YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

sons.of.anarchy.s01e09.1080p.(CM).mp4

1.05 GB N/A video/mp4 238 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Great Alaskan Race
6

ဇာတ်လမ်းအညွှန်း တိုဂို ဆိုတဲ့ ခွေးသူရဲကောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကို မင်းသားကြီး Willem Dafoe ရိုက်ကူးထားတဲ့ Togo ဆိုတဲ့ ဇာတ်လမ်းကို ကြည့်ဖူးမယ်ဆိုရင် တိုဂိုဆိုတဲ့ ခွေးလေး အကြောင်းနဲ့ နုံးမြို့က ဇာတ်လမ်းလေးကို ရင်းနှီးကြမှာပါ ။ (Togo (2019) ကို မကြည့်ရသေးရင် CM မှာ ကြည့်လို့ရပါတယ်။) အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့Togo (2019) နဲ့ မတူညီတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ 1920 ခုနှစ်က အမေရိကန် မြောက်ပိုင်း အလက်စကာပြည်နယ်က နုံးဆိုတဲ့ ရွာလေး သာသာ မြို့လေးက ဖြစ်ပွါးခဲ့တဲ့ ကပ်ရောဂါမှာ ဘယ်သူတွေ ဘယ်လိုပါဝင်ကြိုးစားခဲ့ကြလဲဆိုတဲ့ ဖြစ်ရပ်မှန်တွေကို အဓိကထားပြီး ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဆုံဆို့နာဆိုတဲ့ ၊ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာ ကလေးတွေအကြားမှာ ကပ်ရောဂါသဖွယ် ဖြစ်ပွါးလာတဲ့အခါမှာ ဒီမြို့လေးမှာ ကုသဖို့ဆေးကမရှိဖြစ်တယ်။ တစ်ခြား ဒေသက ဆေးတွေ ပို့ဆောင်ဖို့အတွက် စီစဉ်ကြမယ်ဆိုတော့ လည်း အေးခဲလှတဲ့ရာသီဖြစ်တာကြောင့် ရေကြောင်းလမ်း ကလည်း ပို့ဆောင်ဖို့အဆင်မပြေ၊ လေယာဉ်နဲ့ဆိုတော့လည်း အဲ့ခေတ်အခါအတွက် အဆင်မပြေဖြစ်နဲ့ ၊ နောက်ဆုံးတော့ ဒေသသုံးစွပ်ဖားသမားတွေ စွပ်ဖားခွေးတွေကိုပဲ အားကိုးဖို့ ဖြစ်လာပါတယ်။ ကုသဆေးကို နီနာနာမြို့ကနေ နုံးမြို့လေးကို ရောက်ဖို့အတွက်ဆိုရင် မိုင်ပေါင်း ၇၀၀ နီးပါးရှည်လျားတဲ့ ခရီးလမ်းဖြစ်ပါတယ်။ စွပ်ဖားသမား အယောက်၂၀က အေးခဲ လှတဲ့ မုန်တိုင်းတွေကြား ရေခဲလမ်းတွေကြား သေခြင်းတရားကို အံတုပြီး ကုသဆေးကို တစ်ပတ်အတွင်း လက်ဆင့်ကမ်းပို့ ဆောင်ကြမှာဖြစ်ပါတယ်။ ခရီးလမ်းရဲ့ မိုင်ပေါင်း ၃၀၀ကျော် လောက်ကို တာဝန်ယူခဲ့ကြတဲ့ လီယိုနတ် ဆပလာ ဆိုတဲ့ စွပ်ဖားသမားနဲ့ သူ့ရဲ့ ၁၂နှစ်အရွယ်ခေါင်းဆောင်ခွေး တိုဂိုတို့ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြပါတယ်။ အခက်အခဲ တွေကြားမှာ နုံးမြို့လေးကို သူတို့တွေ ဘယ်လိုကယ်တင် ပေးခဲ့ကြလဲဆိုတဲ့ အကြောင်းတွေကို စိတ်လှုပ်ရှားစွာနဲ့ စီးမျောပြီးကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရှုလိုက်ကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.11GB / 433MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Action • Crime • Thriller
6 2019 87 mins
The Great Alaskan Race
Corrective Measures
5.1

(မူရင်းကိုက 1080p မထွက်တဲ့အတွက် 720, 480p နဲ့ပဲ တင်ဆက်ပေးလိုက်ပါတယ်) ဘရုစ်ဝီလီရဲ့ နောက်ဆုံးဖြစ်လာမယ့် ရုပ်ရှင်တွေထဲက တစ်ကားပါ။ စူပါဟီးရိုးကားပါ။ နာမည်တူဂရပ်ဖစ် နိုဗယ်ကိုပဲ ရိုက်ထားတာပါ။ ပုံစံကတော့ The Boys Presents: Diabolical ထဲက အပိုင်းနှစ်နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ဘရုစ်ဝီလီရဲ့ ကာရိုက်တာကတော့ ပရော်ဖက်ဆာ X နဲ့အကုန်တူပါတယ်။ တူဆို အစကတည်းက ကတုံးပဲကိုး။ ဝှီးချဲတော့ မပါဘူးပေါ့။ တခြား Punisher တို့ Electro တို့ The Watcher တို့လည်း ပါတယ်။ ကပ္ပတိန်အမေရိကတို့ မာရှန်မန်းဟန်တာတို့အပြင် ဆိုက်ကလော့နဲ့အတူ တခြားဟီးရိုး ပေါင်းများစွာလည်းပါပါတယ်။ X-men ထဲက ဆိုက်ကလော့ထက် ဒီက ဆိုက်ကလော့က ဆိုက်ကလော့နဲ့ပိုတူပါတယ်။ မျက်စိတစ်လုံးပဲ ပါဝါရှိတာပါ။ နောက် CW Flash ဖန်တွေအတွက် သတင်းကောင်းပြောရရင် ကမ္ဘာပေါင်းစုံက ဟယ်ရီဆင်ဝဲလ် ဆယ်ယောက်လောက်နေရာက ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်းတဲ့ Tom Cavanagh ကြီးရဲ့ အခန်းတွေလည်း တော်တော်ပါပါတယ်။ ဇာတ်လမ်းကတော့ ခပ်ဆန်းဆန်း စူပါဟီးရိုးထောင်ကားပါ။ စူပါဟီးရိုးထောင်ကားဆိုတော့ Prison Break တို့ Shawshank Redemption တို့ထဲက တစ်ချို့အခန်းလေးတွေကို ယူသုံးထားတာလည်းပါပါတယ်။ ဝေဖန်ရေးသမားတွေကပါ အစောပိုင်းအချိန်က 6/10 တို့ ဘာတို့ပေးထားတာဆိုတော့ ထွက်ခဲ့တဲ့ ဘရုစ်ဝီလီကားတွေလောက် မချာပါဘူး။ စူပါဟီးရိုးကြိုက်တဲ့သူတွေလည်း ကြည့်ပျော်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.42GB, 612MB Quality - 720p, 480p IMDb Rating - 4.5/10 Format - mp4 Duration - 1H 46Min Genre - Action, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
5.1 2022 106 mins
Corrective Measures
Brightburn
6.1

