YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Space.Kids.2023.1080p.WEBRip.(CM).mp4

1.67 GB 1080p video/mp4 1215 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Olvido y León
6

ဇာတ်ကားနာမည်အတိုင်းပဲ အော်ဗီဒို နဲ့ လီယွန်တို့ မောင်နှမ နှစ်ယောက် အကြောင်းကို အဓိက တင်ဆက် ထားပါတယ်။ မွေးဖွားတဲ့နေ့ရက်တူပေမယ့် ကံကြမ္မာမတူတဲ့ သူတို့နှစ်ယောက်မှာ လီယွန်က Down Syndrome ဝေဒနာသည်လေး အဖြစ် မွေးဖွားလာခဲ့ပါတယ်. အဖေရော အမေပါ ဆုံးသွားပြီးတဲ့နောက် သူတို့နှစ်ယောက် တည်း ကျန်ခဲ့တဲ့အချိန်မှာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးတဲ့ လောကဓံတရားကလည်း သူတို့ကို ပြင်းထန်စွာ ရိုက်ခတ် လာပါတော့တယ်။ မိဘမဲ့အနေနဲ့ အစိုးရထောက်ပံ့ကြေး ယူ ထားရင်းနဲ့ပဲ ဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကိုလည်း လက် မလွှတ်နိုင်ဘဲ အောင်မြင်မှုနဲ့ ဝေးကွာရင်း စိတ်ကျန်းမာရေးပါ ထိခိုက်လာတဲ့ အော်ဗီဒို၊ အစ်မဖြစ်သူရဲ့ အခြေအနေကို အဆုံး စွန်ထိ ကာကွယ်ပြောဆိုရင်း ဉာဏ်ရည်မဖွံ့ဖြိုးပေမယ့် မေတ္တာ တရားများ ဖွံ့ဖြိုးကြီးထွားလာသူ လီယွန်တို့နှစ်ယောက် အခက် အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားရလောက်တဲ့အထိ စိတ်ဓာတ် တွေ ကျဆင်းနေသူအတွက် လီယွန်ရဲ့ ရိုးရှင်းစွာအားပေးလိုက်တဲ့ စကားလေးတစ်ခွန်းကိုလည်း ပြောပြချင်ပါတယ်။ “You Can Also Die of Success” (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size..........(1.7 GB) / (650 MB) / (380 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1H 47Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Sai Sumali Encoder..........SWM

Adventure • History
6 2021
Olvido y León
Cross the Yalu River

ဒီတခါတော့ CM ကနေပြီးတော့ 1950 ခုနှစ်ပတ်ဝန်းကျင်လောက်က စစ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1950 ခုနှစ် 6 လပိုင်းတွင် ကိုးရီးယားပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂစစ်တပ်မှ တရုတ်နိုင်ငံကို နံပါတ် ၇ စစ်သင်္ဘောနဲ့ စစ်လေယာဉ်များကို လွှတ်ပြီး ရှန်းတုန်းနှင့် တုန်းပေတို့ကို ပစ်ခတ်ဖောက်ခွဲခဲ့တဲ့အတွက် လူအများအပြား ဒဏ်ရာရခဲ့ရပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မော်စီတုန်းမှ ဦးဆောင်တဲ့ အရာရှိတွေက အမေရိကန်ကို တိုက်ခိုက်ပြီး ကိုးရီးယားကို ကူညီပေးဖို ကြေငြာခဲ့ပါတယ်။ အချိန် ၂ နှစ်ကျော် တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲကြီးကို ကိုယ်တိုင် ပါဝင်တိုက်ခိုက်နေရသလို ခံစားစေရအောင် ရိုက်ကွက်လှလှလေးတွေနဲ့ ရိုက်ပြပေးထားတဲ့အတွက် ဒီကားလေးကိုလဲ စစ်ကားတွေ ကြိုက်တတ်တဲ့ ပရိသတ်တို့ကို ကြည့်ဖို တိုက်တွန်းပါရစေ။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2021
Cross the Yalu River
It’s All My Fault

It’s All My Fault (2022) ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။ တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။ သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း မိခင်ဆီပြန်နိုင်ဖို့ ငွေကူစုပေးခဲ့တာပါ။ ဒီလိုနဲ့ ငွေအတန်အသင့်ရလာလို့ မျှော်လင့်ချက်တွေရှိလာပေမဲ့ ယုတရဲ့ ကံကြမ္မာက သူ့ရဲ့တည်ရှိမှုကိုက အမှားတစ်ခုဖြစ်နေတယ်လို့ သတ်မှတ်လိုက်ချင်စရာဖြစ်နေတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 965MB Quality – 1080p, 720p Format – mp4 Duration – 2H 1Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

