YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Smile Code E14 1080p WEB-DL CM.mp4

396.44 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beat

IMDb 7.3ရရှိထားတဲ့ musical dramaလေးဖြစ်ပါတယ် အယ်လီဆိုတဲ့ ကောင်မလေးက ကားအက်စီးဒင့်ကြောင့် နှလုံးအစားထိုးကုသလိုက်ရပြီးတဲ့နောက်မှာတော့ သူမဟာ စန္ဒရားတီးတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်သွားပါတယ်။ ဒီလိုနဲ့ သူမရဲ့နေ့စဉ်ဘ၀မှာ တိုက်ဆိုင်မှုတွေရှိလာတိုင်း အိမ်ခြေယာမဲ့လူတစ်ဦးနဲ့ သူမအကြား ဂန္တ၀င်ဂီတကနေတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်သွယ်မှုတစ်ခုရှိလာတာကို သတိထားမိလာပါတယ်။ ဒီကားလေးက musical filmဆိုတဲ့အတိုင်း အခန်းတိုင်းကို သီချင်းကောင်းကောင်းလေးတွေ စန္ဒရားသံလှလှလေးတွေနဲ့ ကြည့်ရှုသူရင်ထဲကိုထိအောင် လှလှပပ ပုံဖော်ထားပါတယ်။ Newcastle မြို့ရဲ့အလှ‌တရားတွေကိုလည်း နောက်ခံသီချင်းကောင်းကောင်းတွေ လှပတဲ့ဇာတ်၀င်ခန်းတွေနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ပြထားတာမလို့ ဂီတကိုမြတ်နိုးတဲ့သူတွေအနေနဲ့ ကြည့်ဖို့သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(1.3 GB)/(600 GB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min khant

Comedy • Drama
0 2022
Beat
A Nashville Legacy
7

A Nashville Legacy(2023) ************************ Rating 88%ရရှိထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဂီတကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Nashvilleလို့ဆိုလိုက်တာနဲ့ ဂီတသက်ဝင်စည်ကားရာ မြို့တစ်မြို့ဆိုတာ အားလုံးသိကြမှာပါ။ ဒီဇာတ်ကားဟာလည်း Nashvilleမြို့ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အခြေပြုရိုက်ကူးထားပါတယ်။ ဂီတဇာတ်ကားဖြစ်တဲ့အတွက် သီချင်းပေါင်းစုံမြူးမြူးကြွကြွပါဝင်ပါတယ်။ ဇာတ်ကြောင်းအနေနဲ့ကတော့ Naimaဟာ ပါရဂူဘွဲ့ယူဖို့ Nashvilleမြို့ရှိ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အလုပ်သင်လာဆင်းပါတယ်။ ပြတိုက်မှာစေတနာ့ဝန်ထမ်းလုပ်နေတဲ့ Damianနဲ့တွေ့ပြီးနောက်မှ ာ ဆုံးပါးသွားတဲ့အဘွားဖြစ်သူရဲ့ လူသိမခံခဲ့တဲ့အတိတ်ကို အစဖော်မိပါတော့တယ်။ အဘွားဖြစ်သူပါဝင်ခဲ့တဲ့ မိန်းကလေးဂီတအဖွဲ့အကြောင်းဖော်ထုတ်ပြီး ပါရဂူဘွဲ့စာတမ်းပြုစုဖို့ကြိုးစားရာကနေ တစ်နွယ်ငင် တစ်စင်ပါကာ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲလုံးလေးနဲ့ပေါက်ရုံမက မုန်တိုင်းပါဝင်မယ့်အဖြစ်တွေရှိနေသောအခါ..... File Size :(1.5GB)& (776MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama
7 2023 84 mins
A Nashville Legacy
You Hurt My Feelings
7

You Hurt My Feelings (2023) ~ IMDb - 7/10, Rotten Tomatoes - 95% ~ တစ်ခါတလေမှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် သုံးလိုက်တဲ့မုသားတွေက အဲဒီလူတွေကို နာကျင်စေတတ်ပါတယ်။ ဒီကားကတော့ ယုံကြည်မှု၊ မုသားတွေနဲ့ ချစ်ရတဲ့သူတွေကို ပြောတတ်တဲ့အကြောင်းအရာတွေအကြောင်းရိုက်ထားတာပါ။ ဘက်နဲ့ ဒန်တို့ လင်မယားမှာ အယ်လီရော့ဆိုတဲ့ သားတစ်ယောက်ရှိပြီး သူတို့ စုံတွဲက နှစ်တွေကြာတဲ့ထိ အချစ်မပြယ်ဘဲနေခဲ့ကြပါတယ်။ ဘက်က စာရေးဆရာမဖြစ်ပြီး ဒန်ကတော့ ကုထုံးဆရာ၀န်ပါ။ ဘက်မှာ ဆာရာဆိုတဲ့ ညီမတစ်ယောက်လည်းရှိပါတယ်။ သူက အိမ်တွင်းအလှဆင်တဲ့သူပါ။ ဘက်ရဲ့ အရင်စာအုပ်တစ်အုပ်က နာမည်ကြီးခဲ့ပြီး လက်ရှိနောက်တစ်အုပ်ထုတ်ဖို့လုပ်တဲ့အချိန်မှာ အေးဂျင့်က သဘောမကျပါဘူး။ ဒန်ကတော့ သဘောကျတယ်ပဲပြောပါတယ်။ ဘက်က ဒန်ပြောတာကို ယုံပါတယ်။ ဒန်ကလည်း သူ့အလုပ်မှာအဆင်မပြေတာတွေကြုံရပြီး ဆာရာတို့လင်မယားကလည်း ကိုယ်စီ အလုပ်မှာ စိတ်မောစရာတွေရှိနေကြပါတယ်။ ဆာရာရဲ့ခင်ပွန်းမက်က ပြဇာတ်သရုပ်ဆောင်ဖြစ်ပြီး အလုပ်ပြုတ်သွားပါတယ်။ ကံဆိုးတာက တစ်ရက်မှာ ဒန်နဲ့ မက်တို့ ‌ဈေး၀ယ်ရင်း ဘက်စာအုပ်ကို ဒန်ကမကြိုက်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ ကြားလိုက်ရတဲ့အခါ... ဘက်ရဲ့ ဒန်အ‌ပေါ် နှစ်ရှည်လများ ယုံကြည်ခဲ့တာတွေ ပျောက်ဆုံးသွားသလိုခံစားလိုက်ရတဲ့အခါ... တကယ်တမ်း လူတိုင်းက ကိုယ်ချစ်ရတဲ့သူတွေ အဆင်ပြေအောင် စိတ်သက်သာအောင် လိမ်တာမဟုတ်တဲ့ အဖြူရောင်မုသားတွေသုံးတတ်ကြတာကို သတိထားမိသွားတဲ့အခါ... ဒါက ခွင့်လွှတ်ဖို့ ထိုက်တန်လားဆိုတာကိုတော့ နာမည်‌ကျော် A24 ကနေ လတ်လတ်ဆတ်ဆတ်ထုတ်ထားတဲ့ ကားသစ်လေးကြည့်ရင်းဆုံးဖြတ်ပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 735MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama
7 2023 93 mins
You Hurt My Feelings
First Love
5.7

