YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Snakes.On.A.Plane.2006.BLU-RAY.480P(CM).mp4

347.13 MB N/A video/mp4 203 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Diamond in the Rough
6.2

Rom-com ကြိုက်နှစ်သက်သူများအတွက် ပေါ့ပေါ့ပါးပါး romantic comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ အာရီယာနာအဲလ်ဗရက်စ်ဆိုတဲ့ ဂျစ်ကန်ကန် ကလေးမလေး က မိဘတွေဆုံးပြီးကတည်းက ဘယ်သူနဲ့မှလည်း သဟဇာ တမဖြစ်၊ သူငယ်ချင်းလည်းမရှိ၊ အလုပ်လည်းမရှိနဲ့ အိမ်မှာပဲ သူ့ကြောင်လေးရိုမီယိုနဲ့အတူ နေနေပါတယ်။ ဒါကိုကြည့်မနေ နိုင်တဲ့ သူ့ဦးလေးက သူပိုင်တဲ့အပန်းဖြေကလပ်ကိုလာပြီး အဖွဲ့ဝင်တွေနဲ့ မိတ်ဆွေဖွဲ့ရင် အလုပ်ရှာပေးမယ်လို့ ကတိပေး လိုက်ပါတယ်။ ဒီလိုနဲ့ပဲ မသွားချင်သွားချင်နဲ့ ကလပ်ကိုရောက်သွားတဲ့ အာရီ ယာနာတို့ ကလပ်ရဲ့များပြားလှတဲ့ စည်းကမ်းတွေကြားမှာ ဘယ်လိုရုန်းကန်ရင်း သူငယ်ချင်းရှာမလဲ ။ သူငယ်ချင်းအပြင် ဘယ်သူတွေနဲ့ပါ တွေ့ရမလဲ။ IQ ကောင်းပေမဲ့ EQ မရှိတဲ့ သူ က အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး သူနဲ့သက်ဆိုင်တဲ့ နေရာကို ရှာဖွေပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန် ရေးသားပေးသူများကတော့ EL, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(1.68 GB) / (715 MB) / (424 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL, Khant Sett Naing Encoder..........SWM

Drama • Romance
6.2 2022 88 mins
Diamond in the Rough
Alice, Darling
5.9

ကနဦးပြောချင်တာကတော့ ဒီကားကို ဘာ Genre လဲ သွားမကြည့်ပါနဲ့။ ဒီတိုင်း ဘာကားမှန်းမသိဘဲ ကြည့်လိုက်ပါ။ ဒါဆို ပိုအဆင်ပြေပါလိမ့်မယ်။ နောက်တစ်ချက်သတိချပ်စေချင်တာကတော့ ဒီကားမှာ မင်းသမီးရေချိုးနေတုန်း မင်းသမီးဘော်ဒီကိုပြပြီး အနောက်ဘက်ကုန်းမြင့်ဒေသတွေကို လေ့လာစူးစမ်း အလံတိုင်စိုက်တာတွေပါတဲ့အတွက် မိသားစုနဲ့မကြည့်သင့်ပါဘူး။ မင်းသမီးကတော့ အားလုံးသိကြတဲ့ Pitch Perfect မင်းသမီး Anna Kendrick ပါ။ ချစ်စရာကောင်းနေဆဲပါပဲ။ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ဘဲက ပန်းချီဆရာ။ ဒါပေမဲ့ သွေးကြီးမွေးကြီး ကိန်းကြီးခန်းကြီးနိုင်တဲ့လူ။ ကောင်မလေးဘဝမှာ သူငယ်ချင်း ၂ယောက်ရယ် သူ့ဘဲရယ် ဒါပဲရှိမယ်။ ကောင်မလေးက အရင်က ဆိုးခဲ့ပေခဲ့ပုံရတယ်။ သူ့ဘဲ ကြောင်သူတော်ကြွက်သူခိုးက ကောင်မလေးကို သူ့လိုပဲဖြစ်စေချင်တယ်။ ဒီတော့ ကောင်မလေးက သူဆိုးတာကို ချမပြဘူး။ သူ့ဘဲက ကောင်မလေးကို သူငယ်ချင်း၂ယောက်နဲ့လည်း မပေါင်းစေချင်ဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတစ်ယောက်မွေးနေ့မှာ ကောင်မလေးဟာ သူ့ဘဲကို လိမ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ နယ်ဘက်ကျေးလက်က အိမ်လေးကို အပျော်ခရီးထွက်သွားတယ်။ အဲဒီခရီးမှာဘာတွေဖြစ်မလဲ သူ့ဘဲကရော ဘာဆက်လုပ်မလဲ မြင်ရလိမ့်မယ်။ ထူးတာက ဒီကားက ဘာကားမှန်းမသိဘဲ ကြည့်လိုက်မယ်ဆို ဘာကားမှန်းမသည်းမကွဲဖြစ်ချင်စရာကောင်းတယ်။ နယ်ဘက်က အိမ်ကြီးကို သွားရင်း လူသတ်သမားနဲ့တွေ့ရတော့မလိုလို သရဲပဲအခြောက်ခံရတော့မလိုလို သူ့ဘဲက လိုက်သတ်တော့မလိုလို သို့လောသို့လော ထင်ချင်စရာအချက်တွေပြသွားတယ်။ ဒီဇာတ်တည်ရာမှာလည်း ပျောက်ဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကို အားလုံးဝိုင်းရှာနေကြတာတွေလည်းပါတယ်။ မင်းသမီးကလည်း စိတ်ဖိစီးမှုတွေနဲ့ ခေါင်းထဲ အသံဗလံတွေ မျိုးစုံ အလိုလိုကြားနေရတယ်။ ဒါပေမဲ့ ဇာတ်မဆုံးခင်အထိကို သူက ဘယ်လမ်းကြောင်းသွားမလဲ မရေမရာဖြစ်အောင်လုပ်ပြနိုင်ခဲ့တယ်။ ကြည့်ကောင်းတဲ့ကားလေးပါပဲ။ မင်းသမီးလည်း တော်တော်လှပါတယ်။ ဘာကားမှန်းမသိဘဲကြည့်ရင် ပိုကြည့်ကောင်းပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 29Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by B Encoded by Y

