YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Spring.2014..BluRay1080p.5.1CH(CM).mp4

1.52 GB N/A video/mp4 220 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Butch Cassidy and the Wild Bunch
8

အသစ်စက်စက်ထွက်ထားတဲ့ Butch Cassidy and the wild bunchဟာဆိုရင်ဖြင့် အရင် cowboy ခေတ်မှာဇာတ်လမ်းတည်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကြည့်နေရင်းတန်းလန်းနဲ့တင်ပဲမသိရင် အရင်ခေတ်က ရိုက်ခဲ့တဲ့ ကားလို့တောင်ထင်ရလောက်အောင် ကောင်းလှတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းအသွားလေးကတော့ Butch Cassidy ဆိုတဲ့ လူလေးဟာ သူ့ရဲ့မိဘအိမ်ကိုအကြွေးလာသိမ်းမယ်ဆိုတာကို ကြားခဲ့ရပြီးတဲ့နောက်ပိုင်းမှာ ဘဏ်ကိုသူ့သူငယ်ချင်းနဲ့ဓားပြတိုက်ခဲ့တယ်။ နောက် ၅နှစ်လောက်ကြာတဲ့အခါမှာတော့ သူဟာနာမည်ကြီး ဓားပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဓားပြတိုက်လိုက်တဲ့ ရထားက လက်မှတ်ဖြတ်တဲ့လူကိုရုတ်တရက်သတ်မိသွားရာကနေပြီးတော့ Pinkertons လို့ခေါ်တဲ့ အဖွဲ့က စုံထောက်တွေက သူ့ကိုလိုက်လံရှာဖွေရာကနေ ဘယ်လိုတွေဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Butch Cassidyနေရာကိုတော့Ross Jirgl ကသရုပ်ဆောင်ထားတာဖြစ်ပြီးတော့ Charles Siringoနေရာမှာတော့ Jeffrey Combsက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် သင်ဟာ Actionကားတွေကိုကြိုက်နှစ်သက်တဲ့လူဆိုရင်တော့ဒီကားဟာကြည့်သင့်တဲ့ကားတစ်ကားပဲဖြစ်ပါတယ် File size…(802 MB)/(500 Mb) Quality….Webrip 720p / 480p Format…mp4 Duration….01:46:00 Genre...Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Comedy
8 2023 106 mins
Butch Cassidy and the Wild Bunch
Velvet Goldmine
7

မင်းသားကြီး Christian Bale ငယ်စဉ်ကသရုပ်ဆောင်ထားတဲ့ 1998 ခုနှစ်က ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Glam-rock အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဟာ စင်ပေါ်မှာဖျော်ဖြေနေတုန်း သေနတ်အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်နေ့ကျမှ သေနတ်ပစ်ခံရတာဟာ သရုပ်ဆောင်တာသာဖြစ်ကြောင်း၊ စတန့်ပြကွက်တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီပြကွက်နောက်ပိုင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေခံရ၊ ရောင်းအားတွေလည်းကျဆင်းပြီး စလိတ်ဒ်တစ်ယောက် ဘယ်ရောက်သွားမှန်းမသိအောင်ကို အစပျောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အပြီး ၁၀ နှစ်အကြာမှာ အမေရိကန်သတင်းဌာနတစ်ခုကနေ အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဘာဖြစ်သွားလဲ၊ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခိုင်းဖို့ သတင်းထောက် အာသာကို လွှတ်လိုက်ပါတယ်။ သတင်းထောက်အာသာဟာ ငယ်စဉ်တုန်းက အဲဒီအဆိုတော် ဘရိုင်ယန်စလိတ်ဒ်ကို အရူးအမူးအားပေးခဲ့သူပဲဖြစ်ပါတယ်။ ဘရိုင်ယန်စလိတ်ဒ်ရဲ့ လိင်တူနှစ်သက်မှုကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟထားမှုတွေ၊ ထုံးတမ်းကိုဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေက အာသာအနေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကို ဖွင့်လှစ်ပြဖို့ အားတက်စေခဲ့တဲ့အရာတွေ ဖြစ်ခဲ့တာပါ။ စလိတ်ဒ်သေနတ်ပစ်ခံရပုံဟန်ဆောင်ပြတဲ့ ဖျော်ဖြေပွဲညတုန်းက ပွဲထဲမှာ အာသာပါရှိနေခဲ့တာပါ။ အခုအခါမှာတော့ သူတစ်ချိန်ကအရူးအမူးကြိုက်ခဲ့တဲ့ အဆိုတော်အကြောင်း လိုက်စုံစမ်းဖို့ လန်ဒန်ကိုပြန်လာခဲ့ပြီးတော့ ဘရိုင်ယန်စလိတ်ဒ်နဲ့ ဆက်စပ်နေတဲ့သူတွေအားလုံးကို အင်တာဗျူးရင်း စလိတ်ဒ်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေ၊ အလုပ်အကြောင်းတွေသိလာရပြီး နောက်ဆုံး စလိတ်ဒ်နဲ့ပတ်သက်တဲ့ ပဟေဠိဆန်တဲ့အကြောင်းအရာတွေအကုန်လုံး ရှင်းလင်းသွားမလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဒရာမာကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(3.3 GB)/(1.3 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Drama Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Fantasy • History • Romance
7 1998 123 mins
Velvet Goldmine
Sisid
8

