YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Spin.2021.1080p {CM}.mp4

1.45 GB N/A video/mp4 2448 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fearless Love
5

ဘယာနက ကင်းတဲ့ ချစ်ခြင်းသတ္တိ ====================================== ချစ်သူတွေက ဘယ်လိုအကြောင်းအရာတွေကြောင့်လမ်းခွဲကြရတာလဲ ပလွိုင်နဲ့ဒင်ဟာ လက်ထပ်ခွင့်တောင်းရာကနေ လမ်းခွဲပြတ်​ဆဲခဲ့ရတဲ့ချစ်သူတွေပေါ့ တစ်နေ့ကျ သူတို့နှစ်ဦးက လက်စွပ်ကုမ္ပဏီတခုအတွက် ချစ်ဟန်ဆောင်ပြီး လက်ထပ်ခွင့်တောင်းရမဲ့ အခန်းသရုပ်ဆောင်ဖို့အကြောင်းဖန်လာတော့တယ် သူတို့နှစ်ဦးပြန်နီးစပ်မဲ့ ဒီကြော်ငြာကိုရိုက်ကူးဖို့ အယုဒ္ဓယဘက်သွားရင်း နည်းပြဘောရီဘွန်နဲ့မတော်တဆဆုံကြတယ် သူတို့၃ဦးက လမ်းခုလပ်တနေရာအရောက် ရွာတခုထဲက ဦးလေးပေါ်ဆီမှာ ဝင်တည်းခဲ့ကြစဥ်မှ‌ာတော့ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တခုနဲ့အတူကြုံခဲ့ကြရပါတော့တယ်။ သူတို့ ၃ဦး ဒီသရဲရန်ကနေလွှတ်မြောက်သွားနိုင်ပါ့မလား သရဲထန်ခွန်ကလည်း ဘာအကြောင်းကြောင့် ပလွိုင်နဲ့ဒင်ကိုလိုက်သတ်နေရတာလဲ သူတို့ရိုက်ကူးမဲ့ ဒီကြော်ငြာကရောပြီးဆုံးသွားနိုင်ပါ့မလား ပလွိုင်နဲ့ဒင်ရဲ့ဇာတ်လမ်းကလည်း ဘယ်အချင်းအရာတွေနဲ့တွယ်ငြိလာမလဲဆိုတာ ရသစုံပါဝင်တဲ့ Fearless loveမှာ ခံစားချက်အမျိုးမျိုးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance, Horror Quality…. 1080p | 720p | 480p File size… 1.68GB | 897MB | 493MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wuityi Tun Encoder ..... August

Drama • Romance
5 2022 122 mins
Fearless Love
Dead Zone
6.6

ဒီတစ်ခါတော့ အကြမ်းစားကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန က ဓာတ်ခွဲခန်းတစ်ခုနဲ့ ကာကွယ်ဆေးထုတ်နေရင်းကနေ ပိုးမွှားတွေကို မထိန်းချုပ်နိုင်ပဲ ပျံ့နှံ့ကူးစက်သွားခဲ့တာပါ အဲဒီအချိန်မှာပဲ အဲဒီမြို့ကို ဖျက်ဆီးလိုက်ပြီးတော့ Dead-Zone အဖြစ်သတ်မှတ်လိုက်ပါတော့တယ် အဲဒီဓာတ်ခန်းခွဲမှာတော့ သေချာမစမ်းသပ်ရသေးတဲ့ ရှေ့ပြေး ကာကွယ်ဆေးကို အထူးတပ်ဖွဲ့တစ်ဖွဲ့က သွားယူပေးရမှာပါ မြို့ပျက်ကြီးဖြစ်ပြီးတော့ ရေဒီယိုသတ္တုကြွတာတွေ ရောဂါကူးစက်ခံရထားတဲ့သူတွေ ကြားထဲမှာ ကာကွယ်ဆေးကို သွားယူရင် ဘာတွေဘယ်လိုကြုံရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(1.34gb)/(733MB)/(373MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Action / Horror / Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Adventure • Science Fiction
6.6 2022 83 mins
Dead Zone
Adaptation.
7.4

ဒီဇာတ်ကားလေးမှာတော့ မင်းသားကြီး Nicholas Cageနဲ့ မင်းသမီးကြီး Meryl Streepတို့ရဲ ကြက်သီးထချင်စရာကောင်း လှတဲ့ သရုပ်ဆောင်ချက်တွေကို မြင်ရမှာပါ။ အဲ့လိုပဲ John Larocheနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Chris Cooperရဲ့ သရုပ်ဆောင်ချက်တွေကလဲ သဘာဝကျချက်က တော့ သူနဲ့ဇာတ်ကောင်နဲ့ကို ခွဲမရတော့အောင်ကို ဖြစ်ရပါတယ်။ ဒီဇာတ်ကားမှာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေး အမြင်တွေသာ မက ခံယူချက်တွေရဲ့ သက်ရောက်မှုအားပြင်းပုံ တွေကိုပါ တစ်ပါတည်းမြင်နေရမှာဖြစ်ပါတယ်။ ဇာတ်လမ်း အသွားအေးသလိုနဲ့ ပူလောင်စေရတဲ့ ခံစားချက်မျိုး၊ အားမလို အားမရဖြစ်စေမှုတွေ၊ လူတစ်ယောက်က တခြားတစ်ယောက်ကို ချစ်မိသွားဖို့ ဖြစ်စေတဲ့အရာတွေကို တသီတတန်းကြီးတွေ့ရပါ တယ်။ ဇာတ်ကားနာမည် Adaptation ဆိုတာနဲ့ လိုက်ဖက်လွန်း လှတဲ့ လိုက်လျောညီထွေစွာ တဖြည်းဖြည်းချင်း မသိမသာနဲ့ ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေ အတွေးတွေ အယူအဆတွေ ထင်မြင်ချက်တွေနဲ့လုံးဝကို ပြီးပြည့်စုံတဲ့ ကား ကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်) File Size..........(2.38 GB) / (900 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 55Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Paul Encoder..........Zin Phyo Aung

Action • Comedy • Crime • Thriller
7.4 2002 115 mins
Adaptation.
Game Night
6.9

ဒီ ရုပ်ရှင်လေး အကြောင်း မပြောမှီ ကျနော်တို့ ဆယ်ကျော်သက်တွေ ကစားလေ့ ရှိတဲ့ ဂိမ်းတွေ အကြောင်းအရင် ပြောရမယ်ဆိုရင် ဖဲရိုက်မယ် ၊ မိုနိုပိုလီဆော့မယ် ၊ ဒိုးဇက်ဆော့မယ် ၊ ဒီလောက်တွေပဲ ဆော့ဖြစ်မယ်ထင်တယ် ဒါပေမယ့် ဒီ ရုပ်ရှင်ထဲက လူတွေကတော့ သူတို့ အားလပ်ချိန်တွေကို ဂိမ်းအသစ်အဆန်းတွေနဲ့ ဆော့ပြီး ပျော်ရွှင်စွာ အချိန်ဖြုန်းလေ့ ရှိပါတယ် ကိုယ်မသိသေးတဲ့ ဂိမ်းကစားနည်းတွေပါ အတော်များများ သိလိုက်ရပါတယ်... ရုပ်ရှင်ကား အစမှာ ပေါတောတော ဖြစ်မယ်လို့ ထင်ထားမိပြီး သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက် နဲ့ ဟာသ ဒိုင်ယာလော့ခ် တွေက ကောင်းလွန်းတော့ လုံး၀ ကို ဇတ်လမ်း အဆုံးထိ စွဲဆောင်သွားခဲ့ပါတယ်... February 22, 2018 မှာ ရုံစတင်ခဲ့ပြီး Budget ကို37 million USD လောက်သုံးခဲ့ပြီး Box office မှာ $108.5 million ထိ ပြန်ဝင်ခဲ့ပါတယ်... IMDb မှာ 7.2 လောက်ရထားပြီး rottentomatoes မှာတော့ 82% လောက်ထိ အမှတ်ရထားပါတယ် ဇတ်ကားအမျိုးအစားကတော့ အဓိက Comedy ဖြစ်ပါတယ် ထူးခြားချက်ကတော့ နည်းနည်းအပြောအဆိုလေးတွေ ကြမ်းတာကလွဲရင် မိသားစု နဲ့ အတူကြည့်ပြီး ဟေးဟေး ဟားဟား ဆိုပြီး ရယ်နိုင်မောနိုင်မယ့် ရုပ်ရှင်ကားမျိုး ဖြစ်ပါတယ် ကဲ ရုပ်ရှင် အကြောင်း စပါမယ် မတ် နဲ့ အန်နီ ဟာ ဂိမ်းကစားရတာ အရမ်းဝါသနာပါပြီး အဖွဲ့ထဲမှာလဲ အရမ်းထူးချွန်သူတွေပါ တစ်နေ့မှာတော့ Game ကစားတဲ့ ဘားတစ်ခုမှာ ဆုံစည်းရင်း ချစ်ကြိုက်သွားရာကနေ လက်ထပ်ယူတဲ့ အဆင့်ထိ ဖြစ်သွားခဲ့ပြီး ဘ၀ ကို ၂ ယောက်ထဲ ပျော်ရွှင်စွာ ဖြတ်သန်းလေသတည်းပေါ့ ဒီမှာတင်ပဲလား ?.... မဟုတ်သေးပါဘူး သူတို့မှာ Game Night ဆိုတာ ရှိပါတယ် သူငယ်ချင်းတွေ စုကြ သောက်ကြ ပြီး Game တွေ အပြိုင်ဆော့တဲ့ Game Night Party လေးပေါ့ အရမ်းကို ပျော်ဖို့ ကောင်းပါတယ်.. မတ် နဲ့ အန်နီ တို့ မှာ အိမ်နီးချင်း တစ်ဦး ရှိပါတယ် ဂယ်ရီ လို့ ခေါ်တဲ့ ရဲ တစ်ဦးပါ သူ့ပုံစံက နည်းနည်း ကြောင်တောင်တောင် နိုင်ပြီး မိန်းမ နဲ့လဲ ကွဲထားသူပါ ဂယ်ရီ က မတ် တို့ လုပ်တဲ့ Game Night ကို အမြဲတမ်း ပါချင်သူ ဖြစ်ပေမယ့် မတ် နဲ့ အန်နီ ကတော့ ဂယ်ရီလို အူကြောင်ကြား ဉာဏ်ရည်မမှီတဲ့ ပုံစံမျိုး ကို ဘယ်တော့မှ သူတို့ အိမ်ရဲ့ Game Night Party ကို အဝင်မခံခဲ့ပါဘူး အကြောင်းပြချက် အမျိုးမျိုး နဲ့ ဖယ်ထုတ်ခဲ့စမြဲပါပဲ... ဒီလိုနဲ့ တစ်နေ့မှာတော့ မတ် ရဲ့ အကိုအရင်း ဖြစ်သူ ဘရော့ဘ် ဟာ အလုပ်ကိစ္စတစ်ခုနဲ့ မတ်တို့ နေတဲ့ မြို့လေးကို ရောက်ရှိလို့လာခဲ့ပါတယ်... မတ် နဲ့ အန်နီ တို့ ကျင်းပတဲ့ Game Night ပွဲလေးဟာ အရမ်းကို ပျင်းဖို့ ကောင်းတယ် ဒီတော့ သူကိုယ်တိုင် Leader လုပ်ပြီး အိမ်အကြီးကြီး တစ်ခုမှာ ဘယ်သူတစ်ဦး တစ်ယောက်နဲ့မှ မတူတဲ့ Game တစ်ခုကို ကစားကြမယ်လို့ ပြောပြီး ညီဖြစ်သူ မတ် နဲ့ သူငယ်ချင်းတွေကို Invite လုပ်ခဲ့ပါတယ် ဒီလိုနဲ့ မတ် နဲ့ အန်နီ ဟာ သူငယ်ချင်းတွေ ကို ခေါ်ပြီး အကိုဖြစ်သူ ဘရော့ဘ် ရဲ့ အိမ်တော်ကြီးသို့ ရောက်ရှိခဲ့ပြီး အကိုဖြစ်သူ ဆော့မယ့် Game ဟာ သူတို့ တစ်ခါမှ မကြုံဖူးသေးတဲ့ ထူးထူးဆန်းဆန်း အမျိုးအစား တစ်ခု ဖြစ်ကြောင်း သိရှိသွားခဲ့သော် အခါ..... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူတွေကတော့ May Myat Thu & Myo Thant Kyaw တို့ဖြစ်ပြီး Thit San Khant မှ အညွှန်းရေးပေးထားပါတယ်

