YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Snow Eagle Lord E12 720p WEB-DL CM.mp4

354.84 MB 720p video/mp4 529 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Short Term 12
7.8

လူတယောက်ကိုသူ့ရဲ့အပြင်ပန်းပုံစံနဲ့ သူ့စိတ်ထဲမှာဒီလူဘာတွေဖြစ်နေလဲ ဆိုတာကိုဆုံးဖြတ်လို့မရဘူး။သတ်သေဖို့ကြိုးစားတဲ့သူတွေရဲ့အများစုက အပြင်လောကမှာပျော်ရွှင်နေသယောင်ထင်ခဲ့ရသူတွေချည်း။ Short Term 12 ဆိုတာက ဒီလိုမျိုးကိုယ့်ကိုယ်ကိုယ်အန္တရာယ်ပြုနိုင်တဲ့ ကလေးငယ်တွေကိုကြည့်ရှုစောင့်ရှောက်ပေးတဲ့နေရာလေးတခု။ ဒီမှာအလုပ်လုပ်နေတာက ဂရေ့စ်ဆိုတဲ့ပျော်ပျော်ပဲနေတတ်တဲ့ကောင်မလေးနဲ့ သူ့ကိုအရမ်းချစ်အရမ်းဂရုစိုက်တဲ့ မေဆင်ဆိုတဲ့ချစ်သူကောင်လေး။ ဒီစခန်းကကလေးတွေရဲ့သူတို့ခံစားခဲ့ရတဲ့ဒုက္ခအဖုံဖုံတွေ စိတ်ခံစားချက် အမျိုးမျိုးတွေကိုကူညီဖြေရှင်းပေးနေကြတာပေါ့။ ဒါပေမယ့်တကယ့် အတွင်းမှာတော့သူမရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ခက်နေတဲ့ စိတ်ဓာတ်ကျ နေတဲ့ဂရေ့စ်။ သူမရဲ့ဘေးမှာဒါကိုစိတ်ရှည်ရှည်နဲ့သည်းခံကူညီပေးဖို့ အသင့်ဖြစ်နေသူတော့မေဆင်။ သူ့လိုမျိုးကလေးတွေကူညီနေတဲ့ဂ‌ရေ့စ်ကရော ဒါကို‌မေဆင်နဲ့အတူကျော်ဖြတ်နိုင်ပါ့မလား။ ဂရေ့စ်ရဲ့အတိတ်ကရော ဘာကြောင့်ဒီလိုမျိုးဖြစ်စေခဲ့တာလဲ။အဆုံးမှာသူတို့နှစ်ယောက်အတူတူ ပျော်ရွှင်စွာ‌နေနိုင်ကြမလားဆိုတာကိုShort term 12 ဆိုတဲ့အင်ဒီးဒရာမာ ကားလေးမှာရှုစားပေးကြပါဦး။ Captain marvel မှBrie Larson Bohemian rhapsodyမှ Rami Malek တို့လိုသရုပ်ဆောင်တွေကလည်းပါ၀င်ထားသလို Brie Larson ရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုလည်းခံစားနိုင်မှာပါ။ File size…1.16GB / 496MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