ဒါကတော့ စူပါဟီးရိုး ဟော်ရာ အမျိုးအစားပါ ဇတ်လမ်းအကျဉ်းကတော့ လယ်သမားလင်မယားနှစ်ယောက်ဆီကို အာကာသယာဉ်နဲ့အတူ ကလေးလေး တစ်ယောက် ပါလာခဲ့တယ်။ သူတို့ အဲဒီကလေးကို မွေးစားခဲ့တယ်။ အခြားဂြိုလ်က လာတဲ့ ဒီကလေးဟာ ကမ္ဘာသားတွေနဲ့မတူပဲ ထူးခြားတဲ အစွမ်းတွေရှိနေခဲ့တယ်။ ဒီဇာတ်လမ်းမျိုး ထပ်ခါထပ်ခါ ကြားဖူးကြမှာပါ။ ဒါဟာ စူပါမန်းရဲ့ ဇာတ်လမ်းပါပဲ။ အခြားဂြိုလ်က လာတဲ့ စွမ်းအားရှင်လေးဟာ ကမ္ဘာကြီးကို ကာကွယ်သူဖြစ်လာခဲ့တယ်ပေါ့။ တကယ်လို့ အဲဒီလိုအစွမ်းနဲ့ လူတစ်ယောက်က ဆိုးသွမ်းသွားရင် ဘာတွေဖြစ်လာမလဲ။ ကမ္ဘာကြီးကို ကာကွယ်မယ့်အစား ဖျက်ဆီးဖို့ကြိုးစားရင် ဘာဖြစ်လာမလဲ။ ဒီမှာ ကြည့်ရမှာပါ။ စာတန်းထိုးအပြီးမှာ အခန်းအပိုပါ ပါသေးတယ်။ စောင့်ကြည့်ဖို့မမေ့ပါနဲ့။ အခြား ဟီးရိုးတွေရဲ့ အရိပ်အယောင်ကိုပါ မြင်ရပါလိမ့်မယ်။

Action & Adventure • Comedy • Drama • Sci-Fi & Fantasy
6.1 2019 91 mins
Brightburn
10 Cloverfield Lane
7

