YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Slapface.2021.720p.AMZN.WEB-DL.DDP2.0.(CM).mp4

355.04 MB N/A video/mp4 186 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Sweet Sugar
3.9

Sweet Sugar (1972) Sweet Sugar ဟာ သူ့ရှေ့က မိန်းမထောင်ကားတွေလိုလို မိန်းမထောင်ကား ဆန်ဆန်ပါပဲ။ ဒီလိုကားတွေ အဲဒီကာလမှာ တော်တော်ခေတ်စားခဲ့တယ်ထင်ပါတယ်။ စကီလေး မတရား ထောင်ကျ။ ထောင်မှာ အလုပ်ကြမ်းလုပ်ရ။ နောက်မတရားမှုတွေနဲ့ ကြုံလာ လွတ်ဖို့ကြိုးစား ဒါမျိုးတွေပေါ့။ မတူတာကတော့ ဒီကားမှာ Sugar လို့ခေါ်တဲ့ ခပ်လန်းလန်း ကာရိုက်တာမလေး ပါဝာာပါပဲ။ Sugar ဟာ တစ်ခါတလေ အေးစက်တယ်။ တစ်ခါတလေ နွေးထွေးတယ်။ တစ်ခါတလေ ချိုမြသလို တစ်ခါတလေ ခါးသက်တယ်။ တစ်ခါတလေ ခေါင်းပွတ်ခံရတာကြိုက်တဲ့ ခွေးကလေး။ တစ်ခါတလေ ဆတ်ဆတ်အထိမခံတဲ့ မြွေဟောက်မလေး။ ဒီလိုအဆိပ်ပြင်းပြီး ကြင်နာတတ်တဲ့ Sugar ရဲ့ Erotic ဇာတ်ကလေးမှာ နွေးထွေးကြမ်းတမ်းတဲ့ Sugar ရဲ့ အလှတရားတွေပါတာမို့ မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 670MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by RGB

Drama
3.9 1972 86 mins
[18+] Sweet Sugar
Black Warrant
5.6

2022 က ထွက်ရှိထားတဲ့ ခုကားလေးက​တော့ အက်ရှင်ကား​တွေ ကြိုက်တဲ့သူတွေကြည့်သင့်တဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကား​လေးပါ။ ကမ္ဘာ​ကို မီးဖျက်ဖို့ကြိုးစား​နေတဲ့ အကြမ်းဖက်သမား​တွေရဲ့အကြံကို တားဖို့ အ​သေဖမ်းဝရမ်းနဲ့ တာဝန်​ပေးခံရတဲ့ အ​ဖေဖြစ်သူနစ်ခ် နဲ့ နှစ်​ပေါင်းများစွာ အ​ဖေဖြစ်သူနဲ့ကွာ​ဝေး​နေပြီး မူးယစ်ရဲ ဖြစ်​နေတဲ့သားဖြစ်သူ အန်တိုနီတို့ မစ်ရှင်တစ်ခုတည်းကို ဘယ်လိုပူး​ပေါင်းပြီး တားမလဲဆိုတာကို အက်ရှင်ဆန်​ဆန်ရိုက်ပြ​ထားတဲ့ ကားလေးပါပဲ။ အ​ဖေနဲ့သားအကြားက နားလည်မှုလွဲတာ​တွေကို ဘယ်လိုပုံစံနဲ့ ​​ဖြေရှင်းကြမလဲ... ​ပေးထားတဲ့မစ်ရှင်ကိုလည်း သားအဖနှစ်​ယောက် ဘယ်လို အကြံ​ကောင်း​ကောင်း နဲ့ရင်ဆိုင်ရမလဲဆိုတာ​​တွေကို ​တွေ့ရမှာမို့လို့ တစ်​ခေါက်​လောက်​တော့ကြည့်သင့်တဲ့ အက်ရှင်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama • Mystery
5.6 2023 94 mins
Black Warrant
Red Heat
6.2

အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။ အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ဂျက်ကီချန်းရဲ့ Rush Hour တွေကို သတိရကြပါလိမ့်မယ်။ နိုင်ငံမတူတဲ့ရဲနှစ်ယောက် အမှုအတူလိုက်ရတဲ့ မှုခင်းဟာသလေးတွေပေါ့။ ရုရှားက ရာဇဝတ်ကောင် အမေရိကန်ကိုပြေးလာလို့ လိုက်ဖမ်းတဲ့ ရုရှားရဲကြီးနဲ့ နယ်ခံချီကာဂိုရဲတစ်ကောင်တို့ တိုင်ပတ်ကြ၊ ခွကျကြနဲ့ အမှုစုံထောက်ရပုံပါ။ Cast တွေကတော့ အဲဒီခေတ်ကာလ Legend တွေပါ။ Arnold Schwarzenegger ရယ်၊ James Belushi ရယ်တို့က ခေါင်းဆောင်မင်းသားနှစ်လက်‌ပေါ့။ ဗီလိန်နေရာမှာလည်း ဗီလိန် Legend ကြီး Ed O'Ross ပါဝင်သရုပ်ဆောင်ထားပါတယ်။ CM မှာ old but goodies တွေ တောင်းဆိုရတာခက်လို့ စောင်သည်းပေါက်နေကြတဲ့ လူကြီးမင်းများအတွက် ကြိုးစားပြီး တင်ဆက်ပေးလိုက်ပါတယ်ဗျို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1GB Quality - Blu-ray 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 44Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Crime • Drama
6.2 1988 104 mins
Red Heat
Good Luck Sakhi
5

‘ကံကောင်းမှုဆိုတာမရှိပါဘူး ကံတရားဆိုတာက ငါ့လက်ထဲမှာပဲရှိတယ်’ ဒီကားလေးကတော့ Feb 12 မှာမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ Sports Comedy အမျိုးအစား ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် သာမန်ရွာလေးတစ်ရွာက ဂေါ်လီပစ်ရင်းပေါ့ပေါ့ပါးပါးသွက်သွက်လက်လက် ကြီးပြင်းလာတဲ့ သာမန်ကောင်မလေးတစ်ယောက်ဟာ အရွယ်ရောက်လို့ လက်ထပ်ထိမ်းမြားရတော့မယ့်အချိန်မှာ ကံဆိုးစွာနဲ့ သတို့သားလောင်းက ဆုံးပါးသွားရပါတော့တယ် ဒီလိုနဲ့ အကြောင်းတွေတိုက်ဆိုင်သွားပြီး သေနတ်ပစ်လေ့ကျင့်ကာ ပြိုင်ပွဲဝင်ဖို့ ဖြစ်လာတဲ့အကြောင်းကို ကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးက အစအလယ်အဆုံး ပျင်းစရာမကောင်းဘဲ တက်ကြွဖျတ်လတ်နေတဲ့ မင်းသမီးလေးကလည်း အတော်ချစ်ဖို့ကောင်းပါတယ် ဝါရင့်မင်းသားကြီး Jagapathi Babu ရဲ့ သရုပ်ဆောင်ချက်တွေကလည်း မိမိုက်နေတာပါပဲ…ဇာတ်ဝင်တေးလေးတွေလည်း နားထောင်ကြည့်ရင် အတော်ကောင်းပြီး သီချင်းနောက်ခံဇာတ်ကွက်လေးတွေကလည်း ချစ်စရာရယ်စရာကောင်းတာမို့ တစ်ကားလုံးမရစ်ဘဲ ကြည့်လိုက်ဖို့ အကြံပေးလိုက်ပါရစေ File size…4Gb / 900MB Quality…1080p H264 AAC 5.1CH / 720p  AAC 2.0CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go - O & Shwe Pwint & Haruko

