ ရုတ်တရက် အတွေးတွေ ခဏခဏ ဝင်လာပါတော့တယ်။ Horror နဲ့ ဟာသရောပြီး 90s sitcomပုံစံ ရိုက်ထားတာမို့လို့ သဘောကျကြမယ်လို့ ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:30:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Horror
5 2024 90 mins
Krazy House
Detective Conan: Black Iron Submarine
7.2

Detective Conan: Black Iron Submarine (2023) ~ IMDb – 7.2/10, MyAnimeList– 8.4/10 ~ ၂၀၂၃ ခုနှစ် ဧပြီလကမှထွက်ခဲ့တဲ့ ၂၆ ကားမြောက် “Detective Conan: Black Iron Submarine” ဟာ ကိုနန် (Conan) ရဲ့ မဟာရန်သူတော်အဖွဲ့ကြီးဖြစ်တဲ့ “ကူရိုအဖွဲ့အစည်း (Black Organization)” ကို အဓိကဗီလိန်အဖြစ် ထပ်မံမြင်တွေ့ရမယ့် Movie ဖြစ်ပါတယ်။ ဇာတ်ကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်… အင်တာပိုလ် (Interpol) က တစ်ကမ္ဘာလုံးက လုံခြုံရေးကင်မရာတွေကို ချိတ်ဆက်ပြီး မှုခင်းတွေကို နည်းနိုင်သမျှနည်းအောင် တားဆီးနိုင်ဖို့ဆိုပြီးတော့ All Ages Recognition System (အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်) ကိုအသုံးပြုသွားမယ့် “ပစိဖိတ်ဗော်ယာ (Pacific Buoy)” ဆိုတဲ့ ပင်လယ်ရေအောက်အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ခဲ့တာကနေ စတာပါ။ အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်ကို ဖန်တီးခဲ့တဲ့ “နာအိုမီ အာဂျန်တို (Naomi Argento)” ကို ကူရိုအဖွဲ့အစည်းကပြန်ပေးဆွဲသွားပြီး အဲဒီနည်းစနစ်ကို ကိုယ်ကျိုးအတွက်သုံးဖို့ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာလည်း ကူရိုအဖွဲ့အစည်းကနေ သစ္စာဖောက်ထွက်ပြေးသွားတဲ့ “ရှယ်ရီ (Sherry) [မီယာနိုရှိဟို/ အာအီ ဟိုင်းဘာရ (Miyano Shiho/ Ai Haibara)]” တစ်ယောက် အဲဒီနည်းစနစ်ကြောင့် သူ့ကိုရှာတွေ့သွားမှာဆိုတာကို စိုးရိမ်ဗျာများနေရပါတော့တယ်။ အဲဒီပြန်ပေးဆွဲမှု၊ စိုးရိမ်ပူပန်မှုတွေကို ကိုနန်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။ Detective Conan ဆိုရင် တကူးတက မိတ်ဆက်ပေးစရာမလိုအောင် Crime Mystery Anime Genre ထဲမှာ နာမည်အကြီးဆုံး စုံထောက် Anime တစ်ခုဖြစ်ပါတယ်။ Gosho Aoyama (1963~) ရေးပြီး ၁၉၉၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ Meitantei Conan (Detective Conan aka Case Closed) Manga ဟာ အခုဒီစာကိုရေးနေတဲ့အချိန်အထိ ဇာတ်မသိမ်းတဲ့အပြင် ဇာတ်ကောင်ဖြစ်သူ ကိုနန်လည်း ကလေးဖြစ်လိုက်၊ လူကြီးဖြစ်လိုက်နဲ့ မှုခင်းမျိုးစုံ၊ ပြဿနာမျိုးစုံ၊ နေရာမျိုးစုံ၊ လူမျိုးစုံ၊ အဖွဲ့မျိုးစုံ အစရှိသဖြင့် ကျင်လည်ကျက်စား၊ ရင်ဆိုင်ဖြေရှင်းရတာက ဇာတ်လမ်းထဲမှာတော့ နှစ်ဝက်လောက်ပဲရှိဦးမယ်ဆိုပေမဲ့ အပြင်မှာတော့ ဒီနှစ် (၂၀၂၄) ထဲဆိုရင် နှစ်ပေါင်း ၃၀ ရှိနေပါပြီ။ Manga အနေနဲ့ ၁၉၉၄ ခုနှစ်မှာစတင်ခဲ့ပြီး လက်ရှိအထိ Chapter