စကားလုံးတွေ ကင်းမဲ့နေတဲ့ New Orleans မြို့ရဲ့ညနေခင်းတစ်ခုရဲ့မြစ်ရေပြင်ကို သူမနေတဲ့ Apartment ခန်းလေးကနေလှမ်းမြင်နေရတယ်။ ဒါပေမဲ့ သူမကတော့ ထိုရှုခင်းလေးကို ခံစားဖို့စိတ်မဝင်စား။ ခရီးဆောင်အိတ်ထဲကို အဝတ်အစားတစ်ချို့ခပ်မြန်မြန်သွပ်ထည့်နေလေတယ်။ အနီးအနားမှာ ရှိတဲ့ ပေကြိုးနှစ်ကြိုးစ သုံးကြိုးစကို လှမ်းမြင်ရတော့ သူမသည် အဝတ်အထည်ချုပ်ခြင်း စသော Designer အလုပ်ကို လုပ်ကိုင်သူ (သို့မဟုတ်) စိတ်ဝင်စား လေ့လာနေသောသူတစ်ယောက်ဖြစ်နိုင်သည်ဆိုသည်ကို ခန့်မှန်းနိုင်ပေတယ်။ ကဗျာကယာ ထုပ်ပိုးပြီး ခရီးဆောင်အိတ်ကို ဆွဲပြီး အခန်းထဲက ထွက်သွားတော့ စားပွဲပေါ်မှာ တင်ထားခဲ့တာက စေ့စပ်လက်စွပ် (သို့မဟုတ်) လက်ထပ်လက်စွပ် တစ်ကွင်းနဲ့အိမ်သော့တစ်ချောင်း … ညက မှောင်သထက်မှောင်လာတယ်။ သူမတစ်ယောက်တည်း မောင်းနေတဲ့ကားဘီးလေးက Louisiana ရဲ့တောလမ်းကတ္တရာပေါ်မှာ။ ထိုစဉ် Phone call တစ်ခုဝင်လာတယ်။ (နာမည်က Ben တဲ့)။ သူမ ကိုင်လိုက်ပါတယ်။ စကားကတော့ တစ်ခွန်းမှ မပြောဘူး။ သူမက ကားမောင်းနေတော့ Phone Speaker ထားတာကြောင့် Ben ဆိုတဲ့ ဟိုဘက်ကလူပြောတဲ့ စကားတွေကတော့ အတိုင်းသားကြားနေရတယ်။ “Michelle, please come back.” ထို့နောက်ဆက်ပြောတာက “Running away isn’t going to help anything.” တဲ့။ ချစ်သူရည်းစား ထွက်သွားတော့ ပြန်လာဖို့ကို Boyfriend လုပ်သူက သနားကြင်နာစွာနဲ့တောင်းဆိုနေဟန်ပါပဲ။ သူမ Phone ကို ချလိုက်တယ်။ နောက်တစ်ခါ Phone ပြန်ဝင်လာတော့ သူမ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေပြီ။ အာရုံတွေ ထွေပါးလာပြီး စဉ်းစားရကြပ်နေတုန်း အချိန်မှာ သူမကားကို တစ်ခြားကားတစ်စီးက ဝင်တိုက်လိုက်တယ်။ ကစဉ့်ကလျားဖြစ်သွားတဲ့ သူမရဲ့ကားလေး လမ်းမပေါ်ကနေထိုးကျပြီး အမှောင်ထုထဲသို့မှောက်ကျသွားတယ်။ (10 Cloverfield Lane) သူမ သတိရလာတော့ အခန်းကျဉ်းလေးတစ်ခုတည်းရဲ့အိပ်ယာလေးပေါ်မှာ ရောက်နေတယ်။ သူမ ဒဏ်ရာရရှိနေတဲ့ ခြေထောက်တစ်ဖက်ကို ပတ်တီးစည်းထားပေမဲ့ ရုန်းဖို့ကြိုးစားလိုက်တဲ့အခါ သူမရဲ့ခြေထောက်ကို နံရံနဲ့ခြေထိပ်ခတ်ထားတယ်ဆိုတာ သိလိုက်ရတယ်။ သူမရဲ့မလှမ်းမကမ်းနားမှာ ရှိနေတဲ့ သူမရဲ့ပစ္စည်းတွေထဲက ဖုန်းကိုရအောင်ယူနိုင်ပေမဲ့ Signal မရှိသောကြောင့် မည်သူ့ကိုမှ အကူအညီခေါ်ရန်မဖြစ်နိုင်တော့။ ထိုစဉ် သူမရဲ့ထိုအခန်းလေးကို သော့ခတ်ထားတဲ့ လေးလံသော သံတံခါးကြီး ပွင့်လာတော့ လူဝကြီးတစ်ယောက် ဝင်လာတယ်။ “ရှင် ကျွန်မကို ဘာလုပ်မှာလဲ?” လို့ မေးလိုက်တဲ့ သူမရဲ့မေးခွန်းကို ထိုလူဝကြီး ဖြေလိုက်တဲ့ အဖြေက “ငါ မင်းကို အသက်ရှင်အောင် ထားဖို့”တဲ့။ ထို့နောက် ထိုလူကြီးက ရှင်းပြတယ်။ အပြင်မှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်တဲ့။ ကြီးမားတဲ့ တစ်ခုပဲတဲ့။ ဘယ်သူတွေလဲတော့ အတိအကျမပြောနိုင်ဘူးတဲ့။ Chemical စစ်ပွဲ (ဒါမှမဟုတ်) Nuclear စစ်ပွဲကြီးတစ်ခု ဖြစ်နိုင်တယ်တဲ့။ သေချာတာတစ်ခုကတော့ အပြင်မှာ ရှိတဲ့ လူသားတွေအကုန်လုံးသေကုန်ကြပြီတဲ့။ အခု သူမရောက်ရှိနေတဲ့ နေရာက စစ်ပွဲတွေရဲ့ရန်ကို ရှောင်ပုန်းနေထိုင်ရန် တည်ဆောက်ထားသော Bunker တစ်လုံးပဲဖြစ်တယ်ဆိုပြီး ပြောပြတယ်။ အခန်းထဲက ထိုလူကြီးထွက်သွားတော့ သူ့နာမည်ကို လှမ်းပြောပြတယ်။ “Howard” တဲ့။ ---------------------------------------------------------------------------------- ဒီဇာတ်ကားနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ 3 လ လောက်ကထိ ကျွန်တော်တို့ဘာမှ မသိခဲ့ရပေ။ January လလယ်လောက်က ဖြစ်မယ်ထင်တယ်။ Online မှာ 10 Cloverfield Lane ဆိုပြီး Trailer လေးတစ်ခု ပေါ်လာတယ်။ Cloverfield ဆိုတဲ့ နာမည်ပါနေတော့ ပထမဆုံးထင်လိုက်တာက 2008 လောက်ကထွက်ခဲ့တဲ့ Director Matt Reeves ရဲ့Cloverfield ဆိုတဲ့ Found Footage Style ဂြိုလ်သားကားရဲ့အဆက်ဖြစ်မယ်လို့ထင်လိုက်မိတယ်။ ဘာလို့လဲဆိုတော့ ထုတ်လုပ်သူ J. J. Abrams နဲ့ Director Matt Reeves တို့က ထိုဇာတ်ကားရဲ့Sequel ကို ရိုက်ကူးမယ်လို့ပြောလာခဲ့တာ ကြာပြီလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာတော့ ထို sequel အကြောင်းလူပြောနည်းသွားပြီး လူတွေရဲ့စိတ်ဝင်စားမှုနယ်ပယ်ကနေ တိတ်တဆိတ်ထွက်ခွာသွားခဲ့တယ်။ (လွန်ခဲ့တဲ့ 2 လခန့်လောက်အထိပေါ့။) ဒါဟာ အမှန်တော့ ကျွန်တော်တို့သတိမထားမိတဲ့ ရုပ်ရှင်ပညာရဲ့ လှည့်ကွက်တစ်ခုပဲ။ နောက်တစ်ခု ထပ်မေးပါရစေ။ Director Dan Trachtenberg ဆိုတာ ကြားဖူးလားလို့။ ကျွန်တော်လည်း အမှန်တိုင်းပဲ ဖြေပါ့မယ်။ ကျွန်တော်တစ်ခါမှ မကြားဖူးပါဘူး။ ဘယ်ကြားဖူးပါ့မလဲ? ဒီဇာတ်ကားဟာ သူ့ရဲ့ပထမဆုံး Director အဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားလေ။ ထူးခြားတာတွေက