အဏ္ဏဝါဇီဝပညာရှင် ဂျေဆင်နဲ့သူ့ဇနီးတို့ဟာ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့ဖြစ်တဲ့ ပိုလာ,မင်ဒိုရိုကို ငါးဘေးမဲ့ဇုန် တည်ထောင်ထိန်းသိမ်းဖို့တာဝန် နဲ့အတူလာခဲ့ကြပါတယ်၊ ဂျေဆင်ရဲ့ ဇနီးဖြစ်တဲ့ကင်ဆာဝေဒနာသည် အက်ဘီမှာတော့တစ်ခြားရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူမရှိတော့တဲ့တစ်နေ့မှာ သူချစ်ရတဲ့ခင်ပွန်းသည်ကိုစိတ်ချလက်ချထားခဲ့နိုင်တဲ့အဖော်တစ်ယောက်ရှာဖွေပေးခဲ့ချင်တာပါပဲ။ မြို့တော်ဝန်က ဂျေဆင်ရဲ့လက်ထောက်အဖြစ် ဒင်းနစ်ဆိုတဲ့မြို့ခံကောင်လေးတစ်ယောက်ကို တာဝန်ချထားပေးခဲ့ပါတယ်။ ဂျေဆင်နဲ့ဒင်းနစ်ဟာ ပင်လယ်ထဲကိုခရီးထွက် ရေအောက်ကိုအတူတူငုပ်ကြရင်း တစ်ယောက်အပေါ်တစ်ယောက်အကြည့်တွေ၊ မတော်တဆအထိအတွေ့တွေကို သာယာမိရာကနေ မရှောင်နိုင်ပဲရှေ့ဆက်တိုး အချစ်နယ်ကျွံမိကြပါတော့တယ်။ တကယ်တော့ ဒင်းနစ်စ်မှာလဲသက်တူရွယ်တူကောင်မလေးရှိပြီး အဲ့ဒီကောင်မလေးကိုယ်ဝန်ရှိကြောင်းသိရ၊ လက်ထပ်ဖို့ အတင်းပူဆာလာတဲ့အခါမှာ..။ ဆိုင်သူကိုယ်စီနဲ့ သူတို့ဇာတ်လမ်းကို ဘယ်လိုရှေ့ဆက်ကြမလဲ? မဆိုင်သူတွေမနစ်နာရမယ့်လမ်းကို ဘယ်လိုရွေးချယ်ကြမလဲ? သူတို့တွေရဲ့ အချစ်ဟာပျော်စရာဇာတ်သိမ်းလေးတွေ့ကြုံရပါ့မလား? Palitan ကိုရိုက်ခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်အကောင်းဆုံးဒါရိုက်တာဆုရှင် Brillante Mendoza ရဲ့လက်ရာပါပဲ။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းသလို သူ့ကားတွေထုံးစံ ရုပ်ရှင်ဆန်တဲ့ဒိုင်ယာလော့တွေ ကြီးကြီးကျယ်ကျယ် ဘာညာမရောင်းပဲ ရှင်းရှင်းလေးနဲ့ပြေပြေပြစ်ပြစ်တင်ဆက်ထားပါတယ်။ သာယာလှပတဲ့နယ်မြို့လေးနဲ့ ရေအောက်က သန္တာကျောက်တန်းတွေ ကျွန်းတွေရဲ့အလှအပကို Cinematography အမိုက်စားတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ BL ဘက်ကိုနွယ်တဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီးတွေဘက်ကိုလဲ အသားပေးမှုမလျော့တာကြောင့် လင်းတဲ့အခန်းတွေလင်းပေမယ့် မှောင်တဲ့အခန်းတွေလဲတော်တော်မှောင်ပါတယ်။ File size…(2.2 GB) / (1 GB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:55:48 Subtitle….Myanmar Subtitle(Hardsub) Encoder….RGB Translated by ALS

Comedy • Drama
8 2022 115 mins
Sisid
Libélulas
5.4

Libélulas (2022) ============ ဇာတ်ကားနာမည်က စပိန်လို Libelulas ဖြစ်ပီး မြန်မာလို ဆိုရင်တော့ ပုဇဉ်းလေး ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဇာတ်လမ်းခေါင်းစဉ်အတိုင်း သူတို့ရဲ့ဇာတိမြေကနေ အဝေးကို ပျံသန်းသွားချင်တဲ့ဆန္ဒက အဲလက်စ်နဲ့ ကာတာတို့ရင်ထဲမှာအပြည့်ပါ။ သူတို့သူငယ်ချင်း၂ယောက်က ဘာအလုပ်မှရေရေရာရာမလုပ်ပဲ ညတိုင်း ပါတီလုပ် ကလပ်သွားပျော်ပီး ကိုယ်စီစိတ်ဒဏ်ရာတွေကို ကုစားနေတဲ့ လူငယ်သူငယ်ချင်း၂ယောက်ပါပဲ။ အဲလက်စ်က ၇နှစ် အရွယ်မှာပဲ သူ့အမေအဆုံးစီရင်သွားတာကိုမြင်တွေ့ခဲ့ရသူဖြစ်ပီး ကာတာကတော့ အရင်တုန်းကမိသားစုအပေါ်တာဝန်မကျေပွန်ခဲ့တဲ့ လေဖြတ်နေတဲ့ဖခင်ကြီးကိုပြုစုရင်းခက်ခက်ခဲခဲ ဘဝကိုဖြတ်သန်း ရပါတယ်။ တစ်နေ့တော့ အဲလက်စ်ဟာ သူ့ရဲ့အမေရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားရတဲ့ ဒီမြို့မှာဆက်မနေချင်တော့တဲ့ဆန္ဒကြောင့် ဘိန်းရောင်းရတဲ့ ငွေတွေယူပြီး သူ့ချစ်သူဂျေအတူ ထွက်သွားဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အရာအားလုံးက သူတချိန်လုံးတောင့်တနေခဲ့တဲ့အတိုင်းလွယ် ကူမလား၊ တခြားဘယ်လိုမမျှော်လင့်တဲ့အခက်အခဲတွေရောက်ရှိလာဦး မလဲဆိုတာ သည်းထိပ်ရင်ဖိုစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nyein Lai ဖြစ်ပါတယ်) File Size……….(1.4 GB) / (512 MB) / (324 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 43mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Nyein Lai Encoder………..SWM