Comedy • Drama
5.9 2022 90 mins
Alice, Darling
The Texas Chainsaw Massacre: The Beginning
6.1

အမေရိကန် တက္ကဆက်စ် ပြည်နယ်မှာ ၁၉၆၀ခုနှစ်တွေအတွင်း ချိန်းဆောနဲ့ လူတွေ အစုပြုံလိုက် သတ်ဖြတ်ပြီး စားသောက်ခဲ့ကြတဲ့ မိသားစုတစ်စုရှိခဲ့ပါတယ်။ အမေရိကန်ရဲ့ ခေါင်ခိုက်လှတဲ့ ပြည်နယ်ဖြစ်တဲ့ တက္ကဆက်စ်ဟာ ဒုတိယကမ္ဘာစစ်ပြီးကာလ‌မှာ စီးပွားရေးကျဆင်းမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဆိုးဆိုးဝါးဝါး ခံနေရလို့ နေထိုင်သူအများစု ပြောင်းရွှေ့ကုန်ကြပါပြီ။ ဒါပေမယ့် ဘယ်ကိုမှ မပြောင်းရွှေ့ပဲ တင်းခံနေခဲ့တဲ့ မိသားစုက‌တော့ တက္ကဆက်စ်ရဲ့ လူမနီးသူမနီး ကွင်းပြင်ကြီးမှ ာ စိုက်ပျိုးမွေးမြူရေးလုပ်ရင်း နေထိုင်ကြတဲ့ ဟီဝစ်မိသားစုပါ။ စစ်ဒဏ်၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်တွေကို အလူးလဲ ခံစားခဲ့ကြရတဲ့ ဟီဝစ် မိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်‌ထားပြီး ပုံမှန် မဟုတ်ကြတော့ပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ ညဏ်ရည်မဖွံ့ဖြိုးတဲ့ မွေးစားသား တွမ်မီက သူအလုပ်လုပ်တဲ့ သားသတ်ရုံက ပိုင်ရှင်ဖြစ်သူကို သတ်လိုက်ရာကစလို့ ၊ ဟီဝစ်မိသားစုဟာ အမေရိကန်သမိုင်းမှာ အရက်စက်အကြမ်းကြုတ်ဆုံး ရာဇဝတ်မှု တွေထဲက တစ်ခုဖြစ်တဲ့ တက္ကဆက်စ်ပြည်နယ်မှ ချိန်းဆောဖြင့် အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို စတင် ကျုးလွန်ဖို့ အကြောင်းဖန်လာပါတယ်။ Texas Chainsaw ရုပ်ရှင်တွေဟာ နာမည်ကြားတာနဲ့ကို ကျောချမ်းရတဲ့ ရုပ်ရှင်တွေပါ။ ဟော်ရာရုပ်ရှင်လောကမှာတော့ Texas Chainsaw ကားတွေရဲ့ လွှမ်းမိုးမှု တော်တော်ကြီးပြီး ၊ ကြမ်းတမ်းလွန်းတဲ့ ပြကွက်တွေကြောင့်လဲ တော်ရုံလူ မကြည့်ရဲတဲ့ ကားတွေပါ။ အခု Texas Chainsaw Massacre: The beginning ကတော့ ဟီဝစ်မိသားစုရဲ့ အစပြု orgin ဇာတ်လမ်းကို ရိုက်ထားတာပါ။ ဒီကားမှာဆိုရင် ဟီဝစ် စိတ္တဇလူသတ် မိသားစုဝင် တစ်ယောက်ဖြစ်တဲ့ လူ့အရေပြား မျက်နှာဖုံးကြီးနဲ့ ချိန်းဆောလူသတ်သမား Letharfaceကြီး ဘယ်လို စဖြစ်လာလဲ ဆိုတာနဲ့အတူ ကျန်တဲ့ ဆိုက်ကို မိသားစုဝင်တွေ အကြောင်းပါ မြင်ရမှာပါ။ ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပွဲကို အလွှတ်ခံရတဲ့ အမေရိကန်စစ်သား ညီအစ်ကိုနဲ့ သူတို့ရဲ့ ကောင်မလေး နှစ်ယောက် ၊ Texasပြည်နယ်ကို ဖြတ်သွားချိန်မှာ ဧည့်ဝတ်ကျေပွန်လှတဲ့ နယ်ခံမိသားစုဖြစ်တဲ့ ဟီဝစ်မိသားစုနဲ့ လမ်းခရီးတစ်ထောက် ကြုံရဆုံရ ကြည်နူးစရာ အမှတ်တရ အခိုက်တန့်လေးတွေကို ကြည့်ရှုခံစား ရမှာပါ။ unratedကားမို့ ပြကွက်တွေ အသေကြမ်းပါတယ်။ underagesတွေ မကြည့်သင့်ပါဘူး။ File size…2.55GB / 1.3GB Quality…1080p Blu Rayx264 AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Kaung Khant Win