7.8 2013 96 mins
Short Term 12
(18+) Raped by an Angel /Naked Killer 2
5

ဟောင်ကောင်မင်းသမီး Chingmy Yau ရဲ့ 1992 ကထွက်ခဲ့တဲ့ Naked Killler ရဲ့ နံပါတ် ၂ ...Naked Killler 2 ဖြစ်ပေမယ့် သူ့ထက်ပိုနာမည်ကျော်တဲ့ စီးရီးစ်တစ်ခုဖြစ်လာမယ့် Raped by an angel ဇာတ်ကားတွဲတွေအတွက် ပထမဆုံးကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ယူးနဲ့ မင်းမင်းတို့ဟာ မိဘမဲ့ကျောင်းတစ်ကျောင်းထဲက အတူတူထွက်လာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လဲဖြစ် အခုချိန်မှာ တက်သစ်စကြေငြာမင်းသမီးလေးတွေဖြစ်နေပြီးတော့ တိုက်ခန်းတစ်ခုမှာအတူတူနေကြပါတယ်။ ပါတီတစ်ခုမှာ ချက်ခ်ဆိုတဲ့ လူပွေလူရှုပ်ပုံစံ ရှေ့နေတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ကံဆိုးစွာပဲ အဲ့ဒီလူဟာ သူတို့ဘေးခန်းကိုပြောင်းလာခဲ့ပါတယ်။ ယူးက ကျောင်းတစ်ဖက်နဲ့အလုပ်ရှုပ်နေရင်း ထိပ်သီးနာမည်ကျော်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ ချစ်ဇာတ်လမ်းစချိန်မှာ တစ်ယောက်တည်းအိမ်မှာကျန်နေခဲ့တဲ့ မင်းမင်းကို ဟိုရှေ့နေက မတရားကျင့်တာခံလိုက်ရပါတော့တယ်။ ဒါကို တရားရုံးမှာရင်ဆိုင်ဖို့ကြိုးစားခဲ့ပေမယ့် အကွက်စေ့ ဉာဏ်များလွန်းတဲ့ရှေ့နေက အမှုကနေ ကွင်းလုံးကျွတ်လွတ်သွားချိန်မှာတော့ အချစ်ဆုံး သူငယ်ချင်းကိုယ်စား ယူး တစ်ယောက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ကလဲ့စားချေဖို့ကြိုးစားပါတော့တယ်။ ပညာတတ်အောက်တန်းစားထက်စာရင် ကိုယ်ကျင့်တရားရှိတဲ့လူမိုက်ကမှ တော်ပါသေးတယ်ဆိုတဲ့ ရှော့ရစရာသင်ခန်းစာတချို့လဲ ပြထားနိုင်ပါသေးတယ်။ ၁၉၉၀ ဝန်းကျင် ဟောင်ကောင်ရွှေခေတ်က ဇာတ်ကားတွေထုံးစံအတိုင်း သတ်ခန်းဖြတ်ခန်းတွေကြမ်းတမ်းသလို ချစ်ခန်းကြိုက်ခန်းတွေမှာလဲ အဖုံးအကွယ်မရှိ ပကတိအတိုင်းအလှအပတွေကိုရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဖြတ်ထုတ်ထားတဲ့အခန်းတွေကို ဖြတ်ဆက်အနေနဲ့ ပြန်ထည့်ထားတဲ့ ရှားရှားပါးပါး Uncut Version နဲ့တင်ဆက်ထားတာမလို့ အရွယ်မရောက်သေးသူများ မကြည့်သင့်ပါဘူး။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=raped+by+an+angel  ရှာကြည့်လို့ရပါတယ်။ File Size : (1.1 GB) Quality : DVDRip(Uncut Version) 720p Running Time : 01:42:17 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Drama • Romance
5 1993 95 mins
(18+) Raped by an Angel /Naked Killer 2
Zero Contact
4.2

