YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Song of the Moon E15 (1080p) CM.mp4

676.62 MB N/A video/mp4 100 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mimic
6

ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက del Toro အမြင်ကို မလေးစားရင် ရုပ်ရှင်ကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့သာ မပြုတ်ခဲ့တာပါပဲ။ ဒီကားရဲ့ ရုံတင်ဗားရှင်းမှာလည်း သူ့လက်ထောက်ရိုက်ခဲ့တဲ့ အခန်းတွေထည့်ထားခဲ့တာကြောင့် သူတော်တော်ဒေါသဖြစ်ခဲ့ရပါတယ်။ ဒီကားနောက်ပိုင်းမှာလည်း သူတို့နဲ့ သူ ထပ်ကိုမလုပ်ဖြစ်တော့ပါဘူး။ နောက်ပိုင်းမှာတော့ သူ Director's Cut ပြန်ထုတ်ခဲ့ပါတယ်။ အခုကားကတော့ del Toro လက်ရာစစ်စစ်ကို ကြည့်ရမယ့် Director's Cut ဗားရှင်း ရုပ်ရှင်‌ပေါ့။ သိပ္ပံပညာရှင်တွေဟာ လူသားတွေကောင်းကျိုးအတွက် အမျိုးမျိုး တီထွင် ဆန်းသစ် ကြံဆလေ့ရှိပါတယ်။ သို့ပေသော်ငြား အဲဒီလို လက်သရမ်းမှုမျိုးတွေမှာ ကောင်းကျိုးတွေရှိသလို မထင်မှတ်တဲ့ ဆိုးကျိုးတွေရှိလာနိုင်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပေးထားတာပါပဲ။ စတရစ်ကလာ ရောဂါဆိုးကြီး ပြန့်နှံ့ ကူးစက်လာတဲ့အချိန် ကလေးငယ်ပေါင်းများစွာ ဘဝပျက် သေကြေခဲ့ရတယ်။ အဲ့အချိန်မှာ ဆူဆန်ဆိုတဲ့ ပိုးမွှားဗေဒပညာရှင် အမျိုးသမီးဟာ ခြနဲ့ ဓားခုတ်ကောင်ရဲ့ မျိုးရိုးဗီဇကိုယူပြီး ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ဂျူးဒတ်စ်ဆိုတဲ့ ပိုးကောင်လေးကို ဖန်တီးခဲ့တယ်။ လပိုင်းလောက်သာ သက်တမ်းရှိအောင် ဖန်တီးခဲ့ပေမယ့် နောက်၃နှစ်အတွင်းမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဂျူးဒတ်စ်တွေရဲ့ မျိုးပွားနိုင်နှုန်းဟာ သိပ်ကိုမြန်ဆန်သွားပြီး မျိုးရိုးဗီဇ တိုးတက်ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပါတယ်။ လက်တစ်ဆုပ်လောက်သာရှိခဲ့တဲ့ ပိုးကောင်လေးတွေဟာ ဘယ်လိုပုံစံမျိုးအထိ ဖြစ်သွားမလဲ။ ဒါကို ဆူဆန်နဲ့ ပီတာတို့ ဘယ်လိုသိရှိသွားမလဲ၊ ဘယ်လိုထိန်းချုပ်မလဲ၊ နှိမ်နင်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.2GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 45Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Crime • Thriller
6 1997 105 mins
Mimic
SLR
5.2