“The After” series ရဲ့အချောလေး Hero Fiennes Tiffin ရဲ့ 2022 ထွက် နောက်ထပ် romance drama တစ်ကားပဲဖြစ်ပါတယ်။ “ဘဝမှာ ပျော်ရွှင်မှုကိုစောင့်မျှော်နေလို့ပဲမရဘူး။ အဲဒီပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူမှပဲရနိုင်မှာ။” (Ann) “အမှတ်တရကောင်းတွေထက် ပိုပြီးခိုင်မာတဲ့အရာ .. ကောင်းတဲ့အရာမရှိဘူး။ အထူးသဖြင့် ကိုယ့်ရင်သွေးတွေနဲ့အတူဖြတ်သန်းရတဲ့အခါဆိုရင်ပေါ့ ..” (Greg) ရှက်တတ်ပြီး တော်ရုံဆိုဘယ်သူနဲ့မှလည်းမပေါင်း သူငယ်ချင်းတွေအတူတူလုပ်တဲ့ပါတီပွဲတွေလည်းတက်လေ့မရှိဘဲ သူ့ဟာသူတစ်ကိုယ်တည်းသာနေတတ်တဲ့ အထက်တန်းကျောင်းသားလေး Jimဟာ တစ်နေ့မှာတော့ သူနဲ့လုံးဝကိုအကျင့်စရိုက်ကွဲပြားပြီး သူငယ်ချင်းအပေါင်းသင်းများပြီးပျော်ပျော်နေတတ်တဲ့ Annကို စိတ်ဝင်စားသွားပါတော့တယ်။ ဒါကတော့ Jim ရဲ့ First Love အစပေါ့။ ဒီလိုနဲ့နှစ်ယောက်သား ပိုနီးစပ်သွားပြီး ချစ်သူတွေဖြစ်သွားပေမယ့်လည်း ရည်မှန်းချက်ကအစ အကျင့်စရိုက်အဆုံး ဘာမှမတူတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဖုအထစ်လေးဖြစ်လာတဲ့အခါ .. တစ်ဖက်မှာလည်း Jim ရဲ့မိဘတွေဖြစ်တဲ့ Greg နဲ့ Kay တို့ကလည်း အသက် ၁၇ နှစ်အရွယ်ကစသိခဲ့တဲ့သူနဲ့ပဲ ချစ်ကြိုက်ပြီးလက်ထပ်ထားတဲ့ အချစ်ဦးနဲ့ဖူးစာပါထားတဲ့အတွဲပါ။ လက်ရှိမှာတော့ Gregဟာ 2008ခုနှစ် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စီးပွါးပျက်ကပ်ဆိုက်ပြီး အလုပ်ထုတ်ခံလိုက်ရတာကြောင့် စိတ်ဓာတ်တွေကျနေတာပါ။ တစ်သက်လုံးကြိုးစားခဲ့သမျှအားလုံးပျက်စီးသွားပြီး လက်မှိုင်ချစိတ်ဓာတ်ကျနေတဲ့ Greg နဲ့ နောက်အလုပ်တစ်ခုကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရှာပြီး ယောက်ျားကိုပံ့ပိုးဖို့သာ အားသန်နေတဲ့ Kay တို့ အယူအဆ သဘောထားတွေကွဲလွဲပြီး အချစ်ကိုချစ်စရာရယ်လို့ သတိပါမရနိုင်ကြတော့တဲ့အခါ .. ဆယ်ကျော်သက်လူငယ်တွေရဲ့ ကြည်နူးစရာအချစ်နဲ့ အခက်အခဲတွေအပြင် အိမ်ထောင်ကျပြီး သက်တမ်းတွေကြာနေပြီဖြစ်တဲ့ အချစ်တို့ကိုနှိုင်းယှဉ်ပြထားတာမို့ romance dramaကြိုက်သူတွေအဖို့တော့ အပျင်းပြေကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Romance, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 658MB |276MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