Horror
5 2022 118 mins
Good Luck Sakhi
Jericho Ridge
5.7

Jericho Rudge (2022) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Jericho Ridge ဆိုတဲ့ ဇာတ်ကားလေးကတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကား တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး နိုင်ဂျီးရီးယန်းမင်းသမီး Nikki Amuka-Bird ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပြီးတော့ “Origin” ဇာတ်လမ်းတွဲထဲက မင်းသား Philipp Christopher ကတော့ ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ တန်ပီတန်ပယ်ဆိုတဲ့ အမျိုးသမီးကိုဇာတ်အိမ်တည်ပြီးတော့ ရိုက်ထားပါတယ်။ တက်ဘီဟာ သူ့ခင်ပွန်းနဲ့ကွဲပြီးနောက်ပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလိုက်လို့ လမ်းမှာသမင်တစ်ကောင်ကို ရှောင်ရရင်းနဲ့ သူ့ခြေချင်းဝတ်ကျိုးသွားရှာပါတယ်။ ဒါပေမဲ့ သူ့က ရဲမေတစ်ယောက်ဖြစ်နေတော့ အလုပ်ကအရေးပေါ်လိုအပ်လာတော့လည်း ရဲစခန်းကိုပြန်သွားရတာပေါ့။ ဖြစ်ချင်တော့ သူလုပ်နေတဲ့ရဲစခန်းက သူအနားယူနေဆဲကာလမှာ အဖောက်ခံလိုက်ရတာပါ။ ဒါနဲ့ပဲ ရရာ သဲလွန်စကနေတစ်ဆင့် ဒီအမှုကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနဲ့ပဲ သူတို့ရဲစခန်းကို ဗီလိန်ကြီးက တစ်ခြားလူဟန်ဆောင်ပြီး ဝင်လာပြန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တက်ဘီကိုယ်တိုင် ရဲစခန်းထဲမှာရှိနေတဲ့အချိန်နဲ့တိုက်နေတော့ မသင်္ကာဖြစ်ပြီး တစ်ခြားရဲကို မေးကြည့်ရာမှ ဗီလိန်ဖြစ်နေတာကို သိလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဗီလိန်ကြီးက ရဲစခန်းကနေ တကယ်တမ်းဘာကို ရှာဖို့ကြိုးစားနေတာလဲ… ပထမဖြစ်ခဲ့တဲ့ ခိုးမှုကရော ဗီလိန်ကြီးနဲ့ပဲတကယ်ပတ်သက်နေတာလား… ဆိုတာကို အက်ရှင်ပေါင်းများစွာနဲ့ သဲထိတ်ရင်ဖို ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 675MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 27Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.7 2022
Jericho Ridge
Once Upon a Crime
5.2

Once Upon A Crime (2023) ငယ်ငယ်တုန်းက သဘောကျခဲ့ကြတဲ့ Cinderella နဲ့ ရွှေမင်းသားလေးကို ဂျပန်ဗားရှင်းနဲ့ ကြည့်လို့ရပါပြီ။ ဒီဇာတ်လမ်းမှာ တမူထူးခြားနေတာကတော့ “ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတစ်ပါး” လို့ မဟုတ်ဘဲ “ဟိုးရှေးရှေးတုန်းက လူသတ်မှုတစ်ခု” နဲ့ အစချီထားတာပါပဲ။ Fantasy/ Crime/ Mystery စတဲ့ Genre (၃) မျိုးကို တစ်ကားတည်းမှာ ကြည့်ရမှာမို့ ကြည့်မိလို့ နောင်တရမယ့်ကားမျိုးတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကိုယ်သိထားတဲ့ Cinderella ဇာတ်လမ်းကနေ ကွဲထွက်ပြီး ထူးခြားတဲ့ Plot တစ်ခုမို့ မြှုပ်ကွက်လေးတွေနဲ့အတူ ကြည့်လို့ကောင်းစေမှာပါပဲနော်။ ကဲ…စကားများရင် အမှားပါတတ်တာမို့ ကိုယ်တိုင်ကြည့်ပြီး ဝေဖန်သုံးသပ်လိုက်ကြပါဦး။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Khaing ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Comedy, Crime Quality…. 1080p | 720p File size…2GB } 966MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Khaing Encoder ….. Aaron

5.2 2023 105 mins
Once Upon a Crime
Alabama Moon
6.4

Alabama Moon (2009) ================= IMDb Rating – 6.4/10 ဇာတ်ကားကတော့ လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုကို ရှု့ထောင့်တစ်မျိုး ကနေ တင်ဆက်ပေးတာပါ။ ဒီဇာတ်ကားကို ကလေးသရုပ်ဆောင် ကားအဖြစ်ပုံဖော်ထားပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ ကြည့်ရှု သူပရိတ်သတ်တွေ တွေးတောကြဖို့ပါပဲ။ မွန်းနဲ့ သူ့ရဲ့အဖေတို့ဟာ အစိုးရရဲ့ ထိန်းချုပ်ကွက်ကဲမှုအောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းကနေ လွတ်မြောက်ဖို့အတွက် သစ်တောထဲမှာ သီးသန့် ကလေးသွားနေကြတာပါ။ ဒီအခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကြောင်း အရာတွေကိုတော့ မွန်းဆိုတဲ့ ကလေးက ရင်ဆိုင်သွားရပါတယ်။ အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လူ့အဖွဲ့အစည်းရဲ့ အခက်အခဲနဲ့ တောထဲမှာ သွားနေကြတဲ့ သားအဖရင်ဆိုင်ရတဲ့ ပြသနာတွေကို ယှဥ်ထိုးပြီးတော့ ရိုက် ကူးသွားတာဖြစ်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာကတော့ ကြည့် ရှုတဲ့ပရိတ်သတ်က ဆက်လက်တွေးတောရမှာပါ။ ဒီဇာတ်ကားနဲ့ပဲ မွန်း အဖြစ် သရုပ်ဆောင် ကလေး သရုပ်ဆောင် Jimmy Bennet ဟာ Young Best Artist ဆုအတွက် Best Performance in a Feature Film – Leading Young Actor 2010 အဖြစ် တင်သွင်းခြင်းခံရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.58 GB) / (640 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator…….Thy Santa Encoder……….SWM