ဒီတစ်ခါတင်ဆက်​ပေးမှာ​တော့ အ​မေရိကန် Mystery Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရောဂါကပ်​ဘေး​ကြောင့် အိမ်က​နေပဲ Zoom နဲ့ဆက်သွယ်ကြတဲ့ ပုံစံနဲ့ ဇာတ်လမ်းကို ပုံ​ဖော်ထားပါတယ် လူတကာက ရူး​ကြောင်​ကြောင်လို့ သတ်မှတ်ကြတဲ့ ပါရမီရှင်ဖင်န်န​လေဟာ့ဒ်ဟာ ပ​ရောဂျက်စလုပ်မယ့်အချိန်မှာပဲ အလုပ်ကထုတ်ခံလိုက်ရပါတယ် အဲလိုနဲ့ သူ မ​သေခင်မှာ လက်စမသတ်နိုင်​သေးတဲ့ ပ​ရောဂျက်ကို သူ အယုံကြည်ရဆုံးလူ ၅​ယောက်ကို အကြံ​ပေးရာက​နေတစ်ဆင့် စုစည်းပြီး ပြန်အသက်သွင်းဖို့မှာထားခဲ့ပါတယ် ပ​ရောဂျက်ကလျှို့ဝှက်ပ​ရောဂျက်ဖြစ်တဲ့အပြင် ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆို​တော့ အ​ရေး​ပေါ်ဖွဲ့လိုက်တဲ့အဖွဲ့ဟာ ဆက်လုပ်ဖို့ဖြစ်လာပါ​တော့တယ် သူတို့တစ်ခုသတိလွတ်သွားတာက သူတို့ကို​စောင့်ကြည့်​နေတဲ့သူရှိ​နေတယ်ဆိုတာပါပဲ မသိလိုက်ခင်မှာပဲ အိမ်ထဲကိုဝင်သလို အ​ရေး​ပေါ်အဖွဲ့ဝင်​တွေရဲ့ မိသားစုကိုလည်း ရန်ရှာလာခဲ့ပါတယ် လျှို့ဝှက်ချက်​တွေအပြည့်နဲ့ ဖင်န်န​လေထားခဲ့တဲ့ ပုစ္ဆာကို အ​ရေး​ပေါ်အဖွဲ့က အ​​ဖြေရှာနိုင်မလား ​ သူတို့က​ရော နောက်​ဆုံးထိ အသက်မ​သေဘဲ ပ​ရောဂျက်ကိုဆက်လုပ်နိုင်မလားဆိုတာ လှည့်ကွက်​တွေအများကြီးနဲ့ Zero Contact ကိုကြည့်ရှု​ပေးကြပါဦး​နော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz  နဲ့  Hmwe ပဲ ဖြစ်ပါတယ်။ Genre.....Thriller Quality….1080p | 720p| 480p File size…1.9GB | 734MB | 278MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August

Action
4.2 2022 96 mins
Zero Contact
Hot Rod

ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ ဒါပေမဲ့ ပ‌ထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ဆက်လက်အားပေးနိုင်ပါပြီ။ File size…(1.6 GB)/(869 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shune Lei

0 2007
Hot Rod
Zero to Hero
6.1

ဂီတအမျိုးအစားတွေထဲမှာ Rock(ရော့ခ်) Country(ကန်းထရီး) Pop(ပေါ့ပ်) အစရှိသဖြင့်အများကြီးရှိသလို လူတိုင်းကလည်း ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ပြီးတော့ အဲ့လို ဂီတတွေကိုကြိုက်တဲ့ လူတွေထဲမှာလည်း တစ်ချိန်ချိန်မှာအောင်မြင်ပြီးတော့ နာမည်ကြီး ကျော်ကြားချင်တဲ့အိပ်မက်ရှိကြသူတွေလည်း ရှိကြမှာပါ။ ဒါပေမယ့် ဘ၀ပေးအခြေအနေနဲ့ ကံတရားရဲ့မျက်နှာသာ မပေးမှုတွေကြောင့် အိပ်မက်တွေကိုချောင်ထိုးထားရတဲ့ လူတွေအတွက်အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက စိတ်ခွန်အားတက်ကြွစရာဖြစ်မှာပါ။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Zero To Hero ဖြစ်ပြီး IMDb Rating 6.1 ရရှိထားပါတယ်။ ဇာတ်ကြောင်းလေးကတော့ ဟီးရိုးဆိုတဲ့ ရော့ခ်ကာကြီး အပေါ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့မှာအရမ်း ချစ်ရတဲ့ နယ်လ်ဆန်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ဟီးရိုးက အောင်မြင်ကျော်ကြားတဲ့ ရော့ခ်ကာကြီးတစ်ယောက် အရမ်းဖြစ်ချင်နေသူဖြစ်ပြီး လက်ရှိမှာတော့ ထမင်းမငတ်အောင် တူရိယာအရောင်းဆိုင်လေးတစ်ဆိုင်မှာပဲ အလုပ်လုပ်ရင်း ကျေနပ်နေရပါတယ်။ ဒါပေမယ့် လူကပဲအငြိမ်နေမယ် ပညာက အငြိမ်မနေဘူးဆိုတဲ့အတိုင်း ဆရာကြီးလုပ်မိလို့ အလုပ်ပြုတ်သွားပါတော့တယ်။သူတို့မသိတဲ့ တခြားဖက်ခြမ်း မှာလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်ဆင်တူတဲ့ သူတို့နိုင်ငံရဲ့ အကောင်းဆုံး လူကြိုက်အများဆုံး အဆို‌တော်က အလှအပအတွက်နဲ့ ဆေးမှားထိုးမိပြီး ကိုမာဝင်သလိုပါဖြစ်သွားပါတော့တယ်။ အဲ့ဒီ အဆိုတော်ရဲ့ နိုင်ငံလှည့်ဖျော်ဖြေပွဲကလည်း ရှိနေခဲ့ပြီး ပွဲစီစဉ်သူတွေက ပွဲကိုမဖျက်ချင်တဲ့အတွက် ကြံရာမရဖြစ် နေတုန်း ရုပ်ချင်းချွတ်စွပ်တူတဲ့ ဟီးရိုးကိုတွေ့ပြီးနိုင်ငံရဲ့နာမည် အကြီးဆုံး အဆိုတော်တစ်ယောက်နေရာက နေသရုပ်ဆောင်ပြီး ဖျော်ဖြေပေးရမယ်ဆိုတဲ့ အခွင့်အရေးကိုကမ်းလှမ်းလာတဲ့ အခါမှာ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်လာမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။လူကြီးမင်းတို့ရော ကိုယ့်ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မဲ့ အခွင့်အရေးတစ်ခု ကိုယ့်ရှေ့ကိုရောက်လာရင် ဆုပ်ကိုင်မှာလား လက်လွှတ်လိုက်မှာလားဆိုတာကို ဇာတ်ကားလေးကိုကြည့်ရင်းဖြေပေးသွားကြပါဦး။ File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre ….. Comedy , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2023
Zero to Hero
The Bride and The Beast
5.8