0 2022
It’s All My Fault
All These Years
5.9

သင်ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့ အခြေအနေကို စဉ်းစားခဲ့ဖူးလား။ ပြန်တွေ့ရင် ဖက်ထားမိမလား၊ ထွက်ပြေးမိမလား။ ဒီကားလေးကတော့ မိုးအေးအေးနဲ့ အေးအေးဆေးဆေးကြည့်လို့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက တရုတ်တို့ ထုံးစံအတိုင်း သားကိုပဲ အလေးပေးပြီး သမီးကို ဂရုမစိုက်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ချန်ကျန့်ရှဟာ မိသားစုကနေ ရုန်းထွက်ဖို့အတွက် စာကြိုးစားပြီး ခရိုင်အထက်တန်းကျောင်းဖြစ်တဲ့ ကျန့်ဟွာအထက်တန်းကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ ကျန့်ဟွာအထက်တန်းကျောင်းမှာ ဆိုးသွမ်းပေမယ့်လဲ စိတ်ထားကောင်းတဲ့ လီရန်နဲ့ ခင်မင်သွားခဲ့ပြီး သူမဘဝအတွက် တစ်ခုတည်းသော အလင်းရောင် ဖြစ်သွားခဲ့ပါတယ်။ သူတို့ဟာ အချင်းချင်းအတွက် အလင်းရောင်တွေ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ ခွဲခွါခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်တွေ့တဲ့အချိန်မှ “သူ့ကိုထပ်ခါထပ်ခါချစ်နေမိတယ် ထင်နေခဲ့တာ၊ တကယ်တော့ သူ့အပေါ်အချစ်တွေက မရပ်တန့်ခဲ့တာပါ။” ဆိုတာကို နားလည်သွားခဲ့ပါတယ်။ အချစ်ကား ချိုချိုအေးအေးလေးကို မင်းသားရော မင်းသမီးရော ချောတာလေးမှ ကြိုက်တဲ့ပရိသတ်တို့အတွက် ဒီကားလေးကတော့ အကြည့်သင့်ဆုံး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။

TV Movie • Thriller
5.9 2023
All These Years
Cream of the Crop
5.7

Cream of the Crop (2022) =================== IMDb Rating – 5.7/10 ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ “Cream of the Crop”ဆိုတဲ့ ရယ်လည်းရယ်ရ စိတ်လည်းပျော်ရတဲ့ Drama ကားလေးပဲဖြစ်ပါတယ်။ လူတွေဟာ ကိုယ်တကယ်ချစ်တဲ့သူအတွက်ဆိုရင် သူ့မိသားစုက ကိုယ့်ကို လက်ခံပေးလာအောင်၊အကောင်းမြင်ခံရအောင် ကြိုးစားလေ့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် မိုက်ခ်ဂျဲရက်ဒ်ရဲ့ Crushလေးဂျိုဒီတို့မိသားစုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လက်ဆင့်ကမ်းလာကြသူတွေပါ။ မိုက်ခ်က တော့ စိုက်ပျိုးမွေးမြူရေးအကြောင်း နကန်းတစ်လုံးမှမသိတဲ့ မြို့သားပေါ့။ မိုက်ခ်ဟာ ကောင်မလေးရဲ့မိသားစုတွေနဲ့ တွေ့ရတိုင်း ယောက္ခမလောင်းတွေနဲ့ ယောက်ဖလောင်း ရှေ့မှာ အလွဲတွေချည်းလုပ်မိသူလေးပါ။ ဒါပေမဲ့ သူ့ခမျာ အမြင်ကြည်ခံရအောင် စိုက်ပျိုးမွေးမြူရေးအလုပ်တွေကို အားတက်သရော ကူပေးရှာပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့‌အချစ်လမ်းခရီးဟာ တတိယလူပေါ်လာလိုက်၊ မိသားစုအနှောင့်အယှက်တွေပေါ်လာလိုက်နဲ့ အတော်လေးကိုးလို့ကန့်လန့် နိုင်ပါတယ်။ အဲတော့ မိုက်ခ်နဲ့ ဂျိုဒီတို့ အဲလိုအခြေအနေတွေကို ဘယ်လို ကျော်ဖြတ်မလဲ၊ ဘယ်လိုညှိယူကြမလဲ၊ မိသားစုအသိုင်းအဝိုင်းမတူတဲ့ သူတို့ရဲ့လမ်းခရီးအဆုံးသတ်ကရော ပျော်စရာဇာတ်သိမ်းဖြစ်ပါ့မလားဆို တာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (784 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

5.7 2022 116 mins
Cream of the Crop
Mothers’ Instinct
6.3

The idea of youထဲက လန်ဒန်ဘွိုင်းလေးရဲ့ မမကြီး Anne Hathaway ရဲ့ crime dramaလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီတစ်ခါတော့ ချစ်တတ်တဲ့မမ မဟုတ်ဘဲ အချစ်ကြီးလွန်းတဲ့ မိခင်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ တွေ့မြင်ရမှာပါ။ စီလင်းတို့လင်မယားနှစ်ယောက် ခက်ခက်ခဲခဲ ကြိုးစားပြီးတော့မှ မက်စ်ဆိုတဲ့သားငယ်လေးကို မွေးလာတာပေါ့။ ဖြစ်ချင်တော့ မက်စ်လေးကို မွေးအပြီးမှာ စီလင်းတစ်ယောက် ချို့ယွင်းမှုတစ်ခု ရှိနေတာသိလိုက်ရပြီး မက်စ်လေးဟာ သူ့ဘဝရဲ့ တစ်ယောက်တည်းသောကလေးဆိုတာ သိလိုက် ရချိန်မှာတော့ ကလေးရူးရူးနေတဲ့စီလင်းတို့ မက်စ်လေးကို ပိုးလိုဥထားကြတာပေါ့။ စီလင်းတို့အိမ်ဘေးမှာရှိနေတာကတော့စီလင်းရဲ့ သူငယ်ချင်း အဲလစ်တို့လင်မယားဖြစ်ပြီးတော့ သူတို့မှာလည်း သီအိုဆိုတဲ့သားငယ်လေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပေါ့။ စီလင်းနဲ့ အဲလစ်တို့ခင်မင်ကြသလိုပဲ မက်စ်လေးဟာလည်း သီအိုရဲ့ကစားဖော်ဖြစ်နေခဲ့တာပေါ့။ ဒီလိုသာယာနေတဲ့ မိသားစုနှစ်ခုရဲ့အလယ်ကို ကံကြမ္မာဆိုးဝင်လာပြီးတော့ မက်စ်လေးကို ခေါ်ဆောင်သွားရာကစလို့ စီလင်းတစ်ယောက် တစ်စစနဲ့ပြောင်းလဲသွားတဲ့အခါ… မူရင်း French versionမှာကလည်း လူကြိုက်များသလို ဝတ္ထုကလည်းအောင်မြင်ထားတဲ့ ဒီရုပ်ရှင်လေးကို Anne Hathaway ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ပေါင်းစပ်လို့ ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။ File size…1.13GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

