YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Spring Of Youth 2025 E04 1080p WEB-DL [RMC].mp4

962.46 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Frankenweenie
6.9

~ IMDb - 6.9/10, Rotten Tomatoes - 87% ~ ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်း‌အကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာ‌ပေါ့။ ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ခွေးလေးကို အခြေတည်ပြီး သရုပ်ဖော်ထားတဲ့ ခွေးကလေးဖြစ်ပါတယ်။ ဘာတန်အရသာအပြည့်နဲ့ တင်ဘာတန်ကားမို့ ဘာတန် ပရိသတ်တွေ သဘောကျကြမှာပါ။ နောက် ဒီကားဟာ 1984 မှာ ပွဲဦးထွက်အနေနဲ့ ဖရန်ကင်ဝီနီဆိုပြီး ရိုက်ခဲ့တဲ့ လူကားရဲ့ အန်နီမိတ်ဗားရှင်းလည်း ဟုတ်ပါတယ်။ ဘာတန်ဟာ လက်ရှိအထိ ကား၂၀ ရိုက်ခဲ့ပြီး ၂၀၁၉ ရဲ့ ဒမ်ဘိုကလွဲ ကျန်တဲ့ကားတွေအကုန် ရှယ်တွေပဲလို့ ပြောလို့ရပါတယ်။ Edward Scissorhands, Big Fish, Charlie and the Chocolate Factory, Corpse Bride တို့ကတော့ သူ့ရဲ့ လူသိအများဆုံးကားတွေဖြစ်ပါလိမ့်မယ်။ ဖရန်ကင်စတိန်းကိုမှ Pet Semetary ပေါင်းပြီး ဘာတန်စတိုင်အပြည့်နှောရိုက်ထားတဲ့ကားဖြစ်သလို ခွေးချစ်တဲ့သူတွေအတွက်လည်း ရင်ထဲ တော်တော်ထိမယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 27Min Genre - Animation, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.9 2012 87 mins
Frankenweenie
Turbo Cola
4.6

လွန်စွာချမ်းအေးနေတဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညချမ်းမှာ မြို့ငယ်လေးက အော်စတင် ဆိုတဲ့ ကောင်လေး တစ်ယောက်ဟာ Quality Mart ဆိုတဲ့ စတိုးဆိုင်မှာ အလုပ်လုပ်နေပါတော့တယ်။ တစ်ခြားလူငယ်တွေကတော့ ၂၀၀၀ ခုနှစ်ရောက်တာနဲ့ ကမ္ဘာပျက်ပြီလို့ တွေးထားကြပြီး နှစ်သစ်ကူးပါတီလုပ်ပြီး အစွမ်းကုန်ပျော်ပါးနေကြပါတော့တယ်။ တကယ်တော့ ထိုကောင်လေး အော်စတင်ဟာ သူအလုပ်လုပ်နေတဲ့ Quality Mart ကနေ နှစ်သစ်ကူးတာနဲ့ ခိုးပြီး ထုတ်ဖို့ သူငယ်ချင်းဖြစ်သူ ဆွယ်စကီနဲ့အတူ အစီစဉ်ဆွဲထားတာပါ။ အိပ်မက်တွေ ကိုယ်စီနဲ့ ပြီးပြည့်စုံတဲ့ ရာဇဝတ်မှုလုပ်ကြဖို့ ကြံစည်နေကြရင်း ထင်မှတ်မထားတဲ့ လူတွေနဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့လာတဲ့အခါ.... သူတို့နှစ်ယောက်ရဲ့ အစီစဉ်တွေ တကယ်ရော ဖြစ်နိုင်ပါ့မလား စီစဥ်ထားသလိုရော ဖြစ်လာနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ ရယ်မောရင်း ကြည့်ရှု့နိုင်မယ့် ဒရာမာဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ IMDb - 5.9/10 ရရှိထားပြီးတော့ Rotten Tomatoes ကတော့ 80% ရရှိထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre.....Drama, Comedy Quality…. 1080p | 720p | 480p File size… 1.1GB | 558MB | 273MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Action • Adventure • Fantasy
4.6 2022 94 mins
Turbo Cola
In the House
7.3