Action • Crime • Thriller
5.7 2022 95 mins
First Love
The Tragedy of Macbeth
7

မင်းသားကြီး ဒန်ဇယ်ဝါရှင်တန် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရယ် အကောင်းဆုံး Cinematography ဆု အကောင်းဆုံး Production Design ဆု အော်စကာသုံးဆု ဆန်ကာတင်ဝင်နေတဲ့ ရုပ်ရှင်ကြီးတစ်ခုကို တင်ဆက်ပေးထားပါတယ်။ ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် ပြဇာတ်ကြီးကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ မူရင်း ပြဇာတ်စကားတွေကို အသုံးပြုထားတာမို့ တိုက်ရိုက်ဘာသာပြန်ရင် အတော်ကို ဖတ်ရပြန်ရ ခက်ခဲတာမို့ စကားပြေအနေနဲ့ ဘာသာပြန်ပေးထားပါတယ်။ အကုန်လုံးမှန်မယ်လို့တော့ သေချာမပြောရဲပါဘူး။ ဒီပြဇာတ်ထဲက စာသားတွေကို ရုပ်ရှင်တွေ စာအုပ်တွေ အများကြီးမှာ ပြန်လည်ကိုးကားအသုံးပြုထားကြပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုထားတာတွေလည်းအများကြီးပါပဲ။ ဥပမာ V for Vendetta ရုပ်ရှင်မှာဆို I dare do all that may become a man; Who dares do more is none (ယောကျာ်းကောင်းတစ်ယောက်လုပ်ဝံ့တဲ့အရာအားလုံး ငါလုပ်ဝံ့တယ်၊ မလုပ်သင့်တာကို လုပ်ရဲတဲ့သူဟာ ယောကျာ်းကောင်းမဟုတ်ဘူး) ဆိုပြီး သုံးခဲ့တာမျိုး၊ Harry Potter မှာ "Double, double, toil and trouble, something wicked this way comes" ဆိုတဲ့ ဂါထာကို ပြန်သုံးတာမျိုး၊ Beauty and The Beast ထဲမှာ "screw their courage in the sticking place." ဆိုတာမျိုး၊ Birdman ရုပ်ရှင်ထဲမှာပြောသွားတဲ့ "Tomorrow and tomorrow and tomorrow" ဆိုတာမျိုး စသဖြင့် အများကြီးပါပဲ။ စကားလုံးလှပမှုတွေအပြင် ဇာတ်လမ်းကလည်း စံတင်လောက်အောင် ရသမြောက်ပါတယ်။ ပြဇာတ်စာသားအားလုံးမပါဘဲ ချုံ့ထားတာမို့ စိတ်ဝင်စားရင်တော့ ပြဇာတ်မူရင်းကို ရှာဖတ်ကြည့်လိုက်ပါ။ ဒီရုပ်ရှင်ထက် ပိုလှတာတွေ့ပါလိမ်မယ်။ ဇာတ်လမ်းအကျဉ်း စကော့တလန်နိုင်ငံရဲ့ ဂလမ်းစ်နယ်စား မက်က်ဘက်သ်ဟာ အင်အားကြီးလှတဲ့ ရန်သူတွေကို ရဲရဲရင့်ရင့်အနိုင်ယူခဲ့ပြီး သူ့မိတ်ဆွေဘန်ကိုနဲ့အတူ အပြန်လမ်းမှာ စုန်းမသုံးယောက်နဲ့ တွေ့ခဲ့ပါတယ်။ စုန်းမတွေက မက်က်ဘက်သ်ကို ဂလမ်းနယ်စားရာထူးအပြင် ကော်ဒေါ်နယ်စားရာထူးကိုပါ ရရုံမက ဘုရင်ဖြစ်လာလိမ့်မယ့်လို့ ဟောပြောသွားခဲ့တယ်။ သူ့သူငယ်ချင်း ဘန်ကိုကိုတော့ ဘုရင်မဖြစ်နိုင်ပေမဲ့ ဘန်ကိုရဲ့သားသမီးတွေဟာ ဘုရင်ဖြစ်လာလိမ့်မယ်လို ဟောပြောခဲ့ပါတယ်။ ဒီဟောကိန်းကြောင့် မက်က်ဘက်သ်တစ်ယောက်စိတ်ရိုင်းတွေဝင်လာပြီး မလုပ်သင့်တာတွေကို လုပ်မိလာပါတော့တယ်။ ရှိတ်စပီးယားရဲ့စကားအတိုင်း Bad deeds force you to commit more bad deeds (ဒုစရိုက်လုပ်ရပ်တွေဟာ နောက်ထပ်ဒုစရိုက်လုပ်ရပ်တွေ ထပ်လုပ်မိစေတယ်) ဆိုသလို မက်က်ဘက်သ်တစ်ယောက် မိုက်တွင်းအနက်ကြီး နက်လာတဲ့အခါ.... File size…(2 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Crime • Drama • Mystery
7 2021 105 mins
The Tragedy of Macbeth
Birds Like Us
6

