YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Spartacus (2010) - S02E01 - Fugitivus 1080p BluRay {CM}.mp4

1.66 GB 1080p video/mp4 925 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tinnitus
8

နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 45Min Genre - Drama, Horror, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
8 2023 105 mins
Tinnitus
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Bromates
4

Bromates (2022) သင်ဟာ စော်ပစ်ကောင်တစ်ယောက်ဆိုရင်တော့ … ရီဗျူးဖတ်မနေဘဲ ဒီကားကို တန်းသာဒေါင်းကြည့်လိုက်ပါတော့ ညိုကီတို့ရေ ဘာလို့ဆို ဒီကားက ညိုကီတို့လို စော်ပစ်ကောင်တွေအကြောင်း ဖြစ်လို့ပါပဲ။ စော်မပစ်သေးလည်း နောင်ရေးအတွက် မျှော်မှန်းပြီး ဖြေသိမ့်နည်း အဖြာဖြာ လေ့လာထားနိုင်ပါတယ်။ စော်မရှိတွေကလည်း ပညာယူကြပေါ့ဗျာ ထူးခြားချက်ကတော့ ဒီကားမှာ Snoop Dogg ကြီးလည်း ဘာမဆိုင်ညာမဆိုင် ဖြတ်လျှောက်လုပ်ထားသေးတာဗျ… ပြောရရင်တော့ ဒေါ့ဒေါ့နဲ့တွေ့မှ ပြောင်းလဲကုန်ကြသည်ပေါ့ဗျာ … ဒီတော့ ဆက်မနှိမ်ဘဲ ဇာတ်လမ်းအကျဉ်းလေး ပြောပြမယ် အဓိက ဇာတ်ဆောင်က ၄ ယောက်။ ငယ်ငယ်ကတည်းက ပြောမနာဆိုမနာတွေ ဖြစ်ပြီး အခုတော့ ကိုယ်စီအလုပ်နဲ့မလို့ မဆုံဖြစ်ကြတဲ့ ဘော်ဒါတစ်သိုက်ပေါ။ ဒါမဲ့ တစ်နေ့မှာ ဒီလေးယောက်ဆုံနိုင်ဖို့အရေး ကံကြမ္မာက သူတို့ထဲက နှစ်ကောင်ကို တစ်ရက်တည်းအပြိုင် စော်ပစ်ကောင်ဇာတ်သွင်းပေးလိုက်ပါလေရော။ အဲဒီမှာ တစ်ကောင်က စော်တ၊ တစ်ကောင်ကတော့ One go, two come, three ready Thank You, Next ဆိုပြီး ကျန်တဲ့ ၂ယောက်နဲ့ပေါင်း လဒမှိုင် မှိုင်နေတဲ့ကောင်ကို cheer up လုပ်ရင်းက အိုးနင်းခွင်းနင်းကြတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ် ပေါကားချင်း တူတူတောင် နိုင်ငံခြားကကျလည်း ကြည့်အကောင်းသားမလို့ အမောပြေအပန်းပြေ စမ်းကြည့်ကြဖို့ တိုက်တွန်းရင်း အညွှန်း နဲ့ ဘာသာပြန်ကတော့ Yoon Sandi Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 1.4GB | 790MB | 441MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Yoon Sandi Aung Encoder ….. August

