YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Snow.Woman.2009.UNCUT.1080p.AMZN.WEB-DL.YK(DS).mp4

1.33 GB N/A video/mp4 1859 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Crazy Beautiful You
6.9

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဂျက်ကီဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ကတည်းက မိခင်ထားသွားတာခံခဲ့ရပြီး အဖေနဲ့အတူနေခဲ့ရတယ်။ သူ့ကို ထားသွားရပါ့မလားဆိုပြီး အမေဖြစ်သူကို နာကျည်းရင်း ဂျစ်ကန်ကန် ကောင်မလေးအဖြစ် ကြီးပြင်းလာခဲ့တာပေါ့။ တစ်နေ့ သူ အချုပ်ထဲ ခဏရောက်နေတဲ့အချိန်မှာ အမေဖြစ်သူက ရောက်လာပြီး သူ့ကို အချုပ်ထဲကထုတ်ပေးသွားတယ်။ နောက်ပြီး သူနဲ့အတူလာနေဖို့ ခေါ်သွားခဲ့တာပေါ့။ နောက်တစ်ရက် သူ့အမေဆီသွားဖို့ အစ်ကိုဖြစ်သူက လာကြိုတဲ့အချိန် ဂျက်ကီဟာ လမ်းတစ်နေရာမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ အဲဒီမှာ ကီကိုဆိုတဲ့ကောင်လေးနဲ့ စတွေ့တော့တာပါပဲ။ ကီကိုဆိုတာက မြို့တော်ဝန်ရဲ့သားဖြစ်ပြီးတော့ ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့အစည်းမှာ မြို့တော်ဝန်အစား ကူလုပ်ပေးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ မြို့တော်ဝန်ရဲ့သားဆိုပေမဲ့ တရားဝင်အသိမှတ်ပြုခံရတဲ့သူမဟုတ်ဘဲ တန်ထမ်းတစ်ယောက်လိုပဲ သဘောထားခံရသူပါ။ သူက အသက်အများကြီးငယ်တဲ့ မောင်နှမတွေနဲ့ မိသားစုအရေးဆို စိတ်မဝင်စားတဲ့ အမေဖြစ်သူကြားမှာ ခေါင်းခံတာဝန်ယူနေရတဲ့ ကောင်လေးဆိုလည်း မမှားပြန်ပါဘူး။ ဒါပေမဲ့ ကီကိုက အရာရာကို အကောင်းမြင်တဲ့စိတ်နဲ့ပဲ ကြည့်တတ်ပြီး အရမ်းသဘောကောင်းတဲ့သူပေါ့။ ဒီလိုမျိုး ဘဝဒဏ်ရာကိုယ်စီနဲ့ ဂျက်ကီနဲ့ ကီကိုတို့က ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့မှာ အလုပ်အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုမျိုး စိတ်သဘောထားချင်း မတူညီတဲ့နှစ်ယောက်က အလုပ်အတူ တွဲလုပ်တဲ့အခါ ဘယ်လိုမျိုးတွေ ကြုံတွေ့ကြရမလဲ၊ ဂျစ်ကန်ကန် ကောင်မလေး ဂျက်ကီကရော ဘယ်လိုပြောင်းလဲသွားမလဲ၊ နှစ်ယောက်သားကရော နီးစပ်သွားနိုင်မလား၊ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံတွေ့ကြမရမလဲဆိုတာကို Crazy Beautiful You ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Elizabeth Khant မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/81 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.8 GB)/(1.2 GB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Elizabeth Khant

Action • Crime • Thriller
6.9 2015 115 mins
Crazy Beautiful You
The Unbelievable (The Cases of Disappearances)
3

မြူခိုးရွာဟာ မျိုးရိုးစဥ်ဆက်နှစ်ပေါင်းထောင်ချီ နဂါးဘုရင်ကို ကိုးကွယ်လာခဲ့ပြီး ၊ နဂါးဘုရင်ရဲ့ကောင်းချီးနဲ့စောင့်ရှောက်မှုကိုရရှိထားတယ်လို့လက်ခံထားကြပါတယ်။ တစ်ရက်မှာ လူတစ်ယောက်ထူးဆန်းစွာ သေဆုံးသွားပြီး ကံကြမ္မာဆိုးကမြူခိုးရွာလေးကို စတင်ရိုက်ခတ်လာပါတော့တယ်။ သေဆုံးသွားတဲ့သူဟာ နဂါးဘုရင်ကိုအပြစ်ပြုမိလို့ ဒဏ်ခတ်ခံရတယ်လို့ဆိုကြတဲ့အခါ... အစွဲအလမ်းတွေ ယုံကြည်ကိုးကွယ်မှုတွေကိုမယုံကြည်တဲ့ ဝမ်ကျဲဟာ တကယ့်အမှန်တရားကိုရှာဖို့​ကြိုးစားပါတော့တယ်။ အဲ့အချိန်မှာပဲ သူ့ရဲ့မွေးစားအဖေဖြစ်သူပါ ထူးဆန်းစွာသေဆုံးသွားပြန်ပါတယ်။ နောက်တော့ ရွာလေးဟာ ထူးဆန်းတဲ့ဗီဇပြောင်း မကောင်းဆိုးဝါးသတ္တဝါတွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး၊ တစ်ရက်ပြီးတစ်ရက် သေသူတွေတိုးလာတဲ့အခါ.... အယူသီးတဲ့ရွာသားတွေဟာ ဒီပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။ ဝမ်ကျဲတို့ကရော ဗီဇ​ပြောင်းသတ္တဝါတွေကိုဘယ်လိုရင်ဆိုင်လေမလဲ။ ရွာကိုရော ဒီကပ်ဘေးကနေ ကယ်တင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ စိတ်လှုပ်ရှားစွာ အဖြေရှာကြည့်ကြရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Thriller Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Moon , Kyawt Encoded by LK

