YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sneakers.1992.1080p.(CM).mp4

2.31 GB N/A video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Once a Thief
6.7

အနောက်တိုင်းက မာစတာပိစ်ကားတွေလို သတ်မှတ်ခဲ့ကြတဲ့ Léon: The Professional တို့ The Departed တို့လို ကားတွေရဲ့ မြစ်ဖျားခံရာလို့ ပြောလည်းမမှားတဲ့ Heroic Bloodshed Genre ရဲ့ ပဲ့ကိုင်ရှင်နဲ့ ဒီ Genre ကို ပိုထင်ရှားအောင် လုပ်ပေးခဲ့တဲ့သူဖြစ်တဲ့ ဂျွန်ဝူးရိုက်ခဲ့တဲ့ ကားတွေထဲကမှ ဟောင်ကောင် Heroic Bloodshed ကားတွေကို မနှစ်ကတည်းက တဖြည်းဖြည်းချင်းတင်ဆက်ပေးခဲ့တာ A Better Tomorrow ကားတွေ၊ The Killer, Hard Boiled, Bullet in the Head စသဖြင့် အတော်များခဲ့ပါပြီ။ စတီဖင်ချောင်ပါပါတဲ့ Just Heroes နဲ့ အခု Once a Thief ပဲကျန်ပါတယ်။ ဒါပြီးရင်တော့ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed Collections ပြည့်ဖို့ Just Heroes ပဲလိုပါတော့မယ်။ ဟောလိဝုဒ်တက်ပြီး ဂျွန်ဝူးရိုက်ခဲ့တဲ့ ကားတစ်ချို့ကလည်း Heroic Bloodshed စာရင်းဝင်တာတွေလည်းရှိပေမဲ့ ဟောင်ကောင်မှာ သူရိုက်ခဲ့တာတွေလောက်တော့ အားရစရာမကောင်းပါဘူး။ Once a Thief မှာတော့ ဂျွန်ဝူးရဲ့လက်စွဲတော်လိုဖြစ်ခဲ့တဲ့၊ ဒီ Genre အစကတည်းက လက်တွဲခဲ့တဲ့ ချောင်ယွန်ဖတ်နဲ့ လတ်စလီချောင်တို့ပဲ သရုပ်ဆောင်ထားပါတယ်။ နောက်မင်းသမီးတစ်ယောက်နဲ့ Trio ရိုက်ထားတာပါ။ သူတို့သုံးယောက်ဟာ ငယ်ငယ်ကတည်းက လူဆိုးတစ်ကောင်က လက်သပ်မွေးခံခဲ့ရတဲ့ မိဘမဲ့ကလေးတွေ။ နောက်ကျ နာမည်ကျော် သူခိုးသုံးကောင်ဖြစ်လာတယ်။ သူတို့ခိုးတာက ဈေးကြီး အနုပညာပစ္စည်းတွေချည်း။ လတ်စလီကတော့ စွန့်စားလုပ်တတ်ပေမဲ့ ချောင်ယွန်ဖတ်က စွန့်စားလည်းလုပ်တတ်သလို ခေါင်းလည်းကောင်းတယ်။ တစ်နေ့ကျ သူတို့ တော်တော်ခိုးရခက်တဲ့ ပန်းချီကားကို ခိုးရင်း ချောင်ယွန်ဖတ်ဒုက္ခိတဖြစ်သွားတယ်။ အဲဒီနောက် သူတို့ကို မွေးစားထားတဲ့ အဖေနဲ့ အတိုက်အခံဖြစ်လာတယ်ပေါ့။ ဒီကနေမှ အမှန်နဲ့အမှားရဲ့စည်းကြား သူတို့နင်းလျှောက်ကြပုံတွေကို ဆက်ပြသွားတယ်။ ဒီကားက ဂျွန်ဝူးကိုယ်တိုင်ရိုက်တဲ့ Heroic Bloodshed ကားတော့ ဟုတ်ပေမဲ့ Comedy ပါနှောထားတော့ ရှေ့က ကြည့်ဖူးတဲ့ကားတွေနဲ့ နည်းနည်းတော့ကွဲတယ်။ Heroic Bloodshed ကားတွေရဲ့ ဟန်တွေလည်း ပါသေးပေမဲ့ ချောင်ယွန်ဖတ်က ချရင်းပါ ဟာသတွေပြောနေ လုပ်နေတတ်တော့ စတီဖင်ချောင်ဆန်သလိုလို အငွေ့အသက်လည်းရပါတယ်။ သို့ပေမဲ့ ဒီကားစရိုက်တုန်းကတော့ ချောင်တောင် ကားသိပ်မရှိသေးဘူးပေါ့။ ဘာနေနေပါ နည်းနည်းတော့ ဂျွန်ဝူးကားမဆန်သလိုလိုဖြစ်သွားပေမဲ့ ဂျွန်ဝူကားဖြစ်နေဆဲဆိုတဲ့ အရသာမျိုးကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ [တစ်နေ့နေ့မှာတော့ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed တွေထဲ လိုနေတဲ့ နောက်ဆုံးကားဖြစ်တဲ့ စတီဖင်ချောင်ပါတဲ့ Just Heroesကို ဆက်လက်တင်ဆက်သွားပါမယ်...] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.22GB, 1.01GB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 48Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller
6.7 1991 103 mins
Once a Thief
Z-O-M-B-I-E-S 3
7.5