ကင်မရာဆိုတာ ဝိညာဥ်ကိုဖမ်းစားနိုင်တဲ့လက်နက်တခုပဲဆိုတာ ယုံကြလား? ဓာတ်ပုံပညာကိုသင်ကြားနေတဲ့ ဒန်က ထူးချွန်ကျောင်းသားဖြစ်ချင်ပြီး နယူးယောက်ထိသွားချင်တဲ့အိပ်မက်ရှိသူပါ သူက အတော်ဆုံးဆရာတစ်ဦးဖြစ်တဲ့ဆရာအိမ်းဆီ တပည့်ခံပြီး ပရောဂျက်တခုကိုလုပ်ဖြစ်ခဲ့တယ် ဆရာက သူ့စာတမ်းပြုစုတာ အကောင်းဆုံးဖြစ်အောင် SLRကင်မရာတလုံးကိုပေးခဲ့တယ် သူ့ပရောဂျက်က ၁၄ရက်အတွင်း လူ၇ဦးရဲ့ပုံကိုရိုက်ပြီးရမှာဖြစ်တယ် သူဟာ ဆရာ့ကင်မရာကိုသုံးပြီး အလုပ်စခဲ့ရာမှာ ထူးဆန်းတဲ့ဖြစ်ရပ်တခုကို ၆ပုံမြောက်ရိုက်အပြီးမှာ သိခဲ့ရတယ် သူက ဒီဖြစ်ရပ်ဆိုးကို အဆုံးသတ်ဖို သူငယ်ချင်း နမ်နဲ့ဂရိတ်တိုနဲ့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြရာမှာ နောက်ဆုံး ဘယ်လိုအဆုံးသတ်သွားမလဲ ထူးဆန်းတဲ့ဖြစ်ရပ်ဆိုးက ဘယ်အရာလဲ ၇ဦးမြောက်ရဲ့ပုံကိုရရင် ဘယ်လိုဆက်ဖြစ်နိုင်မလဲ ဒန်ရဲ့အိပ်မက်တွေဖြစ်မြောက်ရဲ့လားဆိုတာကို ဒီဇာတ်ကားထဲမှာ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality…. 1080p | 720p | 480p File size… 2.18GB | 684MB | 248MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August

Comedy • Family • Music
5.2 2022 113 mins
SLR
Love Hard
7

CM ပရိသတ်ကြီးရေ Christmas ကလည်း နီးလာပြီဆိုတော့ Christmas နောက်ခံ အချစ်ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေလိုက်ကြရအောင်ပါ ၂၁ ရာစု အင်တာနက်ခေတ်ကြီးမှာ ခေတ်ထလာတာ တစ်ခုကို ပြောရရင် Online Dating App တွေလို့ ဆိုရပါမယ်။ နှစ်သက်ရာ app တစ်ခုမှာ အကောင့်တစ်ခုဖွင့်ပြီး ချစ်သူရှာကြသည်ပေါ့။ FA တွေအတွက်တော့ အတော်လေး နပ်တဲ့ app တွေပေါ့ဗျာ အလားတူ ဒီဇာတ်လမ်းထဲက အပျိုဟိုင်းကြီး နာတာလီကလည်း dating app တွေက စားစော်ကြီးပေါ့။ တစ်ခုပဲ ဒီစော်ကြီးက စားတိုင်း အစားမကြေလေဘူး။ တွဲသမျှ ပြတ်၊ ချိန်သမျှ ပါလိုက်နဲ့ ငှက်ပျောတုံး ဖက်ရလုနီးပါးပေါ့။ တစ်ခုတော့ အကောင်းသားဗျ။ အချစ်ကံခေပေမဲ့ ဒီကံခေမှုတွေကို သူက ဇာတ်လမ်းတွေဖန်တီးပစ်တော့ စားစော်ကြီးက အလုပ်အကိုင်အတည်တကျနဲ့ ရှုးဂါးမာမီစတိုင်ပါပဲ။ ဒါပေမဲ့ အပျိုကြီးက လက်မလျှော့သေးပါဘူး။ တစ်နေ့မှာ ဒီ dating app ကနေပဲ ဂျော့ရှ်ဆိုတဲ့ ခပ်ချောချော ဘဲတစ်ပွေနဲ့ သူ အီစီကလီတွေလုပ်ရင်း သံယောဇဉ်က ပိုမိသွားပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်မှာ သူနဲ့ ဖြတ်သန်းမယ်ရည်ရွယ်ပြီး ဂျော့ရှ်ရှိရာ Lake Placid ကို လိုက်သွားပါတယ်။ အပျိုကြီးမမ ကံဆိုးချက်ကတော့ သူနဲ့ တစ်ချိန်လုံး အွန်လိုင်းပေါ်မှာ ကြူထားတဲ့ ဂျော့ရှ်ဆိုတဲ့လူဟာ ပရိုဖိုင်က တင်ထားတဲ့ပုံနဲ့ မိုးနဲ့မြေကွာတဲ့ ပုံတုံးကြီးဖြစ်နေတဲ့အခါ ..... ဘာတွေဆက်ဖြစ်ကြမလဲ ... ဂျော့ရှ်ကရော ဘယ်လိုလူလဲ .... တစ်ခါက နာမည်ကြီးခဲ့တဲ့ The Vampire Diaries မင်းသမီးချော Nina Dobrev က နာတာလီအဖြစ် ပါ၀င်သရုပ်ဆောင်ထားပြီး အခုချိန်ထိ သူ့ရဲ့ လှပချောမောမှုတွေကို တစ်၀ကြီး မြင်ရမှာပါ။ File Size : (1.5 GB) & (900 Mb) Quality : Webrip 1080p & 720 p Running Time : 1:44:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi Aung and Jerrica Encoded by Mr. Anderson