ကွေ့ထုံနဲ့ လန်သယ်တို့ဟာ ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးကြပြီး လူငယ်အချင်းချင်းမေတ္တာမျှနေကြပါတယ်။ ဒါပေမဲ့ ကွေ့ထုံရဲ့ အဖေဟာ သူ့သမီးကို ရွာသူကြီးရဲ့ သားဖြစ်သူ ချီဖုန်းနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒီအချိန်မှာ သူတို့ ကွေမိသားစုဆီကို ကံဆိုးမှုကြီးတစ်ခု ရောက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ရွာရဲ့ ရိုးရာအရ မိန်းမပျိုလေးကို လော့ဟွားဂူထဲက တောင်နတ်ဆီ ဆက်သဖို့အတွက် ကွေ့ထုံက အရွေးခံလိုက်ရတာပါပဲ။ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ မလွတ်မြောက်ခဲ့တဲ့ ကွေ့ထုံဟာ သူ့ကံကြမ္မာကိုပဲ လက်ခံလိုက်ရပါတော့တယ်။ ညကြီးသန်ခေါင် သတို့သမီးဝေါယာဉ်ကို သတို့သမီးအရံမိန်းမပျို ယောကျာ်းပျိုလေးတွေနဲ့ တောင်ပေါ်ကို လိုက်ပို့ကြတဲ့အခါ ဘယ်လို ထိတ်လန့်စရာအဖြစ်တွေနဲ့ ကြုံရမလဲ…… လော့ဟွားဂူထဲကို အပို့ခံခဲ့ရတဲ့ မိန်းမပျိုလေးတွေကရော ဘယ်လိုအဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ကြတာလဲ…… ဒီလို အဖြစ်တွေက နတ်ကလုပ်တာလား လူတွေရဲ့ ယုတ်မာတဲ့ အကြံပဲလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
The Bride and The Beast
Intolerable Cruelty