Disney plus က ထပ်မံတင်ဆက်လိုက်တဲ့ Fantasy, Teen, Romance, Musical ကားလေးပါ။ အရှေ့မှာလည်း Zombies နဲ့ Zombies-2 ဆိုပြီး နှစ်ကား ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ဝံပုလွေတွေနဲ့ လူတွေအကုန် အတူနေကြတဲ့ မြို့လေးအကြောင်းကို အခြေခံထားတာပါ။ ဇက်က high school တက်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး ချစ်သူနဲ့အတူ တက္ကသိုလ်တက်ရဖို့ ကြိုးစားနေတာပါ။ တက္ကသိုလ်ဝင်ရဖို့ သူ့ကိုအရွေးခံရမဲ့နေ့မှာပဲ ဂြိုလ်သားတွေက အုန်းဒိုင်းဆို ရောက်ချလာပါတယ်။ ဇက်ရဲ့ ချစ်သူကလည်း cheerleader ဖြစ်တော့ cheerleading ပြိုင်ပွဲနဲ့ အလုပ်တွေ ရှုပ်နေပါတယ် တစ်ဖက်မှာလည်း ဂြိုလ်သားတွေက မြေပုံတစ်ခုကို အပူတပြင်း ရှာဖွေနေတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ? ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 2.3GB, 1GB & 528MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 28mins Genre : Family, Musical, Romance Translated by Marie Encoded by Kinnov

Crime • Mystery • Thriller
7.5 2022 88 mins
Z-O-M-B-I-E-S 3
Ghani
6.3

၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင် ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက် ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။ အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့‌ပါတော့တယ်။ ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…1.1GB /2.39Gb Quality…720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Eliza & Oeliu J

Crime • Horror • Thriller
6.3 2022 152 mins
Ghani
Red Tails
6.5

Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။ တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း အကြမ်းကြီးတွေချည်း ဆက်တိုက်ထည့်ပြီး ဒရာမာတို့ ဇာတ်ကောင်chemistryတို့က ပါတယ်ဆိုရုံလေး ဗြုန်းစားဆန်ဆန်ကြီးထည့်သွင်းထားတာပါ။ ကောင်းကွက်ကတော့ လေကြောင်းတိုက်ခန်းတွေ အများကြီးပါတဲ့ကားတွေကို ကြည့်ချင်တဲ့ သူတွေအတွက် တော်တော်လေးကောင်းမှာပါ။ ဂိမ်းဆော့သလိုကို ခဏနားလိုက် ချပြလိုက် ခဏနားလိုက် ချပြလိုက် ဆက်တိုက်ကိုဆော်နေတာပါ။ မက်ဗရစ်လို စိတ်ထင်ရာလုပ် မောင်းချင်သလိုမောင်း အမိန့်မနာခံတဲ့ ပိုင်းလော့လည်းပါတဲ့အတွက် သူ့ရဲ့ အကြမ်းစားအခန်းတွေ တော်တော်များပါတယ်။ သို့ပေမဲ့ realityလည်း ပိုကျပါတယ်။ သရုပ်ဆောင်တွေကတော့ မူလ war machine ဖြစ်တဲ့ Terrence Howard , Men of Honor နဲ့ Gladiatorနဲ့ Jerry Maguireတို့က Cuba Gooding Jr, ဘလက်ပန်သာထဲက Erik Killmonger ဖြစ်တဲ့ Michael B. Jordan တို့အပါအဝင် တခြားနာမည်ကြီး လူမဲသရုပ်ဆောင်တွေအများကြီးကို သုံးထားပါတယ်။ Red Tailsဟာ စစ်ကားကောင်းကောင်း လေတပ်ကားကြမ်းကြမ်း ချခန်းပစ်ခန်း တစ်ပိဿနဲ့ ကြည့်ချင်တဲ့သူတွေအတွက် လူးကပ်စ်ကြီး နောက်ဆုံးထုတ်ပေးခဲ့တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.71 GB) / (853 MB) / (584 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 05mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, History Translator.......WiRa Aung Encoder..........SWM