Action & Adventure • Drama • Sci-Fi & Fantasy
6.9 2018 100 mins
Game Night
Schoolgirls (The girls)
6.4

Schoolgirls (2020) ============== IMDb Rating – 6.4/10 ဆယ်ကျော်သက်ကလေးတွေဆိုတာ အရွယ်ရောက်လာဖို့အရမ်းမြန်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားကို အကွက်ကျကျရိုက်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ကျောင်းသူတွေချည်းပဲရှိတဲ့ မိန်းကလေးကျောင်းမှာ ဆယ်ကျော်သက်မိန်းကလေး လေးယောက်စုမိကြပါတယ်။ တစ်ယောက်အိမ်ကိုတစ်ယောက်လိုက်လည်ရင်း အတတ်ကောင်းတွေစူးစမ်းလေ့လာကြတာပေါ့။ ကလပ်တက်မယ်၊ ဆေးလိပ် သောက်မယ်၊ ယောက်ျားလေးတွေနဲ့ မိတ်ဆွေဖွဲ့မယ် စသဖြင့်တားမြစ်ထားတဲ့ အရာမှန်သမျှ အကုန်စမ်းလုပ်ကြပါတယ်။ အဲ့ဒီလို အတတ်စမ်းကြတဲ့ ကောင်မ လေးတွေကို ဘယ်လိုမျိုးသင်ခန်းစာပေးမလဲဆိုတာကိုတော့ Schoolgirls (The girls) ဆိုတဲ့ကားလေးမှာ ဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Action • Adventure • Thriller
6.4 2020 97 mins
Schoolgirls (The girls)
Mad Max: Fury Road
8.1

Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ ဒါကတော့ ၄ ကားမြောက်ဖြစ်တဲ့ Mad Max: Fury Road (2015)ဇာတ်ကားပါ။ IMDb (8.1) နဲ့ Rotten Tomatoes(97%) ရရှိထားပါတယ်။ Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။) +++++++++++++++++++++++ Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေ ကူးယူဖော်ပြလိုက်ပါတယ်။ +++++++++++++++++++++++ Mad Max: Fury Road ဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်လောက်က ထွက်ရှိခဲ့တဲ့ Action Movies တွေထဲက သင်ကြည့်ဖူးသမျှ Action Movies တွေထဲမှာ ဘယ်ရုပ်ရှင်ဟာ အကောင်းဆုံးလဲလို့အရင်တွေးကြည့်လိုက်ပါ။ သင်တွေးမိလိုက်တဲ့ ထိုရုပ်ရှင်ထက် ယခု ဒီ Mad Max: Fury Road ရုပ်ရှင်ဟာ ပိုကောင်းတယ်ဆိုတာ သေချာတပ်အပ် ကျွန်တော် ရဲရဲကြီး ပြောဆိုနိုင်ပါတယ်။ Mad Max ဆိုတာ ဘယ်သူကို ပြောတာလဲ? Max Rockatansky ဆိုတဲ့ လူတစ်ယောက်ကိုပြောတာပါ။ ဒါဆိုထိုသူက ဘယ်သူလဲ? သူဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အရင်ကားဟောင်း 3 ကားဖြစ်တဲ့ Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ သိခဲ့ပြီး ဖြစ်ပါတယ်။ Max သည် ကမ္ဘာကြီး မပျက်ဆီးခင်က အမှန်တရားရဲ့ဘက်တော်သားလို့အမည်ရတဲ့ ရဲတစ်ဦးဖြစ်ခဲ့သည်။ သူ့တွင် တွယ်တာစရာ မိန်းမနှင့် သားလေးတစ်ဦးပါဝင်သော မိသားစုလေးရှိခဲ့သည်။ ဒါတွေကို ကျွန်တော်တို့ပထမဆုံး Mad Max (1979) တွင် တွေ့ခဲ့ရသည်။ သူသည် ထိုရုပ်ရှင်ထဲတွင် ရဲဌာနမှ အငြိမ်းစားယူရန် မကြာခဏ တောင်းဆိုခဲ့သည်မှာ ထိုမိသားစုလေးအတွက်ပင်ဖြစ်သည်။ သို့သော် ကံမကောင်းခဲ့သော သူ့အတွက် သူ့ရဲ့ ထိုမိသားစုကလေးကို ဆုံးရှုံးရသောအခါ ရုပ်ရှင်ရဲ့The Third Act လောက်မှာ သူ့ရဲ့Antihero တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သော စရိုက်ကို တွေ့မြင်ခဲ့ရပြန်သည်။ ထိုရုပ်ရှင်သည် Director George Miller ရဲ့ပထမဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ သူသည် အရင်က ဆေးကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ $350,000 ဆိုသော Budget ကလေးနဲ့အောင်မြင်သွားချက်က ထိုခေတ်က $100 Million နီးပါးပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် The Blair Witch Project ဆိုသော သရဲကား မထွက်ခင်ထိ Mad Max ရုပ်ရှင်သည် အမြတ်ပမာဏ အများဆုံးရရှိသော ရုပ်ရှင်တစ်ကားဖြစ်ခဲ့လေသည်။ ဒုတိယ ဇာတ်ကား Mad Max: Road Warrior (1981) ဇာတ်ကားစတော့ ကမ္ဘာကြီးသည် ပျက်စီးသွားခဲ့ပြီး Max ကိုလည်း လမ်းပေါ်မှာ တစ်ဦးတည်း ဦးတည်ချက်မဲ့ သွားနေသော ခရီးသည်ကြီးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတော့တယ်။ သူသည် မိမိနှင့်မဆိုင်ရင် ဝင်မပါသောသူ ကြမ်းတမ်းသော လောကကြီးတွင် မည်ကဲ့သို့အသက်ဆက်ရှင်ရမည်ကို ကောင်းမွန်စွာ သိသောသူ စကားနည်းသွားသောသူ အဖြစ် ကျွန်တော်တို့သူ့ရဲ့ တည်ငြိမ်သော စရိုက်ကို မြင်ခဲ့ကြရပြန်တယ်။ အစားစရာ၊ ရေ၊ နေထိုင်စရာနေရာတစ်ခု နှင့် Petrol တို့ကို လိုအပ်ချက်သည် ထိုရုပ်ရှင်ရဲ့အဓိက ဇာတ်လမ်းပင်ဖြစ်ခဲ့သည်။ သူ့ရဲ့ခရီးစဉ်ရဲ့တစ်နေရာတွင် သူသည် ဓာတ်ဆီများကို ပိုင်ဆိုင်ထား၍ အခြေတကျ နေထိုင်နေကြသော လူတစ်စုနှင့် ထိုဓာတ်ဆီများကို လိုချင်နေကြသော အကြမ်းဖက်ဒုစရိုက် အုပ်စု တစ်စုတို့ရဲ့ကြားထဲကို ရောက်ရှိခဲ့လေသည်။ ဒီရုပ်ရှင်သည် Mad Max ဆိုသော ဇာတ်ကောင်ကို Icon တစ်ခုအဖြစ် အသွင်ပြောင်းပေးခဲ့သော ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပေ။ တတိယ ဇာတ်ကား Mad Max: Beyond Thunderdome (1985) စပြန်တော့လည်း သူ့ကို အရင်ကလို တစ်ဦးတည်း သွားလာနေတဲ့ ခရီးသည်ကြီးတစ်ယောက် အဖြစ်စတင်ခဲ့ကာ မိမိရဲ့ပိုင်ဆိုင်သော အရာများကို လုယူခံရခြင်းမှ ထိုအရာများကို ပြန်လည် လဲယူရန် Society တစ်ခုနှင့် အပေးအယူ လုပ်ခဲ့သည်။ အုပ်ချုပ်မှုဆိုသော ခေါင်းဆောင်ပိုင်းကို လုယူနေကြသော လူများကို သူတွေ့ခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော ကမ္ဘာကြီးရဲ့သရုပ်မှန်လောကကြီးနှင့် ဝေးကွာသောတစ်နေရာတွင် ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး အဖြစ်မှန်ကို မသိခဲ့ကြတဲ့ လူတစ်စုကိုလည်း သူ တွေ့ခဲ့ပြန်သလို ကျွန်တော်တို့လည်း တွေ့ခဲ့ရပါတယ်။ ထိုပြီးခဲ့တဲ့ ဇာတ်ကား 3 ကားကို ပြန်လည်တွေးတောကြည့်မယ်ဆိုရင် အဓိက Theme က “အိမ်” ဆိုတဲ့ အရာလေးတစ်ခု နဲ့အသက်ဆက်လက်ရှင်သန်နေထိုင်နိင်ခြင်း တို့ပဲဖြစ်ပါတယ်။ လူတိုင်းသည် မိမိတို့ရဲ့အိမ် မိသားစု ဆိုတဲ့ အရာများကို မက်မောလေ့ရှိတတ်ကြပါတယ်။ အကယ်၍ ကမ္ဘာကြီး ပျက်ဆီးသွားခဲ့ရင်တောင် နေထိုင်စရာ အသက်ရှင်စရာ ကို လုယူ၍သော်လည်းကောင်း ရှာဖွေ၍သော်လည်းကောင်း တစ်နည်းနည်းနဲ့ရရှိအောင် ပြုမူဆောင်ရွက်ကြမည်မှာ လူသားတိုင်းပင်ဖြစ်ပါတယ်။ ထို့အတူပါပဲ။ ယခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ Mad Mac: Fury Road (2015) ဇာတ်ကားတွင်လည်း အဓိက နောက်ခံကျောရိုး ဇာတ်လမ်းနဲ့ဒီရုပ်ရှင်ဇာတ်လမ်းရဲ့အဓိကရည်ရွယ်ချက်က “Home” ဆိုသော “အိမ်” ဆိုသည့် လူသားတွေ အသက်ရှင် နေထိုင်ကြမည့်နေရာတစ်ခုကို ရှာပုံတော်ဖွင့်နေကြတဲ့ အမျိုးသမီးတစ်စုရဲ့အကြောင်းကို တင်ပြထားပါတယ်။ ဒါဆို ထို မိန်းမတစ်စုနဲ့တစ်ကိုယ်တော် ခရီးသည်ကြီး Max တို့နဲ့ဘယ်လိုများ စပ်ဆက် နေတာပါလဲ? ဇာတ်လမ်းအစမှာ Max ကို စတင်တွေ့ရသည်။ သူသည် မည်သည့်နေရာက လာခဲ့သည်ဆိုတာကို ဇာတ်လမ်းက ပြောမသွား။ ဒါပေမဲ့သူသည် War Boys ဆိုသော လူတစ်စုထံမှ ပြေးနေရသည်ဆိုတာကိုတော့ နောက်အခန်းတွေမှ စ၍ သိခဲ့ရသည်။ သူထို War Boys ဆိုသူတွေရဲ့ဖမ်းဆီးခြင်းကို ခံရတော့ ထိုသူတို့ရဲ့ခေါင်းဆောင်ကြီးဖြစ်သူ Inmortan Joe ဆိုသော လူကြီးဆီသို့ခေါ်ဆောင်သွားခံရသည်။ ထို Inmortan Joe သည် သူနေထိုင်ရာ မြို့ဟု ခေါ်ဆိုရမည့် Society တစ်ခုတွင် အာဏာရှိသောသူ အရာအားလုံးကို ထိန်းချုပ်ထားသူ တစ်ဦးဖြစ်သည်။ ထိုအနီးအနားတဝိုက်တွင် နေထိုင်သူ အားလုံးသည် သူ့ရဲ့အစားအစာ နှင့် ရေ ထောက်ပံမှုကို လိုအပ်နေသော လူများပင် ဖြစ်သည်။ ထို့အပြင်သူသည် သူ့ရဲ့မျိုးပွားရန်အတွက် မိန်းမငယ်များကို ဖမ်းဆီးထားကာ War Boys ဟုခေါ်သော သူ့ရဲ့တပည့်တပန်းများ (သို့) မျိုးပွားထားသော သားများသည် စစ်တိုက်ခိုက်ရန်နှင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်အပြင် ထို Inmortan Joe အတွက် အသက်စတေးပေးကာ တာဝန်ထမ်းဆောင်နိုင်လျှင် မြင့်မြတ်သော အောင်မြင်သော ဂုဏ်ရှိသော အလုပ်တစ်ခုဟု အယူဝါဒသစ်တစ်ခု မှိုင်းတိုက်ခံထားရသော လူငယ် ယောင်္ကျားလေးများပင် ဖြစ်သည်။ Max ရဲ့သွေးသည် Universal Blood ဆိုသည်ကို သူတို့သိကြသောအခါ ထို War Boys များထဲမှ နာမကျန်းဖြစ်နေသည့် Nux ဆိုသော လူငယ် War Boy တစ်ဦးအတွက် သွေးထောက်ပံပေးနေရသော လူတစ်ဦးအဖြစ် ဖမ်းဆီးခြင်း ခံထားရသည်။ (Universal Blood Donner ဆိုသည်မှာ သွေးအမျိုးအစား O – များကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပြီး ကျန်သော သွေးအမျိုးအစားအားလုံးကို သွင်းနိုင်သည်။ Universal Blood Recipients များကတော့ AB+ သွေးအမျိုးအစားကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပါသည်။ အတိအကျ အသေးစိပ်ကိုတော့ ဆရာဝန်များ ပိုသိကြပါတယ်။) ဒီနေရာတွင် Furiosa ဆိုသော အမျိုးသမီးကို ကျွန်တော်တို့စတင်ပြီး တွေ့ခဲ့ရသည်။ သူမသည် ဒီရုပ်ရှင်ရဲ့အသက်ဟုခေါ်ဆိုရလောက်တဲ့ အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်း ဖြစ်ပေါ်လာရပုံနဲ့နောက်ဆက်တွဲ အကျိုးရလာဒ်များအားလုံးသည် သူမကြောင့်ပင်ဖြစ်သည်။ သူမရဲ့ပုံကို ပြောရမယ်ဆိုရင် အရပ်အမောင်း ကောင်းမွန်ကာ ဆံပင်မရှိ ရဲ့ရင့်သော ထက်မြက်သော အမျိုးသမီးတစ်ဦး အသွင်ရှိသည်။ သူမရဲ့လက်ဝဲဘက် လက်မရှိ၍ စက်လက်အတု တစ်ချောင်းကို တပ်ဆင်ထားရသည်။ သူမသည် Inmortan Joe အတွက် Gasoline သွားယူရန် ကြီးမားသော Rig ကြီးကိုမောင်းနှင်ကာ ထွက်သွားကာ သွားရမည့်လမ်းမှ ကွဲထွက်သွားသောအခါ Inmortan Joe သည် သူ့ရဲ့အမြတ်နိုးဆုံး အရေးကြီးဆုံး အလိုအပ်ဆုံး ပစ္စည်း 5 ခုပျောက်ဆုံးသွားကာ ထိုပစ္စည်းများသည် Furiosa နှင့်အတူ ပါသွားကြပြီကို သိလိုက်သောအခါ သူ့ရဲ့စစ်တပ်တစ်ခုလုံးကို ခေါ်ဆောင်ကာ Furiosa နောက်သို့လိုက်လံလေတော့သည်။ ဒါဆို Furiosa နဲ့အတူ ပါသွားကြတဲ့ တန်ဖိုးရှိ အရာ 5 ခုသည် ဘာတွေနည်း? Angharad Splendid, Capable, Cheedo, Toast နှင့် Dag ဟုအမည်ရသော Inmortan Joe မျိုးပွားရန် ဖမ်းဆီးထားသော သူ့ရဲ့မိန်းမများဖြစ်သော အမျိုးသမီးငယ်များပင် ဖြစ်ပေသည်။ တိုက်ပွဲတွင် Inmortan Joe အတွက် သေဆုံးရလျှင် ဂုဏ်ယူစရာဟု ထင်မှတ်မှားနေသော ဖျားနေနေသည့် War Boy – Nux သည် နေမကောင်းသည့် ကြားထဲကပင် Max ကို သူမောင်းနှင်ရမည့် ကားရှေ့တွင် မက်တပ်ရပ်စေလျှက် သွေးသွင်း၍ ကားမောင်းကာ ထွက်ပြေးသွားသော Furiosa တို့ကားနောက်ကို လိုက်လံဖမ်းဆီးတဲ့ အဖွဲ့ထဲတွင် လိုက်ပါလာလေသည်။ ပြင်းထန်သော တိုက်ပွဲများနှင့် တွေ့ဆုံနေကြပြီး ရှေ့တွင် ကြီးမား၍ အန္တာရယ် အလွန်ကြီးမားသော သဲမုန်တိုင်းကြီးတစ်ခုထဲသို့Furiosa တို့Rig ကြီးမောင်းနှင်သွားချိန်တွင် Max နှင့်အတူ Nux ပါ လိုက်ပါ မောင်းနှင်သွားကြသောအခါ…. ဇာတ်လမ်းတစ်ခုလုံးသည် လိုက်တမ်းပြေးတမ်း တစ်ခုပင်ဖြစ်သည်။ ထိုအမျိုးသမီးလေး 5 ဦးကို Furiosa ခေါ်ဆောင်လာခဲ့သော နေရာသည် သူမကြီးပြင်းခဲ့သည့် နေရာတစ်ခုကိုပင်ဖြစ်သည်။ သူတို့ခေါ်တော့ “Green Place” ဆိုပြီး စိမ်းလန်းစိုပြေတဲ့ နေရာလို့တင်စားခေါ်ဝေါ်ကြတဲ့ အိပ်မက်ဆန်ဆန် နေရာတစ်ခုပင် ဖြစ်တယ်။ Nuclear War ကြောင့် ပျက်ဆီးသွားတဲ့ ကမ္ဘာမြေကြီးသည် နေရာတိုင်းတွင် ခြောက်ကပ်နေသည်။ အပင်များ မပေါက် နေထိုင်ရန်ခက်ခဲ ကြမ်းတမ်းသော လူများ အုပ်စိုးနေတဲ့ လောကကြီးမှာ ငြိမ်းချမ်းအေးဆေးတဲ့ စိမ်းလန်းစိုပြေတဲ့ နေရာတစ်နေရာလေးသည် ထိုကာလရဲ့လူသားတိုင်းအတွက်တော့ အိပ်မက်ဆန်ဆန် နေရာလေးတစ်ခုပင်ဖြစ်သည်။ Furiosa နဲ့ထိုအမျိုးသမီးလေး 5 ယောက်တို့ခရီးကြမ်းကြီးရဲ့ပန်းတိုင်သည် ထိုနေရာပင် ဖြစ်သည်။ သူမတို့ထိုနေရာကို ရောက်ကြပါ့မလား ဆိုတာကိုတော့ စာဖတ်သူတို့ပဲ သည်းထတ်ရင်တဖိုဖိုနဲ့ဆက်လက် ကြည့်လိုက်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ Director George Miller ဒီရုပ်ရှင်ကို ရိုက်ကူးရန် စိတ်ကူးရှိခဲ့သည်မှာ Wikipedia မှာ ဖတ်ရသလောက်ဆိုရင် 1998 ခုနှစ်ကတည်းက Los Angles မြို့ရဲ့လမ်းစုံတစ်နေရာမှာ လမ်းလျှောက်နေခဲ့ရင်းနဲ့စတင်ခဲ့တာလို့ဖတ်ရပါတယ်။ အဲ့ဒီ့နောက် တစ်နှစ်လောက်ကြာတော့ Australia ကိုပြန်တဲ့ လေယာဉ်ပေါ်မှာ သူ ဒီဇာတ်လမ်းတစ်ခုလုံးကို ရခဲ့ပါတယ်။ 2001 ခုနှစ်က 20th Century Fox နဲ့ရိုက်ကူးကြမယ်လို့စတင်ခဲ့ကြပေမဲ့ September 11 အရေးကြောင့် US Dollar ဈေးတွေ Australia Dollar ဈေးတွေထက် အဆမတန်ကျကာ Budget မခိုင်ပဲဖြစ်ခဲ့ရကာ ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ 2003 ခုနှစ်မှာ US Dollar 100 Million Budget နဲ့စတင်ရိုက်ကူးဖို့ခွင့်ပြုချက်ရခဲ့ပေမဲ့ Iraq စစ်ပွဲတွေ စတင်လာပြန်သောကြောင့် နိုင်ငံရေးအရ Nuclear War ဆိုတဲ့အရာနဲ့ဇာတ်လမ်းနဲ့ဆက်နွယ်နေခဲ့ပြန်သောကြောင့် နောက်တစ်ကြိမ် ရိုက်ကူးရေးကို ရပ်နားခဲ့ရပြန်ပါတယ်။ ထိုအခါမှာတော့ Original Max ဖြစ်တဲ့ မင်းသား Mel Gibson က ရိုက်ကူးရေး ရပ်နားလာရသောကြောင့် ထိုဇာတ်ကားကို ရိုက်ကူးရန် စိတ်ဝင်စားမှူ မရှိခဲ့တော့ပါဘူး။ နောက်တစ်ကြိမ် 2007 လောက်မှုာ ထပ်မံရိုက်ကူးဖို့George Miller ကြိုးစားပါတယ်။ ဒီတစ်ခါတော့ အသက်အရွယ်ကြီးလာတဲ့ Mel Gibson နေရာမှာ Heath Ledger နဲ့Max ဇာတ်ကောင်ကို ရိုက်ကူးမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမဲ့2008 မှာ Heath Ledger သေဆုံးသွားတော့ 2009 ခုနှစ်မှာ Tom Hardy ကို ရွေးချယ်ခဲ့ကြပါတယ်။ 2011 ခုနှစ်မှာ Australia နိုင်ငံမှာ ကြီးမားတဲ့ မိုးရွာသွန်းမှူကြောင့် သူတို့ရိုက်ကူးရန် စီစဉ်ထားကြတဲ့ Broken Hill သည် ပျက်ဆီးသွားခဲ့ပြီး အရင်က ကန္တရသဖွယ် ဖြစ်တည်နေသော ထိုနေရာသည် ပန်းများဖြင့် ဝေဆာကုန်သောကြောင့် ဇာတ်လမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ ရိုက်ကူးရေးကို Namibia နိုင်ငံသို့ရွေ့ပြောင်းခဲ့ရပြန်သည်။ ဒါပေမဲ့ 2012 ခုနှစ် July လ မတိုင်ခင်အထိ အကြောင်းအမျိုးမျိုးကြောင့် ရိုက်ကူးရေး မစတင်နိုင်ခဲ့ကြပြန်ပါဘူး။ 2012 July လောက်မှ စတင်ကာ Namibia နိင်ငံနှင့် Western Sydney တို့တွင် ရိုက်ကူးခဲ့ကာ 17th December 2012 တွင်ပြီးဆုံးခဲ့၍ ရက်ပေါင်း 120 ကြာမြင့်ခဲ့သည်။ ဒါပေမဲ့ 2013 ခုနှစ် အစောပိုင်းလောက်မှာ Namibia ရဲ့Namibian Coast Conservation and Management သည် ထိုရုပ်ရှင်လာရောက်ရိုက်ကူးသွားခဲ့ခြင်းသည် သူတို့ရဲ့Namib ကန္တရကြီးကို ပျက်စီးစေခဲ့ပြီး ထိုအရပ်ရှိ အပင်များ တရိစ္ဆာန်များကို ပျက်ဆီးစေခဲ့သည်ဟု စွပ်စွဲကာ Mad Max Fury Road ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများသည် တိုင်ကြားခြင်းခံခဲ့ရသည်။ ထို့နောက် November 2013 မှာ သူတို့ထိုရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခဲ့ကြရပြန်ပါတယ်။ ယခု May 2015 မှာတော့ ကျွန်တော်တို့ထို အခက်အခဲပေါင်း မြောက်မြားစွာက အောင်မြင်စွာ ထွက်ရှိနိုင်လာတဲ့ ထိုရုပ်ရှင်ကို ကြည့်နိုင်ကြပြီလေ။ ဒီရုပ်ရှင်က Mad Max ရဲ့ဇာတ်ကားဖြစ်ပေမဲ့ ဇာတ်လမ်းသဘောအရ အမျိုးသမီးတွေကို ဦးစားပေးထားသော ဇာတ်ကားဖြစ်သည့် အားလျော်စွာ ကျွန်တော် ထို အမျိုးသမီးဇာတ်ကောင် 6 ယောက်ကို လေ့လာကြည့်ခဲ့ပါတယ်။ Imperator Furiosa ထိုဇာတ်ကောင်ကို မင်းသမီး Charlize Theron က သရုပ်ဆောင်ထားပါတယ်။ သူမသည် ပထမဆုံး Mad Max ရုပ်ရှင်ကားကို အသက် 8 နှစ်တွင် မပြည့်မစုံ ကြည့်ခဲ့ရသည်။ သူမသည် ထိုဇာတ်ကောင်ကို ရိုက်ကူးနေစဉ်က သူမစိတ်ပူနေခဲ့သည်မှာ တတိယဇာတ်ကားဖြစ်တဲ့ Mad Max: Beyond Thunderdome ဇာတ်ကားထဲက Tina Turner ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Aunty Enitity နှင့် ဇာတ်ကောင်စရိုက်ပုံစံခြင်း ဆင်တူနေမှာကို စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတူညီပါ။ ဟိုတစ်ယောက်က အာဏာကို လိုချင်သောသူ။ သူမရဲ့ ဇာတ်ကောင်ကတော့ အမျိုးသမီး 5 ယောက်ကို ကိုယ်ချင်းစာသောသူ၊ ငယ်စဉ်အခါက မိခင်နှင့်အတူ လူဆိုးများရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရ၍ အိမ်နှင့်ဝေးကွာနေခဲ့ရသူ၊ သူမဘဝရဲ့တစ်ချိန်တစ်ခါတုန်းက တိုက်ပွဲတစ်ခုတွင် အကြောင်းတစ်ခုခုကြောင့် သူမရဲ့လက်ဝဲဘက် လက်ကို ဆုံးရှုံးခဲ့ရသောသူ၊ ဝမ်းနည်းရမည့်အချိန်တွင် မျက်ရည်ဝဲခဲ့ပေမဲ့ စိတ်ဓာတ်ပြတ်သားကာ မိမိဆက်လက်လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ခဲ့သူ၊ ကြမ်းတမ်းသော လောကကြီးတွင် ကြီးပြင်းလာခဲ့၍ လူတိုင်းကိုမယုံကြည်တတ်ကာ အခြေအနေနှင့် အချိန်အခါအလိုက် မှန်ကန်ဆုံးနှင့် ရဲ့ရင့်ဆုံး လုပ်ဆောင်နိုင်ခဲ့သော အမျိုးသမီးဇာတ်ကောင်တစ်ဦးပင် ဖြစ်သည်။ သေချာပါတယ်။ ရုပ်ရှင်သမိုင်းရဲ့Legendary Woman Warrior စာရင်းထဲတွင် Imperator Furiosa သည် ပါလာခဲ့မည်မှာ သေချာပါတယ်။ Charlize Theron သည် ထိုဇာတ်ကောင်အတွက် သူမရဲ့ဆံပင်တွေကို ရိတ်ခဲ့ပါတယ်။ သူမပြောတာကတော့ ရိုက်ကူးနေစဉ် လက်တစ်ဘက်ပြတ်နေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတာ အခက်ခဲဆုံးပါတဲ့။ Splendid ယောင်္ကျားလေးတော်တော်များများ ဒီရုပ်ရှင်ကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တွေ အများကြီးထဲက တစ်ခုကတော့ ထို ဇာတ်ကောင်ကို သရုပ်ဆောင်ထားတဲ့ Rosie Hutington-Whiteley ကြောင့်ပဲဖြစ်မယ်လို့ထင်ပါတယ်။ အရင်က Victoria Secret ရဲ့Model တစ်ယောက်ဖြစ်ခဲ့တဲ့ သူမအတွက်တော့ ဒီဇာတ်ကားသည် ဒုတိယမြောက် ရုပ်ရှင်ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်ကတော့ Transformers: Dark of the Moon ပဲဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ သူမသည် ဒီရုပ်ရှင်တွင် သရုပ်ဆောင်မှုအပိုင်းမှာ အလွန်တိုးတက်လာတယ်လို့ ထင်ပါတယ်။ သူမရဲ့ပြောချက်အရတော့ Charlize Theron နဲ့တွဲပြီး သရုပ်ဆောင်ခဲ့ရတာ သူမအတွက်တော့ Inspiration တစ်ခုဖြစ်တယ်လို့သိခဲ့ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ထိုအမျိုးသမီးလေး 5 ယောက်ရဲ့နာမည်တွေကို ပေးထားတာ ထိုနာမည်တွေက သူတို့ရဲ့ဇာတ်ကောင်စရိုက်တွေနဲ့သက်ဆိုင်နေတယ်လို့ကျွန်တော် မြင်မိတယ်။ Splendid ဇာတ်ကောင်သည် တစ်ကယ်ကိုပင် ရုပ်ရှင်ထဲတွင် Splendid ဖြစ်ခဲ့သည်။ Capable ထိုဇာတ်ကောင်ကိုတော့ Riley Keough က သရုပ်ဆောင်ခဲ့ပါတယ်။ ထိုဇာတ်ကောင်သည် အတွေးသမားတစ်ယောက်ဖြစ်သည်။ သူမရဲ့Nickname ကတော့ “Brainy” ၊ Capable ဆိုသော နာမည်အတိုင်း လမ်းတစ်လျှောက် ပြဿနာတွေပေါ်ပေါက်လာလျှင် ဖြေရှင်းနိုင်သူ တစ်ယောက်ပင်ဖြစ်သည်။ 6 လ လောက် Namibian ကန္တရမှာ အင်္ကျ ီခပ်ပါးပါးကို ဝတ်ဆင်ခဲ့ရတဲ့ မင်းသမီး Riley Keough တစ်ယောက် အအေးဒဏ်ကို မခံနိုင်ခဲ့သောကြောင့် Hypothermia ဆိုတဲ့ ရောဂါကို ခံခဲ့ရပါတယ်။ The Dag ဒီဇာတ်ကောင်ကို Abbey Lee ဆိုသော အရင်က Model တစ်ယောက်ဖြစ်ခဲ့သော အမျိုးသမီး သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ထို Dag ဆိုသော နာမည်အတိုင်း ထိုဇာတ်ကောင်သည် အများနှင့် မသက်ဆိုင်သော ပုံစံမျိုးပင်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် သိပ်မစပ်အပ်လှပေ။ ဒီဇာတ်ကားသည် ထိုမင်းသမီးအတွက်တော့ ပထမဆုံး ရုပ်ရှင်ပင်ဖြစ်သည်။ သူမသည် ရောဂါတော့မရရှိခဲ့။ သို့သော် ရိုက်ကူးနေစဉ်တော့ ခါးဒဏ်ရာ ရရှိခဲ့သည်။ Fragile ဒီဇာတ်ကောင်ရဲ့နာမည်ကလည်း ထိုဇာတ်ကောင်ရဲ့စရိုက်ကို ဖော်ပြနေသည်။ ထိုဇာတ်ကောင်သည် ထို အမျိုးသမီး 5 ယောက်ထဲတွင် အသက်ငယ်ဆုံး ဇာတ်ကောင်ဖြစ်သည့်အားလျော်စွာ အလွယ်တကူ Fragile ဖြစ်နိင်သည်။ သူမရဲ့ထိုဇာတ်ကောင်သည် တစ်ခြားသူများရဲ့အကူအညီ လိုအပ်သော ဇာတ်ကောင်ပင် ဖြစ်သည်။ ထိုဇာတ်ကောင်ကို Courtney Eaton က သရုပ်ဆောင်ထားပြီး သူမ Audition မလုပ်ခင်က သူမသည် Mad Men tv series အတွက် သရုပ်ဆောင်ရမည်လို့ထင်နေခဲ့တာ သူမရဲ့အဖေက “No, Mad Max! This is huge!” လို့ဝမ်းပန်းတသာနဲ့ပြောဆိုခဲ့လို့သူမသည် အရင်က 3 ကားကို ပြန်ကြည့်ခဲ့သည်။ ဒီရုပ်ရှင်ကို စရိုက်တော့ သူမသည်လည်း 16 နှစ် သာသာပဲရှိသေးသည့်အတိုင်း ထိုအုပ်စုထဲတွင် သူမသည် ကလေးသာသာ ဖြစ်နေခဲ့သည်။ သူမရဲ့ပြောချက်အရတော့ Rosie Hutington-Whiteley သည် ရုပ်ရှင်ထဲမှာရော အပြင်မှာပါ သူမရဲ့အမေ တစ်ယောက်လို့ဖြစ်နေခဲ့သည်တဲ့။ Toast နောက်ဆုံးတစ်ယောက်ကတော့ Toast ဆိုတဲ့ ဇာတ်ကောင်။ ထိုဇာတ်ရုပ်ကို သရုပ်ဆောင်ထားတာက Zoe Kravitz ။ ထို 5 ယောက်ထဲတွင် သူမရဲ့ဇာတ်ကောင်သည် အရဲရင့်ဆုံး ဇာတ်ကောင်။ Furiosa ရဲ့Splendid ပြီးရင် အားထားရဆုံးတစ်ယောက်။ သူမသည် ဒီဇာတ်ကားအတွက် ဒုတိယမြောက် ရွေးချယ်ခံရတဲ့ မင်းသမီးတစ်ဦး ပင်ဖြစ်သည်။ Zoe Kravitz သည် Max Max Fury Road ဇာတ်ကားကို ပြီးခဲ့သည့် နှစ်က Online မှာ ပထမဆုံး Trailer ကို ကြည့်ခဲ့ရတော့ ဝမ်းသာလွန်းလို့ငိုခါနီးဖြစ်ခဲ့သူတစ်ဦး။ အခက်အခဲတွေ မျိုးစုံထဲက အောင်မြင်စွာ ကျော်ဖြတ်ပြီး ယခုကဲ့သို့ရုပ်ရှင်ဖြစ်လာတော့ သူမသည် “I almost cried when I saw the trailer, just because I actually can’t believe it’s happening.” ဟု ပြောခဲ့လေသည်။ ယခု စတုတ္ထမြောက် Mad Max ရုပ်ရှင်သည် အရင် 3 ကားရဲ့အကောင်းဆုံးသော အရာများကို ပြည့်စုံအောင် ပါဝင်ထားသည်။ ပထမဆုံးကားရဲ့Vengeance Theme နဲ့သည်းထိပ်ရင်ဖိုစွာ ကြည့်ခဲ့ရတာတွေ .. ဒုတိယမြောက်ကားရဲ့အကောင်းဆုံးသော Car Chase Action Scenes တွေ နဲ့တတိယမြောက်ကားရဲ့Apocalyptic ဆန်သော အရာများ အားလုံးကို တစ်စုတစ်ပေါင်းထဲ ပါဝင်ထားသည်။ ရိုက်ကူးခဲ့သော Director George Miller ရဲ့ကျွမ်းကျင်မှုများ ဟုတင်စားရလောက်တဲ့ အချက်တွေသည် ဒီရုပ်ရှင်ကို ကြည့်နေသော ပရိသတ်တွေသည် ဇာတ်လမ်းစပြီဆိုတာနဲ့ရုပ်ရှင်ထဲကို စိတ်ဝင်စားနိုင်မှူကို 100% အပြည့်ပေးစေနိုင်ခဲ့သည်။ ရုပ်ရှင်ကြည့်နေစဉ် ရုံထဲတွင် စကားပြောသံတစ်သံလေးတောင် မကြားခဲ့ရ။ အပေါ့အပါးထသွားသော သူများပင် မရှိခဲ့ကြ။ လူတိုင်းရဲ့စိတ်များသည် Max တို့ရဲ့ခရီးစဉ်နှင့်အတူ မျောပါသွားခဲ့ကြပုံရသည်။ ထို့အပြင် ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ရင်ထိတ်ခဲ့ရဆုံး မျက်လုံးများ ပြူးကျယ်လာသည် အထိ သည်းထိတ်ရင်ဖို အဖြစ်ခဲ့ရဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့သည်။ မှတ်မိသလေက် ပြီးခဲ့သော နှစ်တွေက ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ထိုကဲ့သို့သော ခံစားချက်မျိုးပေးစွမ်းနိုင်ခဲ့သော ရုပ်ရှင်များမှာ Argo နှင့် Gravity တို့ပဲဖြစ်ပါတယ်။ အခုဆို ကျွန်တော် ထိုရုပ်ရှင်ကို ကြည့်ပြီးခဲ့သည်မှာ 5 ရက်ပင် ကျော်လွန်လာခဲ့ပါပြီ။ သို့ပေမဲ့ ထိုရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ… Dialogues တွေ… ဇာတ်ကောင်တွေ… Actions တွေ… Stunts တွေ အားလုံးဟာ ကျွန်တော့်ရဲ့ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်နေသည်။ မေ့ဖျောက်၍ မရ။ ပြောရမယ်ဆိုရင် ဘိန်းသုံးထားသော လူတစ်ယောက်လို ခံစားခဲ့ရသည်။ ကျွန်တော့်ရဲ့စိတ်သည် ရုပ်ရှင်ပြီးသွားသော အခါ ပတ်ဝန်းကျင်ကို မေ့ပျောက်သွားသည်။ Max ရဲ့ကမ္ဘာပျက်ထဲတွင် ကျန်ရစ်နေခဲ့ကာ မျောလွင့်နေခဲ့သည်။ ထိုမျှလောက် ကျွန်တော် နှစ်သက်ခဲ့သော ရုပ်ရှင်တစ်ကားပင် ဖြစ်သည်။ အမှန်အတိုင်းပြောရရင် Mad Max သည် ကျွန်တော်တို့လို ယောင်္ကျားလေးများ အထူးနှစ်သက်သော ရုပ်ရှင် ဖြစ်ပေမဲ့ ဇာတ်လမ်းအရ ပြန်ကြည့်မယ်ဆိုရင် Feminist ဆန်သော Theme ကို ပို၍ အရေးပေးထားသောကြောင့် အမျိုးသမီးပရိသတ်တွေလည်း နှစ်သက်လိ်မ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းသည် စာသားများမဟုတ်။ စာမျက်နှာ 300 ခန့်ရှိသော Storyboard များပင်ဖြစ်သည်။ Storyboard ဆိုသည်မှာ Artists များက ဆွဲပေးသော ဇာတ်လမ်း ရဲ့ပုံများဖြစ်သည်။ Concept Art ကို စတင် ဖန်တီးခဲ့တာကတော့ Brendan McCarthy ဆိုသော ပန်းချီဆရာတစ်ယောက်ပဲဖြစ်ပြီး ကျန်သော Drawings ပေါင်း 3500 ခန့်လောက်ကို Mark Sexton, Peter Pound နှင့် တစ်ခြား Storyboards Artist 2 ယောက်တို့နဲ့ဆွဲခဲ့ပေသည်။ ထို Storyboards များကြောင့် Directions တွေ Camera Movements တွေကို သာမာန်ဇာတ်ညွှန်းတစ်ပုဒ် ရေးသလို ရေးစရာမလိုတော့ပေ။ သူတို့ရဲ့ပြောဆိုချက်အရ ထို Storyboards များကိုပဲ ပြင်ဆင်ခဲ့ချိန်ဟာ အချိန်ကာလ 3 နှစ်ခန့်ကြာမြင့်ခဲ့ရပါတယ်လို့သိရပါတယ်။ ထို့အပြင် Mad Max Fury Road သည် ယနေ့ခေတ်ရုပ်ရှင်များတွင် အလွန်တရာ ရှားပါးသွားပြီဖြစ်တဲ့ Practical Effects များကို တွင်တွင်ကြီး အသုံးပြုခဲ့သည်။ ယနေ့ခေတ်ရဲ့Action Movies အများစု (သို့မဟုတ်) Superheroes နှင့် တခြား Sci-fi ရုပ်ရှင်များတွင် CGI Effects များကိုသာ အလွယ်တကူ အသုံးပြုခဲ့ကြပေမဲ့ ယခု ဒီရုပ်ရှင်ရဲ့90% သော Actions ခန်းများ Stunts များသည် အမှန်တကယ် လုပ်ဆောင် ပုံဖော် ရိုက်ကူးခဲ့ကြသော Actions များ Stunts များပင်ဖြစ်သည်။ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်တော့ ပရိသတ်တွေရဲ့စိတ်ထဲမှာ အသက်ပါ နေခဲ့ခြင်းပင်။ ထို Stunts များသည် အလွန်တရာ အန္တရာယ်ရှိသောကြောင့် မရိုက်ကူးခင် သူတို့အစီအစဉ်တကျ ဆွဲကာ စဉ်းစားရသည်။ ထို့နောက် စမ်းသပ်ရသည်။ အောင်မြင်ပြီဆိုတော့မှ ရိုက်ကူးကြသည်။ အရင်က မင်းသားကြီး Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ထို Max ဆိုသော ဇာတ်ကောင်နေရာတွင် Tom Hardy က အစားထိုး ရိုက်ကူးခဲ့သည်။ Tom Hardy ကို ယခုရုပ်ရှင်တွင်တော့ ထူးခြားသော သရုပ်ဆောင်မှုကို မတွေ့ခဲ့ရပေ။ သို့သော် ဇာတ်ကောင်ကိုတော့ လေးစားစွာ သရုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ သူနှင့် ထိုဇာတ်ကောင် လိုက်ဖက်ရဲ့လားလို့မေးရင် လိုက်ဖက်လား မလိုက်ဖက်လားတော့ မသိ။ သို့ပေမဲ့ လိုက်ဖက်အောင် သူသရုပ်ဆောင်နိုင်ခဲ့သည်။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောခဲ့သည့်အတိုင်း ဒီရုပ်ရှင်မှာ အထူးခြားဆုံး သရုပ်ဆောင်နိုင်သွားခဲ့သည်မှာ မင်းသမီး Charliez Theron ပင်ဖြစ်သည်။ သူမသည် သူမပါဝင်သော ဇာတ်ကားတိုင်းတွင် ထိုနည်းလည်းကောင်းပင် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်သည်မှာ သူမရဲ့ထူးခြားတဲ့ ပါရမီတစ်ခုပဲဖြစ်သည်။ ထိုကားထဲတွင် ကျွန်တော် နောက်ထပ်ကြိုက်နှစ်သက်မိခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ War Boy Nux ပဲဖြစ်သည်။ ထိုဇာတ်ကောင်ကို မင်းသား Nicholas Hoult က သရုပ်ဆောင်ထားပြီး တစ်ကယ်ကို လိုက်ဖက်ပါတယ်လို့ထင်မိတယ်။ ထိုဇာတ်ကောင်ပြောသွားသော စကားများသည် ယခုထက်ထိ ကျွန်တော့် မေ့လို့မရပေ။ ထိုစကားတွေရဲ့အဓိပ္ပာယ်များထက် ထိုစကားတွေကို သူပြောခဲ့တဲ့ဇာတ်ဝင်ခန်းတွေမှာ သူပြောခဲ့တဲ့ စကားတွေနဲ့အလွန် လိုက်ဖက်ခဲ့သောကြောင့် မေ့မရနိုင်သော စကားများဖြစ်ခဲ့ခြင်းပင်။ Nicholas Hoult သည် သူသရုပ်ဆောင်ရမည့် နေ့ရက်တိုင်းတွင် သူ့ရဲ့အပြင်လောကနဲ့မတူညီသော ဇာတ်ကောင်ကို ပြင်ဆင်ရန်အတွက် Make-up ပြင်ဆင်ချိန် အမြဲတမ်း 2 နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ ရိုက်ကူးရေးကာလတစ်လျှောက် ပိန်လှီနေသော ခန္ဓာကိုယ် ရရှိအောင် နေ့တိုင်း ကြိုးခုန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားထဲက လူဆိုးခေါင်းဆောင် Toecutter အဖြစ် သရုပ်ဆောင်ခဲ့သော Hugh Keays-Byrne ကပဲ လူဆိုးကြီး Inmortan Joe အဖြစ် သရုပ်ဆောင်ပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းများတွင် Definite Moments ဆိုသော အခန်းများ အနည်းဆုံး တစ်ခန်းလောက် ပါဝင်ကြပါသည်။ သို့ကြောင့် ဒီရုပ်ရှင်သည်လည်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည့် အလျှောက် Definite Moments များ တစ်ခန်းထက်မနည်း ပါဝင်ခဲ့သည်။ ဘယ်အခန်းတွေလဲဆိုတာကိုတော့ Spoiler ကို ရှောင်ကျည်သည့် အတိုင်း ပြောမပြတော့ပါ။ ထို့အပြင် ကျွန်တော် ရုပ်ရှင်တစ်ကားကြည့်ပြီးတိုင်း အမြဲ ပြုလုပ်လေ့ရှိသော ဇာတ်သိမ်းခန်းကို ပြန်လည် စဉ်းစားခြင်းနဲ့တစ်ခြား ဇာတ်သိမ်းပုံတွေကို တွေးတောမိတယ်။ နောက်ဆုံး အဖြေပေါ်လာတာက ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းသည် အလွန်ကို ပြီးပြည့်စုံပြီး ရုပ်ရှင်နှင့်လိုက်ဖက်သည်။ အပြောပြောစရာ တစ်ကွက်မှ မရှိသော ဇာတ်သိမ်းပင် ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကဆိုရင် ဇာတ်လမ်းစပြီး 10 Minutes လောက်ကစပြီး မိမိကိုယ်မိမိ Max ရဲ့ကမ္ဘာထဲကို ရောက်ရှိသွားသလို ခံစားရတယ်လို့ပြောပါတယ်။ သူပြောတာ မှန်ပါတယ်။ ဇာတ်လမ်းစတင်ပုံ အလွန်ကောင်းမွန်ပြီး အစကတည်းကနေ အဆုံးထိ ပရိသတ်ကို Max တို့နှင့် Inmortan Joe တို့ရဲ့ပြေးပွဲ လိုက်ပွဲကြီးထဲကို စိတ်တွေပါသွားခဲ့ကြသည်။ သေချာပါတယ်။ ကြည့်နေခဲ့သူ ပရိသတ်တိုင်းသည် ထိုဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်ဟု မသိစိတ်ထဲတွင် မသိမသာ ထင်နေခဲ့မှာဆိုတာပါပဲ။ ယခုရေးမည့်အကြောင်းအရာသည် Review မဟုတ်တော့ပါ။ ထို့ကြောင့် Spoiler ရှောင်ချင်သူများ ကျော်သွားကြပါလို့တိုက်တွန်းပါတယ်။ ကျွန်တော် ဒီကားကို ကြည့်ပြီးခဲ့ချိန်တွင် ဘဝင်မကျခဲ့သော အချက်တစ်ခုကို ဆွေးနွေးချင်ပြီး ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်တစ်ခုကို ပြောပြချင်လို့ပါ။ ဘာအကြောင်းအရာလည်းဆိုတော့ အရင် Mad Max 3 ကားနဲ့ဒီကားနဲ့မတူညီပဲ ကွဲပြားနေတဲ့ အချက်တွေပါ။ အရင် 3 ကားကို ကြည့်ပြီးသူများ နားလည်ကြမှာ ဖြစ်ပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားတွင် Max တွင်ရှိခဲ့သော ကလေးငယ်မှာ သားယောင်္ကျားလေးဖြစ်သည်။ ထိုကလေးငယ်နှင့် သူ့ရဲ့ဇနီးကို Toecutter တို့လူမိုက်တစ်စု ဆိုင်ကယ်များ ကားများနှင့် တိုက်သတ်ခဲ့သောကြောင့် သေခဲ့ပြီး ဖြစ်သည်။ ထို့နောက် နောက်ထပ် 2 ကားတွင်လည်း သူသည် မိန်းမရသွားသည်ကို မပြခဲ့ပေ။ တစ်ကိုယ်တော် သမားတစ်ယောက် အဖြစ်သာ တင်ပြခဲ့သည်။ သို့ပေမဲ့ ယခု Mad Max Fury Road တွင်တော့ Max ရဲ့Flashback အခန်းများတွင် သေဆုံးသွားသော သူ့ရဲ့ကလေးမှာ အတော်အတန် ကြီးနေပြီဖြစ်သော သမီးမိန်းကလေးပင် ဖြစ်သည်။ ထိုကဲ့သို့George Miller ဘာကြောင့် ပြောင်းလဲခဲ့သည်ကို ကျွန်တော် ဘဝင်မကျခဲ့။ ထို့ကြောင့် ဒီကားသည် Remake လား Sequel လား ဆိုတာကို ရှာဖတ်ကြည့်ခဲ့တော့လည်း George Miller က မည်ကဲ့သို့မှ ပြောမသွားခဲ့။ Max သည် Legendary Warrior တစ်ယောက် ဖြစ်သည့်အတိုင်း ယခုဇာတ်လမ်းသည်လည်း သူ့ခရီးစဉ်ကြီးရဲ့တစ်ချိန်တစ်နေရာက ဇာတ်လမ်းတစ်ခုပဲဖြစ်သည်။ ထို့ကြောင့် Sequel လည်း မဟုတ်။ Reboot လည်းမဟုတ်၊ Remake လည်းမဟုတ်၊ Prequel လည်းမဟုတ် ဟု သူကပြောကြားခဲ့သည်။ ဒါဆိုရင် ဘာလို့Max ရဲ့ကလေးဇာတ်ကောင်ကို ပြောင်းလဲခဲ့ရသနည်း? အဖြေကို ကျွန်တော် စဉ်းစားမိတော့ ခေါင်းထဲပေါ်လာတာက ယခု Mad Max Fury Road ထဲက Max သည် Original Mad Max 3 ကားထဲက Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင် မဟုတ်နိုင်ပေ။ တစ်ခြား ဇာတ်ကောင်တစ်ယောက်ပင် ဖြစ်နိုင်သည်။ ဒါဆိုရင် မည်သူနည်း? ကျွန်တော် တွေးမိလိုက်တာ Mad Max 2: The Road Warrior ဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid ဆိုသော ကလေးငယ်တစ်ယောက် အသက်ကြီးသွားသော ဇာတ်ကောင်ပင် ဖြစ်မည်လို့ကျွန်တော် ထင်လိုက်မိပါတယ်။ ဒါနဲ့Internet မှာ ရှာဖတ်ကြည့်လိုက်တော့ ကျွန်တော့်လိုပဲ စဉ်းစားမိတဲ့ လူတစ်ယောက် ရေးထားတာကို ဖတ်မိလိုက်ပြီး သူ့ရဲ့Idea နဲ့ကျွန်တော့်ရဲ့Idea တွေတူညီလို့ကျွန်တော် ရှင်းပြလိုက်ပါရစေ။ ပထမအချက်က Mad Max Fury Road ဇာတ်ကားရဲ့အစောပိုင်းမှာ Max ကို War Boys တွေဖမ်းဆီးစဉ် Max ရဲ့နောက်ကျော်မှာ ထိုးထားတဲ့ Tattoo တွေကို အရင်ဆုံးပြောပါရစေ။ ထို Tattoo အခန်းတွင် သူ့ရဲ့Blood Type နဲ့တစ်ခြား ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက်များ ကို ရေးထားသည်။ ပြသခဲ့သော အခန်းသည် အလွန်တိုတောင်းသောကြောင့် အရာအားလုံးကို လိုက်ဖတ်ရန် မလွယ်ကူလှပေ။ ထို Tattoo များထဲတွင် တွေ့လိုက်ရသည်မှာ Day 12045 ဆိုသော အရာလည်း ပါဝင်သည်။ ဒါဆို Max ရဲ့အသက်သည် ယခု Fury Road ထဲတွင် 33 နှစ်ခန့်သာသာပဲရှိပါအုံးမည်။ George Miller တစ်ခါပြောဖူးတာကို မှတ်မိသလောက်ဆိုရင် ယခု Fury Road သည် ကမ္ဘာပျက် Apocalypse ဖြစ်ပြီး နှစ်ပေါင်း 40 ကျော် 50 ခန့်လောက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ပြောခဲ့ဖူးပါတယ်။ ဒါကို ပြန်တွေးကြည့်မယ်ဆိုရင် ပထမဆုံး Mad Max ဇာတ်ကားတွင် ကမ္ဘာမပျက်သေးပေ။ ဒါဆို သူပြောပုံအရဆိုရင် Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင်သည် ယခု Fury Road Timeline တွင် အသက် 70 ကျော်ခန့်ပင် ဖြစ်နေလောက်ပေသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ယခု Fury Road တွင် ကျွန်တော်တို့တွေ့ခဲ့ရသော Max သည် အရင်က ကျွန်တော်တို့တွေ့ခဲ့ရသော Mel Gibson ရဲ့ဇာတ်ကောင် Max မဟုတ်တော့ပေ။ ဒါဆိုရင် ယခုဇာတ်ကောင်သည် ကျွန်တော်တို့ဒုတိယဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid လို့ယူဆမိပါသလဲဆိုရင် ထိုဒုတိယဇာတ်ကားတွင် ထိုကလေးလေးသည် Max ကို အလွန်အထင်ကြီးခဲ့သော ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီး ထိုဇာတ်လမ်းရဲ့ဇာတ်ကြောင်းပြောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုကလေးဇာတ်ကောင်သည် Timeline အရ ကမ္ဘာကြီးပျက်ဆီးသွားပြီးမှ မွေးဖွားခဲ့သော ဇာတ်ကောင်ဖြစ်သောကြောင့် ယခု Fury Road timeline တွင်ထို ဇာတ်ကောင်ရဲ့အသက်သည်လည်း 30 ကျော်ခန့်ပင် ဖြစ်နိုင်လောက်ပေသည်။ နောက်ထပ် ဖြစ်နိုင်ချေရှိသော Theory တစ်ခုမှာ ထို ဒုတိယဇာတ်ကားတွင် Max က Feral Kid ကလေးကို ပေးခဲ့သော Music Box လေးပင်ဖြစ်သည်။ ထို Music Box ကလေးကို ယခု Fury Road ထဲတွင် ပါဝင်သော အမျိုးသမီးငယ် 5 ယောက်ထဲက တစ်ယောက်ရဲ့လက်ထဲတွင် ကစားနေသည်ကိုပါ ကျွန်တော်တို့တွေ့ခဲ့ရပြန်သည်။ ဒါဆိုရင် ကျိန်းသေပါတယ်။ ယခု ဒီ Fury Road နှင့် ဒုတိယဇာတ်ကား The Road Warrior ဇာတ်ကားတို့တွင် ဆက်နွယ်ချက်တစ်ခုခု ရှိနေသည်ဆိုတာ။ ယခု Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်သည် သူ့ရဲ့နာမည်ကို မေးသောအခါ ပြောဖို့တွန့်ဆုတ်နေခဲ့သည်။ သူ့ရဲ့နာမည်သည် အရေးမကြီးဟု ပြောခဲ့သည်။ နောက်ဆုံးအခန်းတွင်မှ သေမလား ရှင်မလားမသိ အသက်လုနေရသော Furiosa ကို သူနာမည်သည် Max ဟုပြောခဲ့သည်။ အကယ်၍ ကျွန်တော်တို့Theory မှန်ကန်ပါက Tom Hardy ရဲ့ဇာတ်ကောင်သည် သူငယ်စဉ်က သိခဲ့ရသော Max ဆိုသောလူတစ်ယောက်ရဲ့နာမည်ကို ယူသုံးလိုက်ခြင်းပင်ဖြစ်ပေသည်။ ဘာကြောင့်လဲဆိုရင် ထို Max သည် သူငယ်စဉ်က အားကျခဲ့သော Role Model တစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ဒါပေမဲ့ ထိုဒုတိယဇာတ်ကား အပြီးတွင် ဇာတ်ကြောင်းပြောသူ Feral Kid ရဲ့ဇာတ်ကြောင်းပြောပြချက်အရ သူတို့ထွက်ပြေးလွတ်မြောက်သွားသော အုပ်စုသည် နောင်တစ်ချိန်တွင် Great Northern Tribe ဟုဖြစ်လာပြီး သူသည်လည်း ထို အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ ဒါကို ထို Internet က ပြောထားသောသူနှင့် ကျွန်တော့်ရဲ့တွေးတောချက်အရဆိုရင် ထို Feral Kid သည်ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ကာ မိန်းမနှင့် သမီးလေးတစ်ယောက် ရခဲ့ပေမဲ့ သူ့ရဲ့အမှားတစ်ခုကြောင့် သူ့ရဲ့မိသားစုအပါအဝင် ထို အဖွဲ့တစ်ခုလုံးသေဆုံးသွားခဲ့ရပြီး သူသည်လည်း တစ်ကိုယ်ရည် လွတ်မြောက်ပြီး လှည့်လာသွားလာနေသော လူတစ်ယောက်ဖြစ်လာနိင်သည်ဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်ရဲ့စိတ်ကူးတွေထဲတွင် သေဆုံးသွားသော သူ့ရဲ့သမီးကို မြင်တွေ့နေခြင်းပင် ဖြစ်သည်။ အမှန်ဆို Max တွင် သမီးမရှိခဲ့။ သားတစ်ယောက်သာ ရှိခဲ့သည်။ ထိုသားသည်လည်း မွေးကာစအရွယ်ကတည်းကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုကျွန်တော် ပြောပြချက်များသည် ကျွန်တော်အပါအဝင် တစ်ခြား Fans တွေရဲ့Fans’ Theory တစ်ခုသာ ဖြစ်ပေသည်။ အမှန်ဟု တပ်အပ်မပြောဆိုနိုင်ပေ။ အမှန်ကိုတော့ Director George Miller တစ်ယောက်တည်းသာ သိနိင်ပေသည်။ သူသည် ထို Character ကို ပြောင်းခဲ့တာလား? တစ်ခြား Character ကိုပဲ အစားထိုး ပြောင်းလဲ အသုံးပြုခဲ့တာလား? ပြောင်းလဲခဲ့တယ်ဆိုရင်လည်း နောက်ကွယ်မှာ ဇာတ်လမ်းတွေ အများကြီးရှိနိုင်ပါသေးသည်။ Director George Miller ရဲ့ပြောဆိုချက်အရ နောက်ဇာတ်ကားအသစ်ရဲ့နာမည်သည် Mad Max: The Watseland ဖြစ်ပြီး မည့်သည့်အချိန်တွင် ထွက်ရှိမည်ကိုတော့ မပြောပြသွားပေ။ ဘာပဲဖြစ်ဖြစ်ပါ။ ယခု Fury Road ကဲ့သို့အဘက်ဘက်က အပြစ်ကင်း၍ အလွန်တရာ ကောင်းမွန်လှပြီး ကြည့်ပြီးသူတိုင်း အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားမျိုး Sequel ကို လူတိုင်းစောင့်မျှော် ကြည့်ရူချင်ကြမှာ အမှန်ပါပဲ။ ကျွန်တော်တို့မေးခဲ့သော လျှို့ဝှက်ချက်များကိုလည်း နောက်အသစ်ထွက်မဲ့ ရုပ်ရှင်များတွင် ဖြေရှင်းနိူင်ပါစေလို့ပဲ မျှော်လင့်ရင်း ဒီနှစ်ရဲ့အကောင်းဆုံး Action ဇာတ်ကား ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှရုပ်ရှင်တွေရဲ့အကြိုက်ဆုံး 4 ကားတွင် တစ်ကားအပါအဝင်ဖြစ်သော ယခု ဒီ Mad Max: Fury Road review ရှည်ကြီးကို ဒီမှာတင်ပဲ ရပ်နားခွင့် ပြုပါ။ IMDb Rating: 8.1/10 Rotten Tomatoes Rating: 97% ~WH~ +++++++++++++++++++++++++++++++++ 4K Version ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့တင်ဆက်ထားတာမလို့ ခေတ်ပေါ် Device တချို့မှာသာ ကြည့်ရှုသင့်ပါတယ်။

