YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Speed And Love E04 1080p WEB-DL.mp4

686.76 MB 1080p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
Puzhu
6.8

ပုံမှန်အိန္ဒိယရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ တကယ်ကောင်းတဲ့ ဒရမ်မာကားတစ်ကားပါ။ ‌ခါတိုင်းလို မင်းသား၊ မင်းသမီး ချစ်ကြိုက်ကွဲညားတို့၊ လန်ထွက်နေတဲ့ အက်ရှင်ခန်းတွေတို့၊ ပညာပေးတို့ မပါဘဲ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ စီးမျောခံစားလို့ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ စီးပွားရေးလုပ်နေတဲ့ ရဲအရာရှိဟောင်း၊ မုဆိုးဖို၊ single father ဖြစ်တဲ့ ကူတန်ဟာ ဇာတ်နိမ့်ပြဇာတ်သရုပ်ဆောင်တစ်ဦးနဲ့ လက်ထပ်သွားတဲ့ ညီမဖြစ်သူကို သေခန်းဖြတ်ခဲ့ပေမဲ့ သူ့ညီမက သူတို့သားအဖ‌နေတဲ့ အိမ်ရာကို ယာယီပြောင်းလာတဲ့အခါမှာတော့ အနယ်မထိုင်သေးတဲ့ မုန်းတီးရွံရှာမှုတွေ၊ အရှက်ရမှုတွေဟာ တဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ ဒါ့အပြင် သားအပေါ်မှာ တင်းကြပ်လှပြီး လက်မခံနိုင်ဖွယ် ချုပ်ချယ်မှုတွေနဲ့ အုပ်ထိန်းနေတဲ့သူ့ကို တစ်ယောက်ယောက်က သတ်ဖို့ကြိုးစားနေတ‌ယ်လို့ ယုံကြည်လာတဲ့အခါမှာ အနီးဝန်းကျင်က လူတိုင်းကိုလည်း သံသယဝင်လာရပါတော့တယ်။ အထီးကျန်ဆန်တဲ့ အဖော်ကင်းမဲ့မှုဟာ ဝန်မခံချင်ရင်တောင်မှ ရင်ထဲမှာ လစ်ဟာနေသလို ခံစားစေရပြီး၊ တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပြီး လူ့ဂွစာတစ်ယောက်ဖြစ်‌စေတတ်တာလည်း သိကြမှာပါပဲ။ ဒီကားမှာလည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ကူတန်ရဲ့ အဖော်ကင်းမဲ့မှု၊ တယူသန်ရှေးရိုးစွဲမှုတွေနဲ့ ဟိန္ဒူဇာတ်နိမ့်၊ ဇာတ်မြင့် အင်မတန် ခွဲခြားဆက်ဆံတဲ့ စိတ်‌တွေကြောင့် ဖြစ်လာတဲ့ သူ့ရဲ့အခြေအနေကို သူ့ယောက်ဖတင်ဆက်တဲ့ ပြဇာတ်တစ်ပုဒ်နဲ့ နမိတ်ယှဉ်တွဲကာ ဆွဲခေါ်ရိုက်ကူးတင်ဆက်ပြထားပါတယ်။ ဖြေးဖြေးချင်းဇာတ်လမ်းသွားနေတဲ့ ဒရမ်မာကားဆိုပေမဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကလည်း ဇာတ်လမ်းကိုပိုပြီး ကြွသွားစေပါတယ်။ တစ်ကားလုံးစာ ခြုံပြောရရင် ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုရတန်မဲ့ ကားတစ်ကားပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 1.3GB, 658MB & 329MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 2hr & 2mins Genre : Crime, Drama, Thriller Translated by Moe Lay Encoded by Kinnov

Action • Science Fiction • Thriller
6.8 2022 122 mins
Puzhu
The Nan Movie
4.7

The Nan movie English နာမည်ကျော်comedy မင်းသမီးကြီး Catherine Tate ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Nan အတွက် ရုပ်ရှင်ထွက်ရှိလာပါပြီ။အရင် series ထဲကလိုပဲ အပေါက်ဆိုးပြီး သောင်းကျန်းတတ်တဲ့အဘွားကြီး Nan ရဲ့ဇာတ်လမ်းပါ။Nan ရဲ့ကွဲကွာနေတဲ့ညီမဖြစ်သူ Nellက သူသေခါနီးဖြစ်နေလို့ Nan ကိုလာတွေ့‌ဖို့ခေါ်ပါတယ်။ ညီမဖြစ်သူနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွကရည်းစားလုဖက်ဖြစ်ပြီးရန်ဖြစ်ခဲ့လို့Nanကအဆက်အသွယ်ဖြတ်ထားတာပါ။Nan ကမသွားချင်ပေမယ့်မြေးဖြစ်သူကအတင်းတိုက်တွန်းတာကြောင့် မြေးအဖွားနှစ်ယောက် ခရီးထွက်ကြရင်း လမ်းမှာရယ်စရာ ပေါက်ကရတွေဖြစ်ပုံကို ရိုက်ကူးထားပါတယ်။ Catherine Tate အပြင် Katherine Parkinson (IT crowd),Mathew Horne တို့လည်းပါ၀င်ထားပါတယ် File size…(2.17GB)/(1.06GB)/(584MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Comedy • Fantasy • Science Fiction
4.7 2022
The Nan Movie
Capote
7.3

Imdb မှာ Rating 7.3 အထိရရှိထားတဲ့ Crime/Drama ဇာတ်လမ်းဟောင်းလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Capote ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ၁၉၅၉ ခုနှစ် ကန်းဆက်ပြည်နယ်ရဲ့ လယ်ယာအိမ်မှာနေထိုင်တဲ့ ကလပ်တာမိသားစုရဲ့အလောင်းကို တွေ့ခဲ့ရာကနေ စတင်ပါတယ်။အဲ့ဒီအချိန်မှာက ပိုတီဆိုတဲ့နာမည်ကြီးတဲ့ စာရေးဆရာက ဒီအကြောင်းကို လာရောက်စူးစမ်းပါတော့တယ်။သူစူးစမ်းလေ့လာပြီး သိပ်မကြာခင်မှာ တရားခံတွေကို ဖမ်းမိသွားပါတော့တယ်။ကပိုတီတစ်ယောက် သူ့ရဲ့စာအုပ်အသစ်ကို ရေးဖို့အတွက် အဲ့ဒီတရားခံတွေနဲ့ စကားပြောခွင့်ရအောင်ကြိုးစားပါတော့တယ်။ဒီလိုနဲ့ စကားတွေပြော ရင်းနဲ့မှ ရင်းနှီးလာပြီး ကပိုတီက တရားခံတွေအတွက် ကောင်းတဲ့ရှေ့နေတွေငှားပေး အသနားခံလွှာတင်ဖို့အတွက် ကူညီပေးတာတွေ လုပ်ခဲ့ပေးပါသေးတယ်။ဒါပေမယ့် အပြစ်ဒဏ်ကိုရှောင်လွှဲလို့ မရဘဲ သေမိန့်ကျလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီအကြောင်းကိုအခြေခံပြီး သူရေးသားမဲ့ စာအုပ်အသစ်ကရော ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ လူ့သဘောသဘာဝစရိုက်တွေကိုပါ တွေ့မြင်ရဦးမှာဖြစ်လို့ စီးမြောရင်းနဲ့ကြည့်ရှုသင့်တဲ့ကားလေးဖြစ်ပါတယ်။ File size…1.73GB / 541MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Thriller • Mystery • Drama
7.3 2005 114 mins
Capote
Take Me Away!
6.1

ကျိုကို ဟာ ဆန်ဖရန်စစ်စကိုကို အလည်သွားတုန်းမှာ တက်ဆု ဆိုတဲ့ကောင်လေးနဲ့ တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ချစ်မိသွားခဲ့ကြပါတယ်။ ကျိုကို ဟာ ဂျပန်ကိုပြန်ရတော့မယ့်အချိန်မှာ တက်ဆုကို ဂျပန်ကိုပြန်လာဖို့ပြောပါတယ်။ နောက်ဆုံးမှာတော့ တက်ဆုက တိုကျိုမှာပြန်ဆုံကြမယ်လို့ ဆိုတဲ့အတွက် ကျိုကိုတစ်ယောက် ဂျပန်ကိုစိတ်အေးလက်အေးပြန်သွားပါတော့တယ်။ ဒါပေမယ့် ကျိုကို ဂျပန် ပြန်ရောက်ပြီးနောက်မှ တက်ဆုဘက်က စာမလာအကြောင်းမကြားနဲ့ ချိန်းထားတဲ့နေရာကို ရောက်မလာတဲ့အခါ… File size…(1.7 GB)/(700 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Action • Fantasy • Adventure • Science Fiction
6.1 1978 92 mins
Take Me Away!
The Bikeriders
7.1

Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင် ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကို အလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။ The Bikeriders မှာတော့ မင်းသားကြီး Tom Hardy, ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီး Jodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့ The Bikeriders photo book ကို မှီငြမ်းထားတယ်လို့ သိရပါတယ်။ ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်က အဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက် ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကို ဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်း တစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့ အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။ ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့ ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။ File size…1.71GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 56m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy

7.1 2024
The Bikeriders
Scarborn
7.2

အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာ ပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေး စစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2 အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့ Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက် အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကို တိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေ မျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ် ပါတယ်။ အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီး Kosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်း အထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက် ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့ နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန် တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
7.2 2023 119 mins
Scarborn
YUM Investigation
6

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ခေတ်သစ်အပနှင်တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ရှောင်ထိုက်လန်ဆိုတဲ့ အသက်၃၀ အရွယ် လူငယ်တစ်ယောက်က မျှော်လင့်ချက်မဲ့ပြီး ဦးတည်ချက်ပျောက်ကာ အလုပ်တော့ပုံမှန်သွားနေခဲ့သူတစ်ဦးပါ တစ်နေ့ ထောင်းပေါင်ကနေ ဓါးတစ်လက်ကို မှာလိုက်မိရာကနေ ဇာတ်လမ်းစလာခဲ့ပါတယ် သူမှာလိုက်တဲ့ဓါးထဲမှာ ဝိညာဉ်ရှိနေပြီး ဓါးက သူ့ကို စကားပြောပြီး စေခိုင်းပါတော့တယ် အဲ့လိုနဲ့ သူ့ရဲ့နေ့စဉ်ဘဝကိုပါ ဝင်ပါလာတော့ အလုပ်ကနေ ထုတ်ခံလိုက်ရတော့တာပေါ့ အဲ့ကနေမှ အားလျန် ရှီကျီ ပက်ထရစ် စတဲ့ သဘာဝလွန် အရည်ချင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်၃ဦးနဲ့ ဖွဲ့စည်းထားတဲ့ ယင်မျက်လုံးစပိုင်အဖွဲ့ထဲကို ဝင်ရောက်မိသွားပါတော့တယ် တစ်နေ့ ဖျင်အန်းအဆောက်ဦးကိုဖျက်သိမ်းဖို့ အိမ်ခြံမြေကုမ္ပဏီတစ်ခုက ပယောဂဆရာ တစ်ဦးကို ငှားပြီး ဆန့်ကျင်သူခေါင်းဆောင်ကို အဆုံးစီရင်သွားအောင် လုပ်ခဲ့ပါတယ် အဲ့အဆောက်ဦးမှာ နေထိုင်ကြတဲ့ ကောင်မလေး ၂ယောက်က သူတို့အဖွဲ့ကို ငှားခဲ့ပြီး သူတို့ရဲ့ သရဲနှင်တဲ့လုပ်ငန်းကို စတင်ပါတော့တယ် ဒီအမှုက သူတို့ထင်ထားသလောက် မရိုးရှင်းဘဲ စုန့်ခေတ်ထဲက သရဲပျိုးထောင်တဲ့ပညာတွေပါ ဆက်နွယ်လာပါတော့တယ် သူတို့သိလိုက်ရတဲ့ သဲလွန်စ တစ်ခုကတော့ ဆန့်ကျင်သူအဖွဲ့ထဲမှာ သူလျှိုရှိနေတာပါပဲ ကဲ အဲ့တော့ သူတို့‌၄ယောက် ဘယ်လိုမျိုး အတွင်းသူလျှိုကို ဖော်ထုတ်မှာလဲ အဲ့သူကရော သူတို့ထင်သလောက်ရိုးရှင်းနေမှာလားဆိုတာကို ခုဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်