Action • Science Fiction
6.5 2012 125 mins
Red Tails
Drive All Night
6

Drive All Night (2022) မရဏတရား… လူတွေက သေမှာကို ကြောက်ကြတယ်။ ဘာလို့လဲ။ သေပြီးနောက် တမလွန်မှာ ဘာဖြစ်မယ် မသိကြလို့… အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တွယ်တာနေကြလို့ပါပဲ။ တကယ်တော့ လူတွေက သေမှာကို မကြောက်ပါဘူး လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ဆုံးရှုံးရမှာကို ကြောက်ကြတာပါ။ ရွေးချယ်မှု… ဘဝမှာ ရွေးချယ်မှုက အရမ်းအရေးပါပါတယ်။ နေမလား… သွားမလား… ထိုင်နေမလား… ထနေမလား… ဒါလုပ်မလား… ဟိုဟာလုပ်မလား… လက်လွှတ်ရမယ့် တန်ဖိုးက ကြီးလေ ဆုံးဖြတ်ရခက်လေပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့တွေ ဆုံးရှုံးရမှာကို ကြောက်လို့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်ကြတယ်။ တစ်ခါတလေမှာတော့ အကြောက်တရားနဲ့ ဆုံးဖြတ်လိုက်တာက မှန်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာက ရွေးထားတဲ့ လမ်းဆုံးကို ရောက်မှ သိနိုင်မှာမလား။ ကစားပွဲ… ကစားပွဲတစ်ခုကို အနိုင်ရဖို့ ကျွမ်းကျင်မှု၊ ကစားပွဲကို နားလည်သဘောပေါက်မှု၊ ဖြတ်ထိုးဉာဏ်၊ ဗျူဟာ၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ လိုအပ်ပါတယ်။ ခံစားချက်ကရော ကစားပွဲမှာ အရေးပါပါသလား။ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်လို့ပြောကြပါတယ်။ ကျွန်တော်ကတော့ ခံစားချက်တွေကို ပဲ့ကိုင်နိုင်တဲ့သူကမှ နိုင်ချေပိုများတယ်လို့ ထင်မိပါတယ်။ အခွင့်အရေး… တံခါးတွေက သော့ခတ်မထားပါဘူး၊ ခင်ဗျား ဖွင့်လိုက်ဖို့ပဲလိုတာပါ။ ၂၀၂၂ ထွက် Drama ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကစီသမားတစ်ယောက်က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို မော်တယ်တစ်ခုကနေ တင်လာတယ်။ အဲဒီမိန်းကလေးက Arcade ဂိမ်းတွေနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တယ်။ အဲဒီမိန်းကလေးကို မာဖီးယားလိုလို လူတစ်ယောက်နဲ့ အဲဒီလူငှားထားတဲ့ Arcade ဂိမ်းဝါသနာအိုး ကြေးစားတစ်ယောက်က အဲဒီကောင်မလေးကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ မိန်းကလေးနဲ့ တက္ကစီသမားတို့ရဲ့ ကားပတ်မောင်းတဲ့ တစ်ညတာ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကတော့ ဘာမှမထူးခြားပေမဲ့ ဇာတ်ကွက်တွေနဲ့ ဒိုင်ယာလော့တွေက ဘဝနဲ့ပတ်သက်လို့ တွေးစရာတွေ အများကြီးရသွားနိုင်ပါတယ်။အေးအေးဆေးဆေး ထိုင်တွေးဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size – 710MB, 330MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Adventure • Science Fiction
6 2022
Drive All Night
The Saint of Second Chances
7.6