Birds Like Us ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Director Faruk Šabanović နဲ့ Amela Ćuhara တို့က ပုံဖော်ရိုက်ကူးပေးထားပါတယ်။ လူသူနဲ့ဝေးရာ ငှက်ရိပ်မြုံကြီးတစ်ခုစီမှာ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးစိတ်လေးတွေ... တစ်ချိန်လုံး မျက်စိပိတ်နားပိတ်နေထိုင်ခဲ့ကြရာကနေ ကိုယ့်ပင်ကိုယ်သဘာဝဖြစ်တဲ့ ပျံသန်းနိုင်ခြင်း အတတ်ကိုပါ မေ့လျော့လာကြတဲ့အခါ... ငှက်အရှင်သခင်ကြီးရဲ့ ခြယ်လှယ်ကြီးစိုးမှုအောက်မှာပဲ ဆက်ပြီးနေထိုင်ကြမလား? လောကကြီးနဲ့ထိတွေ့ဖို့ ကြိုးစားလာကြမှာလား? ကိုယ့်သဘာဝကိုယ်ရော ပြန်လည်ရှာတွေ့နိုင်ကြမှာလား? သူတို့တွေ ဘယ်လိုရှင်သန်ရုန်းကန်ကြမလဲ စတဲ့ လောကသဘာဝရဲ့ ဖြစ်ပျက်မှုအစုံစုံကို ငှက်ကလေးတွေကပုံဖော်ပြသပေးသွားမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thu Soe ဖြစ်ပါတယ်။) File Size - (1.33 GB) / (730 MB) / (316 MB) Quality – WebRip - (1080p) / (720p) / (360p) Duration - 1hr 24min Subtitle – Myanmar Hardsub Format – MP4 Genre : Animation, Adventure, Fantasy Translator – May Thet Khine Soe Encoder – San Win Maung

Action • Animation • Horror
6 2022 84 mins
Birds Like Us
The New Mutants
6.2

X men ရုပ်ရှင်အသစ်ထွက်လာနြပ်ပါပြီ။ ဒါကတော့ စူပါဟီးရိုးကို ဟော်ရာနဲ့ ပေါင်းထားတာပါပဲ။ သရုပ်ဆောင်တွေကလည်း အားလုံး ရင်းနှီးထားတဲ့သူတွေချည်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်အရွယ် ကိုယ့်ကိုယ်ကိုယ် သန္ဓေပြောင်းလူသားမှန်း ခုမှ စသိလာတဲ့ လူငယ်လေးတွေကို အိမ်ကြီးတစ်လုံးထားမှာ ပိတ်ထားပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ အစွမ်းတွေက အန္တရာယ်များလွန်းပြီး မထိန်းချုပ်နိုင်သေးတဲ့အတွက် လူတွေ မတောတဆ သေတာတွေ ဖြစ်ခဲ့လို့ပါပဲ။ သူတို့ အဲဒီမှာ စိတ်ကုထုံးတွေခံယူပြီး၊ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ပြီဆိုမှာ X-Men တွေရဲ့ ကျောင်းကို လွှဲပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းအားရှင်တွေချည်းပဲ စုနေတဲ့ အိမ်ထဲမှာမှ ပဟေဠိဆန်တဲ့ ကြောက်စရာတွေ ဖြစ်လာတဲ့အခါ File size… 1 Gb / 500 Mb Quality… Bluray 1080p / 720p Format…mp4 Duration….01:35:00 Genre … Horror, Sci-Fi, Action Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo

Comedy • Drama
6.2 2020 94 mins
The New Mutants
Thundu
5.5

Thundu (2024) ရဲအရာရှိဘေဘီ IMDb-5.7/10 ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်း‌လုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။ နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး…။ ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။ အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်

Comedy • Romance
5.5 2024
Thundu
Little Wing
5.7

ဒီဇာတ်လမ်းလေးကတော့ coming-of-age ရုပ်ရှင် အမျိုးအစားလေးဖြစ်ပြီး တစ်ခါလောက် ငယ်မူပြန်ရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ…။ မိသားစုဆိုတာဘာလဲ…၊ ဘဝမှာ ကိုယ်လိုချင်တာထက် ကိုယ်ဖြစ်သင့်တာ၊ အများအတွက်လုပ်ပေးသင့်တာကိုဦးစားပေးရတဲ့ခံစားချက်မျိုး၊ ချစ်ခြင်း၊မုန်းခြင်း၊ဝါသနာ၊လိုအင်စတဲ့ စိတ်ခံစားချက်အစုံကို ငယ်ဘဝရုပ်ရှင်လေးတစ်ခုတည်းမှာ ပြန်မြင်တွေ့ရမယ့် ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိတ်တလင်းဟာ ရှစ်တန်းကျောင်းသူအရွယ်လေးဖြစ်ပြီး မိဘနှစ်ပါးရဲ့ ကွာရှင်းမှုကြောင့် စိတ်ဓာတ်ကျနေသူလေးပါ။ ဖခင်ဖြစ်သူကထားသွားပြီးနောက် အကြွေးတွေဝိုင်းဝိုင်းလည်နေလို့ လက်ရှိနေနေတဲ့အိမ်ကလေးရောင်းချဖို့ အခြေအနေကြုံလာရပါတယ်။ ကိတ်တလင်းက ဒီလိုမဖြစ်ချင်ပါဘူး မိသားစုအမှတ်တရတွေ ရှိတဲ့လက်ရှိ အိမ်လေးမှာပဲ နေချင်ရှာပါတယ်…။ ဒါကြောင့် အကြွေးတွေဆပ်နိုင်ဖို့ အိမ်ကိုမဆုံးရှုံးဖို့ ကြံရင်းက ဒေါ်လာ တစ်သိန်းနှစ်သောင်းတန် ခိုတစ်ကောင်အကြောင်းကို ကြားမိပါလေရော…။ ဒီခိုလေးဟာ ပြိုင်ပွဲဝင်ခိုတွေထဲမှာ အမြန်ဆုံးလို့ကျော်ကြား တာ‌ကြောင့် ဒီလောက်ထိတန်ကြေးရှိတာပါ…။ အသက် ၁၃နှစ်အရွယ်ကလေးသာသာ ကိတ်တလင်းဟာ ဒီခိုကိုသာရအောင်ခိုးနိုင်ရင် အဆင်ပြေပြီဆိုပြီး ကြံမိကြံရာ ကြံပါတော့တယ်….။ ကိတ်တလင်းတစ်ယောက် ဒီဒေါ်လာသိန်းချီတန်တဲ့ ခိုလေးနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ၊ တကယ်ပဲခိုးနိုင်မလား၊ အိမ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ File size…1.31GB / 584MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Thriller
5.7 2024
Little Wing
Gam Gam Ganesha
7