6 2023
YUM Investigation
Dog Life / Perra Vida

“အဲလက်စ်”ဟာဘဝမှာ သူ့ရဲ့ခွေးလေးအာဇူမီကလွဲရင် မိသားစုရော အလုပ်ရော အားလုံးကိုဆုံးရှူံးထားရသူပါ ​”ရိုမီနာ”ဟာရှေ့နေတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ကွဲအမျိုးသမီးပါ သူ့ရဲ့သမီးလေး”ဂျာဗီးရား”က သူမဆီကနေထွက်သွားပြီး သူ့အဖေဆီသွားနေမှာကိုစိုးရိမ်နေသူပါ “ဆိုဖာယာ”ကတော့ တိရစ္ဆာန်ဆရာဝန်တစ်ယောက်ဖြစ်ပြီး အချစ်ရေးမှာကံခေနေတာကြောင့် အခုချိန်အထိအိမ်ထောင်မကျသေးဘဲဖြစ်နေသူပါ “ကလော်ဒီယို”ကတော့ အတိတ်ကအမှားတစ်ခုကြောင့် ဘဝတစ်ခုလုံးပျက်စီးရမလိုဖြစ်နေပြီး စီးပွားရေးလုပ်ငန်းတစ်ခုကိုပြန်လည်စတင်ဖို့ကြိုးစားနေသူပါ တစ်နေ့မှာ အဲလက်စ်ရဲ့ခွေးလေးအာဇူမီကို ရိုမီနာတစ်ယောက် ကားနဲ့ဝင်တိုက်မိခဲ့တာကြောင့် ခွေးမချစ်ပေမဲ့လည်း သမီး​ဖြစ်သူကချစ်နေတာကြောင့်တာဝန်ယူစောင့်ရှောက်ထားရပါတယ် အဲ့ကနေစပြီး သူတို့လေးယောက်တွေ့ဆုံဖို့အကြောင်းဖန်လာပါတယ် နောက်ဆုံးမှာ ဘယ်သူနဲ့ဘယ်သူရဲ့ကြားမှာရင်ခုန်သံတွေနိုးကြားလာမလဲ သူတိူ့တွေရဲ့ပူပင်သောကတွေကိုရောကုစားနိုင်မလားဆိုတာကို ဟာသဆန်ဆန်အပျင်းပြေကြည့်ရှုရမှာပါ File size…(1.8 GB)/(968 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2024
Dog Life / Perra Vida
Enter the Dragon
7.6

Enter the Dragon (1973) IMDb Rating (7.6) / Rotten Tomatoes (88%) ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင် Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။ Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThetKhin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Thriller Duration….01:43:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by PhuThetKhin

7.6 1973 102 mins
Enter the Dragon
Anti Drug Operations
5.6

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မူးယစ်ရှင်းလင်းရေးတပ်ဖွဲ့အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မူးယစ်ရာဇာ ဟန်တုန်းဝမ့်နဲ့ သူ့အဖွဲ့ကို အပိုင်ဖမ်းဖို့ ဗျူဟာချပြီး အထူးရဲတပ်ဖွဲ့ရဲအရာရှိရှန်အောင်ပါဝင်တဲ့ တပ်ဖွဲ့ဟာ အဖွဲ့၂ဖွဲ့ခွဲပြီးတော့ လှုပ်ရှားပါတော့တယ် ဗျူဟာက အရမ်းသေသပ်တော့ ဟန်တုန်းဝမ့်တစ်ယောက်ကို ဖမ်းမိသွားခဲ့ပါတယ် ဒါပေမယ့် သူ့သားဖြစ်သူကတော့ လွတ်သွားခဲ့ပါတယ် အဲ့ကနေမှ ရှန်အောင်တစ်ယောက် အထူးရဲတပ်ဖွဲ့ကနေပြီးတော့ မူးယစ်ရှင်းလင်းရေး အဖွဲ့ဆီကို ဒုအဖွဲ့ခေါင်းဆောင်အဖြစ်ရွှေ့ပြောင်းခံလိုက်ရပါတယ် သူ့ရဲ့အထက်လူကြီးဖြစ်တဲ့ ဝမ်ကျင်းကန်းတို့နဲ့အတူ အဲ့မြို့မှာရှိတဲ့ မူးယစ်ဆေးအမှုအမြောက်အမြားကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပါတယ် ဒါပေမဲ့ အတိတ်ကမပြီးဆုံးနိုင်သေးတဲ့အရှုပ်ထုတ်တစ်ခုက သူ့နောက်ကိုတစ်ကောက်ကောက်လိုက်လာတဲ့အချိန်မှာတော့….

