YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Spy x Family - 12 .1080p.(CM).mp4

319.88 MB N/A video/mp4 3005 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aftersun
7.7

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။ A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။ နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 858MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
7.7 2022 101 mins
Aftersun
Closer
6.8

ဒီကားက 2004 က ထွက်ခဲ့တဲ့ Romance/Dramaကားပါ IMDb မှာ 7.2 ရထားတယ် Cast ကလဲအပြည့်ပဲ 90s movie တွေရဲ့ queen ဖြစ်တဲ့ Julia Roberts ရယ် Dumbledore အငယ် နဲ့နာမည်ကြီးတဲ့ Jude Law ရယ် Marvel က Thor ရည်းစား Jane, star wars, Black swan ကားတွေနဲ့နာမည်ကြီးတဲ့ Natalia Portman ပါတယ် ဇာတ်လမ်းကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲနီးပါးလိမ်နေကြတဲ့ လူ၄ယောက်ရဲ့ အချစ်ရေးကို အဓိက ရိုက်ထားတာပါ လူ၄ယောက် အတွဲ၂တွဲက အဆင်ပြေနေရာကနေ တစ်တွဲစီက တစ်ယောက်စီက တွေ့ပြီး ကြိုက်ကြ ခိုးတွေ့ကြ ဖောက်ပြန်ကြတဲ့အခါ ပြဿနာတွေဖြစ်လာတဲ့ relationship ကိုပြထားတာပါ Julia Roberts က လန်ဒန်မှာ နေတဲ့ အမေရိကန်ဓာတ်ပုံဆရာမတစ်ယောက်၊ Jude Law က သတင်းစာတိုက်က ဂျာနယ်လစ်တစ်ယောက်၊ Natalia Portman က အမေရိကန်က ပြောင်းလာတဲ့သူတစ်ယောက်၊ နောက်တစ်ယောက်က အရေပြားဆရာဝန်ပါ ဇာတ်လမ်းကို spoil မဖြစ်အောင် ကိုယ်တိုင်ပဲကြည့်လိုက်ကြတော့နော် File size…(2.6GB)/(1.01 Gb)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama /  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Marie

Mystery
6.8 2004 104 mins
Closer
The Matador
6.3

The Matador(2005) ****************** လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်း မိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာ မသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာ လုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊ နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်း သူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီး ပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့ သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့် မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။ လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဇာတ်ကားကောင်း ဟုတ်/ မဟုတ် လက်တို့ပြောဖို့ လိုမယ်မထင်ပါဘူးဗျာ။ File Size :(1.9GB)(and (758MB) Quality :Blu-Ray 1080P, 720p Format…mp4 Duration…01:36:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

Comedy • Drama • War & Politics
6.3 2005 96 mins
The Matador
Purusha Pretham
7.4

Purusha Pretham(2023) IMDb 7.2/10 The times of India. 3.5/5 စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni

Drama
7.4 2023 152 mins
Purusha Pretham
Never Say Never
6

CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။ သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။

Drama
6 2023
Never Say Never
A Not So Royal Christmas
6.1

လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Romantic ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးလေးပါ။ Nordinနိုင်ငံက Sorhagen ဆိုတဲ့ မြို့လေးမှာ အခြေတည်ထားပါတယ်။ Charlotteက အတင်းအဖျင်းတွေရေးတဲ့ ဂျာနယ်က သတင်းထောက်တစ်ယောက်ပါ။ သူ့သူဌေးဆီက လစာတိုးရဖို့အတွက် Sorhagenရဲ့ မြို့စားဖြစ်သူကို အင်တာဗျူးရဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီမြို့စားက လူအများအမြင်ကနေ ပုန်းကွယ်နေတာ ကြာနေပါပြီ။ ဒီတော့ Charlotte ကိုယ်တိုင် နန်းတော်ထဲကို အလည်အပတ်သွားရောက်သလိုနဲ့ အလစ်မှာ ခိုးဝင်ပြီး မြို့စားကို ရှာခဲ့ပါတယ်။ မြို့စားနဲ့တွေ့ပြီး အင်တာဗျူးခွင့်ရအောင်လည်း ကြံဆောင်နိုင်ခဲ့ပေမယ့် သူထင်ထားသလိုမဟုတ်ဘဲ မြို့စားက လျှို့ဝှက်ချက်တွေရှိနေတဲ့အခါ…။သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးက ဆက်ပြီးပေါ်လာနိုင်ပါ့မလား ဆက်လက်ကြည့်ရှုရမှာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

6.1 2023 84 mins
A Not So Royal Christmas
Pan’s Labyrinth
8.2

ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ (function(f,b,n,j,x,e){})(); ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Pan’s Labyrinth ဖြစ်ပြီး IMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာ ဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။ အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကို သွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။ အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကို မခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံး သွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေး ဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာ အဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းက ကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့ အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။ အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီး နေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀က မြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာ ဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.55 GB / 1.31 GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay

8.2 2006
Pan’s Labyrinth
Dummy
6.6

Dummy (2002) ============== IMDb Rating – 6.6/10 ဒီဇာတ်ကားလေးကတော့ The Pianist နဲ့ Oscar ရခဲ့တဲ့ Adrien Brodyတို့၊ Resident Evil မင်းသမီးကြီး Vera Farmiga တို့အပြင် Resident Evil မင်းသမီး Milla Jovovich ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance-Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ 2000ခုနှစ်အငွေ့အသက်တွေအများ ကြီးပါပြီး အဲဒီခေတ်ကခေတ်စားတဲ့ pop-rockဇာတ်ဝင်တေးလေးတွေနဲ့ Nostalgicဖြစ်ဖြစ်နဲ့ ခံစားကြည့်ရှုရမယ့် ကားဟောင်း၊ကားကောင်းလေးတစ် ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စတီဗင်က ငယ်ငယ်ကတည်းက ရုပ်သေးနဲ့ အသံတုလုပ်ပြီးဖျော်ဖြေသူတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် သာမန်အလုပ်လေး တစ်ခုမှာပဲ လုပ်နေခဲ့တဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာသူငယ်ချင်းဆိုလို့ သူနဲ့ဘဝတူ မိဘအိမ်မှာပဲနေနေတဲ့ အဆိုတော်ရူးမလေး တစ်ယောက်ပဲရှိပါတယ်။ စတီဗင်တစ်ယောက် အလုပ်ထွက်ပြီး အိပ်မက်နောက် လိုက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ သူကြုံရတဲ့အခက်အခဲတွေကြားထဲကနေ မိန်းက လေးတစ်ယောက်ကိုပါ သဘောကျမိသွားပြန်ပါသေးတယ်။ အလုပ်အကိုင်မယ် မယ်ရရမရှိ၊ မိဘအိမ်မှာနေနေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ဘဝအကြောင်း တွေ၊ မိသားစုပြဿနာတွေနဲ့ တခြားလေးနက်တဲ့အကြောင်းအရာတွေကို တင်ဆက် ထားလို့ Rom-Comဆိုပေမယ့် Dramaအရသာတွေလည်းခံစားရမယ့် ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်) File Size……….(1.95 GB) / (792 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Zayar Maw Encoder……….SWM

6.6 2002 91 mins
Dummy
Sound of Hope: The Story of Possum Trot
7.1

ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒိုနာနဲ့ သင်းအုပ်ဆရာမာတင်တို့လင်မယားနှစ်ယောက်ဟာ ထိန်းသိမ်းရခက်တဲ့မိဘမဲ့ကလေးတွေကို သူတို့ကိုယ်တိုင်မွေးစားခဲ့တဲ့အပြင် တခြားသူတွေကိုပါမွေးစားချင်လာအောင် တိုက်တွန်းပေးနိုင်ခဲ့ပါတယ် ဒိုနာတစ်ယောက် သူမရဲ့မိခင်ကြီးဆုံးပါးသွားတဲ့အခါမှာ ဖြေဆည်မရတဲ့ပူဆွေးသောကြီးနဲ့လေးလံဖိစီးနေခဲ့ပါတယ် ဒါပေမဲ့တစ်နေ့မှာတော့ သူမရဲ့ပူဆွေးမှုတွေကိုဖြေဖျောက်နိုင်မယ့်နည်းလမ်းတစ်ခုရှာတွေ့သွားခဲ့ပါတယ် အဲ့ဒါကတော့ဘသူမတို့မောင်နှမတွေအများကြီးကို သူမရဲ့မိခင်ကမေတ္တာတွေပေးပြီးပြုစုစောင့်ရှောက်ခဲ့သလိုမျိုး သူမကလည်း ခိုကိုးရာမဲ့နေတဲ့ကလေးတွေကိုပြုစုစောင့်ရှောက်ပေးချင်တာပါ သူမရဲ့အမျိုးသားနဲ့တိုင်ပင်ပြီး မိဘမဲ့ကလေးနှစ်ယောက်ကိုအရင်ဆုံးမွေးစားလိုက်ပါတယ် နောက်ပိုင်း ထိုကလေးငယ်တွေရဲ့ဝမ်းနည်းကြေကွဲစရာအကြောင်းတွေကိုသိလာရတဲ့အခါမှာ အဲ့လိုကလေးမျိုးတွေအတွက်သာယာလှပတဲ့ဘဝလေးပေးနိုင်ဖို့ သူတို့ဘုရားကျောင်းကလူတွေကိုစည်းရုံးပြောဆိုနိုင်ခဲ့ပြီး အဲ့ကမိသားစု 22စုဟာ ကလေးမွေးစားပေးခဲ့ကြပါတယ် ဒါပေမဲ့ ထိန်းသိမ်းအုပ်ချုပ်ဖို့ခက်ခဲတဲ့ကလေးတွေလည်းပါနေတော့ ရင်ဆိုင်ရတဲ့ပြဿနာတွေရော လူများလာတာနဲ့အမျှငွေကြေးမလုံလောက်မှုတွေရောဖြစ်လာပေမဲ့ သူတို့ကဟာ သူတို့ယုံကြည်တဲ့ဘုရားသခင်ရဲ့လမ်းညွှန်မှုအတိုင်းလုပ်ခဲ့တာဖြစ်လို့ အဆင်ပြေမယ်ဆိုတဲ့ယုံကြည်ချက်နဲ့လက်မလျှော့ဘဲရှေ့ဆက်ခဲ့ကြပါတယ်……. File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:10:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

