YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

sons.of.anarchy.s01e05.720p.(CM).mp4

581.75 MB 720p video/mp4 584 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Extraordinary Adventures of Adèle Blanc-Sec
6.2

ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ ဇာတ်လမ်းကတော့.... အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်... သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie

Comedy • Family
6.2 2010 105 mins
The Extraordinary Adventures of Adèle Blanc-Sec
The Night Owl
7

ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ် ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ် ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ် ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့... ၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကို မျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ် မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင် ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါ ဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ် ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော် ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိပါပဲ အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 554MB | 292MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August

Documentary • Music
7 2022 118 mins
The Night Owl
Gentleman
6

အလွတ်စုံထောက်အေဂျင်စီ ပိုင်ရှင်ဖြစ်တဲ့ ဂျီဟျွန်းဆူကို တစ်နေ့မှာ အိမ်မွေးခွေးလေး ကူရှာပေးဖို့ ကောင်မလေးတစ်ယောက်က ဆက်သွယ်လာခဲ့ပါတယ်.... ဂျီဟျွန်းဆူက အဲဒီကောင်မလေးနဲ့အတူ ပိုင်ရှင်မရှိတဲ့ တည်းခိုခန်းမှာ ခွေးလေးကို ရှာဖို့ အတူ လိုက်ပါသွားခဲ့ရာ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်တဲ့အတွက် သတိလစ်သွားပါတယ်... နိုးလာတဲ့အခါမှာ အလုပ်အပ်ခဲ့တဲ့ ကောင်မလေးကပါ ပျောက်ဆုံးနေခဲ့တဲ့အပြင် အမှုစစ်ကပါ သူ့ကို ပြန်ပေးဆွဲသမားအဖြစ် အထင်မှားပြီး ဖမ်းဆီးခဲ့ပါတယ် ... အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံဆက်ဖြစ်ခဲ့ပါတယ်.. ဒီကားက အညွှန်းအများကြီးရေးလို့မကောင်းတဲ့အထဲမှာပါတယ်.. ထွက်သမျှကားသစ်တွေထဲမှာ အကောင်းဆုံး စာရင်းထဲထည့်ထားလို့ရတယ်.. plot twist တွေလည်းပါသလို အစမှ အဆုံးထိ tempo တစ်ချက်မှ မကျဘဲနဲ့ကြည့်နေရတဲ့ကားဖြစ်လို့ပါ..casts တွေတော့ထွေထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ဘူး အကုန်နာမည်ကြီးတွေကြီးပဲ.. ဒေါင်းရကျိုးနပ်စေရမယ့်လို့ ရဲရဲကြီးအာမခံတယ်... File Size :(1.7GB )(667MB) & (218MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:03:00 Genre :  Action, Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel & Miri Encoded by Phyo Pyae

6 2022 123 mins
Gentleman
The Little Things
6.3

စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက် ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံ လိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီး ဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက် များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက် သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 7min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Thriller Source : 1080p.WebRip Translator – Littleneo Encoder – SWM

Comedy • Drama • Romance
6.3 2021 128 mins
The Little Things
Pet Sematary
5.7

စတီဖန်ကင်းရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၁၉၈၉ တုန်းက တစ်ခေါက်ရိုက်ကူးဖူးခဲ့ပြီး အခုကတော့ ဇာတ်ညွှန်းအနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ကူးထားတာမို့ အရသာအသစ်ခံစားရမှာပါပဲ။ ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။ စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။ (မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်) ဇာတ်လမ်းအကျဉ်း ============ မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။ သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။ အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီး ခံစားလိုက်ပါ။ Littleneo ဘာသာပြန်သည် File Size : 740MB Quality : Blu-Ray --720p Running Time : 1hr 41min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Littleneo Encoded by THZ