Comedy • Romance • TV Movie
3 2022 69 mins
The Unbelievable (The Cases of Disappearances)
Joe Maddison's War
7.5

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။ စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။ 2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison's War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။ ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။ ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။ (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.52GB, 661MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 25Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Documentary • Music
7.5 2010 85 mins
Joe Maddison's War
Saani Kaayidham
6.6

ဒဏ်ရာတွေကပျောက်ကွယ်သွားနိုင်တယ် မှတ်ဉာဏ်တွေကလည်း‌အရောင်မှိန်သွားနိုင်ပေမယ့် ဒီနာကျင်မှုကတော့ ဘယ်တော့မှပျောက်မသွားဘူး.. ဒီတစ်ခါမှာတော့ IMDb 7.7ရရှိထားပြီး ဖြစ်ရပ်မှန်လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အထက်လူကြီးနဲ့ အခက်မသင့်ဘဲအလုပ်ထွက်လာခဲ့တဲ့ ယောကျာ်းဖြစ်သူမာရီအား ပွန်နီကအထက်လူကြီးကိုပြန်တောင်းပန်ဖို့ကြိုးစားခိုင်းပေမယ့် ကိစ္စတွေကစီစဉ်ထားသလိုဖြစ်မလာဘဲ လူကြီးရဲ့မျက်နှာကိုတံတွေးနဲ့ထွေးလိုက်မိပါတယ် ဒါကိုအထက်ကရန်ငြိုးထားပြီးသူတို့မိသားစုကိုပြန်ကလဲ့စားချေပါတော့တယ် ပွန်နီကိုမုဒိမ်းကျင့် ယောကျာ်းနဲ့သမီးဖြစ်သူကိုအရှင်လတ်လတ်မီးရှို့ပြီး ရက်ရက်စက်စက်သတ်ပစ်ခဲ့ပါတယ် ပွန်နီကတခြားသူမဟုတ်ဘဲ ရဲမေပါ ဒါပေမယ့် ရဲဌာနကလည်းပွန်နီ့ဘက်မှာရှိမနေခဲ့ပါဘူး ဒီကိစ္စအမှန်အတိုင်းပေါ်သွားခဲ့ရင် ရဲဌာနသိက္ခာကျတယ်ဆိုပြီး ဖုံးဖိထားခိုင်းခဲ့ပါတယ်။ ရာထူး ပိုက်ဆံ အင်အားတစ်ခုမရှိတဲ့ ပွန်နီတို့ကိုအဖက်ဖက်ကဖိအားပေးလာခဲ့ပါတယ် ဒါ့အပြင်ရာထူးမြင့်လူတစ်ယောက်ရဲ့အကူအညီနဲ့ မုဒိမ်းကောင်တွေလွတ်သွားတဲ့အခါမှာတော့..... ပွန်နီတစ်ယောက် ဘယ်လိုလက်စားချေမလဲ အမှန်တရားကအနိုင်ရမှာလားဆိုတာ အားရပါးရကြည့်ရှုရမှာဖြစ်ပါတယ် ဒီကားကသွေးသံရဲရဲနဲ့သတ်ခန်းဖြတ်ခန်းတွေပါတာကြောင့် လူသတ်ကားကြိုက်တဲ့ပရိတ်သတ်ကြီးတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ရှင် File size…2.67GB / 1.14GB /  Quality…1080p TRUE WEB DL AAC5.1CH / 720p /  Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lai Lai & Honey