Comedy • Horror
4 2022 97 mins
Bromates
Deborah

Deborah (2022) အားလုံးကို လက်တလောမှ ထွက်ရှိထားတဲ့ Sci-fi, Comedy movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်တုန်းက ကိုယ့်ဆီမှာ အချိန်ကိုနောက်ပြန်ရစ်လို့ရမယ့် ရီမုဒ်ကွန်ထရိုးရှိရင်ကောင်းမယ် တွေးဖူးကြတဲ့သူရှိရင် ဒီဇာတ်ကားက အဲဒီအတွက်အဖြေကောင်းပါပဲ။ ဇာတ်လမ်းအစကိုတော့ ငယ်ပေါင်းသူငယ်ချင်းတစ်စု အဲလ်ဘတ်နဲ့အေဒါတို့ရဲ့ စေ့စပ်ညပါတီပွဲတက်ပုံနဲ့ စထားပါတယ်။ အဲလ်ဘတ်တို့ပိုင်ထားတဲ့ ဒက်ဘရာ(Deborah)ဆိုတဲ့ AI က အချိန်ကိုရပ်ပြီး အချိန်အနည်းငယ်လောက်ကိုပြန်ရစ်ပေးနိုင်တာပါ။ အဲလ်တို့က ပြီးပြည့်စုံတဲ့ညကိုဖန်တီးနိုင်ဖို့အတွက် အချိန်ကိုခဏခဏပြန်ရစ်ကြပါတယ်။ အစကတော့ ဘေးထွက်‌ဆိုးကျိုးကြောင့် တခြားသူတွေက Déjà Vu လိုမျိုးပဲခံစားရပေမယ့် ကြာလာတော့ရိပ်မိသွားပါတယ်။ အားလုံးသိကုန်ကြတဲ့အချိန်မှာ အကုန်ဝိုင်းသုံးကြရင်း ပေါက်ကရလေးဆယ်တွေစဖြစ်ကုန်ပါတော့တယ်။ ‌ဒီဇာတ်ကားမှာ ငယ်ပေါင်းသူငယ်ချင်းတစ်စု‌ ရောက်တတ်ရာရာစကားထိုင်ပြောနေကြတာကိုကြည့်ရင်းနဲ့ ‌ကျောင်းကန်တင်းမှာသူငယ်ချင်းတွေနဲ့ နေခဲ့ရ ပြောခဲ့ရတာတွေကို လွမ်းဆွတ်စေမယ့် Nostalgia Vibe မျိုးပြန်ရစေမှာပါ။ ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ဇာတ်ကားဆိုပေမဲ့ တစ်ချက်တစ်ချက် Dialogue တွေက ကြည့်ရှုသူတွေရဲ့လက်ရှိဘ၀နဲ့ပါ ယှဉ်ကြည့်မိရင်း တစ်မိနစ်လောက်အတွေးထဲ နစ်မြောသွားစေနိုင်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 743MB Quality – 1080p, 720p Format – mp4 Duration – 1H 28Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Drama
0 2022
Deborah
Goodbye 2
6

သိပ်မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Good Bye 1 ရဲ့ အဆက်လေးပါ အရင်ကားကိုကြည့်ချင်တယ်ဆိုရင်တော့အောက်ကလင့်မှာဝင်ရောက်ကြည့်နိုင်ပါတယ် Goodbye I ( 2022 ) – Channel Myanmar တုန်းပေမှာ အသုဘကိစ္စတွေကိုလုပ်ဆောင်တဲ့ ဖန့်တမင်ပိုင် ဆိုသူဟာ အမှားတွေ မြောက်များစွာ ကျူးလွန်ခဲ့ပေမဲ့လို့ သူ့ရဲ့ အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အဖွဲ့ပြန်လည်ဖွဲ့စည်းကာ သုဘရာဇာအလုပ်ကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ် ။ ဖခင်ရဲ့ သေဆုံးမှုနဲ့ သမီးငယ်ဖြစ်သူရဲ့ ခွဲစိတ်စရိတ် အစရှိတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဖန့်တမင်ပိုင် တစ်ယောက် စျာပနာတစ်ခုစီစဥ်ပေးဖို့အတွက် မထင်မှတ်ပဲ လက်ခံရရှိခဲ့ပါတော့တယ် ။ ဒီကိစ္စတွေ လုပ်ကိုင် နေစဥ်အတွင်းမှာပဲ ပြဿနာတွေအများကြီး ကြုံတွေ့ခဲ့ရသလို အလုပ်အပ်သူရဲ့ ထူးဆန်းမှုတွေကလဲ တစ်ဖြည်းဖြည်းနဲ့ ပေါ်ပေါက်လို့လာခဲ့ပါတယ် ။ ❏ ဒီတော့ ဒီဆန်းကျယ်လှတဲ့ စျာပနကို ဖန့်တမင်ပိုင် တစ်ယောက် ဘယ်လိုကိုင်တွယ်မှာလဲ ? ❏ ဒီစျာပနရဲ့ နောက်ကွယ်က အဖြစ်မှန်ကရော ဘယ်လိုဖြစ်နေမလဲ ? ❏ သူနဲ့ရော ဘာအညှိုးအတေးတွေ ရှိနေနိုင်မလဲ ? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ ။ ဒီဇာတ်ကားအတွင်းမှာ ဝမ်းနည်းမှု ပျော်ရွှင်မှု အစရှိတဲ့ ရသမျိုးစုံကို ရောယှက်ပြီးဖော်ပြထားတာ ဖြစ်တာမို့ အခုပဲကြည့်လိုက်ရအောင်ပါနော် ။