IMDb rating – 6.3/10, RY -76% (Award – ဆန်ခါတင်သုံးဆု) ဒီကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အခုထိလန်းဆန်းလတ်ဆတ်‌နေတုန်းဖြစ်တဲ့ Gorge Clooneyရဲ့ နုပျိုစဉ်ကချောမောခန့်ညားမှုကြီးကိုရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုင်းစ်မက်ဆီက နာမည်ကြီးကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အမှုသည် ရက်စ်ရက်စ်​ရောသ့်​ရဲ့ကွာရှင်းမှုမှာ အနိုင်ရအောင်လုပ်ပေးလိုက်တဲ့အတွက် တစ်ဖက်က သိုက်တူးသမားဇနီးသည်မယ်ရီလင်းက အငြိုးအတေးထားပြီး အကွက်ဆင်ပြီးတော့ မိုင်းစ်ကိုလက်စားချေဖို့ကြံပါတော့တယ်။ မိုင်းစ်တစ်ယောက် မာရီလင်းရဲ့လှည့်ကွက်ထဲကျရှုံးသွားမလား လွတ်မြောက်နိုင်သွားမလားဆိုတာကြည့်ရှုရမှာပါ။ ပေါ့ပါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်လက်အပန်းဖြေချင်သူများအတွက် ရွေးချယ်သင့်တဲ့ကားလေးပါ။ File size…(1.9 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar

0 2003
Intolerable Cruelty
Paris When It Sizzles
6.3

သမ္ဘာရင့်ဇာတ်ညွှန်းရေးဆရာကြီး ရစ်ချက်ဘန်ဆင်ဟာ ထုတ်လုပ်သူ အက်လဇန္ဒားမေယာအင်းဆီ ရုပ်ရှင်ဇာတ်လမ်းသစ်တစ်ခု ရောင်းချထားပါတယ်။ ပြဿနာက ဇာတ်ညွှန်းအပ်ဖို့ ရက်နီးလာတဲ့အထိ ဘာတစ်ခုမှ မရေးရသေးဘဲ ပဲရစ်မြို့မှာပဲ လတ်လျားလတ်လျားအချိန်ဖြုန်းနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ဘန်ဆင့်ဆီ ဂဘရီအယ်လ်ဆင့်ပ်စင်ဆိုတဲ့ စာရိုက်အကူရောက်လာတဲ့အချိန်မှာတော့ ဘန်ဆင့်ရဲ့အချစ်ဇာတ်လမ်းလေးက တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာပါတော့တယ်။ ပဲရစ်မြို့ရဲ့ အလှ၊ ပြင်သစ်အမျိုးသားနေ့ ခမ်းနားပုံကို တစ်စွန်းတစမြင်တွေ့ရမယ့်အပြင် မင်းသားချောလေး William Holden နဲ့ အလှလေး Audrey Hepburn တို့ရဲ့ ထိထိမိမိသရုပ်ဆောင်ပုံတွေကြောင့် ဟာသရိုမန့်တစ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးပါ။ File size…(2.5 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

6.3 1964
Paris When It Sizzles
Scooby-Doo! Adventures: The Mystery Map
5.2

ဒီဇာတ်လမ်းမှာတော့ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက် ပီဇာဝယ်စားရင်း ပီဇာမုန့်ထဲက ရတနာသိုက်မြေပုံတစ်ခု ရလာပြီး အဲဒီမြေပုံအတိုင်း ရတနာသိုက်ကို လိုက်ရှာဖို့ ပြင်ဆင်ကြပါတော့တယ်။ အဲဒီမြေပုံက နာမည်ကျော် ပင်လယ်ဓါးပြကြီးတစ်ယောက်ရဲ့ မြေပုံကြီးဖြစ်နေတာမို့ ရတနာတွေအများကြီးရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှာပုံတော်ဖွင့်ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ရှာပုံတော်ခရီးမှာ ပင်လယ်ဓါးပြကြီးနဲ့ သူ့လက်စွဲတော် ကြက်တူရွေးကြီးရဲ့ ဝိညာဉ်တွေရဲ့ နှောင့်ယှက်မှုတွေ၊ သူတို့လိုပဲ ရတနာသိုက် လာရှာတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ စသဖြင့် အနှောင့်အယှက် မျိုးစုံကြားကနေ ရတနာသိုက်ကြီးကို ရှာတွေ့သွားမလား၊ ဘယ်လိုပြဿနာမျိုး ပဟေဠိမျိုးတွေ ကြုံရဦးမလဲဆိုတာ Stop Motion Puppet အန်နီမေးရှင်းပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။ File Size : 998 MB, 473 MB Quality : WEB-DL 1080p / 720p Running Time : 44min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