6.3 2024
Mothers’ Instinct
Penduko
6

ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင် ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကား ဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။ ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီ‌တွေနဲ့ ရိုးရာပုံပြင်ကို မီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကို ဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့ စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။ Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီက သဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ် တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကို မုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီး ဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာ တွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင် လုပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့ အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူ ဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီး အောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး၊ မောင်းထုတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…1.41GB / 724MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Romance • Comedy
6 2023
Penduko
Avengers: Age of Ultron
7.4

Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Avengers: Age of Ultron (2015) IMDb Rating (7.3 ) / Rotten Tomatoes (76 %) “Avengers: Age of Ultron” (2015) သည် Marvel Cinematic Universe (MCU) Phase 2 ရဲ့ ပဉ္စမမြောက် ဇာတ်ကားဖြစ်ပြီး၊ Avengers အဖွဲ့ရဲ့ စုပေါင်းစွမ်းအားကို ဒုတိယအကြိမ်ချပြခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tony Stark (Iron Man) နဲ့ Bruce Banner (Hulk) တို့ရဲ့ ကြိုးပမ်းမှုကြောင့် Ultron လို့ခေါ်တဲ့ ဉာဏ်ရည်တု AI စနစ်ကို ဖန်တီးမိပြီး၊ ဒီ AI စနစ်ဟာ လူသားတွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Ultron ဟာ သူ့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် Vision နဲ့ Scarlet Witch တို့လို စွမ်းအားရှိသူတွေကို ဖန်တီးပါတယ်။ Avengers အဖွဲ့ဟာ Ultron ရဲ့ ခြိမ်းခြောက်မှုကို တားဆီးဖို့အတွက် ပြန်လည်စုစည်းခုခံဖို့ဖြစ်လာတဲ့အခါမှာတော့….။ Vision ရဲ့ နဖူးမှာ တပ်ဆင်ထားတဲ့ Mind Stone ဟာ Infinity Stones တွေထဲက တစ်ခုဖြစ်ပြီး၊ MCU ရဲ့ နောက်ကားတွေအတွက် စကြာဝဠာကျောက်တုံးတွေကို တခုပြီးတခုမိတ်ဆက်နေခဲ့ပါတယ်၊ Budget $444–495.2 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $1.405 billion ထိပြန်လည်ရရှိခဲ့ပါတယ်။