ပြင်သစ်စာပေသင်တဲ့ဆရာတစ်ယောက်ဟာ ကလော့ဂါဆီရာ‌ဆိုတဲ့ကျောင်းသားတစ်ယောက်ရဲ့ထူးဆန်းတဲ့စာစီစာကုံးကိုဖတ်မိရာကနေ ကလော့ရဲ့သူ့သူငယ်ချင်းမိသားစုအပေါ်အမြင်တွေ၊အတွေးတွေကိုပိုသိချင်လာပါတော့တယ် သူကကလော့ကိုစာအရေးအသားသင်ပေးဖို့ဆုံးဖြတ်လိုက်ပြီး ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့စာစီစာကုံးတစ်ပုဒ်ကိုအရင်းပြုရင်း ဆရာတပည့်နှစ်ယောက်ဇာတ်လမ်းနဲ့အပြင်လောကရဲ့ဆက်စပ်မှုတွေကိုရှာဖွေပြီး ဘယ်လိုအလှည့်အပြောင်းမျိုးတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုကြည့်ရှုရမှာပါ Drama & mystery အမျိုးအစားဖြစ်ပြီး စိတ်လှုပ်ရှားစရာသိပ်မပါပေမဲ့အေးအေးလေးနဲ့ဇာတ်လမ်းအဆုံးထိဆွဲသွားနိုင်တာမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားတစ်ပုဒ်ပါပဲ

Horror • Mystery
7.3 2012 105 mins
In the House
Die’ced

ဟောလိုးဝင်းကာလမှာ ကြောက်စရာကောင်းတဲ့သွေးသံတရဲရဲ ဇာတ်ကားတွေကိုကြည့်ချင်တဲ့လူတွေအတွက် Die’ced ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Budget Movie ဖြစ်နေတဲ့အတွက် IMDb Rating က 4.5 နဲ့နည်းနေတာ ကိုတော့ အပြစ်ပြောလို့မရပါဘူး။ဒါပေမယ့် ကိုယ်က Thriller ကားချစ်သူမလို့ ကြည့်စရာ ဇာတ်ကားတွေကုန်ပြီး လှန်လှောရှာဖွေနေရတယ်ဆိုရင်တော့ ဒီကားလေးကမဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဇာတ်ကြောင်းကတော့ ဟောလိုးဝင်းညရောက်ခါနီးတစ်ရက်မှာ ဘန်ဂျမင်နယူးမန်းဆိုတဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကနေလွတ်မြောက်သွားခဲ့ပါတယ်။ သူကသာမန် စိတ်ဖောက်ပြန်နေတဲ့ လူမဟုတ်ဘဲ အရမ်းကြောက်စရာကောင်းတဲ့ ကွင်းဆက် လူသတ်သမား တစ်ယောက်ဖြစ်နေပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် လွတ်မြောက်သွားတဲ့ ဆေးရုံဝန်ထမ်းတွေက ရဲတိုင်ရင်ထောင်ကျမှာ ကြောက်တဲ့ အတွက် ဖုံးကွယ်ထားလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟောလိုးဝင်းညမတိုင်ခင် တစ်ညမှာတော့ ကဆန်ဒရာဆိုတဲ့ ကောင်မလေးတို့ အိမ်နားကလူတစ်ယောက်အသတ်ခံလိုက်ရပါ တော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အိမ်ကဓားတွေနဲ့ ဟောလိုးဝင်းဝတ်စုံတွေကိုလည်း ယူသွားကြောင်းကို ကဆန်ဒရာတို့ရဲ့အဖေဖြစ်သူက ပြောပြနေပါတော့တယ်။ဒါပေမယ့် လူငယ်ပီပီ ကဆန်ဒရာတို့က အဲ့ဒါကိုသိပ်ဂရုစိုက်မနေပဲ ညကျသွားရမဲ့ ဟောလိုးဝင်း ပါတီကိုပဲ စိတ်ရောက်နေပါတယ်။ဒီလိုနဲ့ အဲ့ဒီဟောလိုးဝင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက တစ်ယောက်ပြီး တစ်ယောက်လိုက်သတ်ရင်းနဲ့ ကဆန်ဒရာနဲ့ ထိပ်တိုက်တွေ့လာတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဆက်နွယ်နေတဲ့အရာရှိတာကို သိခဲ့ရပါ တော့တယ်။အဲ့ဒါကဘာဖြစ်မလဲ ကဆန်ဒရာကရောသူများတွေလိုပဲ အသတ်ခံရပြီး သေဆုံးသွားမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…977MB / 415MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Die’ced
Miles Ahead
6.4

