YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Snowfall E15 1080p WEB-DL CM.mp4

414.8 MB N/A video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Pay Day
5

ကွန်ပျူတာပရိုဂရမ်မာအဖြစ် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်နေတဲ့ ဂျနီဖာဟာ အထက်လူကြီးနဲ့အဆင်မပြေဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်။ အလုပ်ပြုတ်ပြီးနောက် အိမ်လခပေးဖို့ငွေအသည်းအသန်လိုနေတဲ့ဂျနီဖာဆီကို ဘယ်ကမှန်းမသိတဲ့ဖုန်းဝင်လာပြီး အလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။ အဲဒီလူက ဂျနီဖာကို သူများရုံးခန်းထဲခိုးဝင်ပြီး ဒေတာခိုးယူရမယ့် တစ်မနက်စာအလုပ်အတွက် ဒေါ်လာ ၅ သန်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်လည်းရှာမရ၊ ငွေလည်းလိုနေတာမှန်ပေမဲ့ တရားမဝင်တဲ့အလုပ်ဖြစ်တာကြောင့် ဂျနီဖာဘက်ကလက်ခံရမှာတွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ကမ်းလှမ်းသူဘက်က သူ့ကိုအကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အတွက်ကြောင့် လက်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူများကုမ္ပဏီထဲခိုးဝင်ဖို့ မှန်းထားတဲ့အတိုင်းမဖြစ်ဘဲ အလွဲလွဲအချော်ချော်ဖြစ်ပုံတွေ၊ ဒေတာခိုးရင်းကုမ္ပဏီထဲမှာ ဖူးစာဖက်နဲ့ပါတွေ့မယ့်ပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.1 GB)/(600 GB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Drama
5 2022 93 mins
The Pay Day
Huesera: The Bone Woman
5.8

Rotten Tomatoes ရော၊ Metacritic ရော ထိပ်ဆုံးရောက်နေတဲ့ စပိန် ဘော်ဒီဟော်ရာ ဒရာမာကားပါ။ A24 ကထုတ်တဲ့ကားမဟုတ်ပေမဲ့ A24 ဖန်တွေ ကြိုက်လောက်တဲ့ A24 ကားတွေလို ကားမျိုး‌ပေါ့။ Horror ဆိုပေမဲ့ မှောင်ခန်းမည်းခန်းက မပါသလောက်ဖြစ်ပြီး Midsommar လို လင်းလင်းကျင်းကျင်းနဲ့ လန့်ရမယ့် အခန်းတွေက ပိုများပါတယ်။ ဟော်ရာကားနဲ့မလိုက်မဖက် စစချင်းမှာတင် ကလေးမွေးတော့မယ့် မိခင်တစ်ယောက်ရဲ့ ကလေးအတွက် ပြင်နေဆင်နေခြင်းတွေကနေမှ တငွေ့ငွေ့ချင်း ပဟေဠိဆန်ဆန်သွားထားတဲ့ ခပ်ဆန်းဆန်းကားပါပဲ။ ခြောက်တာလှန့်တာ သိပ်မပါဘဲနဲ့ကို ဘာတွေဖြစ်နေလဲ အဖြေဝင်ရှာရင်း သိချင်စိတ်နဲ့ စိုးထိတ်ရမယ့် ဟော်ရာကားဆို ပိုမှန်ပါလိမ့်မယ်။ Body Horror ကားပီပီသသတော့ အသည်းယားစရာ အခြေအနေတွေပါပေမဲ့ အရမ်းဆိုးဆိုးကြီးတော့ မဟုတ်ပြန်ပါဘူး။ ခေါင်းစားရတဲ့ ဇာတ်ကားအဆန်းကြီးတွေကို ကြိုက်တတ်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 930MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 37Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.8 2023 93 mins
Huesera: The Bone Woman
Philomena
7.4