Drama
7 2021 105 mins
Love Hard
Khuda Haafiz: Chapter 2
8.3

Khuda Haafiz Chapter II: Agni Pariksha (2022) ============================= ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီ…နံပါတ် ၁ ကတော့ ၂၀၂၀ လောက်က ထွက်ရှိထားပါတယ်… နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်း အက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်း အက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ.. အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက် အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း ၇၂၀၀ကျော် ဖြစ်ပွားနေတယ်.. ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကို ကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်… နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှ လူကို သတ်နေပါတယ်… သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့ စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ် မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်.. ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေး မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ…

Action • Comedy • Crime
8.3 2022
Khuda Haafiz: Chapter 2
Saving Shiloh
6.2

Saving Shiloh (2006) ================ Shiloh ဆိုတဲ့ ခွေးလေးကို ဂျက်ဒ်ဆိုတဲ့ ဦးလေးကြီးတစ်ယောက် ပိုင်ဆိုင်ခဲ့ပေမယ့် Shiloh ကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့တဲ့ အတွက် မာတီဆိုတဲ့ ကောင်လေးက မွေးစားခဲ့တာပါ။ မာတီတို့ မိသားစုက မြို့ထဲမှာ လူတိုင်းနဲ့အဆင်ပြေပြီး လူမှုဆက်ဆံရေးကောင်းတဲ့ မိသားစု လေးပါ။ ဒါပေမယ့် သူတို့ရဲ့အိမ်နီးချင်း ဂျက်ဒ်ကတော့ လူဂွစာဦးလေးကြီး တစ်ယောက်ပေါ့။မြို့ထဲက လူတွေက ဂျက်ဒ်ဆိုတဲ့ လူဂွစာကြီးကို အပေါင်း အသင်းမလုပ်ဖို့ မာတီတို့ မိသားစုကို နားချလေ့ရှိပါတယ်။ တစ်နေ့ မြို့ထဲမှာ အိမ်တိုင်းလိုလို ပစ္စည်းတွေပျောက်တဲ့အချိန်မှာတော့ မြို့ကလူတွေက ဂျက်ဒ်ကိုပဲ အပြစ်တင်စွပ်စွဲကြပါတယ်။ တကယ်ပဲ ဂျက်ဒ် ဆိုတဲ့လူက အပေါင်းအသင်းမဆံ့တဲ့ လူ့ဂွစာကြီးလား၊ သူ့ရဲ့အတိတ်မှာရော ဘာတွေဖြစ်ခဲ့တာလဲ၊ မာတီတို့ မိသားစုကရော ဂျက်ဒ်နဲ့ ဘာတွေဆက်ဖြစ် မှာလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ ဒီဇာတ်ကားလေးက တိရစ္ဆာန်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ လူတစ်ယောက်ကို အပေါ်ယံမကြည့်ဘဲ တကယ်ပေါင်းကြည့်မှ သူ့ရဲ့စိတ်ဓာတ်ကို ကောင်းကောင်း သိနိုင်တယ်ဆိုတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးမို့ အားလုံးကြိုက် နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)