Jazz ဂီတကို နှစ်သက်ကြတဲ့CM ပရိတ်သတ်ကြီးအတွက် Big Fishတို့ လို ဇာတ်ကားတွေအပြင် Star warsရဲ့ Obiwan ကြီးဖြစ်တဲ့ အပြုံးချိုချိုနဲ့ မင်းသားကြီး Ewan McGregor နဲ့ MCUမှာ Iron manရဲ့ဘက်တော်သား War machine အဖြစ် လူသိများကြတဲ့ Don Cheadleတို့ရဲ့ Musical ဇာတ်ကားလေးတစ်ခုနဲ့ မိုက်ဆက်ပေးချင်ပါတယ်။ Jazz ဂီတနဲ့ လူမည်းတွေဆိုတာက ခွဲခြားလို့မရတဲ့ အရာနှစ်ခုလိုပဲ။ Jazzဂီတက သူတို့တွေရဲ့ အစွမ်းတွေ အရည်အချင်းတွေ အနုပညာလက်ရာတွေက ဂီတလောကကြီးကို ပုံစံ တစ်ထောင့်တစ်နေရာကနေ ပြောင်းလဲစေခဲ့တာတော့ အမှန်တရားပါပဲ။ ဒီဇာတ်ကားမှာတော့ Jazzဂီတရဲ့ ‌နာမည်ကြီး ဖခင်တွေထဲက တစ်ဦးဖြစ်တဲ့ မိုင်းလ်စ် ဒေးဗစ် (Miles Davis)ရဲ့ ဘဝ တစ်ဆစ်ချိုး အကြောင်းကို ရှုစားကြရမှာပါ။ မိုင်းလ်စ် တစ်ယောက် သူ့ရဲ့ လူကြိုက်များတဲ့ သီချင်းတွေ ဆက်တိုက်ထုတ်ခဲ့ပြီးတဲ့နောက် အိမ်ထောင်ရေးပြဿနာတွေ ကျန်းမာရေး ပြဿနာတွေကြား သူ့ရဲ့ ဂီတဈာန် ပျောက်ဆုံးနေခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အိမ်ကို ရောက်လာတဲ့ ခေါင်းမာမာနဲ့ ရိုးလင်းစတုန်း မဂ္ဂဇင်းက စာရေးဆရာ ဒေ့ဗ် ဘရေဒန်နဲ့ အတူတကွ သူရဲ့ ပျောက်ဆုံးနေတဲ့ ဂီတဈာန်ကို ပြန်လည် ရှာဖွေနိုင်ခဲ့ပုံကို ရှုစားအားပေးကြရမှာပဲ ဖြစ်ပါတယ် ခင်ဗျ။ File size… 1.7 GB / 833 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Comedy
6.4 2016
Miles Ahead
S.I.T: Special Investigation Team

S.I.T (2024) အထူးစုံစမ်းရေးအဖွဲ့ ဒါရိုက်တာ Vijaya Bhaskar Reddyရိုက်ကူးထားတဲ့ အသစ်စက်စက် မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေကတော့Grey: The Spy Who Loved Me၊ Shukra တို့လို thriller/ crime /mystery တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Arvind Krishnaနဲ့ မင်းသမီး Natasha Doshi တို့အပြင် Detective Karthikရဲ့ မင်းသား Rajath Raghav ပါ ပါဝင်ထားပါတယ်။ အမှုနဲ့ပတ်သက်လာရင် ဥပဒေဘောင်ထဲက ကျော်ပြီး ဖြေရှင်းသင့်ရင် ဖြေရှင်းတတ်တဲ့အရာရှိ ပရာသာတစ်ယောက် တစ်နေ့မှာ ဆော့ဝဲလ်ပညာရှင်နာဗီရာ သေဆုံးမှုကို စုံစမ်းဖို့ အမိန့်ကျလာခဲ့တယ်။ သေဆုံးသူက နာမည်ကြီး ဖြစ်တဲ့အပြင် သေဆုံးမှုကလည်း ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် လူထုစောင့်ကြည့်နေကြတဲ့ အမှုဖြစ်နေခဲ့လို့ ရဲဌာနတစ်ခုလုံး ဖိအားဖြစ်နေရပါတယ်။ အမှုအတွက် ထိပ်တန်းပညာရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးကြတဲ့အခါ အမှုက ထင်သလောက်မရိုးရှင်းဘဲ နာဗီရာရဲ့အတိတ်တွေရော မိသားစုအရေးတွေပါ ပါဝင်ပတ်သက်လာပြီး အရာရှိပရာသာနဲ့ အဖွဲ့က ဖော်ထုတ်နိုင်မလား ဆိုတာကတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bolloywood Team ဖြစ်ပါတယ်)