IMDB – 7.6/10 နှစ် ၅၀ ကျော် ပျောက်ဆုံးနေတဲ့သားကို လိုက်ရှာရတဲ့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို ဖီလိုမီနာဆိုတဲ့ ကောင်မလေးဟာ ပွဲခင်းတစ်ခုမှာ ကောင်လေးရပြီး လူငယ် သဘာဝ ကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ သို့သော်လည်း ဒါကို လက်မခံနိုင်တဲ့ ဖခင်က သမီးဖြစ်သူကို သီလရှင်ကျောင်းမှာ စွန့်ပစ်ခဲ့ပါတော့တယ်။ သီလရှင်ကျောင်းမှာပဲ ဒီသားလေးကို မွေးခဲ့တဲ့ ဖီလိုမီနာဟာ အဝတ်လျှော်ဌာနမှာနေရင်း တစ်နေကုန် တစ်နာရီပဲ သားလေးနဲ့ တွေ့ခွင့်ရပါတယ်။ တစ်ရက်ကျ ကား အကောင်းစားကြီးရောက်လာပြီး သူတို့တောင်သိခွင့်မရှိပဲ သားဖြစ်သူကလေးလေးကို လူကုံထံတချို့က မွေးစားသွားကြပါရော….။ ဒီလိုနဲ့ နေထိုင်လာတာ အနှစ် ၅၀ ရှိလို့နေပါပြီ တစ်ရက်မှ သူ့သား လေးကို မမေ့ခဲ့ပါဘူး ဒါကြောင့် နောက်ပိုင်းမှ မွေးတဲ့သမီးဖြစ်သူကို ရင်ဖွင့်မိတော့ သမီးဖြစ်သူက လောကကြီးကိုစိတ်ကုန် ဘဝနာနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ ချိတ်ဆက်ပြီး အမေဖြစ်သူရဲ့ နှစ် ၅၀ ကြာ ပျောက်ဆုံးနေတဲ့သားဖြစ်သူကို လိုက်ရှာဖို့ အကြောင်းဖန် လာပါတော့တယ်။ အဲဒီမှာ သီလရှင်ကျောင်းထွက် အဘွားကြီး တစ်ယောက်နဲ့ ဘုရားသခင်ဆိုတာ မယုံကြည်ကြတဲ့ ဂျာနယ်လစ်တို့ နှစ်ယောက် သားဖြစ်သူရှာပုံတော်ခရီးရှည်ကြီး ထွက်ခဲ့ကြတဲ့အခါ…. ပြန်များတွေ့နိုင်မလား၊ နှစ်ယောက်သား ဘုနဲ့ဘောက်သွားကြရင်း အဆင်ပြေကြပါ့မလား၊ နောက်ကွယ်က မထင်မှတ်ထားတဲ့ လျှို့ဝှက် ချက်ကြီးတွေ သိရတဲ့အခါ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ မိခင်မေတ္တာဒရမ်မာ ကားကောင်းလေး ဖြစ်ပါတယ်။ ဒရမ်မာဆိုပေမဲ့ ဟာသလေးတွေလည်း မထင်မှတ်ထားသလို ထည့်ထည့်ပေးတာ မြင်ရမှာပါ။ မိခင်နေရာမှာ တော့ ကျွန်တော်တို့ဆရာ ဂျိန်းစ်ဘွန်းရဲ့ အထက်လူကြီးဖြစ်တဲ့ M က သရုပ်ဆောင်ပေးထားပြီး သားပျောက်ဇောနဲ့ စိုးရိမ်ပူပင်တဲ့ အပူသည် အမေကြီးနေရာ သရုပ်ဆောင်ထားတာများ တချို့အခန်းတောင် မျက်ရည်ဝဲချင်ချင်ပါ။ ဂျာနယ်လစ်နေရာက သရုပ်ဆောင်တဲ့ Steve Coogan ဆိုလည်း ဘုရားမယုံတဲ့ ဂွကျကျ ဇွဲမလျှော့တတ်တဲ့ ဂျာနယ်လစ်နေရာမှာ အစွမ်းပြထားပါတယ်။ တကယ့်ဖြစ်ရပ်မှန်ဆိုတော့ ပိုကြည့်ကောင်းပြီး နောက်ကွယ်က သမိုင်းဆိုးတစ်ခုကိုလည်း ဗဟုသုတအနေနဲ့ သိရှိရမှာ ဖြစ်ပါတယ်။ File size…2.06GB / 732MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 38m Genre ..... Biography , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Thriller
7.4 2013 98 mins
Philomena
National Treasure
6.6