Drama • Comedy
8.1 2015 121 mins
Mad Max: Fury Road
The Lonely Warrior
6

CMကနေ ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ မှုခင်းရဲဇာတ်ကားလေးပဲဖြစ်ပါတယ် Main cast တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Yi Zhen ,Chen Li တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီ း Steven Zhang ကလည်း ပါဝင်အားဖြည့်ပေးထားတာပါ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ပြီးသတ်သွားခဲ့တာကနေ ဇာတ်လမ်းလေးကို အစတည်ထားပါတယ် မှုခင်းရဲတပ်ဖွဲ့(၃)က ခေါင်းဆောင်ချန်ဦးဆောင်တဲ့အဖွဲ့ဟာ အမှုကြီးတွေကို ကိုင်တွယ်ရာမှာ နာမည်ကြီးပါ ဒီအမှုကိုလည်း သူတို့အဖွဲ့ပဲကိုင်တွယ်စုံစမ်းနေစဉ်မှာ သူတို့သိလိုက်ရတာက ဒီအမှုက သာမန်သွေးရိုးသားရိုးမဟုတ်ဘဲ ကွင်းဆက်အဓမ္မပြုကျင့်လူသတ်မှုဖြစ်နေခဲ့တာပါပဲ တရားခံကတော့ ဝမ်သာ့ယုံနဲ့ ဝမ်အော့ယုံ ညီအစ်ကိုနှစ်ယောက်ပါ တရားခံကိုသိရတဲ့အချိန်မှာ လိုက်လံဖမ်းဆီးခဲ့ပေမယ့် အစ်ကိုဖြစ်သူကိုပဲ ဖမ်းဆီးလို့ရခဲ့ပါတယ် အစ်ကိုဖြစ်သူဆီကနေ ညီဖြစ်သူရဲ့သတင်းကို စစ်ဆေးမေးမြန်းရာကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး တရားခံဝမ်သာ့ယုံ သေဆုံးသွားခဲ့ပါတယ် ခေါင်းဆောင်ချန်အပါအဝင် သူတို့အဖွဲ့(၃)က အဖွဲ့ဝင်တွေလည်း အသီးသီးထောင်ကျသွားခဲ့ပါတယ် ချန်ပင်းတစ်ယောက် ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ လွတ်နေသေးတဲ့ တရားခံဝမ်အော့ယုံကို ဖမ်းမိဖို့အတွက် ဘယ်လိုတွေကြိုးစားကြမှာလဲ ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရဦးမှာလဲ…. မှုခင်းရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေနိုင်မယ့် ဒီဇာတ်ကားလေးကို CMကနေ ဘာသာပြန်တင်ဆက်ပေးထားမို့လို့ ကြည့်ရှုအားပေးကြပါဦးနော်

6 2023
The Lonely Warrior
Lies We Tell
6.2

19ရာစု အိုင်ယာလန် နိုင်ငံမှာ အခြေတည်ထားပြီး ဇာတ်ဆောင်က Maud Ruthyn ဆိုတဲ့ အမျိုးသမီးကလေး တစ်ယောက် ဖြစ်ပါတယ်။ အဖေသေပြီးတဲ့ မိဘမဲ့ Maud ဟာ အုပ်ထိန်းသူ မရှိတဲ့အတွက် သူ့ရဲ့ အမွေထိန်းသိမ်းသူ နှစ်ယောက်နဲ့ တိုင်ပင်နေပါတယ်။ Maudရဲ့ အဖေက ညီဖြစ်သူကို အုပ်ထိန်းသူနေရာပေးဖို့ သေတမ်းစာထဲ ထည့်ရေးခဲ့ပါတယ်။ သို့ပေမဲ့ ဦးလေးဖြစ်သူရဲ့ လူသတ်မှု သံသယရှိသူ ဖြစ်ဖူးတဲ့ နောက်ကြောင်း ရာဇဝင်ကြောင့် အမွေထိန်းသိမ်းသူတွေက သဘောမကျလှပါဘူး။ ဒါပေမဲ့လည်း Maudက သူ့အဖေအလိုအတိုင်း ဦးလေးဖြစ်သူ Silas နဲ့ ဝမ်းကွဲ မောင်နှမတွေဖြစ်တဲ့ Edward နဲ့ Emily ကိုပါ အိမ်မှာခေါ်ထားခဲ့ပါတယ်။ စစချင်းမှာ Maudဟာ ဦးလေးကိုရော ဝမ်းကွဲနှစ်ယောက်ကိုပါ သိပ်ကို ခင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဦးလေးဖြစ်သူဟာ သူထင်ထားသလိုမဟုတ်ဘဲ ကောက်ကျစ်ရက်စက်သူ ဖြစ်နေတဲ့အခါ သူ့ကံကြမ္မာက အလှည့်အပြောင်းဖြစ်လာပြီး ဦးလေးရဲ့ လက်ခုပ်ထဲက ရေဘဝကို ရောက်ရှိသွားပါတယ်။ သူ့ရဲ့ လွတ်လပ်မှုကို ဘယ်လိုပြန်ယူပြီး ဦးလေးမိသားစုကို ဘယ်လို ပထုတ်မလဲဆိုတာ ကြည့်ရမှာပါ။ Maud နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီးက အဲ့ဒီ့ခေတ်အခါက မျက်နှာထား အဆင်အပြင်နဲ့ ကွက်တိကျတယ်လို့ ခံစားရပါတယ်။ အစပိုင်း တစ်ဝက်လောက်ထိ ခပ်အေးအေး ဖြစ်နေပေမယ့် တဖြည်းဖြည်းချင်း ဇာတ်ရှိန်တက်လာပြီး စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ Disturbing ဖြစ်တဲ့ scene တစ်ခု လည်း ပါတဲ့အတွက် သတိထားပြီး ကြည့်ဖို့ပြောပါရစေ။ File size…(1.2 GB)/(510 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

TV Movie • Comedy • Romance
6.2 2023 89 mins
Lies We Tell
Gangs of Godavari
5.6

Gangs of Godavari (2024) “ဂိုဒါဗာရီလူမိုက်ကြီးများ” IMDb – 5.7/10 အိန္ဒိယအက်ရှင်ရုပ်ရှင်နှစ်သက်သူတို့ စောင့်မျှော်နေကြတဲ့ တလေဂူးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Netflixကနေထုတ်လွှင့်ခဲ့ပြီမို့ မနှေးအမြန်တင်ဆက်ပေးလိုက်ရပါတယ်။ တလေဂူးနာမည်ကျော်တေးရေးဆရာတဖြစ်လဲ ဒါရိုက်တာကြီး ခရစ်ရှ်နာချိုင်တန်ယာရဲ့ ရိုက်ကူးပုံဖော်ထားပြီး Hit(2020)ရုပ်ရှင်ထဲက မင်းသားကြီး Vishwak Senအဓိကပါဝင်ထားပါတယ်။ ၁၉၈၀နှောင်းပိုင်းကာလ ဂိုဒါဗာရီမြစ်ကမ်းအနီး ကျွန်းစုလေးတွေက နိုင်ငံရေးအရှုပ်တော်ပုံတွေနဲ့ ဒုစရိုက်မှုတွေကြားက အဖြစ်အပျက်တွေ။ ရာသ်နာဆိုတာ ဆာလောင်တပ်မက်မှုဆိုတာကိုဗဟိုပြုပြီး ရှင်သန်နေရတာကို မုန်းတီးတဲ့သူ။ ဉာဏ်ကောင်းပြီး ဘ၀ကိုနေချင်သလိုနေတတ်သူ၊ နေရာတစ်ခုရောက်ဖို့ ဘာမဆိုလုပ်ဝံ့တဲ့သူ။ ဒီလိုလူမျိုးက ဒေသတစ်ခုလုံးကို ချုပ်ကိုင်နေတဲ့ ဂိုဏ်းတွေကြားကိုရောက်သွားတဲ့အခါ။ အတိုက်အခိုက်များစွာနဲ့မို့ အက်ရှင်ကားကြိုက်တတ်သူတို့အတွက် ရေကြည်တစ်‌ပေါက်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

