YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Special.Ops.Lioness.S01E02.1080p.WEB.(CM).mp4

656.93 MB N/A video/mp4 1311 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shanghai Triad
6.8

~ IMDb - 7.1/10, RT - 90%, MyDramaList - 7.2/10 ~ ပွဲဦးထွက်ကားဖြစ်တဲ့ Red Sorghum (1988) ကနေစပြီး သိပ်အတွဲညီလာတဲ့ ကျန်းရိမူနဲ့ ဂေါင်လီတို့ အတွဲအစပ်ဟာ ရိုက်သမျှကားတိုင်း တွဲရိုက်လာတာ ၁၉၉၀ရဲ့ Shanghai Triad မှာမှ နားသွားပါတယ်။ ဒီကြားထဲ ကျန်းကျိရီနဲ့ ၃ကားလောက်တွဲရိုက်ခဲ့သလို တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ဖြစ်ခဲ့တယ်။ Hero တို့ House of Flying Daggers တို့လို ဂေါင်လီနဲ့သူ တွဲရိုက်ခဲ့တဲ့တုန်းကရှိခဲ့တဲ့ သူ့မူလဟန်ကနေ နည်းနည်းကွဲထွက်တဲ့ဟန်နဲ့လည်းမြင်လာရသလို ကျွန်တော့်အတွက် သူ့မာစတာပိစ်အဖြစ်ဆုံးကားဖြစ်တဲ့ Hero ကိုလည်း ဟောင်ကောင်ရဲ့ Top Star တွေ သုံးပြီး ရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ၁၆နှစ်အကြာ ၂၀၀၆မှာ ဂေါင်လီနဲ့ပြန်တွဲပြီး ချောင်ယွန်ဖတ်ကိုပါထည့်သုံးပြီး Curse of the Golden Flower ကို ရိုက်ဖြစ်ခဲ့တယ်။ Curse of the Golden Flower ဟာ အဲဒီခေတ်ကာလက ဘတ်ဂျက်အများဆုံးသုံးထားတဲ့ တရုတ်ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ နောက် 2014 မှာ Coming Home ကို ဂေါင်လီနဲ့ နောက်ဆုံးရိုက်ကူးခဲ့တယ်။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ပွဲဦးထွက်ကတည်းက ဆက်တိုက်တွဲရိုက်လာခဲ့တဲ့ Shanghai Triad ထိ ၆ကားရယ်၊ Curse of the Golden Flower ရယ်၊ Coming Home ရယ် ၈ကားကို Collaborations - The Cinema of Zhang Yimou & Gong Li ဆိုပြီး အခွေ၈ခွေနဲ့ ၂၀၂၁ မှာ Box Set ကြီးထုတ်ခဲ့ပါသေးတယ်။ CMမှာလည်း ကျန်းရိမူ ဂေါင်လီ Collaboration ကားတွေ တင်လာတာ အခုဆို အကုန်နီးပါးပါပဲ။ သို့ပေမဲ့ ဒီကားက နောက်ဆုံးလက်ကျန်ကားတော့မဟုတ်ပါဘူး။ The Story of Qiu Ju တစ်ကားလိုပါသေးတယ်။ အဲဒီတစ်ကားပြီးရင်တော့ CM မှာ ကျန်းရိမူ ဂေါင်လီ Collaboration Collection တစ်ခုလုံး စုံပါပြီ။ Shanghai Triad ကတော့ ကျန်းရိမူဂေါင်လီရဲ့ ပထမ Era ရဲ့ အဆုံးသတ်ရုပ်ရှင်ပါပဲ။ ဒီကားကိုတော့ Li Xiao ရဲ့ ဝတ္တုဖြစ်တဲ့ Rules of a Clan ကို ပြန်ရိုက်ထားတယ်။ ၁၉၃၀ ပြည့်နှစ် ရှန်ဟိုင်းက ဒုစရိုက်လောကကို ကျောရိုးထားပြီး ဂေါင်လီရဲ့ အလှအပတွေနဲ့ ခြယ်မှုန်းထားတယ်။ ဒီကားမှာလည်း ရှေ့ကားတွေမှာလိုပဲ ကျန်းရိမူအမြဲပြနေကျဖြစ်တဲ့ ဇာတ်လမ်းနဲ့ ယှဉ်တွဲပါလာတတ်တဲ့ သူတို့ရိုးရာ ဓလေ့တွေ ထုံးတမ်းတွေကို မြင်ရဦးမှာပါပဲ။ သူရိုက်တဲ့ ဝတ္တုနာမည်ကိုက Rules of a Clan ဆိုတော့ စည်းမျဉ်းနဲ့ ဂိုဏ်း ယှဉ်တွဲနေတာကိုပါ မြင်ရဦးမှာပါပဲ။ ဆန်းတာက မူရင်းစာအုပ်ကပဲ ဒီလိုတင်ပြထားသလားမသိပေမဲ့ Shanghai Triad ဆိုတဲ့ နာမည်နဲ့မလိုက်အောင်ပဲ ဒီဇာတ်လမ်းကို ကျွန်တော်တို့ ရှန်ဟိုင်းကို ပထမဆုံးရောက်လာတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အမြင်ကနေပဲ တစ်ကားလုံးပြသွားတာပါ။ ရှန်ဟိုင်းကို ချုပ်ကိုင်ထားတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ တပည့်ဖြစ်တဲ့ သူ့ဦးလေးက သူ့ကို အဲဒီဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အပျော်မယားဖြစ်တဲ့ ဂေါင်လီဆီမှာ အစေခံအဖြစ်သွင်းပေးတဲ့အချိန်ကနေ ပြသွားတာပါပဲ။ တစ်ကားလုံးက ဒီကောင်လေးကြုံခဲ့ရတဲ့ ၇ရက်တာပါပဲ။ ဒီကောင်လေးဟာ ခုနစ်ရက်တာအတွင်း ရှန်ဟိုင်းရဲ့ မြေအောက်လောကကို ဘယ်လောက်ထိသိသွားနိုင်မလဲ၊ ခုနစ်ရက်တာဟာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်ဖို့ လုံလောက်တဲ့အချိန်ဖြစ်လာမလားဆိုတာ မြင်ကြရမှာပါပဲ။ ဒီကားမှာ ဂေါင်လီဟာ ကျန်းရိမူနဲ့ တွဲရိုက်ခဲ့တဲ့ ရှေ့ကားတွေလိုမဟုတ်ဘဲ ခေတ်နည်းနည်းပိုဆန်တဲ့အလှနဲ့ မြင်ရမှာဖြစ်သလို ရှေ့ကားတွေက ဂေါင်လီရဲ့ အလှကို ဂန္ထဝင်ဆန်တယ်လို့ သတ်မှတ်ရင် ဒီကားက တစ်ချို့အခန်းတွေက ဂေါင်လီရဲ့အလှကို ကျွန်တော်တော့ မှော်ဆန်တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 875MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 48Min Genre - Crime, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.8 1995 108 mins
Shanghai Triad
Beau Pere
6.7

အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၁၉၈၁ ခုနှစ် ကထွက်ရှိထားတဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်ကထွက်ရှိထားပေမယ့် အခုချိန်အထိ ရှိ‌နေသေးတဲ့ အဖြစ်အပျက်တွေကို ပညာပေးရိုက်ကူးထားတာကြောင့် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရယ်မီဆိုတဲ့စန္ဒရားတီးတဲ့သူဟာ သူ့မိန်းမ မာထင်န်ဆုံးပါးသွားတဲ့အခါမှာ သူ့ရဲ့မယားပါသမီးလေး မာရီယွန်ကို စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ မာရီယွန်ဟာ ၁၄နှစ်ပဲရှိသေးပြီး မိခင်ဆုံးပါးပြီးတဲ့နောက် ပထွေးအပေါ် အလွန် အမင်းတွယ်တာစိတ်တွေ၀င်လာပါတော့တယ်။ သူ့ရဲ့တွယ်တာ မှုတွေဟာ သာမာန်ထက်ပိုလာတဲ့အခါမှာတော့ ရယ်မီတစ်ယောက် အနေကြပ်ပါတော့တယ်။ ဒီလိုနဲ့ မိန်းမမရှိတော့တဲ့ ရယ်မီနဲ့ လူကြီးစိတ်၀င်လာတဲ့ သမီးလေး မာရီယွန်တို့ကြား ဘယ်လိုမျိုးစခန်းသွားကြမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစား ကြည့်ပါခင်ဗျာ။ File size…1.36GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 3m Genre ..... Comedy / Drama / Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Action & Adventure • Crime • Drama
6.7 1981 123 mins
Beau Pere
[18+] Lampas Langit
8

~ IMDb rating - 8.6/10 ~ Vivamax ကားတွေ အထွက်စိပ် လူတွေထပ် ဇာတ်လမ်းတွေများလာတဲ့အချိန်မှာ ဝေဖန်သံတွေဟာ အတော်ဆူညံခဲ့ပုံရပါတယ်။ အခုနောက်ပိုင်းလည်း ကားတွေဆက်တိုက်ထွက်မြဲဖြစ်ပေမယ့် တစ်ကားထက်တစ်ကား ဇာတ်လမ်းတွေပိုကောင်း ဇာတ်အိမ်တွေပိုခိုင်မာလာတာလဲ အမှန်ပါပဲ။ ဒီကားရဲ့ ဇာတ်လမ်းကို အကြမ်းဖျင်းသဘောပြောရမယ်ဆိုရင် အိမ်ထောင်ရေး အတော်ကြီးကို အဆင်မပြေတော့တဲ့ တက်သစ်စ စာရေးဆရာတစ်ယောက်နဲ့ သူ့ရဲ့အောင်မြင်နေတဲ့ ဖက်ရှင်ဒီဇိုင်နာ ဇနီးသည်တို့ဟာ နှစ်ယောက်တည်းအတူနေကြရင်တော့ ပြန်ပြေလည်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိသားစုတွေနဲ့ဝေးတဲ့ ကိုယ်ပိုင်တိုက်ခန်းတစ်ခုဆီကို ပြောင်းလာကြပါတယ်။ အဲ့ဒီတိုက်ခန်းမှာ သူတို့အိမ်နီးချင်းအသစ်အဖြစ်ဆုံလိုက်ရတာကတော့ ခင်ပွန်းသည်ဖြစ်သူ စာရေးဆရာရဲ့ငယ်စဉ်ဘ၀ ကတည်းက အားကျအတုယူရတဲ့ စာရေးဆရာစီနီယာကြီးတစ်ယောက်ပါ။ သူတို့ နှစ်ယောက်ရဲ့ အိမ်နီးချင်းစာရေးဆရာအိုကြီးက သူတို့အိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာဖို့ဖိတ်ကြားလိုက်တဲ့အချိန်မှာ ဒီဘက်က ဂျူနီယာစာရေးဆရာနဲ့ ဟိုဘက်က စာရေးဆရာ အဘိုးကြီးရဲ့ သမီးငယ်တို့ကြားမှာ ချုပ်ထိန်းခံထားရတဲ့ ရမက်ဇောတွေ ပွင့်ဟလာတော့တာပါပဲ။ ဇာတ်လမ်းက အပေါ်ယံထက်အများကြီးပိုရှုပ်ထွေးပါတယ်။ ခုခေတ်ကာလအထိ လူတွေ လက်ခံနိုင်ဖို့ မဝံ့ရဲ သေးတဲ့ သီရိစံ၊ ဂန္ဘံတွေကို သာမန်ပါပဲ အထာနဲ့ချပြသွားသလို အင်းဆက်တွေ fantasy တွေကိုပါ နက်နက်နဲနဲ explore လုပ်ထားတာပါ။ ဒီကားကတော့ အရင့်အရင်ကားတွေရဲ့ စံချိန်တွေကိုပြန်ရိုက်ချိုးနိုင်လောက်ပြီး Erotic Thriller အမျိုးအစားရဲ့ နိုင်ငံတကာတန်းကို ကောင်းကောင်းဝင် ပုခုံးချင်းယှဉ်နိုင်တဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားတွေတစ်ခေတ်ဖြစ်ခဲ့တဲ့ ၁၉၉၀ ဝန်းကျင်ကိုမှီရင် ဒီစကားမမှားဘူးဆိုတာ သိကြပါလိမ့်မယ်။ Mainstream လောကရဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေ အဓိကနေရာကပါထားတဲ့အပြင် ဇာတ်လမ်းရဲ့ အချိုးအကွေ့အလှည့်အပြောင်း၊ တင်ဆက်ပုံတွေက အစ အရာရာအပြစ်ပြောစရာမရှိသလောက်နည်းပါးတဲ့ဇာတ်ကားဖြစ်ပါတယ်။ "စိတ်မကောင်းဖြစ်ကြမှာစိုးလို့ စိတ်မကောင်းမဖြစ်ကြပါနဲ့။ ပါနေကျအတိုင်း ပါပါတယ်၊ ကြမ်းပါတယ်" (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 752MB Quality - 1080p, 720p IMDb Rating - 8.6/10 Format - mp4 Duration - 1H 52Min Genre - Adult, Romance, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Comedy
8 2022 112 mins
[18+] Lampas Langit
Monster Hospital