7.4 2015 141 mins
Avengers: Age of Ultron
River of Blood
5.5

အခုလက်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးပေါ်မှာ လူသား မျိုးနွယ်တွေက တော်တော်တိုးတက်လာပြီဆိုပေမဲ့ ဟိုးအရင်ခေတ်နှောင်းတွေမှာကျန်ခဲ့တဲ့ လူမျိုးနွယ်စု တွေလည်း ကမ္ဘာ့နေရာအနှံ့မှာ ဟိုတစ်ကွက် ဒီတစ်ကွက် အများအပြားတည်ရှိနေပါသေးတယ်။ အဲ့ဒီလူမျိုးနွယ်စုတွေထဲကမှ သူတို့ယဉ်ကျေးမှုနဲ့သူတို့ အေးအေးဆေးဆေးသာသာယာယာ နေထိုင်နေတဲ့ လူမျိုးစုတွေရှိသလို တစ်ခါတစ်လေကြားရတတ်တဲ့ လူသားစားမျိုးနွယ်စုတွေလည်း ပွင့်ပွင့်လင်းလင်းသာ ထုတ်ဖော်မပြောပြပေမဲ့ တကယ်ရှိနေပါသေးတယ်။ ဒီလိုမျိုးနွယ်စုတွေနဲ့ပတ်သတ်ပြီး ကြောက်စရာကောင်းတဲ့ မျက်လုံးနဲ့စေ့စေ့တောင်မကြည့်ရဲအောင်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေလည်းအများကြီးထွက်ရှိခဲ့ပြီး အခုအချိန် မှာလည်း အသစ်ထွက်ရှိလာတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ River Of Blood ဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိ ရရှိထားတဲ့အတွက် မဆိုးလှတဲ့အခြေအနေမှာရှိပြီး အပျင်းပြေကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ တောထဲတောင်ထဲကို အပန်းဖြေ ခရီးထွက်လာတဲ့ စုံတွဲနှစ်တွဲကိုမြင်တွေ့ရမှာဖြစ်ပြီး ဂျက်စမင်နဲ့ ရစ်ချီတို့ကတစ်တွဲ အေဂျေနဲ့မာယာတို့ကတစ်တွဲဖြစ်ပါတယ်။ အေဂျေနဲ့ရစ်ချီတို့က ငယ်ငယ်ကတည်းက ခင်မင်လာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အခုအချိန်အထိလည်း ခင်မင်နေဆဲ သူငယ်ချင်း ၂ ယောက်ဖြစ်ပါတယ်။ သူတို့က ကနူးလှေလှော်ပြီး မြစ်ကြောင်းအတိုင်းခရီးထွက်ဖို့ စီစဉ်ထားခဲ့ကြပြီး နစ်ခ်ဆိုတဲ့လမ်းပြတစ်ယောက်ကဦးဆောင် လိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမယ့်တစ်ချက်သတိထားရမှာက အဲ့ဒီမြစ်နဲ့ကပ်လျက်တောအုပ်ထဲမှာ လူသားစားလူရိုင်းတွေ ရှိနေပြီး သူတို့ရှိတဲ့နေရာကိုသွားပြီးမကျူးကျော်မိဖို့ပဲ ဖြစ်ပါတယ်။ဒီလိုနဲ့စစချင်းမှာတော့ ပျော်ပျော်ပါးပါးခရီးသွားခဲ့ ကြပြီး ငြိမ်းချမ်းတဲ့သဘာ၀အလှတရားတွေကိုခံစားရာကနေ လူသားစားလူရိုင်းတွေနဲ့ ဘယ်လိုပတ်သတ်မိကုန်ကြမလဲ ဆိုတာကို ရှုစားရဦးမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.98 GB) / (1.19 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Action , Adventure, Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Thriller
5.5 2024 86 mins
River of Blood
The Suicide Forecast
7

The Suicide Forecast (2011) *************************** IMDb-7 လူတွေအများကြီးနဲ့ ဇာတ်အိမ်တည်ထားပြီးတော့ ဘဝဆိုတဲ့အရာကို တန်ဖိုးထားရကောင်းမှန်းနားလည်အောင် ရိုက်ကူးတင်ပြထားတဲ့ ၂၀၁၁ ခုနှစ်ထွက်ဇာတ်ကားပဲဖြစ်ပါတယ်။ Main Cast အနေနဲ့ကတော့ Moving ထဲမှာ Frank နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Ryoo Seung-Bum ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** ဘယ်ဗြောင်းဝူ (Ryoo Seung-Bum) ဟာ ကျွမ်းကျင်ဘေ့စ်ဘောကစားသမားအဖြစ်မှ အနားယူထားရပြီးတော့ အခုချိန် ဂျယ်အီအသက်အာမခံကုမ္ပဏီမှာ ထိပ်တန်း salesman အဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးပါ။သူဟာ ကိုရီးယားရဲ့ Top 1% ပဲ ရှိတဲ့လူချမ်းသာတွေရဲ့ ငွေကြေးကိုပါ စီမံပေးရလောက်တဲ့ထိ ထူးချွန်တဲ့သူဖြစ်ပေမဲ့လည်း အောင်မြင်ဖို့ ချမ်းသာဖို့အရေးကိုသာ ကြည့်ပြီးနေလာခဲ့တာကြောင့် အရင်ကနဲ့မတူတော့ဘဲ ဘုဂလန့် လူ့ဂွစာတစ်ယောက်ဖြစ်လာခဲ့တာပေါ့။ တစ်ရက်…ဘယ်ဗြောင်းဝူရဲ့ဧည့်သည်တွေထဲကတစ်ယောက်ဟာ အသက်အာမခံအဖွဲ့ဝင်ပြီးနောက် ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံငွေအတွက် သတ်သေသွားခဲ့ပါတယ်။ဒါ့အပြင် ကျန်ရစ်သူမိသားစုကပါ ဘယ်ဗြောင်းဝူကို သတ်သေဖို့အတွက် လှုံ့ဆော်အားပေးမှုနဲ့ တရားစွဲလိုက်တဲ့အခါ အာမခံကုမ္ပဏီဘက်က ဘယ်ဗြောင်းဝူရဲ့ အရင် မှတ်တမ်းတွေကိုပါ ပြန်လည် စာရင်းစစ်ဝင်ပါတော့တယ်။ ဧည့်သည်တွေထဲမှာ နောက်ထပ် သတ်သေသူတစ်ယောက်သာတိုးလာရင် ဘတ်ဗြောင်းဝူရဲ့ အသက်မွေးဝမ်းကျောင်း ပျက်သုဉ်းသွားတော့မဲ့ အခြေအနေမှာ ဘယ်ဗြောင်းဝူဟာ သူ့ရဲ့အရင်ဧည့်သည်တွေထဲက သတ်သေနိုင်ခြေရှိတဲ့လူတွေ ရည်ရွယ်ချက်ရှိရှိ အသက်အာမခံအဖွဲ့ဝင်ခဲ့တဲ့လူတွေကို ပြန်လည် အမှတ်ရသွားပါတော့တယ်။ တစ်ဘို့တည်းသာ တွေးပြီး လူတကာကို သနားကြင်နာမှုမရှိတဲ့ လူ့ဂွစာ ဘယ်ဗြောင်းဝူတစ်ယောက် အဲဒီဧည့်သည်တွေနဲ့ တွေ့ဆုံပြီး အသက်အာမခံကနေ ပင်စင်အာမခံကို ပြောင်းဖို့တိုက်တွန်းရန် ကြံပါတော့တယ်။မိသားစုဝင်တွေအားလုံး နိုင်ငံခြားမှာ ရောက်ရှိနေပြီး အကြွေးတစ်ပုံတစ်ပင် ရှိနေတဲ့သူ… အကြောလိုက်ရောဂါရှိနေတဲ့ အိမ်ခြေရာမဲ့တစ်ယောက်…အမှိုက်သိမ်းတဲ့အလုပ်ကို လုပ်ကာ သားသမီးလေးယောက်ကို ရှာဖွေကျွေးမွေးနေရတဲ့အမေ…အကြွေးရှင်တွေကိုရှောင်ရင်း ဘားမှာသီချင်းဆိုကာ မောင်လေးရဲ့ဝမ်းစာကို ဖြေရှင်းနေတဲ့အစ်မဖြစ်သူ…သူတို့ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝတွေထဲကို ဘယ်ဗြောင်းဝူဆိုတဲ့လူတစ်ယောက် ပါဝင်ပက်သက်မိသွားတဲ့နောက်မှာ သူတို့အားလုံးရဲ့ဘဝဟာ ဘယ်လိုဆက်ဖြစ်သွားမလဲ…လူ့ဂွစာတစ်ယောက်ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ သနားကြင်နာမှုနဲ့ သူတစ်ပါးကို ဖေးမကူညီမှုတို့ကရော ဘယ်လိုနည်းဟန်တွေနဲ့ ထွက်ပေါ်လာမလဲ…။ အသက်ရှင်နေရတဲ့ဘဝရဲ့ တဒင်္ဂအခိုက်အတန့်လေးတောင်မှ ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာကို ထိထိမိမိ ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naingက ရေးသားထားပါတယ်) File Size – 1.83 GB/ 766 MB Quality – WEB-DL 1080p/ 720p Duration – 2h 2m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Yati Naing Encoded by – Treasure Htet

