YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Spider-Man - Into The Spider-Verse [2018] (MM Sub).mp4

876.08 MB N/A video/mp4 11934 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Delirium
5.7

ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးချင်တာကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delirium ဆိုတဲ့ဇာတ်ကားလေးပါ။ ပြသချိန် ၁ နာရီခွဲဝန်းကျင် ကြာပြီးတော့ Horror, Thriller အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် Tom Walker က စိတ်ရောဂါကုဆေးရုံမှာ နှစ် ၂၀ ကုန်ဆုံးပြီးနောက်မှာ လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရက် ၃၀ အကျယ်ချုပ်နေပြီးမှ ပုံမှန်လူတစ်ယောက်လို သွားလာခွင့်ရမှာပါ။ အဲဒီတော့ သူဟာ သူ့မိဘတွေ ချန်ခဲ့တဲ့ အိမ်ကြီးမှာ တစ်ယောက်ထဲ နေရဖို့ အကြောင်းဖန်လာပါ တော့တယ်။ အမေနဲ့ အဖေက သူတို့ငယ်ငယ်ကတည်းက ကွဲသွားကြတာ ဖြစ်ပြီးတော့ အဖေဖြစ်သူက သူမလွတ်လာခက် ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားတာ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Alex ကလည်း ထောင်ကနေ လွတ်မလာသေးပါဘူး။ အိမ်အကြီးကြီးထဲမှာ တစ်ယောက်ထဲနေရတဲ့ Tom ဟာ အိမ်ထဲကနေ အသံတွေကြားရတာတွေ၊ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြုံတွေ့လာရပါတော့တယ်။ မိန်းကလေးတစ်ယောက် ရေနစ်နေတာကိုလည်း မြင်မြင်နေရပါသေးတယ်။ တစ်နေ့မှာတော့ Tom ဟာ မုန့်စားချင်လို့ ဈေးဆိုင်ကနေ မုန့်မှာရင်း မုန့်လာပို့တဲ့ Lynn ဆိုတဲ့ ကောင်မလေးကို သဘောကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးကို ဖွင့်ပြောဖို့ ကြိုးစားနေချိန်မှာပဲ ထောင်ထဲမှာရှိနေရမယ့် သူ့အစ်ကို Alex ကို အိမ်ထဲမှာ စပြီး မြင်ရတော့တာပါပဲ။ Tom ကြုံနေရတာတွေ အကုန်လုံးက သူအရင်က ကြုံတွေ့ခဲ့ရတဲ့ ထရော်မာတွေကြောင့် စိတ်ထင်ယောင်ထင်မှား ဖြစ်တာလား ဒါမှမဟုတ် အိမ်ကြီးက တကယ်ပဲခြောက်လှန့်နေတာလား။ သူ့အနေနဲ့ Lynn ဆိုတဲ့ ကောင်မလေးနဲ့ အဆင်ပြေသွားနိုင်ပါ့မလား၊ ရက် ၃၀ အကျယ်ချုပ်ကိုလည်း အေးအေးဆေးဆေး ပြီးမြောက်သွားနိုင်မလားဆိုတာကိုတော့ Delirium ဆိုတဲ့ ဒီဇာတ်ကားထဲမှာပဲ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုလိုက်ကြပါနော်။ File size…1.42GB / 623MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 36m Genre ..... Horror, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Drama
5.7 2018 96 mins
Delirium
Barbarian
6.9

IT သရဲကားတွေရဲ့ မင်းသား Bill Skarsgård ပါဝင်ထားတဲ့ ပဟေဠိဆန်ဆန် ဟော်ရာရုပ်ရှင်ကားအသစ်ထွက်လာပါပြီ။ အဓိကဇာတ်ဆောင်အနေကတော့ မင်းသမီး Georgina Campbell က ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း တက်စ်ဟာ အလုပ်အင်တာဗြူးတစ်ခုအတွက် မြို့လေးတစ်မြို့ကိုလာတဲ့အချိန်မှာ တဲအိမ်လေးတစ်ခု ယာယီငှားရမ်းထားလိုက်ပါတယ်။ အဲဒီတဲအိမ်လေးထဲကို မိုးထဲလေထဲမှာ အရောက်သွားလိုက်ချိန်မှာတော့ တဲအိမ်ထဲမှာ အခြားယောကျာ်းလေးတစ်ယောက်က အသင့်ရောက်ရှိနေတာကိုတွေ့လိုက်ပါတော့တယ်။ အဲဒီမှာသူတို့သိလိုက်ရတာက အင်တာနက်ပေါ်က ဝဘ်ဆိုက်တစ်ခုစီကနေ ဒီအိမ်ကိုပြိုင်တူမှားယွင်းငှားလိုက်မိတယ်ဆိုတာပါပဲ။ ညအချိန်မတော် မိုးထဲလေထဲဆိုတော့ ဘာမှမတတ်နိုင်တော့ဘဲ သူတို့နှစ်ယောက် အဲဒီအိမ်မှာပဲ ပေါင်းပြီး တည်းခိုလိုက်ပါတော့တယ်။ ထုံးစံအတိုင်းပဲ ဆင်ခြေဖုံးရပ်ကွက်က လူမရှိတဲ့ သစ်လုံးအိမ်အဟောင်းတွေဟာ ကောင်းကျိုးပေးရိုးမရှိတဲ့အတွက် ကြောက်စရာတွေဖြစ်လာပါတော့တယ်.... File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Action • Fantasy • Horror
6.9 2022 103 mins
Barbarian
Romeo and Juliet
7.4