0 2024
S.I.T: Special Investigation Team
Doom
5.2

ထိတ်လန့်သည်းဖို ရုပ်ရှင်ကြိုက်သူတွေ အတွက် တင်ပေးလိုက်ပါတယ် ဇတ်လမ်း ပုံစံကတော့ မာ့စ် ဂြိုလ် ပေါ်မှ UAC ကော်ပိုရေးရှင်း ရဲ့ သိပ္ပံစမ်းသပ်ခန်းကနေ စတင်လာတာ ဖြစ်ပါတယ်… ဒေါက်တာ ကားမတ်စ် ဦးဆောင်သော လျို့ဝှတ်သုတေသန အဖွဲ့ဟာ အလွန်ဆိုးဝါးတဲ့ Virus တစ်ခုကိုဖန်တီးမိပြီး ထို Virus ထိမိသော လူတိုင်းသည် အသိစိတ်ကင်းမဲ့သော မကောင်းဆိုးဝါးများ ဖြစ်ကြကုန်သည် ထို့ကြောင့် ဒေါက်တာ ကားမတ်စ် အပါအဝင် ဆရာဝန်အဖွဲ့ အားလုံး သေဆုံးခဲ့ရပါတယ်… သို့သော် ဒေါက်တာ ကားမတ်စ် မသေခင် အခိုက်အတန့်တွင် အဆင့်ငါး လုံခြုံရေး ကျိုးပေါက်မှုအဖြစ် သတင်းပေးပို့နိုင်ခဲ့ပါတယ် ထိုသတင်းကို ရရှိခဲ့သူတွေကတော့ မရိန်းတပ်ဖွဲ့ အထူးစစ်ဆင်ရေး မှ ဖြစ်ပါတယ်.. ထို့ကြောင့် ဗိုလ်ကြီး ဆာ့ဂ် နဲ့ အထူးတပ်ဖွဲ့များဟာ ပိတ်မိနေသော UAC ဝန်ထမ်းများကို ကယ်ဆယ်ရန်မာ့စ်ဂြိုလ်ပေါ်မှ လျို့ဝှတ်သုတေသန စခန်း သို့ သွားရောက်ကြပါတယ်… သူတို့ ထင်ထားသလို သာမန် အဆင့်မဟုတ်ပဲ အသက်ဆုံးရှုံးနိုင်ဖို့ လက်တကမ်းသာ လိုသော စစ်ဆင်ရေး ဟုသူတို့ သိရှိခဲ့ချိန်မှာတော့ အင်မတန်နောက်ကျသွားပါတော့တယ်… ဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Tariq L Walker ဖြစ်ပါတယ် (သစ်ဆန်းခန့်) File size… 5 GB / 1.6 GB / 708 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Action/Horror/Aci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Tariq L Walker