The Saint of Second Chances (2023) ========================== IMDb Rating – 7.6/10 Netflix ကနေ အသစ်ထွက်ထားတဲ့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူအကြောင်းနဲ့ ဒုတိယအခွင့်အရေးဆိုတာ ဘာလဲ တင်ဆက်ပေးချင်တဲ့ မှတ်တမ်းပုံစံရုပ်ရှင် ကားလေး ဖြစ်ပါတယ်။ မိုက်ဗက်ဆိုတာ နာမည်ကျော် ဘေ့စ်ဘောအသင်းပိုင် ရှင် ဖခင်ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်သူတစ်ယောက်ပေါ့။ ဒီလို ရုန်းထွက်ချင်လွန်းလို့လည်း ကြိုးစားပြီး သူများနဲ့မတူတဲ့ အကြံတွေနဲ့ ဘေ့စ် ဘောပွဲကို လူစည်အောင် လုပ်ခဲ့ရာမှာ အမှားတွေ ဖြစ်ခဲ့ပြီး ဖခင်ကိုပါ ဘဝပျက် စေသလို ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပူဆွေးနေပြီးတော့ ဒုတိယအခွင့်အရေးတွေ ရလာပြီး ဘယ်လိုမျိုး ပြန်ကြိုးစားခဲ့တာတွေ၊ တခြားလူတွေကိုလည်း ဒုတိယအခွင့်အ ရေးတွေ ပေးခဲ့လို့ ဘယ်လိုမျိုးတွေ ကြုံဆုံရတာတွေ၊ မိသားစုနဲ့ လုပ်ငန်းကြား က ဘယ်အရာက တန်ဖိုးရှိတာတွေဆိုတာကို မိုက်ဗက်ကိုယ်တိုင်က ပြန်ဇာတ် ကြောင်းပြောဆိုထားပြီး ဘေ့စ်ဘောလောကနောက်ခံ အရှုံးမပေးပဲ ဒုတိယ အခွင့်အရေးဆိုတာကို အမိအရ ဖမ်းဆုပ်တတ်ဖို့ ပညာပေးထားတဲ့ မှတ်တမ်း ရုပ်ရှင်လေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(2.13 GB) / (724 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Biography, Drama Translator……Thura Aung Encoder……….SWM

7.6 2023
The Saint of Second Chances
Mike and Dave Need Wedding Dates
6

REVIEW: Mike & Dave Need A Wedding Dates ဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။ အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ – ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။ ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက – Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။ Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza တို့က သရုပ်ဆောင်ထားပါတယ်။ ခပ်ချောချောTom Boy အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ Alice Wetterlund လည်းပါပါတယ်။ ဒါရိုက်တာကတော့ Jake Szymanski ပါတဲ့။ ဇာတ်ကားက R Rated ပါ – ဝိတွေဘာတွေနဲ့ တိမ်တွေပေါ်မှာလွင့်နေတယ်လေ င ါလေးတွေရော၊ ၁၈ယောက်စုစရာတွေရော၊ လူကြီးဟာသတွေရော ပါနေလို့ပါ။ IMDb – 6/10 နဲ့ Rotten Tomatoes မှာ Tomatometer 38/100 နဲ့ Audience Score 51/100 ရထားပါတယ်။ Google မှာ ကြည့်ပျော်လားဘာညာရှာကြည့်ရင်တော့ တကယ်ရယ်ရပါတယ်လို့ ဖြေမှာပါ။ ဆိုတော့ ကြည့်လိုက်ရင် တစ်နာရီခွဲလောက်တော့ အချိန်ကုန်သွားမှာပါ။ ? ရယ်ရင်းမောရင်း ၁၈ယောက်စုရင်းနဲ့ ပြောပါတယ်။ ဟုတ်မဟုတ် ကြည့်ကြည့်ပြီး တခြားလူတွေလည်း ဟုတ်မဟုတ် ကြည့်ဖို့ပြောလိုက်ပါဦး။ ? File size… 4.96 GB / 1.73 GB / 791 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu

Horror • Fantasy • Action
6 2016
Mike and Dave Need Wedding Dates
Hellraiser: Deader

Hellraiser: Deader (2005) Hellraiser ရဲ့ အခန်း နောက်တစ်ခု စဖွင့်ပါပြီ။ သေတ္တာလေးက သေခြင်းတရားကို လှည့်စားနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ ဒီဇာတ်ကားမှာတော့ နောက်ထပ်သတင်းထောက်တစ်ယောက် အလှည့်ပါ။ သတင်းရှာရင်း သေတ္တာနဲ့တိုင်ပတ်သွားတဲ့ နောက်သတင်းထောက်တစ်ယောက်ပေါ့။ သေခြင်းတရားကိုလှည့်စားဖို့လုပ်တဲ့သူနဲ့ Pinhead ကြားက ဓားစာခံဖြစ်သွားပေမဲ့ သူ့ဘာသာလွတ်လမ်းရှာသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအကြောင်းကိုတော့မရှင်းသေးပါဘူး။ သေတ္တာရဲ့အစွမ်းကတော့ ထင်တာထက်ပိုကြမ်းတယ်ဆိုတာကို တဖြည်းဖြည်းသိလာရပါပြီ။ တခြား Hellraiser တွေထက် ထူးခြားကောင်းမွန်နေတာမျိုး မရှိပေမဲ့ Franchise ထဲမှာ ၅/၁၀ ပေးလို့ရလောက်တဲ့ ဇာတ်ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 28Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama
0 2005 89 mins
Hellraiser: Deader
Familyhood
6.3