BL • Drama
6.6 2022 138 mins
Saani Kaayidham
Taal
6.4

မင်းသမီး Aishwarya Rai အဓိကပါဝင်ထားပြီး Anil Kapoor နဲ့ Akshaye Khanna တို့လို မင်းသားကြီးတွေနဲ့ ဒီရုပ်ရှင်ကားက အချစ်ရိုမန့် အလွမ်းအဆွေးရသစုံတဲ့ ရုပ်ရှင်ကားကြီးပါ။ "Taal" ဆိုတာ သိပ်ကိုနူးညံ့တဲ့စကားလုံးလေး "ဂီတသံစဉ်" တစ်နည်းအားဖြင့် "နှောင်ကြိုး" လူသားရဲ့စိတ်ဖြေရာ အချစ်တို့မွေးဖွားရာ ခံစားချက်တွေ ပေါင်းဆုံရာကို ဂီတလို့ခေါ်နိုင်မလား... ဂီတငြိစွန်းလာတဲ့အခါ လူ့ရဲ့စိတ်ကနူးညံ့လာပြီး နှလုံးသားချင်း စကားပြောလာတတ်ပါတယ် အဲ့ဒီစကားလုံးတွေကပဲ နှလုံးသားကို အချစ်လမ်းသွယ်လေးဆီ ခေါ်ဆောင်လာတတ်တယ်... ဟုတ်ပါတယ် ဒီနှောင်ကြိုးလေးက မာနဗ် မာန်ဆီ ဗစ်ကရန်းဆိုတဲ့ ဘဝသုံးခုနဲ့ ချိတ်တွယ်ထားပါတယ် ဘဝရဲ့လမ်းသွယ်လေးတွေမှာ ကျွန်မတို့ လူတော်တော်များများနဲ့ ဆုံဖြစ်ကြပါလိမ့်မယ် ကိုယ့်စိတ်နဲ့ ထပ်တူမကျတာရှိနိုင်သလို ကိုယ့်နှလုံးသားနဲ့ အဲ့ဒီလူကို ငြိတွယ်သွားတာလည်း ဖြစ်နိုင်ပါတယ် နိုင်ငံခြားပြန် မြေပြန့်သားလေး မာနဗ်ဟာ ဖခင်ဖြစ်သူရဲ့ အလုပ်ကိစ္စနဲ့ တောင်ပေါ်ဒေသကို အလည်လာရင်း ရိုးသားတဲ့တောင်ပေါ်သူလေး မာန်ဆီနဲ့ သံယောဇဉ်ငြိတွယ်ခဲ့ပါတယ်... အခြေအနေအချင်းက အရမ်းကွာဟတာကြောင့် ဒီနှောင်ကြိုးကို မြဲအောင်မထားနိုင်ခဲ့ပါဘူး... ဘဝရဲ့အခန်းကဏ္ဍတစ်ခုပြီးဆုံးသွားတဲ့အခါ တခြားကဏ္ဍတစ်ခုက ပေါ်လာတတ်စမြဲပဲဆိုတာ ကြားဖူးကြတယ်မလား... အဲ့ဒီအခန်းကဏ္ဍနဲ့အတူ မာန်ဆီရဲ့ဘဝထဲကို ထပ်မံဝင်ရောက်လာသူကတော့ အောင်မြင်ကျော်ကြားတဲ့ သီချင်းဒါရိုက်တာကြီး..ထုတ်လုပ်သူကြီး ဗစ်ကရန်းကပူရ်ပါပဲ "လက်ထပ်တယ်ဆိုတာ ဘဝနှစ်ခု ပေါင်းဆုံဆည်းတာ" "လက်ထပ်တယ်ဆိုတာ နှလုံးသားနှစ်ခု ထပ်တူကြတာ" "အတူတူသေမယ် အတူတူရှင်သန်မယ်" တဲ့...။ ကဲ..သူတို့သုံးဦးရဲ့ဘဝနှောင်ကြိုးတွေက ဘယ်ကိုဦးတည်သွားမလဲ ဒီနှောင်ကြိုးလွန်ဆွဲပွဲမှာ ဘယ်သူ့အချစ်က အနိုင်ရပြီး ဘယ်သူနဲ့ဆုံဆည်းရမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပြီး လူသားတိုင်း အချစ်နဲ့ဘဝထပ်တူကျပါစေလို့ တောင်းဆိုပေးလိုက်ပါတယ်...။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Taylor မှ ခံစားတင်ဆက်ထားပါတယ်။) File size…(3.3 GB)/(1.8 GB) Quality….WEB-DL 1080p HEVC / 720p Format…mkv/mp4 Duration….02:58:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Comedy • Drama • Science Fiction
6.4 1999 177 mins
Taal
Fatal Memory
8.1

ယာဉ်မတော်တဆဖြစ်ပြီးသုံးလလောက်ကိုမာဝင်ခဲ့တဲ့ ဂရေ့စ်တစ်ယောက်ကံကောင်းစွာနဲ့ပဲ သတိပြန်လည်လာခဲ့ပါတော့တယ်။ ဒါပေမယ့် သတိပြန်ရခဲ့တဲ့ဂရေ့စ်ဟာ ယာဉ်မတော်တဆ ဖြစ်ခဲ့အချိန်ကနေ နောက်ပြန်ရေရင်(၅)နှစ်တာကာလအတွင်းကအကြောင်းအရာတွေကို သူ မမှတ်မိတော့ပါဘူး။ ဒီလိုကာလတစ်ခုစာမမှတ်မိတော့တဲ့သူ့မှာ သူ့ကိုချစ်တဲ့သမီးလေးရယ် ယောကျ်ားလေးရယ် ညီမဖြစ်သူနဲ့ မှတ်ဉာဏ်ပြန်ရအောင်ကြိုးစားပြီးပျော်ပျော်ရွှင်ရွှင်နေနေ ခဲ့တာပါ။ ဒါပေမယ့် သူတို့မိသားစုလေးဂုဏ်ပြုညစာစားပွဲလေးကျင်းပနေချိန် ဂရေ့စ်ဆီကို ဖုန်းတစ်ခုဝင်လာရာကနေစတင်လာပါတော့တယ်။ နောက်ပြီး သူစိမ်းတစ်ယောက်ကလည်း သူ့ဘဝထဲကိုအတင်းဝင်ရောက်လာရာက ဂရေ့စ်တစ်ယောက်ပြဿနာတွေတစ်စတစ်တက် လာပါတော့တယ်။ ဒီသူစိမ်းက သူမမှတ်မိတော့တဲ့ငါးနှစ်ဆိုတဲ့ကာလမှာ ဘယ်လိုနေရာက ပါနေတာလဲ။ ဒီငါးနှစ်တာကာလမှာဂရေ့စ်တစ်ယောက်ဘာတွေလုပ်ခဲ့မိတာလဲ။ အခုရော သူဘာတွေကြုံတွေ့လာရမှာလဲကတော့......... Fatal Memory ဒါမှမဟုတ် Deadly Infidelity လို့ အမည်ရတဲ့ဒီကားလေးက (၂၀၂၂)ထွက် Thriller ကားအသစ်လေးဖြစ်ပြီးတော့ Mystery နဲ့ Dramaလေ ခပ်းပါးပါးပုတ်ထားတဲ့ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှူခံစားကြည့်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။) File Size -(2.1 GB) / ( 772.47 MB) / (297.69 MB) Quality – WebRip -(1080p) /  (720p) / (480p) Duration - 1hr 26min Subtitle – Myanmar Hardsub Format – MP4 Genre :  Drama, Thriller Translator – Chit Tee Encoder – San Win Maung