Drama
5.7 2019 101 mins
Pet Sematary
The Unborn Soul
5.3

The Unborn Soul (2023) ဗီယက်နမ် Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Horror ဆိုပေမယ့် ဒရာမာကားကောင်းကောင်းတစ်ကားလို ဇာတ်လမ်းအချိတ်အဆက်မိမိ တင်ပြထားတာမို့ တစ်ကားလုံး ပျင်းမနေဘဲ အဆုံးထိ ကြည့်မိမယ့်ကားမျိုးပါပဲ။ အမျိုးသမီးဇာတ်ကောင် ၃ ယောက်ရဲ့ ဆက်နွယ်မှုတွေကို တင်ပြရင်းနဲ့ ဒီဇာတ်လမ်းက ပုံပေါ်လာမှာပါ။ ပထမဆုံးအမျိုးသမီး “ထောင်”ကတော့ ယောက်ျားဖြစ်သူနဲ့အတူ ကလေးရဖို့အတွက် လေးနှစ်တောင်စောင့်ဆိုင်းခဲ့ရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အတိတ်က မကောင်းမှုတွေကြောင့် သူ့အိမ်မှာ သန္ဓေသားဘဝနဲ့ သေဆုံးရတဲ့ကလေးသရဲကပ်ပြီး ဒုက္ခရောက်တော့တာပါပဲ။ ဒုတိယအမျိုးသမီး “ဖွန်း” ကတော့ ကိုယ်ဝန်ဖျက်ချတဲ့ဆေးခန်းက ဆရာဝန်ပါ။ တစ်ဖက်မှာ သူတစ်ပါးကလေးအသက်သတ်နေရပေမဲ့ တစ်ဖက်မှာတော့ သူ့ရဲ့သားလေး မင်းကို အသက်ဆက်ရှင်‌နိုင်အောင် ကြိုးစားနေရတာပါ။ သားအတွက် ဆေးဖိုးရှာနိုင်အောင် ကိုယ်ဝန်ဖျက်ချရတဲ့ ဖွန်းတစ်ယောက် လိပ်ပြာလုံလုံနဲ့ လုပ်နိုင်ပါ့မလား။ တတိယအမျိုးသမီးကတော့ နတ်မိမယ်လေးမိဘမဲ့ဂေဟာက အမျိုးသမီးပါ။ မိဘမဲ့တွေကို စောင့်ရှောက်ရတာအပြင် ကိုယ်ဝန်ဖျက်ချပြီးထွက်လာတဲ့ သန္ဓေသားအလောင်းတွေကို ကောင်းရာမွန်ရာမှာ မြေမြှုပ်ရင်းနဲ့ အောက်ဆိုက်ရှာနေရတဲ့သူပေါ့။ သူ့ရဲ့အကြောင်းအရာကရော ဘယ်လိုဆက်ဖြစ်မလဲ။ ဒီအမျိုးသမီးသုံးယောက် ဘယ်လိုဆက်စပ်နေမလဲ။ သန္ဓေသားသရဲတွေနဲ့ သူတို့သုံးယောက်ရဲ့ ပတ်သက်ဆက်နွှယ်ပုံက ဘယ်လိုလဲဆိုတာကိုတော့ ဒီကားထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Drama, Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 668MB | 338MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