ဒီနေ့မှာ Channel Myanmar ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်တဲ့ တရုတ်ကားကောင်း တစ်ကားကတော့ Monster Hospital လို့ခေါ်တဲ့ ၂၀၂၁ ထွက် အသစ်စက်စက် ဇာတ်ကားတစ်ကားပါ။ ဇာတ်အိမ်လေးက သုံးလောကမှာ သွေးနှောကညာပျိုတစ်ယောက်ပိုင်တဲ့ ဆေးခန်းတစ်ခုရှိတယ်ပေါ့ဗျာ။ ဒီဆေးခန်းရဲ့ သမားတော် ကညာပျိုလေးက မိစ္ဆာတစ်ဝက် လူတစ်ဝက်ဗျ။ သူ့ဆေးခန်းကလည်း မကောင်းဆိုးဝါးနဲ့ မိစ္ဆာတွေကိုပဲ ကုပေးတာ။ ဒါပေမယ့် တစ်ရက်လည်းကျရော မော့ဝမ်လို့ခေါ်တဲ့ မိစ္ဆာဆေးလုံးကို ကိုယ်ဝန်လွယ်ထားတဲ့ လူယောက်ျားတစ်ယောက် ( ကျင်းကျွီကျွင်း) ဆေးခန်းကို ရောက်လာပါလေရော။ ကညာပျိုလေးက သွေးနှောဆိုတော့ ပုံမှန်မိစ္ဆာတွေလို အသက်ရှည်ရှည်မနေနိင်ဘူးတဲ့ဗျာ။ ဒါပေမယ့် မော့ဝမ်ကို စားရင်တော့ ရလာဒ်ကတစ်မျိုးပြောင်းသွားမှာပေါ့။ ဒီတော့ ရေကန်အသင့် ကြာအသင့်ဆိုသလိုပဲ ကျင်းကျွီကျွင်းကို ကူညီပြီး မော့ဝမ်ကိုမွေးပေးတော့တာပေါ့။ အဲဒီနောက်မှာရော သူ့ရဲ့ မူလအစီအစဥ်အတိုင်း မော့ဝမ်ကို စားပြီး အသက်ရှည်ရှည်နေသွားနိုင်မလား? နောက်ပိုင်းမှာ ဒါတွေအားလုံးက နောက်ကွယ်က ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အစီအစဥ်ဖြစ်နေပြီးတော့ ကျင်းကျွီကျွင်းကလည်း နယ်ရုပ်တစ်ရုပ်ပဲဆိုတာ သိလိုက်ရတဲ့အခါ? ဘာတွေဆက်ဖြစ်ကြမလဲ? ဇာတ်အိမ်လေးက ခိုင်ခိုင်မာမာနဲ့ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိတ်သတ်တို့အနေနဲ့ လက်မလွှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ File size…1.2GB / 640MB Quality…1080p WEB DLx264 / 720p  Format…mp4 Duration….1h 18 mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM

Mystery • Thriller
0 2021
Monster Hospital
Quicksand

လင်မယားနှစ်ယောက် အပျော်ခရီးထွက်ရင်း ခွေးချေးပုံနင်းမိတဲ့ Quicksand ဆိုတဲ့ (2023) ထွက် Thriller movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျော့ရှ်နဲ့ ဆိုဖီယာဟာ ပြိုလဲခါနီးအိမ်ထောင်ရေးတစ်ခုကို လူသူမသိအောင်ဖုံးဖိရင်း ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ဆေးပညာဆိုင်ရာညီလာခံတစ်ခုအတွက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူစိမ်းပြင်ပြင်ဖြစ်နေခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ညီလာခံနေ့မတိုင်ခင်မှာပဲ နှစ်ယောက်သားတောင်တက်ခရီးတစ်ခု အတူတူထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လက်စ်အယ်ရီနာ့စ်လို့ခေါ်တဲ့ သေမင်းတမန်တောနက်ကြီးထဲရောက်ရှိသွားပြီး Quicksand လို့ခေါ်တဲ့ ရုန်းလေနစ်လေ နွံအိုင်ကြီးထဲကို လင်မယားနှစ်ယောက် ပြုတ်ကျသွားပါတော့တယ်။ နွံအိုင်ထဲရောက်သွားပေမဲ့လည်း ငယ်ငယ်ကဖတ်ဖူးတဲ့ တြိစက္ကဝတ္ထုတွေထဲကလို လူကိုချက်ချင်းဝါးမြိုသွားတာမျိုးတော့ မဟုတ်ပါဘူးဗျ။ နွံအိုင်တွေရဲ့ တကယ့်သဘောတရားမှာက သူ့ထဲမှာပါဝင်တဲ့ ဗွက်တွေသဲတွေရေတွေရဲ့ သိပ်သည်းဆက လူထက်ကိုများတာမို့ လူခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်အဓိကသက်ရောက်နေတဲ့ ခြေထောက်ပိုင်းပဲနစ်မြုပ်သွားမှာဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အဆုတ်ထဲကလေတွေကြောင့် ပေါလောပေါ်နေမှာပါ။ ဒါပေမဲ့လည်းအဲဒါကြောင့် လုံးဝအသက်အန္တရာယ်မရှိတာမျိုးမဟုတ်ဘဲ အစာငတ်သေတာတွေ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်တွေလည်း ရှိသေးတာပေါ့နော်။ ဒီလိုနဲ့လင်မယားနှစ်ယောက် တောနက်ထဲက နွံအိုင်ကြီးထဲမှာနစ်နေရင်း ဘယ်လိုအန္တရာယ်တွေ ကြုံလာရမလဲ။ဒါတွေကို နှစ်ယောက်သားအတူတူ ဘယ်လိုဖြတ်ကျော်ဖို့ကြိုးစားကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရွှံ့တွေဗွက်တွေထဲရိုက်ရပေမဲ့ မင်းသမီးကတော်တော်လေးလှပြီး မင်းသားကလည်းသရုပ်ဆောင်ပီပြင်တာမို့ နွံအိုင်ကြီးထဲကလင်မယားနှစ်ယောက် ကြုံလာရမဲ့အနာဂတ်ကို ဇာတ်ကားလေးကြည့်ရင်းပဲ သူတို့နဲ့အတူတူ ခံစားကြည့်ကြပါဦးဗျာ