Drama
8.1 2022 85 mins
Fatal Memory
Snowden
7.1

ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမဝင်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ဝန်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ အဆုံးထိကြည့်ဖို့လည်း မမေ့ပါနဲ့လို့။ ဘာသာပြန်သူဟာ နိုင်ငံရေးနယ်ပယ်ကမဟုတ်လို့ official အသုံးအနှုန်းများနဲ့ ကွဲလွဲသည်များရှိသော် နားလည်ပေးကြဦး ခင်ဗျ။ File Size        :   960 Mb Duration      :   2 : 14: 06 Quality          :   Bluray 720p Format          :    MP4 Genre            :    biography,drama,thriller Translator   :    Littleneo Encoder       :   Littleneo

Drama
7.1 2016 134 mins
Snowden
Aisha
6.4

အိုင်ရှာဟာ နိုင်ဂျီးရီးယားနိုင်ငံ ဘယ်နင်မြို့မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ပညာရေးဆုံးခန်းမတိုင်သေးဘဲ ကောလပ်တက်နေဆဲဖြစ်သော်ငြားလည်း လူမှုရေးကိစ္စ အရှုပ်အရှင်းတွေကြား အသက်အန္တရာယ်ပါ စိုးရိမ်လာရတဲ့အတွက် အိုင်ရှာခမျာ တစ်ဖက်နိုင်ငံဖြစ်တဲ့ အိုင်ယာလန် နိုင်ငံထဲကို ခိုးဝင်ထွက်ပြေးခဲ့ရပါတယ်။ ဒီလိုနဲ့ အိုင်ယာလန်နိုင်ငံရဲ့ ဥပဒေအရှုပ်အထွေးတွေ၊ လူဖြူတွေရဲ့ ဖိနှိပ်မှုတွေကြားက ဝမ်းစာကို ရအောင်ဖြည့်ရင်း အမေဖြစ်သူဆီ ရသလို ပြန်ထောက်ပံ့ကာ နိုင်ငံခိုလှုံခွင့်အောင်ဖို့နဲ့ အမေ့ကိုပါ ဒီဘက်နိုင်ငံထဲ ရအောင်ခေါ်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အသက်ဆက်နေရပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တစ်ခြား ပိုပိုဆိုးလာတဲ့ အခြေအနေတွေကြားက လုံခြုံရေးဝန်ထမ်းလေး ကော်နာဟီလီနဲ့ တွေ့ကာ ချစ်ခြင်းမေတ္တာ ဆိုတာကို ထိတွေ့မိစ ပြုလာတဲ့နောက်မှာတော့..။ ဒီဇာတ်လမ်းရဲ့ Castတွေအနေနဲ့ကတော့ Black Pantherထဲက Shuriအဖြစ်နဲ့ လူသိများတဲ့ Letitia Wrightအပါအဝင် Josh I’m Connorတို့၊ Ruth McCabeတို့လို Award winnerတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ File size…(1.31GB) / (671MB) / (320MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO

Thriller
6.4 2022
Aisha
Avatar
7.8

Avatar (2) ထွက်ဖို့ရှိတာမလို့ Avatar(2009) ကို Quality Update လိုက်ပါတယ်…Extended Version ကိုမှ 4K IMAX HDR/SDR အရည်အသွေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။ (HDR ကိုတော့ ခေတ်ပေါ်ဖုန်းတချို့နဲ့ Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။) Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… ဇာတ်လမ်းအကျဉ်းကတော့ … လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖို့ကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို့ သူ့စိတ်ကူးထဲက အရုပ်တွေ၊ အကောင်တွေဖန်တီးတာပေါ့လေ။ကြည့်လို့ကောင်းအောင်လည်း ရုပ်ရှင်ပညာနဲ့ ဂရပ်ဖ်ဖစ်နဲ့ လုပ်လိုက်တာပေါ့။အဲဒီနာဗီတွေနေတဲ့ဆီမှာ ကမ္ဘာစွမ်းအင်အတွက် လိုအပ်တဲ့ဓာတ်သတ္ထုတစ်မျိုးက ထွက်တယ်။ကမ္ဘာစွမ်းအင်လိုအပ်ချက်အတွက် အဲဒီသတ္ထုထုတ်ယူဖို့လိုတယ်။ဒီတော့ လူသားတွေပီပီ ကြံဆကြိုးစားကြရင်းအမေရိကန်မရင်းတပ်ဖွဲ့ဝင်ဟောင်း(အခုတော့ အောက်ပိုင်းမသန်ဖြစ်နေတဲ့ မင်းသား)ကအဲဒီ နာဗီအဖြစ် အသွင်ပြောင်းရတယ်။ Jake လို့ခေါ်တဲ့ မင်းသားကိုသေတ္တာထဲထည့် ခလုတ်နှိပ်လိုက်ရင် သူက နာဗီဖြစ်သွားတာပဲ၊ ပြန်ခေါ်ချင်ရင်ခလုတ်ပိတ်လိုက် လူပြန်ဖြစ်လာတယ်။Jake က လူအဖြစ်ကနေ နာဗီဖြစ်နိုင်လို့ Avatar လို့ ဇာတ်ကားနာမည်ပေးတာပဲ။ဒီတော့ အသားပြာပြာရှိတဲ့လူဆို (အထူးသဖြင့် နေပူထဲများများသွားရတဲ့သတင်းထောက်တို့၊ မားကတ်တင်းတို့ဆို အသားတွေပြာနှမ်းကုန်တတ်တာပေါ့)နာဗီလို့ ခေါ်လို့ရမလား မသိဘူး။ဇာတ်ကားကိုပြန်ဆက်ရရင် Jack က နာဗီဖြစ်ဖြစ်သွားပြီး၊ နာဗီဘုရင်ကြီးရဲ့သမီးတော် နေတရီ နဲ့ ကြိုက်သွားရောဆိုပါတော့။ဒီတော့ ဒီဘက်က သတ္ထုတွေ လိုချင်တဲ့သူတွေကနာဗီတွေကို အပြတ်ရှင်း၊ နာဗီဒေသမှာရှိတဲ့ သတ္ဌုတွေ ယူပေါ့။မင်းသားက လူကနေ ခဏ ခဏ နာဗီဖြစ်ပြီးတဲ့အခါ ဒီစီမံကိန်းကြီးကိုလုပ်နေတဲ့သူတွေက နာဗီတွေရဲ့ လမ်းကြောင်းတွေ၊ အနေအထားတွေကိုအကုန်မှတ်တမ်း ယူထားတယ်။ တစ်ချိန် သူတို့ဆော်မယ်လေ။Jack က နာဗီဖြစ်လာတော့ နာဗီတွေ အေးအေးဆေးဆေး နေတာ၊ သဘာဝတရားနဲ့အလွမ်းသင့်အောင်နေတာ၊ သစ်ပင်တွေမှာ အသက်ရှိတာ၊ အသက်ရှုတာ၊ မျိုးပွားတာတွေကို သိလာတယ်။သဘာဝကြီးဟာ သူ့ဟာသူ သိပ်လှနေတယ်၊ လူတွေ လောဘဇောတက်ကုန်လို့သာကမ္ဘာကြီး ပျက်စီးလာတာ၊ အခုလည်း နာဗီတွေကို အပြတ်ရှင်းဖို့လုပ်နေပြီ။ဒီဇာတ်ကားမှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ပြောဆိုသတိပေးမှုလေးတွေ ထည့်ထားတာပါတယ်။လူနဲ့သဘာ၀ သမူဟဖြစ်မှ၊ သတ္တဝါနဲ့ ပတ်ဝန်းကျင် သဟဇာတဖြစ်မှပျော်ရွှင်စရာကမ္ဘာဖြစ်မယ်ဆိုတာကို မီးမောင်းထိုးပြထားတယ်။လူတွေရဲ့ အတောမသတ်တဲ့လောဘနဲ့ ဒေါသ၊ အတ္တ၊ မာနတွေကိုလည်း ပေါ်လွင် အောင်ရိုက်ပြနိုင်လို့ ဒါရိုက်တာကို ချီးကျူးရမှာဖြစ်ပါတယ်။လူတွေရဲ့ စိတ်အခြေအနေတွေဆိုတာ လူသာမန်တိုင်း ကိုယ့်စိတ်ကိုယ့်အခြေအနေ၊ ကိုယ့်အနာဂတ်ကို ကိုယ်ကိုယ်တိုင် သိနေကြတာပဲဆိုတာကို ပြထားပါတယ်။လူဆိုတာ ပထမတော့ အဖြူ ထည်သက်သက်ပါပဲ။အေးအေးနေတတ်တယ်၊ မျှတတာကိုကြိုက်တယ်၊ အေးချမ်းမှုကို နှစ်သက်တယ်၊ စိတ်ခံစားချက်တွေ ကိုယ်စီရှိကြတယ်။ခုန ဘေးကအရောင်တွေဖြစ်တဲ့ ဒေါသတွေ၊ လောဘတွေ၊ မာနတွေ၊ အတ္တတွေရောထည့်လိုက်တော့မှ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ စစ်တွေစသဖြင့်ဖြစ်လာတာပါဆိုတာကို ဒီ Avatar မှာလည်း တွေ့ရမှာဖြစ်ပါတယ်။နာဗီတွေဟာ ဝိဇ္ဇာ၊ ဇော်ဂျီတွေနဲ့ မတူတာဆိုလို့စစ်တိုက်တတ်တယ်၊ ဓားရေး၊ လှံရေး၊ လေးမြားအတတ်တွေ ကျွမ်းကျင်ကြတယ်။စက်ရုပ်ကြီးတွေ၊ လက်နက်တွေ၊ ရှုးပျံလိုအကောင်ကြီးတွေနဲ့ဖိုက်တင်တွေ၊ အဝဲအပျံ၊ အခုတ်အထစ်တွေကို ကလေးကြိုက်၊ လူငယ်ကြိုက်ရိုက်ပြထားပါတယ်။ဇာတ်ကားမြင်ကွင်းတွေ၊ တွေးဆဆင်ခြင်စရာ ဇာတ်ဝင်စကားတွေကတော့လူကြီးပရိသတ်အတွက် ဆင်ခြင်စရာပေါ့လေ။ ဒါရိုက်တာကလူကြီးကော လူငယ်ပရိသတ်ကော နှစ်ခုလုံးအတွက် ရိုက်ထားပုံရပါတယ်။ဇာတ်ကားအဆင့်ကိုလည်း 12 A လို့ သတ်မှတ်ထားပါတယ်။နောက်ဆုံးတော့ ဇာတ်သိမ်းလိုက်ရင် ကောင်းတဲ့လူတွေသာနောက်ဆုံးမှာ အောင်ပွဲခံတယ်ဆိုတာကို ဒါရိုက်တာဂျိမ်းစ်ကင်မရွန်းကပြသွားပါတယ်။ လူအများနှစ်သက်တဲ့ဇာတ်သိမ်းမျိုးနဲ့ပဲ ဒါရိုက်တာက ဇာတ်လမ်းကို သိမ်းလိုက်ပါတယ်။ ဒီကားကြည့်ပြီး ဘာရလိုက်သလဲဆိုတော့ ဘယ်လောက်ပဲအခက်တွေကြုံနေပါစေ၊ သူများနဲ့မတူဘဲ ပေါက်မြောက်အောင်သာထိထိရောက်ရောက် စွမ်းဆောင်ပါလေ၊ မုချအောင်မြင်မယ်ဆိုတာရယ်။လူတွေက အသစ်အဆန်းကို သိပ်စိတ်ဝင်စားတယ်ဆိုတာရယ်၊ ကြီးကျယ်တဲ့ အလုပ်မှန်သမျှ၊သမိုင်းဝင်အောင် လုပ်မယ်လို့ ကြံဆသမျှတွေရဲ့ အခြေခံဟာစိတ်ကူးတွေဖြစ်တယ်ဆိုတာကိုတွေကို ရလိုက်ပါတယ်။ ဒီကားဟာ ခေတ်သစ်ရုပ်ရှင်တွေအတွက် နောက်ထပ်ခေတ်သစ်အခုဆီကိုကူးပြောင်းပေးလိုက်တာလို့လည်း ဂျိမ်းစ်ကင်မရွန်းကို ဝေဖန်ရေးဆရာတချို့က မြှောက်ပင့်ကြပါတယ်။ကျွန်တော်ကတော့ ဂျိမ်းစ်ကင်မရွန်းလို ဒါရိုက်တာက ဒီလောက်ပိုက်ဆံတွေသုံးမှတော့ဒီလောက်တော့ဖြစ်သင့်တာပေါ့လို့ ပြောချင်ပါတယ်။ဒါပေမယ့် စိတ်ကူးကိုတော့ ချီးကျူးပါတယ်။အလွန်ကြည့်ကောင်းပါတယ်။ Avatar က စိန်ခေါ်မှုတစ်ခုတော့ ဖြစ်သွားပါပြီ။သူ့ကိုကျော်ဖို့ နောက်ထပ်ဒါရိုက်တာတွေ ရှိလာဦးမယ်ဆိုတာကိုတော့ အသေအချာ ယုံကြည်မိပါတယ်…. (ရုပ်ရှင်အညွှန်းကို မိုးစက်မှော် WordPress မှ ကူးယူဖော်ပြပါသည်။)

