YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Sphere.1998.PROPER.720p.BluRay (CM).mp4

1.18 GB 720p video/mp4 128 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Best Man Holiday
6.6

စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဟာပါ.. သူရေးထားတဲ့စာအုပ်က မရောင်းရလို့ စာတိုက်က မထုတ်ဝေပေးဘဲ သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်တဲ့ အားကစားသမားလန့်စ်ရဲ့ အတ္ထုပတ္တိကိုရေးဖို့ အကြံပေးပါတော့တယ်၊ တစ်ဖက်မှာလည်း ဇနီးဖြစ်သူက ကလေးမွေးတော့မှာပါ ဒီလိုနဲ့ ငွေလိုနေတဲ့ ဟာပါတစ်ယောက် သူငယ်ချင်းရဲ့ အတ္တုပတ္တိကို ရေးဖို့‌ တွေဝေနေပါတယ်၊ ဒီလိုအချိန်မှာ သူငယ်ချင်းဟောင်းတစ်ဖြစ် လန့်စ်ရဲ့ဇနီးဖြစ်သူ မီယာက ခရစ်စမတ်ပိတ်ရက်ကို သူငယ်ချင်းတွေ အတူတူပြန်ဆုံကြဖို့ ဖိတ်လာပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်ပိတ်ရက်အတွင်း ငယ်သူငယ်ချင်းတွေပြန်ဆုံပြီး အရင်လိုခင်ခင်မင်မင်ပြန်နေဖို့ကြိုးစားတဲ့အချိန်မှာ ဘယ်လိုကိစ္စတွေကြုံကြရမလဲ၊ ဟာပါကရော ငွေကြေးအခက်အခဲဖြေရှင်းနိုင်ဖို့အတွက် လန့်စ်ရဲ့အတ္ထုပတ္တိကိုရေးပါ့မလား လန့်စ်ကို ဘယ်လိုစည်းရုံးမလဲ စတာတွေနဲ့အတူ သူငယ်ချင်းတွေကြား သံယောဇဉ်တွေ ပြဿနာတွေကို ရသအစုံနဲ့ ကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…1.83GB / 735MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni

Comedy
6.6 2013 123 mins
The Best Man Holiday
Maruthi Nagar Police Station
4.5

ဒီတစ်​ခေါက်မှာ​တော့​ပြောင်​မြောက်တဲ့ သရုပ်​​​ဆောင်​တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်​ဆောင်ထားတဲ့ တမီးလ်ကား​ကောင်း​လေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ် ငယ်စဥ်ကတည်းက​​ခင်မင်လာကြတဲ့ သူငယ်ချင်းငါး​ယောက်ဟာ ကြီးပြင်းလာသည်တိုင်​အောင်အလုပ်အကိုင်​တွေမတူ​သော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်​နေကြတဲ့ ​ရေစက်​လေးဖြစ်ပါတယ် တစ်​နေ့မှာ​တော့​ဂျေးတစ်​​​ယောက် အလုပ်က​နေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမ​တော်တဆမျက်မြင်​တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့​သော်လည်း ရဲကပါတရားခံ​တွေနဲ့ အလိုတူအလိုပါဖြစ်​နေတဲ့အခါ ​ဂျေးတစ်​ယောက်​ချောင်ပိတ်မိပါ​တော့တယ် အဲ့​နေ့ကတည်းကစပြီး ​ဂျေးဟာလည်း​​ပျောက်ခြင်းမလှ ​ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်း​လေး​ယောက်ကလည်း ​ဂျေး​နောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံ​တော်ဖွင့်ကြပါ​တော့တယ် ဒီလိုနဲ့သူတို့​​လေး​ယောက်တကယ်ပဲ ​ဂျေးကိုရှာ​တွေ့ပါ့မလား အ​ကောင်ကြီး​တွေနဲ့ပတ်သက်​နေတဲ့ မတရားမှုကို​ရောအ​ဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်​လျှောက်လှည့်ကွက်​ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါ စစ်မှန်တဲ့သူငယ်ချင်းဆက်ဆံ​ရေးတိုင်းမှာ ချစ်ခြင်း​မေတ္တာ​တွေ အ​နှောင်အဖွဲ့​တွေ ​ပေးဆပ်မှု​တွေအများကြီးပါဝင်​နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကား​ကောင်း​လေး တစ်ကားဖြစ်ပါတယ် ဒီကား​လေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အ​ပြောင်း​တွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့​ရေစက်​လေးကိုပါ ကြည်နူးစွာမြင်​တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကား​လေးဖြစ်ပါတယ် File size…1.51GB / 700MB Quality…1080p WEB DL /  720p Format…mp4 Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  KhinKhin~BpL~Yunni

Comedy • Drama
4.5 2023 117 mins
Maruthi Nagar Police Station
Body Jumper
5.3

တစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သရဲမ ဘော့ဘ်ဟာ သူကျင်လည်ကျက်စားရာရွာလေးမှာ ယောက်ျားတွေကို မြူစွယ်ရင်း အသည်းဖောက်စားလေ့ရှိတယ်။ အဲဒီတော့ ရွာသားတွေလည်း တစ််နေ့တခြားဆိုးသွမ်းလာတဲ့ ဘော့ဘ်ကို သရဲနှင်ဆရာတွေခေါ်ပြီး ရေတွင်းပျက်တစ်ခုထဲ ပိတ်လှောင်ခဲ့ကြတယ်။ နှစ်ပေါင်း ၇၀အကြာမှာတော့ မြို့ကကျောင်းသားတစ်အုပ် အဲဒီဆမ်ခေါ်ရွာလေး တိုးတက်ဖို့ဆိုပြီး ကျောင်းပရောဂျက်အတွက် ရောက်လာကြတယ။ သူတို့ထဲက သိပ်လှတဲ့ ကောင်မလေး ဂဲ ရေချိုးတာကို ချောင်းကြရင်း သရဲမဘော့ဘ်ကို မတော်တဆ လွတ်မြောက်သွားစေခဲ့တယ်။ ဘော့ဘ်ဟာ ဂဲဆီ ဝင်ပူးပြီး ကျောင်းသားအုပ်စုနဲ့အတူ ဘန်ကောက်မြို့ကို ပြန်လိုက်သွားချိန်မှာတော့... ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ထိုင်းသရဲဟာသကားလေးဖြစ်တာမို့ အားပေးလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 760MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Comedy, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Adventure • Crime
5.3 2001 94 mins
Body Jumper
Long Shot
6.7

ဟာသဒရာမာ ကားကောင်းတွေကို မျှော်လင့်တောင့်တနေတဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ ထဲ ပူပူနွေးနွေး ထွက်ရှိထားတဲ့ Long Shot ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးပါရစေ ဖရက် ဖလာစကီ ဆိုတဲ့ သတင်းထောက်တစ်ဦးဟာ သူတို့သတင်းစာတိုက်ကို ခရိုနီ ကုမ္ပဏီကြီးက ဝယ်သွားလု့ိ ဒေါသတွေထွက် မကျေမနပ်ဖြစ်ပြီး သတင်းစာတိုက်ကနေ အလုပ်ထွက်လာခဲ့ပြီး အလုပ်လက်မဲ့တစ်ဦးဖြစ်နေခဲ့ပါတယ် ချားလော့ ဖီးဒ်ဆိုတဲ့ အမျိုးသမီးကတော့ လှပပြီး ထက်ထက်မြက်မြက်ရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ရုံမက နောက်တက်မယ့် သမ္မတနေရာအတွက် လက်ရှိသမ္မတက ထောက်ခံမှုပေးထားတဲ့ ဒိတ်ဒိတ်ကျဲ အမျိူးသမီးတစ်ဦးပေါ့ သာမာန်သတင်းထောက်လေးတစ်ဦးနဲ့ နိုင်ငံရဲ့အစိုးရအဖွဲ့ဝင် ဒိတ်ဒိတ်ကြဲ အမျိုးသမီးတစ်ဦးတို့ဟာ တစ်ညမှာ အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး ဘာတွေများဆက်ဖြစ်ကြမှာပါလိမ့်….။ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ရမယ့်ဟာသများနဲ့ အမေရိကန်နိုင်ငံရေးကို သရော်ထားပြီး ရင်ထိတ်စရာ မျက်ရည်လည်စရာ ခံစားချက်ပေါင်းစုံရောပြွန်းနေမယ့် ဇာတ်ကားလေးကို Seth Rogen နဲ့ Charlize Theron တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb – 7.2/10 နဲ့ Rotten tomatoes – 81 % တောင်ရရှိထားတာပါ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zuel Khant Thwin ပါ) File Size : (1.90 GB) , (950 MB) and (480 MB) Quality : AMZN WEB-DL (1080p 5.1,720p,480p) Running Time : 2hr 05min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by THZ

Drama • War & Politics
6.7 2019 125 mins
Long Shot
Cars 3
6.9

ဇာတ်လမ်းပုံစံကတော့ မက်စ်ကွင်းစ် ရဲ့ ခြေကျချိန် ကို ရောက်လာပြီ ဆိုတဲ့ သတိပေးချက်နဲ့ အတူ ပြိုင်ကွင်းမှာပဲလူငယ် မုန်တိုင်းဂျက်ဆင် ကို ပိုးစိုးပက်စက် ရှုံးနိမ့်သွားခဲ့တာနဲ့ ဇတ်လမ်းကို ဇတ်ရှိန်စမြင့်ပေးလိုက်ပါတယ် မက်စ်ကွင်း ဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာကြောင့်ရှုံးနိမ့်ခဲ့တာ ဖြစ်သလို နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်တင်မှုတွေလိုအပ်နေတဲ့အတွက် သူ့ကို လေ့ကျင့်ပေးဖို့ အတွက် တဖန် ပြန်လည်ပြင်ဆင်ရာတွင် လေ့ကျင့်ပေးသူခရူးစ် နဲ့ စတင်တွေ့ဆုံခဲ့ရပြီး ခရူးစ် ရဲ့ စိတ်ဓါတ်မြင့်တင်ပေးမှု တွေနဲ့ မက်စ်ကွင်းစ် ဟာလူငယ်လေးတွေကြား ကားပြိုင်ကွင်းအတွင်း အပြေးလှမ်းဖို့ ရောက်ရှိလာတဲ့အခါမှာတော့... (ဘာသာပြန်သူကတော့ ကိုဝေယံမောင်ဖြစ်ပြီး အညွှန်းကိုတော့ ကိုသစ်ဆန်းခန့်မှရေးပေးထားတာပါ) File Size : (801 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Wai Yan Maung Encode by Thanhtike Zaw