Gam Gam Ganesha (2024)”ဂျင်ပေါ်က ထုံးများ” ===================================== Baby (2023) ရုပ်ရှင်ထဲက အချစ်ကံခေသူ သုံးဘီးဆရာလေး၊ ဗီဂျေးအသေးရဲ့ကလုန်း မင်းသား အာနန်ဒေဗီရာကွန်ဒါရဲ့ IMDb 7.7 ရထားတဲ့ အသစ်ထွက် အက်ရှင်ဟာသရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက်ကတော့ ဂန်းနစ်ရှ်ဆိုတဲ့ တက်သစ်စ အချိန်ပိုင်း လူငယ်ဖောက်ထွင်းဝိဇ္ဇလေးပါ။ သူဟာ လုပ်ရည်ကိုင်ရည် သေသပ်လွန်းလို့ ဖောက်ထွင်းမှုတစ်ခါလုပ်တိုင်း တစ်ခါလူမိခံနေရတဲ့သူပေါ့။ တစ်နေ့မှာတော့ ဂန်းနစ်ရှ်ဟာ ရွာတစ်ရွာရဲ့ ဘုရားပွဲထဲထဲမှာ ဖောက်ထွင်းမှုကြီးတစ်ခု ကျူးလွန်ဖို့ကြိုးစားနေတုန်းမှာ အဲဒီဘုရားပွဲထဲမှာပဲ ကိစ္စကြီးတစ်ခုလုပ်ဖို့ ကြံစည်နေတဲ့ လက်ရဲဇတ်ရဲအမတ်မင်းတစ်ယောက်ရဲ့ လက်မရွံ့လက်ပါးစေ ရူဒရာဆိုတဲ့ လူမိုက်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး ငြိကုန်ကြပါတော့တယ်။ ဂန်းနစ်ရှ်က ဘာတွေခိုးဖို့ ကြံစည်နေတာလဲ၊ ရူဒရာကရောဘုရားပွဲထဲမှာ ဘာတွေလုပ်နေတာလဲ၊ ရူဒရာ့လို လက်မရွံ့တစ်ယောက်ကို ဂန်းနစ်ရှ် ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7 2024
Gam Gam Ganesha
We (Wij
5.6

We (Wij 2018) IMDb – 5.6/10 Genre – Drama (ပွင့်လင်းမြင်သာတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွက်များ ကိုယ်လုံးတီးခန်းများ ပါဝင်သောကြောင့် ၁၈ နှစ်အောက်များ သို့မဟုတ် မိသားစုနဲ့အတူ မကြည့်ဖို့ တိုက်တွန်းလိုပါသည်။) ဆယ်ကျော်သက်လူငယ်တွေ အတတ်ကျူးပြီး ပဲ့ကိုင်ဆုံးမပေးမယ့်လူ မရှိရင် ဘယ်လောက်ထိ လမ်းချော် သွားနိုင်သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြထားတဲ့ ဘယ်ဂျီယံကားလေး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဆယ်ကျော်သက်တစ်ယောက် အလွန်ဆုံး ဆိုးသွမ်းနိုင်ရင် လောင်းကစားလုပ် ဆေးချ အရက်သောက် ဒီလောက်ပဲ ဆိုပေမဲ့ သူတို့လို ပွင့်လင်းမြင်သာတဲ့ ဥရောပဖက်က ဆယ်ကျော်သက်တွေ တကယ်ကြမ်းလာရင် လိုက်မမှီတာကို မြင်ရမှာပါ။ ဇာတ်လမ်းလေး တည်ဆောက်ထားတဲ့ပုံက သူငယ်ချင်း ၈ ယောက် (ကျား ၄ မ ၄) မြို့လေးတစ်မြို့မှာ အတူတူပေါင်းသင်းကြပြီး လုပ်စရာမရှိ ပျင်းလာတဲ့အခါမှာ လောကကြီးကို စူးစမ်းလေ့လာကြမယ်ဆိုပြီး မလုပ်သင့်တာတွေ လုပ်သင့်တာတွေ နားမလည်ပဲ အကုန်လျှောက်လုပ်ကြပါတယ်။ အစပိုင်းတော့ အချင်းချင်းပဲ ပွင့်လင်းစွာ လိင်ဆက်ဆံရာကနေ ငွေပိုရချင်ရင် အပြာကားရိုက်ပြီး လိုင်းပေါ်တင်ကြမယ် ဘာညာနဲ့ လုပ်ကြပြုကြရင်း ငွေတွေအများကြီးရတော့ ထိန်းမရ သိမ်းမရပဲ သောင်းကျန်းနေခဲ့တာပေါ့။ ဒါပေမဲ့လည်း ဒီလောက်ဖြစ်ပျက်နေတာကို အားမရပဲနဲ့ တော်တော်ကို ဆိုးရွားတဲ့ နောက်တစ်ဆင့်ကို တက်လာပြီး ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာတဲ့အခါမှာတော့….။ သူငယ်ချင်း ၈ ယောက်ထဲက ၄ ယောက်ဖြစ်သူရဲ့ တရားခွင်မှာ ထွက်ဆိုချက်ပေးတာကို နောက်ကြောင်းပြန်ပြတဲ့အနေနဲ့ အပိုင်း ၄ ပိုင်း ခွဲပြီး တင်ဆက်ထားပါတယ်။ နောက်ဆုံးမှာ မထင်မှတ်ထားတာတွေ ပါပါတယ်။ ထင်ရာစိုင်းပြီး ခေတ်မှီနေကြတဲ့ ဆယ်ကျော်သက်လေးတွေ နဲ့ ပတ်သက်ပြီး ထိန်းကျောင်းမှုတွေ သွန်သင်ဆုံးမဖို့အတွက် ပညာရစရာတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ File size… 1.4 GB / 642 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