5.3 2023
The Unborn Soul
Surongo
6.6

Surongo (2023) IMDb-6.6/10 မထင်မှတ်ထားတဲ့ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ မင်းသားကြီးအာဖရန်နီရှိုးရဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ငွေ သန်းနှစ်ဆယ်အသုံးပြုရိုက်ကူးခဲ့ပြီး နှစ်ဆကျော်ပြန်လည်ရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ မာဆုဒ်ဆိုတာ ရွာထဲမှာလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်နေတဲ့လူငယ်တစ်ယောက်။ တစ်ရက်စျေးထဲဓာတ်တိုင်က မီးသီးတက်ပြင်နေရင်း မြင်လိုက်ရတဲ့မိုနာဆိုတဲ့အမျိုးသမီးလေးကြောင့် အချစ်မှာကျရှုံးမိပါလေရော။ ချစ်သူတောင်းဆိုသမျှ လိုက်လျောဖို့အသင့်ဖြစ်နေခဲ့သူလေး မောင်မာဆုဒ်တစ်ယောက် ဆန္ဒတွေပြည့်၀သွားပြီး ချစ်သူနဲ့နှစ်ကိုယ်တူလက်ထပ်ပေါင်းသင်းပြီးနောက်မှာတော့ လိုအင်ဆန္ဒတွေများပြားလွန်းလှတဲ့ ဇနီးဖြစ်သူမိုနာရဲ့ တောင်းဆိုမှုလိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းမပေးနိုင်တော့။ ချစ်ဇနီးမျက်နှာအညှိုးမခံချင်သူ မာဆုဒ်တစ်ယောက်မိဘ လက်ငုတ်လက်ရင်း အိမ်လေးကိုပေါင်ပြီး မလေးရှားတက်အလုပ်လုပ်ပါလေရော။ အထက်မှာပြောခဲ့သလိုပဲ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကနေ မထင်မှတ်ထားတဲ့ဇာတ်ကွက်ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~YH~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်)

6.6 2023 158 mins
Surongo
The Baker
5.9

Hellboy ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Ron Perlmanရဲ့ 2022ထွက် အက်ရှင် ဇာတ်ကားဖြစ်ပါတယ်။ ​ ဇာတ်လမ်းက မုန့်ဖုတ်သမားကြီးဆီကို သူနဲ့စကားမပြော အဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ သူ့သားက တစ်ရက်မှာရောက်လာပြီး သူ့​ကလေးကို ခဏကြည့်ပေးထားဖို့တောင်းဆိုလာပါတယ်။သူ့မှာ မြေးမလေး ရှိနေမှန်းတောင်မသိနေခဲ့တဲ့ မုန့်ဖုတ်သမားကြီးက စကားလုံးဝမပြောတဲ့ မြေးမလေးကို ကြည့်ထားပေးလိုက်ပါတယ်။ သားဖြစ်သူက မူးယစ်ဂိုဏ်းတစ်ခုနဲ့ ပတ်သတ်မိပြီး ပျောက်ဆုံးသွားတဲ့အခါမှာ သားဖြစ်သူကိုလည်း ရေဆုံးမိုးဆုံး လိုက်ရှာရင်း မြေးမလေးကိုလည်း အန္တရာယ်ကလည်း ကာကွယ်ပေးရင်းနဲ့ ဘယ်လိုသံယောဇဥ်ဖြစ်သွားမလဲကြည့်ရမှာပါ။ အက်ရှင်ခန်းတွေလည်း များစွာပါဝင်ပြီး family ကြည့်လို့လည်းသင့်တော်ပါတယ်။ ဇာတ်လမ်းလေးကပဲ ဆွဲခေါ်သွားမှာဆိုတော့ အများကြီးညွှန်းနေစရာမလိုလောက်ဘူးထင်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