Drama • Sci-Fi & Fantasy
6.9 2017 102 mins
Cars 3
The Farewell
7.4

ဒီတစ်ခါCMပရိသတ်ကြီးကိုကား​ကောင်း​လေးတစ်ကားနဲ့မိတ်ဆက်​ပေးပါရ​စေ ဒီဇာတ်ကား​လေးက​တော့တရုတ်ဒရမ်မာကား​ကောင်း​လေးတစ်ကားပါ ကင်ဆာ​ရောဂါခံစား​နေရတဲ့အဖွားဖြစ်သူကို အသိမ​ပေးဘဲနဲ့ မိသားစု​​တွေကဖုံးကွယ်ထားကြတာ​ပေါ့ နိုင်နိုင်ဆိုတဲ့အဖွားဟာ တရုတ်ပြည်မှာသူ့ညီမရယ် သူ့တူမမိသားစု​တွေနဲ့​နေထိုင်တယ သူမရဲ့သားနှစ်​ယောက်မှာ အ​မေရိကားနဲ့ ဂျပန်ကို​ပြောင်း​ရွေ့​နေထိုင်ခဲ့တာ​ပေါ့ သူတို့ရဲ့အ​မေကင်ဆာ​​ရောဂါကိုခံစား​နေတာ သိတဲ့အတွက်​ကြောင့်​တွေ့ဆုံဖို့လုပ်ခဲ့ကြတာ​ပေါ့ အကုန်လုံးပြန်လာကြရင်သူတို့အ​မေ​ ရောဂါရှိ​နေတာကိုအရိပ်မိ​သွားမှာဆိုးလို့ အဖွားကြီးရဲ့​မြေးမင်္ဂလာ​ဆောင်​ကြောင့်လာခဲ့ကြတယ်ဆိုပြီးလိမ်ညာခဲ့တာ​ပေါ့ ​ အဖွားကြီးမှာသူအရမ်းချစ်ရတဲ့​​မြေးမ​လေး တစ်​ယောက်လည်းရှိတာ​ပေါ့​ ​ မြေးမ​လေးဘီလီက​တော့သူ့အဖွားရဲ့​ရောဂါအ​ကြောင်းကို​ပေးသိ​စေချင်တဲ့သူ​ပေါ့ ​ နောက်ပိုင်းမှာဇာတ်လမ်း​လေးကဘယ်လိုမျိုး​လေးဆက်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှု့ကြည့်လိုက်ပါ အဖွား​တွေကိုအရမ်းချစ်တဲ့သူ​တွေဆိုရင် ရင်ထဲထိမယ့်ဇာတ်ကား​လေးတစ်ကားပါ File Size : ( 936 MB , 354 MB) Quality :  WEB-DL 720p Running Time : 1 hr 40 min Format : Mp4 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Lei Encoded by Moe Myint Lwin

Comedy • Romance
7.4 2019 100 mins
The Farewell
Talk to Me
7.4

Talk to Me (2022) ~ IMDb – 7.4/10, Rotten Tomatoes – 95% ~ ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။ ဒီ ရုပ်ရှင်ဟာ Danny and Michael Philippou ညီအစ်ကိုနှစ်ယောက်ရဲ့ ပထမဆုံး ရုံတင်ရုပ်ရှင်ကြီးပါ။ ပွဲဦးထွက်မှာတင် ဝက်ဝက်ကွဲ အောင်မြင်သွားပါပြီ။ ဟော်ရာရုပ်ရှင်ကို Rating 7.4/10 အထိ IMDb မှာရောက်တာ ရှားပါတယ်။ တော်ရုံ ဟော်ရာ ရုံကြီးကားတွေတောင် မရောက်ပါဘူး။ အဲဒါကြောင့်မို့လို့ပဲ နာမည်ကျော် Horror ကားတွေထုတ်နေကျ A24 က ဒီရုပ်ရှင်ရဲ့ မူပိုင်ခွင့်ကို ဝယ်ပြီး သူတို့ရုပ်ရှင်အနေနဲ့ သိမ်းပိုက်လိုက်တယ်။ နောက်ပြီး ရုံတင်တာမှာ အတော်လေးကို ပေါက်သွားပြီး A24 ရဲ့ အရင် အောင်မြင်ခဲ့တဲ့ သရဲကား Hereditary ရဲ့ ဝင်ငွေထက်တောင် ကျော်သွားခဲ့ပါတယ်။ ဒေါ်လာ ၄ သန်းခွဲ ဘက်ဂျက်နဲ့ ရိုက်ကူးပြီး ခုဆို ၆၇ သန်း ရုံဝင်ငွေ ရရှိနေပါပြီ။ ဒါရိုက်တာညီအစ်ကိုက ဒီကားရိုက်ဖို့နဲ့ DCEU က ကမ်းလှမ်းတဲ့ စူပါဟီးရိုးရုပ်ရှင်တစ်ကားရိုက်ဖို့ တိုက်နေတာတောင် DCEU ရုပ်ရှင်ကို ငြင်းပြီး သူတို့ကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ ဒီကားကို ယုံယုံကြည်ကြည်ရိုက်ခဲ့တာပါ။ မင်းသားမင်းသမီးတွေကလည်း A list မဟုတ်ဘဲ တက်သစ်စတွေပါပဲ။ တစ်ယောက်တည်း မီးပိတ် အမှောင်ထဲ ကြည့်လို့တော့ မလွယ်မဲ့ကားမျိုးပေါ့။ ဘာသာပြန်ရင်းတောင် ကျောချမ်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.85GB, 491MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 35Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, TSK