Drama • Comedy
5.6 2025
Anti Drug Operations
Candlewood
5

ဒီတစ်ခါ cm ပရိသတ်ကြီးကို Candlewood ဆိုတဲ့ Horror ကားသစ်လေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကို နာမည်ကြီး Horror ဇာတ်ကားတွေ အရိုက်များပြီး သစ်တောသစ်ပင် ရေကန်တွေ သဘာဝ ရှုခင်းတွေနဲ့ နာမည်ကြီးတဲ့ ကွန်နတီကပ်ပြည်နယ် နယူးမီလ်ဖို့ဒ်မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်က မိသားစု တစ်စုဟာ ကန်ဒယ်ဝုဒ်ဟေးစ် နားက အိမ်ကြီးတစ်လုံးကို ရာဇဝင်မသိ မမြင်ဖူးသေးဘဲ ငွေပေးချေ ဝယ်ယူခဲ့ပါတယ်။ မိသားစုလိုက် နေထိုင်ဖို့ ပြောင်းလာခဲ့ပြီးမှ နယ်ခံတစ်ချို့ရဲ့ သူတို့အပေါ် အမြင်မကြည်လင်မှုတွေနဲ့ ဒီနယ်မြေရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတွေ သိခဲ့ရပြီးနောက်မှာတော့ သူတို့မိသားစုတွေကြားထဲမှာ ထင်ယောင်ထင်မှားမှုတွေ… ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒဏ္ဍာရီထဲက ဖြစ်ရပ်တွေက တစ်ကယ်ပဲလား…။ ဒီအိမ်ကြီးမှာ အရင်နေခဲ့တဲ့သူတွေက ဘာတွေဖြစ်သွားခဲ့ကြတာလဲ…..။ သူတို့ မိသားစုကို ခြောက်လှန့်နေတဲ့ အရာတွေက ဘာတွေလဲ ဆိုတာကတော့……။ ( စပွိုင်လာ သုံးသပ်ချက်…. ဒီဇာတ်ကားကို Horror Fan တစ်ယောက်အနေနဲ့ သုံးသပ်ရရင် ဇာတ်လမ်းနဲ့ နေရာထိုင်ခင်း ကောင်းပေမယ့် အားမရစရာ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့်လည်း IMDB မှာ Rating 5.0 ပဲ ရတာ နေမယ်…။ အမှန်တကယ် ခြောက်ခြားစရာ ဖြစ်အောင် ရိုက်ကူးလို့ ရရဲ့သားနဲ့ creepy ဖြစ်မယ့် ရိုက်ကွက်နေရာတွေ ရှိရဲ့သားနဲ့ သာမန် သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှား ဖြစ်တဲ့ ပုံစံမျိုးတွေ ရိုက်ကူး ပြထားတာက အတော်ဆိုးတယ်လို့ ပြောရမယ်။ သိပ္ပံနည်းကျ စဉ်းစားကြည့်မယ် ဆိုရင်တော့ သူတို့တွေ သောက်သုံးတဲ့ ရေကနေ ပြဿနာ တစ်ခုခု ရှိတယ်လို့ ထင်ပါတယ်။ ရေတစွတ်စွတ် သောက်ပြနေတဲ့ ရိုက်ကွက်တွေကို ထည့်သွင်းထားတာလည်း အဲဒါကို မြင်သာစေချင်လို့ ယူဆမိပါတယ်။ ) File size… (1.32 GB) / (698 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5 2025 87 mins
Candlewood
Mr.Robot
6.8

