Dune: Part Two (2024) ထွက်ရှိလာပါပြီ… အညွှန်းကိုတော့ part 1က ဟာကိုပဲ စပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်… သာမန် Sci- ficတွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်တွဲတွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်းပေ့ဆိုတဲ့ Castတွေ၊ Legendary soundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ပြောင်မြောက်လွန်းတဲ့ VFXနဲ့ CGIတွေရဲ့ ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်တွေ အမျှော်လင့်ဆုံး ဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်ပေါင်း၂၀၀၀၀ကျော်မှာ အခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်အောက် မှာတော့ Housesတွေက နယ်မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအကြောင်းရင်းကတော့ House Harkonnenတွေ နှစ်ပေါင်း၈၀ကြာအောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့ အထက်အမိန့်အရ House Atreidesတွေကို ပြောင်းလဲ အုပ်ချုပ်စေခြင်းကစပါတယ်။ ဒါပေမဲ့ Harkonnenတွေဟာ Arrakis ဂြိုလ်ပေါ်ကရတဲ့ Spiceဆိုတဲ့အရာကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုး အတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာစေခြင်းစတဲ့ စွမ်းအားတွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲ မှာပဲ တူးဖော်နိုင်မှာပါ၊ တူးဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါကြောင့်မလို့ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အချက်အချာ ဖြစ်နေတဲ့ Duneဂြိုလ်ကို လွှဲပြောင်းယူလိုက်ရတဲ့ House Atreides အနေနဲ့ House Harkonnenရဲ့ ဒုက္ခပေးလာမှုရော၊ Emperorနဲ့ တခြားHouseတွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သားတော်… အိမ်တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulကရော Atreidesတွေကို ဘယ်လောက်ထိ ခေါင်းဆောင်ပေးသွားမလဲ…… Dune: Part Two (2024) ********************** ဇာတ်လမ်းအကျဉ်း Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီး အိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိ ဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရ အေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီး ပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့ မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့ အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမ ရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲ ပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေ ဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်း အစပျိုးသွားပါပြီ။ ကြည့်လိုက်ကြပါဦး….. File size… (7.3 GB)/ (1.77 GB) / (928MB) Quality…WEB-DL 4K HEVC/1080p / 720p Format…mp4 Duration….2h 46m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr. Andreson
Drama
8.8
2024