7.4 2022 95 mins
Talk to Me
Freeland
6

မြိုပြရဲ့မွန်းကျပ်မှုတွေ၊ တိုးတက်ပြောင်းလဲလာတဲ့နည်းပညာနဲ့ ခေတ်ရေစီးကြောင်းတွေရဲ့ များပြားလွန်းတဲ့တောင်းဆိုချက်တွေကို စိတ်ထဲက ခဏလွှတ်ချထားခဲ့ပြီး ကော်ဖီလေးတစ်ခွက်နဲ့ လေကောင်း လေသန့်ရမဲ့ မိုးနံ့သင်းသင်းပြတင်းပေါက်နားထိုင်ပြီး နားကြပ်ကိုတပ် အသံကိုအဆုံးထိချဲ့ပြီး ဒီဇာတ်ကားလေးထဲမှာ စီးမျောလိုက်ကြရအောင် ခင်ဗျာ။ ဒီဇာတ်ကားလေးမှာတော့ ဒဗ်လိုခေါ်တဲ့အမျိုးသမီးကြီးတစ်ဦးရဲ့ ဆေးခြောက်လုပ်ငန်းလေးတစ်ခုဟာ အစိုးရရဲ့ ပြောင်းလဲသတ်မှတ် လာတဲ့ ပိတ်ဆိုမှုတွေ၊ ခေတ်စနစ်ရဲ့ တောင်းဆိုချက်တွေနဲ့ ပြောင်းလဲ တိုးတက်နေတဲ့ နည်းပညာတွေကြား ယိမ်းယိုင်ကြပ်တည်းလာခဲ့တယ်။ ခေတ်နဲ့အမှီလိုက်ဖိုကို ငြင်းဆန်ခဲ့ပြီး သမရိုးကျအတိုင်းရှေ့ဆက်ခဲ့တဲ့ စီးပွားရေးသေးသေးလေးတစ်ခုဟာ ခေတ်စနစ်ကြားမှာ ဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို ခံစားကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းဇာတ်ကွက်ထွေထွေထူးထူးမရှိပဲ အေးအေးလူလူ vibe လေးပဲသွားထားပြီးတော့ သဘာ၀တရားကြီးရဲ့ အလှအပတွေ၊ ကျေးငှက်တွေရဲ့ အော်သံလေးတွေ၊ မြူတွေဝေ့ နေတတ်တဲ့တောင်တန်းကြီးတွေ၊ နယ်အစွန်အဖျားဒေသရဲ့ အလှအပ တွေနဲ့ ဇာတ်ကောင်တွေရဲ့ ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံတွေကို ကွက်ကွက်ကွင်းကွင်းချပြထားတဲ့ဇာတ်ကား‌ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ File size…1.36GB / 654MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 20m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6 2020
Freeland
Ted (1)
6.9

IMDB: 6.9 Rotten Tomatoes: 69% Genre: Comedy/Fantasy Ted 1 (2012) ကိုမသိတဲ့လူမရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုဖန်တီးခဲ့တာကတော့ Hollywood ဟာသရုပ်ရှင်လောကမှာ‌ တော်တော်လေးကို အရည်အချင်းရှိတဲ့ Seth MacFarlane ဖြစ်ပါတယ်။ နာမည်ကြီးတယ်သာပြောတယ် ခုမှကြားဖူးတယ်ဆိုတဲ့ လူတွေအတွက် Seth MacFarlane ကိုနည်းနည်းမိတ်ဆက်ပေးပါရစေ။ Seth MacFarlane ဆိုတာ Family Guy ကိုအသက်သွင်းခဲ့တဲ့ လူဖြစ်ပါတယ်။ အဲထက်ပိုပြီး အထင်ကြီးဖို့ကောင်းတာက Family Guy မှာပါတဲ့ Peter Griffin Stewie Brian Quagmire တို့နေရာမှာ သူတစ်ယောက်တည်း အသံသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်း John ဆိုတာ သူငယ်ချင်းမရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အများကဝိုင်းပယ်ခြင်းကိုခံထားရတဲ့ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ ခရစ္စမတ်စ် ညတစ်ခုမှာ ဆုတောင်းလိုက်တဲ့ တောင်းဆုတစ်ခုကြောင့် John ရဲ့ တက်ဒီဝက်ဝံလေးအသက်ဝင်လာခဲ့ပါတယ်။ John ဟာ တက်ဒီလေးနဲ့ ထာဝရ အတူတူ သူငယ်ချင်းတွေလုပ်ကြမယ်ဆိုပြီး ကတိထားခဲ့ကြပါတယ်။ တကယ်တမ်းလည်း သူတို့နှစ်ယောက်ဟာ John ၃၅ နှစ်ရောက်တဲ့အထိ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် John မှာ Lori ဆိုတဲ့ ကောင်မလေးတစ်ယောက်ရနေပြီး အဲဒီကောင်မလေးကြောင့်ပဲ တက်ဒီနဲ့ John တို့ကြားမှာ အဖုအထစ်လေးတွေဖြစ်လာပါတော့တယ်။ Seth MacFarlane ရဲ့ထုံးစံအတိုင်း “Random Bullshit Go” ဆိုတဲ့ ပုံစံတွေလာမှာဖြစ်ပြီး “Referene” တွေကလည်းတော်တော်ကိုများပါတယ်။ တက်ဒီအဖြစ်မင်းသား/ဒါရိုက်တာ Seth MacFarlane John အဖြစ်အချစ်တော် မင်းသား Mark Wahlberg Lori အဖြစ် မင်းသမီး Mila Kunis တို့က နောက်တစ်ခုသိရမှာ က မင်းသမီး Mila Kunis က Family Guy မှာ Meg Griffin အဖြစ်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ File Size : 2.9 GB / 1 GB Quality : Blu-Ray (Unrated) 1080p / 720p Running Time : 1h 46m Format : Mkv and Mp4 Audio : AAC Genre : Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