Familyhood (2016) ***************** Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့ အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့ သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက် သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် .. Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo, Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့ Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့ cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ .. ဇာတ်လမ်းအကျဉ်း ************** ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင် ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့် ‘အရူးမ’လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ .. ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်း သူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့ သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ .. ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့ မိဘတွေမရှိတော့တဲ့နောက် အစ်မဖြစ်သူနဲ့ခက်ခက်ခဲခဲရှင်သန်နေရတဲ့အပြင် အသက်မပြည့်တဲ့ ကိုယ်ဝန်သည်တစ်ယောက် ဖြစ်လာတယ် .. ချစ်သူဖြစ်သူရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတဲ့ ဂျူယွန်းတစ်ယောက် သူ့ကိုသစ္စာမဖောက်ဘဲ ဘေးမှာအမြဲရှိပေးမယ့်သူကို စဉ်းစားလိုက်တဲ့အခါမှာ မိသားစုဖြစ်နေခဲ့တယ် .. အဲဒီလိုနဲ့ ကလေးယူဖို့ ကြိုးစားလိုက်ပေမဲ့ မရနိုင်တော့တဲ့ဂျူယွန်းက အလယ်တန်းကျောင်းသူ ကိုယ်ဝန်သည်ဒန်ဂျီကို တွေ့သွားခဲ့တယ် .. ဒန်ဂျီရဲ့ကလေးကိုမွေးစားဖို့ ဖြောင်းဂူနဲ့တိုင်ပင်ပြီး စာချုပ်ချုပ်ဆိုခဲ့ကြရာကနေ… အများပြည်သူဆီကနေ အာရုံစိုက်ခံနေရတဲ့ မင်းသမီးတစ်ယောက် ကိုယ်ဝန်ရတယ်ဆိုပြီး ဘယ်လိုဇာတ်လမ်းတွေခင်းသွားမလဲ…. ဒန်ဂျီနဲ့စာချုပ်မှာရော ဘယ်လိုပြဿနာတွေ ကြုံတွေ့ရမလဲဆိုတာကို ဟာသလေးတွေနှောထားတာမို့ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားထားပါတယ်) File size…1.64GB / 768MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 59 min. Genre ….. Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