National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။ သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ကြီးပြင်းလာတဲ့သူတွေအတွက်တော့ ဒီကားဟာ ဘာ Fact မှ ရှာဖတ်မရသေးတဲ့ ခေတ်မှာတောင် တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကားဖြစ်ခဲ့တယ်။ ဘာလို့ဆို အဲဒီခေတ်က တော်တော်များများ ပုတက်တို့ ကစ်ဇုန်တို့လို ကာတွန်းဂျာနယ်တွေကို ဖတ်ခဲ့ကြတာကိုး။ ပုတက်ဆို သူ့ရဲ့ အချပ်ပိုသုတစွယ်စုံစာအုပ်လေးမှာ ကမ္ဘာပေါ်က အကျော်အမော်တွေအကြောင်းတွေ အမြဲထည့်ပေးလေ့ရှိတယ်။ National Treasure ရဲ့ Trade Mark လိုဖြစ်နေတဲ့ အမေရိကန်ရဲ့ Founding Fathers တွေတဖြစ်လဲ ဒီကားတွေမှာ သုံးထားတဲ့သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ လင်ကွန်း၊ ဘင်ဂျမင်ဖရန်ကလင် နဲ့ ဖရန်ကလင် ဒီရုစဗဲ့တို့လို သမ္မတတွေ၊ မောင့်ရပ်ချ်မိုးလိုနေရာတွေကို အဲဒီသုတစွယ်စုံစာအုပ်တွေကနေ အားလုံးရင်းနှီးပြီးသားဖြစ်နေတော့ ဒီကားထဲကအချက်တွေဟာ အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်သွားခဲ့တာလည်း ပါတာပါပဲ။ ဖရီးမေဆင်ဘာညာကတော့ မင်းသိင်္ခလို စာရေးဆရာတွေလက်ချက်နဲ့ ရင်းနှီးပြီးသားဆိုတော့ ဒီကားက အစကတည်းက ရင်းနှီးပြီးသားကားလို ဖြစ်သွားခဲ့တာကြောင့်လည်း တော်တော်လူကြိုက်များသွားခဲ့တယ်လို့‌ ပြောလို့ရပါတယ်။ သိမှကြည့်ရမယ်တော့မဟုတ်ပေမဲ့ ဒီလူတွေကို ဒီအရာတွေကို ကြိုမသိဘဲကြည့်တဲ့အရသာနဲ့ ကြိုသိပြီးမှ ကြည့်တဲ့ အရသာကတော့ ကွာတာပေါ့။ National Treasure ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ ဒီ၂ကားလုံးက ရတနာသိုက်တွေ ဖော်တာတွေကို နိုင်ငံ့တည်ထောင်သူဖခင်ကြီးတွေ၊ သမ္မတတွေ၊ နိုင်ငံ့ရေးရာတွေနဲ့ မကင်းတာတွေနဲ့ ပုံဖော်သွားတယ်။ ဒီကားရဲ့ကောင်းကွက်တွေအကြောင်းပြောရင် သရုပ်ဆောင်တွေကိုလည်း ချန်ခဲ့လို့မရပြန်ဘူး။ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာတင်မဟုတ်ဘဲ တခြားရတနာရှာတဲ့ကားတော်တော်များများမှာ ကျွန်တော်တို့ မတွေ့ရနိုင်တဲ့အချက်တစ်ချက်ကို National Treasure က ပိုင်ဆိုင်ထားတယ်။ ဇာတ်ကောင်တွေရဲ့ Chemistry ပေါ့။ ဒီထဲက ဇာတ်ကောင်တွေရဲ့ Chemsitry မိချက်မျိုးကို တော်တန်ရုံ ရတနာသိုက်ရှာတဲ့ ကားမျိုးမှာ တွေ့ရမှာတော့မဟုတ်ဘူး။ နစ်ကေ့ရဲ့ ခပ်တည်တည်နဲ့ မသိမသာဘဝမြင့်တတ်တဲ့ဇာတ်ကောင်အပြင် နောက် ခွီခနဲဖြစ်ရမယ့်ဟာသမျိုးတွေပြောတတ်တဲ့ ဂျက်စတင်ရဲ့ဇာတ်ကောင်ရယ်၊ ခရူဂါရဲ့ ယန်ဓာတ်အားပြုတဲ့ဇာတ်ကောင်ရယ်က နစ်ကေ့ရဲ့ဇာတ်ကောင်ကို ပိုပေါ်အောင် အားဖြည့်ပေးထားတဲ့ ဇာတ်ကောင်တွေပေမဲ့ သူတို့ရဲ့ Chemistry သိပ်ကောင်းနေတာကလည်း ဒီကားကို သာမန်ရတနာရှာတဲ့ကားဆိုတာထက် တစ်ဆင့်တက်သွားစေတဲ့အချက်လို့ပြောလို့ရတယ်။ National Treasure ဖန်တွေအတွက်တော့ ဒီဇာတ်ကောင်တွေကို တခြားလူတွေနဲ့ အစားထိုးလို့မရလောက်ပါဘူး။ ဒီလိုနဲ့ပဲ National Treasure ဟာ တော်တော်‌လေးအောင်မြင်တဲ့ Franchise တစ်ခုဖြစ်လာခဲ့သလို စာအုပ်တစ်ချို့လည်းထွက်ရှိခဲ့ပါတယ်။ ၃ကားမြောက်ကို ၂ပြီးကတည်းက ရိုက်ဖို့စီစဉ်လာတာ အထမမြောက်သေးသလို တော်တော်လည်း ကြာနေခဲ့ပေမဲ့ ဒီနှစ်မှာတော့ သူ့ထဲက တစ်ချို့ဇာတ်ကောင်တွေပြန်ပါလာတဲ့ စီးရီးတစ်ခုတော့ထွက်လာခဲ့ပြီဖြစ်သလို ၃ကလည်း ထွက်လာဖို့ လုံးဝသေချာနေပါပြီ။ ဒီကြားထဲ မကောင်းမကန်းကားပေါင်းစုံ ရိုက်ပြီး တဟုန်ထိုးကျဆင်းလာခဲ့တဲ့ နစ်ကေ့ရဲ့ နာမည်ကလည်း Pig တို့ The Unbearable Weight of Massive Talent တို့နဲ့ ပြန်တက်စပြုလာတော့ ရှေ့နှစ်တွေဟာ NT 3 ရိုက်ဖို့ အချိန်ကောင်းဖြစ်လာမယ်တော့ ထင်ရတာပါပဲ။ ရှေ့နှစ်မှာ သူထွက်မယ့်ကားတွေက နည်းနည်းတော့များနေတော့ တစ်ထစ်ချတော့ပြောမရပေမဲ့ Renfield ဆိုတဲ့ကားသစ်ကိုတော့ တော်တော်များများ Hype နေကြတာပါပဲ။ ဘာနေနေပါ... ဇာတ်ညွှန်းမူကြမ်းပြီးတာ ၁၀စုနှစ်ကျော်နေပြီဖြစ်တဲ့ National Treasure 3 ကို လက်ရှိ Disney ကနေလွှင့်နေတဲ့ ဇာတ်လမ်းတွဲကိုကြည့်ရင်း ဒီကနဦးကား၂ကားကို ပြန်ကြည့်ပြီး Nostalgia ပြန်ဖြစ်ရင်း စောင့်စားလိုက်ကြတာပေါ့။ ----- ဇာတ်လမ်းအကျဉ်း ----- ဘန်ဂိတ်စ်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ ဒီလူက မျိုးနဲ့ရိုးနဲ့ကို အမေရိကန်သမိုင်းနဲ့ မကင်းတဲ့လူ။ ဂိတ်စ်တွေဟာ ဘိုးဘေးဘီဘင်ခေတ်ကတည်းကကို ဝှက်စာဖော်တာတွေ ရတနာသိုက်ရှာတာတွေ လုပ်ခဲ့ကြတဲ့သူတွေပေါ့။ မရှိဘူးလို့ ထင်ကြတဲ့ ရတနာသိုက်ကို ရှာရင်း လူတွေက အရူးလို့ သမုတ်တာခံထားရတဲ့လူတွေဆိုလည်း မမှားဘူး။ ဘန်ဂိတ်စ်လက်ထက်မှာတော့ သူတို့မျိုးရိုးရဲ့ ဒီအလှောင်ခံရသမှုကို ချေဖျက်ဖို့ ရတနာသိုက်ကို အရရှာဖို့လုပ်ခဲ့တယ်။ ဒီလိုနဲ့ ရတနာသိုက်ရဲ့ သဲလွန်စနောက်ကို လိုက်ရင်း အမေရိကန်တည်ထောင်သူဖခင်ကြီးတွေ၊ လွတ်လပ်ရေးကြေညာစာတမ်းတွေ အစရှိသဖြင့် အမေရိကန်သမိုင်းရဲ့ အထင်ကရအရာတွေနဲ့ ဆက်စပ်လာခဲ့တယ်။ ဖရီးမေဆင်တွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ရဖို့ဖြစ်လာတယ်။ ဒီလိုဖော်ရင်း သူ့သူငယ်ချင်းတစ်ယောက် သစ္စာဖောက်တာခံလိုက်ရပေမဲ့ ဒီအမွေအနှစ်တွေကိုချစ်တဲ့ အဘီဂေးလ်လို့ ခေါ်တဲ့ ‌မော်ကွန်းတိုက်မှူးလေးရယ်၊ နည်းပညာကျွမ်းကျင်တဲ့ သူ့သူငယ်ချင်း ရိုင်လေရယ်ရဲ့ အကူအညီနဲ့ လွတ်လပ်ရေးကြေညာစာတမ်းကြီးကို ခိုးပြီး ရတနာသိုက်ရှာဖို့ ကြိုးစားရာက FBI ကရော လူဆိုးတွေကရော လိုက်နေတဲ့ကြားက နှစ်ပေါင်းများစွာ ဘယ်သူမှ ရှာမတွေ့ခဲ့တဲ့ ရတနာသိုက်ကို ရှာတွေ့နိုင်ဖို့ ကြိုးပမ်းကြရတော့တယ်။ (ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Ye Khant Min ပဲဖြစ်ပါတယ်။) Size - 2.4GB, 1.2GB, 772MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 11Min Genre - Action, Adventure, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Ye Khant Min