ဇာတ်ကားတစ်ကားမှာ ဇာတ်ကောင်တွေနည်းလေး ပိုပြီး ကောင်းအောင်ရိုက်ကူးနိုင်လေပဲ။ ကျွန်တော်တို့တွေ 2000s ပြည့်နှစ်နောက်ပိုင်းရဲ့First Time Directors တွေကို ကြည့်လိုက်မယ်ဆိုရင် Duncan Jones ရဲ့Moon, Rian Johnson ရဲ့Brick, Colin Trevorrow ရဲ့Safety Not Guaranteed, Gareth Edwards ရဲ့Monsters, Josh Trank ရဲ့Chronicle, Alex Garland ရဲ့Ex Machina တို့ကို ကြည့်လိုက်မယ်ဆိုရင် first time directors တွေ ရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေဟာ အလွန်ကို ကောင်းမွန်နေခဲ့တာကို အသိသာကြီးတွေ့နိုင်တယ်။ ထိုကဲ့သို့ပဲ ယခုဇာတ်ကားက director သည်လည်း သူ့ရဲ့ပထမဆုံး ဇာတ်ကားကို အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တာကို တွေ့ရတယ်။ 10 Cloverfield Lane သည် small movie ဆိုသည့်အတိုင်း ပါဝင်တဲ့ ဇာတ်ကောင်အရေအတွက်ကလည်း 3 ယောက်ပဲရှိတယ်။ Howard ရယ် Michelle ရယ် Emmett ရယ် (Emmett ဆိုတာက ထို Bunker ထဲမှာ ရှိတဲ့ တတိယဇာတ်ကောင်)။ Howard နဲ့ Michelle ရဲ့ဇာတ်ကောင်တွေဟာ အဓိကဇာတ်ကောင်တွေဆိုရင် Emmett သည် သူတို့နှစ်ဦးရဲ့ကြားထဲမှာ ရှိတဲ့ ထိုဇာတ်ကောင် နှစ်ယောက်ကို ဆက်စပ်ပေးသော ဇာတ်ကောင်ပင်ဖြစ်တယ်။ Howard အဖြစ် John Goodman က တစ်သက်တာ အကောင်းဆုံးလို့ပြောလို့ရလောက်အောင် သရုပ်ဆောင်ထားပြီး Michelle အဖြစ်ကတော့ Mary Elizabeth Winstead နဲ့ Emmett အဖြစ် Short Term 12 ထဲက John Gallagher Jr. က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ John Goodman ကြီး အရမ်းကောင်းတယ်ဆိုတာ ပေါ်လွင်နေပေမဲ့ ဒီဇာတ်ကားဟာ မော်တော်ကားတစ်စီးဆိုရင် ကားမောင်းတဲ့သူဟာ Mary Elizabeth Winstead ပဲ။ သူမကို ယခုလို ဇာတ်ကောင်မျို းနဲ့ကျွန်တော်တို့တွေ Remake “The Thing” မှာမြင်ခဲ့ဖူးပြီဆိုတော့ ယခုဇာတ်ကားဟာ ဒုတိယအကြိမ် Mary Elizabeth Winstead ရဲ့သည်းထိပ်ရင်ဖို ဇာတ်ကောင်ပါပဲ။ သူမရဲ့မျက်လုံးတွေမှာ မည်သည့်အခွင့်အရေးပင်ဖြစ်စေ ရရင် ရသလို ယူမယ်လို့ကြိုးပမ်းနေတဲ့ အရိပ်အယောင်တွေကို အမြဲတစေလို တွေ့မြင်ရတယ်။ ထုံးစံအတိုင်း ဒီဇာတ်ကားဟာလည်း သူမရဲ့Journey အမြင်နဲ့ပဲရိုက်ကူးထားတယ်။ ခုနောက်ပိုင်းထိုကဲ့သို့သော ဇာတ်ကားတွေ ပိုမိုများပြားလာသလိုပဲ။ အခွင့်အရေးကို ရရင် ရသလိုအမြဲယူမယ်လို့ကြံစည်နေတဲ့သူမ တစ်ကယ်လည်း အခွင့်အရေးတွေရတိုင်း ယူခဲ့ပါတယ်။ အောင်မြင်ခဲ့လား ကျဆုံးခဲ့လားဆိုတာကိုတော့ စာဖတ်သူတို့ပဲ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားအကြောင်း နည်းနည်းပဲသိလေလေ ဒီဇာတ်ကားကို ကြည့်တဲ့အခါ ဒီဇာတ်ကား မည်မျှလောက် ကောင်းမွန်တယ်ဆိုတာ သိစေချင်လို့ပါ။ ဒီရုပ်ရှင်ဖြစ်လာတဲ့ အကြောင်းလေးကို နည်းနည်းပြောချင်ပါတယ်။ 2008 လောက်က ထွက်ခဲ့တဲ့ Cloverfield ဆိုတဲ့ ရုပ်ရှင်ကို သိတဲ့အချို့တော့ မှတ်မိလောက်မယ်ထင်ပါတယ်။ Found Footage Style ပုံစံမျို းနဲ့ရိုက်ကူးထားတဲ့n ဂြိုလ်သားလိုလို Monsters ကောင်တွေ America ကို ရောက်လာတဲ့ ရုပ်ရှင်ပါ။ ထိုဇာတ်ကားရဲ့အောင်မြင်မှုကြောင့် နောက်ဆက်တွဲဇာတ်ကားရိုက်ကူးမယ်လို့စီစဉ်ထားခဲ့ကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့ပါဘူး။ 2012 လောက်က ထင်တယ်။ Josh Campbell နဲ့ Matt Stuecken ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာ နှစ်ယောက် ရေးသားခဲ့တဲ့ The Cellar ဆိုတဲ့ ဇာတ်ညွှန်းလေးကို J.J. Abrams ရဲ့ Bad Robot Productions က ဝယ်ယူခဲ့ပြီး Damien Chazelle ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာကို ပြန်လည် ရေးသားခိုင်းခဲ့တယ်။ (Damien Chazelle ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က နာမည်ကျော်ခဲ့တဲ့ Whiplash ဆိုတဲ့ ရုပ်ရှင်ကို ဇာတ်ညွှန်းရေးသားခဲ့တဲ့သူလေ။ အဲ့ဒါကြောင့်လည်း ဒီဇာတ်ကားမှာ Whiplash လို Suspense ဆန်ဆန် အငွေ့အသက်လေးတွေ တစ်ဝကြီး ရှုရှိုက်ခဲ့ရတာပေါ့။) ဒီအချိန်မှာ သူတို့ဘာသွားတွေ့ကြလဲဆိုတော့ ဒီဇာတ်ညွှန်းဟာ J.J. Abrams ပဲထုတ်လုပ်ခဲ့တဲ့ Cloverfield နဲ့ ဆင်တူတယ်ဆိုတာ တွေ့ ခဲ့ကြတယ်။ J.J. Abrams ကို ဒီဇာတ်ကားနဲ့ပတ်သက်ပြီး မေးတော့ same fictional universe မှာ ရှိနေတာ မဟုတ်နိုင်သလို Sequel လည်း မဟုတ်ဘူးတဲ့။ ဒါပေမဲ့ “blood relative” (သို့မဟုတ်) “spiritual successor.” လို့တော့ ပြောလို့ရတယ်တဲ့။ သူ့ဘာသာ ဘာပဲပြောပြောပါ။ ကျွန်တော့်အတွက်တော့ 10 Cloverfield Lane သည် Cloverfield ထက် အဆပေါင်းထောင်သောင်းမက ပိုမိုကောင်းမွန်တဲ့ အရည်အသွေးပြည့်မှီတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာပဲ။ ဒီရုပ်ရှင်ကို ကြည့်နေရင်းနဲ့ပရိသတ်တစ်ချို့က