Comedy
5.6 2018
We (Wij
The Unwavering Brotherhood / Triad 3
6.1

ဒီတစ်ခါမှာတော့ CM ကနေဟောင်ကောင် ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဟောင်ကောင်မှာ အကြီးမားဆုံးကုမ္ပဏီအုပ်စုထျယ်ဦးလေးအဖွဲ့မှာ အားချွမ်နဲ့ ဟွားကျင်လို့ခေါ်တဲ့သူငယ်ချင်းနှစ်ယောက် နှစ်ဆယ်နဲ့ချီညီအစ်ကိုတွေလိုနေလာခဲ့တာပေါ့။ ဒါပေမဲ့ နှစ်ဦးသားရဲ့စိတ်ဓါတ်ကတော့အလွန်အမင်းကိုကွာခြားလှတယ်။ အားချွမ်ကတော့ အာဏာကိုမက်မောပြီး ပိုက်ဆံကိုရူးသွပ်ပြီးတော့ ခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့နေရာမှာ သူ့ကိုရွေးဖို့သိမ်းသွင်းတာပေါ့။ ဒါပေမဲ့ အထက်ပိုင်းထျယ်ဦးလေးအဖွဲ့က ဟွားကျင်ကို ခေါင်းဆောင်ပေးဖို့ဆုံးဖြတ်ထားတယ်။ဟွာကျင်က အရမ်းကိုဖြောင့်မတ်ကြင်နာတတ်ပြီး ကုမ္ပဏီက ချမှတ်ထားတဲ့ မည်သို့ပင်ငွေမက်မောနေပါစေ မူးယစ်ဆေးနှင့်မပတ်သက်ရ။ မလုယက်ရစည်းကမ်းကို နာခံတယ်။ အားချွမ်းကတော့ဒါတွေကိုဆန့်ကျင်ပြီး ပတ်သက်နေတာကြောင့် ခေါင်းဆောင်ကိုမပေးချင်ကြဘူး ဟွာကျင်လက်အောက်ငယ် အားဖေး၊အားကျီနဲ့ အားဟွာတို့ညီအစ်ကို သုံးယောက်ရှိကြတယ်။ သူတို့ကိုဟွားကျင်ကသားအရင်းလိုဆက်ဆံပြီး လမ်းမှန်ရောက်အောင် သင်ပေးသလို သူတို့သုံးယောက်ကလည်း သစ္စာရှိရှိ အစ်ကိုကြီးလို့ခေါ်ကြတယ်။တနေ့မှာတော့ ကုမ္ပဏီပိုက်ဆံ ငွေသိန်းဆယ်ချီကိုသူတို့သုံးယောက်ဆီလွှဲပေးပြီး တဖက်ဝယ်သူထံပေးဖို့တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့လမ်းမှာတင်လုယက်ခံလိုက်ရလို့ ထျယ်ဦးလေးတစ်ဖွဲ့လုံးက ဟွားကျင်ရဲ့လက်အောက်ငယ်သား သုံးယောက်ကို အပြစ်တင်ကြတယ်။ဒီလိုနဲ့ ဟွားကျင်ကနောက်ကွယ်ပြုလုပ်သူကို ဖော်ထုတ်မယ်လို့ပြောခဲ့တယ်။တကယ်တမ်းမှာတော့ ဒီသိန်းဆယ်နဲ့ချီပိုက်ဆံယူထားတဲ့လူကတော့ အားဖေး အားကျီနဲ့အားဟွာတို့ဖြစ်ကြပြီး အားဖေးရဲ့ညီမလေးက သွေးကင်ဆာဖြစ်နေပြီး ဆေးရုံစရိတ်အကြွေးတင်နေကြတယ်။ အဲ့အချိန်မှာပဲ အားကျီရှယ်ယာဝယ်လို့အရူံးတွေပေါ်နေတယ် ဒါကြောင့်ဒီပြဿနာတွေကိုဖြေရှင်းဖို့ ပိုက်ဆံကို‌လုယူဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကို အားဟွာကအစ်ကိုကြီး ဟွားကျင်ကို အလုံးစုံပြောပြတဲ့အချိန် အားချွမ်ပြဿနာရှာတော့မယ်ဆိုတာကို ဟွားကျင်ကကြိုသိနေလို့သူ့လက်အောက်ခံသုံးယောက်ကို ရှောင်ပုန်းခိုင်းတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်နေကြမလဲ။ အာဏာကိုမက်မောသူရဲ့အဆုံးသတ်က မလှပပေမဲ့ အသက်ရှင်နေချိန် လောင်မြိုက်နေတဲ့လောဘတရားကို မြင်သာအောင်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်