Adventure • Science Fiction
6.1 2006 91 mins
The Texas Chainsaw Massacre: The Beginning
April Snow
6.1

~ IMDb Rating - 6.7/10 ~ ၁ အစတုန်းကတော့အဲ့ဒီလူက ကျွန်မအတွက် အသင့်လျော်ဆုံးသူလို့ ထင်ခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးတာပေါ့... သူ့အတွက်ပဲ တစ်သက်လုံး ဝေယျာဝစ္စလုပ်ပေးခဲ့တဲ့ ကျွန်မပုံစံက ငြီးငွေ့စရာကောင်းနေခဲ့တာလား... အဲဒီလူကြောင့်ပဲ ရှင်နဲ့ကျွန်မနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ ကျွန်မ ဟိုးအစကတည်းက ရှင်နဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ.... နွေမှာ နှင်းမကျသလို ရှင်နဲ့ကျွန်မလည်း ပေါင်းစပ်လို့ရနိုင်ပါ့မလား.... ၂ ချစ်ခြင်းဆိုတာ အခြေ‌အနေအချိန်အခါပဲတဲ့။ အချစ်စစ်ကို စောတွေ့လို့လည်းမကောင်း နောက်ကျမှ တွေ့‌လို့လည်းမကောင်းဘူးလို့တော့ ကိုယ်ကြားဖူးတာပဲ။ နွေဦးကိုချစ်တဲ့မင်းရယ် ဆောင်းကိုချစ်တဲ့ကိုယ်ရယ် မတူညီမှုများစွာနဲ့ အချင်းချင်းချစ်မိကြတဲ့အထိ ချစ်ခြင်းဟာ ဆန်းကြယ်တယ်မို့လား။ တစ်ခုသောကံကြောင့် တို့ဝေးခဲ့ကြရင် တစ်ခုသောကံကြောင့် ကိုယ်တို့ပြန်ဆုံမယ်လို့ ကိုယ်ယုံတယ်။ အဲဒီအချိန်မှာ မင်းအတွက်နောက်မကျသလို ကိုယ့်အတွက်မစောနေခဲ့ရင် ကံမဆုံခဲ့တဲ့အချစ်တွေ ကံဆုံရဦးမှာပေါ့။ ‌ဆောင်းထက်နွေဦးကို ပိုချစ်ပေမဲ့ နှင်းစက်တွေကို သဘောကျတယ်လို့ မင်းပြောဖူးတယ်နော်။ တစ်နေ့နေ့မှာတော့ မင်းရဲ့နွေဦးမှာ ကိုယ့်ရဲ့နှင်းစက်တွေကြွေကျ နွေဦးနှင်းတွေ လှပနေမှာပေါ့။ ခုတော့ "ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား"...။ ၃ April Snow ကို ဒါရိုက်တာ Hur Jin-ho ကိုယ်တိုင် ရေးသားရိုက်ကူးထားတာဖြစ်ပြီး သူဟာ Christmas in August တို့ One Fine Spring Day တို့ The Last Princess တို့လို နာမည်ကျော်ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့သူပါ။ အနားယူသွားတာ ကြာပြီဖြစ်တဲ့ ဟေမန်ဆောင်းရဲ့ချစ်ပုံပြင်နဲ့ ဒီမှာလူသိများခဲ့တဲ့ တစ်ခေတ်တစ်ခါက Top Star Bae Yong-joon နဲ့ လက်ရှိ 39 နဲ့ နာမည်ကြီးနေတဲ့ The Classic လို ဂန္တ၀င်ကိုရီးယားအချစ်ကားကိုရိုက်ခဲ့တဲ့ The Pirates အပြင် တခြားဇာတ်ကားကောင်းများစွာရိုက်ခဲ့တဲ့ Son Ye-jinတို့က သရုပ်ဆောင်ထားပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို Phoo Lin မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.6GB, 680MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 45Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Phoo Lin Encoded by Y