Adventure • Drama • Family • Fantasy
5.4 2022 103 mins
Libélulas
Death Race
6.7

Death Race(2008) ***************** ကြမ်းကြမ်းတမ်းတမ်းကားမောင်းပြိုင်ပွဲတွေ အပစ်အခက်နဲ့အက်ရှင်တွေကို ကြည့်ရတာသဘောကျတဲ့ပရိသတ်ကြီးအတွက် Death Race ဇာတ်ကားလေးကားရှိတဲ့အထဲမှာ ပထမဆုံးကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Resident Evil ဇာတ်ကားတွေကို ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကြီး Paul W.S. Anderson ကရိုက်ကူးပေးထားပြီး ပရိသတ်တွေနဲ့မစိမ်းတဲ့ အက်ရှင်မင်းသားကြီး Jason Statham နဲ့အတူ Natalie Martinez, Ian McShane, Joan Allen နဲ့ Tyrese Gibson တို့ကအဓိကပါဝင်သရုပ်ထားပါတယ်။ မိန်းမနဲ့သမီးလေးကိုအလုပ်ကြမ်းလုပ်ရင်းနဲ့ စောင့်ရှောက်နေတဲ့ပြိုင်ကားမောင်းသမားဟောင်း ဂျန်ဆန်အိမ်းစ်ဟာ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို အလုပ်ပြုတ်တဲ့နေ့မှာပဲ မိန်းမဖြစ်သူကိုသတ်တဲ့အမှုနဲ့ အမှုဆင်ချောက်ချခံရပါတယ်။ သူရောက်သွားတဲ့ထောင်ကလည်း တစ်သက်တစ်ကျွန်းအကျဉ်းသားတွေပဲရှိတဲ့ ထောင်တစ်ခုဖြစ်ပြီး အဲ့ဒီကနေလွတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကလည်း သေခြင်းတရားပြိုင်ပွဲလို့ခေါ်တဲ့ ကားပြိုင်ပွဲကို ငါးကြိမ်နိုင်ရမှာပဲဖြစ်ပါတယ်။ ဖရန်ကင်စတိုင်းဆိုတာကတော့ အဲ့ဒီကားပြိုင်ပွဲကို လေးကြိမ်အထိအနိုင်ရခဲ့ပြီး ပရိတ်သတ်ရဲ့စိတ်ဝင်စားမှု အခံရဆုံးကားမောင်းသမားပဲဖြစ်ပါတယ်။ အဲ့ဒီဖရန့်ဟာမတော်တဆမှုကြောင့် နောက်ဆုံးကားပြိုင်ပွဲမှာသေဆုံးခဲ့ပြီး အားပေးမှုအများဆုံးလူဖြစ်တဲ့ နောက်တစ်ခါနိုင်ရုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်ဖရန့်နေရာမှာ ဂျန်ဆန်ကိုအစားဝင်ဖို့အတွက် ထောင်ပိုင်ကကမ်းလှမ်းလာတဲ့အခါမှာတော့… မိန်းမကိုသတ်ခဲ့တဲ့သူကိုလိုက်ရှာရင်းနဲ့ အပြင်မှာရှိနေတဲ့သမီးလေးဆီကိုပြန်သွားနိုင်ဖို့ ဂျန်ဆန်အနေနဲ့ ဘယ်လိုတွေကြိုးစားမလဲဆိုတာကို အက်ရှင်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ် File Size :(3.1GB)(1.1GB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:45:00 Genre :Action, Crime , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Drama • Action • Thriller
6.7 2008
Death Race
[18+] Una rosa de Francia(2006) Virgin Rose
5.3