6 2023
Goodbye 2
Let’s Get Married
5.8

Let’s Get Married (2023) IMDb-6.3/10 CM ပရိသတ်ကြီးအတွက် ရုံတင်ပြီး ပထမဆုံး၄ ရက်အတွင်း ရုံတင်ငွေ ၈ ကုဋေထိရခဲ့တဲ့ ရိုမန့်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Harish Kalyan နဲ့ Ivana တို့နှစ်ယောက်လုံးက ချောချောလေးနဲ့ လိုက်ဖက်ညီကြတာရော ၊ | ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတာရောကြောင့် ချစ်လိုက်သတ်လိုက် ရယ်လိုက်မောလိုက်နဲ့ ရှုစားရမှာပါ “ချစ်သူတွေအဖြစ်မသတ်မှတ်သေးဘဲ အရင်တွဲကြည့်ကြမယ်” “လက်မထပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်| ခရီးတွေအတူထွက်ကြမယ် အတူနေကြည့်ကြမယ်” ဒါတွေက ကြားဖူးနေကျပါ “လက်မထပ်ခင် ယောက္ခမနဲ့အဆင်ပြေမပြေနေကြည့်ကြမယ်” ဆိုတာမျိုးရော ကြားဖူးကြလား ဂေါ်သမ်နဲ့ မီရာတို့က နှစ်နှစ်လောက်တွဲကြည့်ကြမယ်ဆိုရာက နှစ်နှစ်ကြာအပြီးမှာ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ချစ်သူတွေ အမေ့ကို တစ်ယောက်တည်းပစ်မထားချင်ခဲ့တဲ့ဂေါ်သမ် နဲ့ နှစ်‌ယောက်တည်းပဲဘဝကိုစချင်တဲ့ မီရာ.. အားလုံးညှိကြနှိုင်းကြပြီးနောက်မှာဆုံးဖြတ်လိုက်တာက ယောက္ခမနဲ့အဆင်ပြေမပြေကြိုသိရအောင် လက်မထပ်ခင် ခရီးအတူထွက်ကြည့်ကြဖို့ပါ သမီးယောက္ခမနှစ်ယောက်အတူထွက်ကြတဲ့ ခရီးမှာ ပူပူလောင်လောင်တွေမပါဘဲ ၅၂၈ မေတ္တာရှင်နဲ့ ၁၅၀၀ အချစ်တို့ကြား သံစဉ်ချိုချိုအရယ်‌အမောလေးတွေနဲ့ ကြည့်ရှူရမှာပါ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ Dee ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ်