6.3 2016
Familyhood
Wendy
6

Wendy (2020) Wendy ရုပ်ရှင်ကားလေးက ငယ်ငယ်လေးတုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ Peter Pan ဇာတ်ကားကို ပုံစတစ်မျိုးနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဝင်ဒီမှာ အရမ်းချစ်ရတဲ့ ဂျိမ်းနဲ့ ဒေါ့ဆိုတဲ့ အမြွှာ အကို နှစ်ယောက်ရှိပါတယ်။ သူတို့ မိသားစုလေးဟာ စားသောက်ဆိုင်လေး ဖွင့်ထားပြီး နေ့ရက်များကို သမရိုးကျ ဖြတ်သန်းကြပါသည်။ ၀င်ဒီလေးဟာ ငယ်ငယ်လေးတုန်းက အိမ်နီနားချင်း ကလေးတစ်ယောက်က ရထားအမိုးပေါ်ကို ပြေးတတ်သွားတဲ့ မြင်ကွင်းကို မြင်ရပြီးနောက် ထူးခြားဆန်းကျယ်မှုများ၊ စွန့်စားခန်းများကို အမြဲတွေးနေခဲ့ပါတယ်။ လွတ်လပ်မှုအရသာကိုခံစားပြီး လေထဲမှာ ပျံဝဲတဲ့ ပုံပြင်လေးတွေကို စွဲလန်းနေတဲ့ ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်ညမှာ ပြတင်းပေါက်တံခါးကနေ ကောင်လေးတစ်ယောက် ရထားပေါ်ကို ခုန်တတ်သွားတာကို မြင်ရာမှ သူနဲ့ သူ့အကိုတို့ သုံးယောက်သားအတူတူ ထိုကောင်လေးနောက် ကို လိုက်သွားကြပါတယ်။ အဲဒီကောင်လေးဘယ်သူဖြစ်မလဲ။ ပီတာပန်များဖြစ်နေမလား။ အဲဒီအချိန်ကနေစပြီး သူတို့သုံးယောက်ရဲ့စွန့်စားခန်းကြီးစတင်ပါပြီ။ ထူးဆန်းတဲ့ ကျွန်းကို ရောက်ရှိသွားတဲ့ မောင်နှမ သုံးယောက်က အသက်ရှင်ဖို့ ရုံးကန်ကြရပုံ၊ ငယ်ရွယ်သူတို့၏ စိတ်ဓါတ်တို့ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ တစ်ခန်းနှင့် တစ်ခန်းဘာဆက်ဖြစ်သွားမယ်ဆိုတာ ခန့်မှန်းလို့ မရနိုင်လောက်အောင် နောက်ဆုံးအချိန်ထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ နောက်ဆုံးပိုင်းမှာ ကျွန်းပေါ်က ကလေးတွေထဲက ဘယ်သူက ကပ္ပတိန်ဟုဒ် ဖြစ်သွားလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပဲ။ ငယ်ငယ်လေးတုန်းကကြည့်ရတဲ့ ပီတာပန်ဇာတ်ကားလေးလိုမျိုး ဝင်ဒီရဲ့ ရှုထောင့်ဘက်က ပြန်ရိုက်ထားတဲ့ Wendy ဇာတ်ကားလေးဟာဆိုရင်လည်း တစ်မျိုး ဆန်းပြားပြီး ကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်…. File Size : 3.61GB/ 1.31GB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:51:00 Genre : Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Tiff

6 2020 111 mins
Wendy
Operation Undead
5.1

Operation Undead (2024) ************************ တလောကမှ ရုံတင်ထားတဲ့ Nongkul ရဲ့ ဇွန်ဘီးကားအသစ်လေးကို CM ပရိသတ်ကြီးအတွက် Quality အလန်းနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ရုံတင်တုန်းက mixed review တွေ ရထားတဲ့ ဒီကားလေးကရော ပရိသတ်စိတ်ကြိုက်တွေ့မလား .. just another zombie movie ဖြစ်မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ ဒုတိယကမ္ဘာစစ်ကာလ ထိုင်းနယ်စပ်ကို ဂျပန်စစ်သားတွေ ကျူးကျော်ဝင်ရောက် လာတဲ့အတွက် စစ်ဖြစ်ကြရင်း နှစ်ဖက်သ‌ဘောတူ အပစ်အခတ် ရပ်စဲလိုက်ကြတာပေါ့။ ဒီတော့ ဌာနချုပ်က မက်နဲ့မော့တို့ ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့တပ်ဖွဲ့တွေနဲ့ အတူ နယ်စပ်မှာ နယ်မြေရှင်းလင်းရေးအတွက် လွှတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ သူတို့ မသိတာက ကျူးကျော်လာတဲ့ ဂျပန်စစ်သားတွေမှာ ထူးဆန်းတဲ့ ဇီဝလက်နက်တစ်ခု ပါလာပြီးတော့ တိုက်ပွဲဖြစ်ရင်း အဲဒီလက်နက်က သေတ္တာထဲကကျသွားပြီး နယ်စပ်က ရွာနီးစပ်ချုပ်မှာ ပြန့်သွားတဲ့အခါ… ကိုယ့်ဇာတ်ကိုယ်မကနိုင်လို့ အကုန်ရှင်းပစ်ဖို့ကြံစည်နေတဲ့ ဂျပန်စစ်သားတွေကတစ်ဖက် ကိုယ့်ရဲ့ရှင်သန်ရေးအတွက် တိုက်ခိုက်ရမယ့် ရွာသားတွေနဲ့ ထိုင်းစစ်သားတွေကတစ်ဖက် လွန်ဆွဲပွဲမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.59GB / 707MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, History, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