(၃၀-၄-၂၀၂၃) ဒီနေ့ကတော့ ကျွန်တော်တို့အမျိုးသားထုကြီးရဲ့ရင်ကို မကြာခဏဆွဲကိုင်လှုပ်တတ်တဲ့ ကျူးဘား-စပိန်မင်းသမီးလေး Ana de Armas ရဲ့ အသက်(၃၅)ပြည့်မွေးနေ့ပဲဖြစ်ပါတယ်….ဒီတော့ သူမ အသက် ၁၈ နှစ်မှာ ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ်ပွဲထွက်ခဲ့တဲ့ ခုဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ ၁၈ နှစ်မပြည့်သေးတဲ့ မင်းသမီးလေးက ၁၆ နှစ်သမီးဇာတ်ရုပ်လေးနဲ့ ဘယ်လောက်တောင် လိုက်ဖက်နေလဲ ကိုယ်တိုင်သာ ကြည့်လိုက်ပါတော့။ ဒီမင်းသမီးလေးက အဖော်အချွတ်လေးတွေနဲ့ မင်းသမီးဘဝစခဲ့ပေမယ့် ဟောလိဝုဒ်မှာတော့ တစ်နေရာ ရသွားသေးတာပဲလေ။ သူ့ကို Blade Runner 2049 မှာ စပြီးသတိထားမိတာ။ ပြေပြစ်တဲ့ကောက်ကြောင်းနဲ့၊ မျက်လုံးရွဲကြီးနဲ့၊ ဘယ်လိုကောင်မလေးလားပေါ့။ Knives Out မှာ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်စာရင်းဝင်တော့ ကြိတ်ပြီး ရင်ခုန်လိုက်ရသေးတယ်။ No time to Die မှာ bond girl လေးအဖြစ်ပြန်တွေ့လိုက်ရတော့ တော်တော်လေးကို အလွမ်းပြေသွားခဲ့တာ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကိုယ်ကြိုက်ခဲ့ရတယ်ပေါ့လေ။ နောက်ဆုံး မွန်ရိုး ဝင်လုပ်တော့လဲ ဇာတ်လမ်းကချာပေမယ့် သူမကြောင့်တော့ ရင်တလှပ်လှပ်ဖြစ်ခဲ့ရသေး။ ဒီဇာတ်လမ်းကတော့ crime, drama လေးပါ။ ကျူးဘားနိုင်ငံမှာ အရက်ခိုးချက်တဲ့အမှုထက် လူကုန်ကူးတဲ့အမှုက ပိုများသတဲ့ဗျာ။ လူကုန်ကူးတယ်ဆိုတာ အမေရိကားကို အလုပ်သမားအဖြစ် သွားကြမယ့်သူတွေကို ခိုးသွင်းတဲ့အလုပ်တဲ့။ ဒါပေမဲ့လေ၊ ခရီးသည်တွေကို လှေဝမ်းထဲထည့်၊ လူသူမနီးတဲ့ ကျွန်းတစ်ခုပေါ်မှာ အမေရိကားရောက်ပြီပြောပြီး ဒီအတိုင်းထားခဲ့တာပဲဗျို့။ ကင်းလှည့်ယာဉ်တွေ၊ ငါးဖမ်းသင်္ဘောတွေ တွေ့လို့ကယ်ရင် အသက်ရှင်မယ်ပေါ့လေ။ အကယ်မခံရဘဲ သေကုန်ကြတာတွေလည်း ဒုနဲ့ဒေး။ ဒီမှာ ဇာတ်လိုက်ကျော်နှစ်ပါး ဆင်မွန် နဲ့ အန်ဒရီ က ဒီလိုမျိုး လူကုန်ကူးနေတဲ့သူတွေ။ ဒါတင်မက တောသူမလေးတွေခေါ်လာ၊ အရောင်တင် လှပအောင်ပြင်ပေးပြီး လူချမ်းသာအဘိုးကြီးတွေဆီ လက်ထပ်ဖို့ ရောင်းစားတဲ့အလုပ်ပါလုပ်သေးတယ်။ ဆင်မွန် က တောသူမလေးတစ်ယောက် ဥထားတာရှိတယ်။ အလှဆုံးလေးပေါ့။ ဒီမှာ ဆင်မွန် တို့ လှေကို အမေရိကန်ကင်းလှည့်သင်္ဘောက လိုက်ပစ်လို့ မင်းသားချော အန်ဒရီ ဒဏ်ရာရသွားတယ်။ သူ့ကို အိမ်ခေါ်လာပြီး ကုပေးတော့ ဆင်မွန် ဥထားတဲ့ အလှပဂေး မာရီ နဲ့ အန်ဒရီနဲ့ ဆုံပါလေရော။ လူငယ်နှစ်ဦး ချစ်ခြင်းတွေ ကူးလူးယှက်သွယ်ကြတော့ ဆင်မွန် ကြီး အူနုကျွဲခတ်ပြီပေါ့။ ဒီမှာတင် ဆင်မွန် က မိန်းကလေးကိုမရွေး၊ မိတ်ဆွေဖြစ်တဲ့ အန်ဒရီ ကိုရွေးခဲ့ပေမဲ့၊ အန်ဒရီ ကတော့ မာရီ ကို မင်းမှမင်းပဲတဲ့။ နောက်ဆုံး ဘာဖြစ်ကုန်ကြမလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ကြပေတော့ လူကြီးမင်းများ။ ဒီဇာတ်ကားဟာ 18+ အဆင့်မရှိပေမယ့် တစ်ခါတစ်ခါ ပေါ်လာတတ်တာလေးတွေကြောင့် မိသားစုနဲ့တော့ အတူမကြည့်ကြပါနဲ့နော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။)

5.3 2006
[18+] Una rosa de Francia(2006) Virgin Rose
Story Ave

Kadir ဆိုတဲ့ လူငယ်လေးက OTL လို့ခေါ်တဲ့ ဂရပ်ဖီတီတွေ လိုက်ရေးတဲ့ လူငယ် street gang တစ်ခုထဲကအဖွဲ့ဝင် အရမ်းဖြစ်ချင်နေသူပါ။ Kadir မှာ မသန်စွမ်း ညီလေး တစ်ယောက်ရှိပေမယ့် အဲ့ဒီညီလေးက Kadir ရဲ့ စောင့်ရှောက်မှု အောက်မှာ ဆုံးသွားခဲ့ရတဲ့အတွက် သူ့ကိုယ်သူ အမြဲ အပြစ်ရှိနေသလို ခံစားနေရပါတယ်။ တစ်နေ့မှာသူတို့အဖွဲ့ရဲ့ ဂိုဏ်းချုပ်ကြီး Skemes ဆိုသူဆီ သွားပြီး အဖွဲ့ဝင်အဖြစ် လက်ခံပေးဖို့ ပြောပေမယ့် ဟိုကသူ့ကို တာဝန် ပေးအပ်လိုက်ပါတယ်။ ဘာလဲဆိုတော့ သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်ရမှာပါ။ အဲ့ဒီက ရတဲ့ငွေနဲ့ ဂရပ်ဖီတီ ဆွဲဖို့ ဆေးဘူးတွေ ဝယ်ရမယ် လို့ပြောခဲ့ပါတယ်။ ဒါနဲ့ အတွေ့အကြုံမရှိတဲ့ Kadir တစ်ယောက် Luis ဆိုတဲ့ လူအိုကြီး တစ်ယောက်ကို ဓားပြတိုက်ခဲ့ပေမယ့် သဘောကောင်းတဲ့ Luisက Kadir ကို ပိုက်ဆံကြည်ကြည်ဖြူဖြူ ပေးတဲ့အပြင် ညစာပါ လိုက်ကျွေးခဲ့ပါသေးတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ခင်မင်မှု စတင်ခဲ့ပါတယ်။ Good Will Hunting နဲ့ ရသချင်း နည်းနည်းဆင်သလိုပါပဲ။ လူငယ်လေးကို လူအိုကြီးက လမ်းကောင်းကို လျှောက်နိုင်ဖို့ လမ်းပြညွှန်ကြားပေးတဲ့ ကားမျိုးလေးဖြစ်ပါတယ်။ File size…(1.5 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2023
Story Ave
Knock Knock