Comedy • Romance • Drama
5.8 2023
Let’s Get Married
Escobar: Paradise Lost
6.5

Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက် အချစ်နဲ့ အန္တရာယ်ကြားထဲက သည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကို အသားပေး ဖော်ပြထားပါတယ်။ ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson က နစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲ တွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့ The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတား Josh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။ နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူ အလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီး ချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်း မူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။ အစပိုင်းမှာတော့ သူတို့အချစ်ရေးက အားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက် ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်.. အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ အန္တရာယ်များပြီး ကြောက်မက်ဖွယ်ကောင်းတာတွေက ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ ပါဘလိုအက်စကိုးဘားနဲ့ပတ်သက်နေသရွေ့ သူတို့အဖို့ မလုံခြုံနိုင်မှန်း သဘောပေါက်သွားချိန်မှာ နစ်ခ်ဟာ မာရီယာနဲ့အတူ ကိုလံဘီယာက ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ်။ သူတို့ မပြေးနိုင်ခင်မှာပဲ အက်စကိုးဘားက သူ့လူယုံတွေကို အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်လိုက်ပါတယ်။ နစ်ခ်ကိုလည်း သူ့ရဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းဖျောက်ဖျက်တဲ့အစီအစဉ်မှာ ပါဝင်ခိုင်းခဲ့ပြန်ပါတယ်။ ပစ္စည်းတွေဖျောက်ဖျက်ရုံတင်မဟုတ်ဘဲ လမ်းပြသူကိုပါ တစ်ခါတည်း နှုတ်ပိတ်ရမယ့်တာဝန် ရှိလာခဲ့ချိန်မှာ သာမန်လူတန်းစားဘဝက လာခဲ့သူ နစ်ခ်ဟာ သူ့တာဝန်ကို ပြီးဆုံးအောင် မလုပ်နိုင်ဘဲ လမ်းပြကို လွှတ်ပေးမိခဲ့ ပါတယ်။ အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ဘဲ ပါဘလိုအက်စကိုးဘားကို ဆက်သွယ်ခဲ့ချိန်မှာတော့ နှုတ်ပိတ်ခံရမယ့်စာရင်းမှာ သူလည်းအပါအဝင်ဖြစ်နေတယ်ဆိုတာ နစ်ခ်ဟာ ရိပ်စားခဲ့ပါတယ်.။ အက်စကိုးဘားရဲ့ သွေးအေးတဲ့လှည့်ကွက်တွေကြားထဲမှာ နစ်ခ်က ရုန်းထွက်ဖို့ ကြိုးစားလေ ညှို့ချက်မိသလို ဝဲလည်ရင်းနဲ့ သူ စီစဉ်ထားတဲ့ ထွက်ပြေးမယ့် အစီအစဉ် အထမြောက်မှာလား. အက်စကိုးဘားရဲ့ လက်တံရှည် တွေကြားထဲမှာ ပြန်မိမှာလား ဆိုတာကို ဇာတ်လမ်းအဆုံးထိ သည်းထိတ်ရင်ဖို ခံစားကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.6 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.5 2014
Escobar: Paradise Lost
Legend of Changbai Mountain Hunter
5.7

အရမ်းအေးပြီးနှင်းထူထပ်တဲ့ တရုတ်ပြည်အရှေ့မြောက်ပိုင်းဒေသမှာ ထူးဆန်းတဲ့ဒေသန္တရဇာတ်လမ်းတွေ အရပ်ပုံပြင်တွေနဲ့ ပြည့်နေတယ်။ မုဆိုးကြီးတစ်ယောက်ရဲ့မိန်းမကရောဂါအပြင်းအထန်ဖြစ်နေပြီးတော့ မြွေကြီးရဲ့သည်းခြေနဲ့ဆေးဖော်သောက်မှ ပျောက်မယ်ဆိုလို့ မုဆိုးကြီးကမြွေသည်းခြေသွားရှာခဲ့တယ် အိမ်ပြန်ရောက်လာတဲ့အချိန်မှာ သားလေးဟာ ရုတ်တရက်ပျောက်သွားခဲ့တယ်။ ရွာသားတွေကဒါက မြွေနတ်ကပြန်ပြီးလက်စားချေတာလို့ပြောကြတယ်။ မိန်းမလဲဆုံး သားလဲပျောက်သွားတဲ့မုဆိုးကြီးက အဲဒီအချိန်ကစပြီး တောထဲမှာတစ်ယောက်ထဲနေနေခဲ့တယ်။ နောက်နှစ်(၂၀)ကြားတော့ ရွာကလူတွေရုတ်တရက်ရူးကုန်တယ်။ မြွေနတ်ကပြန်လာပြီးလက်စားချေတာဖြစ်မယ်ဆိုပြီး မုဆိုးကြီးကို ဖြေရှင်းခိုင်းကြတယ်။ ဒီလိုနဲ့မုဆိုးကြီးနဲ့ လူစိမ်းကောင်လေးတစ်ယောက် နောက်ပြီးတော့ ရူးနေတဲ့မိန်းမကိုကယ်ချင်တဲ့လူကြီးတစ်ယောက်ဟာ တောထဲမှာမြွေကြီးကိုနှိမ်နင်းဖို့ထွက်လာကြပါတယ်။ နှင်းတောကြီးထဲမှာဘယ်လိုအရာတွေကစောင့်နေမလဲ……. နတ်တွေတစ္ဆေတွေကတကယ်ရှိတဲ့အရာတွေလား…… ရူးသွားတဲ့ရွာသားတွေကိုပြန်ကယ်နိုင်ပါ့မလား……