Action • Crime • Drama
0 2023 86 mins
Quicksand
[18+] Lawa
7.4

Lawa (2023) ~ IMDb rating – 7.4/10 ~ ပီတာဟာ လူငယ်ဗီဒီယိုရိုက်ကူးရေးသမားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်အတော်များများကို မြို့ပြင်က စုံတွဲတွေချိန်းတွေ့တတ်တဲ့ တောအုပ်မှာကုန်ဆုံးလေ့ရှိပါတယ်။ သူ့ဝါသနာကချောင်းကြည့်ခြင်းဖြစ်ပြီး သူ့ရဲ့ကြားပေါက်အလုပ်အကိုင်ကတော့ တောအုပ်ထဲမှာ လွတ်လွတ်လပ်လပ် အချစ်နယ်ကျွံတတ်တဲ့ အတွဲတွေကို ဗီဒီယိုရိုက်ပြီး ဝက်ဘ်ဆိုဒ်ပေါ်တင်ရောင်းစားတာပါပဲ။ တစ်နေ့မှာတော့ တစ်ယောက်တည်းလာထိုင်နေတဲ့ မိန်းမလှလေးတစ်ယောက်ကို စိတ်ဝင်စား ချဉ်းကပ်မိရာကနေ အဲ့ဒီမိန်းကလေးက သူ့ရည်းစားကိုသတ်နေတာကို အမှတ်မထင် ဗီဒီယိုရိုက်မိခဲ့ပါတယ်။ အဲဒီမှာတင် အထိတ်တလန့်နောက်ဆုတ်လိုက်ရမယ့်အစား သိချင်စိတ် စိတ်ဝင်စားစိတ်နဲ့ မိန်းကလေးရဲ့ဆွဲဆောင်မှုတွေက သူ့ကိုအနားပိုရောက်အောင် တွန်းပို့ခဲ့ပြီးတဲ့နောက်မှာတော့… ဇာတ်လမ်းဇာတ်ကွက်မိုက်သလို ရိုက်ကွင်းရိုက်ကွက်တွေလဲ မိုက်ပါတယ်။ အမိုက်ဆုံးကတော့ Vivamax မင်းသမီးလေးတွေ အများကြီးက ပီတာရဲ့ချောင်းရိုက်ခံစုံတွဲတွေအဖြစ် Cameo ပါဝင်ထားပေးတဲ့အချက်ပါပဲ။ အားလုံးလည်း သဘောကျကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 590MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 13Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

7.4 2023
[18+] Lawa
Folklore Qizz Class
6

တစ္ဆေပွဲတော် ညတစ်ည မသန့်ရှင်းတဲ့ အရာတွေ လူတွေကြားထဲကို ဝင်ရောက်ပျော်မြူးသည့်အချိန်…? ချန်ရှိူ့ မြို့တော်ကြီးမှာ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းတဲ့ အရာတွေဖြစ်ပေါ်လာခဲ့ပါတယ် ။ ရွှီထျန်းယို့လိုခေါ်တဲ့ ဆင်းရဲသားကောင်လေးဟာ တစ္ဆေပွဲတော်ညမှာ အစာရှာဖို့ အပြင်ထွက်ရင်း ကစားပွဲတစ်ခုကို ထူးထူးဆန်းဆန်း ကစားနေကြတဲ့ လူတစ်စုနဲ့ တွေ့ရှိခဲ့ပါတယ် ။ စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ရွှီထျန်းယို့ဟာလဲ သူတို့နဲ့ အတူတူ ဝင်ရောက်ကစားခဲ့ပြီး အဲဲဒီလူတစ်စုဟာ သရဲတွေ ဖြစ်နေတဲ့ အကြောင်း သိရှိသွားတဲ့အခါ….? အိမ်ကို အမြန်ပြန်လာခဲ့ပေမယ့် သူရဲ့ တစ်ဦးတည်းသော မိခင်ကြီးဟာ ထူးဆန်းစွာနဲ့ သေဆုံးနေခဲ့ပါတော့တယ် ။ အဲဒီ ထူးဆန်းတဲ့ ဖြစ်စဥ် ဖြစ်ပြီးချိန်မှ စတင်ပြီး မြို့တော်အတွင်း ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကြုံလာကာ မြို့တော်ဝန်ကတော်ပါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။ ဒီလိုနဲ့ပဲ ရွှီထျန်းယို့ကနေ စတင်ခဲ့တဲ့ ထူးဆန်းဖွယ်ရာ အမှုကို သူတို့တွေ ဘယ်လိုမျိုး စုံစမ်းရှာဖွေမလဲ? ဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါ ။