6.1 2024
The Unwavering Brotherhood / Triad 3
Dinner with Friends
6.1

၁၉၉၈ ခုနှစ်က ပြဇာတ်ရေးဆရာ Donald Margulies ရဲ့ ပူလစ်ဇာဆုရပြဇာတ်ကို မှီငြိမ်း ရိုက်ကူးထားတာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းလည်း ကြာပြီဖြစ်သလို သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလည်း ကြာပြီဖြစ်တဲ့ အိမ်ထောင်သည်စုံတွဲ (၂) တွဲဖြစ်တဲ့ ဂေ့ဘ် နဲ့ ကယ်ရန်၊ တွမ် နဲ့ဘက် ဟာ ကလေး (၂) ယောက်စီရပြီးချိန်အထိ အစားအသောက်ဝေဖန်ရေးဆောင်းပါးရှင် ဂေ့ဘ် နဲ့ ကယ်ရန် တို့ရဲ့ လက်ရာကို မြည်းစမ်းကြရင်း ဂေ့ဘ်တို့အိမ်မှာ ညစာပါတီကျင်းပကြတဲ့ အလေ့အထကို နှစ်များစွာကြာအောင် ထိန်းသိမ်းခဲ့ပါတယ်။ တစ်ညမှာ ဘက် နဲ့ ကလေး (၂) ယောက်ပဲ ဂေ့ဘ်တို့ရဲ့ ညစာစားပွဲကို ရောက်လာနိုင်ခဲ့ပါတယ်။ တွမ်တစ်ယောက် ဒီစီကို သွားနေရတယ်လို့ ဘက်ကပြောပြီး ညစာကို ထုံးစံအတိုင်း အတူတူစားပြီးတဲ့နောက် ဂေ့ဘ်နဲ့ ကယ်ရန်ကလည်း သူတို့ရဲ့ ခရီးစဉ်အကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောနေကြပါတယ်။ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပြီး စိတ်တူကိုယ်တူပြောဆိုနေကြတဲ့ ဂေ့ဘ် တို့ (၂) ယောက်ကိုကြည့်ပြီး ဘက်က မခံစားနိုင်တော့ဘဲ ရင်ဖွင့်လာခဲ့ပါတော့တယ်။ တွမ်က သူ့ကို ထားခဲ့တော့မှာဖြစ်တဲ့အကြောင်း၊ နန်စီဆိုတဲ့လေယာဉ်မယ်နဲ့ တွေ့နေပြီဆိုတဲ့အကြောင်း သူ့ကို ရင်ဖွင့်ခဲ့တာတွေ၊ သူတို့ ကွာရှင်းတော့မယ်ဆိုတဲ့အကြောင်းတွေကို ပြောရင်းနဲ့ ငိုချလာခဲ့ပါတော့တယ်။ အားရပါးရ ရင်ဖွင့်ခဲ့ပြီးနောက်မှာတော့ ဘက်က ကလေး (၂) ယောက်နဲ့အတူ အိမ်ကို ပြန်လာခဲ့ပါတယ်။ ထိုအချိန်မှာ ဒီစီကို သွားနေပြီဖြစ်တဲ့ တွမ်ကလည်း ရောက်ချလာခဲ့ပြီး လေယာဉ်ခရီးစဉ် ဖျက်သိမ်းလို့ ပြန်လာခဲ့တာဖြစ်ကြောင်း ဘက်ကို ပြောပြကာ ညစာစားပွဲအကြောင်းကို မေးမြန်းခဲ့ပါတယ်။ နည်းမျိုးစုံအစ်အောက် မေးမြန်းပြီးနောက်မှာ တွမ်က ဂေ့ဘ်တို့ကို ရင်ဖွင့်ခဲ့ပြီလားလို့ စွပ်စွဲမေးမြန်းခဲ့ပါတယ် သူတို့ (၂) ယောက်လုံးဆုံမှ ကွာရှင်းမယ့်အကြောင်း ဂေ့ဘ်နဲ့ကယ်ရန်တို့ကို မျက်နှာချင်းဆိုင်ပြောဖို့ သဘောတူထားတာ ဖြစ်တဲ့အကြောင်း တစ်ယောက်တစ်ခွန်း ပြောကြရင်း ရန်ဖြစ်ခဲ့ကြပါတယ်။ လုံးလားထွေးလားအခြေအနေကနေ ပွေ့ဟယ်ဖက်ဟယ် နဲ့ ချစ်ပွဲဝင်ခဲ့ကြပြန်ပါတယ်။ ဂေ့ဘ်နဲ့ ကယ်ရန်တို့ကလည်း ဘက်စကားကိုပဲ မယုံသင့်ကြောင်း၊ တွမ်ရဲ့စကားကိုလည်း နားထောင်သင့်ကြောင်း ဂေ့ဘ်က တစ်ဖက်၊ ကယ်ရန်ကလည်းမိသားစုအပေါ် သစ္စာဖောက်သွားတဲ့ တွမ့်ကို ခွင့်မလွှတ်သင့်ကြောင်း ငြင်းခုန်နေချိန်မှာပဲ တွမ်က ပေါက်ချလာခဲ့ပါတော့တယ်။ ကယ်ရန်က တွမ်ကို မတွေ့ချင်ပေမယ့် ဂေ့ဘ်က မေတ္တာရပ်ခံခဲ့တာကြောင့် ဧည့်ခံစကားပြောခဲ့ပေမယ့် သဘောထားချင်း မတိုက်ဆိုင်ကြဘဲ စိတ်ဆိုးပြီး အိပ်ရာဝင်သွားပါတော့တယ်။ တွမ်က ဂေ့ဘ်တစ်ယောက်တည်းကိုပဲ ဘက်က သူ့ကို မထိတွေ့တော့တဲ့အကြောင်း၊ သူ စမ်းသပ်မှုတစ်ခု လုပ်အပြီးမှာတော့ ဘက်က သူ့ကို တစ်ပတ်တိတိ မထိတွေ့ဘဲနေနိုင်ကြောင်း သိပြီးတဲ့အခါမှာ ကြေကွဲရပုံတွေကို ရှင်းပြရင်း သူနဲ့ စိတ်သဘောထားချင်းတူတဲ့ နန်စီကို တွေ့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ နှစ်ဦးနှစ်ဖက် ဘယ်သူမှားတယ်မှန်တယ်ဆိုတာကို လက်ညှိုးထိုး ငြင်းခုန်နေကြမလား၊ တစ်ယောက်အမှားကို တစ်ယောက်ခွင့်လွှတ်ပြီး ရှေ့ဆက်ကြမလား၊ အိမ်ထောင်ရေးဆိုတာကလည်း အချစ်တွေနဲ့ လက်ထပ်ခဲ့ကြပေမယ့် နှစ်များစွာကြာတော့မှ အပြစ်တွေမြင်လာခဲ့ပြီး ကိုယ်က မနက်ခင်းတိုင်းကို သူစိမ်းတစ်ယောက်ဘေးကနေ နိုးထနေရပါလားဆိုတဲ့ အသိဝင်လာတတ်ကြပါတယ်။ အိုမင်းတဲ့အထိ ပေါင်းသင်းခဲ့ကြတဲ့သူတွေကရော တစ်ယောက်ကိုတစ်ယောက် ဘယ်နှစ်ကြိမ်အထိ ခွင့်လွှတ်ခဲ့ကြပြီးပြီလဲ။ ခွင့်မလွှတ်နိုင်လို့ ကိုယ့်ရဲ့အစစ်အမှန်လက်တွဲဖော်ကို ရှာဖွေတဲ့သူတွေကိုရော အပြစ်ဆိုရမှာလား။ အတွေးပေါင်းများစွာ ပေးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရပါလိမ့်မယ်။ File Size : 2 GB, 997 MB Quality : WEB-DL 1080p / 720p Running Time : 1hr 34min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