Comedy
7.8 2009
Avatar
The Unborn Soul
5.3

The Unborn Soul (2023) ဗီယက်နမ် Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Horror ဆိုပေမယ့် ဒရာမာကားကောင်းကောင်းတစ်ကားလို ဇာတ်လမ်းအချိတ်အဆက်မိမိ တင်ပြထားတာမို့ တစ်ကားလုံး ပျင်းမနေဘဲ အဆုံးထိ ကြည့်မိမယ့်ကားမျိုးပါပဲ။ အမျိုးသမီးဇာတ်ကောင် ၃ ယောက်ရဲ့ ဆက်နွယ်မှုတွေကို တင်ပြရင်းနဲ့ ဒီဇာတ်လမ်းက ပုံပေါ်လာမှာပါ။ ပထမဆုံးအမျိုးသမီး “ထောင်”ကတော့ ယောက်ျားဖြစ်သူနဲ့အတူ ကလေးရဖို့အတွက် လေးနှစ်တောင်စောင့်ဆိုင်းခဲ့ရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အတိတ်က မကောင်းမှုတွေကြောင့် သူ့အိမ်မှာ သန္ဓေသားဘဝနဲ့ သေဆုံးရတဲ့ကလေးသရဲကပ်ပြီး ဒုက္ခရောက်တော့တာပါပဲ။ ဒုတိယအမျိုးသမီး “ဖွန်း” ကတော့ ကိုယ်ဝန်ဖျက်ချတဲ့ဆေးခန်းက ဆရာဝန်ပါ။ တစ်ဖက်မှာ သူတစ်ပါးကလေးအသက်သတ်နေရပေမဲ့ တစ်ဖက်မှာတော့ သူ့ရဲ့သားလေး မင်းကို အသက်ဆက်ရှင်‌နိုင်အောင် ကြိုးစားနေရတာပါ။ သားအတွက် ဆေးဖိုးရှာနိုင်အောင် ကိုယ်ဝန်ဖျက်ချရတဲ့ ဖွန်းတစ်ယောက် လိပ်ပြာလုံလုံနဲ့ လုပ်နိုင်ပါ့မလား။ တတိယအမျိုးသမီးကတော့ နတ်မိမယ်လေးမိဘမဲ့ဂေဟာက အမျိုးသမီးပါ။ မိဘမဲ့တွေကို စောင့်ရှောက်ရတာအပြင် ကိုယ်ဝန်ဖျက်ချပြီးထွက်လာတဲ့ သန္ဓေသားအလောင်းတွေကို ကောင်းရာမွန်ရာမှာ မြေမြှုပ်ရင်းနဲ့ အောက်ဆိုက်ရှာနေရတဲ့သူပေါ့။ သူ့ရဲ့အကြောင်းအရာကရော ဘယ်လိုဆက်ဖြစ်မလဲ။ ဒီအမျိုးသမီးသုံးယောက် ဘယ်လိုဆက်စပ်နေမလဲ။ သန္ဓေသားသရဲတွေနဲ့ သူတို့သုံးယောက်ရဲ့ ပတ်သက်ဆက်နွှယ်ပုံက ဘယ်လိုလဲဆိုတာကိုတော့ ဒီကားထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Drama, Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 668MB | 338MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