5.6 2024 143 mins
Gangs of Godavari
Dedh Bigha Zameen
7

Dedh Bigha Zameen (2024) “အဖေ့အမွေ တစ်ဧကခွဲမြေ” ဒီတစ်ခါ တင်‌ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ IMDb rating မှာ 7/10 ရရှိထားတဲ့ 2024 ခုနှစ်ထွက် ဟိန္ဒူဘာသာစကားပြော ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးကို Pulkit မှ ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ Pratik Gandhi နဲ့ Khushali Kumar တိုက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ အသက် 28 နှစ်အရွယ် ဂျုံရောင်းဝယ်ရေးသမား အန်နီးလ်ဟာ သူရဲ့ အမေ ညီမနဲ့ အမျိုးသမီးဖြစ်သူတိုနဲ့ အတူတူနေပါတယ်။ တစ်ရက်မှာတော့ သူ့ညီမလေး နေဟာ‌တစ်ယောက် မိသားစုအသိုင်းအဝိုင်းကောင်းက အစိုးရဝန်ထမ်းအလောင်းအလျာလေး အာဂျေးဆိုတဲ့ ကောင်လေးနဲ့ လက်ထပ်ဖို ဖြစ်လာတဲ့အခါမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ရဲ့ ပိုင်ဆိုင်မှုလယ်ယာမြေကို ရောင်းချပြီး ညီမဖြစ်သူမင်္ဂလာပွဲမှာ သုံးဖို စီစဉ်ခဲ့ရပါတော့တယ် ဒါပေမဲ့လည်း ဒီ‌မြေကို အာဏာပိုင်အရာရှိတစ်ယောက်က လုယူဖို ကြိုးစားတဲ့အချိန်မှာတော့ အန်နီးလ်တစ်ယောက် တရားမျှတမှုအတွက် ရင်ဆိုင်တိုက်ခိုက်ရင်း ခြိမ်းခြောက်မှုတွေသာမက သစ္စာဖောက်မှုတွေပါ ရင်ဆိုင်လာရတဲ့အခါ….. ဘာဆက်ဖြစ်မလဲဆိုတာ‌ကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်

Drama • Romance
7 2024
Dedh Bigha Zameen
Lake George
6.2

ဒီကားလေးကတော့ Golden Globes ဆု နဲ့ Peabody Awards ဆုရ ဒါရိုက်တာကြီး Jeffrey Reiner ရဲ့ဇာတ်ကားလေးဖြစ်ပြီး Rotten Tomatoes မှာလည်း 95% certified ဖြစ်တဲ့ကားလေးဖြစ်လို Crime/Drama အမျိုးအစားတွေကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ် ပရိသတ်တို လက်လွှတ်မခံသင့်တဲ့ကားလေးပဲဖြစ်ပါတယ်… ထောင်ကထွက်လာခါစ အရာရာဆုံးရှုးပြီးသား Don တစ်ယောက် ဘဝသစ်ပြန်စဖို ထောင်မကျမီတင်ကျန်နေတဲ့ အကြွေးငွေ သွားတောင်းရာမှ လူသတ်မှုတစ်ခုကျူးလွန်ဖို အတင်းအကြပ် စေခိုင်းခံရတဲ့အပေါ်အခြေခံ ဇာတ်အိမ်ဖွဲထားတာဖြစ်ပြီး ခပ်ထုံထုံ ခပ်အေးအေးထောင်ထွက် တစ်ခုလပ် Don နဲ့ ကိုကင်းကုန်သည်ရဲ့ ချစ်သူ သွက်သွက်လက်လက်မိန်းမလည် Phyllis တို မမျှော်လင့် ထားတဲ့ပြစ်မှုတွေ ကျူးလွန်မိသွားပုံကို တင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ် တစ်ဖက်မှာလည်း ပျော်ခဲ့ရတဲ့အတိတ်ကို ပြန်တမ်းတရင်း ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးကို ပြန်တည်ဆောက်ဖိုကြိုးစားနေတဲ့ ဒွန်ရဲ့အခြေအနေကိုပါ ဂရုဏာသက်ဖွယ်တင်ဆက်ထားတာဖြစ်တဲ့ အတွက် Crime နဲ့ Drama ကို မျှတအောင်တင်ဆက်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ခံစားကြည့်ရှုနိုင်ဖို ညွှန်းဆို ပေးလိုက်ရပါတယ်… File size… (1.46GB) / (796MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 58m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Science Fiction • Adventure • Family • Fantasy
6.2 2024 118 mins
Lake George
Risen
6.3

Rome နောက်ခံသမိုင်းဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့သူတွေအတွက် Risen 2016 လာပါပြီ။ ဒီဇာတ်ကားရဲ့ထူးခြားချက်က တစ်ချိန်လုံး သ တ်နေ ဖြ တ် နေတာမဟုတ်ဘဲနဲ့ စုံထောက်ဆန်ဆန်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ AD 33 လောက်မှာ Jesus ‌(ခရစ်တော်ပေါ်လာချိန်) မှာ ဘာသာရေးစစ်ပွဲတွေဖြစ်ကြပါတယ်။ အဲ့ဒီကာလမှာ ရိုမန်အင်ပါယာက အင်အားကြီးနေချိန်ဖြစ်တဲ့အတွက် ဘုရင် Ceasar က Christianity ပေါ်မလာရေးအတွက် Jesus ကိုကွပ်မျက်ခဲ့ပါတယ်။ ဒီထဲကဇာတ်လိုက်ဖြစ်တဲ့ Roman Tribune (စစ်အရာရှိ) Clavius က Jesus ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး ကွက်မျက်ခဲ့ရသူဖြစ်ပါတယ်။ Clavius ကိုယ်တိုင်က စိတ်ကောင်းရှိတဲ့သူဆိုပေမဲ့ အမိန့်ကျလာတဲ့အခါ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ရက်အနည်းငယ်ကြာတော့ သူကိုယ်တိုင် ‌ေ သ သွားတာကိုမြင်ခဲ့ရတဲ့ Jesus ဟာ သူ့ရဲ့အုတ်ဂူကနေ ပျောက်ချင်းမလှပျောက်သွားရတဲ့အကြောင်းကို လိုက်ရှာရပါတော့တယ်။ အလောင်းကိုလိုက်ရှာရင်း Clavius တစ်ယောက် ကိစ္စတော်တော်များများကို သဘောပေါက်လာပြီးနောက်… ဒီဇာတ်ကားလေးက Roman Vibe ကို စုံထောက်ဆန်ဆန်ကြည့်ရမဲ့အပြင် ခရစ်တော်ပေါ်လာခဲ့တဲ့ သမိုင်းကိုပါနောက်ခံထားတဲ့ Religious ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ IMDb မှာလည်း 6.3 အထိရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre… Action, Drama, History, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

Drama • Romance
6.3 2016 107 mins
Risen
The Red Virgin
6.7

ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ် အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင် စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်း ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းက တော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့ အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလို အိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့ Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။ Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်‌သွေးကနေ စတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကို ပရောဂျက်တစ်ခုလိုမျိုး တိတိကျကျ‌စီစဥ်ပြီးမွေးဖွားခဲ့တာပါ။ (ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကို သာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျ ကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက် ၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ ဆောင်းပါးတွေရေးသားလို့နေပါပြီ။ ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှု အောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက် နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့ တင်သေဆုံးခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။ Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ ဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး စပိန်နိုင်ငံ သက်ဦးဆံပိုင် ဘုရင်စနစ်ကျဆုံးတဲ့ကာလရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တော်လှန်‌ရေး‌ လှုပ်ရှားမှုတွေကိုပါထင်ဟပ်အောင် မီးမောင်းထိုးပြထားတဲ့အတွက် အချိန်ပေးကြည့်ရတာနဲ့တန်စေမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။ File size… (1.18GB) / (706MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 54m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Comedy
6.7 2024 114 mins
The Red Virgin
DinoGator
4

DinoGator (2024) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ အမေရိကန်သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်ကားအစမှာထဲက မြွေကိုမိကျောင်းအစိတ်အပိုင်း‌တွေနဲ့ပေါင်းစပ်ထားတဲ့ အကောင်ကြီးရဲ့ ခရီးသွားလာသူသုံးဦးကို ကိုက်စားလိုက်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီအကောင်ကြီးဟာ ဒီစိမ့်တောကိုလွတ်လာပြီးတော့ ခရီးသွားလာသူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာပဲဖြစ်ပါတယ်။ ဒါကိုမသိပဲ ထရွိုင်တို့အဖွဲ့က သီချင်းဗီဒီယိုရိုက်ကူးဖို့အတွက် ထိုစိမ့်တောကိုရောက်ရှိလာခဲ့ပါတယ်။ သူတို့ရဲ့ပျော်ရွှင်စရာခရီးဟာ ဘယ်လိုအန္တရာယ်တွေနဲ့ကြုံရမလဲဆိုတာကို ရှုစားကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (3.1 GB) / (1.6 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror, Sci-Fi Duration…. 01:23:33 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by AKM

Horror • Thriller
4 2024 85 mins
DinoGator
Eleven
5.6

Eleven (2025) “အတိတ်ဆိုး” IMDb- 7.9/10 မှုခင်းရုပ်ရှင်ကြိုက်တဲ့သူတွေအတွက် ဇာတ်အလှည့်အပြောင်းများတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ သေခြင်းတရားဆိုတာ ကိုယ့်ဘ၀ထဲက ကျန်နေရစ်သူတွေအတွက်ချမှတ်လိုက်တဲ့ ကြောက်စရာပြစ်ဒဏ်တစ်ခု၊ လူတွေက ကျူးလွန်သူတွေအပေါ်မှာ ခွင့်လွှတ်ချင်ကြပြီး ခံရတဲ့သူတွေကိုတော့ မေ့ပစ်ချင်ကြတယ်။ ငါကတော့ မေ့လည်းမမေ့သလို ခွင့်လည်းခွင့်မလွှတ်ဘူးဆိုတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်။ ရဲအရာရှိရန်ဂျစ်က အဲဒီလူသတ်သမားကို စုံစမ်းနေပေမဲ့ သေဆုံးသူခြောက်ယောက်ထိ ရှိလာပြီး အမှုမှန်ပေါ်မလာခဲ့သေးပါဘူး။ အရာရှိရန်ဂျစ်နေရာမှာ ဒီကွင်းဆက်လူသတ်မှုကို ပြောင်းပြီးကိုင်ရတဲ့သူက ထူးချွန်ထက်မြတ်တဲ့ ရဲအရာရှိအာဗင်ဒန်။ သဲလွန်စတစ်ခုမှ ရှာမတွေ့တဲ့ထိ တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်မီးရှို့ခံနေရတဲ့ ဒီအမှုကို အာဗင်ဒန်တစ်ယောက် ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

TV Movie • Comedy • Romance
5.6 2025 135 mins
Eleven