Thriller
5.7 2024
Legend of Changbai Mountain Hunter
Cult Killer

Cult Killer (2024) မင်းသားကြီး Antonio Banderas ပါဝင်သရုပ်ဆောင်ထားတဲ့ စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီးချော Alice Eve က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းက ခပ်အေးအေးပါပဲ။ စုံထောက်ကားအစစ်ပီသတာပေါ့ဗျာ။ လူချမ်းသာတစ်ယောက် သတ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူဌေးတွေက အဲဒီအမှုကို ဆက်မလိုက်စေချင်ကြဘူး။ ဒါပေမဲ့ စုံထောက်တစ်ယောက်ကတော့ အဲဒီအမှုကို အလေးအနက်ထားပြီး လိုက်ဖို့လုပ်တယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို ငွေနဲ့ပေါက်ထုတ်လိုက်ပြီး သူ့ရဲ့အထက်လူကြီးတွေကို အမှုပိတ်ဖို့ ဖိအားပေးခိုင်းနေပေမဲ့ စုံထောက်က သူ့အသိ အလွတ်စုံထောက်တစ်ယောက်နဲ့ ပူးပေါင်းပြီး အမှုကိုဖော်ဖို့လုပ်တယ်။ အမှုကို ကိုင်ဖို့ ဆုံးဖြတ်ပြီး စစုံစမ်းတော့မယ့် အချိန်မှာပဲ အလွတ်စုံထောက်က အသတ်ခံလိုက်ရပါတယ်။ အလွတ်စုံထောက်ရဲ့ တပည့်မလေးက သူ့ဆရာကို သတ်သွားတဲ့ လူသတ်သမားကိုရှာရှင်း သူတို့လိုက်နေတဲ့ အမှုက အများကြီး ပိုရှုပ်ထွေးတဲ့အပိုင်းတွေ ပါလာတာကိုသိလိုက်ရပါတော့တယ်။ စိတ်ဒဏ်ရာတွေရခဲ့ပေမဲ့ ဆရာကောင်းနဲ့တွေ့ပြီး စုံထောက်ဖြစ်လာတဲ့ စုံထောက်မလေးနဲ့ မကောင်းဆိုးရွားတွေနဲ့တွေ့ခဲ့ပြီး လက်စားချေဖို့လုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့ ကောင်မလေးတစ်ယောက် သူတို့တွေ ဘယ်လိုထိပ်တိုက်ရင်ဆိုင်တွေ့ကြတာကို ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 525MB Quality – 1080p, 720p Format – mp4 Duration – 1H 45Min Genre – Adventure, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Romance • Comedy
0 2024 105 mins
Cult Killer
Spy
7

Spy(2015) IMDb Rating (7/10) / Rotten Tomatoes (95%) ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ “ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။ စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမယ့်မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက်လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကိုသိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်းဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။ သူကသင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါမြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။ ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်းအစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။ ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆုဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။ ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက်သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ့ထဲမှာပါတယ်။ ချုပ်ပြောရရင် သရုပ်ဆောင်တွေကော ဇာတ်လမ်းပါ ပျင်းဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။ “ငါသာ အတွေ့အကြုံမရှိဘဲ စပိုင်အနေနဲ့ထွက်လုပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ”။ ပြီးရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ မိုးမွှန်နေအောင်ရိုင်းထားတာကြောင့် ဒီရုပ်ရှင်နဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်တော့ ကောင်းကောင်းဆဲတတ်သွားမှာတော့သေချာပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။