Romance • Comedy • Drama
7 2011 124 mins
The Suicide Forecast
How to Train Your Dragon
8.1

How to Train Your Dragon (2025) IMDb Rating (8.1) / Rotten Tomatoes (77%) ( WEB-DL ကြည်တောက်ရှင်း Update…Audio ပါ Fix ထားပေးပါပြီ ) 2010 တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်ကို လူတွေနဲ့ ပြန်ရိုက်ကူးထားတာပါ။ ကာတွန်းကနေ လူကို ကူးပြောင်းတဲ့နေရာမှာ စနိုးဝှိုက်လို ခွက်ခွက်လန်တာမျိုးတွေရှိသလို ဒီရုပ်ရှင်လိုပဲ မူရင်းအတိုင်း ကောင်းနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ DreamWorks Animation ရဲ့ ပထမဆုံး Live Action ဖြစ်ပြီး ထုံးစံအတိုင်း ဒစ္စနေးကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ မူလဒါရိုက်တာ Dean DeBlois ကပဲ ရိုက်ကူးထားတာပါ။ မင်းသားကြီး Gerard Butler က မူလကာတွန်းမှာ သရုပ်ဆောင်ခဲ့တဲ့အတိုင်း ဒီကားမှာလည်း စတိုးရစ်နေရာကနေ ပြန်ပါဝင်ထားပါတယ်။ The Black Phone မင်းသား Mason Thames ကတော့ ဟစ်ကပ် နေရာကို ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဘာ့ခ်ဆိုတဲ့ ဗိုက်ကင်းရွာလေးဟာ နဂါးတွေနဲ့ စစ်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဦးရာလူဆော်စတမ်း အပြန်အလှန်ချနေကြတာပါ။ ခေါင်းဆောင်ကြီး စတိုးရစ်က နဂါးတွေကို ကောင်းကောင်းတိုက်ခိုက်နိုင်သလောက် သူ့ရဲ့သား ဟစ်ကပ်ကိုတော့ တစ်ရွာလုံးက အထင်မကြီးကြပါဘူး။ ပန်းပဲဖိုမှာနေရင်း တီထွင်တာတွေပဲ လျှောက်လုပ်နေတတ်တဲ့ ငကြောက်လေးအဖြစ်မှတ်ထားကြတာပေါ့။ တစ်နေ့မှာတော့ ဟစ်ကပ်ဟာ နဂါးတွေထဲမှာ အကြမ်းဆုံးဖြစ်တဲ့ နိုက်ဖြူရီကို ပစ်ချလိုက်မိပါတယ်။ နောက်တော့မှ နိုက်ဖြူရီနဲ့ သူငယ်ချင်းတွေ ဖြစ်လာပြီး အတူတူ လေပေါ်ပျံကြတဲ့အထိ ရင်းနှီးလာကြပါတယ်။ နဂါးတွေနဲ့ ဗိုက်ကင်းတွေကြားမှာ နားလည်မှုယူဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ တိုက်ပွဲကြီးဖြစ်လာတဲ့အခါ ဟစ်ကပ်နဲ့ သူငယ်ချင်းတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(6.2 GB)/ (2.2 GB) / (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC / 720p Format…. mkv/mp4 Genre….Action,Family,Fantasy Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mr.Anderson