Drama
6.6 2004 131 mins
National Treasure
(21+) The Love Machine
4.7

မိန်းမတယောက်ရဲ့အငြိုး လုံးကြီးပေါက်လှ အမေရိကန်ပျိုဖြူတွေရဲ့အလှကို အတိုင်းသား အားပါးတရခံစားကြည့်ရအောင် မိန်းမတွေအငြိုးကြီးလာရင် အရမ်းကြောက်စရာကောင်းပြီး သွေးအေးအေးနဲ့ ဘယ်လို‌တွေကြံစည်တက်လဲဆိုတာ ဒီ ဇာတ်ကားလေးကို နမူနာအနေနဲ့ ကြည့်ပြီးသိနိုင်ပါတယ် အိမ်ထောင်သည်ဘဝကြာလာရင် မိန်းမတွေက လိင်စိတ်ကုန်လာ တာဟာ သဘာဝပဲလို့ဆိုပါတယ် ဒါပေမဲ့ ယောင်္ကျားတယောက်အတွက်တော့ ဒါဟာ အင်မတန်မှဖြေရှင်းရခက်တဲ့ ကိစ္စပဲလေ ဒါပေမဲ့ကံကောင်းထောက်မစွာပဲ သူတို့မြို့လေးမှာ ဒေါက်တာဘရက်ရှောနဲ့ သူရဲ့ အချစ်စက်လို့ခေါ်တဲ့ ကိရိယာတခု နာမည်ကြီးနေပါတယ် သူက လိင်စိတ်ကုန်နေတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေကို အထူးကုသပေးနေတာဖြစ်ပါတယ် သူ့ရဲ့လူနာ‌တွေက သူနဲ့တွေ့ပြီးနောက်ပိုင်း ဖလန်းဖလန်းထလာပြီး ဘယ်လိုတွေပွဲကြမ်းလဲဆိုတာ အရမ်းကြည့်ကောင်းတာမို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.5GB / 776MB Quality…1080p / 720p Format…mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi

Comedy • Horror • Romance
4.7 2016 81 mins
(21+) The Love Machine
Absolute Power
6.6

အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသား‌ေနရာက‌ေန ပါဝင်သရုပ်‌ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ ကလင့်အိစ်ဝုဒ်သရုပ်‌ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ‌ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူ‌ေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။ သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သ‌ရုပ်ဆောင်ထားကြပါတယ်။ 1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။ File size…(2.02GBGB)  / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre...  Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Choi Ellie