6.9 2012
Ted (1)
Mulholland Drive
8

Mulholland Drive (2001) IMDB – 8/10 Metacritic – 81% Rotten Tomatoes – 82% Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။ City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။ သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။ သူစိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ရုပ်တစ်ခုမှာ သရုပ်ဆောင်ရမယ့် အခွင့်အရေးကို၊ အဆက်အသွယ်ကောင်းတဲ့ တခြားမင်းသမီးလက်ထဲကို လွှဲပေးလိုက်ရတဲ့အချိန်၊ တစ်ဖက်မှာလည်း Rita ခုလို အတိတ်မေ့သွားတာ သွေးရိုးသားရိုးမဟုတ်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဆိုတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ တစ်စတစ်စ ပေါ်လာတဲံ Rita ရဲ့ နောက်ကြောင်းကို စုံစမ်းရင်း၊ Rita အတိတ်မမေ့ခင် နေခဲ့တယ်လို့ ယူဆရတဲ့အိမ်ကို သူတို့တွေရောက်သွားချိန်မှာ ကိစ္စအားလုံးကို ပိုပြီးရှုပ်ထွေးစေမယ့် အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာတော့ … … … ။ ~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~ Naomi Watts နဲ့ Laura Elena Harring တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒါရိုက်တာ David Lynch ရဲ့လက်ရာပါ။ ဒီမင်းသမီးတွေကို အနုပညာလမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့သလို၊ Lynch ကိုလည်း အကယ်ဒမီဆုအတွက် nomination ရစေခဲ့တဲ့ Mulholland Drive ကို ဒီဒါရိုက်တာကြီးရဲ့ အပြောင်မြောက်ဆုံး ဇာတ်ကားတွေထဲ ထိပ်ဆုံးကလို့ ညွှန်းဆိုကြလေ့ရှိပါတယ်။ မူလက ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖန်တီးဖို့ရည်ရွယ်ချက်နဲ့ ဇာတ်သိမ်းမရေရာတဲ့ Pilot Episode အဖြစ် ရိုက်ကူးခဲ့ပေမယ့်၊ ပယ်ချခံခဲ့ရတဲ့နောက်မှာ၊ ရိုက်ထားပြီးသားဇာတ်လမ်းကို ဇာတ်သိမ်းခန်း ထပ်မံရိုက်ကူးဖြည့်စွက်ပြီး ရုပ်ရှင်ကားကြီးအဖြစ် အသွင်ပြောင်းခဲ့တာပါ။ ဒီအချက်ကြောင့်ရယ်၊ Lynch ရဲ့ ပင်ကိုယ်ရိုက်ကူးမှုပုံစံရယ်ကြောင့်၊ Mulholland Drive ရဲ့ ဇာတ်လမ်းဟာ တိတိကျကျရယ်လို့ မဟုတ်ပဲ ကြည့်ရှုသူရဲ့ အဓိပ္ပါယ်ကောက်မှုအပေါ် မူတည်ပြီး ကွာခြားသွားတတ်တဲ့ သဘာ၀ ရှိနေတာဖြစ်ပြီး၊ အဲဒါကပဲ သူ့ရဲ့အဓိကဆွဲဆောင်မှု ဖြစ်လာခဲ့ပါတယ်။ ရိုက်ကူးထားတဲ့ပုံစံကတော့ David Lynch ကားတွေရဲ့ထုံးစံအတိုင်းပဲ၊ တစ်သမတ်တည်းဖြစ်တဲ့ ဇာတ်လမ်းသွားမဟုတ်သလို၊ တစ်ကားလုံးမှာ ကင်မရာအသုံးပြုနည်းမျိုးစုံကို သုံးထားတာကြောင့် ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အတွင်းစိတ်နဲ့ အခြေအနေတစ်ခုအပေါ် ဘာကြောင့်ဒီလိုတုံ့ပြန်လဲ ဆိုတဲ့အကြောင်းရင်းကို ကြည့်နေတဲ့သူကို အတွင်းကျကျခံစားမိစေပါတယ်။ ဒါ့အပြင်၊ ဇာတ်ဝင်ခန်းတိုင်းမှာ အသုံးပြုထားတဲ့ နောက်ခံအသံကလဲ ဒီဇာတ်ဝင်ခန်းကပေးချင်တဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ် အစရှိတဲ့ ခံစားချက်တွေကို ပရိသတ်ခံစားမိအောင် တွန်းပို့ပေးခဲ့ပါတယ်။ 2001 ခုနှစ်၊ Cannes ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး၊ ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေရဲ့ အထူးချီးကျူးမှုကိုရရှိခဲ့တဲ့ Mulholland Drive ဟာ ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း စုစုပေါင်းဝင်ငွေ သန်း ၂၀ ကျော် ပြန်ရခဲ့ပါတယ်။ ဒါတွေကတော့ Mulholland Drive ရဲ့ Wikipedia article က fact တွေ သက်သက်ရယ်ပါ။ ပြောချင်တာကတော့၊ Mulholland Drive ကို ပထမဆုံး ကြည့်မိတဲ့အချိန်မှာ ကင်မရာရိုက်ချက်တွေနဲ့ ပတ်သတ်တဲ့အရာတွေ၊ နောက်ခံအသံတွေ၊ အဲဒီလိုအရာတွေကို ဂရုမစိုက်အားခဲ့ဘူး ဆိုတာပါပဲ။ ဒါ့ကြောင့် အခုပြောပြမယ့် ကျွန်တော့်အမြင် ဆိုတာကလဲ၊ review ဆိုတာထက်၊ ပရိသတ်တစ်ယောက်အနေနဲ့ကြည့်ပြီး ခံစားရတဲ့ ကိုယ်ပိုင်ခံစားချက်သက်သက်ပါ။ ဒါရိုက်တာကြီး David Lynch ရဲ့လက်ရာတွေထဲ ပထမဆုံးကြည့်မိတဲ့ ဒီကားထဲ မျောနေရင်း ပထမဆုံး ရလိုက်တာက အိပ်မက်မက်နေရတဲ့ ဖီလ်လင်ပါပဲ။ ဇာတ်လမ်းဟာ ကစဉ့်ကလျားနဲ့ အစီအစဉ်မကျဘူး။ ဒါပေမယ့်၊ အဲဒီအပိုင်းအစလေးတွေကပဲ အာရုံကို တခြားမလွှဲနိုင်အောင် ဆွဲဆောင်ထားတယ်။ အဆက်အစပ်မရှိတဲ့ ဇာတ်ဝင်ခန်းတွေ တစ်ခုပေါ်တစ်ခု ထပ်လာတဲ့အချိန်မှာ၊ စိတ်ရှုပ်ထွေးသွားရမယ့်အစား၊ ဘာတွေထပ်မြင်ရမလဲဆိုတဲ့ စူးစမ်းစိတ်ကသာ ပိုလာတယ်။ အဓိပ္ပါယ် ရေရေရာရာ မထင်ရှားတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်နေပေမယ့်၊ ကသိကအောက်ဖြစ်မနေပဲ အချိန်တန်ရင် အားလုံးဆက်စပ်မိမှာပါဆိုတဲ့ အာမခံချက်လေးက စိတ်ထဲမှာ အလိုလိုရောက်နှင့်နေတယ်။ တကယ်လည်း ဇာတ်လမ်းဆုံးတဲ့အခါမှာ၊ ဇာတ်လမ်းရှေ့ပိုင်း တစ်ဝက်ကျော်ကျော်လောက် ကြည့်ခဲ့ရတဲ့ ဟိုရောက်ဒီရောက်ဖြစ်နေတဲ့ ဇာတ်အိမ်ငယ်တွေက အစပ်အဟပ်တည့်သွားတယ်။ ဒါပေမယ့်၊ ထူးခြားချက်က အဲဒီဇာတ်လမ်းအပိုင်းအစလေးတွေရဲ့ အဓိပ္ပါယ်ဟာ ဇာတ်သိမ်းတဲ့အထိ သတ်သတ်မှတ်မှတ်မရှိပဲ၊ ကိုယ်အဓိပါ္ပယ်ဖွင့်ချင်သလို ဖွင့်လိုရနေတာပဲ။ အဲဒါကြောင့်ပဲ၊ ဒီဒါရိုက်တာကြီးက သူ့ဇာတ်ကားရဲ့ အဓိကလိုရင်းက ဘာဆိုတာကို ရှင်းရှင်းလင်းလင်းထုတ်ပြောဖို့ ငြင်းခဲ့တယ်ဆိုတာ နားလည်သွားရတယ်။ ဒါ့အပြင်၊ Betty Elms နဲ့ Diane Selwyn, Rita နဲ့ Camilla Rhodes တို့တွေ ဘယ်လိုဆက်စပ်မှူရှိနေလဲ၊ ဇာတ်လမ်းအစမှာ ကြားခဲ့ရတဲ့ Betty ရဲ့ စကားလေးတစ်ခွန်းဟာ နောက်ပိုင်း Diane ရဲ့ အမူအကျင့်ကို ဘယ်လိုသက်ရောက်နေလဲ။ ဇာတ်သိမ်းမှာ တွေ့ရတဲ့ Camilla ရဲ့ စရိုက်က Rita နဲ့ Betty တို့ရဲ့ ကနဦးဆက်ဆံရေးကို ဘယ်လိုပုံဖော်ခဲ့သလဲ။ ဒီလိုမေးခွန်းတွေအများကြီး ကိုယ့်ကိုယ်ကို ပြန်မေးနေရင်း၊ ရလာတဲ့အဖြေက တစ်ခုတည်းမဟုတ်သလို၊ ဒီအဖြေတစ်ခုချင်းကလဲ အဓိပ္ပါယ်ရှိနေတာတွေက Mulholland Drive ကို ကြည့်ပြီး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီကားနဲ့ပတ်သတ်တဲ့ ကိုယ့်အမြင်ကို ထုတ်ပြောမှဖြစ်မယ်ဆိုတဲ့ ပရိသတ်တွေ ချင်ခြင်းတက်မှုရဲ့ အဓိကအကြောင်းရင်းပါပဲ။ အခုဒီလိုတွေ ပြောနေပေမယ့်၊ ဒီကားရဲ့အရသာကို တကယ်နားလည်ဖို့က ကိုယ်တိုင်ကြည့်လိုက်မှ ဖြစ်မှာပါ။ Psychological Thriller တွေကို အရသာတွေ့တဲ့သူတွေ၊ တွေးစရာပေးတဲ့ ဇာတ်ကားမျိုးကို သဘောကျပါတယ်ဆိုတဲ့သူတွေ သာမက၊ ရုပ်ရှင်ကို ဝါသနာပါသူမှန်ရင် လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။ တကယ်ကြည့်ဖြစ်မယ့်သူတွေ အရသာမပျက်အောင် ဒီပို့စ်မှာ spoiler မထည့်ထားပေမယ့်၊ တကယ်လို့ တခြား review တွေဖတ်ပြီးသား၊ ဇာတ်လမ်းသွားသိပြီးသားမို့၊ မကြည့်တော့ဘူးဆိုရင်တော့ နစ်နာမယ်လို့ပဲ ပြောပါရစေ။ #MMDB_Previews#MulhollandDrive#DavidLynch#ASW (ရုပ်ရှင်အညွှန်းကို M-MDB Page မှကူးယူဖော်ပြပါသည်။)