Horror • Thriller
5.2 2005 105 mins
Doom
The Searchers
7.8

The Searchers (1956) ~ IMDb – 7.8/10, Rotten Tomatoes – 87% ~ ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို “King of Directors” လို့ပြောဖူးတယ်။ Jean-Luc Godard ဆို The Searchers ရဲ့ ဇာတ်သိမ်းခန်းကို Ulysses နဲ့ Telemachus ပြန်ပေါင်းစည်းကြတဲ့အခန်းနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ဖူးတယ်ဆိုတယ်။ Alfred Hitchcock ဆို ဂျွန်ဖို့ဒ် ရုပ်ရှင်တွေရဲ့အပြဟာ အရာရာလှပတယ်လို့ပြောဖူးတယ်။ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ခဲ့ကြဖူးတဲ့ Citizen Kane ရဲ့ ဒါရိုက်တာနဲ့မင်းသား Orson Welles ကို တစ်ခါသား သူအကြိုက်ဆုံး ဒါရိုက်တာသုံးယောက်နာမည်မေးတော့ “ကျွန်တော်က ဆရာ့ဆရာကြီးတွေကို ကြိုက်တာဗျ။ ဥပမာဆို ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ်ပေါ့” လို့တောင် ဖြေဖူးတယ်။ Andrei Tarkovsky ကလည်း ဖို့ဒ်က သူ့အကြိုက်ဆုံး ဒါရိုက်တာတွေထဲပါတယ်လို့ ဖြေဖူးတယ်။ သူတို့လိုလူတွေအပြင် ဂျွန်ဖို့ဒ်ကိုကြိုက်တဲ့ထဲ Satyajit Ray တို့၊ Jean Renoir တို့၊ Federico Fellini တို့၊ Francois Truffautတို့၊ Ingmar Bergman တို့၊ Stanley Kubrick တို့၊ Sergio Leone တို့လို ရုပ်ရှင်သမိုင်းရဲ့ထိတ်ထိတ်ကြဲတွေတောင်ပါပါတယ်။ သူတို့ထက် နှောင်းတဲ့ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ စတိုရှိခွန်တို့ စကောဆဲစီတို့လိုလူ‌တွေလည်း မနည်းဘူး။ David Lean ရဲ့ ဂန္ထဝင်ဖြစ်တဲ့ Lawrence of Arabia ကလည်း The Searchers ကို Inspiration ယူခဲ့တယ်လို့ David Lean ကိုယ်တိုင်ပြောဖူးတယ်။ Landscape တွေကို ဘယ်လိုရိုက်ရမလဲဆိုတာကို ဒီကားကို ကြည့်ပြီးလေ့လာခဲ့တာပါတဲ့။ နောက်ထူးခြားတဲ့အချက်ကတော့ ဂျွန်ဖို့ဒ်ဟာ ဒီလောက်ဆရာကျတဲ့ ဒါရိုက်တာဖြစ်ခဲ့ပေမဲ့ စတိုရီဘုတ်လုံးဝမသုံးပါဘူး။ သရုပ်ဖော်ထားတာရော စာနဲ့ရေးထားတာရော မသုံးခဲ့ပါဘူး။ ဒိုင်ယာလော့စာရွက်သက်သက်လောက်ပဲ သုံးခဲ့တယ်။ ဒါက ဝေါင်ကာဝေးလည်း ဒီလိုလုပ်တယ်ကြားဖူးပေမဲ့ ဝေါင်ကာဝေးရဲ့ ကာရိုက်တာတည်ဆောက်ပုံနဲ့ မသုံးတာက ဆန်းတောင် မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပေမဲ့ ဂျွန်ဖို့ဒ် ကာရိုက်တာတည်ဆောက်ပုံနဲ့ စတိုရီဘုတ်လုံးဝမသုံးဘဲ ဒီလိုပုံစံထွက်တာက ဂျွန်ဖို့ဒ်က လူလွန်မသားပါလို့ ပြောနေသလိုပါပဲ။ အခု ဒီ The Searchers ကတော့ ဂျွန်ဝိန်းနဲ့ ဖို့ဒ်တွဲဖက်ထားတဲ့၊ Lawrence of Arabia ကားရဲ့ မြစ်ဖျားခံရာဖြစ်တဲ့၊ ဖို့ဒ်ရဲ့အကောင်းဆုံးတွေထဲက တစ်ကားပါပဲ။ ဖို့ဒ်ဟာ Western ကားတွေကို အခန်းတိုင်းမလွတ်လှနေအောင် ရိုက်ပြနိုင်တဲ့အချက်နဲ့လည်း ကျော်ကြားပါတယ်။ အခုကားကိုလည်း Western ကားတွေရိုက်ရင် သူအကြိုက်ဆုံးလိုကေးရှင်းတွေထဲက တစ်ခုဖြစ်တဲ့ Monument Valley မှာပဲရိုက်ထားတယ်။ နောက် ဒီထဲကဇာတ်ကောင် အီသန်ဟာ ဂျွန်ဝိန်းသရုပ်ဆောင်ဖူးသမျှထဲ အကြိုက်ဆုံးဇာတ်ကောင်ဖြစ်ခဲ့ပြီး သူ့သားနာမည်ကိုပါ ဒီဇာတ်ကောင်နာမည်ပေးထားခဲ့ပါတယ်။အမေရိကန်ဖလင်အင်စတီကျူ့ကလည်း Greatest American Western လို့ သမုတ်ခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ Texas–Indian စစ်ပွဲကာလမှာ တည်ထားတယ်။ တက္ကဆက်သားတွေနဲ့ အင်ဒီးယန်းတွေ သူသတ်ကိုယ်သတ်လုပ်နေကြတဲ့ ကာလပေါ့။ အဓိကဇာတ်ကောင်ကတော့ အဲဒီကာလက ပြည်တွင်းစစ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ အီသန်။ စစ်ကြီးပြီးတာတောင် စစ်ရှုံးသွားတာတောင် အရှုံးပေးချင်စိတ်မရှိတဲ့ ဘုကလန့်စစ်ပြန်ကြီးတစ်ယောက် ညီနဲ့ညီမ တူတွေတူမတွေရှိတဲ့ အိမ်ကလေးကို ပြန်လာတာကနေ ဇာတ်ကိုစထားတယ်။ သူရောက်ပြီးသိပ်မကြာခင်မှာပဲ အင်ဒီးယန်းတွေက သူတို့မြို့ကို လာတိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်။ ဒီလိုနဲ့ သူအပါအဝင်တက္ကဆက်ရိန်းဂျားတွေက အဲဒီလူနီရိုင်းတွေကို သတ်ဖို့လိုက်ကြတယ်။ ဒါပေမဲ့ သူတို့မျှားခေါ်ခံလိုက်ရတာဖြစ်နေပြီး သူ့ညီအိမ်ကို ဖျက်ဆီးပြီး သူ့ညီတစ်မိသားစုလုံး အသတ်ခံခဲ့ရတယ်။ သူ့တူမလေးတွေလည်း အဖမ်းခံခဲ့ရတယ်။ ဒီလိုနဲ့အီသန်ဟာ သူ့တူမလေးတွေကို ပြန်ကယ်ဖို့ရော ကလဲ့စားချေဖို့ရော နေရာအတည်တကျမရှိဘဲ လှည့်ပတ်နေထိုင်နေတဲ့ လူနီရိုင်းတွေနောက်ကို ခြေရာကောက်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ The Searchers ဟာ ဂျွန်ဖို့ဒ် ပီပီသသ အခန်းတိုင်းလှနေတဲ့ Landscape စီနီမာတိုဂရပ်ဖာအလန်းစားတွေနဲ့ကြည့်ရမယ့် အကောင်းဆုံး Western ကားတွေထဲက တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.31GB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 59Min Genre – Adventure, Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1956 119 mins
The Searchers
Crazy Scary 2 aka Barikowa 2: Norowareta Onna-tachi