Crime
6.6 1997 121 mins
Absolute Power
Hijacked: Flight 73
6.7

၂၀၂၃ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် Documentory ရုပ်ရှင်တစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဒီ Hijacked Flight 73 ရုပ်ရှင်ဟာဆိုရင် နာမည်ကြီး 9/11 ကိစ္စတွေမဖြစ်ခင် ပါကစ္စတန်နိုင်ငံ ကရာချီလေဆိပ်မှာဖြစ်ပွားခဲ့တဲ့ တစ်ကမ္ဘာလုံးကိုထိတ်လန့်သွားစေခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပြန်ပေးဆွဲမှုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပန်အမေရိကန်ဟာဆိုရင် အဲဒီခေတ်အခါက ကိုကာကိုလာနဲ့တန်းတူ ကမ္ဘာမှာ နာမည်ကြီးခဲ့တဲ့ လေကြောင်းလိုင်းလုပ်ငန်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ၁၉၈၀ခုနှစ်တွေရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ သမိုင်းဖြစ်ရပ်တွေလည်း ပါဝင်နေတာဖြစ်ပြီးတော့ ဒီပြန်ပေးဆွဲတိုက်ခိုက်မှုမှာဆိုရင် ခရီးသည် ၃၀၀ကျော်ကို ဓားစာခံထိန်းသိမ်းခဲ့တာဖြစ်ပြီးတော့ သေဆုံးသူ ၂၀ ဝန်းကျင်ရှိခဲ့ပြီး လူ ၁၀၀ လောက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီရုပ်ရှင်မှာ အဓိကအားဖြင့်တော့ ပြန်ပေးဆွဲခံရတဲ့လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်တွေ ဝန်ထမ်းတွေရဲ့ စိတ်ခံစားချက်၊ အသက်ရှင်ဖို့ရုံးကန်ကြိုးစားခဲ့တာတွေကိုကြည့်ရှုကြရမဲ့အပြင် အစိုးရနဲ့ တာဝန်ရှိတဲ့သူတွေက ဒီကိစ္စကို ဘယ်လိုမျိုးသဘောထားပြီး ကိုင်တွယ်ခဲ့ကြသလဲဆိုတာတွေကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။

Action • Crime • Drama • Mystery
6.7 2023 94 mins
Hijacked: Flight 73
Fading Shadow
6.4

CM ပရိသတ်ကြီးကို စိတ်ဝင်စားဖို့ကောင်းတဲ့ လျှို့ဝှက်မှုခင်းဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၀ကျော်ခေတ်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဟွိုင်ချွမ်ဆိုတဲ့နယ်လေးရဲ့ ကျူတောထဲမှာလူသတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်။ ကောက်ချက်ဆွဲပုံတူပန်းချီဆရာဖြစ်တဲ့ Zhang Xin ကတာဝန်အရ မျက်မြင်သက်သေပြောတဲ့အတိုင်း ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူပုံကိုဆွဲရတဲ့အခါ မထင်မှတ်ပဲ သေဆုံးသွားတာ ၁၀နှစ်ကြာပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံကိုဆွဲမိရက်သားဖြစ်သွားခဲ့တယ်။ အဲဒီမိန်းကလေးဟာ နယ်အကဖွဲ့ရဲ့ဘဲလေးအကသမားတစ်ယောက်ပဲ။ အားလုံးကZhang Xinကမှားပြီးပုံဖော်တယ်လို့ ယူဆနေတဲ့အချိန်မှာ အမှုဟာ ၈၀ခုနှစ်တုန်းက အမှုတွေနဲ့ဆက်စပ်နေခဲ့တယ်။ Zhang Xinဟာ သူမှန်ကြောင်းပြဖို့အတွက် လိုက်စုံစမ်းရင်း တဖြည်းဖြည်းနဲ့ ဝေဝါးနေတဲ့အမှုတွေကြားထဲရောက်သွားခဲ့ရာ…… တရားခံဟာဘယ်သူဖြစ်မလဲ…… မျက်မြင်သက်သေအဖိုးအိုမြင်လိုက်တဲ့သူကရော ဘယ်သူဖြစ်မလဲဆိုတာကိုတော့ အဆုံးထိကြည့်လိုက်ပါနော်။

Reality
6.4 2022
Fading Shadow
Khuda Haafiz: Chapter 2
8.3

Khuda Haafiz Chapter II: Agni Pariksha (2022) ============================= ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီ…နံပါတ် ၁ ကတော့ ၂၀၂၀ လောက်က ထွက်ရှိထားပါတယ်… နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်း အက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်း အက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ.. အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက် အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း ၇၂၀၀ကျော် ဖြစ်ပွားနေတယ်.. ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကို ကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်… နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှ လူကို သတ်နေပါတယ်… သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့ စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ် မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်.. ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေး မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ…

Action • Comedy • Crime
8.3 2022
Khuda Haafiz: Chapter 2
Chasing Kawashima Yoshiko
5.9