Romeo and Juliet (1968) ~ IMDb - 7.6/10, Rotten Tomatoes - 95% ~ " မိုက်မိုက်ကန်းကန်း ချစ်ခဲ့ကြရုံတင်မကဘဲ တစ်ခါတလေ အချစ်လွန်သွားတဲ့အခန်းလေးတွေပါ ပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး " ရှိတ်စပီးယားရဲ့ နာမည်အကျော်ဆုံးပြဇာတ်တစ်ဖြစ်လဲ သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးရိုမန့်ဇာတ်လမ်းဖြစ်တဲ့ ရိုမီရိုဂျူးလိယက်ကို ရုပ်ရှင်အနေနဲ့ ပြန်တင်ဆက်ထားတဲ့ ဂန္ထဝင်ရုပ်ရှင်ပါ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ဟာ ခေတ်အဆက်ဆက်အတင်စားဆုံးအချစ်ဇာတ်လမ်းလည်းဖြစ်ခဲ့တော့ အမျိုးမျိုးအဖုံဖုံပြန်တင်ဆက်ကြတာတွေရှိပေမဲ့ ဒီတစ်ခုကတော့ စာအုပ်နဲ့တော်တော်လေးထပ်တူကျပါတယ်။ ဒီစကားက မှားတောင်မှားနေလောက်တယ်။ စာအုပ်ကြီးအတိုင်းပါပဲဆို ပိုမှန်လိမ့်မယ်။ အမှန်ဆို ဒီကားကို ကျွန်တော်ငယ်ငယ်ကတော့ တစ်ခါကြည့်ဖူးခဲ့တယ်။ ဘာသိမှာလဲ ကြားဖူးနားဝအတိုင်း ရိုမီရို ဂျူးလိယက်ဆိုတဲ့ အသက်ပေးပြီးချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလို့ပဲ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ပြန်ကြည့်တဲ့အချိန်မှာ ရှိတ်စပီးယားဟာ အဲဒီလောက်ပဲပြတတ်တဲ့ ဘဲမဟုတ်ဘူးဆိုတာ ပိုသိလာတယ်။ ပြောရရင် သူ ရိုမီရိုကို ပုံဖော်ခဲ့တဲ့ပုံတွေက လူငယ်လေးတစ်ယောက်ရဲ့ ရူးသွပ်ခြင်းတွေအပြည့်လွှမ်းနေတယ်။ ဖာသာကြီးရဲ့စကားမှာ အချစ်ရဲ့သဘောသဘာဝအမှန်ပါနေပေမဲ့ ရိုမီရိုက နားမဝင်ခဲ့ဘူး။ မိုက်ကန်းရူးရဲ လူငယ်လေးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒီတစ်ခါမှာတော့ ရှိတ်စပီးယားဟာ ဒီဇာတ်ကို အခမ်းနားဆုံးအချစ်ဇာတ်လမ်းအနေနဲ့တင် ပုံဖော်ထားတာမဟုတ်ဘဲ လက်တွေ့အကျဆုံး အချစ်အကြောင်းဇာတ်လမ်းအနေနဲ့ပါ ပုံဖော်ထားတယ်။ ဒါကြီးကို လက်တွေ့ကျတယ်လို့ ပြောတာ ရူးရာကျမယ်လို့တော့ ခင်ဗျားထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရိုမီရို ကာရိုက်တာနဲ့ ဖာသာကြီးစကားတွေကို ယှဉ်မြင်ကြည့်တဲ့အခါ ဒီလိုပဲမြင်ပါတယ်။ ရှိတ်စပီးယားဇာတ်ကို ရှိတ်စပီးယားဟန်အတိုင်း မြည်းစမ်းကြည့်ချင်တဲ့လူတွေကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nay Htet Walar Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.05GB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 2H 18Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Nay Htet Walar Kyaw Encoded by Y