6.1 2001 94 mins
Dinner with Friends
Scooby-Doo! Adventures: The Mystery Map
5.2

ဒီဇာတ်လမ်းမှာတော့ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက် ပီဇာဝယ်စားရင်း ပီဇာမုန့်ထဲက ရတနာသိုက်မြေပုံတစ်ခု ရလာပြီး အဲဒီမြေပုံအတိုင်း ရတနာသိုက်ကို လိုက်ရှာဖို့ ပြင်ဆင်ကြပါတော့တယ်။ အဲဒီမြေပုံက နာမည်ကျော် ပင်လယ်ဓါးပြကြီးတစ်ယောက်ရဲ့ မြေပုံကြီးဖြစ်နေတာမို့ ရတနာတွေအများကြီးရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှာပုံတော်ဖွင့်ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ရှာပုံတော်ခရီးမှာ ပင်လယ်ဓါးပြကြီးနဲ့ သူ့လက်စွဲတော် ကြက်တူရွေးကြီးရဲ့ ဝိညာဉ်တွေရဲ့ နှောင့်ယှက်မှုတွေ၊ သူတို့လိုပဲ ရတနာသိုက် လာရှာတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ စသဖြင့် အနှောင့်အယှက် မျိုးစုံကြားကနေ ရတနာသိုက်ကြီးကို ရှာတွေ့သွားမလား၊ ဘယ်လိုပြဿနာမျိုး ပဟေဠိမျိုးတွေ ကြုံရဦးမလဲဆိုတာ Stop Motion Puppet အန်နီမေးရှင်းပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။ File Size : 998 MB, 473 MB Quality : WEB-DL 1080p / 720p Running Time : 44min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

5.2 2013 42 mins
Scooby-Doo! Adventures: The Mystery Map
One Night with Adela Una noche con Adela
5.4

One Night with Adela (2023) IMDb Rating (5.4) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ အဒယ်လာဟာ မက်ဒရစ်စည်ပင်က သန့်ရှင်းရေးကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီညမှာတော့သူဟာ တစ်သက်လုံးစာရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ ဒီဘ၀ရောက်အောင်တွန်းပို့ခဲ့သူတွေကို ရက်ရက်စက်စက်ပြန်ကလဲ့စားချေဖို့ စိတ်ကူးထားပြီး အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း ကိုယ်တွေ့ဇာတ်လမ်းတွေရင်ဖွင့်ရာ ရေဒီယိုအစီအစဉ်ကိုဖုန်းဆက်ပြီးပြောပြနေပါသေးတယ်။ သူကလဲ့စားချေမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ ? သူ့အပေါ်ဘယ်လိုလုပ်ရပ်တွေကျူးလွန်ခဲ့လို့ ဒီလောက်အထိနာကျည်းနေရတာလဲ? ကလဲ့စားချေဖို့အတွက် သူ့အစီအစဉ်တွေကဘာတွေဖြစ်နေမလဲ? ဇာတ်လမ်းအစအဆုံးကို one-shot ရိုက်ချက်နဲ့ဖန်တီးထားပြီး စကားလုံးတွေ၊ တင်ပြပုံတွေကိုလည်းစိတ္တဇဆန်ဆန် ဖွဲ့စည်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေ၊ မူးယစ်ဆေးသုံးစွဲမှုတွေ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့သတိထားရမယ့် ဇာတ်ကားလည်းဖြစ်ပါ တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.8 GB) / (910 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:47:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Mystery • Action • History • Comedy • Crime
5.4 2023 105 mins
One Night with Adela Una noche con Adela