Barikowa 2(2023) Japan Horror ပရိသတ်ကြီးအတွက် ပဟေဋိဆန်ဆန်ထိတ်လန့်စေမဲ့ကား စိမ်းစိုလှပတဲ့မြက်ခင်းပြင်ကျယ်ကြီးမှာ အေးချမ်းမှုကိုခံစားနေတဲ့ မိန်းကလေးတစ်ယောက်တွေ့ကြံလိုက်ရတဲ့ ထိတ်လန့်စရာဖြစ်ရပ်…။ ဆောက်လုပ်ပြီးချိန်တည်းက သူ့ထံမှာလာခိုနားသူတွေကို ခင်မင်ရင်းနှီးစိတ်ဝင်ခဲ့တဲ့ အိုဆာကာမြို့လယ်က တိုက်ခန်းနံပါတ် 1313 ၊ ပထမဆုံးပိုင်ရှင်က စီးပွားရေးကျသွားလို့ သူ့ကိုအရောင်းတင်ပြီးအကြာကြီးလူမနေဘဲရှိနေတော့ အထီးကျန်မှုတွေခံစားလာရတဲ့ တိုက်ခန်းနံပါတ် 1313….။ အဲဒီအချိန်မှာ မီအိုဆိုတဲ့ကောင်မလေးက သူ့ဆီကိုရောက်လာခဲ့ပြီး သူ့ကိုသက်ရှိတစ်ယောက်လိုနှုတ်ဆက်ပြောဆိုမှုတွေမှာ ပိုသဘောကျသွားမိတယ် ။ တစ်နေ့ မီအိုခေါ်လာတဲ့လူတစ်ယောက်က မီအို့ကိုအသက်အန္တရာယ်ပေးတဲ့အချိန် သူ့အပေါ်သံယောဇဉ်တွယ်နေတဲ့တိုက်ခန်းက ကာကွယ်ပေးဖို့ကြိုးစားရာက ထူးဆန်းတဲ့ထိတ်လန့်စရာတွေဖြစ်လာခဲ့တယ် ။ သရဲတို့ဝိညာဉ်တို့ဆိုတာထက် ကို့ဘေးကအရာတွေက ရုတ်တရက်ချောက်ချားစရာဖြစ်သွားတဲ့ပုံစံမျိုးရှုစားရမဲ့ကားဖြစ်ပါတယ် အညွှန်းနှင့်ဘာသာပြန်သူကတော့ BpL ပဲဖြစ်ပါတယ်

0 2023
Crazy Scary 2 aka Barikowa 2: Norowareta Onna-tachi
Sugar Baby Youtopia
5.2