Knock Knock (2015) ဒီရုပ်ရှင်ကားကတော့ John Wick ကြီးကို အမှောက်သိပ်တဲ့ဇာတ်ကားဆိုပြီး နာမည်ကြီးပါတယ်။ သိပ်မယ့် မင်းသမီးက အလှပဂေးလေး Ana de Armas ဆိုတော့ ဂျွန်ဝစ်မှမဟုတ်ပါဘူး သကောင့်သားအားလုံးမှောက်မှာပါပဲ။ ဇာတ်လမ်းကတော့….ကျောချမ်းစရာပါ… မိသားစုကိုချစ်လှပါချည်ရဲ့ဆိုတဲ့ ယောကျ်ားသားတွေကိုမှ တမင်အကွက်ဆင်ပြီး ဘဝဖျက်ဖို့ အမဲလိုက်မယ့် နတ်နိမယ် ၂ ပါးရှိပါတယ်… သူတို့ရဲ့ အလှအပ ညှို့ငင်ဆွဲဆောင်အားတွေနဲ့ တည်ငြိမ်ပါတယ်ဆိုတဲ့ ယောကျ်ားသားကို ပညာပေးမှာပါ။ ကျူးဘားမင်းသမီး Ana de Armas နဲ့ ချီလီ မင်းသမီး Lorenza Izzo တို့ မင်းသားကြီး Keanu Reeves ကို ဘယ်လိုပညာတွေပေးသွားမလဲဆိုတာ……..။ ” Some doors should never be opened ” တချို့တံခါးတွေက လုံးဝကိုဖွင့်မကြည့်သင့်ပါဘူးတဲ့။

0 2015 99 mins
Knock Knock
Balle O Chalaak Sajjna
7.3

Balle O Chalaak Sajjna (2023) “ကြင်စဦးမောင်နှံ” CM ပရိသတ်ကြီးအတွက် ပန်ဂျာဘီစကားပြော ဟာသ ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ကျေးလက်နေ ပန်ဂျာဘီလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ ဇာတ်လမ်းအစမှာတော့ ရွာတစ်ရွာမှာ ညီအစ်ကိုနှစ်ယောက် တပြိုင်နက် ခြိမ့်ခြိမ့်သဲ မင်္ဂလာဆောင်ကြပြီး အများအားကျစရာဖြစ်လို့နေပါတယ် ပေးစားတဲ့ သတို့သမီးတွေနဲ့လည်း စကားအပြောအဆို အဆင်ပြေအဝေတည့်တဲ့အတွက် သူတို့ရဲ့ ကြင်စဦးမောင်နှံဘဝတွေဟာ ချောမွေ့သယောင်ရှိခဲ့ပေမယ့် ထုံးစံအတိုင်း ရွာထဲက အတင်းအဖျင်းတွေကြားမှာ ဖြစ်ပေါ်လာတဲ့ အခက်အခဲမျိုးစုံကို သူတို့တွေ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး တစ်ဦးပေါ်တစ်ဦးယုံကြည်မှုနဲ့ ပွင့်ပွင့်လင်းလင်းစကားပြောဆိုဖို့ ဘယ်လောက်အရေးပါတယ်ဆိုတာကို တွေ့မြင်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်ခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7.3 2023
Balle O Chalaak Sajjna
Antwone Fisher

IMDB….. 7.3 ဒီတစ်ခေါက်တော့ မင်းသားကြီး Denzel Washington သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေ အတွက်ဆိုရင် Training Day, Equailizer, Man on fire ရုပ်ရှင်တွေနဲ့ လူသိများတဲ့ Denzel Washington က တကူးတက မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Denzel Washington ရဲ့ ပွဲဦးထွက် ဒါရိုက်တာ အဖြစ်ပါ လက်စွမ်းပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အန်တွမ်ဖစ်ရှာ ဆိုတဲ့ ရေတပ်ထဲက တပ်သားတစ်ယောက်ဟာ အရည်အချင်းရှိသလောက် ထစ်ခနဲရှိ တခြားတပ်သားတွေနဲ့ ရန်ဖြစ်ပြီး ပြဿနာများတဲ့ သူတစ်ယောက်ပါ။ မကြာခဏ ပြဿနာတက်ပြီးတဲ့ နောက်မှာတော့ စိတ်ကုဆရာဝန် နဲ့တွေ့ရဖို့ ဖြစ်လာပါတော့တယ်။ အန်တွမ်ဖစ်ရှာ တစ်ယောက် စိတ်ကုဆရာဝန် ရဲ့ အကူအညီ နဲ့ သူ့ဘဝ ကို၊ သူ့စိတ်ကို ခြောက်လှန့်နေခဲ့တဲ့ အတိတ်က ထရော်မာများစွာကို ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အမ်တွမ်ဖစ်ရှာဟာ တကယ့်အဖြစ်အပျက်ကို အခြေခံထားတာဖြစ်ပြီး ပြင်ပဘဝက အန်တွမ်ဖစ်ရှာ ကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားတာလည်းဖြစ်ပါတယ်။ ထရော်မာတွေ၊ ကလေးဘဝက အဖြစ်ဆိုးတွေကို ကျော်ဖြတ်ခဲ့နိုင်ပြီး ဘဝမှာ အောင်မြင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းလည်း ဖြစ်တာကြောင့်စိတ်ခွန်အားရစေမယ့် ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ File size…(1.8 GB)/(808 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Marco