ခန့်မှန်းရလွယ်တယ်လို့ပြောကောင်းပြောမိလိမ့်မယ်။ ဒါပေမဲ့ သေချာတာက ခန့်မှန်းရ လွယ်ကူနေတာတောင် တစ်ချို့ဇာတ်ဝင်ခန်းတွေဟာ ပရိသတ်ရဲ့အသက်ရှုသံတွေကို မှားမိစေမှာ အမှန်ပါပဲ။ ရုပ်ရှင်ကြည့်ပြီး ပြန်လာတဲ့ ကျွန်တော်ဆိုရင် လက်တွေတုန်နေတာလေ။ ကြောက်လို့တော့ မဟုတ်ဘူး။ စိတ်တွေ လှုပ်ရှားခဲ့လွန်းလို့။ ဇာတ်လမ်းရဲ့စစချင်း မိနစ်တွေကနေ နောက်ဆုံး မိနစ်တွေအထိ ပရိသတ်စွဲဆောင်စေခဲ့ပါတယ်။ ဇာတ်လမ်းကို ခန့်မှန်းလို့ရတယ်ဆိုပေမဲ့ ဇာတ်ကောင်တွေရဲ့အလှည့်အပြောင်းတွေ ဒေါသတွေ လုပ်ဆောင်ချက်တွေဟာ အလွန်ကို ခန့်မှန်းရ ခက်စေလွန်းတယ်။ ရုပ်ရှင်ရဲ့ဇာတ်လမ်းတစ်နေရာမှာ ကျွန်တော်တို့မတွေ့ရတဲ့ ဇာတ်ကောင်တစ်ယောက်ကို မိတ်ဆက်ပေးခဲ့တယ်။ နာမည်က Megan တဲ့။ ဒါပေမဲ့ ထို Megan ဆိုတဲ့ဇာတ်ကောင်ကပဲ ဇာတ်လမ်းရဲ့ဝှက်ဖဲတွေကို ဖော်ထုတ်ပေးနိင်ခဲ့တယ်။ အခုလို ဇာတ်လမ်းမှာ မမြင်ရတဲ့ ဇာတ်ကောင်တဟ်ယောက်က ဇာတ်လမ်းရဲ့ဝှက်ဖဲကို ဖော်ပြနိုင်ခြင်းဟာ ရုပ်ရှင်ဇာတ်ကြောင်းပြောတဲ့ နေရာမှာ ခက်ခဲလွန်းတာကို ရုပ်ရှင်ချစ်ပရိသတ်တွေ သိကြမှာပါ။ ထို့အပြင် ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းပြောပုံက အခြေအနေတွေနဲ့ဇာတ်ကောင်တွေရဲ့ဆက်ဆံရေးတွေ တင်းကြပ်လာပုံကို ဘာနဲ့ဥပမာပေးရမလဲဆိုရင် Screw ရစ်သလိုပဲလို့ဥပမာပေးရမလိုပဲ။ တစ်ဖြည်းဖြည်းနဲ့ပိုရစ်လာလေ ပိုမိုတင်းကြပ်လာလေလေနဲ့နောက်ဆုံးမှာ အတင်းကြပ်ဆုံး နေရာအဆုံးတစ်ခုကို ရောက်ရှိလာတော့တာပဲ။ ကျွန်တော့်အတွက်တော့ ကမ္ဘာပျက်ခြင်းဟာ အပြင်လောကမှာဖြစ်ပျက်နေတယ်လို့မခံစားခဲ့ရပဲ ထို Bunker လေးထဲမှာပဲ ထိုလူ 3 ယောက်ရဲ့ဆက်ဆံရေးတင်းမာလာပုံဟာ ကမ္ဘာပျက်ခြင်းပဲဆိုတဲ့ ကြောက်ရွံ့ခြင်းတွေကို ပေးစေခဲ့တာပါ။ ဇာတ်ကောင် 3 ယောက်က စားပွဲတစ်ခုမှာ ဖဲကစားနေကြတယ်ဆိုရင် တစ်ယောက်ယောက်ဆီမှာတော့ ဝှက်ဖဲတစ်ချပ်ရှိနေခဲ့တယ်။ ကျွန်တော့်ကို လူတစ်ယောက်က မင်းရဲ့အကြိုက်ဆုံး Movie Genre ကိုပြောပါဆိုရင် Sci-fi thriller ပဲ။ 10 Cloverfield Lane က sci-fi နည်းနည်းနဲ့Thrilling ကိုတော့ ဒီဂရီအမြင့်ဆုံးထိ ရောက်အောင်မြှင့်ပေးခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောပါမယ်။ 10 Cloverfield Lane သည် 2016 အတွက် ကျွန်တော် ကြည့်ဖူးသမျှဇာတ်ကားတွေထဲတင် အကောင်းဆုံးဇာတ်ကားတစ်ကားပင်ဖြစ်ပါသည်။ --------------------------------------------------------------------------------- ဇာတ်ကားရဲ့အစကနေပြီး နောက်ဆုံးခန်းအထိ ပရိသတ်တွေရဲ့စိတ်ကူးတွေထဲမှာ မေးမြန်းနေမဲ့ မေးခွန်းတွေကတော့ .. Howard သည် Michelle ကို လိမ်လည် လှည့်ဖြားခေါ်ဆောင် ဖမ်းဆီးထားတာလား? တတိယဇာတ်ကောင်ဖြစ်သူ Emmett ကရော ယုံကြည်ရမဲ့သူလား? Howard ရဲ့အပေါင်းအပါလား? Howard ရဲ့အတိတ်တွေမှာ ဘာတွေ ရှိခဲ့သလဲ? သူသည် မည်ကဲ့သို့သော လူတစ်ယောက်နည်း? ဒါမှမဟုတ် … သူတို့အမှန်တွေပဲ ပြောနေတာလား? အပြင်မှာ တစ်ကယ်ပဲ ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပျက်ခဲ့ပြီး လူသားတွေ သေဆုံးသွားကုန်ကြပြီလား? ဒါမှမဟုတ် .. အဆိုးဆုံးက ထိုမေးခွန်းတွေ အကုန်လုံးက အမှန်တွေပဲလား? ထို့အပြင် ပို၍ စိတ်ဝင်စားဖို့ကောင်းခဲ့သည်မှာ Cloverfield ရဲ့ အဆက်လား? အဆက်မဟုတ်ရင် 10 Cloverfield Lane ဆိုတဲ့ နာမည်က ဘာလဲ? ထိုအဖြေတွေကို ယခု စာဖတ်သူသိချင်နေပါသလား? ကျွန်တော်ကိုယ်တိုင်လည်း မဖြေပါ။ အဘယ့်ကြောင့်ဆိုသော် စောစောက အထက်မှာ ပြောထားတဲ့အတိုင်း ဒီဇာတ်ကားအကြောင်း မသိလေ၊ ဒီဇာတ်ကားက ပိုကောင်းလေပဲဆိုတာပဲ။ အဲ့ဒီ့တော့ တစ်ခြားလူတစ်ယောက်က သင့်ကို Spoil မလုပ်ခင် အခွင့်အရေးရရင် အမြန်ဆုံး ကြည့်စေချင်တယ်လို့ပဲ ပြောလိုက်ပါရစေတော့။ ဘာကြောင့်လဲဆိုတော့ ဒီဇတ်ကားက ပေးတဲ့ “Mystery Box” ကို သင်ကိုယ်တိုင်ပဲ ဖွင့်လိုက်စေချင်လို့ပဲဗျာ။ ဒီဇာတ်ကားကြည့်ပြီး Poster မှာရေးထားတဲ့ စာသားလေးဟာ အလွန်မှန်တယ်ဆိုတာ သိခဲ့ရတယ်။ “Monsters come in many forms.” ဆိုတာပဲ။ အပြင်လူ့လောကမှာလည်း တစ်ကယ်တော့ Monsters တွေဟာ ပုံစံအဆင်သဏ္ဍာန်မျို းစုံနဲ့ကျွန်တော့်တို့ဘဝတွေကို လာရောက်တတ်ကြတယ်လေ။ “People are strange creatures. You can't always convince them that safety is in their best interest.” ~WH~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel.'s FB Page မှကူးယူဖော်ပြပါသည်။) “People are strange creatures. You can't always convince them that safety is in their best interest.” ~WH~   File size…(853MB) Quality…BR-Rip 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Action & Adventure • Drama
7 2016 104 mins
10 Cloverfield Lane
Red Sandal Wood
9