7 2015 120 mins
Spy
Hoosiers
7.4

“Hoosiers” ဆိုတဲ့ ၁၉၈၆ ခုနှစ်ထွက် ရုပ်ရှင်ဟာ အားကစားပြိုင်ပွဲပေါ်မှာ အခြေခံထားတဲ့ အားကစားဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ “Hoosiers” ဟာ Norman Dale (Gene Hackman) ဆိုတဲ့ နိုင်ငံကျော် ဘတ်စကက်ဘောနည်းပြတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီး၊ သူက မြို့ငယ်တစ်မြို့ရဲ့ အားကစားအဖွဲ့ကို သင်ကြားရင်း သူ့ရဲ့ ကစားသမားလေးတွေနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရပါမယ်။ ဒီရုပ်ရှင်ဟာ အားကစားရုပ်ရှင်များထဲမှာ အထူးအဆန်းဖြစ်ပြီး၊ မျက်နှာချင်းဆိုင် သဘောထား၊ စိတ်ဓာတ်တက်ကြွမှုနဲ့ အဖွဲ့အစည်းစိတ်ဓာတ်တို့ကို အထင်ကြီးစေမှာပါ။ ဇာတ်လမ်းတစ်ခုလုံးက အားပေးမှုအပြည့်နဲ့ ရင်သပ်ရှုမောစေမှာပါ။ Gene Hackman နဲ့ Dennis Hopper တို့ရဲ့ သရုပ်ဆောင်မှုကလည်း အလွန်ထူးချွန်ပြီး၊ ဇာတ်လမ်းကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။ ဇာတ်လမ်းက အားပေးစကားတွေနဲ့ ပြည့်နေပြီး၊ ပြိုင်ဘက်အားပြိုင်မှုတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစေမှာပါ။ “Hoosiers” ဟာ အားကစားရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်တဲ့အတွက် ကြည့်ရှုပေးကြပါဦး။ File size…(2.5 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre… Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

Comedy • History • TV Movie
7.4 1986 114 mins
Hoosiers
Mr. Zoo: The Missing VIP
6.5

ဒီဇာတ်ကားလေးကတော့ ၂၀၂၀ ဇန်နဝါရီလောက်က ထွက်ရှိထားတာပါ အမျိုးအစားကတော့Drama/Comedy ဖြစ်ပြီး IMDB က 5.7/10 ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လူနဲ့တိရိစ္ဆာန်တွေကြားက အပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့ဂရုဏာတရားကိုဖော်ကျူးပေးထားပြီး တိရိစ္ဆာန်တွေရဲ့ခံစားချက်ကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဟာသကားကောင်းလေးတစ်ကားပါ။ လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပပေါ့။ သူနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးဆိုယောင်းကတော့တိရိစ္ဆာန်တွေကို အရမ်းချစ်တတ်တဲ့အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ချင်နေတဲ့ကလေးမလေးပါ။ တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။ တိရိစ္ဆာန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်း အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။ အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။ တိရိစ္ဆာန်တွေကို ဂရုမစိုက်လို့ဒဏ်ခတ်ခံလိုက်ရတယ်တဲ့။ အဲ့ဒီပြစ်ဒဏ်ကတော့အဲ့အချိန်ကစပြီးသူတိရိစ္ဆာန်စကားကိုနားလည်သွားတာပါ။ တိရိစ္ဆာန်တွေရဲ့ခံစားချက်တွေ၊ပြောစကားတွေကို နားလည်သွားပြီးနောက် ဂျူထယ်ဂျူတစ်ယောက်ဘယ်လို ပြောင်းလဲသွားမှာလဲဆိုတာကို CM ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါ။ ဟာသသရုပ်ဆောင်တော်တော်များများက အသံသရုပ်ဆောင် ပေးထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လေးကလည်းကောင်းလို့ ဟာသလေးတွေနဲ့ တဝါးဝါးတဟားဟားရယ်ရမှာဖြစ်တဲ့အတွက် ကြည့်ပျော်မယ့် ကားကောင်းလေးတစ်ကားဆိုတာတော့အသေအချာပါပဲလို့ညွှန်းချင်ပါတယ်။ ***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ် နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ

6.5 2020 114 mins
Mr. Zoo: The Missing VIP
Haunt Season
5

Haunt Season (2024) ******************** ဟောလိုဝင်း ပရိသတ်တွေအတွက် ဟောလိုဝင်း vibe ရစေမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သွေးပျက်ဖွယ် ခြောက်လှန့်မှုတွေ လုပ်ပြီးတော့ ဖျော်ဖြေမှုလုပ်တဲ့ သရဲအိမ်လိုမျိုး အလုပ်လုပ်တဲ့ အဖွဲ့တစ်ခုကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းပြောရရင်တော့ ဒီနှစ် ဟောလိုဝင်းရာသီချိန် ဒီအဖွဲ့သားတွေထဲက လူတွေ တဖြည်းဖြည်း တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးတာတွေ ဖြစ်လာသလို ဝင်ပြီး လည်ကြတဲ့ ဧည့်သည်တွေလည်း တစ်ချို့တစ်လေ ပျောက်ခြင်းမလှ ပျောက်သွားတာတွေ ဖြစ်လာကြပါတယ်။ ဒီမျက်နှာဖုံး လူသတ်သမားဟာ သွေးသံရဲရဲ ဟန်ဆောင်ခြောက်လှန့်မှု လုပ်တာတွေကို အမှန်တကယ် ကြောက်လန့်မှု ဖြစ်လာဖို့ ကြိုးစားလာတဲ့အခါမှာ ကျန်တဲ့အဖွဲ့သားတွေအနေနဲ့ ဒီသတ်ဖြတ်နေတဲ့သူက ဘယ်သူလဲ.. ဘာကြောင့် ဒီလိုတွေ လုပ်နေတာလဲ.. ဒီအိပ်မက်ဆိုးကနေ ဘယ်လိုမျိုး လွတ်အောင် ပြေးကြရမလဲဆိုတာတော့….။ (အညွှန်းကို Aoi မှ ရေးသားထားပါတယ်) File size…2.05GB / 824MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 22m Genre ….. Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by Aoi Encoded by AHtet

5 2024 81 mins
Haunt Season
Sky High
6.3

ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(915 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Superhero, Teen Comedy, Action, Comedy, Family, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bokutox

Drama • Mystery • Thriller
6.3 2005 99 mins
Sky High
Forever Home
5

Forever Home (2024) ဂျူးလ်စ်နဲ့ အန်ဒရူးလို့ခေါ်တဲ့လင်မယားနှစ်ယောက်ဟာ အိမ်အသစ်တစ်လုံးကိုလိုချင်ခဲ့တဲ့ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီလိုနဲ့ နှစ်နဲ့ချီ ပိုက်ဆံစုဆောင်းပြီးတဲ့နောက်မှာ အိမ်ဟောင်းလေးတစ်လုံးကို တစ်ခါထဲအပြတ်ချေပြီး ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အိမ်ကိုကြော်ငြာပေးခဲ့တဲ့ ပွဲစားက မသင်္ကာစရာကောင်းနေတာပါ။ များသောအားဖြင့် အိမ်စာချုပ်ချုပ်တဲ့အခါ မပြီးဆုံးနိုင်တဲ့ စာရွက်စာတမ်းမျိုးစုံကို နာရီနဲ့ချီအချိန်ပေးဖတ်ပြီးမှ နေရာမျိုးစုံမှာ ဝယ်ယူသူတွေက လက်မှတ်ထိုးကြတာပါ။ ဒါပေမဲ့ အခုပွဲစားကတော့ အလျင်လိုနေတဲ့အိမ်ငှားနှစ်ယောက်ကိုတွေ့တော့ အခွင့်ကောင်းယူပြီး ပိုင်ဆိုင်မှုသက်သေပြတဲ့စာချုပ်ထဲမှာ တစ်နေရာပဲလက်မှတ်ထိုးခိုင်းပြီး ချန်သွားခဲ့တာပါ။ ဒါကို ဂျူးလ်စ်နဲ့အန်ဒရူးဟာသတိမထားမိသေးပါဘူး။ အိမ်ကို ဝယ်ဖိ့လာကြည့်နေတုန်းကလည်း ထူးဆန်းတဲ့ အိမ်နီးချင်းတစ်ယောက်နဲ့ ဂျူးလ်စ်တို့တိုးခဲ့ပါသေးတယ်။ အိမ်သစ်ကိုရောက်ပြီး ရက်ပိုင်းအကြာမှာ အဲဒီအိမ်နီးချင်းကလည်း မလာသင့်တဲ့အချိန်တွေမှာရောက်ရောက်လာပါတယ်။ ဒီလိုနဲ့ အန်ဒရူးနဲ့ဂျူးလ်စ်တို့ဟာ မထင်မှတ်ဘဲ သူတို့ဝယ်လိုက်တဲ့အိမ်ရဲ့ လျှို့ဝှက်ချက်ကိုသိပြီးသွားတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.3 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:54:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

5 2024 115 mins
Forever Home