Crime • Drama • Thriller
6.2 2006
Saving Shiloh
The Redeemers
5.7

The Redeemers (2022) Cult ဆိုတဲ့ အသုံးအနှုန်းကိုတော့ ဘာသာရေးကားတော်တော်များများမှာ မြင်ဖူးနေကျဖြစ်မှာပါ။ တစ်သီးပုဂ္ဂလကွဲထွက်နေတဲ့ ဘာသာရေးလိုက်စားသူ အသင်းအဖွဲ့တွေကိုဆိုလိုတာပါ။ ဒီဇာတ်ကားက Dark Comedy ဆန်တယ်လို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်… ဇက်ဝါကာ ဆိုတဲ့ အမည်သာရှိတဲ့လူသားတစ်ဦးကို အနန္တဘုရားအဖြစ်သဘောထားပြီး ကိုးကွယ်နေကြတဲ့အဖွဲ့တစ်ခုနဲ့ စတင်ပါတယ်။ အသင်းဖွဲ့ရဲ့အဓိကလုပ်ငန်းစဥ်က ဘာသာရေးဆွယ်ရတာပါ။ ကိုယ်တော်ငယ်ရယ် ကြီးကြပ်သူရယ်က တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး ဇက်ဝါကာကို သက်ဝင်ယုံကြည်ဖို့ လိုက်ဆွယ်ကြဖို့ စေခိုင်းခြင်းခံရပါတယ်။ ကိုယ်တော်ငယ်လေးကတော့ ဝါနုသေးတော့ လူငယ်ဆန်ပြီး ကြီးကြပ်သူက မောက်မာကြမ်းတမ်းတဲ့ပုံစံပါ။ တစ်နေ့မှာ ထုံးစံအတိုင်း လူဆွယ်ဖို့ အိမ်တစ်အိမ်ကိုဝင်လိုက်တဲ့အခါ လင်မယားနှစ်ယောက်ရဲ့ သရော်မှုကြောင့် မလုပ်သင့်မလုပ်အပ်တာကိုကြူးလွန်မိတဲ့အခါ… ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shein Waiyan မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 630MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 32Min Genre – Comedy, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shein Waiyan Encoded by Y

TV Movie • Comedy • Drama • Romance
5.7 2022 92 mins
The Redeemers
Almost Che
6

Almost Che (2012) ဒီ Almost Che ဆိုတဲ့ ကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအကြောင်းနဲ့ ဆင်တူပါတယ်။ ဒီကားလေးမှာက ကိုးရီးယားကစစ်အာဏာသိမ်းအစိုးရကို အမေရိကန်တွေ ထောက်ပံ့ပေးမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြကြတာကို အခြေခံရိုက်ကူးထားတာပါ။ ဂန်ဒယ်အို ဆိုတဲ့ဇာတ်လိုက်ဟာ တရုတ်စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း ပဲခေါက်ဆွဲလိုက်ပို့တဲ့သူပါ။ တစ်နေ့မှာတော့ သူဟာ ပဲခေါက်ဆွဲလိုက်ပို့ရင်းနဲ့ ဆောယယ်ရင်း ဆိုတဲ့ကောလိပ်ကျောင်းသူကိုချစ်မိသွားတဲ့အတွက် နီးစပ်ဖို့ကြိုးစားရင်း တော်လှန်ပုန်ကန်မှုထဲကို ဘုမသိဘမသိပါဝင်သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဆောယယ်ရင်းကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ပဲ တလွဲလုပ်ရင်း ဘယ်လိုတွေဆက်ဖြစ်မလဲ၊ ကောင်မလေးရဲ့အချစ်ကိုလည်း ရအောင် ကြိုးစားနိုင်မလားဆိုတာ.. လက်ရှိအခြေအနေကိုလည်း ထင်ဟပ်ရင်း ရယ်ရွှင်စရာ ဇာတ်နှောလေးနဲ့ အတူတူကြည့်ရှုလိုက်ကြရအောင်နော်… အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.9GB | 954MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Myo Myo Htet Encoder ….. Aaron