Red Sandal Wood (2023) IMDb – 9.0/10 2021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့‌ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း အန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမ‌လောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ‌ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် အစိုးရအလုပ်ကိုသာ လုပ်စေချင်တာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဦးလေးဆီကို ပို့လိုက်ရာကနေ စန္ဒကူးမှောင်ခိုဂိုဏ်းနဲ့ ပတ်သက်မိတဲ့အခါ… ဒီအချိန်မှာ ကာရုနာရဲ့အဖေကလည်း မတော်တဆဖြစ်ပြီး သတိလစ်နေတာတောင် သားချစ်တဲ့အဖေပီပီ သားကိုပဲ တမ်းတရေရွတ်နေတဲ့အပြင် အဖေစိတ်နဲ့ အမေကပါ အိပ်ရာထဲလဲနေတော့ ကာရုနာကိုရှာပေးဖို့ သူ့ညီမက ပရာဘာကို တောင်းဆိုပါတော့တယ်။ ဒီတော့ ပရာဘာတစ်ယောက် ကာရုနာကိုရှာဖို့ထွက်လာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex, ToMo, Yunni, Deeနဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here!)

Action • Drama
9 2023
Red Sandal Wood
Just Super

ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။ သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။ တကယ်တော့ ဒီသူရဲကောင်းက ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။ အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို အေဒရီယန်ကို ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။ ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေး ဖြစ်ပါတယ်။ File size…(1.2 GB)/(692 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Animation, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2022
Just Super
Pulse
6.5

မိချိ၊ ရာဘဲ၊ ဂျွန်ကိုနဲ့ တာဂုချိတို့ သူငယ်ချင်းလေးယောက် အလုပ်လုပ်နေရင်း တာဂုချိတစ်ယောက်ဆီက အဆက်အသွယ်မရလို့ ဂျွန်ကိုတစ်ယောက် တာဂုချိရဲ့အိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုလိုက်သွားတဲ့အချိန်မှာ တာဂုချိ ကိုယ့်ကိုယ်ကို သတ်သေတာကိုမြင်လိုက်ရပြီး အထိတ်တလန့်ဖြစ်သွားပါတော့တယ်။ တာဂုချိရဲ့သေဆုံးမှုအပြီးမှာ တိတ်ခွေတစ်ခုကြည့်ရင်း တာဂုချိရဲ့သေဆုံးမှုက ထူးဆန်းနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ရာဘဲနဲ့ ဂျွန်ကိုတို့ရဲ့ပုံစံတွေကလည်း မူမမှန်သလိုဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ခါဝါရှီမကလည်း ကွန်ပျူတာစမ်းသုံးကြည့်ရင်း ဝက်ဘ်ဆိုက်တစ်ခုက ရုတ်တရက်ပေါ်လာပါတယ်၊ ဝက်ဘ်ဆိုက်က သူ့အလိုလိုပေါ်လာတာဖြစ်တဲ့အတွက် နောက်ရက်မှာ ကွန်ပျူတာမေဂျာကျောင်းသားတွေကို သွားမေးရင်း ဟာရုအဲဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့လာပါတယ်။ ဟာရုအဲက ပရိုဂရမ်တစ်ခုကိုလေ့လာနေပြီး သရဲတွေအကြောင်းလည်း စိတ်ဝင်စားသူတစ်ယောက်ပါ။ ဒီလိုနဲ့ ဟာရုအဲနဲ့ခါဝါရှီမတို့ အဲဒီဝက်ဘ်ဆိုက်အကြောင်းပြောရင်း ဟာရုအဲတစ်ယောက် ထူးဆန်းလာပါတော့တယ်။ အထီးကျန်တဲ့သူတွေရဲ့ စိတ်နှလုံးသားအနက်ရှိုင်းဆုံးထဲကိုလှည့်စားတတ်တဲ့ဝိညာဉ်တွေရဲ့လက်ထဲကနေ မိချိနဲ့ခါဝါရှီမတို့ သူတို့ရဲ့သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား။ သူတို့နှစ်ယောက်ကိုယ်တိုင်ကရော ဘေးကင်းနိုင်ပါ့မလား၊ ဘယ်လိုမျိုးခြောက်လှန့်မှုတွေနဲ့ကြုံတွေ့ရမလဲ… File Size : 3.9 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 59min Format : Mp4 Genre : Horror, Mystery, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