5.9 2022
The Baker
A Very Venice Romance
6.3

“ဗင်းနစ်က ပင့်သက်ရှိုက်သံဆိုတဲ့တံတားရဲ့အောက်မှာ ချစ်သူနှစ်ဦးက နေဝင်ချိန် အနမ်းခြွေမယ်ဆိုရင် ထာဝရတည်တံ့တဲ့ချစ်ခြင်းကို ပိုင်ဆိုင်နိုင်လိမ့်ယ်”တဲ့… ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို အီတလီနိုင်ငံက ဗင်းနစ်မြို့ကို အလည်တစ်ခေါက် ခေါ်သွားချင်ပါတယ်။ IMDB 6.3/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ ဗင်းနစ်မြို့ရဲ့ လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ မြင်ကွင်းလေးတွေကို ခံစားကြည့်ရှုလို့ ရနိုင်မှာပါ။ ပုံမှန်သမားရိုးကျ plot ဖြစ်ပေမဲ့ လှပတဲ့ရှုခင်းတွေနဲ့ ဗင်းနစ်မြို့အကြောင်း ဗဟုသုတရဖွယ် အချက်အလက်များကိုပါ ထည့်သွင်းတင်ဆက်ထားတာမို့ ဟင်းလျာတွေလည်း ကြည့်ရင်း ထိုင်ရာမထဘဲ ဗင်းနစ်မြို့ကို အလည်တစ်ခေါက် အရောက်သွားကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ အေမီက ဖြည့်စွက်စာထုတ်လုပ်ရေးတာဝန်ခံတစ်ယောက်ဖြစ်ပြီး ထုတ်ကုန်အသစ် ထုတ်နိုင်ဖို့အတွက် အပူတပြင်းကြိုးစားနေသူပါ။ သူတို့ရဲ့ ပြင်သစ်စားဖိုမှူးနဲ့တွဲဖက်ကာ အနံ့အရသာ ကောင်းမွန်ပြီး ကျန်းမာရေးနဲ့လိုက်ဖက်ညီတဲ့ ထုတ်ကုန်အသစ်ဖြစ်အောင် ပြင်ဆင်နေခဲ့ပေမဲ့ ပြင်သစ်ဟင်းလျာပုံစံတွေကို မူလလက်ရာမပျက်အောင် ထိန်းသိမ်းချင်တဲ့ စားဖိုမှူးက အေမီ့ရဲ့အဆိုပြုချက်ကိုလက်မခံဘဲ နှစ်ယောက်သားစကားများကြရာကနေ အလုပ်က ထွက်သွားပါတော့တယ်။ ကိုယ်ရှုပ်မိတဲ့အရှုပ်ကို ပြန်ရှင်းဖို့ စားဖိုမှူးအသစ်လိုက်ရှာရင်း အီတလီစားဖိုမှူး မာချယ်လို့ကို ကမ်းလှမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မာချယ်လိုက နယူးယော့ခ်ကို ဘယ်လိုမှ မလာနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာမို့ အေမီတစ်ယောက် ဗင်းနစ်မြို့ဆီ အရောက်သွားကာ မာချယ်လို့ရဲ့ ဟင်းချက်သင်တန်းကို တက်ပြီး မရအရဆွယ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အေမီတစ်ယောက် မာချယ်လိုရဲ့ သင်တန်းကိုတက်နေတဲ့ သုံးပတ်တာအချိန်အတွင်း မာချယ်လို့ကို စိတ်ပြောင်းအောင် လုပ်လိုက်နိုင်မှာလား.. အဆင်မပြေဘဲ လက်လျှော့ပြီးပဲ ပြန်ရမလား.. မာချယ်လိုကရော ဘာလို့ နယူးယော့ခ်ကို လုံးဝမလာချင်ဖြစ်နေရတာလဲ.. အေမီနဲ့ မာချယ်လို့နှစ်ယောက်ကြား ဘယ်လို ရိုမန့်စ်လေးတွေဖြစ်လာမလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