5.3 2023
The Unborn Soul
The Prequel of Gold Convoyers 10 : A Decisive in Tianya Village
5.7

ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီအပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနဲ့ ဂူဖျင်အန်းတို့ လက်ထပ်ပြီးနောက် အေးချမ်းသာယာတဲ့ ဘဝမှာ ဝမ်ကျန့်ဝေးဆိုတဲ့ သားလေးတစ်ယောက်မွေးခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်ကျောက်ရှင်းဟာ ရုတ်တရက် နဂါးတပ်ရဲ့ အမိန့်ကိုလက်ခံရရှိခဲ့ပါတယ်။ ဖျင်အန်းရဲ့ ထောက်ခံအားပေးမှုကြောင့် ဝမ်ကျောက်ရှင်းတစ်ယောက် ယိုးလန်ဆိုတဲ့ နာမည်ပြောင်းနဲ့ နဂါးတပ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်နေစဉ်မှာ နဂါးတပ်တစ်ခုလုံး ကျရှုံးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းလည်း အဖမ်းခံခဲ့ရပါတယ်။ နဂါးတပ်ထဲမှာ သူလျှိုရှိနေတဲ့အတွက် နဂါးတပ်တစ်ခုလုံး ကျရှုံးခဲ့တာဖြစ်ပြီး အဲ့သူလျှိုကို ကလဲ့စားချေဖို့ ဝမ်ကျောက်ရှင်းတစ်ယောက် ကျိန်ဆိုခဲ့ပါတယ်။ ရန်သူလက်ထဲမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် အိမ်ပြန်ရောက်လာတဲ့ ဝမ်ကျောက်ရှင်းဟာ မိသားစုဝင်တွေအကုန် အသတ်ခံလိုက်ရပြီး ဖျင်အန်းကို ကိုယ်ရံတော်တပ်က ဖမ်းသွားခဲ့တာကို သိလိုက်ရပါတယ်။ တိုင်းပြည်အနှံ့ ဖမ်းမိန့်ထုတ်ခံထားရတဲ့ ဝမ်ကျောက်ရှင်းတစ်ယောက် အကူအညီရှာဖို့အတွက် ထျန်းယာရွာကို ရောက်လာခဲ့ပါတယ်။ လူအများအပြားကို လိုက်လံသတ်ဖြတ်နေတဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူ ဖြစ်မလဲ…… သူတို့လို ဖမ်းမိန့်ထုတ်ခံထားရတဲ့လူတွေကိုလက်ခံပေးထားတဲ့ ထျန်းယာရွာက ရွာသားတွေကရော ဘယ်သူတွေဖြစ်မလဲ…… အမြစ်ပြတ်ရှင်းလင်းနိုင်ပါ့မလား.ဆိုတာကို ရုပ်ရှင်ထဲမှာ အဖြေရှာလိုက်ရအောင်နော်။

Drama • Music
5.7 2010
The Prequel of Gold Convoyers 10 : A Decisive in Tianya Village
Kaazh

Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေး Genre – Drama တစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလား ဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကို သွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းက စလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင် အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာ ကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက် ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။ သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကို ပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ)

0 2024
Kaazh
Sijjin 2 (or) Siccin 2
6.1

Siccin (2) IMDB: 6.1 Rotten Tomatoes: 80% Genre: Horror/Thriller Siccin (2) ဟာ Siccin ရုပ်ရှင် Series ရဲ့ နှစ်ကားမြောက်ကားဖြစ်ပါတယ်။ Siccin ဟာ တူရကီနိုင်ငံရဲ့ အကြမ်းဆုံး Horror ကားဇာတ်လမ်းတွဲဖြစ်ပါတယ်။ Jumpscarei တွေလည်းဖောဖောသီသီသုံးထားပြီး အတော်လေးလည်းကျောချမ်းဖို့ကောင်းပါတယ်။ ဒါ့အပြင် မှော်နက်ပညာနဲ့ ဂျင်းနတ်ဆိုးတွေအကြောင်းလည်းပါတာကြောင့် တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်။ အဲထက်ပိုပြီးပြီးပြည့်စုံသွားတာကထင်မထားတဲ့ ဇာတ်လမ်းလှည့်ကွက်ပါပဲ။ ဇာတ်ညွှန်း ဟစ်ရန်မှာ သားလေးတစ်ယောက်ရှိပါတယ်။ ချစ်ဖို့ကောင်းတဲ့ သားလေး ဗီရိုလည်းရှိပါတယ်။ အိမ်ထောင်ရေးကတော်တော်လေးကိုသာယာခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ဗီရိုဆုံးသွားခဲ့ပါတယ်။ အဲကိစ္စကြောင့် ဟစ်ရန်ဟာ သူ(မ)ကိုယ်သူ(မ) ခွင့်မလွှတ်နိုင်ခဲ့သလို သူ(မ)ယောကျ်ားကလည်း ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စနောက်ကွယ်မှာ မှော်နက်ပညာတွေရှိနေကြာင်း သိရှိသွားတဲ့နောက်မှာတော့… File size… 1.8 GB / 715 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Drama • Romance
6.1 2015 93 mins
Sijjin 2 (or) Siccin 2
Rachel Getting Married
6.7