Horror
6 2023
Folklore Qizz Class
Across the Universe
7.3

ဒီတခေါက်တင်ဆက်ပေးမှာကတော့ The Beatles အဖွဲ့ရဲ့ သီချင်းတွေကို အခြေပြုပြီးရိုက်ကူးထားတဲ့ Across the Universe ဆိုတဲ့ Musical/Romance အမျိုးအစား ကားလေးပါ ဇာတ်ကားနာမည်ကိုကပဲ The Beatles အဖွဲ့ရဲ့သီချင်း John Lennon နဲ့ Paul McCartney တို့ ရေးထားတာကို ယူထားတာပါ တကားလုံးရဲ့ ဇာတ်လမ်းအပြ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို The Beatles သီချင်းတွေနဲ့ ဖော်ကြူးသွားမဲ့ Musical film ငြိမ့်ငြိမ့်လေးပါ The Beatles အဖွဲ့ကျော်ကြားခဲ့စဉ်အခါက ခေတ်ကာလ ၁၉၆၀ ကျော် ခုနှစ်တွေကို တည်ထားပါတယ် ၁၉၆၀ ကျော်ဝန်းကျင်ဆိုတော့ အမေရိကန်က ဗီယက်နမ်စစ်ပွဲတိုက်နေတဲ့အချိန်ကာလ၊ အဲ့ကာလရဲ့ ပြည်သူလူထုတွေရဲ့ သဘောထား အခြေအနေကိုလည်း ထင်ဟပ်ထားပါတယ် The Beatles ရဲ့ဖန်တွေဆိုရင် ဇာတ်ကားနဲ့ relate နိုင်ပြီး သီချင်းတွေကို ခံစားစီးမျောနိုင်မှာပါ IMDB rating ကလည်း 7.3 တောင် ရထားတာမို့ ကြည့်ရှုကြည့်စေချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ … လီဗာပူးမြို့က ဆင်းရဲသားကောင်လေးတယောက်ဟာ သူ့နေ့စဉ်လုပ်နေကျ သင်္ဘောဝင်းထဲ ကျောက်မီးသွေးကော်ရတဲ့အလုပ်ကို စိတ်ကုန်လာပြီး စိတ်အနားပေးချင်တဲ့အတွက် သူ့အဖေကို ရှာဖို့ဆိုပြီး အမေရိကန်ကို သင်္ဘောနဲ့ တရားမဝင်ခိုးလိုက်လာခဲ့ပါတယ် ဟိုရောက်တော့ သူ့အဖေကိုရှာရင်း တက္ကသိုလ်ကျောင်းသားတယောက်နဲ့ သိရာကနေ ဘော်ဒါတွေဖြစ်သွားကြပြီး သူ့ညီမဖြစ်သူ Lucy နဲ့တွေ့ပါတယ် ဒီကောင်မလေးကို သူသဘောကျမိသွားပြီး အမေရိကန်မှာပဲ ဆက်နေဖြစ်ရင်း သူတို့တတွေ ဘယ်လိုကျော်ဖြတ်ကြသလဲ ဆိုတာကို The Beatles ရဲ့ တေးသီချင်းတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျ File size… 6.4 GB / 2.9 GB / 1.5 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 2h 13m Genre ….. Music/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Action • Comedy • Romance
7.3 2007
Across the Universe
The Unwavering Brotherhood / Triad 3
6.1

ဒီတစ်ခါမှာတော့ CM ကနေဟောင်ကောင် ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဟောင်ကောင်မှာ အကြီးမားဆုံးကုမ္ပဏီအုပ်စုထျယ်ဦးလေးအဖွဲ့မှာ အားချွမ်နဲ့ ဟွားကျင်လို့ခေါ်တဲ့သူငယ်ချင်းနှစ်ယောက် နှစ်ဆယ်နဲ့ချီညီအစ်ကိုတွေလိုနေလာခဲ့တာပေါ့။ ဒါပေမဲ့ နှစ်ဦးသားရဲ့စိတ်ဓါတ်ကတော့အလွန်အမင်းကိုကွာခြားလှတယ်။ အားချွမ်ကတော့ အာဏာကိုမက်မောပြီး ပိုက်ဆံကိုရူးသွပ်ပြီးတော့ ခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့နေရာမှာ သူ့ကိုရွေးဖို့သိမ်းသွင်းတာပေါ့။ ဒါပေမဲ့ အထက်ပိုင်းထျယ်ဦးလေးအဖွဲ့က ဟွားကျင်ကို ခေါင်းဆောင်ပေးဖို့ဆုံးဖြတ်ထားတယ်။ဟွာကျင်က အရမ်းကိုဖြောင့်မတ်ကြင်နာတတ်ပြီး ကုမ္ပဏီက ချမှတ်ထားတဲ့ မည်သို့ပင်ငွေမက်မောနေပါစေ မူးယစ်ဆေးနှင့်မပတ်သက်ရ။ မလုယက်ရစည်းကမ်းကို နာခံတယ်။ အားချွမ်းကတော့ဒါတွေကိုဆန့်ကျင်ပြီး ပတ်သက်နေတာကြောင့် ခေါင်းဆောင်ကိုမပေးချင်ကြဘူး ဟွာကျင်လက်အောက်ငယ် အားဖေး၊အားကျီနဲ့ အားဟွာတို့ညီအစ်ကို သုံးယောက်ရှိကြတယ်။ သူတို့ကိုဟွားကျင်ကသားအရင်းလိုဆက်ဆံပြီး လမ်းမှန်ရောက်အောင် သင်ပေးသလို သူတို့သုံးယောက်ကလည်း သစ္စာရှိရှိ အစ်ကိုကြီးလို့ခေါ်ကြတယ်။တနေ့မှာတော့ ကုမ္ပဏီပိုက်ဆံ ငွေသိန်းဆယ်ချီကိုသူတို့သုံးယောက်ဆီလွှဲပေးပြီး တဖက်ဝယ်သူထံပေးဖို့တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့လမ်းမှာတင်လုယက်ခံလိုက်ရလို့ ထျယ်ဦးလေးတစ်ဖွဲ့လုံးက ဟွားကျင်ရဲ့လက်အောက်ငယ်သား သုံးယောက်ကို အပြစ်တင်ကြတယ်။ဒီလိုနဲ့ ဟွားကျင်ကနောက်ကွယ်ပြုလုပ်သူကို ဖော်ထုတ်မယ်လို့ပြောခဲ့တယ်။တကယ်တမ်းမှာတော့ ဒီသိန်းဆယ်နဲ့ချီပိုက်ဆံယူထားတဲ့လူကတော့ အားဖေး အားကျီနဲ့အားဟွာတို့ဖြစ်ကြပြီး အားဖေးရဲ့ညီမလေးက သွေးကင်ဆာဖြစ်နေပြီး ဆေးရုံစရိတ်အကြွေးတင်နေကြတယ်။ အဲ့အချိန်မှာပဲ အားကျီရှယ်ယာဝယ်လို့အရူံးတွေပေါ်နေတယ် ဒါကြောင့်ဒီပြဿနာတွေကိုဖြေရှင်းဖို့ ပိုက်ဆံကို‌လုယူဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကို အားဟွာကအစ်ကိုကြီး ဟွားကျင်ကို အလုံးစုံပြောပြတဲ့အချိန် အားချွမ်ပြဿနာရှာတော့မယ်ဆိုတာကို ဟွားကျင်ကကြိုသိနေလို့သူ့လက်အောက်ခံသုံးယောက်ကို ရှောင်ပုန်းခိုင်းတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်နေကြမလဲ။ အာဏာကိုမက်မောသူရဲ့အဆုံးသတ်က မလှပပေမဲ့ အသက်ရှင်နေချိန် လောင်မြိုက်နေတဲ့လောဘတရားကို မြင်သာအောင်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်