ယိုရှီကို ခါဝါရှီးမား ဟာ တရုတ်-ဂျပန် ဒုတိယစစ်ပွဲကာလအတွင်းက စွဲဆောင်မှုအပြည့်နဲ့ထက်မြက်တဲ့မိန်းမတစ်ပါ။ သူ့ကိုသေမိန့်ချတဲ့အထိ အများပြည်သူဟာ အရှေ့တိုင်းမိစ္ဆာမဆိုပြီး မုန်းတီးခံရတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ ဟုတ်ပါတယ် ယိုရှီကိုဟာတရုတ်နိုင်ငံရဲ့သစ္စာဖောက်မတစ်ဦးပါ… မန်ချူးမင်းဆက်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့သူက တရုတ်ပြည်ကိုသစ္စာဖောက် ဂျပန်နဲ့ပူးပေါင်းပြီး မန်ချူးနိုင်ငံပြန်ထူထောင်ဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပေါ့…… ယိုရှီကိုဟာနိုင်ငံရေးသမားတစ်ထောင်ကျော်နဲ့ပတ်သက်ခဲ့ပြီး အရေးကြီးဂျပန်သတင်းပေးသူလျှိုတစ်ယောက်တဲ့အတွက် တရုတ်တော်လှန်ရေးသမားတွေဟ ယိုရှီကိုကို မဖြစ်မနေသတ်ဖို့ လိုအပ်တာကြောင့် ယိုရှီကို ခါဝါရှီးမားကိုတော်လှန်ရေးသမားတွေ ဖမ်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဉာဏ်များတဲ့ သမိုင်းဝင်သူလျှို ယိုရှီကိုတစ်ယောက် တရုတ်တော်လှန်ရေးသမားတွေထပ် အမြဲခြေတစ်လှမ်းစောနေတာကို ဘယ်လိုဖမ်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်

Comedy • Drama
5.9 2023
Chasing Kawashima Yoshiko
Dolphin Tale 2
6.4

Dolphin Tale 2 (2014) ================= IMDb Rating – 6.4/10 2011ကထွက်ခဲ့တဲ့ Dolphin Tale 1 ရဲ့အဆက်ဖြစ်ပါတယ်။ ဆော်ရာနဲ့ ဝင်းတားစတွေ့ပြီး 3နှစ်တောင်ကြာခဲ့ပါပြီ။ ကလေးသရုပ်ဆောင်တွေဖြစ် ကြတဲ့ ဆော်ရာနဲ့ဟေဇယ်တို့လည်း မြီးကောင်ပေါက်ရုပ်လေးဖြစ်လာတဲ့ အပြင် ဝင်းတားလေးလည်း ပိုထွားလာပါပြီ။ ဒီထဲမှာတော့ ဝင်းတားရဲ့ သူငယ်ချင်းအသစ်လေးဖြစ်တဲ့ လင်းပိုင်ပေါက်စလေးကိုပါ မြင်တွေ့ရမှာ ပါ။ ဒါဖြင့် ဖလော်ရီဒါပြည်နယ်က Clearwater Marine Aquarium ကို အလည်တစ်ခေါက် ထပ်သွားကြပါစို့။ လင်းပိုင်ပုံပြင်လေးကတော့ ဒီကား မှာပဲ အဆုံးသတ်ခဲ့ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.28 GB) / (1.12 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator……Ngwe Zin Encoder……….SWM

6.4 2014 107 mins
Dolphin Tale 2
Dream Girl 2
6

Dream Girl 2 2023 (လုံးရာကပြားချင်ယောင်ဆောင်တဲ့ ဘုန်းကညာတစ်ပါး) IMDB (6/10) ရရှိထားပြီး ဘတ်ဂျက် ၃၅ ကုဋေရင်း ကုဋေ ၁၄၀ ထိပြန်အမြတ်ထွက်ခဲ့တဲ့ ပထမကားထဲကမင်းသားအာရူရှမန် ဂူရာနားနဲ့ student of the year ဒီပီကားရဲ့လေးပွင့်ဆိုင်ဖောက်ပြန်ရေးဇာတ်ကား Gehraiyann ထဲက မင်းသမီးချောလေး အန်နယာပန်ဒေးတို့ ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ခေါင်းစဉ်အတိုင်းပါပဲ ကာရမ်ကနတ်ဘုရားပူဇော်ပွဲတွေမှာ ဖျော်ဖြေပေးတဲ့သူတစ်ယောက်ပါ သု့ပါပါဂျက်ဂျိကတော့ အိမ်တိုင်ပါချွတ်ပေါင် အကြွေးပတ်လည်ဝိုင်းနေတဲ့ အဖေလိမ္မာလေးပေါ့… သားက ယောင်ချာချာအလုပ်မရှိ အဖေက အကြွေးတောထဲနစ်နေပေမဲ့ နှစ်ယောက်သားကတော့ အေးဆေးပါပဲ ကာရမ်ရဲ့ကောင်မလေးက ရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး ချမ်းသာတဲ့မိသားစုကပါ အဲ့ကနေ သူ့သားကိုတင်တောင်းမဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ အကြွေးတွေဆပ်မယ်လို့ အကြံကြီးပေမဲ့ ကောင်မလေးရဲ့အဖေက အိမ်လာလည်ပြီး ကာရမ်တို့သားအဖရဲ့ အခြေအနေမှန်ကိုသိသွားတော့ သမီးနဲ့သဘောမတူတော့ပါဘူး သမီးနဲ့တူအောင်တန်အောင် ခြောက်လအတွင်း အိမ်ခြံအလုပ်ငွေသားပြနိုင်မှ ပေးစားမယ်ဆိုလို့ မစ္စတာကာရမ်လဲ ပိုက်ဆံမြန်မြန်ရအောင် ကြံရာမရ လုံးရာကပြားချင်ယောင်ဆောင်ပြီး | ဘားတွေမှာ သီချင်းလိုက်ဆိုပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ချစ်သူနှစ်ဦးရော ပေါင်းစပ်နိုင်ကြမလား လိုအပ်တဲ့အရာတွေကိုရော ခြောက်လအတွင်းရမလား စသည်ဖြင့် အချစ်ဟာသကားလေးကို မိသားစုနဲ့တူတူ ရီမောရင်း ကြည့်ရှုနိုင်ဖို့ CM team ကနေ စေတနာဗလပွနဲ့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ရဲ့လက်ရာပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Telelink )