Romance • Comedy • Drama
8 2001
Mulholland Drive
Bantay-Bahay
4.3

Bantay-Bahay (2024) ကေလတ်ဘ်က မအောင်မြင်သေးတဲ့ vlogger နဲ့ podcaster တစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့လူသူမနီးတဲ့တောအုပ်ကြီးအလယ်က ရည်းစားဖြစ်သူအဘွားရဲ့အိမ်ကိုတစ်ညတာစောင့်ပေးဖို့ ရည်းစားခိုင်းထားလို့ ရောက်နေပါတယ်။ ငွေရေးကြေးရေးမှာရော၊ရုပ်ရည်မှာပါချို့တဲ့တဲ့အတွက် မတန်မရာရထားတဲ့ ရည်းစားလေးတစ်ယောက်ကို မျက်နှာအပျက်မခံနိုင်အောင်ကြောက်ရတဲ့ သူဟာ အိမ်ကိုလည်းမထောက်ပံ့နိုင်တဲ့အတွက် မိခင်ဖြစ်သူကဖုန်းဆက်ပြီး နှိမ်တာကိုလည်းခံရပါသေးတယ်။ အခုလိုလှပခမ်းနားတဲ့ အိမ်ကြီးမှာ Live လွှင့်ဖို့အစီအစဉ်ရှိတဲ့ ကေလတ်ဘ်ဟာ သူ့ပစ္စည်းပစ္စယာတွေဆင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက်လိုက်စပ်စုရာကနေ မဝင်ရမယ့် အခန်း၊မဖွင့်ရမယ့် တံခါးတွေကိုဘုမသိဘမသိသွားဖွင့်မိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ Livestream စတင်ချိန်မှာ အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ အရိပ်ယောင်တွေတင်မက သူ့ရှေ့တည့်တည့်မှာပါကိုယ်ထင်ပြလာတဲ့ ဝိဉာဉ်တွေ သဘာ၀လွန်သတ္တဝါတွေနဲ့ Live လွှင့်ရင်းတစ်ညတာနပမ်းလုံးရမယ့် စွန့်စားခန်းကြီးစတင်ပါတော့တယ်။ အဲ့ဒီ Live နဲ့ကျမှသူ့ရဲ့မဖြစ်စလောက် ဖော်လိုဝါဦးရေကနေထိုးတက်ပြီး ကြည့်ရှုသူပါသန်းချီတဲ့အထိအောင်မြင်သွားချိန်မှာတော့..။ အစကနေအဆုံးထိ သဘာ၀ကျကျဟာသတွေနဲ့ခွီနေရမယ့် သရဲဟာသဇာတ်လမ်းပါ။ ဟာသဇာတ်ဆိုပေမယ့် နောက်ခံဇာတ်ကြောင်းအခိုင်အမာ၊လှည့်ကွက်ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:27:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama
4.3 2024
Bantay-Bahay
The Parenting