6.1 2024
The Unwavering Brotherhood / Triad 3
The Dirty Dozen
7.7

ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန် အမေရိကန်စစ်တပ်အရာရှိ မေဂျာရိုက်စ်မန်းဟာ ‌ရိုင်းစိုင်းပြီးအမိန့်ကို ဖီဆန်တတ်ရုံမက ခံစားချက်မဲ့သူဆိုပြီး ဝေဖန်ရှုတ်ချခံရကာ အထက်လူကြီးတွေရဲ့ မျက်မုန်းကျိုးတာကို ခံရသူ။ တစ်နေ့မှာတော့ သူဟာ လူသတ်မှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေနဲ့ သေဒဏ် မဟုတ်ရင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၂ ယောက်ကိုရွေးကာ အပြင်းအထန်လေ့ကျင့်ပေးပြီး နာဇီအခြေစိုက်စခန်းတစ်ခုကို ၀င်တိုက်ရမယ့် စစ်ဆေးရေးတစ်ခုကို တာ၀န်ပေးအပ်ခြင်းခံခဲ့ရတယ်။ စစ်ဆင်ရေးကို အောင်မြင်ခဲ့ရင် အရွေးချယ်ခံထားရတဲ့ အကျဉ်းသားတွေဟာ အပြစ်ဒဏ် လျှော့ပေါ့ပေးခံရနိုင်ခြေရှိသလို လျှော့ပေါ့ပေးမခံရနိုင်တာမျိုးလည်းရှိမယ်။ အကျဉ်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆိုးသွမ်းပုံချင်းမတူကြပေမဲ့ အရာရှိတွေကို မုန်းတီးတဲ့နေရာမှာတော့ တူညီကြတယ်။ သူတိုရဲ့ရန်သူဟာ နာဇီတွေမဟုတ်ဘဲ အမေရိကန်စစ်တပ်အရာရှိတွေသာဖြစ်ပြီး ကမ္ဘာစစ်ကလည်း သူတိုနဲ့မဆိုင်၊ ခံယူချက်ကိုယ်စီနဲ့ ထိန်းချုပ်ရခက်တဲ့ စိတ္တဇလူသတ်ကောင် မုဒိမ်းကောင်တွေ။ ဒီလိုမျိုး ကိုင်တွယ်ရခက်ပြီး စည်းလုံးမှုမရှိတဲ့ အကျဉ်းသား တစ်ဒါဇင်ကို မေဂျာရိုက်စ်မန်းတစ်‌ယောက် ဘယ်လိုမျိုး လေ့ကျင့်ပေးမလဲ။ လေ့ကျင့်ရေးအပြီး စစ်ဆင်ရေးကိုလုပ်ဆောင်ချိန်မှာရော ဆိုးမိုက်လိုထောင်ကျနေတဲ့သူတွေနဲ့ဖွဲစည်းထားတဲ့ မေဂျာရိုက်စ်မန်းတိုအဖွဲဟာ စစ်ဆင်ရေးကို အောင်မြင်အောင်လုပ်ဆောင်နိုင်မလား။ စစ်ဆင်ရေးအောင်မြင်သွားခဲ့သည်ရှိသော် အကျဉ်းသားတွေကရော အပြစ်ဒဏ်လျှော့ပေါ့ပေးခံရလေမလား…..။ The Dirty Dozen ဟာ ၁၉၆၇ ခုနှစ်ထွက် ဂန္တ၀င်မြောက် စစ်ကားကြီးတစ်ကားဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်သွားခဲ့ပေမဲ့ ဒီနေ့ထိတိုင် ဇာတ်ကားကောင်းစာရင်းထဲ၀င်နေဆဲဖြစ်တာမို အချိန်ပေးရကျိုးနပ်စေမှာပါ။ File size…(13.5 GB)/(4.1 GB)/(2 GB) Quality….WEB-DL HEVC 4K/ Blu-Ray 1080p / 720p Format… mp4 Duration…. 02:30:00 Genre… Action, Adventure, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Romance • Drama
7.7 1967 149 mins
The Dirty Dozen
The Sixth Sense
8.2

The Sixth Sense (1999) IMDb Rating (8.2) / Rotten Tomatoes (86%) မင်းသားကြီး ဘရုစ်ဝီလီ ရဲ့ ၁၉၉၉ က ဇာတ်ကားဟောင်းလေးပါ။ အော်စကာ ဆန်ကာတင် ခြောက်ခုအထိဝင်ခဲ့တဲ့ Psycho-Thriller ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကလေးသူငယ်စိတ်ဓါတ်မြှင့်တင်ရေးအလုပ်တွေမှာစိတ်ရောကိုယ်ပါနှစ်ထားတဲ့ ဒေါက်တာမယ်လ်ကွန်ဟာ ကလေးတယောက်ကိုကူညီဖို့ပျက်ကွက်ခဲ့တယ်။ ဒီအလုပ်နဲ့ပါတ်သက်ပြီး စိတ်ရောကိုယ်ပါနှစ်ထားတဲ့သူ့အတွက်တော့ ဒီပျက်ကွက်မှုဟာ သူ့ကိုယ်သူခြောက်လှန့်နေခဲ့တယ်.. တစ်နေ့မှာ သူ့ရဲ့ အောင်မြင်မှုတွေအတွက် မြို့တော်ဝန်က ဂုဏ်ပြုလွှာ ချီးမြှင့်တာကိုခံရပါတယ်။ သူ့ရဲ့ဇနီးနဲ့အတူ အောင်ပွဲခံနေစဉ်မှာပဲ ကလေးဘဝက သူ့ရဲ့လူနာဖြစ်ခဲ့ဖူးတဲ့ ဗင်းဆင့်ဆိုသူ အိမ်ထဲဖောက်ထွင်းဝင်ရောက်လာပါတယ်.. သူ့ကိုမကူညီပေးနိုင်ခဲ့တဲ့ ဒေါက်တာခရိုးကို ဒေါသတကြီး လာရှာခဲ့တာပါ.. သူ့စိတ်က ဒီကလေးပေါ်မှာ စွဲလန်းနေခဲ့သလို ကိုးလ် ဆိုတဲ့ ၉ နှစ်အရွယ်ကလေးတယောက်မှာ ဒီလိုစရိုက်လက္ခဏာတွေတွေ့လာရတဲ့အခါမှာသူဟာ ဇနီးကိုပါ တာဝန်မကျေသလိုဖြစ်ခဲ့ရတယ်.. ကိုးလ်ဆိုတဲ့ကလေးကလဲ မွေးရာပါ တမလွန်ကလူတွေကိုမြင်ရတဲ့စရိုက်တခုပါလာခဲ့တယ် သူဟာဝိဉာဉ်တိုင်းကို မြင်နိုင်ခဲ့ပြီး ဒီအစွမ်းကပဲ ဒီဇာတ်လမ်းရဲ့အဓိက မြှုပ်ကွက်ဖြစ်လာခဲ့တယ်.. ကိစ္စတွေဘယ်လိုရှုပ်ထွေးသွားဦးမလဲ ဒေါက်တာခရိုးတစ်ယောက် အတိတ်ကနေ ရုန်းထွက်နိုင်ပါ့မလား.. ဇာတ်လမ်းဇာတ်ကွက်အကူးအပြောင်းများနဲ့ ရင်ခုန်စရာ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ကြည့်ရင်းတွေးရတဲ့ဇာတ်ကားမျိုးဖြစ်တာကြောင့် အညွှန်းအများကြီးမဆက်တော့ပါဘူး ကြည့်ဖြစ်အောင်ကြည့်လို့သာ လက်တို့ပါရစေ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Thway ဖြစ်ပါတယ်။) File size… (9.8 GB) / (2.9 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:47:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Min Thway