Crime • Thriller • Action
6.5 2001 119 mins
Pulse
After Life
7.6

After Life (1998) ~ IMDb – 7.6/10, RT – 89%, Meta – 91% ~ Hirokazu Kore-eda ရဲ့ ပထမဆုံး Maborosi အပြီးရိုက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း သေပြီး တမလွန်မှာ စောင့်ဆိုင်းရင်း ရွေးချယ်မှုလုပ်ရတဲ့အကြောင်းပါ။ ဒီလို Theme နဲ့ အင်္ဂလိပ်ကားတချို့လည်းထွက်ပြီးခဲ့သလို မကြာသေးခင်က ထွက်ခဲ့တဲ့ကိုရီးယားဇာတ်လမ်းတွဲ Light Shop မှာတောင် ဒီရုပ်ရှင်ရဲ့ တချို့အငွေ့အသက်တွေမြင်ရပါတယ်။ နာမည်သိပ်မရခဲ့ဘူးထင်ရပေမဲ့လည်း နောက်ထပ်ကိုးကားဖြစ်တည်လာဖို့အတွက် တော်တော်ပေါက်မြောက်ခဲ့တဲ့ ဇာတ်လမ်းပါပဲ။ တမလွန်ကို တင်ဆက်ပုံကလည်း ထူးခြားတယ်။ ဘယ်လိုထူးခြားလဲတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါ။ Kore-eda ဟာ ဒီဘက်ခေတ်ရဲ့ Yasujirō Ozu အမွေကိုဆက်ခံတဲ့ ဒါရိုက်တာလို့ တထစ်ချယုံကြည်ထားတာနဲ့အတူပဲ Kore-eda ရဲ့တင်ဆက်ပုံအကြောင်းကို အိုဇုကိုဖယ်ပြီး ပြောဖို့ ကျွန်တော့်အတွက်တော့မဖြစ်နိုင်ပါဘူး။ ပထမဆုံး Maborosi မှာ Hirokazu Kore-eda ဟာ အိုဇုအငွေ့အသက်ကို တော်တော်ဖမ်းယူခဲ့သလို ဒီရုပ်ရှင်မှာလည်း အိုဇုရဲ့ သူတို့ဂျပန်ရိုးရာတွေကို တမြတ်တနိုးတင်ဆက်မှုကို ဖမ်းယူထားသေးတာပါပဲ။ အိုဇုကိုပိုနားလည်လာလေ သူတို့ရဲ့ဆင်တူမှုကို ပိုဖမ်းမိလာလေဖြစ်လာမယ့် အချက်တွေတော့များပါတယ်။ အိုဇုဟာ ဘယ်လိုအကြောင်းအရာတွေပဲ တင်ဆက်တင်ဆက် သူ့ရုပ်ရှင်တွေမှာ ကျွန်တော်တို့ဂျပန်ဆိုတဲ့အငွေ့အသက်အပြည့်ရသလို သူ့ရုပ်ရှင်တစ်ကားလုံးမှာလည်း ဂျပန်ယဉ်ကျေးမှုနဲ့ရိုးရာက ထုံမွှမ်းနေပါတယ်။ သူ့တင်ဆက်ပုံကိုကလည်း ဂျပန်လူနေမှုတစ်ခေတ်ရဲ့မရှိမဖြစ် ဖြစ်ခဲ့တဲ့ အခုထိတန်ဖိုးထားကြဆဲ Tatami Mat တတမိဖျာကို ဂုဏ်ပြုထားတဲ့တင်ဆက်ပုံမျိုးဖြစ်ခဲ့တယ်။ ပြောရရင် အိုဇုရုပ်ရှင်တွေဟာ သူ့ခေတ်သူ့အခါမှာ ဂျပန်အဆန်ဆုံးလို့ ခံစားရတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့တယ်။ Kore-eda ကလည်း ဒီဘက်ခေတ်ရဲ့ အဲဒီလိုလူပါပဲ။ Kore-eda ရဲ့ After Life ကလည်း တမလွန်ကို ပြတဲ့ရုပ်ရှင်ပေမဲ့ အိုဇုနဲ့ထပ်တူ ဒီယဉ်ကျေးမှုအငွေ့အသက်တွေကို ဖမ်းနိုင်သလောက်ဖမ်းထားတဲ့ ရုပ်ရှင်ပါပဲ။ After Life ဟာ ဂျပန်ကားစစ်စစ်တစ်ကား Kore-eda ကား စစ်စစ်တစ်ကားဆိုတာတော့‌ သေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 930MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 59Min Genre – Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
7.6 1998 118 mins
After Life
Warfare
7.8