Action • Thriller
5.1 2024 110 mins
Operation Undead
The Bar El Bar
6.3

The Bar (Aka) El Bar (2017) IMDb Rating (6.3) / Rotten Tomatoes (100 %) RT 100% Rating ရရှိထားတဲ့ ဒီစပိန်ကားက တကယ်ကို သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားရမယ့် Underrated ရုပ်ရှင်ကားတကားပါပဲ။ အေးချမ်းတဲ့ သာမန်နေ့ရက်တစ်ရက်မှာ စားသောက်ဆိုင်ဘားတခုထဲ‌မှာ လူတစ်စုက အေးအေးချမ်းချမ်း ရှိနေချိန် ကံကြမ္မာဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါကတော့ ဆိုင်အပြင်ဘက်ကို ထွက်သွားတဲ့ လူနှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဆိုသလို စနှိုက်ပါသေနတ်နဲ့ပစ်သတ်ခံလိုက်ရတာကို ဘားထဲက လူအားလုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်… အပြင်ဖက်ကလူတွေအားလုံးလဲ ထွက်ပြေးပျောက်ကွယ်ကုန်ပြီး ဖုန်းလိုင်းတွေပါဆက်မရဖြစ်သွားပါတော့တယ်။ စနှိုက်ပါသေနတ်သမားရှိနေတာကြောင့် ဘယ်သူမှ ဆိုင်အပြင်မထွက်ရဲတော့ချိန်မှာပဲ ထူးဆန်းစွာ ဆိုင်အပြင်ဖက်က အလောင်း၂လောင်းကပါ ထပ်မံပျောက်ဆုံးသွားတဲ့အခါမှာတော့….။ ဘာမဟုတ်တဲ့မနက်ခင်းလေးကနေ သေရေးရှင်ရေးထိ ဆွဲခေါ်ခံသွားရမယ့် ဒီရုပ်ရှင်ကားက အသည်းတယားယားအခန်းတွေနဲ့ ပဟေဠိတွေကို ထိုင်အဖြေရှာရမှာပါ။

Crime • Drama • Thriller
6.3 2017 102 mins
The Bar El Bar
Little Voice
7

Little Voice (1998) IMDb Rating (7.0) / Rotten Tomatoes (80%) ဒီတစ်ခါမှာတော့ Musical Film တစ်ခုဖြစ်တဲ့ Little Voice ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ Jane Harrocks, Brenda Blethyn, Micheal Caine နဲ့ Ewan Mcgregor တို့လိုနာမည်ကျော်သရုပ်တွေပါဝင်ထားပြီး ဒါရိုက်တာကတော့ Mark Hermanပါ။ Oscar Nominee အပါအဝင် ရုပ်ရှင်ဆုပေးပွဲအသီးသီးမှာလည်းဆန်ကာတင်တွေဝင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း အယ်လ်ဗီ(ခေါ်) လစ်တဲဗွိုက်စ်ဟာ အရှက်အကြောက်ကြီးပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်တဲ့အိမ်တွင်းပုန်းလေးပါ။ စကားလည်းအရမ်းနည်းပြီး အိမ်မှာအတူနေတဲ့အမေဖြစ်သူနဲ့တောင် စကားဆယ်ခွန်းပြည့်အောင်မပြောပါဘူး။ ဒါကြောင့်မို့ အာကြမ်းလျှာကြမ်းအမေဖြစ်သူရဲ့ဆူပူကြိမ်းမောင်းအပြစ်တင်တာကိုအမြဲခံရပါတယ်။ အမေဖြစ်သူကတော့ သူမနဲ့ဆန့်ကျင်ဘက်ပါ အပျော်မက်တယ် သွက်လက်တယ် အိမ်ကိုမကပ်ပါဘူး။ အမေဖြစ်သူအပြင်ထွက်တိုင်း အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့အယ်လ်ဗီလေးကတော့ အထီးမကျန်ပါဘူး ဆုံးသွားတဲ့သူ့အဖေစုဆောင်းထားတဲ့သီချင်းခွေအဟောင်းကြီးတွေကိုအဖော်ပြုပြီး သီချင်းတွေနဲ့ပျော်မွေ့နေတတ်ပါတယ်။ သီချင်းတွေကိုချစ်တဲ့အပြင် အဲ့သီချင်းတွေကိုလည်း မူရင်းအဆိုရှင်ကဲ့သို့သီဆိုနိုင်စွမ်းရှိပါတယ်။ တစ်ရက်မှာ သူ့အမေဟာ ချစ်သူဖြစ်သူ “ရေးဆေး”ဆိုတဲ့ အနုပညာပါရမီပါတဲ့ရွက်ပုန်းသီးလေးတွေကိုစင်တင်ပြီး အေးဂျင့်လုပ်တဲ့သူကို အိမ်ကိုအလည်ခေါ်လာရာကနေ “အယ်လ်ဗီ”ရဲ့သီချင်းဆိုသံကိုကြားသွားပြီး ပါရမီရှင်ဆိုတာကိုသိသွားပါတယ်။ အနုပညာလောကက အေးဂျင့်ပီပီ “ရေးဆေး”ဟာ အယ်လ်ဗီကိုငွေတွင်းကြီးလို့သတ်မှတ်ပြီး နာမည်ကြီးဖြစ်အောင်စင်တင်ဖို့လုပ်ပါတော့တယ်။ ရှက်တတ်ကြောက်တတ်တဲ့အယ်လ်ဗီတစ်ယောက် လူအများရှေ့ကစတိတ်စင်ပေါ်မှာ ဖျော်ဖြေရဲပါ့မလား ? အမေဖြစ်သူနဲ့ ရေးဆေးကရော သူ့ကိုဘယ်လိုဖိအားတွေပေးကြမလဲဆိုတာကိုကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size… (2.5 GB) / (850 MB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Comedy, Drama, Music, Romance Duration…. 01:37:24 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Rubyjane