Crime • Drama • Thriller
6.1 2005 105 mins
April Snow
Transporter 2
6.3

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ... ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။ The Transporter 2(2005)ကတော့ IMDb Rating(6.3/10)ရရှိထားပါတယ်။ File size…(2.8 GB)/(1.2 GB) Quality….BluRay Directer's Cut 1080p HEVC / 720p Format…mkv/mp4 Duration….01:34:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aun

Crime
6.3 2005 87 mins
Transporter 2
Sympathy for the Devil
6.5

Sympathy for The Devil (2023) ~ IMDb - 5.7/10, Rotten Tomatoes - 62% ~ မင်းသားကြီး နီကိုလက်ကေ့ရဲ့ ရုပ်ရှင်အသစ်ပါ။ Suicide Squad ထဲက Rick Flag မင်းသား Joel Kinnaman နဲ့အတူ ပါဝင်ထားပါတယ်။ Action Thriller အမျိုးအစားဖြစ်ပြီး သို့လော သို့လောနဲ့ ကြည့်ရတဲ့ ကားမျိုးပါပဲ။ ဒေးဗစ်ချိန်ဘာလိန်ဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမဆေးရုံမှာ ကလေးမွေးနေတာကို အမီသွားဖို့ ကားနဲ့ထွက်လာပါတယ်။ ဆေးရုံကိုအရောက်မှာပဲ ကားနောက်ခန်းထဲကို လူတစ်ယောက်ဝင်လာပြီး သေနတ်နဲ့ချိန်ထားပါတော့တယ်။ အဲဒီလူကပဲ သူ့ကို ဆေးရုံထဲကိုမဝင်ခိုင်းဘဲ ဘော့စတွန်အထိ မောင်းခိုင်းပါတော့တယ်။ လမ်းတလျှောက်မှာ ဒေးဗစ် လွတ်မြောက်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ဘဲ လူတွေသာ တစ်ယောက်ပြီးတစ်ယောက် သေလာပါတော့တယ်။ သူတို့နှစ်ယောက် ကြောင်နဲ့ကြွက်လို လိုက်တမ်းပြေးတမ်း အသက်လုပြီးကစားရတဲ့ ရည်ရွယ်ချက်ကဘာလဲ... ရည်ရွယ်ချက်ရောရှိရဲ့လား... သူတို့အချင်းချင်းကရော ထင်ထားသလို ဟုတ်ကြရဲ့လား... ဆိုတာကတော့ပဟေဠိအနေနဲ့ ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 445MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 30Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Drama • Romance
6.5 2023 90 mins
Sympathy for the Devil
Ante… Sundaraniki!
8.1