IMDB Rating 5.7 / 10 ဂျော့ရှ်နဲ့ရိုဟန်ဆိုတဲ့ ဂေးစုံတွဲလေးတစ်တွဲဟာ ပိတ်ရက်မှာ မိဘချင်းမိတ်ဆက်ကြဖို့အတွက် စံအိမ်ကြီးတစ်လုံးကိုငှားလိုက်တာကနေ ထုံးစံအတိုင်း သရဲပြဿနာကစပါတယ် ။ ဖြစ်ချင်တော့ အဲ့အိမ်မှာ သုံးလောင်းပြိုင်လူသေမှုတစ်ခုဖြစ်ထားပြီး နတ်ဆိုးတစ်ကောင်ကပါနေနေသေးတယ် ။ ရို့ဟန်အဖေကို သရဲပူးသလိုနတ်ပူးသလိုလိုဖြစ်သွားတာကနေစပြီး ထူးဆန်းတဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်ပျက်လာတဲ့အပြင် နွေခေါင်ခေါင်နှင်းတွေက အိမ်ကြီးတစ်ဝိုက်ကိုဖုံးလွှမ်းသွားတဲ့အခါ သရဲခြောက်တဲ့အိမ်ကြီးထဲပိတ်မိသွားတဲ့မိသားစုနှစ်စုက ဘာတွေကိုရင်ဆိုင်လာရမလဲ ။ လွတ်မြောက်ဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို ဟာသလေးတွေနှောပြီး ကြည့်ရှု့သွားရမှာပဲဖြစ်ပါတယ် ။ Horror ပေမယ့် light hearted movie လေးတစ်ခုဖြစ်တာကြောင့် အချိန်ပေးရတန်ပါတယ် ။ File size…(1.3 GB)/(688 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Romance • Drama
0 2025
The Parenting
The Firm
6.8

Tom Curise ဆိုရင် အတော်များများလည်း သိပြီး ကြိုက်ပြီး ဖြစ်ကြမှာပါ။ ၁၉နှစ်မှာ သရုပ်ဆောင်စလုပ်ခဲ့ပြီး လက်ရှိအသက်၅၆ထိ နာမည်ရနေဆဲ မင်းသားတစ်လက်လည်း ဟုတ်ပါတယ်။ဒီ ရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာ ဇာတ်အိမ်ကျောရိုးမှာ Memphis မြို့က Bendini, Lambert & Lock ဆိုတဲ့ လူအနည်းအကျဉ်းသာ ပါပေမဲ့ သတင်းကြီးတဲ့ ရှေ့နေ အဖွဲ့လေးတစ်ခုရှိပါတယ်။ဒီ ရှေ့နေ အဖွဲ့ဟာ တရားဥပဒေဘက်သား အဖွဲ့မဟုတ်ပဲ Mafiaဂိုဏ်းက ငွေမဲတွေကို ခဝါချပေးတဲ့ရှေ့နေ အဖွဲ့တစ်ခုပါ။ဒီရှေ့နေအဖွဲ့မှာ Mitch MacDeere ဆိုတဲ့ ဆင်းရဲတဲ့ အသိုင်းအဝိုင်းနဲ့ရှေ့နေဖြစ်ဖို့ အလားအလာအရမ်းကောင်းနေတဲ့ ဟားဗက်ရှေ့နေ့ ကျောင်းသားတစ်ယောက်ဟာပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ မိန်းမကဒီကိစ္စဟာ အစစ်အမှန်ဖြစ်ဖို့အတွက် ကောင်းလွန်းနေတယ် ပြောပေမဲ့ သူ နားမထောင်ခဲ့ပါဘူး။ရက်သတ္တပတ်အတော်ကြာ အလုပ်လုပ်ပေးပြီးတဲ့အခါMitch ဟာ သူအလုပ်လုပ်ပေးနေရတဲ့ ရှေ့နေအဖွဲ့ဟာ မှုခင်းဘုရင် Joey Moroltoနဲ့ ပက်သက်နေတဲ့မှုခင်းလုပ်ဖို့ ဖွဲ့တည်ထားတဲ့ ရှေ့နေအဖွဲ့ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ကျွန်းတစ်ခုကို အလည်အပတ်သွားတဲ့ ခရီးမှာMitch ဟာ အမျိူးသမီးတစ်ယောက်နဲ့ ဖျားယောင်းသွေးဆောင်ခံခဲ့ရပြီးဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်။ အဲ့ဒီပုံနဲ့ Mitchကိုအဖွဲ့ရဲ့ မေးခွန်းထုတ်စရာ တရားမဝင် ဆောင်ရွက်မှုတွေကိုနှုတ်ပိတ်နေဖို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။သိတာ သိပ်များလာတဲ့ သူ့အဖွဲ့ထဲက ရှေ့နေ၂ယောက် ထူးဆန်းစွာပဲ သေဆုံးသွားတဲ့အပြင်…FBI ကလည်း Mitchကို ပြန်ပေးဆွဲပြီးရှေ့နေအဖွဲ့ကို ဖော်ထုတ်ဖို့ ကြိုးစားလာတဲ့အခါ.. သူ့ဘဝနဲ့ သူ လွတ်လပ်ပိုင်ခွင့်အတွက်Mitchတစ်ယောက် FBI နဲ့ ရှေ့နေအဖွဲ့ဆိုတဲ့ပေနဲ့တူကြားမှာ ဘယ်လို ငထွားလုပ်ရင်းစွန့်စားခန်းတွေ ဖွင့်မလဲဆိုတာကို ကြည့်ကြမြင်ကြရမဲ့ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။Drama, Mystery,Thriller အမျိူးအစားဖြစ်ပြီးTom ရဲ့ actingကို နှစ်ခြိုက်ပြီး…ဇာတ်အိမ်ကောင်းကောင်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကားဟောင်းကားဟောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung မှရေးသားပေးပြီးဘာသာပြန်သူကတော့ Thet Htet Oo ပဲဖြစ်ပါတယ်..

6.8 1993 154 mins
The Firm