Sugar Baby (2018) IMDb Rating (5.2) ဒီအီတလီရုပ်ရှင်ကတော့ ရိုးရိုးလေးပေမဲ့ အကြောင်းအရာမဆိုးဘူးလို့ပြောရမယ်။ အစစအရာရာပျက်ယွင်းနေတဲ့ ယောက်ျားသားမရှိတဲ့ အဘွား, အမေ, သမီးပဲရှိတဲ့ မိသားစုတစ်ခုရဲ့ အခက်အခဲတွေကို အခြေတည်ထားတယ်။ သူတို့မိသားစုက နေထိုင်စားသောက်ဖို့ ခက်ခဲနေတဲ့အပြင် အိမ်ကလည်း အပေါင်ဆုံးတော့မယ် စားစရာခက်ခဲရုံမက နေစရာပါမရှိဖြစ်တော့မယ်။ ဒီအချိန်မှာ အမေတစ်ယောက်ရဲ့ စိတ်ဖိစီးမှုတွေကို ကျွန်တော်တို့ကိုပြတယ်။ အဲဒီဒဏ်ကို သမီးက ခံရပုံကိုလည်းပြတယ်။ ဖြေရှင်းကြပုံကတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပါပဲ။ သူ့သမီးက စစချင်း Dark Web မှာ အဖော်အချွတ်လုပ်ရင်း ရတဲ့ငွေနည်းနည်းကို သူ့အမေကိုပေးတယ်။ ဒါပေမဲ့ ပိုကြီးတဲ့ပြဿနာက နှစ်ပတ်အတွင်းအိမ်ကိုလေလံတင်ရောင်းတော့မယ်လို့ ဘဏ်က စာပို့လာတာပေါ့။ ဒီအချိန်မှာ အားလုံးကြံရာမရဖြစ်နေကြတဲ့အချိန် သူ့သမီးက သူ့အပျိုစင်ဘဝကို လေလံတင်ရောင်းပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့လုပ်ခဲ့တယ်။ ဘာတွေဆက်ဖြစ်မလဲတော့ ရုပ်ရှင်မှာ ဆက်မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:32:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

History
5.2 2018 94 mins
Sugar Baby Youtopia
Curse of the Jurenei Sumpahan Jerunei
4.6

Curse of the Jurenei (2023) IMDb Rating (4.6) ဒီရုပ်ရှင်ကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တော့မယ့် ရှေးဟောင်းယဇ်ပုလ္လင်တိုင်တွေကို လေ့လာရေးလုပ်ဖို့ သွားရာကနေ လူတစ်စုပျောက်သွားရာကနေ စပါတယ်။ တောကြီးမျက်မည်းထဲမှာ သွားလေ့လာရတာဖြစ်ပြီး သွားတဲ့လူတွေအကုန် ပျောက်ချင်းမလှပျောက်သွားတဲ့နောက် ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ကလူတွေကိုရှာဖို့ ဘီးဆိုတဲ့ တာဝန်ခံထားတဲ့ကောင်မလေးဟာ အဖွဲ့အသစ်တစ်ဖွဲ့ဖွဲ့ပြီး ပျောက်သွားတဲ့အဖွဲ့ကို ရှာဖို့ ရောက်လာခဲ့တယ်။ ဒီလိုပျောက်သွားတဲ့အဖွဲ့ကိုရှာရင်း ပထမအဖွဲ့ပျောက်သွားတဲ့တောကြီးထဲမှာ ယဇ်ပုလ္လင်တိုင်ရဲ့ ကျိန်စာနဲ့ပတ်သက်တာတွေကို သိလိုက်ရပြီး ပဟေဠိတစ်ခု တဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာတာကို မြင်ရမယ့်ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3 GB) / (1.3 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:30:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Crime • Comedy • Action
4.6 2023 105 mins
Curse of the Jurenei Sumpahan Jerunei
Parasite in Love
6