Ante Sundaraniki (2022) IMDb Rating- 8.1/10 ရှေးရိုးစွဲမိသားစုတစ်ခုကနေဆင်းသက်လာတဲ့ “ဆန်ဒါ” ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူပါ တစ်နေ့ ကျောင်းပြဇာတ်ပွဲမှာ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့သူ့ကို ဒါရိုက်တာတစ်ယောက်က မျက်စိကျသွားပြီး U.S မှာ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ် ဒါနဲ့ပတ်သတ်လို့ မိသားစုတွင်းမှာအချေအတင်ဖြစ်ခဲ့ပေမဲ့ သွားဖို့ခွင်ပြုချက်ရခဲ့ပါတယ် သို့သော် သွားခါနီးလေးမှာ သူတို့သိလိုက်ရတဲ့အမှန်တရားကတော့ ဒါရိုက်တာက လူကုန်ကူးသမားဖြစ်နေခဲ့တာပါ ဒါနဲ့ပတ်သတ်ပြီး မိသားစုတစ်ယောက်ချင်းစီမှာ အကြောက်တရားကိုယ်စီဝင်သွားခဲ့တာကြောင့် ဆန်ဒါကို ခါတိုင်းထက်ပိုပြီး ဓလေ့ထုံးတမ်းတွေနဲ့ချုပ်ချယ်ခဲ့ပါတယ် ဗဒင်နက္ခတ်တွေနဲ့ ကံဇာတာဟောချက်တွေအရ သူ့ခင်ဗျာ ရေတောင်ကောင်းကောင်းမသောက်နိုင်ရှာပါဘူး… သူ့အနေနဲ့သရုပ်ဆောင်ဖြစ်ဖို့လက်လျှော့ခဲ့ရပေမဲ့ U.S သွားရဖို့ကိုတော့ ပိုပြီးအသည်းအသန်ဖြစ်လာခဲ့ပါတယ် လီလာဆိုတဲ့ ကလေးမလေးကတော့ အများနဲ့မတူတမူထူးခြားနေလို့ အပေါင်းအသင်းမရှိတဲ့ကလေးတစ်ယောက်ပါ သူမရဲ့မိသားစုကတော့ ပွင့်လင်းပြီး နားလည်မှုအပြည့်ပေးခဲ့တာကြောင့် အိမ်ကသူ့အတွက် န ားခိုရာဖြစ်ခဲ့ပါတယ် သို့သော် မိဘအတ္တဆိုသည်မှာတော့ မိသားစုတိုင်းမှာရှိစမြဲပါ လီလာ့အနေနဲ့ အစ်မဖြစ်သူနဲ့မတူဘဲ လိုချင်တာအမြဲနေခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေပေးစားတဲ့သူနဲ့ယူဖို့ အခြေအနေဖန်လာခဲ့ပါတယ်…လီလာမှာလည်း ချစ်ရတဲ့သူသတ်သတ် ရှိနှင့်နေပြီးဖြစ်ပါတယ် ဆန်ဒါနဲ့လီလာကတော့ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ် ဆန်ဒါဖက်ကတော့ ခံစားချက်ရှိနေခဲ့ပေမဲ့ ဖွင့်ပြောဖို့အတွက် အခြေအနေ မပေးခဲ့ပါဘူး…. ကဲ ဆန်ဒါ တစ်ယောက် သူ့ရဲ့ U.S အိမ်မက်ကို ဘယ်လိုအကောင်ထည်ဖော်မလဲ… လီလာကရောအိမ်နဲ့ထားရှိခဲ့ရတဲ့ကတိတွေကြားကနေ သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ…. သူငယ်ချင်းနှစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝဇာတ်ကြောင်းနဲ့ အချစ်ဇာတ်လမ်းလေးအပြင် မတူညီတဲ့မိသားစုနှစ်ခုကြားက အချုပ်အနှောင်ထူထူပါးပါးတွေကိုပါ ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်