A24 က ထုတ်တဲ့ စစ်ကားအသစ်ပါ.. အရမ်းကြမ်းတယ် အလွတ်မခံပါနဲ့။ ဒီရုပ်ရှင်ထဲက ဇာတ်ကွက်တွေကို တကယ့် စစ်ဆင်ရေး အချိန်အတိုင်း ရိုက်ပြထားတာပါ။ ဒါရိုက်တာက Ex Machina၊ Annihilation၊ Civil War တွေကို ရိုက်ခဲ့တဲ့ Alex Garland ပါ။ သူနဲ့အတူ တွဲရိုက်တဲ့ ဒါရိုက်တာ Ray Mendoza က နေဗီဆီးလ်ဟောင်းဖြစ်ပြီး သူကြုံခဲ့တဲ့တိုက်ပွဲကို အခြေခံထားတဲ့ ရာမဒီ၊ အီရတ်မှာ ရန်သူတွေ အများကြီး ဝိုင်းတိုက်ခံရတဲ့ နေဗီဆီးလ် တပ်စိတ် တစ်စိတ်အကြောင်းကို ရိုက်ထားတာပါ။ တကယ်ပါဝင်ခဲ့သူတွေကိုပါ အင်တာဗြူးပြီး ဇာတ်လမ်းတည်ဆောက်ခဲ့တာပါဖြစ်ပါတယ်။ စတိုက်ခံရတဲ့အချိန်ကနေ နောက်ဆုံးဖောက်ထွက် ချိန်အထိဆက်တိုက်ကျုံးနေတာကို တစ်နာရီကျော် အချိန်အစစ်အတိုင်း ရိုက်ပြထားတာပါ။ နာမည်အများစုကတော့ နာမည်လွှဲတွေပဲ ဖြစ်ပါတယ်။ Ray Mendoza နဲ့ Elliott Miller ဆိုတဲ့နာမည်ပဲ နာမည်ရင်း ပါခဲ့တာပါ။ ကျန်တာအများကြီးတော့ ပြောစရာမရှိပါဘူး။ စစ်ကားကောင်းရှားနေတဲ့အချိန်မှာ ရွှေထွက် လာတာပါပဲ။ ကြည့်လိုက်ကြပါ……….. File size… (5.82GB ) /(1.72 GB) / (789 MB) Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv / mp4 Duration….1h 35m Genre …..Action , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Benjamin Translated by Mr.Anderson

War • Action • Adventure
7.8 2025 95 mins
Warfare
Sunday
7.8

ဒီဇာတ်လမ်းလေးကတော့ ဒီနေ့ခေတ်ရဲ့ အခြေအနေကို ထင်ဟပ်စေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်.. ရွာတစ်ရွာမှာ အဘိုးကြီးနဲ့ အဘွားကြီးလင်မယားစုံတွဲ တစ်တွဲရှိပါတယ်.. သူတို့မှာ သားနှစ်ယောက်ရှိပေမဲ့ သားအကြီးက အိမ်ထောင်ကျပြီး ကိုယ့်အိုးကိုယ့်အိမ်နဲ့ ခွဲနေသူဖြစ်သလို သားအငယ်ကလည်း အဝေးတစ်နေရာမှာ အလုပ်သွားလုပ်ရင်း ပိုက်ဆံရှာနေသူပဲဖြစ်ပါတယ်.. သားအကြီးဖြစ်သူက ဝေးဝေးတစ်ခါ သူတို့ဆီကိုလာလည်တတ်ပေမဲ့ သားအငယ်ကတော့ အိမ်ကိုတော်ရုံမပြန်ပါဘူး ဒါကြောင့် အဘိုးကြီးနဲ့အဘွားကြီးလင်မယားတို့ဟာ သားအငယ်ကိုမျှော်ရင်းနဲ့ နေ့စဉ်ဘဝကို နှစ်ယောက်တည်း ဖြတ်သန်းနေကြရပါတယ်.. အသက်ကြီးပိုင်းတွေဖြစ်ကြတာကြောင့် ခေတ်ပေါ်နည်းပညာတွေနဲ့ အကျွမ်းတဝင်မရှိကြချိန်မှာ အခြေအနေအရ အိမ်ကစက်ပစ္စည်းတွေကို ခေတ်ပေါ်စက်ပစ္စည်းတွေနဲ့ အစားထိုးရတဲ့အခါ အခက်အခဲတွေနဲ့ကြုံတွေ့ရပုံတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်.. ဒီဇာတ်လမ်းလေးကိုကြည့်ပြီး ကိုယ့်ရဲ့မိဘတွေ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေ ခံစားချက်တွေကို ကိုယ်ချင်းစာ ခံစားကြည့်နိုင်မှာပဲ ဖြစ်ပါတယ်.. ဒါကြောင့် ခံစားကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်.. File Size… (1.09 GB) / ( 507 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Okka

Romance
7.8 2024 97 mins
Sunday
Okamuro-san
5.8

Okamuro-san (2022) ******************** IMDb… 5.5 ဒဏ္ဍာရီလာ ဆာမူရိုင်းမကောင်းဆိုးဝါးလို့ သိထားကြတဲ့ အိုကာမူရို… သူ့ရဲ့နာမည်ကိုခေါ်ရင် Okamuro လို့ လိုင်းပေါ်မှာရှာရင် ပေါ်လာပြီးတော့ အားလုံးကို ခေါင်းဖြတ်သတ်တတ်တဲ့ မကောင်းဆိုးဝါး… အိုကာမူရိုကို ပြန်ပျောက်သွားစေချင်ရင် အိုကာမူရို အိုကာမူရို အိုကာမူရိုလို့ ၃ ကြိမ်ရွတ်ရတယ်ဆိုတဲ့ယုံတမ်းစကားလေးတစ်ခုရှိတာပေါ့။ ဒါပေမဲ့ ခေတ်အမြင်နဲ့ကြည့်တော့ မကောင်းဆိုးဝါးက အွန်လိုင်းမှာပဲ အက်တစ်ဖြစ်သလိုလို ဘာလိုလိုနဲ့ ရယ်စရာကြီးဖြစ်နေတော့ လူငယ်တွေကတော့ မယုံကြပါဘူး။ ဒီလိုနဲ့ ဆုဇုတို့သူငယ်ချင်းတစ်စု campထွက်ရင်း သရဲပုံပြင်တွေပြောကြ စနောက်ကြရာကနေ အိုကာမူရိုယုံတမ်းပုံပြင်လေးကို စမ်းသပ်ဖို့လုပ်ကြပါတော့တယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ ကမ့်ပ်ထွက်တဲ့လူတွေအကုန် ထူးထူးခြားခြား ခေါင်းဖြတ်သတ်ခံရပြီး ဆုဇုတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့ချိန်မှာတော့… File Size… 1.14GB/ 530MB Quality… BluRay 1080p/ 720p Format…mp4 Duration…1h 13m Genre …..Horror, Fantasy, Comedy Subtitle….Myanmar Subtitle (Hard Sub)

Thriller
5.8 2022 73 mins
Okamuro-san