6 2012
Almost Che
Meet The Evil Spirits
5.8

CM ရဲ့ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်ကဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမည်မသိ ခေါင်းပြတ်အမျိုးသမီးအလောင်းအတွက် ခေါင်းတစ်ခု ထည့်ပေးဖို့ အလောင်းပြင်သူကို တောင်းဆိုလာပါတယ်။ ဒါက နိမိတ်မကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် လီတာ့တန်က မလုပ်ပေးချင်ပေမယ့် ငွေအများကြီးရတဲ့အတွက် လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ အလောင်းက အသက်ဝင်လာပြီး လီတာ့တန်တစ်ယောက် ခြောက်လန့်ခံရပြီး ဖျားသွားခဲ့တဲ့အတွက် သမီးဖြစ်သူက နတ်ကတော်ခေါ်ပြီး နတ်ပွဲလုပ်ပေးချိန်မှာ လီတာ့တန်တစ်ယောက် အသက်ပျောက်သွားခဲ့ပါတယ်။ နတ်ကတော်ကလည်း အဓိက သံသယရှိသူဖြစ်သွားခဲ့ပါတယ်။ မြို့ကို အသစ်ပြောင်းလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျောက်ရန်က ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျခဲ့ပါတယ်။ အမှုကို စုံစမ်းနေချိန်မှာ ခေါင်းပြတ်အလောင်းက လွန်ခဲ့တဲ့ ၃ နှစ်က သေဆုံးသွားခဲ့တဲ့ ချင်းအာရဲ့ အလောင်းဖြစ်တာကို သိခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အမှုနဲ့အတူ သဲလွန်စတွေ ပေါ်ထွက်လာတဲ့ အခါမှာတော့…… အမှုရဲ့ တရားခံအစစ်ကို ရှာတွေနိုင်ပါ့မလား…… အမြဲတမ်း မြင်နေရတဲ့ ပုံရိပ်ယောင်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ရအောင်နော်။

Drama • Family
5.8 2023
Meet The Evil Spirits
A Greek Recipe for Romance
6.5

နယူးယောက်မှာ ဟိုတယ်မန်နေဂျာအဖြစ် ရာထူးတိုးဖို့ မျှော်လင့်ထားတဲ့ အက်ဘီတစ်ယောက် ဝန်ထမ်းလျှော့တဲ့အထဲပါသွားပြီးနောက် သူ့အမေရှိတဲ့ ဂရိကိုသွားလည်ခဲ့တယ် ဂရိမှာလဲ သီရိုတစ်ယောက် ၂ပတ်အတွင်း စားသောက်ဆိုင်မဖွင့်ရင် အမေဖြစ်သူရဲ့ဆိုင် အသိမ်းခံရတော့မှာကြောင့် အပူတပြင်းဖြစ်နေပြီး သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးရာကနေ အက်ဘီနဲ့ အချင်းချင်းသိသွားပြီး နှစ်ယောက်သား စားသောက်ဆိုင်ကိုဖွင့်တာ အဆင်ပြေသွားကြမှာလား သီရိုရဲ့ ဘဝလမ်းကြောင်း ရွေးချယ်မှုအပေါ် သဘောမကျဖြစ်နေတဲ့ အဖေကရော စားသောက်ဆိုင်မဖွင့်ဖြစ်အောင် ဘယ်လိုတွေတားဆီးနှောက်ယှက်မလဲဆိုတာကိုတော့ A Greek Recipe for Romance ဆိုတဲ့ ကားလေးကို ကြည့်ရှုပေးကြပါဦး File size…(1.4 GB)/(730 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