Comedy • Family • Fantasy
8.1 2025 125 mins
How to Train Your Dragon
Floating Weeds Ukigusa
7.9

Floating Weeds (1959) IMDb Rating (7.9) / Rotten Tomatoes (96%) ဒါရိုက်တာတိုင်းမှာ သေချာတဲ့ဟန်တစ်ခု ရှိဖို့တော့ မလွယ်ပေမဲ့ ဖလင်မိတ်ကာတိုင်းမှာတော့ ဟန်တစ်ခုက သိသိသာသာကို ရှိတယ်။ အိုဇုတို့ ခေတ်နဲ့ မရှေးမနှောင်းထဲတော့ ဟန်တစ်ခုလည်းရှိသလို ဂျပန်ရုပ်ရှင်ဆန်တယ်ဆိုတဲ့ ခံစားချက်ပါ တွဲပေးနိုင်တာ အိုဇုပဲ ရှိတယ်လို့ ကျွန်တော်တော့ မြင်တယ်။ ကူရိုဆာဝါကျ အိုဇုလောက် ဂျပန်ဟန် သိပ်အားမကောင်းလှဘူး။ ဒါက ဆန်းတော့လည်း မဆန်းလှပါဘူး။ အိုဇုရုပ်ရှင်တွေဟာ ဂျပန်လူနေမှု ဂျပန်ဘဝမှာပဲ အခြေခံပြီး ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ ဂျပန်အတွေးအခေါ်အပြည့်နဲ့ ရုပ်ရှင်တွေကိုပဲကိုး။ ကင်မရာအယူအဆကအစ တတမိဗျူးနဲ့ရိုက်တဲ့ အထိ သူ့ယဉ်ကျေးမှုကို သူ့ရုပ်ရှင်ထဲ သွတ်သွင်းနိုင်စွမ်းက အားကောင်းခဲ့တယ်။ တင်ဆက်ပုံပိုင်းမှာလည်း အိုဇုက ထူးတာတစ်ခုတော့ရှိတယ်။ တစ်ခါတလေကျ သူက ဇာတ်ရဲ့အရေးအပါဆုံးလို့ ထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို မပြတော့ဘူး။ အဲဒီနောက်မှာပဲ အရှေ့က မပြထားတဲ့အခန်းကို စကားနည်းနည်းနဲ့ သရုပ်ပြန်ဖော်တတ်တယ်။ အိုဇုလွှမ်းမိုးမှုအားကောင်းခဲ့တဲ့ Koreedaရဲ့ Still Walkingတို့ ဘာတို့မှာလည်း ဒီဟန်ကို သုံးထားခဲ့ပါသေးတယ်။ ဒီဟန်ကို ကျွန်တော်က စစက ဟဲမင်းဝေးရဲ့ စာရေးဟန်လိုမျိုး ထင်ခဲ့ပေမဲ့ ဒီနောက်မှသိလိုက်ရတာက တကယ်တမ်း ဒါကိုကလည်း ဂျပန်ယဉ်ကျေးမှုထဲ ရှိနေတဲ့အရာပါပဲ။ ဂျပန်လိုဆို (မ)လို့ခေါ်တယ်။ ဗမာဆိုလို ကွက်လပ်ပေါ့။ ဗလာတစ်နေရာပေါ့။ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ဂျပန်မှုတစ်ရာထဲ မနဲ့ပတ်သက်ပြီး ဒီလိုရေးထားတယ်။ မ (MA) – နေရာကွက်လပ် , စပ်ကြား , ခေတ္တရပ်ဆိုင်းခြင်း ဂျပန်တွေဟာ မိတ်ဆွေတွေနဲ့ ဆူဆူညံညံ စကားပြောရင်း တွေ့ဆုံသလို ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ရင်းလည်း တွေ့ဆုံလေ့ရှိတယ်။ စကားမပြောဘဲနဲ့ ငုတ်တုတ်ထိုင်နေရင် ပိုပြီးပြည့်စုံအောင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရတယ်လို့လည်း ယုံကြည်တယ်။ ဒီလိုတွေ့ဆုံပြီး စကားမပြောဘဲ နေတဲ့သဘောကတော့ ဘေးလူကြားမှာ စိုးရတဲ့ လျှို့ဝှက်ကိစ္စကို အစပျိုးပြီး ကျန်တာ ဆက်စဉ်းစားပေတော့ဆိုတဲ့ သဘော။ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့ သိပ်စိတ်လှုပ်ရှားစရာကိစ္စကို ဆက်ပြောရင် ပေါက်ကွဲသွားမှာစိုးလို့ဆိုတဲ့ သဘောတွေ ပါတယ်။ ဂျပန်လူမှုဆက်ဆံရေး ဒဿနိကမှာ ဒီလိုပြုမူပုံမျိုးကို “လှိုင်းမထစေနဲ့”လို့ တင်စားပြီး ပြောလေ့ရှိပါတယ်။ ဘာမှဝန်မခံဘဲ အဖြေကို