Drama • Romance
6 2023
Dream Girl 2
Velayudham
6.1

Velayudham 2011 ( IMDb 6.1/10) ပရိတ်သတ်များအချစ်တော် စွယ်စုံရမင်းသားဗီဂျေးရဲ့ ရုံတင်ငွေအရလဲအောင်မြင်ခဲ့ပြီး ဇာတ်လမ်းအရလဲ ရသစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးပါရစေ ဇာတ်လမ်းအစမှာတော့ အိန္ဒိယတောင်ပိုင်းမှာ လူကုန်ကူးမှုတွေ ဗုံးခွဲမှုတွေကို စီစဉ်နေတဲ့အဖွဲ့ကို ဝင်ရောက်သတင်းထောက်တဲ့ မင်းသမီးတို့ သူငယ်ချင်းသုံးယောက်နဲ့စပါတယ်… လူဆိုးတွေက သူတို့ကို သတင်းခိုးယူနေတာသိလို့ လိုက်သတ်တဲ့အခါမှာ မင်းသမီးက ဓားဒဏ်ရာနဲ့လွတ်သွားပြီး ကျန်တဲ့နှစ်ယောက်ကသေဆုံးသွားပါတယ်.. လူဆိုးတွေလဲ ကံဆိုးချင်တော့ အပြန်မှာ အက်ဆီးဒင့်ဖြစ်ပြီး သေသွားပါတယ်… အဲ့ဒါကို မင်းသမီးက အမှန်တရားဘက်တော်သား ဗယ်လာယူဒမ်က လုပ်ကြံခဲ့တာလို့ စာရေးခဲ့ပြီး ဘတ်မန်းလိုမျိုး နာမည်ကြားတာနဲ့ လူဆိုးတွေကြောက်ရွံ့မဲ့ အမှတ်အသားတစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ် နာမည်အရင်းက တကယ့် ဗယ်လာယူဒမ်ဖြစ်တဲ့ ရွာသားတွေ ဗယ်လူလို့ခေါ်ကြတဲ့ ဗီဂျေးကတော့ ဒါတွေကိုဘာမှမသိပဲ သိပ်ချစ်ရတဲ့ ညီမလေးကိုခေါ်ပြီး မြို့တက်လာခဲ့တဲ့ တောသားလေးပါ ဒါပေမဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး ဗယ်လူဟာ ဗယ်လာယူဒမ်ဖြစ်လာတဲ့အခါ…. ဇာတ်လမ်းလေးလန်းသလို ဗီဂျေးရဲ့ အချစ်အကြမ်းအကခန်းတွေနဲ့ မြိုင်ဆိုင်တဲ့အပြင် ဂိမ်မာတွေအတွက် Assassin Creed စတိုင် ဗီဂျေးရဲ့ သောက်ကြမ်းကြီး ဗယ်လာယူဒမ်ကို ခံစားကြည့်ရှုနိုင်ဖို့ ပြန်လည်ကာရှာဖွေတင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Drama • Crime
6.1 2011
Velayudham
Tragic Hero
6.3