0 2002
Antwone Fisher
[18+] Krista

Makoy နဲ့ Krista တို့ဟာ ကြက်ပွဲလောင်းကစားကို အကြီးအကျယ်လုပ်ဆောင်နေတဲ့ ဆမ်မျူရယ်ဆိုတဲ့ လူတစ်ယောက်ဆီမှာ လက်တိုလက်တောင်းအလုပ်လုပ်ကြတာပါ။ Krista ကလက်ရှိဘ၀မှာရောင့်ရဲနိုင်ပေမယ့် Makoy ကတော့ ဒီအနေအထားကနေ လွတ်မြောက်ဖို့အမြဲမျှော်လင့်နေပါတယ်။ အဲ့ဒီလိုမျှော်လင့်လို့ပဲ ရှိသမျှငွေစကြေးစတွေကို ကြက်တိုက်တဲ့နေရာမှာလောင်းရင်း လုံးခြာလိုက်နေတာပါ။ တစ်နေ့တော့ သူတို့ဘယ်လိုမှပြန်ပေးဆပ်ဖို့မဖြစ်နိုင်တဲ့ ပမာဏတစ်ခုအကြွေးတင်သွားခဲ့တဲ့အတွက် ဆမ်မျူရယ့်ဆီက တိုက်ကြက်ကိုခိုးယူမိခဲ့ပါတယ်။ အဲ့ဒီမှာလူမိခံလိုက်ရရာကနေ ဆမ်မျူရယ်က အကြွေးအဖြစ် ချစ်ဇနီးလေး ခရစ်စတာကိုခြေတော်တင်ဖို့ကြံစည်လာပါတော့တယ်။ Krista အဖြစ် Pantaxa Laiya ပြိုင်ပွဲဝင်ဟောင်းလေး Cess Garcia ကခေါင်းဆောင်ပါဝင်ထားပြီး သူ့သူငယ်ချင်း ကြက်ဝိုင်းမှာဘေးထိုးတဲ့ ဇိမ်မယ်လေး မီကေးအဖြစ် အရင်ကားတွေမှာမထင်မရှားနေရာကပါခဲ့ရတဲ့ မင်းသမီးသစ်လေး Zsara Laxamana ကိုပွဲထုတ်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.3 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….00:58:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