သူ့ဘက်ကိုယ့်ဘက်မျှပြီး စဉ်းစားယူပါတော့လို့ ဆိုရာလည်းရောက်တယ်။ အပြတ်ငြင်းရတယ်ဆိုတာ သိပ်မဟန်ဘူး။ ရုပ်မပျက်ဘူး။ ကျွန်တော် တစ်ခါက ကြုံဖူးတာက အတိအကျ ရှင်းရှင်းငြင်းမိပြီးမှ တစ်ဖက်က ဆိုလိုတာကို သဘောမပေါက်ဘဲ ခါးခါးသီးသီး ငြင်းမိတာပဲ အဖတ်တင်ပြီး ခိုးလုခိုးလု ဖြစ်ကျန်ရစ်တယ်။ တိုကျိုမှာ ကျွန်တော် စာသင်တုန်းက နှစ်နှစ်ကြာတော့ ကျွန်တော် အလုပ်ထွက်ချင်တယ်။ ဘယ်လိုပြောလို့မှ သဘောမပေါက်တဲ့အပြင် လခဆက်ပေးနေတာနဲ့ လေးနှစ်ဖြစ်သွားတယ်။ ဘာမှမပြောဘဲ အတန်းလည်းမယူ, စာလည်း မစစ်ပေးတော့မှ တက္ကသိုလ်အာဏာပိုင်တွေက ထွက်စာ ပို့ပါတယ်။ အဲဒါက အထက်က ပြောပြီးတာတွေအတွက် ဥဒါဟရုဏ်ပါပဲ။ သူတို့ဘာသာစကားကို လေ့လာလေ, သူတို့နဲ့ အတူနေတာကြာလေ, သူတို့ဓလေ့ကို ကြုံတွေ့ပါများလေ , သူတို့စကားလည်လည်ပတ်ပတ် တတ်ရုံနဲ့ မပြီးဘူးဆိုတာ သိလာလေပါပဲ။ သူတို့ဓလေ့မှာ တုံဏှိဘာဝေနေဖို့ စည်းချက်ညှိတတ်ရမှာပါကလားလို့ သိလာတယ်။ ဒီစည်းချက်ကို သိဖို့ ကိုယ်လိုသလို အသုံးချတတ်ဖို့ဟာ မဆိုတဲ့ တုံဏှိဘာဝေမှာ အလိုလားအပ်ဆုံး အခြင်းအရာဖြစ်ပါတယ်။။ ဒေါန်ကေနန်နီ အိုဇု ဒီဟန်ကို ယူရာမှာတော့ ပြလိုက်ရင် ပေါ့သွားမှာစိုးလို့ဆိုတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲဒီသဘောဆိုရင်တောင် အပေါ်က မရဲ့ လက္ခဏာတွေ အကျုံးဝင်နေသေးတာပါပဲ။ ဆိုတော့ အိုဇုရဲ့ ရုပ်ရှင်တွေမှာ ဟန်, ကင်မရာအယူအဆ, ဇာတ်အိမ်, ဇာတ်အဖြည့်ပစ္စည်း, သရုပ်ဆောင်တွေကအစ ဂျပန်ဆန်နေတယ်လို့ပြောရမယ်။ ဒီဓာတ်ကို ကားတိုင်းမှာရနေဖို့က ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေနဲ့ ရိုက်ပြနိုင်ဖို့ထက် ခက်လိမ့်မယ်။ ကျွန်တော့်အမြင်အရပေါ့။ အနုပညာဟာ ယဉ်ကျေးမှုကနေတစ်ဆင့်ပဲ နိုင်ငံတစ်ခုရဲ့ သီခြားဟန်ကို ပေါ်လွင်လာစေနိုင်တယ်။ လာခဲ့တဲ့လမ်းကို မမေ့ခြင်းပေါ့။ အိုဇုဟာ သူ့မြစ်ဖျားကို သူ သိပ်တွယ်တာတဲ့ ဖလင်မိတ်ကာတစ်ယောက်လို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူ့ရုပ်ရှင်ဟူသမျှဟာ ရိုးရှင်းစွာနဲ့ အားကောင်းနေတာပါပဲ။ အိုဇုဟာ စစ်ကြိုခေတ်က ရိုက်ထားတဲ့ အသံတိတ်အဖြူအမဲကားတွေကို စစ်ပြီးခေတ်မှာ အသံတွေ အရောင်တွေနဲ့ ပြန်ရိုက်တာတွေ ပမာဏတစ်ခုအထိ လုပ်ခဲ့ပါတယ်။ Floating Weeds ( 1959 )ကလည်း အဲဒီလိုပြန်ရိုက်ခဲ့တဲ့ထဲက တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုပဲ နည်းနည်းကွဲလွဲပြီး ၁၉၃၄မှာ Story of Floating Weedsဆိုပြီး ရိုက်ခဲ့ဖူးတယ်။ ဒီမှာ တစ်ခုရှိတာက စုဗူးနဲ့ကလေး အခန်းကြည့်ချင်ရင်တော့ မူရင်း အသံတိတ်ကားကို ကြည့်ရမှာပါ။ ဒီကားကိုကြည့်ပြီး ၁၉၃၄ကားကို ကြည့်ရင်တော့ ဇာတ်လမ်းနားမလည်မှာ ပူစရာမလိုပါဘူး။ Youtubeနဲ့ တောရန့်ဆိုက်တွေမှာ အလွယ်တွေ့နိုင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကိုက ရေယူရာမျောနေရတဲ့ပေါင်းမြက်ပင်တွေဆိုတဲ့ သဘောပါပဲ။ တင်ချင်လည်း တင်မယ်ပေါ့။ ဆိုတော့ နာမည်ကို ဘာသာပြန်ဖို့လိုလာရင်တော့ ဒီတိုင်းပြန်ဖို့ကလည်း မချောနေတော့ သူ့သဘောကလည်း ” ကမ်းကွေ့မှခွေ၊ ကမ်းပြေတော့စင်း” “လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း” “ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ” ” ဒီချောင်း‌ရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့” စသဖြင့် ဗေဒါလမ်းရဲ့ Conceptတွေနဲ့လည်း တော်တော်တူနေတော့ ဗေဒါလမ်းလို့ ချရင်ချလို့ရတယ်။ ဇာတ်ကြောင်းကတော့ ဒီဗေဒါတွေလိုဖြစ်နေတဲ့ ဇာတ်သမားတွေရဲ့ ဘဝဇာတ်ကြောင်း ဘဝဇာတ်နာပေါ့။ ပြောရရင် အဲဒီဇာတ်ကြောင်းကိုကလည်း ယဉ်ကျေးမှုပဲဆိုတော့ အိုဇုက သူ့ဖရိန်ထဲ အပြည့်အဝင်တယ်။ ဇာတ်သမားဆိုတာ နယ်လှည့်က, ပွဲသာရာရွေ့ ဗေဒါတွေလိုမျောရင်း , အခါမကောင်းလို့ ဇာတ်ခေါင်းကွဲရင် ဗေဒါတွေ ကမ်းဆိပ်မှနေအိပ်သလို အိပ်ရတဲ့လူတွေပေါ့။ ကျားမ အလီလီနဲ့ နယ်လှည့်နေတဲ့နောက် ဘယ်အဖွဲ့အစည်းမှာမဆို အကောင်းရော အဆိုးရောရှိနေမှာဖြစ်တဲ့နောက် မကောင်းတဲ့လူတွေလည်း ရှိကြတော့ ဒါကိုပဲ မြင်ပြီး ဇာတ်သမား ဇာတ်သမဆိုတာ မကောင်းဘူးလို့ ရှက်စရာလို့ သတ်မှတ်ကြတဲ့ စံနှုန်းတွေရဲ့ ဒဏ်ကိုပါ ခံနေရတဲ့လူတွေလို့ပြောလို့ရတယ်။ ဒါက ဒီဘက်မှာလည်း တင့်တယ်ရဲ့ ချစ်မိသည့်ဝန်တို့, မောင်ဝဏ္ဏရဲ့ ခြေဖဝါးတော်နုနုတို့ ဘုန်းနိုင်ရဲ့ မိုးညအိပ်မက်မြူတို့, နောက် တွတ်ပီစာအုပ်တွေမှာပါ ပုံဖော်တတ်ကြပါတယ်။ အာရှနိုင်ငံတွေရဲ့ တစ်ချို့ ယဉ်ကျေးမှုတွေက သိပ်မကွာလှဘူးဆိုတော့ အခြေအနေတွေက တစ်ပုံစံတည်းနီးပါးလို့တောင် ပြောလို့ရတယ်။ ပြတဲ့ ဇာတ်တွေတော့ ကွာတာပေါ့။ ဂျပန်တွေရဲ့ ပြဇာတ်တွေက ၄၇ရိုနင်ဇာတ် ဝါ ချူရှင်ဂူရပြဇာတ်လို ဇာတ်တွေလို အမြင့်တွေဆို စံတစ်မျိုး တခြားဆို စံတစ်မျိုး Nohတို့ Kabukiတို့ Bunrakuတို့ ခွဲထားတာတွေရှိတယ်။ ဒီထဲတော့ ခါဘုခိပဲ ပြသွားတယ်။ ဇာတ်ကတာတောင် သိပ်မပြပါဘူး။ ဇာတ်သမားတွေရဲ့ လူနေမှုနဲ့ လူမှုဒဏ်ကို အဓိကပြထားတယ်။ ဇာတ်သမားဘဝရဲ့ အဆိုးဆုံးအဖြစ်လို့ ပြောရမယ့် ဇာတ်ခေါင်းကွဲတဲ့ အဆင့်အထိ ပြထားတယ်။ အိုဇုရဲ့ ထုံးစံအတိုင်း အဖေနဲ့သားကြားက ပဋိပက္ခနဲ့ မိသားစုရဲ့ထရာဂျဒီတွေနဲ့တော့ ဇာကွပ်ထားတယ်။ ကွဲပြားအောင် ပြောရရင်တော့ ဒီဇာတ်လမ်းဟာ ရေယူရာမျောရင်း ပွဲရှိရာ ခြေဦးလှည့်ရတဲ့, ဇာတ်ခေါင်းကွဲတဲ့အခါ ရေမျောရာကမ်းတင်ရတဲ့ ဗေဒါတွေလို ဇာတ်သမားတွေရဲ့ ဘဝအကြောင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:59:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Thriller
7.9 1959 115 mins
Floating Weeds Ukigusa