6.3 2023 84 mins
A Very Venice Romance
Baby Shark’s Big Movie

Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာ ကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန် သိကြမှာပါ။ သီချင်းရဲ့ဆွဲဆောင်မှုနဲ့ လွယ်ကူမှုတွေကြောင့် တစ်ခါနားထောင်ဖူးရုံနဲ့ နားထဲမှာစွဲစေတဲ့ သီချင်းလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီး အားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့ သီချင်း Keep Swimmin’ Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင် Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ် ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ သမုဒ္ဒရာရေပြင်တစ်ခုလုံးက ဂီတအားလုံးကိုခိုးယူပြီး သူတစ်ယောက်တည်းလွှမ်းမိုးချင်နေတဲ့ စတားရီးယားနားဆိုတဲ့ကြယ်ငါးမလေးကို Baby Shark တို့အဖွဲ့ ဂီတကိုဂီတနဲ့ပြန်တိုက်ထုတ်ဖို့ကြိုးစားကြပုံကို သူငယ်ချင်း နှစ်ယောက်ကြားက သံယောစဉ်နဲ့ချစ်ခြင်းတွေ ဂီတဆိုတာ ကမ္ဘာကြီးလှပဖို့အတွက် လိုအပ်ကြောင်းတွေကို သီချင်းတွေအများကြီးနဲ့ မပျင်းရအောင်တင်ဆက်ထားတဲ့အတွက် လူကြီးလူငယ်အားလုံး ကြိုက်ကြမယ့် ကာတွန်းကားမျိုးပဲဖြစ်ပါတယ်။ File size…1.58GB / 701MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe

0 2023
Baby Shark’s Big Movie
Through My Window 3: Looking at You
5.5

ပြတင်းပေါက်ကျော်လာတဲ့ချစ်သူလေး တတိယကားထွက်ရှိလာပါပြီ….။ လူငယ်ဆန်ဆန် စပိန်အချစ်ကားလေးဖြစ်ပြီး ရှေ့နှစ်ကားမှာလည်း ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြောင့် အကြိုက်တွေ့ခဲ့ကြပါတယ်…။ ဒီတစ်ခေါက်ဇာတ်ကားလေးထဲမှာရော စာရေးဆရာမလေးနဲ့ ဝိုင်ဖိုင်ခိုးသုံးတဲ့သူဌေးသားလေးတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရဦးမှာပါ။ ဒုတိယကားမှာတုန်းက Long Distance Relationshipဖြစ်သွားလို့ ပြတ်စဲသွားခဲ့ကြတဲ့ ရာကဲနဲ့အာရိစ်ဟာ ဒီဇာတ်လမ်းအစမှာတော့ ကိုယ်စီကိုယ်စီပိုင်ရှင်အသစ်တွေရှိနေကြပါပြီ။ ခရစ်စမတ်ကျောင်းပိတ်ရက်ကိုရောက်တော့ အာရိစ်ဟာ လက်ရှိရည်းစားအသစ်နဲ့အတူ မွေးရပ်မြေကိုပြန်လာတော့ အရင်လိုပဲ ရာကဲကိုပြတင်းပေါက်လေးကကျော်ပြီး မြင်တွေ့နေရဆဲပါ။ ပိုင်ရှင်ကတော့ ကိုယ်မဟုတ်တော့ဘူးပေါ့…။ သို့ပေမဲ့ လူတိုင်းရဲ့ဘဝမှာ မမေ့ပစ်နိုင်တဲ့ ရည်းစားဟောင်း တစ်ယောက်တော့ ရှိကြစမြဲပါ။ အခုဆိုရင် ရာကဲရော အာရိစ်ပါ တစ်ယောက်ကိုတစ်ယောက် မမေ့နိုင်ဖြစ်ကာ ပြတင်းပေါက်လေးကနေသာ လှမ်းမျှော်ကြည့် နေရပါတော့တယ်။ အချစ်ကြီးချစ်ခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့အချစ်က ဒီလိုပဲအဆုံးသတ်သွားမှာလား… ဒါမှမဟုတ် ပြတင်းပေါက်လေးကကျော်ပြီး ဇာတ်လမ်းသစ်ကို တစ်ဖန်ပြန်စကြမလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ဗျာ…။ လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။ File size…1.38GB / 640MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • Mystery • Thriller
5.5 2024
Through My Window 3: Looking at You
Turn Heaven and Earth Upside Down
5.9