Rachel Getting Married (2008) ****************************** 2008 ခုနှစ်မှာ ထွက်ရှိပြီး ဆု ၃၂ ဆု best leading actress Oscar Nomination အပါအဝင် Nomination ၆၅ နဲ့ အဲဒီအချိန်က ဝေဖန်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ Family Drama အကြောင်း အသားပေးရိုက်ကူးထားပြီး ဒါရိုက်တာ Jonathan Demme ရိုက်ကူးကာ အားလုံးသိကြတဲ့ မင်းသမီးချော Anne Hathaway , Rosemarie DeWitt နဲ့ မင်းသမီးကြီး Debra Winger , မင်းသား Bill Irwin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Anne Hathaway ကို ပထမဆုံးအကြိမ် Oscar nomination ရစေခဲ့တဲ့ကားဖြစ်ပြီးတော့ ဒီကားမှာတော့ ပုံမှန်ချစ်စရာကောင်းတဲ့ Anne Hathaway ကို Rehab ကထွက်လာတဲ့ Drug Addict အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်နှစ်အတောအတွင်း rehab ကိုဝင်လိုက်ထွက်လိုက်လုပ်နေရတဲ့ Kym ဟာ သူ့အစ်မ Rachel မင်္ဂလာဆောင်အတွက် rehab ကနေ ထွက်လာပါတယ်။ ကိုးလကြာ sober ဖြစ်နေတဲ့ Kym ဟာ rehab ကနေထွက်လာရတဲ့အတောအတွင်း မင်္ဂလာဆောင်ကျင်းပမဲ့ သူတို့ရဲ့မိသားစုအိမ်မှာ နေထိုင်ခဲ့ပါတယ်။ မင်္ဂဆောင်အတွက် စီစဥ်ကြရင်း ပြန်ပြီးပေါ်ထွက်လာတဲ့ သူတို့မိသားစုပြဿနာတွေနဲ့ Kym ပြန်ရောက်လာတာကြောင့် အမြစ်ပြန်ပေါ်လာတဲ့ အနာဟောင်းတွေကို သူတို့မိသားစုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…. (အညွှန်းကို Aerin မှ ရေးသားထားပါတယ်) File size…2.29GB / 1.01GB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aerin Encoded by AHtet

Drama
6.7 2008 113 mins
Rachel Getting Married
A Minecraft Movie
6

2025 ရဲ့ အအောင်မြင်ဆုံးနဲ့ ၀င်ငွေအများဆုံးရုပ်ရှင် Minecraft ထွက်လာပါပြီ… 2013 က ထွက်ခဲ့တဲ့ အအောင်မြင်ဆုံး Open world ဂိမ်းကို Jack Black , Jason Momoa တို့လိုနာမည်ကြီး သရုပ်ဆောင်တွေနဲ့ အသက်သွင်းထားတာကြောင့် လူအများ‌စောင့်ကြည့်ရတဲ့ ရုပ်ရှင်ဖြစ်နေပါတယ်…. ပွဲဦးထွက်ရုံတင်မှုမှာလည်း ဒေါ်လာသန်း 160 ကျော်နဲ့ စံချိန်ချိုးပြီး Rating ကောင်းတွေရထားတယ်.. ဇာတ်လမ်းအကျဉ်းကတော့ .. ငယ်ငယ်ထဲက ကမ္ဘာ့အတော်ဆုံး မိုင်းတူးသမားဖြစ်ချင်ခဲ့တဲ့ စတိဗ်ဟာ မိုင်းတွင်းဟောင်းကြီးတစ်ခုကိူသွားလေ့ရှိတယ် သူသွားတိုင်း အသက်ကြီးကြီးအဘိုးကြီးက အမြဲနှင်ထုတ် တာကြောင့် လက်လျှော့ခဲ့ရတာ ခဏခဏပဲ… ဒီလိုနဲ့ အသက်တွေကြီးပြီး ပျင်းစရာ ကုမ္ပဏီ ၀န်ထမ်းဘ၀နဲ့ ဖြတ်သန်းလာခဲ့တဲ့ စတိဗ်ဟာ ဘ၀ကိုပြန်စဉ်းစားရင်း ငယ်ငယ်ကဖြစ်ချင်တဲ့ Miner ဘ၀ကို ပြန်သွားဖို့စိတ်ကူး လိုက်ပါတယ်.ဒီခါတော့ သူ့ကိုတားမယ့် အဘိုးကြီးကို တွန်းထုတ်ပြီး မိုင်းတွင် ထဲကို ၀င်သွားလိုက်ပါတယ်… မိုင်းတူးနေရင်း အလင်းတွေထွက်နေတဲ့ ဖန်ဆင်းမှုကျောက်တုံး နှစ်ခုကိုတွေ့ပြီး ပေါင်းစပ်လိုက်ရာကနေ Minecraft ရဲ့ over world ကမ္ဘာကြီးထဲရောက်သွားပါတော့တယ်.. over world နဲ့အတူ ၀က်သတ္တဝါ ပင်ဂလင်တွေနေပြီး ဖန်ဆင်းခြင်းမရှိတဲ့ underworld လည်းရှိနေပါတယ်.. ဒီကမ္ဘာတွေကိုအုပ်စိုး ဖို့ကြိုးစားနေတဲ့ မစ်ဂိုရှာဆိုတဲ့ စုန်းမကြီးနဲ့ စတိဗ်တို့အဖွဲ့ ရင်ဆိုင်ဖို့အကြောင်းဖန်လာ ပါတော့တယ်………… File size… ( 7.25 GB) / (2.83 GB) / ( 1.54 GB) Quality… WEB-DL 4K HEVC 1080p /720p Format…mkv / mp4 Duration….1h 41m Genre …..Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khnat Translated by Act & Thiha

6 2025 101 mins
A Minecraft Movie