6.5 2024
A Greek Recipe for Romance
Meiyazhagan
7.5

Meiyazhagan(2024) စစ်မှန်သောအလှပိုင်ရှင် လူသား မီယာဇ်ဟာဂန် ၂၀၂၄ ထွကိ ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဆွေမျိုးတွေအကြား အမွေစားအမွေခံခွဲဝေမှုတွေကြောင့်ဘိုးဘွားပိုင်အိမ်လေးနဲ့ မွေးရပ်မြေမြို့လေးကို စိတ်နာနာနဲ့ခွဲခွာနှုတ်ဆက်ပြီး အပြီးအပိုင်ထွက်သွားခဲ့တဲ့ အာရူလ်တစ်ယောက် … တစ်ဝမ်းကွဲညီမဖြစ်သူမှ သူ့ရဲ့မင်္ဂလာဆောင်ကို တက်ပေးဖို့ စာပို့လာတဲ့အခါမှာတော့ နှစ်ပေါင်း(၂၀) အကြာခွဲခွာခဲ့ရတဲ့ မွေးရပ်မြေဇာတိမြို့လေးကို ပြန်ရဖို့အကြောင်းဖန်လာပါတော့တယိ။ ဘဝမှာထပ်မတွေ့ချင်တော့တဲ့ လူတွေရှိတဲ့ ချစ်ရတဲ့မြို့လေးကို အာရူလ်တစ်ယောက်ပြန်ရောက်အပြီး တစ်စုံတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံပြီးတဲ့နောက်မှာ သူ့ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာရတဲ့အခါ….. ကြည့်ပြီးရင် နောင်တမရစေမယ့် မိသားစု ဒရမ်မာကားကောင်းလေးတစ်ကားမလို့ ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကရေးသားပေးထားခြင်းဖြစ်ပါတယ်)

Adventure • Animation • Drama • Family
7.5 2024 177 mins
Meiyazhagan
The Malabar Tales
6.6

The Malabar Tales (2025) ဘဝမျိုးစုံရဲ့ ချည်မျှင်ထွေးလေးတွေ မိသားစုရယ်လို့ ဖြစ်လာရင် သံယောဇဉ်၊ ချစ်ခြင်းမေတ္တာ၊ ပေးဆပ် စွန့်လွှတ်အနစ်နာခံမှု၊ ဒဏ်ရာဒဏ်ချက်တွေပါ တစ်ပါတည်း ပါဝင်လို့လာပါတယ်။ ဒီလိုမိသားစု ဒရမ်မာလေးတွေ သဘောကျတဲ့ပရိတ်သတ်တွေအတွက် ဒီဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ မိသားစုတစ်ခုက အဘွားဖြစ်သူ ဆုံးပါးသွားတဲ့ ဇာတ်ဝင်ခန်းလေးနဲ့ အစပြုထားပါတယ်။ အဘွားကသူ မဆုံးပါးခင် အားလုံးကို မှာကြားခဲ့တာက သူ့ကြောင့် ဝမ်းနည်းပူဆွေးမနေကြဖို့နဲ့ ပျော်ရွှင်စည်းလုံးစွာ ကျန်ရစ်ခဲ့ကြဖို့ပါ။ ဒါပေမဲ့ မိသားစုဝင်တစ်ယောက်ကိုတော့ ထူးခြားစွာ မှာကြားခဲ့တာလေး ရှိပါတယ်။ သူတို့ခြံရဲ့ ရေတွင်းဘေးက အပင်သေလေးနားမှ မြေကိုတူးရင် ရတနာတွေ့ပါမယ်၊ အဲဒီရတနာမှာ သူတို့မိသားစုမျိုးရိုးရဲ့ အမှန်တရားတည်ရှိပါတယ်တဲ့။ အဲဒီတော့သူကဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်စွာသွားတူးပါတယ်။ ဒါပေမဲ့သူတွေ့တာက ဘာမှမပါရှိတဲ့ ကြေးအိုးအလွတ်တစ်လုံးဖြစ်လို့နေပါတယ်။ ဒီလိုနဲ့သူလည်း နေ့နေ့ညည စဉ်းစားအဖြေထုတ်ပေမဲ့ ကြံရာမရ မလုပ်တတ်ဖြစ်လို့နေပါတယ်။ သူတို့မိသားစုအပါဝင် အ‌ခြေခံလူတန်းစားကစလို့ လူချမ်းသာအသိုင်းအဝိုင်းအထိ အမျိုးစုံတဲ့ မိသားစုငါးခုရဲ့ မတူညီတဲ့ ဘဝဇာတ်ကြောင်းမျိုးစုံ၊ မိသားစုဝင်ပေါင်းစုံအကြောင်းကို စိတ်နှလုံးနွေးထွေး၊ ဝမ်းနည်းကြေကွဲ၊ မချင့်မရဲဖြစ်ရတဲ့ ခံစားချက်အတက်အကျလေးတွေနဲ့ ကြည့်ရှုအားပေး ခံစားကြည့်ပေးပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