ဒီဇာတ်ကားလေးကတော့ စွန်းဝူခုန်းနဲ့တန်းတူစွမ်းအားကြီးတဲ့ မျောက်တစ်ကောင်အကြောင်းပဲဖြစ်ပါတယ်။ သူကတော့နားရွက်(၆)ဖက်ရှိတဲ့မျောက်နီမျိုးနွယ်ဘုရင်တစ်ပါးဖြစ်ပြီးတော့ စစ်မက်လိုလားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့လောဘစိတ်ကြောင့် ကျန်တဲ့အင်အားကြီးမျောက်မျိုးနွယ်တွေကို အနိုင်ယူခဲ့ပြီး နောက်ဆုံးမှာအောင်နိုင်ခြင်းဘုရားကိုပါအနိုင်ယူခဲ့တယ်။ (စွန်းဝူခုန်းကအနောက်အရပ်ကပြန်လာပြီးနောက်ပိုင်း တရုတ်ကျမ်းစာအရဘုရား၃၅ဆူထဲက နောက်ဆုံးဘုရားဖြစ်တဲ့ အောင်နိုင်ခြင်းဘုရားဖြစ်သွားတယ်လို့ဆိုတယ်) သူကသူရဲကောင်းကြီးကိုအနိုင်ယူလိုက်ပေမယ့် သူထင်သလိုမပျော်နိုင်ပဲ ဗလာဆန်ပြီးအထီးကျန်ဘဝနဲ့နေနေရတယ်။ တစ်နေ့မှာတော့ သူ့ကိုယ်သူအောင်နိုင်ခြင်းဘုရားပါဆိုပြီး ကြွေးကျော်ပြီးရောက်တာတဲ့ကောင်လေးတစ်ယောက်ကြောင့် သူ့ဘဝဟာပြောင်းလဲလာပါတော့တယ်။

Romance
5.9 2024
Turn Heaven and Earth Upside Down
Confessions of a Dangerous Mind

ယခုအခါတင်ဆက်ပေးလိုက်တာကတော့…ဖြစ်ရပ်မှုန်အပေါ်အခြေခံထားတဲ့ စိတ်လှုပ်ရှားစရာသူလျှိုဇာတ်လမ်းလေးပဲဖြစ်ပါတယ်…ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်…..ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်…Sam Rockwell, Drew Barrymore, George Clooney, Julia Roberts အစရှိတဲ့နာမည်ကြီးမင်းသားမင်းသမီးများပါဝင်ထားပါတယ်… ဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင်မှာ နာမည်စကြီးခဲ့တဲ့ ရုပ်မြင်သံကြားထုတ်လုပ်သူ Chuck Barris ရဲ့ကိုယ်တိုင်ရေးအထုပ္ပတ္တိအပေါ်အခြေခံထားပါတယ်…. အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစား‌နေတဲ့ Chuck Barris က ရုပ်မြင်သံကြားလုပ်ငန်းဟာအလားအလာရှိတယ်လို့သိမြင်လာတဲ့အခါ NBC ကုမ္ပဏီမှာအကူအနေနဲ့စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်…ထို့နောက်သူဟာ ရုပ်မြင်သံကြားထုတ်လုပ်သူဖြစ်ဖို့ကြိုးစားလာခဲ့ပြီး မအောင်မြင်သေးခင်ကာလမှာ ဂျင်မ်ဘတ်ဒ်လို့ခေါ်တဲ့ စီအိုင်အေသူလျှိုတစ်ယောက်က သူ့ကိုဆက်သွယ်လာခဲ့ပါတယ်….ချက်ခ်လည်းသူလျှိုလုပ်ဖို့သဘောတူလိုက်ပြီး ဂျင်မ်ဘတ်ဒ်ရဲ့ညွှန်ကြားမှုအတိုင်း စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ပါတယ်….တဖက်မှာလည်း ရုပ်မြင်သံကြားထုတ်လုပ်သူအနေနဲ့ အသွင်ယူနေခဲ့ပါတယ်…ထို့နောက် သူနဲ့အတူလက်တွဲလုပ်ခဲ့တဲ့သူလျှိုတွေအသတ်ခံလာရတဲ့အခါမှာတော့ ချက်ခ်ဟာလည်းကြောက်လန့်နေခဲ့ပါတယ်…. ဒီရုပ်ရှင်ဇာတ်လမ်းဟာ ချက်ခ်ဘယ်ရစ်ရဲ့မနက်ဆိုရုပ်မြင်သံကြားထုတ်လုပ်သူ…ညဆိုသူလျှိုလုပ်တဲ့ ဘဝနှစ်ခုအကြောင်းကိုတင်ဆက်ပြသထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ File size…(1.5 GB)/(796 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2002
Confessions of a Dangerous Mind
Uncanny
6.2