Crime • Drama • Mystery
7.4 1968 138 mins
Romeo and Juliet
[18+] 99 Moons
5.9

အဖြူနှင့်အမည်းကဲ့သို့ အရောင်ဖြစ်တာခြင်းတူပေမယ့် ဝိသေသလက္ခဏာချင်းမတူတဲ့ ဘီညာနဲ့ ဖရန်ကီတို့နှစ် ယောက်။ ဘီညာက ချီလီနိုင်ငံမှာ သိပ္ပံသုတေသနပြုဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်မလေးဖြစ်တယ်။ တစ်ခါ တစ်ရံ လစ်ရင်လစ်သလို ယောင်္ကျား‌တွေနဲ့တစ်ယောက် ပြီးတစ်ယောက် တိတ်တခိုးချစ်ရည်‌လူးတတ်တဲ့အကျင့် လေးရှိတာကတစ်ပိုင်းပေါ့လေ။ အဲလိုနဲ့ ဘီညာတစ်ယောက် ကာမစိတ်တွေဖြေနေရင်း အဖော်မဲ့‌နေတဲ့ ဖရန်ကီနဲ့ ဆုံဆည်းခွင့်ရသွားတယ်။ ဖရန်ကီ ကတော့ မူးယစ်ဆေး‌တွေသုံးရင်း အချစ်ရဲ့အဓိပ္ပာယ်ကိုရှာ ဖွေနေတဲ့ တစ်ကိုယ်တော်သမားတစ်ယောက်ဖြစ်တယ်။ အဲလိုမျိုး ဆန့်ကျင်ဘက်လူနှစ်ယောက်တွေ့ဆုံသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ် မလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်) File Size……….(1.85 GB) / (634 MB) / (350 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….KSN Encoder……….AdminX

Horror • Thriller • Comedy
5.9 2022 110 mins
[18+] 99 Moons
Gilda
7.6

Gilda (1946) ~ IMDb – 7.6/10, Rotten Tomatoes – 90% ~ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။ အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။ Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ဝဲခနဲခါလိုက်တဲ့အချိန်ကတော့ ကျုပ်အကြိုက်ဆုံး အခန်းပဲဗျို့ တဲ့။ ဒီတော့ အခု အဲဒီ Gilda ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မှော်ဆရာမလေး၊ ရှေးခေတ်ရဲ့ အတောက်ပဆုံးကြယ်တစ်ပွင့် Rita Hayworth ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားပါ။ အမေရိကန်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားရမယ့် အမွေအနှစ်ဇာတ်လမ်းစာရင်းမှာ တင်သွင်းသတ်မှတ်ခံထားရတဲ့ ဇာတ်လမ်းပေါ့။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအသားပေးရိုက်ကွက်တွေနဲ့ပေါ့ဗျာ။ နှမြောစရာကောင်းတာက ဇာတ်ဝင်တေးတွေကို စာတန်းထိုးမထားတာပဲ။ ဒါပေမဲ့ “Put the Blame on Me” နဲ့ “Let Be the Night Forever” ဆိုပြီး ရှာနားထောင်ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကျဉ်းကတော့ လောင်းကစားနဲ့ ဘဝကိုဖျံကျလာတဲ့ ကောင်ကလေး ဂျွန်နီ ဖဲရာ ကို လုပ်ငန်းရှင်ကြီးတစ်ယောက်က သဘောကျလို့ လူယုံတော်အဖြစ် ခန့်လိုက်သတဲ့။ လုပ်ငန်းရှင်ကြီး မတ်ဆွန် က နှယ်နှယ်ရရတော့ မဟုတ်ဘူး။ လောင်းကစားက တရားမဝင်တဲ့ အာဂျင်တီးနားနိုင်ငံမှာ လောင်းကစားရုံဖွင့်နေတဲ့ဘဲကြီး။ လောင်းကစားရုံက ဟန်ပြပဲရှိပါတယ်လေ။ တကယ်က အဖြိုက်နက်သတ္တုတူးဖော်ရေးနဲ့ တီထွင်မှု မူပိုင်ခွင့်တွေနဲ့ စစ်ကြီးပြီးကာစ ကမ္ဘာကို စီးပွားရေးနဲ့ အုပ်စိုးဖို့ ပြင်နေသူကြီးပေါ့။ ဂျွန်နီက သူ့ရဲ့ အာစရိကို မျိုးစုံကာကွယ်ပေး၊ လုပ်ငန်းတွေ ဦးစီးပေးလို့ အာမခံသေတ္တာနံပါတ်တောင် ပြောပြခြင်းခံရသူပါ။ ဒါပေမဲ့ မတ်ဆွန် တစ်ယောက် မိန်းမယူပြီး ပြန်လာချိန်မှာတော့ အရာအားလုံးက ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ချစ်သူဟောင်းကို ဆရာကတော်အဖြစ် ရင်ဆိုင်ရမယ့် ဂျွန်နီ တစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ… အရှုပ်တော်ပုံကြီးထဲမှာ အရူးလင်တော်မိတဲ့ ဂီဒါ လေးကရော ဘာဆက်လုပ်မလဲ… Rating သိပ်ကောင်းတဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ ဇာတ်ကွက်တွေ၊ သရုပ်ဆောင်တွေက ပိရိလွန်းပါတယ်။ သီချင်းတွေ၊ ကတဲ့ဝတ်စုံတွေကလည်း တစ်ခေတ်တစ်ယောက် ပညာရှင်တွေ အစွမ်းကုန်ကြဲထားတာမလို့ ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားဟောင်းလေးဖြစ်ပါကြောင်း…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 887MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 50Min Genre – Drama, Film-Noir, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.6 1946 110 mins
Gilda
Pardoned by Grace