5.2 2013 42 mins
Scooby-Doo! Adventures: The Mystery Map
Bring It On
6.2

Bring It On (2000) IMDb Rating (6.2) / Rotten Tomatoes (65%) ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့်​နှစ်ကျော်​တွေ​က trend တစ်ခု​လိုမျိုး အများ​အပြား​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Teen/Comedy ရုပ်ရှင်​ကား​တွေထဲက ဇာတ်​ကားကောင်း​လေး​တစ်ကား ဖြစ်​ပါတယ်​။ Toby Mcguire ရဲ့ Spider-Man ရုပ်ရှင်တွေမှာ MJ အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ မင်း​သမီး​က ဒီ​ဇာတ်​ကား​မှာ အဓိက​ဇာတ်​ကောင်​ Torrence အဖြစ်​ ပါဝင်​ထားပါတယ်​။ 90s born တွေ​အနေနဲ့​ ၂၀၀၀ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီ​ဇာတ်ကား​လေးကို ကြည့်​ရင်း​ လွမ်း​ဆွတ်​ဖွယ်​ ခံစားချက်​တစ်​ခုကို​ ရရှိ​မယ်​လို့​ ထင်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Torrence ဟာ အထက်​တန်း​ကျောင်း​ ကိုယ်​စား​ပြု​ နာမည်​ကျော်​ Cheerleader အသင်းတစ်ခု​ရဲ့ အဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​ပါတယ်။ အသင်း​ရဲ့ ကပ္ပတိန်​ဖြစ်​သူ Big Red က ကောလိပ်​တက်ရမှာ ဖြစ်​တဲ့အတွက်​ လစ်လပ်​သွား​တဲ့ ကပ္ပတိန်​နေရာကို​ ရွေးကောက်ကြရမှာ Torrence တစ်ယောက်​ အရွေးခံရပါတော့တယ်။ ကပ္ပတိန်​အဖြစ်​ တာဝန်​ယူ​တဲ့နေ့မှာပဲ အသင်း​သူတစ်ယောက်​ လေ့ကျင့်​ရင်း​နဲ့ ဒဏ်ရာရ​သွား​လို့​ Missy လို့​ခေါ်​တဲ့ ဂျွမ်း​ဘား အလွန်​ကျွမ်းကျင်​သူ ကျောင်း​သူသစ်နဲ့ လူစားထိုးလိုက်ရပါတယ်။ ဒီလို​နဲ့ နိုင်ငံ​လုံး​ဆိုင်ရာ​ Cheerleader ပြိုင်ပွဲ​အတွက်​ လေ့ကျင့်​ပြင်ဆင်​နေရင်း​နဲ့ Torrence တစ်ယောက်​ သူတို့​အသင်း​ အသုံးပြု​တဲ့ ကကွက်တွေက East Compton က Clovers အသင်း​ရဲ့ ကကွက်တွေနဲ့ တူညီ​နေကြောင်း​ သိလိုက်ရ​ပါတော့​တယ်​။ အကြောင်း​ကတော့​ ကပ္ပတိန်​ဟောင်း​ဖြစ်သူ​ Big Red​ က Clovers အသင်း​ရဲ့ ဖျော်ဖြေ​ပွဲတွေကို ဗီဒီယို​ရိုက်ကူး​ပြီး က​ကွက်​တွေကို ခိုး​ယူခဲ့လို့ဖြစ်ပါတယ်။ ဒီကကွက်တွေကြောင့် Torrence​ တို့​အသင်း​ဟာ နိုင်ငံ​လုံး​ဆိုင်ရာ​ ပြိုင်ပွဲ​တွေ​မှာ ချန်ပီယံ​ဖြစ်​ခဲ့တာပါ။ ဒီနှစ်​မှာ​တော့ ကလို​ဗာ​အသင်း​ကလည်း ဝင်​ပြိုင်​မှာဖြစ်ပြီး Torrence​ တို့​အသင်း​ကို ချေမှုန်း​မယ်လို့ ကြိမ်းဝါးပါတော့တယ်။ ဒီလိုနဲ့​ ကပ္ပတိန်​အသစ်​စက်​စက် Torrence​ တစ်ယောက်​ က​ကွက်​အသစ်​တွေ​ ဖန်တီး​ဖို့ ကြိုးစား​ရပါတော့တယ်။ Torrence​ အနေနဲ့​ ဒီပြဿနာကို ဖြေရှင်း​နိုင်​ပါ့မလား၊ စည်း​လုံး​မှု​ပြို​ကွဲ​နေတဲ့ အသင်း​ကို စည်း​ရုံး​ပြီး ဖိုင်​နယ်​ကို အရောက်ပို့နိုင်ပါ့မလားဆိုတာကို ဟာသ​နှော​ပြီး​ ကြည့်​ရှု​ရမှာ ဖြစ်ပါတယ်​။ အမေရိကန်​အထက်​တန်း​ကျောင်း​သားဘဝ၊ အချစ်​ရေး​နဲ့ လူမှုရေး​ ရုန်းကန်​မှုတွေကို ပေါ့ပါ့ပါးပါး တင်​ဆက်​ထား​တဲ့​ ကြည့်​ပျော်သော ဇာတ်လမ်း​ကောင်း​လေး​တစ်ပုဒ်​ဖြစ်​ပါတယ်​။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size…(3.2 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wolfenheim