Uncanny (2015) ******************* အခုခေတ်မှာ AI နည်းပညာတွေက အရမ်းအောင်မြင်နေပေမဲ့ ဒီလိုအောင်မြင်လာဖို့အတွက် ဟိုးအရင်ကတည်းကစတင်ကြိုးစားခဲ့ကြရတာပါ။ အဲ့ဒါရဲ့ရလာဒ်အနေနဲ့ဟိုးအရင်ကတည်းက AI နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေလည်းအများကြီးထွက်ရှိခဲ့ပါတယ်။ AI ဆိုတာ လူလုပ်အသိဉာဏ်တုဖြစ်ပြီး အဲ့ဒီအသိဉာဏ်တုကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြည့်စုံအောင် ပုံဖော်ဖန်တီးရတာဖြစ်တဲ့အတွက် လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခုတင်ဆက်ပေးမဲ့ 2015 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Uncanny ဆိုတဲ့ IMDb 6.2 ရရှိထားတဲ့ဇာတ်ကားမှာလည်း ပြည့်စုံတဲ့ AI တစ်ခုကိုဖန်တီးရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာအပြင် ဖြစ်လာနိုင်မဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒေးဗစ်ခရန်ဆန်ဆိုတဲ့လူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းတွေအများကြီးပြီး အဆင့်မြင့်ဘွဲ့တွေအများကြီးရရှိထားပြီး စက်ရုပ်နည်းပညာကို အရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်းကက်စတယ်လို့ခေါ်တဲ့ အလုပ်ရှင်ကြီးတစ်ယောက်က သူ့ကိုလုပ်ခိုင်းထားတဲ့လူသားနဲ့ လုံး၀ချွတ်စွတ်တူပြီးပြည့်စုံတဲ့ AI စက်ရုပ်တစ်ခုကို အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ကြိုးစားတီထွင်နေပါတော့တယ်။ သူ့လက်ရာတွေက အရမ်းပြောင်မြောက်ပြီး နာမည်ကြီးတဲ့အတွက် သတင်းထောက်တစ်ယောက်က သူ့အကြောင်းဆောင်းပါးရေးဖို့ တစ်ပတ်တာလာလေ့လာခဲ့ပါတယ်။ သူလက်ရှိတီထွင်ထားတဲ့စက်ရုပ်က ဘယ်လောက်တောင်ပြောင်မြောက်လဲဆိုရင် စစချင်းတုန်းကသတင်းထောက်ဟာ သူ့လက်ထောက်အက်ဒမ်လို့ထင်တဲ့လူကို ထွင်ထားတဲ့စက်ရုပ်ဖြစ်နေမှန်းတောင် လုံး၀မသိခဲ့ပါဘူး။ ဒီလိုနဲ့သတင်းထောက်မလေးက သူတို့အလုပ်တွေကို တစ်ပတ်တာလေ့လာရင်းနဲ့ AI စက်ရုပ်အက်ဒမ်က သတင်းထောက်မလေးအပေါ်မှာ ခံစားချက်တွေရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.23GB / 629MB Quality… Blu Ray 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Sci-Fi, Horror, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

6.2 2015 91 mins
Uncanny