Pardoned By Grace (2023) ဒီကားကတော့ 2023 မှာထွက်ရှိထားပြီး ဖြစ်ရပ်မှန်ကို အ​ခြေခံရိုက်ထားတဲ့ Pardoned By Grace ဆိုတဲ့ ဒရာမာကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အသက်ကြီးလာတာနဲ့အမျှ ပိုပိုဆိုး ပိုပိုမိုက်လာလို့ အ​ဖေကအစ ဘုရားကို ဆုတောင်းရင် သူ့သားဘယ်​​​တော့မှ အိမ်ပြန်မလာ​ပါ​စေနဲ့လို့ ဆု​တောင်းရ​လောက်​အောင် မိုက်တဲ့ စ​ကော့ ဟိုင်းဘာဂါ… မြို့ကရဲ​တွေကအစ မှတ်မိ​နေရ​လောက်​အောင် ပြစ်မှုတစ်ခုလွတ်တာနဲ့ ​​နောက်ပြစ်မှုတစ်ခုလုပ်ဦးမှာပဲဆိုတဲ့အမြင်နဲ့ အမြဲ​နောက်​ယောင်ခံလိုက်ဖမ်းရ​လောက်​အောင် ဒုစရိုက်မှုမှာနာမည်ကြီးတဲ့စ​ကော့ဟိုင်းဘာဂါ… ပြစ်မှုကျူးလွန်ပြီးတိုင်းလည်း သူလုပ်တဲ့ပြစ်မှုကို ငြင်းဆန်​​​​လေ့မရှိဘဲ တရားရုံးမှာ အပြစ်ရှိ​ကြောင်း အမြဲဝန်ခံတာမို့ ​ရှေ့​နေ​တွေလက်​မမြောက်လိုက်ရတဲ့ စကော့ဟိုင်းဘာဂါ… တစ်​နေ့​ထောင်ကျ​နေတုန်း ဘာသာ​ရေးသမား တစ်​ယောက်နဲ့ စကားစပ်မိရင်း ဘာသာရေးလိုက်စားမိတဲ့အခါ လူ​တွေ အံ့သြ​လောက်​အောင်​ ဘယ်လိုတွေပြောင်းလဲသွားလဲ… လူတစ်​ယောက် ဘယ်​လောက်ထိ​ပြောင်းလဲနိုင်စွမ်းရှိ‌ ကြောင်း… ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန် ဒရာမာကား​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 810MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Biography, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2023 103 mins
Pardoned by Grace
The Hunger Games: The Ballad of Songbirds & Snakes
7.2

နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ “တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း” တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။ ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games 2012 မှာ ကျင်းပတဲ့ပွဲက ၇၄ ကြိမ်မြောက်ဖြစ်လို့ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ဒီဇာတ်လမ်းမှာတော့ ဟမ်းဂါးဂိမ်းတွေကိုလူတွေစိတ်မဝင်စားတော့လို့ ၁၀ ကြိမ်မြောက်အပြီးမှာ ပိတ်ရမလိုဖြစ်လာပါပြီ။ ဒါကိုမှ ကော်ရီရိုက လူတွေစိတ်ဝင်စားလာအောင် အလောင်းအစားတွေ၊ စပွန်ဆာတွေ ထည့်ဖို့ကြိုးစားပြီး သူ့အတွက်လည်းတက်လမ်းရဖို့ ကြိုးစားပုံတွေနဲ့အတူ တိုင်း ၁၂ တိုင်းက အခွန်ဘဏ္ဍာအဖြစ် အကောက်ခံရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အသက်လုပွဲ ကြည့်ရမှာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဇာတ်လမ်းရော ရိုက်ချက်တွေရော ကောင်းတာမို့ ဟန်းဂါးဂိမ်းဖန်တွေအတွက်တော့ နောက်ထပ်ကြည့်စရာ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ File size…(6GB) / (2.2 GB)/(1 GB) Quality….Webrip 4K-2160p /1080p / 720p Format…mp4 Duration….02:37:00 Genre…Drama, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