ပေါင်း ၁၁၃၆ ခု နဲ့ Volume ပေါင်း ၁၀၆ တွဲ ထွက်ရှိထားပါတယ်။ Anime အနေနဲ့ ၁၉၉၆ ခုနှစ်မှာ စတင်ပြသခဲ့တာက လက်ရှိအထိ စုစုပေါင်း ၁၁၄၅ ပိုင်းထွက်ရှိထားပါတယ်။ Manga Canon Episodes တွေနဲ့ Filler Episodes (TV Original Episodes) တွေပေါင်းထားတဲ့ အပိုင်းပေါင်း ၁၁၄၅ ပိုင်းတွေထဲမှာ ငါးရာကျော်လောက်က Filler Episodes တွေဖြစ်ပါတယ်။ Movie တွေအနေနဲ့ ၁၉၉၇ ခုနှစ်ကနေ တစ်နှစ်တစ်ကားထုတ်လာခဲ့တာက ဒီနှစ်အထိဆိုရင် စုစုပေါင်း ၂၇ ကားရှိနေပါပြီ။ ကိုနန်ရဲ့မဟာရန်သူတော်အဖွဲ့ကြီး ကူရိုအဖွဲ့အစည်းပါတဲ့ Anime Movie တွေဆိုရင် စာရေးသူမှတ်မိသလောက် Countdown to Heaven (2001), The Raven Chaser (2009), The Darkest Nightmare (2016) တွေဖြစ်ပြီး အခုဘာသာပြန်တင်ဆက်ထားတဲ့ Black Iron Submarine (2023) လည်းအပါအဝင်ပါ။ Black Iron Submarine ကို ရုံမတင်ခင် “Detective Conan: The Story of Ai Haibara ~Black Iron Mystery Train ~” ဆိုပြီး အရင်တုန်းကထွက်ခဲ့တဲ့ Black Organization ပါဝင်တဲ့ အန်နီမဲအပိုင်းတွေကို စုစည်းပြီး Compilation Movie အဖြစ် ရုံတင်သွားခဲ့တဲ့အပြင် အခုဇာတ်ကားရဲ့ Pre-story Episode ကလည်း “Episode 1080: The Cameras Targeting Haibara” ဖြစ်ပါတယ်။ ဒီတစ်ကားတည်းမှာမဟုတ်ဘဲ Conan Anime Movie ဇာတ်ကားတိုင်းမှာ Pre-story Episode တွေ ကိုယ်စီရှိကြပါတယ်။ Black Iron Submarine ထဲမှာ ဇာတ်အိမ်တည်ထားတဲ့ တည်နေရာက အပြင်မှာတကယ်ရှိပြီး ဖိလစ်ပိုင်ပင်လယ်ထဲက ဂျပန်ပိုင်ကျွန်းဖြစ်တဲ့ ဟာချိဂျောဂျီးမား (Hachijojima) ဖြစ်ပါတယ်။ အခုဇာတ်ကားရဲ့ Theme Song ဖြစ်တဲ့ “Utsukushii Hire” ကို Spitz ကသီဆိုထားတာဖြစ်ပါတယ်။ ဒီနှစ်(၂၀၂၄) ဧပြီလထဲ ရုံတင်ခဲ့တဲ့ ၂၇ ကားမြောက် Detective Conan: The Million-dollar Pentagram ကတော့ ဟော့ကိုင်းဒိုး (Hokkaido) က ဟာကိုဒါတဲ (Hakodate) မှာ အခြေတည်ထားပြီး ကိုင်တိုကစ်ဒို (Kaito Kid) နဲ့ ဟာတိုရီ ဟဲဂျိ (Hattori Heiji) တို့က အဓိကပါဝင်ကြမယ်ဆိုတာ Trailer တွေထဲမှာ မြင်ကြမှာပါ။ ဂျပန်ရုံတင်ဝင်ငွေစုစုပေါင်း 13.88 billion Yen ရရှိခဲ့လို့ Detective Conan Movie Franchise ထဲမှာ ရုံတင်ဝင်ငွေစုစုပေါင်း 10 billion yen ထက်ကျော်လွန်ပြီး ပထမဆုံးရရှိသွားဖူးတဲ့ “Detective Conan Movie 26: Black Iron Submarine” ထဲမှာ ကိုနန်တစ်ယောက် သူ့မဟာရန်သူတော်ကြီးအဖွဲ့ဖြစ်တဲ့ ကူရိုအဖွဲ့အစည်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ပိတ်ကားထက်မှာ ရှုစားလိုက်ကြပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 890MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Action, Adventure, Animation, Crime, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Comedy • Romance
7.2 2023
Detective Conan: Black Iron Submarine