Parasite in Love (2021) *********************** IMDb….. 6.0 ဒီတစ်ခါမှာတော့ Nana Komatsu နဲ့ Kento Hayashi တို့ ပါဝင်ထားတဲ့ Parasite in Love ဆိုတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခိုဆကနဲ့ ဆာနာဂီတို့ ချစ်သူနှစ်ဦးမှာ ခိုဆက ကတော့ အသန့်ကြိုက်တဲ့ရောဂါကို ခံစားနေရကာ ပိုးသတ်မထားတဲ့ အရာဝတ္ထုတွေကို ထိတွေ့မိလိုက်တိုင်း သူ့ဆီကို ရောဂါတွေ ကူးစက်လာပြီလို့ ထင်နေတဲ့ စိတ်ရောဂါကို ခံစားနေရသူ ဖြစ်ပြီး ဆာနာဂီကတော့ လူတွေကြည့်တာကို မခံနိုင်ဘဲ မျက်လုံးတွေကို ကြောက်တဲ့ စိတ်ရောဂါကို ခံစားနေရတဲ့သူပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အခုလိုမျိုး စိတ်ရောဂါတွေဖြစ်နေတာဟာ သူတို့ရဲ့ ခေါင်းထဲမှာ ကပ်ပါးကောင်တစ်မျိုး ရှိနေလို့ပါပဲ။ အဲဒီကပ်ပါးကောင်ကြောင့်ပဲ ဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ အချစ်စိတ်တွေဟာလည်း ခံစားချက် အစစ်အမှန် မဟုတ်ပြန်ပါဘူး။ ကပ်ပါးကောင်ကို ခွဲစိတ်ဖယ်ရှားပြီးတော့ ကုသလို့ ရပေမဲ့ အဲဒီလို ကုသလိုက်ရင်လည်း အချစ်စိတ်တွေ အကုန် ကွယ်ပျောက်သွားရမှာဖြစ်သလို မကုသဘူးဆိုရင်လည်း ကပ်ပါးကောင်ကြောင့် သေဆုံးရမယ်ဆိုတာပါပဲ။ ဒီတော့ သူတို့ ချစ်သူနှစ်ယောက် ဘယ်အရာကို ဦးစားပေးပြီး ဘယ်လမ်းကို ရွေးချယ်သွားကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Okka ပဲ ဖြစ်ပါတယ်။) File Size : 1.18GB/ 550MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:39:55 Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Okka Encoded by Tiff

Drama
6 2021 100 mins
Parasite in Love
The Last 7 Days Sebelum 7 Hari
5.4

The Last 7 Days (2025) IMDb Rating (5.4) တာရီဟာ ဆင်ဂယ်မိခင်တစ်ယောက်ဖြစ်ပြီး ဟာနစ်ဖ်နဲ့ဘီယန်းဆိုတဲ့ သားနဲ့သမီးဖြစ်သူတို့နဲ့အတူနေထိုင်ပါတယ်။ သူ့မှာအလုပ်အကိုင်မယ်မယ်ရရမရှိလေလွင့်နေတဲ့ ကဒါးဆိုတဲ့မောင်တစ်ယောက်ရှိပြီး တစ်ရက်တော့ သူတို့ရဲ့မွေးရပ်အိမ်ကြီးမှာ မိခင်ဖြစ်သူ အသည်းအသန်ဖြစ်နေပြီဆိုတဲ့သတင်းစကားကြောင့် အိမ်ပြန်ဖို့ဖြစ်လာပါတော့တယ်။ သူတို့ရဲ့မိခင်ဖြစ်သူဟာ သူတို့မောင်နှမနှစ်ယောက်ကို ငယ်စဉ်ကတည်းက အိမ်ပေါ်ကနှင်ချခဲ့တဲ့အတွက် တာရီက မိခင်ကိုအမြင်မကြည်ပါဘူး။ ဒါပေမယ့်လည်း သူတို့ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့ရဲ့မိခင်ဖြစ်သူဟာ ထူးဆန်းစွာသေဆုံးသွားခဲ့တဲ့အတွက် ရက်မလည်မချင်းနေရဖို့ဖြစ်လာခဲ့သလို ၊ သူ့အမေသေဆုံးချိန်ကစလို့ တစ်ယောက်ချင်းစီဟာ ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့အခြောက်အလှန့်တွေခံလာရပါတယ်။ အခြောက်အလှန့်တွေဟာ တစ်ရက်ထက်တစ်ရက်ပိုကြမ်းတမ်းလာခဲ့ပြီး သူတို့ရဲ့မိခင်ဖြစ်သူတစ္ဆေကပါ သူတို့ကိုကြုံတိုင်း ထွက်သွား လို့ပြောနေတဲ့အတွက် အိမ်ကနေအမြန်ထွက်သွားဖို့ကြိုးစားကြပေမယ့် အခြေအနေတွေက သူတို့ထွက်သွားဖို့မဖြစ်နိုင်အောင် တွန်းပို့ကြပါတော့တယ်။ ယုံကြည်မှုဓလေ့အတော်များများမှာရှိကြတဲ့ ခုနှစ်ရက်မပြည့်မချင်း သေသူရဲ့ဝိဉာဉ်ဟာ လှည့်လည်သွားလာနေတယ်ဆိုတဲ့ အချက်ကိုအခြေခံပြီး အောက်လမ်းပညာနဲ့ပေါင်းစပ်ဇာတ်လမ်းဆင်ထားတဲ့ ဟော်ရာကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:47:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.4 2025 107 mins
The Last 7 Days Sebelum 7 Hari