Comedy • Drama
8.2 1999 107 mins
The Sixth Sense
Final Destination Bloodlines
7

IMDb Rating (7.0) / Rotten Tomatoes (92%) လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စပြီး စိတ်ဒဏ်ရာ မျိုးစုံပေးခဲ့တဲ့ “သေခြင်းဆိုးဖြင့်သေကြသူများ” ရုပ်ရှင် ၆ ကားမြောက်ထွက်လာပါပြီ။ ဒါရိုက်တာကတော့ Zach Lipovsky & Adam Stein တို့ပါပဲ။ FD ရုပ်ရှင်တွေရဲ့ အမာခံ ဇာတ်ကောင်ကြီး Tony Todd (Nov 2024 တွင် ကွယ်လွန်) လည်း နောက်ဆုံးအနေနဲ့ ပါဝင်ထားပါတယ်။ အရင်ရုပ်ရှင်တွေကြောင့် သံချောင်းတွေ၊ သစ်လုံးတွေ၊ ရိုလာကိုစတာတွေ တွေ့တိုင်း လန့်နေရအပြီးမှာ ဒီရုပ်ရှင်ကြည့်ပြီးရင်ရော ဘာတွေလန့်ရမလဲ တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း +++++++++++++ ဒီ ရုပ်ရှင်ထဲမှာ ပထမဆုံး အမြင်ကြိုရခဲ့တဲ့ အိုင်းရစ်ကတော့ ရုပ်ရှင် ၆ ကားလုံးမှာ အစောဆုံး အမြင်ကြိုရတဲ့သူ ဖြစ်ပါတယ်။ 1968 မှာ ဖြစ်ခဲ့တဲ့အဖြစ်ကို အခြေခံပြီးတော့ ပြီးခဲ့တဲ့ရုပ်ရှင်တွေနဲ့ ဆက်စပ်ခဲ့သလို နောက်ဆုံး ဖြစ်စဉ်အထိ ဆွဲခေါ်သွားခဲ့တာပါပဲ။ အိုင်းရစ်ဆိုတဲ့ မိန်းခလေးဟာ ကပ်ဆိုးကြီးတစ်ခုကို ကြိုမြင်ပြီး ၁၉၆၈ မှာ ရှောင်ရှားနိုင်ခဲ့လို့ လူရာနဲ့ချီပြီးအသက်ဘေးက လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ သေမင်းဟာ အမြဲအကြွေးဆပ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း အဲဒီ ရာနဲ့ချီတဲ့လူတွေကို လိုက်ရှင်းသလို အစကတည်းက ရှိမလာရမဲ့ အဲဒီလူတွေရဲ့ မျိုးဆက်တွေကိုပါ ဆက်တိုက်လိုက်ရှင်းနေတာပါပဲ။ အခုဇာတ်လမ်းမှာတော့ အိုင်းရစ်ရဲ့ သားသမီးနဲ့ မြေးတွေဆီကို အလှည့်ကျလာပြီဖြစ်လို့ ဘယ်သူတွေ ရှောပြီး ဘယ်သူတွေ လွတ်ကြမလဲ ဆက်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ File Size… (4.18GB)/(1.58 GB) /(977 MB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama
7 2025 110 mins
Final Destination Bloodlines
Café Noir
7.5

Café Noir (2009) ************************** IMDb – 7.5 ဒီတစ်ခါမှာတော့ Extreme Job, Beyond Evil, The Auditors အစရှိတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိလာကြတဲ့ မင်းသားကြီး Shin Ha Kyun နဲ့ မင်းသမီး Moon Jeong Hee, Jung Yu Mi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Cafe Noir ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ ရုရှားစာရေးဆရာ Fyodor Dostoyevsky ရဲ့ “White Nights” နဲ့ ဂျာမန်စာရေးဆရာ Johann Wolfgang von Goethe ရဲ့ “The Sorrows of Young Werther” စာအုပ်ကို အခြေခံထားပြီး အချစ်နဲ့အလွမ်းအဆွေးကို တစ်ပြိုင်နက်တည်း ခံစားရနိုင်တဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ******************** ယောင်းဆူ (Shin Ha Kyun) ဟာ ဂီတဆရာတစ်ဦးဖြစ်ပြီး ကျောင်းသားမိဘဖြစ်တဲ့ မီယွန်း (Moon Jeong Hee) နဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မီယွန်းရဲ့ ခင်ပွန်းဖြစ်သူ ပြန်လာတဲ့အခါမှာ မီယွန်းက လမ်းခွဲသွားခဲ့တဲ့အတွက် မီယွန်းရဲ့ ခင်ပွန်းကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ သူချစ်ရတဲ့အမျိုးသမီးကို ပျော်ရွှင်စေဖို့အတွက် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာတွေနဲ့ ယောင်းဆူဟာ တစ်နေ့မှာ ဆွန်းဟွာ (Jung Yu Mi) ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပြီးနောက် ဆွန်းဟွာရဲ့ ဇာတ်ကြောင်းတွေကို နားထောင်ပေးရင် ချစ်မြတ်နိုးမိလာပါတော့တယ်။ ဒါပေမဲ့ ဆွန်းဟွာနဲ့ ပတ်သက်ပြီးတော့လည်း ထပ်တူညီတဲ့ စိတ်ဒဏ်ရာကိုပဲ ထပ်ရလာတဲ့အခါမှာတော့…. ဇာတ်အိမ်က ရုတ်တရက်ကြည့်ရင်တော့ ရိုးရှင်းတယ်ထင်ရပေမဲ့ ဇာတ်သိမ်းပြီးသွားတဲ့အခါမှာတော့ တွေးစရာတစ်ခု ချန်ထားပေးနိုင်တဲ့ ရုပ်ရှင်လို့ပဲ ပြောရပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ အလွမ်းအဆွေးတွေအကြောင်းကို အနုပညာဆန်ဆန် ကြည့်ရှုခံစားလို့ရနိုင်တဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Nyein Sandiက ရေးသားထားပါတယ်) File Size – 3.68 GB/ 1.31 GB Quality – WEB-DL 1080p/ 720p Duration – 3h 41m Format – mp4 Genre – Romance, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Nyein Sandi Encoded by – Treasure Htet