7.2 2023 157 mins
The Hunger Games: The Ballad of Songbirds & Snakes
Rosario Tijeras
6.3

IMDb 6.3 ၊ ခရမ်းချဉ်သီး 81 % rating တွေနဲ့အတူ TV series ရော movie ရောထွက်ထားရတဲ့အထိ အောင်မြင်ထားတဲ့ Columbia ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ.. ရိုဆာရီယိုလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို အကြောင်းစုံကြိုးခုန်အောင် ဇာတ်လမ်းဆင်ထားထာပါ။ အရမ်းချော အရမ်းလှ အရမ်းကြမ်း အရမ်းလန်းတဲ့ မမရိုဆာရီယိုက သူ့ကိုယ်သူတောင်မသိလိုက်ဘဲနဲ့ ပတ်ဝန်းကျင်ကြောင့် လမ်းမှားဘက်ရောက်ခဲ့ရသူလေးပါ။ Broken မိသားစုကနေမွေးဖွားလာပြီး ပထွေးဖြစ်သူရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရပါတယ်။ အဲ့ဒီအချိန် သူ့အတွက်အားကိုးစရာဆိုလို့ သူ့အစ်ကိုဂျွန်ဟီဖီကပဲ စောင့်ရှောက်ခဲ့ရတာပါ။ အရွယ်ရောက်လာတော့လည်း လမ်းပေါ်မှာကြီးပြင်းခဲ့တဲ့သူတွေအတိုင်း ပိုက်ဆံရဖို့အတွက် မကောင်းတာမှန်သမျှလုပ်ခဲ့ရသူလေးပေါ့။ ပျော်ရွှင်မှုဆိုတာ ဘယ်လိုပုံစံလဲဆိုပြီး မေ့သွားခဲ့တဲ့ ရိုဆာရီယိုတစ်ယောက် လူကုံထံအသိုင်းအဝိုင်းထဲက သူငယ်ချင်းနှစ်ဦးနဲ့တွေ့ဆုံပြီးနောက်မှာ ဘယ်လိုတွေဇာတ်ခင်းဦးမလဲ? ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ ဆက်ပြီးကြည့်ရှုလိုက်ပါတော့နော်…. File size… 3.4 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 6m Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

Drama
6.3 2005 126 mins
Rosario Tijeras
How to Have Sex
6.6

How to Have Sex (2023) ~ IMDb – 6.6/10, RT – 95%, Meta – 80% ~ ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ British တွေရဲ့ သမားရိုးကျ ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခေတ်ဆန်တဲ့ Plot မျိုးကို British စတိုင်လ်ဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ထူးခြားပြီး လက်ရာမြောက်လွန်းတာကြောင့် ဇာတ်ဆောင်မင်းသမီးအပြင် စာရေးသူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူကိုယ်တိုင် British Independent Film Awards နဲ့ Europeon Film Awards မှာပါ အသီသီးဆုတွေရရှိထားကြပါတယ်။ ဒါအပြင် Rotten Tomatoes မှာ 95% ရရှိထားတဲ့အတွက် မခေတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။ တာရာ၊ စကိုင်းနဲ့ အမ်တို့ သူငယ်ချင်းသုံးယောက်ဟာ အထက်တန်းစာမေးပွဲအပြီး နွေရာသီအားလပ်ရက်မှာ အပျော်ခရီးထွက်ခဲ့ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း လူငယ်တွေ အထူးသဖြင့် အနောက်တိုင်းသားတွေက ဒီအရွယ်ရောက်ရင် လက်တည့်စမ်းချင်တာတွေရှိကြတာပေါ့။ ဖြစ်ချင်တော့ သူငယ်ချင်းသုံးယောက်လုံးထဲမှာ တာရာတစ်ယောက်တည်းကပဲ အတွေ့အကြုံမရှိသေးတာပါ။ ဒီလိုနဲ့ပဲ ခရီးရောက်ခိုက် သူတို့လိုလူငယ်တစ်သိုက်နဲ့တွေ့တဲ့အခါမှာ “မိုးရွာတုန်းရေခံ” ဆိုသလို တာရာတစ်ယောက်ရေလာမြောင်းပေးလုပ်ဖို့ကြံစည်ပါတော့တယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာ တာရာတစ်ယောက် ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲ၊ “အမှန်တရားက ခါးသီးတယ်” ဆိုတဲ့စကားကို ဘယ်လိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အမျိုးအစားကို ဒရာမာထဲထည့်ထားကြပေမယ့်လည်း ဇာတ်လမ်းရေးသူက Documentary အနေနဲ့ကော တကယ့်လက်တွေ့ လူငယ်တွေအကြားဖြစ်ပျက်နေတာကို မီးမောင်းထိုးထားတဲ့သဘောနဲ့ ရေးသားပြီးထုတ်လုပ်ခဲ့တာပါ။ ဒါ့အပြင် Hollywood ဇာတ်ကားတွေလို American Vibe မျိုးမဟုတ်ဘဲ British တွေရဲ့ Original Vibe ကိုလည်း ခံစားကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 770MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 31Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
6.6 2023 91 mins
How to Have Sex
Making Waves 2
5.7

ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်းဒုတိယကားဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာကြည့်နိုင်ပါတယ် ဒီဇာတ်ကားမှာ တစ်ချိန်က မိုက်ခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် ဈာန်လျှောသွားခဲ့ရတဲ့ ဘဝကို ပုံဖော်ပြထားခဲ့တာပါ.. ဒီဇာတ်လမ်းလေးကို အကျဉ်းလေးကတော့. အစ်ကိုကြီးနောက်လိုက်ရင်း အသက်ကြီးလာတဲ့ လောကျစ်တစ်ယောက် လုံခြုံရေးတံခါးစောင့်ဘဝကို ရောက်သွားခဲ့တာပါပဲ.. သူက လုံခြုံရေးတံခါးစောင့်ဖြစ်တော့ တုန်းယိကရော တစ်ခုလတ်ကို ယူပြီး သူ့သားကို ထိန်းကျောင်းပြီး အလုပ်နဲ့လက်မပြတ်ခဲ့ဘူးပေါ့… သူတို့ရဲ့အစ်ကိုကြီးကတော့ မိန်းမလုပ်စာစားပြီး မိုက်ကြည့်ဖို့ ကြိုးစားနေခဲ့တာပေါ့… ဒါပေမယ့်လည်း စိတ်ကသာရှိတာ လူက အိုပြီလေ လူမိုက်အသစ်တွေနဲ့ ယှဉ်ထိုးဖို့မပြောနဲ့ ကြည့်တောင် မကြည့်နိုင်ရှာပါဘူး… ဒီလိုနဲ့ တုန်းယိတစ်ယောက် ကိုရီးယားက စက်ရုံကို သွားပြီး အလုပ်လုပ်ဖို့ဖြစ်လာတယ်… သူလည်း သွားရော သူ့မိန်းမတစ်ခုလတ်က အမူအကျင့်တွေပြောင်းနေတာကြောင့် လူမိုက်ကြီး ၂ ယောက်က စုံထောက်ဖြစ်လာခဲ့တာပေါ့.. ဒီလိုနဲ့ တုန်းယိမိန်းမနောက်မီးလင်းတာကို စုံစမ်းရင်း… ဘာတွေဖြစ်မလဲဆိုတာကို မပြောတော့ဘူး.. ဘဝအမောတွေကို ရယ်မောရင်းဖြေဖျောက်ဖို့ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင်