Drama • Thriller
6.2 2000 98 mins
Bring It On
Kill Bill: Vol. 2
8

Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004) IMDb Rating (8.2) / IMDb Rating (8.0) ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့…. အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံး…ချစ်သူဟောင်းလည်းဖြစ်တဲ့ “သူတို့သမီး”(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။ “သတို့သမီး”ဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ “ကိုမာ”(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သတို့သမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တို့ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။ ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (20014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။ Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်က Uma Thurman ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ The Bride@Black Mamba@Beatrix Kiddo ပါ။ Kill Bill ရဲ့ Main Character ဖြစ်တဲ့ ဒီဇာတ်ကောင်ဟာ Empire Film Magazine က ရွေးချယ်ခဲ့တဲ့The 100 Greatest Movie Characters ထဲမှာ Harry Portter…Bane…Captain Kirk….Neo….Wolverine….Bilbo Baggins….V..တို့ရဲ့အထက်မှာ အဆင့် ၂၃ နေရာကို ရရှိခဲ့ပါတယ်။ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် စွဲလန်းသွားစေလောက်မယ့် ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်ပြီး IMDb 8.2/10….RT 85%…Roger Ebert 4/4 စတဲ့ Rating မြင့် ဂန္ဓဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှ တင်ဆက်ထားပါတယ်။)

Mystery • Thriller
8 2004 136 mins
Kill Bill: Vol. 2
South of Hope Street
6.5

ဒယ်နိစ်ဟာ ၂၀၃၈ ခုနှစ်က အမျိုးသမီးတစ်ယောက်ပေါ့။ သူမဟာ ဟန်ဆောင်မှုတွေ များလှတဲ့ ကမ္ဘာကြီးမှာ ကဗျာတွေကို အရမ်းချစ်မြတ်နိုးတဲ့သူတစ်ယောက် ဖြစ်တယ်။ တစ်နေ့ သူမဟာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း နေ ၂ စင်းထွက်ပေါ်နေတာကို မြင်ခဲ့တယ်။ ဒီထူးဆန်းထွေလာဖြစ်ရပ်ကြီးကို သူမဟာ အနီးအနားမှာ ရှိတဲ့လူတွေကို သူမလိုက်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး။ သိလျက်နဲ့ မသိကျိုးကျွံ ပြုကြမြဲ…။ ဒီလိုနဲ့ သူမဟာ အပျော်တန်းကဗျာဆရာဖြစ်တဲ့ တွန်မ်နဲ့ တွေ့ဆုံပြီး တစ်လောကလုံးက လျစ်လျူရှုထားတဲ့ စကြဝဠာအရေးအခင်းတွေကို စပြောကြတဲ့အချိန်မှာတော့….။ File size… (1.20 GB) / (633 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