Drama • Romance
7.1 2024 130 mins
Sound of Hope: The Story of Possum Trot
The Quick and the Dead
6.5

The Quick and the Dead (1995) IMDb Rating (6.5) မင်းသားကြီး Russell Crowe , မင်းသားချော Leonardo DiCaprio , မင်းသမီးချော Sharon Stone တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်အက်ရှင်ဇာတ်ကားပါ။ ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက် ၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းကတော့… အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် … အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့ တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ … သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ…..။

6.5 1995 107 mins
The Quick and the Dead
Her Second Chance La seconda vita
5.5

Her Second Chance (2024) IMDb Rating (5.5) Marianna Fontana ဆိုတဲ့မိန်းကလေးက အသက် ၁၈ နှစ်အရွယ်မှာ သူ့ရဲ့ အမွှာအစ်မကို သတ်ဖြတ်မှုအတွက် ၁၅ နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် လွတ်မြောက်လာချိန်မှာ Tuscany ဒေသက ကျေးရွာလေးတစ်ခုကို ပြောင်းရွှေ့ပြီး စာကြည့်တိုက်မှူးအဖြစ် အလုပ်လုပ်ခဲ့တယ်။ Marianna က သူ့ရဲ့နာမည်ကိုလည်း Anna အဖြစ်ပြောင်း၊ တခြားမြို့ကိုပြောင်းပြီးတော့ အတိတ်ကိုအစမဖော်ဘဲ ဘယ်သူမှမသိအောင် ဖုံးကွယ်နေခဲ့ပေမယ့် သူ့ရဲ့အလုပ်ရှင်က အဲဒီအကြောင်းကိုသိနေခဲ့ပြီး လျှို့ဝှက်ထားပေးမယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ Anna က ပန်းပဲသမားတစ်ယောက်ဖြစ်တဲ့ Antonio နဲ့ ရင်းနှီးလာချိန်မှာတော့ အလုပ်ရှင်ဖြစ်သူက လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး ဘယ်လိုတွေ ခြိမ်းခြောက်လာမလဲဆိုတာကို ဒီ အီတလီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ ထောင်သားဟောင်းတစ်ယောက်အပေါ် လူမှုအသိုင်းအဝိုင်းရဲ့ အမြင်တွေ၊ ဘဝရဲ့ ဒုတိယအခွင့်အရေး နဲ့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှုတို့ကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.6 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:23:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy
5.5 2024 84 mins
Her Second Chance La seconda vita
Sisters on the Road
6.5

Sisters On the Road(2009) ************************* IMDb- 6.5 အခုတစ်ခါမှာတော့ 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ မိသားစုသရုပ်ဖော် ကားဟောင်းကားကောင်းလေးတစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Master’s Sun, When the Camellia Blooms ဇာတ်ကားတွေနဲ့ လူသိများကြတဲ့ မင်းသမီးကြီး (Gong Hyo Jin), မြေခွေးမလေး ကိုယ့်ချစ်သူဇာတ်ကားထဲက (Shin Min Ah)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း *************** မိခင်ဖြစ်သူရဲ့ သေဆုံးမှုကြောင့် ဘတ်မြောင်အွန်းဟာ မွေးရပ်ဇာတိ ဂျယ်ဂျူကျွန်းကို ပြန်ရောက်လာခဲ့ရပါတယ်။ အမေ့ဈာပနပွဲပြီးတဲ့နောက်မှာတော့ မြောင်အွန်းဟာ အမေတူအဖေကွဲ အမဖြစ်သူ မြောင်ဂျူနဲ့အတူ ငယ်စဥ်ကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ အဖေဖြစ်သူကို ရှာဖွေဖို့ ခရီးလမ်းကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးလမ်းတစ်လျှောက်မှာ မြောင်အွန်းနဲ့မြောင်ဂျူတို့ ညီအမနှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ မြောင်အွန်းကရော သူ့ရဲ့အဖေကို ရှာတွေ့နိုင်ပါ့မလား။ မြောင်အွန်းအဖေကရော မြောင်အွန်းကို ဘာလို့များစွန့်ပစ်သွားရတာလဲ ဆိုတာကိုတော့ ဒီရုပ်ရှင်လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ PanNu Thwayက ရေးသားထားပါတယ်) File Size – 1.83 GB/ 771 MB Quality – WEB-DL 1080p/ 720p Duration – 1h 31m Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – PanNu Thway Encoded by – Treasure Htet

Horror
6.5 2009 96 mins
Sisters on the Road