Tragic Hero (1987) ~ IMDb – 6.3/10, Rotten Tomatoes – 58% ~ ၁၉၈၆မှာ ဂျွန်ဝူးရဲ့ A Better Tomorrow ရဲ့အောင်မြင်မှုနဲ့အတူ Heroic Bloodshed ရုပ်ရှင်တွေရဲ့ သဏ္ဍာန်ကပိုပေါ်လာပြီး ချောင်ယွန်ဖတ်ရဲ့ အောင်မြင်မှုလည်း တဟုန်ထိုးတက်လာပြီးတဲ့နောက် ၁၉၈၇မှာ ချောင်ယွန်ဖတ်ကားတွေမနည်းရိုက်ခဲ့တယ်။ An Autumn’s Tale, City on Fire, Tragic Hero, Rich and Famous, Flaming Brothers, A Better Tomorrow II တို့တွေပေါ့။ အဲဒီထဲက An Autumn’s Tale ကလွဲလို့ ကျန်တဲ့ကားတွေအကုန် Heroic Bloodshed ကားတွေချည်းပဲ။ ပြောရရင် ညီအစ်ကိုစိတ်ဓာတ်တွေ၊ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေနဲ့ ပစ်ခန်းခတ်ခန်းကြမ်းကြမ်းတွေ တွဲဖက်ပါဝင်နေတဲ့ ရုပ်ရှင်တွေ။ ဒီကားတွေထဲက ၂ကားကတော့ အဆက်တွေ။ Rich and Famous နဲ့ Tragic Hero တို့တွေပေါ့။ Tragic Hero က လပိုင်းလောက်စောပြီး အရင်ထွက်ပေမဲ့ ဇာတ်အရဆို သူက ၂ပဲ။ တစ်နှစ်တည်းထွက်တာဆိုတော့ ဘာလို့ဒါကိုအရင်ထုတ်လိုက်လဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့သေချာတာက Tragic Hero ကြည့်ပြီးရင် Rich and Famous ကိုကြည့်ဖို့ မလိုလောက်တော့ဘူး။ Tragic Hero ကို ရိုက်ထားတာက တေလာဝေါင်။ Behind the Yellow Line ဒါရိုက်တာ။ ကောင်းတာတွေလည်းရိုက်တယ်။ မကောင်းတာတွေလည်းရိုက်တယ်။ အတော်ကြီးလည်းမဟုတ်ဘူး။ ကောင်းတာတွေလည်းရှိတယ်။ ဒီကားက သူ့ကောင်းတဲ့ ၃ ၄ ကားထဲဝင်တယ်။ သရုပ်ဆောင်တွေကတော့ ချောင်ယွန်ဖတ်နဲ့ အန်ဒီလောင်။ ညီအစ်ကိုစိတ်ဓာတ်တွေ သဘောထားကြီးတာတွေနဲ့ပတ်သက်ရင် ချောင်ယွန်ဖတ်က ခွဲပစ်လို့မရတဲ့ မင်းသားပဲ။ သူက အဲဒီလိုဇာတ်ရုပ်တွေနဲ့ တော်တော်လေးလိုက်ဖက်တယ်။ အန်ဒီလောင်ကတော့ ထုံးစံအတိုင်း အက်ရှင်ကားတွေထဲက အန်ဒီလောင်ပါပဲ။ ဝေါင်ကာဝေးနဲ့ရိုက်ရိုက် ဂျွန်နီတိုနဲ့ရိုက်ရိုက် ဘန်နီချန်းနဲ့ရိုက်ရိုက် ဒီလိုကားတွေဆို အန်ဒီလောင်က အန်ဒီလောင်လို့ပဲပြောရမယ့်အထိ အန်ဒီလောင်ပီသတဲ့ပုံအတိုင်းပါပဲ။ ဇာတ်ကတော့ ဟောင်ကောင်ဂိုဏ်းစတားလောကမှာ ထိပ်သီးဖြစ်ခဲ့တဲ့ ချောင်ယွန်ဖတ်မှာ လက်ရုံး၂ယောက်ရှိခဲ့တယ်။ အန်ဒီလောင်နဲ့ နောက်တစ်ကောင်ပေါ့။ သူတို့က ညီအစ်ကိုတွေ။ အဲဒီ၂ယောက်မှာ အန်ဒီလောင့်အစ်ကိုက ချောင်ယွန်ဖတ်ကို သစ္စာဖောက်သွားတယ်။ အင်အားလည်းကြီးလာတယ်။ စီးပွားရေးဘက်ပဲ အာရုံစိုက်နေတဲ့‌ ချောင်ယွန်ဖတ်အတွက်လန့်စရာဖြစ်လာတယ်။ ရှောင်လွှဲပေမယ့် ရှောင်လွှဲလို့မရဘဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ သူ့မှာရှိသမျှအရာအားလုံးဆုံးရှုံးရဖို့ဖြစ်လာတယ်။ အဲဒီနောက် ပြန်တိုက်ခိုက်တဲ့အကြောင်းပေါ့။ ဒီလိုဇာတ်လမ်းတွေရဲ့ ပုံသေနည်းအတိုင်း မင်းသားခံရ ပြန်ထလာ ပြန်ချဆိုက်ပဲ။ Heroic Bloodshed ကားပီသစွာပဲ Battle Scene တွေက တော်တော်ကြမ်းကြမ်းပြထားတယ်။ ဂျွန်ဝူးကားတွေကြိုက်ရင် ကြည့်သင့်တယ်လို့ပဲပြောရမယ်။ အဲဒီပုံစံနဲ့ခပ်ဆင်ဆင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 840MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 37Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 1987
Tragic Hero
Exorcist II: The Heretic
3.8

1973 ခုနှစ်က ထွက်ခဲ့တဲ့ The Exorcist ရဲ့ ဒုတိယကားဖြစ်တဲ့ Exorcist 2က ပထမကားထွက်ပြီး လေးနှစ်အကြာမှာ ထွက်ခဲ့ပါတယ်။ ဒ ါရိုက်တာကတော့ မတူပေမယ့် အဓိကဇာတ်ဆောင် မင်းသမီး ရေဂန်ပြန်လည်ပါဝင်လာပြီး ဒီကားထဲမှာ အပျိုအရွယ်ရောက်လာခဲ့ပါပြီ။ ဖာသာမာရင်ရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် ဘုန်းတော်ကြီး ဖာသာလာမောင့်န်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရေဂန်က စိတ်ရောဂါကုဆရာဝန်ဆီမှာ ကုသမှုခံယူနေဆဲဖြစ်ပါတယ်။ ဆရာဝန်မရဲ့ စိတ်ချင်းဆက်သွယ်ပြီး အိပ်ငွေ့ချပေးတဲ့စက်ကို အသုံးပြုပြီး ဝါရှင်တန်က ရေဂန်ရဲ့ အခန်းထဲမှာ ဖာသာမာရင် အပနှင်နေတုန်း ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်ပြီး ကြည့်ရှုခဲ့ပါတယ်။ ဒီမကောင်းဆိုးဝါးရဲ့ originက ဘာလဲ ဘယ်ကရောက်လာတာလဲဆိုတာ ဒီကားထဲမှာ အဖြေကို ရမှာပါ။ ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် Exorcist fanတွေဆို ကြည့်ရှုထားသင့်တဲ့ ကားဖြစ်ပါတယ်။ File size… 3.65 GB / 1.14 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Leonie

3.8 1977
Exorcist II: The Heretic