Drama • Music • Romance • Fantasy
5.7 2021
Making Waves 2
Blink Twice
6.8

ဖရီဒါတစ်ယောက် ချမ်းသာတဲ့ သက်လတ်ပိုင်း သူဌေးသားကို ထောင်ဖမ်းရင်း အဆင်ပြေသွားရာက သူဌေးသားရဲ့ ကိုယ်ပိုင်ကျွန်းကို လိုက်သွားပြီး မထင်မှတ်ထားတာတွေ ကြုံလာရတဲ့အခါ ဘယ်လိုများ….. ဖရီဒါနဲ့ ဂျက်စ်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ နာမည်ကြီး ကုမ္မဏီတွေ စားပွဲပါတီတွေ ကျင်းပတဲ့အခါမျိုးမှာ စားပွဲထိုး ဝင်လုပ်ပါတယ်။ သူတို့ဟာ ပွဲတက်ဝတ်စုံတွေ ထည့်လာပြီး လစ်ရင်လစ်သလို ဝတ်စုံလဲကာ ပါတီထဲ ဝင်ရောပြီး သူဌေးသားတွေကို ထောင်ဖမ်းဖို့ ကြံဖန်တတ်ပါသေးတယ်။ တစ်ညမှာတော့ သူတို့ဟာ ကင်းနည်းပညာကုမ္မဏီရဲ့ ပါတီပွဲမှာ အစားအသောက် တည်ခင်းပြီးလို့ ပွဲတက်ဝတ်စုံလဲပြီး အဆင်ရှာထွက်တဲ့အချိန်မှာ ဖရီဒါတစ်ယောက် ကင်းနည်းပညာကုမ္မဏီရဲ့ ဥက္ကဌဖြစ်တဲ့ စလေတာကင်းနဲ့ သွားဆုံပါတယ်။ ဒီလိုနဲ့ ဖရီဒါနဲ့ စလေတာကင်းမှာ တစ်ညလုံး လေကြောသင့်ပြီး ကြည်နူးနေရာက ပွဲပြီးတော့ စလေတာကင်းက သူ့မိတ်ဆွေတွေနဲ့ ကိုယ်ပိုင်ကျွန်းကို အပျော် ခရီးသွားမှာဖြစ်ကြောင်း တခြားကောင်မလေးတွေလည်း ပါမှာဖြစ်ကြောင်း ပြောပြီး ဖရီဒါနဲ့ ဂျက်စ်ကို လိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တဲ့ ဖရီဒါကတော့ နှစ်ခါမငြင်းပဲ လိုက်သွားခဲ့ပါတယ်။ ကျွန်းပေါ်ရောက်တော့ သူတို့ရဲ့ ဖုန်းတွေ လျှပ်စစ်ပစ္စည်းတွေကို သိမ်းသွားပေမဲ့ သူတို့ဟာ ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ခံစားရင်း ဖရီးကုန်းဆင်းပါတော့တယ်။ ဒါပေမဲ့ ကျွန်းပေါ်ရောက်ပြီး မကြာဘူး၊ ဖရီဒါနဲ့ ကောင်မလေးတွေခမျာ ထူးဆန်းတာတွေ စတင်တွေ့ကြုံလာရပါတော့တယ်။ ကဲ ရေးတာများသွားပြီ၊ ဒီလောက်ဆို စိတ်ဝင်စားဖို့ကောင်းနေပြီ၊ ဘာကြောင့်ဖြစ်မလဲ၊ သူတို့ လွတ်မြောက်ပါ့မလားဆိုတာ ဆက်ကြည့်လိုက်ကြပါတော့ဗျာ။ File size…4GB / 1.65GB Quality…WEB-DL 4K HEVC / 1080p Format…mkv / mp4 Duration….1h 42m Genre ….. Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Action
6.8 2024
Blink Twice
Scribe

၂၀၁၆ခုနစ်ကထွက်ရှိခဲ့တဲ့ ပြင်သစ်-ဘယ်လ်ဂျီယံလျှို့ဝှက်သည်းဖိုဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ကုမ္ပဏီကနေ ရုတ်တရက်အနားပေးခံလိုက်ရတဲ့ စာရင်းကိုင်ဒူဗယ်။ ဖေးမပေးမဲ့သူတစ်ယောက်မှမရှိဘဲ စိတ်ကျရောဂါခံစားနေရတာမို့ နလန်ထူဖို့ကြိုးစားရင်း အလုပ်ထပ်ရှာပါတယ်။ အလုပ်နားထားတာကြာတာရော အသက်ကြီးနေတာရောမို့ သင့်တော်တဲ့အလုပ်ရှာမတွေ့ခဲ့။ တစ်ရက် ညအချိန်မတော်ကြီးမှာ အင်တာဗျူးလာဖြေဖို့ ဖုန်းဆက်လာပါတယ်။ အလုပ်လိုချင်နေတဲ့ ဒူဗယ်တစ်ယောက် အင်တာဗျူးသွားဖြေတဲ့အခါ သူလုပ်ရမှာက ဖုန်းပြောတာတွေကိုကြားဖြတ်အသံဖမ်းထားတဲ့ တိပ်ခွေတွေနားထောင်ပြီး လက်နှိပ်စက်နဲ့ စာပြန်ရိုက်ပေးရမှာ။ ရမဲ့ပမာဏကိုမက်ပြီးဝင်လုပ်ရာကနေ သူအကျွမ်းတဝင်မရှိတဲ့ နိုင်ငံရေးလောကနဲ့ အရှုပ်တော်ပုံကြီးတစ်ခုထဲကို ရောက်သွားတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။) File size…(776 MB)/(503 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo

Action • Romance
0 2016
Scribe
(2024)
6.9

1995 (2024) IMDb Rating (6.9) 1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။ IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။ ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။ ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့ နာမည်ကြီး The Race ဆိုတဲ့ ရှိုးပွဲကနေ သူ့ကိုအင်တာဗျူးလာဖြေဖို့ဆက်သွယ်လာပါတော့တယ်။ အဲ့ဒီအချိန်မှာတင် ရီကာဒိုရဲ့ဘ၀က စတင်တစ်ဆစ်ချိုးပြောင်းလဲသွားပြီး သူချစ်တဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရတယ် ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရတယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Saw Lay ဖြစ်ပါတယ်။) File size…(1.6 GB) / (760 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:59:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Saw Lay

6.9 1995 120 mins
(2024)
The Token
5.4

တရုတ်တောင်ပိုင်းဒေသမှာရှိတဲ့ ချစ်စရာကောင်းတဲ့ ပုရီးတိုင်းရင်းသူလေးရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဟွားရှန်းရွာလေးဟာ တောင်ပေါ်ဝေးလံခေါင်သီတဲ့နေရာမှာရှိတဲ့အတွက်ဆင်းရဲပြီး ခေတ်နောက်ကျပါတယ်။ ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်တာဝန်ကျတဲ့ အတွင်းရေးမှူးနုံကျားဟွေးဟာ အထက်တန်းကျောင်းမှာကတည်းက ချစ်ရတဲ့ လော်ဟုန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ် ဒါပေမယ့်ချစ်သူရှိတဲ့သူဖြစ်နေတဲ့အတွက် လက်လျှော့ပြီး ရွာဖွံ့ဖြိုးရေးကိုပဲအားစိုက်ပြီးလုပ်ခဲ့တယ်။ ဆရာဝန်မလေးဖြစ်တဲ့လော်ဟုန်က မြို့ဆေးရုံမှာပဲအလုပ်ကြိုးစားနေပြီး ဘဝတိုးတက်မယ့်လမ်းမှာလျှောက်လှမ်းနေခဲ့တယ်။ ဆင်းရဲတဲ့ဇာတိရွာလေးမှာ ဆရာဝန်မမြဲပဲကျန်းမာရေးထောက်ပံ့ချက်တွေ အားနည်းတာကိုသိရတဲ့အချိန်မှာ ရွာမှာဆရာဝန်ပြန်လုပ်ချင်လာခဲ့တယ်။ တစ်ဖက်မှာလူသားဆန်တဲ့စိတ်နဲ့ရွာအတွက်ပြန်လုပ်ပေးချင်တဲ့စိတ်ရှိပြီးတော့ တစ်ဖက်မှာတော့အနာဂတ်ကောင်းဘဝရှေ့ရေးကိုစွန့်လွှတ်ရမယ့် ရွေးချယ်စရာတွေရှိလာတယ်။ စိတ်ထားကောင်းတဲ့ဆရာဝန်မလေးဟာ နောက်ဆုံးမှာဘယ်လမ်းကိုရွေးချယ်မလဲ…… မြို့ကဆရာဝန်ချစ်သူနဲ့ ရွာကအတွင်းရေးမှူးကြားမှာ ဘယ်လိုရွေးချယ်မလဲ ……

Crime • Drama
5.4 2025
The Token
A Walk in the Clouds
6.7

A Walk in the Clouds (1995) IMDb Rating (6.7) မင်းသားကြီး Keanu Reeves ရဲ့ ငယ်ငယ်က အချစ်ဇာတ်ကားလေးတွေ ကြည့်ချင်နေတဲ့ သူတွေအတွက် ဒီ A walk in the clouds ဆိုတဲ့ကားလေးကိုလက်တို့လိုက်ပါတယ်.. ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ Paul တစ်ယောက် ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ Sacramento မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်… ကံကောင်းချင်လို့ပြောရမလား ကံဆိုးချင်လို့ပြောရမလား သွားနေတဲ့လမ်းမှာပဲကိုယ်ဝန်ရသွားပြီး ချစ်သူကပါပစ်သွားလို့ အိမ်မပြန်ရဲဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ဆုံပါတော့တယ်။ ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာရနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ.. 1995 ဝန်းကျင်က အဝတ်အစား အခင်းအကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုရဲ့ ပုံရိပ်တွေအပြင် ကြည်နူးစရာ ဝမ်းနည်းစရာတွေနဲ့ရောပြွမ်းနေတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဒီကားလေးကို ညွှန်းလိုက်ရပါတော့တယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thinzar Oo မှတင်ဆက်ထားပါတယ် )

Drama
6.7 1995 103 mins
A Walk in the Clouds