Comedy
8.1 2022
Ante… Sundaraniki!
[18+] Fumiko’s Legs
5

ဒီကားကို ခေါင်းစဉ်တပ်ရရင် “စွဲလန်းကြသူများ”လို့ရေးလို့ရမယ်ထင်တယ်။ ဘာတွေများစွဲလန်းနေကြတာလဲဆိုတော့ ခြေထောက်တဲ့။ ဟုတ်ပါတယ်… စာပြန်ဖတ်မနေပါနဲ့ ခြေထောက်ကိုစွဲလန်းကြတာပါ။ ယောကျ်ားလေးတွေအများကြီး ချဉ်းကပ်တာကိုခံရတဲ့ | ဖူမီကိုက သူ့ခြေထောက်ကိုပဲ စွဲလန်းကြမှန်းသိတော့ တကယ်စိတ်ရှုပ်ခဲ့ရတာပေါ့… ဖူမီကိုက မိသားစုကံမကောင်းပါဘူး။ အမေကလည်း အမေကောင်းမပီသတဲ့အပြင် သူ့ခန္ဓာကိုယ်ကိုပါရောင်းစားဖို့ အမြဲလုပ်နေတာပါ။ ဒီလိုနဲ့ အသက် ၇၀ အရွယ်ရှိတဲ့ ဆူကာဂိုရှီအဘိုးအိုတစ်ဦးနဲ့ ဖူမီကို ဆုံမိပါတော့တယ်။ ဆူကာဂိုရှီက အနုပညာကိုရူးသွပ်ပြီး ဖူမီကိုရဲ့ခြေထောက်က | အနုပညာပဲဆိုပြီးချဉ်းကပ်ပါတော့တယ်။ ကင်ဆာရောဂါနဲ့မကြာခင်သေရတော့မှာမို့ သူ့ဘေးနားမှာ ခြေထောက်လေးနဲ့ပဲ ပြုစုပေးပါ… အမွေတွေအကုန်ပေးပါမယ်လို့ပြောတာနဲ့ ဖူမီကိုလည်း လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဆူကာဂိုရှီက ပိုပိုပြီးကျန်းမာလာတော့ ဖူမီကိုတစ်ယောက်လည်း ပိုပိုပြီးနေရခက်လာပါတယ်။ အိမ်ကြီးတစ်လုံးတည်းမှာ သေမလိုဖြစ်ပြီးမှ ကျန်းမာရေးဇွတ်ကောင်းနေတဲ့ ဆူကာဂိုရှီရယ် သူ့တူရယ် ဖူမီကိုရယ် သုံးယောက်စုံကြတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ? ဆွဲဆောင်မှုရှိတဲ့ခြေထောက်တစ်စုံက လူတွေကို ဘယ်လောက်တောင် ရူးသွပ်သွားစေလဲဆိုတာ ကြည့်လိုက်ပါတော့နော်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Romance
5 2018 81 mins
[18+] Fumiko’s Legs
Song of the South
6.1

‘Dat Rung Phuong Nam'(Song of the South)ဟာ ဗီယက်နမ် စစ်ပွဲနောက်ခံဝတ္ထုဖြစ်ပြီး ရသမျိုးစုံပေးစွမ်းနိုင်လို့ နာမည်ကျော်ခဲ့ပါတယ်။ 1997ခုနှစ်မှာ ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုရိုက်ကူးခဲ့ပြီး အတော်လည်း လူကြိုက်များရေပန်းစားခဲ့ပါတယ်။ အခုလည်း 2023 adaptionအဖြစ် နောက်တစ်ကြိမ် ရုပ်ရှင် ပိတ်ကားထက်ကို နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ…။ ဇာတ်အိမ်ပိုင်းမှာဆိုရင် အချစ်၊အမုန်း၊မေတ္တာ၊ဂရုဏာ ဘာမှ အပြစ်ပြောစရာမရှိအောင် ရသပေးစွမ်းနိုင်စွမ်းရှိတဲ့အပြင် ဗီယက်နမ်ရဲ့ ရှုခင်းလှလှတွေ၊ ရိုးရာဓလေ့တွေကို စစ်ပွဲနောက်ခံထားပြီး လှလှရိုက်ကူးပြသွားပါတယ်။ ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊ မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊ ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့ တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။ ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပြောပြရရင် အန်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ဖခင်ဟာ တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး နယ်ချဲ့တွေကို ‌ တောခိုကာပုန်ကန်နေသူပါ…။ ဒီအကြောင်းကို အစိုးရအရာရှိတွေသိသွားတော့ အန်နဲ့မိခင်ဖြစ်သူဟာ လက်ရှိမြို့ကအိမ်မှာ မနေနိုင်တော့ဘဲ ဖခင်ရှိရာနေရာကို ထွက်ပြေး လာခဲ့ပါတော့တယ်။ သို့ပေမယ့် လမ်းတစ်ဝက်မှာ အဓိကရုဏ်းတွေဖြစ်တော့ အန်ရဲ့မိခင်ဟာ တိုက်ပွဲတွေကြားကမြေစာပင်အဖြစ် ကျည်ထိပြီး အသက်ပျောက်ခဲ့ရရှာပါတယ်။ ဒီလိုနဲ့ အန်လေးတစ်ယောက်တည်း ဖခင်ဆီကို ဘယ်လိုခရီးဆက်မလဲ၊ လမ်းတစ်လျှောက်မှာ ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေက စောင့်ကြိုနေမလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာပဲ တစိမ့်စိမ့်စီးမျှော ခံစားကြည့်လိုက်ပါတော့ဗျာ…။ File size…2.18 GB / 1.09 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.1 2023
Song of the South
Collision
5.9

ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ ကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ။ စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာ မော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာ ကားမတော်တဆဖြစ်ခဲ့ပါတယ် ။ ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာ သောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်း မဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီး ကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူ သူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါ တော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့ သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။ သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်း ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ… အိုမာဟာ ဘယ်လိုလူလဲ ။ စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့ တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို collision ရုပ်ရှင်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော် ။ File size…1.69GB / 858MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Drama
5.9 2013
Collision
The American Society of Magical Negroes

အမေရိကန်နိုင်ငံကို ကြည့်လိုက်ရင် အရမ်းပျော်စရာကောင်းပြီး တိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တခြားနိုင်ငံတိုင်းက အားကျနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတော့တယ်။ဒါပေမယ့် အဲ့လိုခေတ်မှီ တိုးတက်နေတဲ့နိုင်ငံမှာ အခုထက်ထိတိုင် မပျောက် ပျက်ဘဲ ကျန်ရှိနေသေးတဲ့အရာကတော့ Racist ဆိုတဲ့ လူမျိုးရေးခွဲခြားတဲ့ လူတွေပဲဖြစ်ပါတယ်။တခြားနိုင်ငံတွေ မှာလည်းရှိပေမဲ့ သူတို့နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှုကတော့ အခုထက်ထိကို မဆွေးမြေ့ပဲ ကျန်ရှိနေသေးတဲ့ နာမည်ကြီး လူမျိုးရေး ခွဲခြားမှုပဲဖြစ်ပါတယ်။လူဖြူရဲတွေက လူမည်းတွေကို တွေ့တာနဲ့ ရန်ရှာတယ် ပစ်သတ်တယ်ဆိုတာတွေက သူတို့နိုင်ငံမှာ မထူးခြားတော့ပါဘူး။အဲ့လိုလူမျိုးရေးခွဲခြားမှုတွေ ပပျောက် သွားအောင် ကြိုးစားနေတဲ့လူတွေရှိပေမဲ့ အနည်းနဲ့အများတော့ ကျန်ရှိနေပါသေးတယ်။အဲ့ဒါကြောင့် အဲ့လိုလူမျိုးရေးခွဲခြားမှုတွေကို ရပ်တန့်ပြီး လူမည်းတွေရဲ့ခံစားချက်တွေကို နားလည်အောင် ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့ The American Society Of Magical Negroes ဆိုတဲ့ဇာတ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ အယ်ရန်ဆိုတဲ့ လူငယ်လူမည်းတစ်ယောက်ဟာ လူဖြူတွေကြားမှာ သွားလာ ဆက်ဆံရတိုင်း အမြဲတမ်းအနှိမ်ခံရပြီး ဘယ်သူ့ရဲ့ အသိအမှတ်ပြုခြင်းကိုမှလည်း မခံရသူ တစ်ဦးပါ။တစ်ညမှာ ဘယ်သူမှ အဖက်မလုပ်တဲ့ သူ့ရဲ့အနုပညာလက်ရာကို ပြခန်းမှာ ပြပြီး ပြန်လာတဲ့လမ်းမှာ လူဖြူတွေနဲ့ပြဿနာတက်တော့မလို ဖြစ်တုန်း တခြားလူမည်းအဖိုးကြီးတစ်ယောက်က ဝင်ကူညီပေးခဲ့လို့ အယ်ရန်တစ်ယောက် အထောင်းသက်သာသွားပါတော့တယ်။ နောက်တော့ အဲ့ဒီလူမည်းအဖိုးကြီးက သူ့ကိုအလုပ်တစ်ခု ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီ အလုပ်ကတော့ ရိုးရိုးတန်းတန်း အလုပ်မဟုတ်ဘဲ ဇာတ်ကားနာမည်အတိုင်း မှော်ဝင်နီဂရိုး အမေရိကန် အဖွဲ့အစည်းမှာ ဝင်အလုပ်လုပ်ဖို့ပါပဲ။အဲ့ဒီအဖွဲ့ အစည်းရဲ့ အဓိကတာဝန်ကတော့ သူတို့လူမည်းတွေ လူဖြူတွေရဲ့ ရန်ပြုခြင်းတွေ ရန်လိုခြင်းတွေမခံရဖို့အတွက် မှော်ပညာနဲ့ ပေါင်းစပ်ပြီး လူဖြူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးရတာပါပဲ။ ကြားရတာ ထူးထူးဆန်းဆန်းကြီးတော့ ဖြစ်နေမယ်ဆိုပေမဲ့ တကယ်တမ်း ဇာတ်လမ်းကိုကြည့်လိုက်တဲ့အခါမှာ မှော်ပညာ အပိုင်းတွေကို ဖယ်လိုက်ရင်ကျန်တဲ့အရာတွေအားလုံးက ဖြစ်ရပ်မှန်တစ်ခုလိုတောင် ဖြစ်နေမှာပါ။ဒီတော့အထက်မှာ ပြောခဲ့တဲ့အတိုင်း ယနေ့တိုင်မပြီးဆုံးနိုင်သေးတဲ့ ပြဿနာ တစ်ခုကို အမြင်တစ်မျိုးနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် ကောင်းတယ် မကောင်းဘူးကတော့ ကိုယ်တိုင်ပဲဝေဖန်ကြည့်ကြဖို့ပြောလိုက်ချင်ပါတယ်။ File size…1.66GB / 694MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action
0 2024 105 mins
The American Society of Magical Negroes
Mountain Guardians
5.8