6.6 2025 115 mins
The Malabar Tales
Vaamana

Vaamana 2025 ကလဲ့စား ဂူနာက အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ သာမန်လူငယ်လေးတစ်ယောက်ပါ ရိုးသားကြိုးစားပြီး မိသားစုကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဆိုလည်း မမှားဘူးပေါ့ ဒါပေမဲ့ သူ့ရဲ့ဘဝက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် လုံးဝပြောင်းလဲသွားခဲ့ရပါတယ် အတိတ်မှာ ဂူနာနဲ့ သူ့ရဲ့မိသားစုက ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးဂိုဏ်းရဲ့သားကောင်တွေ ဖြစ်ခဲ့ရတာပါ အဲဒီအဖြစ်အပျက်ကြောင့်ပဲ ဂူနာက နာကျင်မှုတွေ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့နှလုံးသားထဲမှာ လက်စားချေလိုတဲ့စိတ်ဟာ အမြစ်တွယ်လာခဲ့ပါတော့တယ် လက်စားချေဖို့စောင့်နေတဲ့ ဂူနာက ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်အောင် လေ့ကျင့်ပြင်ဆင်ထားပြီး သူ့ရန်သူတွေကို တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်ဖို့ ကြိုးစားတာကို ကြည့်ရှုရမှာပါ ဒီခရီးလမ်းမှာ ဂူနာက မထင်မှတ်ထားတဲ့ မိတ်ဆွေတွေနဲ့လည်း တွေ့ဆုံနိုင်သလို အန္တရာယ်ရှိတဲ့ ရန်သူတွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်လို့ လိုက်ပါကြည့်ရှုလိုက်ပါဦးနော် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Thriller • Horror
0 2025
Vaamana
Padakkalam
5.6

Padakkalam (2025) “လေးယောက်ပေါင်း လောင်းကျော်” သဘာ၀လွန်ကိစ္စတွေကို စိတ်၀င်စားတတ်တဲ့သူတွေအတွက် ဟာသနှောထားတဲ့ မလေယာလမ်စကားပြော လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာတော့ ဒဏ္ဍာရီလာမှော်၀င်ပစ္စည်းတစ်ခုအကြောင်း ပြောပြတာနဲ့ အစပျိုးထားပါတယ်။ တကယ့်ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားလေးယောက်နဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းစတာက ကောလိပ်ကျောင်းတစ်ခုမှာ သပိတ်မှောက်နေကြတဲ့အချိန်ပါ။ ဌာနမှူးဆရာကို မကျေနပ်လို့ ရာထူးကပယ်ရှားပေးဖို့ ကျောင်းသားတွေ ဆန္ဒပြကြတာပါ။ ကျောင်းသားတွေ ဌာနမှူးအသစ်တင်ချင်သူကတော့ အသစ်ပြောင်းလာတဲ့ ဆရာရန်ဂျစ်ပါ။ အဲဒီမှာ သူများလိုလည်း ဆန္ဒမပြဘဲ သူတို့ကိစ္စနဲ့သူတို့ တိုင်ပတ်ပြီး လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားလေးယောက်ရှိပါတယ်။ တစ်ခါတော့ သူတို့ထဲကတစ်ယောက်က ဆရာရန်ဂျစ် မှော်လိုလို‌စုန်းလိုလို ထူးထူးဆန်းဆန်းလုပ်နေတာကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့လေးယောက်သား အဲဒီကိစ္စကိုအဖြေရှာဖို့ ဆရာရန်ဂျစ်နောက်ကို လိုက်စုံစမ်းကြရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။ နောက်ဆုံးမှာ‌ သူတို့လေးယောက် ဆရာရန်ဂျစ်ရဲ့အမှန်တရားကို သိသွားကြမလား၊ ဆရာရန်ဂျစ်ကရော ဘယ်လိုလူဖြစ်နေမလဲ၊ ဘယ်လိုထူးဆန်းတာတွေ ကြုံရမလဲဆိုတာ ဆက်လက်အဖြေရှာပြီး ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

5.6 2025 123 mins
Padakkalam