7.5 2009 198 mins
Café Noir
Monkeybone

Monkeybone (2001) ———————————– ကျွန်တော့်အတွက် ငယ်ဘဝ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ရုပ်ရှင်တွေက အတော်လွှမ်းမိုးမှု ရှိခဲ့တယ်ပြောရမယ်။ The Mummy ထွက်လာတော့ အရမ်းကြိုက်ခဲ့တာ ရတနာသိုက်ရှာသလို စွန့်စားခန်းလည်းပါ ကြောက်စရာတွေလည်းပါ ထူးဆန်းတာတွေရောဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ။ ဒီတော့ Brendan Fraser ကြီးကို မံမီမင်းသားဆိုပြီး မှတ်မိသွားတော့တာပဲ။ သူ့ရဲ့ တာဇံဟာသကား George of the Jungle တို့ နတ်ဆိုးဆီက ဆုတွေတောင်းတဲ့ Bedazzled တို့ဆို အရမ်းကိုရယ်ခဲ့ရတာ။ ဒီတော့ အဲဒီငယ်ဘဝတုန်းက ဒီ Monkeybone ဆိုတဲ့ကားလေးကိုလည်း သူ့အစွဲကြောင့် ကြည့်ခဲ့မိရော။ ရှေ့ကကားတွေကို မမှီဘူးဆိုပေမဲ့လည်း 2000 ကာလ Brendan ကြီးရဲ့ သရုပ်ဆောင်မှု ဇာတ်လမ်းဇာတ်အိမ် ထူးဆန်းပြီး ရယ်ရတာတွေကြောင့် တော်တော်လေး Fun ဖြစ်ပြီး Nostalgia ဖြစ်စေမှာ သေချာတယ်။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ Monkeybone ဆိုတဲ့ ပရမ်းပတာ ဟာသကာတွန်းလေး ဖန်တီးပြီး အောင်မြင်နေတဲ့ စတူးဆိုတာက လူတွေရှုပ်ရှုပ်ရှက်ရှက်နဲ့ အောင်မြင်လာတာတောင်မှ သူ့ဘာသာသူ ချစ်သူဖြစ်သူ ဒေါက်တာဂျူလီနဲ့ အေးအေးဆေးဆေးနေချင်တဲ့ ကာတွန်းအနုပညာရှင်။ တစ်ညကျ ကားမတော်မဆမှုဖြစ်ပြီး စတူးတစ်ကောင် ကိုမာဝင်ပြီး တမလွန်လို အိပ်မက်ဆိုးကမ္ဘာရောက်သွားရော။ အဲဒီမှာ သူဖန်တီးထားတဲ့ မန်းကီးဘုန်းဆိုတဲ့ အရိုင်းအစိုင်းမျောက်နဲ့လည်း သွားတွေ့နေသေးတယ်။ ဒီမှာ ပြဿနာက လူ့ကမ္ဘာဖက်က စတူးအစ်မက မောင်နှမချင်းပေးထားတဲ့ ကတိစကားကြောင့် ကိုမာဝင်နေတာကို အသက်မဆက်ပေးတော့ပဲ ၃ လနေရင် ပလပ်ဆွဲဖြုတ်ပြီး ပေးသေလိုက်တော့မယ်ဆိုတာကို စတူးတစ်ကောင် အောက်ကနေ သိလိုက်ရတော့ အိပ်မက်ဆိုး နတ်ဘုရားအကူအညီယူပြီး သူ့ဘော်ဒါ မျောက်ရိုင်းလေးနဲ့ လူ့ပြည် ဘယ်လိုပြန်တက်ကြမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရယ်မောစရာလေးတွေနဲ့ ကြည့်ရမှာပါ။ ဒီဇာတ်ကားက ရယ်စရာလည်းကောင်းသလို အဲဒီခေတ်တုန်းက ကြည့်ခဲ့ရတာ Creepy လည်း ဖြစ်ပါတယ်။ အကောင်တွေ ဖန်တီးထားတာ စိတ်ကူးယဉ်တာ ပုံရိပ်တွေက ကျောချမ်းစရာလည်းကောင်းခဲ့တယ်။ အခုမှ သေချာပြန်ကြည့်မိတော့ ဒီကား ဒါရိုက်တာ Henry Selick ဆိုတာက အဲဒီလို Creepy ဆန်ဆန် Animation ရုပ်ရှင်တွေဖြစ်တဲ့ Coraline တို့ The Nightmare Before Christmas တို့ James and the Giant Peach တို့ကို ဖန်တီးထားတဲ့ ဆရာကြီးဖြစ်နေရောဗျာ။ တစ်ခုတော့ပြောချင်ပါတယ် ဒီကားကို ကြည့်မယ်ဆို Rating ကို တစ်ချက်လောက် ခေါက်ပစ်ထားလိုက်ပါ။ 2000 ကာလတုန်းက လက်ရာတစ်ခုကို ပြန်စီးမျောတဲ့အနေနဲ့ပဲ အေးဆေးသာယာစွာ ခံစားကြည့်ရှုလိုက်ပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.8 GB / 880 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

0 2001 93 mins
Monkeybone