Mr.Robot (2025) **************** K-Robot Industry ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဂန်ဟျော့ဟာ စက်ရုပ်တွေကို တီထွင်ဖန်တီးရင်းနဲ့ အချိန်ကုန်ကာ ကိုယ့်မိသားစုအတွက် အချိန်‌မပေးနိုင်ခဲ့သူပါ။ ဂန်ဟျော့ရဲ့ သမီးဖြစ်သူ ဂန်နာနာဟာလည်း တစ်နှစ်မှ တစ်ခါလောက် အိမ်ပြန်လာတဲ့ အမေနဲ့ အမြဲ မအားမလပ်ဖြစ်နေတဲ့ အဖေတို့ကြောင့် အိမ်ကြီးထဲမှာ စက်ရုပ်တွေနဲ့ အထီးကျန်စွာ ဖြတ်သန်းနေရသူပေါ့။ တစ်နေ့ ဂန်ဟျော့က စက်ရုပ်အသစ်မိတ်ဆက်ပွဲကျင်းပရာ သူဖန်တီးထားတဲ့ စက်ရုပ် မက်စ်က Error တက်ပြီး သူ့ကို လိုက်လံ တိုက်ခိုက်ရာက‌နေ အဲဒီပွဲမှာတင် သေဆုံးသွားပါတော့တယ်။ သို့ပေမဲ့ မက်စ် Error တက်သွားတာက သမာရိုးကျ‌မဟုတ်ဘဲ ဂန်ဟျော့ရဲ့ နေရာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ ညီဖြစ်သူ ဂန်မင်းကြောင့်ဆိုတာပါပဲ.. သို့ပေမဲ့ ဂန်နာနာကလည်း အတားအဆီးသဖွယ်ဖြစ်နေတာကြောင့် နာနာကိုပါ ရှင်းပစ်ဖို့ ကြံစည်လာတဲ့အချိန်… တစ်ဖက်မှာလည်း ဂန်ဟျော့က စက်ရုပ် မက်စ်ခန္ဓာကိုယ်နဲ့ ပြန်လည်နိုးထလာခဲ့ပြီး နာနာကို ကာကွယ်ပေးဖို့လုပ်သလို Error စက်ရုပ်တွေကို လိုက်နှိမ်နင်း‌နေတဲ့ စက်ရုပ်ထိန်းချုပ်ရေးဌာနကလည်း ရှိနေခဲ့ရာ… ဂန်ဂျော့တစ်ယောက် စက်ရုပ်အနေနဲ့ ဂန်မင်းလက်ထဲကနေ သူ့သမီးလေးကို ကာကွယ်ပေးနိုင်သွားမှာလား.. သူကိုယ်တိုင်ရော စက်ရုပ်ထိန်းချုပ်ရေးဌာနလက်ထဲကရော လွတ်မြောက်နိုင်ပါ့မလား.. ချစ်စရာဇာတ်ကောင်လေးတွေနဲ့အတူ ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းကောင်းလေးထဲမှာ ကြည့်ရှုလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။) File Size : 1.77GB/ 860MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:27:50 Genre : Animation, Action, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Stary, Hnin Wai Oo & Miri Encoded by Tiff