Action • Crime • Drama
7 1998 97 mins
Little Voice
The Escape Door
5.6

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အပြောကြမ်းတဲ့သူတွေ သင်ခန်းစာရစေမယ့် ပညာပေးကအမျိုးအစားပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကျန်းယွီထင်ရယ်လီရှုးဝန်တို့နှစ်ယောက်က သူတို့ရဲ့အမေနဲ့အဖေကြောင့် အတူတူနေဖို့ဖြစ်လာတဲ့အချိန်မှာ လီရှုးဝန်ကို ကလေးသဘာဝအရ ကျန်းယွီထင်က အနိုင်ကျင့်သလိုရှိခဲ့ပါတယ် တစ်ရက်အရုပ်လုရင်း စကားများပြီးတော့ လီရှုးဝန်ကို အိမ်ပေါ်က နှင်ချခဲ့ပြီးနောက်မှတော့ လီရှုးဝန်ဟာ မြစ်ထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ် ဒီသေဆုံးမှုဟာပြောရရင်တော့ ကျန်းယွီထင်ရဲ့ ပယောဂမသေးပါဘူး အဲ့လိုနဲ့ ကျန်းယွီထင်တစ်ယောက် ကြီးလာတဲ့အချိန်မှာလည်း အိမ်နဲ့ပဲဖြစ်ဖြစ် ချစ်သူကောင်လေးကိုပဲဖြစ်ဖြစ် ပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာလည်း အ တော်လေးကို အပေါက်ဆိုးတယ်လို့ပြောလို့ရပါတယ် တစ်ရက်အလုပ်သမားနေ့ပိတ်ရက်ရှည်ပိတ်တဲ့အချိန်မှာ‌တော့ သူ့ကောင်လေးက အလုပ်ခရီးသွားနေချိန် ကျန်းယွီထင်တစ်ယောက် အိမ်ပိုင်ရှင်ရဲ့ ကြောင်ထန်းယွမ်ကို သူ့အိမ်ကို ခဏခဏ ခိုးဝင်လို့ မှတ်လောက်သားလောက်အောင် ပညာပေးမယ်ဆိုပြီး ရေချိုးခန်းထဲ အဝင်မှာပဲ အမြဲပျက်နေတဲ့တံခါးက လုံးဝပြန်ဖွင့်လို့မရဘဲ ကျန်းယွီထင်တစ်‌ယောက် ရေချိုးခန်းထဲမှာ ပိတ်မိနေခဲ့ပါပြီ အော်ဟစ်ရိုက်ထုပြီး အကူအညီတောင်းပေမယ့်လည်း ခါတိုင်း ဆူညံလို့လာပြောတိုင်း ကပ်ကပ်လန်အောင် ရန်ပြန်တွေ့တတ်တဲ့ ကျန်းယွီထင်ဆီကို ဘယ်သူမှ လာမကြည့်ပါဘူး ကဲအဲ့တော့ အမြဲအပေါက်ဆိုးပြီး စကားကိုကောင်းကောင်းမပြောတတ်တဲ့ ကျန်းယွီထင်တစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲ သူကျူးလွန်ခဲ့တဲ့အမှားတွေကြောင့် သူ့အတွင်းစိတ်လိပ်ပြာကရောလုံပါ့မလားဆိုတာကိုတော့ ခုပဲဇာတ်လမ်းထဲမှာ ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါနော်

Comedy • Crime • Thriller
5.6 2025
The Escape Door