6.5 2024 101 mins
South of Hope Street
Autumn Sonata
8.1

“မိသားစု”- အရမ်းကိုမှလှပပြီး အဓိပ္ပာယ်တွေအများကြီးနဲ့စကားလုံးပါ။ လူတိုင်းရင်ထဲ မိသားစုသာအရာရာဆိုပြီးရှိကြပေမဲ့ ကိုယ်အတွက်အရေးပါဆုံး အဲဒီမိသားစု‌ကြောင့်ပဲ တစ်ဘ၀လုံးစာ သေရာပါမယ့် စိတ်ဒဏ်ရာတွေရကြတယ်။ မှားသွားရင်လည်း မတောင်းပန်ကြသလို ရင်ထဲကနေ လှိက်လှိက်လှဲလှဲရှိပေမဲ့လည်း ကျေးဇူးတင်စကားမပြောဖြစ်ကြ။ အသက်ရွယ်ကြီးရင့်လာတော့ သားသမီးနဲ့မိဘ အနေစိမ်းသွားကြပြီး ‌ထိတွေ့ပွေ့ဖက်ဖို့နေနေသာသာ ချစ်ပါတယ်ဆိုတဲ့စကားကိုတောင် ဘယ်တုန်းကနောက်ဆုံးပြောခဲ့ကြလဲဆိုတာကိုတောင် မေ့သွားကြပြီဆိုတဲ့သူတွေမှ အများကြီးရယ်ပါ။ ဒီရုပ်ရှင်ဟာ ဒါရိုက်တာကြီး Ingmar Bergmanရဲ့ အရမ်းကိုမှလှပကောင်းမွန်တဲ့ ဆွီဒင်ရုပ်ရှင်ကားဟောင်းတစ်ကားပါ။ နာမည်ကြီးစန္ဒယားပညာရှင်ကို အမေတော်ထားရတဲ့ အေဗာဟာ ငယ်ငယ်လေးကတည်းကနေ သူ့အမေအပေါ်ထားရှိခဲ့တဲ့ မကျေနပ်ချက်တွေ အမုန်းတရားတွေကို မျိုသိပ်လာခဲ့တာ အချိန်‌တွေကြာညောင်းခဲ့ပြီ။ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲကခံစားချက်တွေကို ဖွင့်မဟဘဲ အပေါ်ယံစကားတွေပဲ သူစိမ်းလိုမျိုးပြောဖြစ်ခဲ့ကြတယ်။ ဒီဆောင်းဦးမှာတော့ အေဗာဟာ ၇ နှစ်ကြာမတွေ့ဖြစ်ခဲ့တဲ့အမေဖြစ်သူကို အိမ်ကိုအလည်ခေါ်လိုက်ရာကနေ မျိုသိပ်မထားနိုင်တော့ဘဲ ပွင့်အံကျလာတဲ့ သားမိနှစ်ယောက်ရဲ့ခံစားချက်တွေ…. File size…(1.8 GB)/(825 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Comedy • Family
8.1 1978 93 mins
Autumn Sonata
A Heart That Forgives 2: The Battle Within

ဒီတခေါက်မှာတော့ 2024 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒရမ်မာကားလေးကို တင်ဆက်ပေးပါရစေ။ မန်နီနဲ့ ပမ်တို့ လင်မယားဟာ သမီးလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်ရွှင်တဲ့မိသားစုဘ၀လေးကို တည်ဆောက်ထားကြပါတယ်။ မန်နီဟာလဲ အိမ်ထောင့်တာ၀န်ကျေပွန်သလို ပမ်ကလဲ သမီးနှစ်ယောက်ကို ထိန်းကျောင်းရင် တစ်ဖက်တလမ်းက ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ကွတ်ကီးလုပ်‌ငန်း အသေးစားလေးကို ဦးစီးနေပါတယ်။ ပမ်ဟာ အိမ်ရှင်မပီပီ ကလေးနှစ်ယောက်ကို ထိန်းကျောင်းရင်း စီးပွားရှာနေရသူမို့ ကိုယ်ပိုင်အချိန်တောင် မရှိသလောက်ပါပဲ။ တစ်နေ့မှာတော့ ပမ်ဟာ မနက်ပိုင်း လေ့ကျင့်ခန်းထွက်လုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ်။ မန်နီတစ်ယောက် မိန်းမဆုံးပါးပြီးနောက်မှာ ကလေးနှစ်ယောက်နဲ့ ဘ၀ကို ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး…. File size…(1.2 GB)/(668 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Horror • Action • Thriller
0 2024
A Heart That Forgives 2: The Battle Within