0 2024
[18+] Krista
Rhapsody in August
7.2

Rhapsody in August (1991) ~ IMDb – 7.2/10, Rotten Tomatoes – 60% ~ ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်း‌သော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ချန်လှပ်သွားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ Dreams ဟာ ကူရိုဆာဝါရဲ့အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို Rhapsody in August ကလည်း ရှေ့က တချို့ကူရိုဆာဝါကားတွေထက်ကြိုက်မိတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်တစ်ကားရဲ့ သက်ရောက်မှုဟာ ကိုယ်ကြိုက်တဲ့ Taste ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆိုင်နိုင်သလို ဖြတ်သန်းမှုနဲ့လည်း ဆိုင်တာပါပဲ။ ဒီလိုပါပဲ မကြိုက်ခြင်းကလည်း ဖြတ်သန်းမှုနဲ့ အမြင်မတူခြင်းနဲ့ ဆိုင်တတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝေါင်ကာဝေးရုပ်ရှင်တွေထဲ ကျွန်တော်အကြိုက်ဆုံးက 2046 ဖြစ်ခဲ့ဖူးတယ်။ ဝေါင်ကာဝေးရုပ်ရှင်အများစုက အချစ်နဲ့မကင်းတဲ့ ခံစားချက်တွေအကြောင်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ယုံကြည်မှုအတိုင်း ကျွန်တော့်ဖြတ်သန်းမှုအတိုင်း တူညီတဲ့ခံစားချက်ရခဲ့တဲ့ ရုပ်ရှင်ကို ပိုကြိုက်မိခဲ့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့တော့ Days Of Being Wild ကိုတော့ လတ်စလီချောင်ကိုရော ဇာတ်လမ်းသွားကိုရော မက်ဂီချောင်ကိုရော ကြိုက်လို့ကြိုက်ခဲ့ပေမဲ့ အဲဒီထဲက လတ်စလီချောင်ကာရိုက်တာကို နားလည်ပေးနိုင်တဲ့ထဲတော့ မပါခဲ့ဘူး။ ဒီနှစ်တွေထဲတော့ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့ ကျွန်တော့်ဖြတ်သန်းမှုတွေ အမြင်တွေက Days Of Being Wild ထဲက လတ်စလီချောင်ကာရိုက်တာလို ဖြစ်မှန်းမသိဖြစ်လာတဲ့နောက် Days Of Being Wild ကို ပြန်ကြည့်မိပြီးတဲ့နောက် ဝေါင်ကာဝေးထဲ အကြိုက်ဆုံးက Days Of Being Wild ဖြစ်သွားခဲ့တယ်။ တချို့အနုပညာလက်ရာတွေအပေါ် ခံစားမှုတစ်ခုသေချာရနိုင်ဖို့က ဖြတ်သန်းမှုလိုတယ်လို့ ကျွန်တော်တော့ သေချာတယ်။ Rhapsody in August ရဲ့ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒုတိယကမ္ဘာစစ်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဂျပန်လူမျိုးတွေအတွက် နာဂါဆာခိနဲ့ ဟိရိုရှိမကို အနုမြူဗုံးကြဲခံခဲ့ရတာက ထရော်မာတစ်ခုဖြစ်နေတုန်းဆိုတာကို ပြထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ ဒါကို သူက မျက်မှောက်ခေတ်ရဲ့ ဂျပန်ရဲ့တိုးတက်မှုအပြောင်းအလဲနဲ့ လူကြီးတွေနဲ့ လူငယ်တွေကြားက အမေရိကန်အပေါ် အမြင်ကွဲလွဲကြပုံတွေ၊ လူကြီးတွေနဲ့ လူလတ်တွေ လူငယ်တွေ သဘောထားကွဲလွဲကြပုံတွေနဲ့ တည်ဆောက်ထားတယ်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ရစ်ချက်ဂီရိတောင် ဧည့်သည်သရုပ်ဆောင်လုပ်ထားပေးတယ်။ ပြောရရင် ဟိရှိရှိမရဲ့ဝေဒနာကို ရိုက်ထားတဲ့ Hiroshima Mon Amour က ရှိပြီးသားဆိုတော့ နာဂါဆာခိရဲ့ဝေဒနာကိုရိုက်ထားတဲ့ ဒီကားပါပေါင်းလိုက်ရင် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ မြို့၂မြို့ရဲ့‌ဝေဒနာတွေ မြင်ရတာစုံသွားပြီပြောရမယ်။ Hiroshima Mon Amour လောက်တော့ ဒီကားက ကဗျာမဆန်ပေမဲ့ မျက်မှောက်ခေတ်ကိုရော အတိတ်သမိုင်းကိုပါ ပြထားတာမို့ သူ့နည်းသူ့ဟန်နဲ့တော့ မညံ့တဲ့ ရုပ်ရှင်လို့ပြောရမယ်။ အစောကပြောခဲ့သလို ကိုယ့်အပြစ်ကိုချန်လှပ်ခဲ့ပြီး သူများအပြစ်ကိုပဲ ထောက်ပြထားတာကို အားနည်းချက်လို့ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း ဂျပန်ရုပ်ရှင်တစ်ကားမှာ အနုမြူဗုံးကြဲခဲ့ရတဲ့အတိတ်ကို ခါးသက်တဲ့သမိုင်းတစ်ခုအဖြစ် ပုံဖော်ထားတာကိုတော့ ကျွန်တော်တော့ အလွန်လို့မြင်ပေးလို့မရပါဘူး။ မှန်တာမှားတာထက် သူတို့ရုပ်ရှင်ဟာ သူတို့အမြင်အတိုင်းဖြစ်နေဖို့ပိုလိုလိမ့်မယ်မြင်တယ်။ ဒီတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ Rhapsody in August ဟာ သတိရနေသေးရင် စစ်ကြီးက ဘယ်တော့မှ မပြီးသွားဘူးဆိုတဲ့အကြောင်းပါပဲ။ မီးလုံးကြီးတွေ ကောင်းကင်ယံထိ လျှံတက်ခဲ့တဲ့ ဩဂတ်စ်လရဲ့ အဆွေးသီချင်းတစ်ပုဒ်ကလည်း ဘယ်တော့မှ အဆုံးသတ်မသွားသလိုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 38Min Genre – Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Mystery
7.2 1991 98 mins
Rhapsody in August
Fungus
5.2

Fungus (2024) ကူးစက်တတ်ပြီး သေစေနိုင်တဲ့ မှိုမျိုးမှုန်တွေပါတဲ့ တိမ်တွေက ဆွီဒင်နိုင်ငံကိုရုတ်ရက်ရောက်လာခဲ့တဲ့အခါ အားလုံးကဘေးလွတ်ရာကို တိမ်းရှောင်ကြရပါတော့တယ်။ ဘေးကင်းဖို့အတွက် လူတွေတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြချိန် သိပ္ပံပညာရှင်အချို့ ကုသဆေးရှာဖို့အတွက် ကြိုးစားကြရပါတော့တယ်။ တစ်နေ့သူတို့နေတဲ့နေရာက မလုံခြုံတော့တာကြောင့် အခြားဘေးကင်းတဲ့ ကဒုတ်ကျင်း K76 ကိုရွှေ့ပြောင်းခဲ့ရပါတယ်။ ရွှေ့ပြောင်းနေစဥ်လမ်းမှာပဲ သလင်းကျောက်အမျိုးအစားတစ်ခုကို အားကိုးပြီး မှိုအန္တရာယ်ကနေ လွှတ်ကင်းနေတဲ့ ကျွန်းလေးပေါ်ကို ရောက်သွားတဲ့အခါမှာတော့ ဒီကျွန်းရဲ့သရုပ်မှန်ကို ဖော်ထုတ်ရင်း ဘေးကင်းတဲ့ K76 ကဒုတ်ကျင်းကိုရောက်ဖို့ လမ်းမှာဘယ်လိုမျိုးကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်။) File size…(1.7 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure,Sci-Fi, Thriller Duration….01:32:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT

5.2 2024 88 mins
Fungus
Tee Yod 2 Death Whisperer 2
7.1

Tee Yod 2 (2024) IMDb Rating (7.1) ထိုင်းနာမည်ကြီး horror ရုပ်ရှင် Tee Yod (Death Whisperer) ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ရပါပြီ။ 2023 ခုနှစ်ကထွက်ရှိခဲ့ပီး horror ဖန်တွေ ကြားမှာ တော်တော်လေး နာမည်ကြီးသွားခဲ့တဲ့ Tee Yod (Death Whisperer) ဟာ မိသားစု တစ်စု အရမ်းကြမ်းတဲ့ စုန်းမနဲ့ ရင်ဆိုင်ရပုံကို ခြောက်ခြားဖွယ်ရာ ပြသထားခဲ့တာပဲ ဖြစ်ပါတယ်။ ပထမဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Tee Yod 2 ထပ်မံ ထွက်ရှိလာခဲ့ပြီး October လထဲမှာ ရုံတင်ပြသခဲ့တာပါ။ ဒီလို ပြသချိန်မှာလဲ Tee Yod 2 ဟာ အကြီးအကျယ်အောင်မြင်ခဲ့ပီးတော့ 10 နှစ်အတွင်း ထိုင်းမှာ ဝင်ငွေ အကောင်းဆုံး horror ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပထမရုပ်ရှင်ထဲက ညီမဖြစ်သူ Yam သေဆုံးသွားပြီးနောက် သုံးနှစ်ကြာအချိန်ကို တွေ့ရမှာဖြစ်ပြီး Yam ရဲ့ အသက်ကို နုတ်ယူသွားခဲ့တဲ့ သရဲမကပဲ Yak တို့ မိသားစုကို ထပ်မံ ခြောက်လှန့်လာတဲ့အခါ Yak တို့ ဒီစုန်းမကြီးကို ဘယ်လိုအမြစ်ပြတ်အောင် နှိမ်နင်းသွားမလဲ ဆိုတာ ခြောက်ခြားဖွယ်ရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ Channel Myanmar ရဲ့ Website နဲ့ App မှာ ဦးဦးဖျားဖျား ကြည့်ရှုနိုင်ပါပြီ။ (ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size…(1.4 GB) / (960 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Horror,Thriller Duration….01:52:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant,Ka Naung Translated by Thiha Yan Naing

Action • Crime • Thriller
7.1 2024 112 mins
Tee Yod 2 Death Whisperer 2
Waterworld
6.3

Waterworld (1995) Ulysses Cut Version IMDb Rating (6.3) ထုတ်လုပ်သူ Kevin Reynolds ရဲ့ ဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း ရှင်သန်ကျန်ရစ်သူတွေရဲ့ ဘဝကိုရိုက်ကူးတင်ဆက်ထားလို့ Post-apocalyptic နဲ့ Action-Adventure အမျိုးအစားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ Kevin Costner ရယ်၊ Jeanne Tripplehorn နဲ့ Dennis Hopper တို့ပါ။ ရေကမ္ဘာ” (Waterworld) ဆိုတာ အနာဂတ်ကမ္ဘာကြီး ရေလွှမ်းမိုးပျက်စီးသွားပြီး လူသားတွေက ရေပေါ်မှာ အသက်ရှင်ကျန်ရစ်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Kevin Costner က “The Mariner” (အဏ္ဏဝါသား) ဆိုတဲ့ အထီးကျန်လှေသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး သူ့မှာ လူသားမဆန်တဲ့ ဗီဇပြောင်းလဲမှုတွေ ရှိနေတာပါ။ တစ်နေ့မှာ သူက ဟယ်လင် (Jeanne Tripplehorn) နဲ့ သူ့ရဲ့မွေးစားသမီး အန်နိုလာ (Tina Majorino) တို့နဲ့ ဆုံခဲ့တယ်။ အန်နိုလာ ရဲ့ ကျောပေါ်မှာက မြေပြင် (Dryland) ကိုသွားနိုင်တဲ့ လျှို့ဝှက်မြေပုံကို တက်တူးထိုးထားတာပါ။ အဲဒီမြေပုံက ဒဏ္ဍာရီလာ မြေပြင်ကို ရှာဖွေဖို့ အဖိုးတန်သော့ချက်ပဲဆိုပါတော့။ လူဆိုးဂိုဏ်းကြီးဖြစ်တဲ့ ဆေးလိပ်သမားများ (Smokers) ခေါင်းဆောင် ဒေကွန် (Dennis Hopper) က အန်နိုလာ ကို ဖမ်းဆီးဖို့ ကြိုးစားလာတဲ့အခါ အဏ္ဏဝါသားကြီးက သူမသွားချင်တဲ့ ခရီးစဉ်ကြီးတစ်ခုကို စတင်ခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဒေါ်လာ သန်း ၂၀၀ နီးပါး အကုန်ကျခံထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ အဲဒီအချိန်က သမိုင်းမှာ အကြီးဆုံး ဘတ်ဂျက်နဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ပါပဲ။ အရင်းများလွန်းလို့ မှန်းချက်မကိုက်ခဲ့တဲ့ဇာတ်ကားပါ။ ငွေကြေးအမြတ်အစွန်း ထင်ထားသလို မဖြစ်ခဲ့ပါဘူး။ ဒီဇာတ်ကားအတွက် ဇာတ်ဝင်ခန်းတွေရိုက်ကူးခဲ့တဲ့ ရေပေါ်ဇာတ်စင် အဆင်အပြင်တွေကို ဟာဝိုင်အီကမ်းလွန်မှာ တည်ဆောက်ခဲ့ပါတယ်။ ပထမဆုံးထွက်လာချိန်မှာ ဝေဖန်မှုများတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ဂန္တဝင်ဇာတ်ကားစာရင်း ဝင်သွားတယ်ဗျ။ ဒီတော့ ဟိုးရှေးတခေတ်က ဟောလိဝုဒ်ရဲ့ ဂန္တဝင်ဇာတ်ကားကြီးကို ပြန်လည်ခံစားချင်တယ်ဆိုရင်တော့ဖြင့် အခုတင်ဆက်ပေးလိုက်တဲ့ ရေကမ္ဘာဇာတ်ကားက လူကြီးမင်းအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာမှာပါလို့။ Version ၂ ခုရှိပြီးတော့ အပြည့်စုံဆုံး အရှည်ဆုံး Version ဖြစ်တဲ့ The Ulysses Cut Version ကို တင်ဆက်ထားပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller • Drama
6.3 1995 135 mins
Waterworld