မင်ကော်ခေတ် အစပိုင်းမှာ နေရာတကာ စစ်ဖြစ်နေပြီး မိစ္ဆာမကောင်းဆိုးဝါးတွေအများအပြား ရှိနေပါတယ်။ ဂျပန်က တရုတ်နယ်မြေကို ကျူးကျော်မှုအရှိန်မြင့်နေချိန်လည်း ဖြစ်ပါတယ်။ ဂျပန်ယင်းယန်ဆရာက လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေပြီး ယဉ်ကျေးမှုမျှဝေမယ်လို့ ဆင်ခြေပေးပြီး တရုတ်ပြည်တွင်းကို ကြိုတင်ဝင်လာခဲ့ပါတယ်။ သူတို့အကြံအစည်ကတော့ တရုတ်ပြည်က နဂါးကြောကို ရှာပြီး တရုတ်နိုင်ငံရဲ့ ဖုန်းရွှေကို ဖျက်ဆီးပြီးနောက် နောက်ပိုင်း ကျူးကျော်ရေးအတွက် လမ်းခင်းထားဖို့ ဖြစ်ပါတယ်။ ဦးလေးချီးက ဂျပန်ယင်းယန်ဆရာရဲ့ အကြံအစည်ကို သိပြီး နဂါးကြောကို အသက်ပေးကာကွယ်ဖို့ လုပ်ပါတော့တယ်။ ဂျပန်တွေရဲ့ ယုတ်မာမှုက လူများစွာကို အန္တရာယ်ဖြစ်စေတဲ့အခါ…… ဦးလေးချီးကရော ဘယ်လို တန်ပြန်တိုက်ခိုက်မလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

Science Fiction • Fantasy • Adventure
5.8 2024
Mountain Guardians
Mazaka
5.1

Mazaka (2025) “အဖေတစ်ခု သားတစ်ခု” အသစ်ထွက် တေလဂူး မိသားစုဟာသကားလေးကို တင်ဆက်လိုက်ပါတယ် ရာမာနာဟာ သူ့သားလေးကိုမွေးမွေးချင်းမှာပဲ ဇနီးသည်ကို ဆုံးရှုးလိုက်ရလို သားလေးအရွယ်ရောက်တဲ့အထိ သားအဖနှစ်ယောက်တည်း အတူနေခဲ့ရတယ် သားဖြစ်သူက မိသားစုဆိုတဲ့အရာကို တောင့်တလာတဲ့အခါမှာ မိန်းမပေးစားဖို လိုက်ရှာပေမဲ့ အမျိုးသမီးမရှိတဲ့အိမ်ကို ဘယ်သမီးရှင်မှ သမီးမပေးနိုင်တာမို သူကိုယ်တိုင် အရင်အိမ်ထောင်ပြုဖို ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေ ဖြစ်လာမှာလဲဆိုတာ ပေါ့ပေါ့ပါးပါး ရယ်မောရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Cym ~ Zwe ~ Yunni တိုမှ ဖြစ်ပါတယ်ခင်ဗျာ

Mystery • Horror • Thriller
5.1 2025 128 mins
Mazaka