6.8 2025
Mr.Robot
The Greatest
6.6

The Greatest (2009) IMDb – 6.6 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ ကျွန်တော်တို ချစ်ရတဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုးရတဲ့အခါမှာ ပထမဆုံးအခြေအနေကိုလက်မခံနိုင်တာမျိုး လက်ခံဖိုခက်တာမျိုးဖြစ်မယ်။ “တကယ်ကြီး သူ့ကိုနောက်ထပ်မတွေ့ရတော့ဘူးလား” ဆိုတာမျိုးပေါ့။ နောက်တော့ “ဘာလိုငါ့ကျမှဖြစ်ရတာလဲ”ဆိုပြီး ဒေါသတွေထွက်မယ် ပေါက်ကွယ်မယ်။ အဲ့စိတ်နဲ့ပဲ Depression တွေဝင်လာမယ်။ တဖြည်းဖြည်းနဲ့ ကုစားရမယ်။ ဒဏ်ရာကနက်လေ ကုဖိုအချိန်ယူရလေပေါ့။ နောက်ဆုံးတော့မှ တဖြည်းဖြည်းနဲ့ လက်ခံနိုင်လာတယ်။ “ဪ ငါတော့ သူ့ကိုတကယ်ကိုဆုံးရှုးလိုက်ရပြီ” ဆိုတာမျိုးကို လုံးဝလက်ခံသွားနိုင်တယ်။ အဲ့လိုလက်ခံနိုင်ပြီဆိုမှလည်း ဆက်ပြီးလုပ်စရာရှိတာလုပ်ပြီး ရှေ့ဆက်နိုင်မှာပါ။ ဒီလိုလက်ခံလိုက်တာဟာ Move on နိုင်ဖိုအတွက်ပထမဆုံးခြေလှမ်းဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားမှာတော့ ဆုံးရှုးမှုကြောင့် ခွဲခွါခြင်းတွေကြောင့်ဖြစ်ပေါ်လာရတဲ့ ပူဆွေးသောကဟာဘယ်လောက်တောင် အန္တရာယ်များတယ်… ဘယ်လိုဖြတ်ကျော်ရမယ်… ဆိုတာမျိုးတွေကို သူပြောချင်တဲ့ဘက်ကနေ ကောင်းကောင်းကြီးကိုချပြထားနိုင်ပါတယ်။ တစ်ခုခုကို ဒါမှမဟုတ် တစ်ယောက်ယောက်ကို မစွန့်လွှတ်နိုင်ဘဲ ရှေ့ဆက်ဖိုခက်နေတဲ့သူတွေဆို ဒီကားကိုကြည့်ပြီး တစ်စုံတစ်ခုရသွားမယ်ဆိုတာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတိုင်းချစ်ခင်တာခံရတဲ့ အရမ်းထူးချွန်ပြီးလိမ္မာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး ဘားနက်ဟာ သူ့ချစ်သူနဲ့အတူရှိနေချိန်မှာ ကားအက်ဆီးဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ ဘားနက်လိုသားလိမ္မာလေးဆုံးရှုးလိုက်ရလို ကျန်ရစ်သူမိသားစုတွေ ဆောက်တည်ရာမရဖြစ်နေတဲ့အချိန်မှာ ရိုစ်ဆိုတဲ့ကောင်မလေးတစ်ယောက်က ဘားနက်တိုမိသားစုဆီကိုရောက်လာခဲ့ပြီး သူ့မှာ ဘားနက်နဲ့ရထားတဲ့ကိုယ်ဝန်လွယ်ထားရကြောင်းပြောလာပြီး အကူအညီတောင်းရှာပါတယ်။ ဘားနက်တိုမိသားစုလည်း တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ကုန်ပြီး ကောင်မလေးကိုလည်း အိမ်ပေါ်မှာလက်ခံထားပြီး စောင့်ရှောက်ရပါတော့တယ်။ ဒီလိုသောကမီးတွေလောင်မြိုက်နေရတဲ့ မိသားစုဝင်အချင်းချင်းကတောက်ကဆတွေဖြစ်ကြရင်း သူတိုဘယ်လိုရှေ့ဆက်လိုမရနိုင် ဖြေဆည်လိုမရနိုင်ဖြစ်နေကြပါတယ်။ ဒီအခြေအနေကို သူမိသားစုကျော်လွှားနိုင်ပါ့မလား။ ရင်သွေးလေးကိုလွယ်ထားရတဲ့ ရိုစ်အနေနဲ့ရောဘယ်လိုမျိုးပြဿနာတွေရင်ဆိုင်ရဦးမှာလဲ။ ပူဆွေးသောကရောက်ခြင်း၊ လေးစားအားကျမှုနဲ့မနာလိုမှုကြားက အားပြိုင်မှု၊ ချစ်ခြင်းမေတ္တာနဲ့မိခင်မေတ္တာကိုဖော်ကျူးထားပုံတွေကို သေသေချာချာကိုမြင်တွေ့နိုင်ပါလိမ့်မယ်။ ဒီဇာတ်လမ်းကနေတစ်ဆင့် ကျွန်တော်တိုဟာ တစ်ခုခုကိုလက်လွှတ်ဆုံးရှုးလိုက်ရတဲ့အခါ ကြုံတွေ့ရမယ့် ပူဆွေးခြင်း ဝမ်းနည်းအားငယ်ခြင်း မခံမရပ်နိုင်ဖြစ်ခြင်းတွေကနေပြီး ရုန်းထွက်နိုင်ဖို မေတ္တာတရားနဲ့ မျှော်လင့်ချက်မပျောက်ပျက်ခြင်းတိုက ဘယ်လောက်တောင်အရေးကြီးလဲဆိုတာကို တွေ့ရမှာဖြစ်ပြီး CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ (ဇာတ်လမ်း အညွှန်းကိုတော့ Pyae Hein Kyaw မှရေးသားထားပါတယ်။) File Size – 1.38 GB/ 563 MB Quality – BluRay 1080p/ 720p Duration – 1:41:50 Format – mp4 Genre – Romance. Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Pyae Hein Kyaw Encoded by – Treasure Htet

Drama
6.6 2009 99 mins
The Greatest