6.4 2009
Alabama Moon
High and Low
8.4

High and Low (1963) ~ IMDb – 8.4/10, RT – 96%, Meta – 90% ~ အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ဘယ်ဟာက ပိုသာမလဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့ နှစ်ဘက်စလုံးအနေနဲ့ အရသာရှိတာတော့ အမှန်ပဲ။ နောက်တစ်ခုက ဒီကားကို ကောင်းကင်နဲ့ငရဲလို့ ပေးထားတာကို နားလည်နိုင်ပေမဲ့ ဇာတ်ကားအဆုံးမှာ နည်းနည်းတော့ တစ်မျိုးဖြစ်နေမိကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဒီကားရဲ့ ဂျပန်နာမည်က ကောင်းကင်မှ ငရဲသို့လို့ ပေးထားတာကို သိထားရင် အဆင်ပြေလောက်ပြီလို့ ထင်ရတာပဲ။ သူ့နာမည်နဲ့ဇာတ်ကားက အဟကို ကျွန်တော့်လို စိတ်မတင်မကျဖြစ်ကောင်းဖြစ်နေနိုင်မယ့်လူတွေအတွက် ကြိုပြောပြထားခြင်းပါပဲ။ ဆိုခဲ့သလို ဇာတ်က စစဖွင့်လိုက်ပြီဆိုတာနဲ့ တော်တော်လေးစိတ်ဝင်စားစရာကောင်းနေတယ်။ နာမည်ကျော်ဖိနပ်ကုမ္ပဏီက ဒါရိုက်တာလူကြီးတစ်ယောက်အိမ်ကို တခြားဒါရိုက်တာတွေလာပြီး နားချတယ်။ ချမရတော့ အဲဒီဒါရိုက်တာကို ဖြုတ်ဖို့ ကြံကြတယ်။ အဲဒီဒါရိုက်တာကလည်း မခေဘူး။ နောက်ကွယ်မှာ ရှယ်ယာတွေခိုးဝယ်ထားတာတွေရော ထပ်ဝယ်ဖို့ ပြင်ထားတာတွေရောက ကုမ္ပဏီတစ်ခုလုံးရဲ့ ရှယ်ယာထက်ဝက်လောက်ဖြစ်တော့မယ်။ သူအပိုင်သိမ်းတော့မယ်ပေါ့။ ကံဆိုးချင်တော့ သူကျန်တဲ့ရှယ်ယာတွေအတွက် ငွေချေရမယ့်ညမှာပဲ သူ့သားကို ပြန်ပေးဆွဲပြီး ယန်း သန်း၃၀တောင်းခံရတယ်။ သားသမီးဇောနဲ့ သူက ပေးမယ်။ ငွေကအများကြီးထပ်ရှာလို့ရတယ် ဘာညာလုပ်တာပေါ့။ ပြီးမှသိလိုက်ရတာက သူ့သားမဟုတ်ဘဲ သူ့ဒရိုင်ဘာရဲ့သားကို ပြန်ပေးဆွဲသွားတာဖြစ်နေတယ်။ သူပေးရမယ့်ငွေဆိုတာကလည်း သူရှယ်ယာဝယ်ချင်လို့ ရှိသမျှအကုန်‌ပေါင်နှံထားတဲ့ငွေတွေ။ ဒီတော့ ဒီငွေမရှိရင် သူဘဝပျက်မယ်။ သူ့သားအတွက်တော့ ပေးလိုက်နိုင်ပေမဲ့ ဒရိုင်ဘာရဲ့သားအတွက်ကျ သူပေးဖို့ လက်တွန့်နေတယ်။ ပြန်ပေးသမားကလည်း ကလေးမှားမှန်းသိသွားပေမဲ့ သူမပေးရင် ဘာဖြစ်ဖြစ် သတ်မှာပဲလို့ ခြိမ်းခြောက်လာတယ်။ ဇာတ်ကားနာမည်နဲ့ ဒီဇာတ်အဖွင့်ကို ပေါင်းစပ်ကြည့်လိုက်ရင် ဘယ်လိုဇာတ်မျိုးဖြစ်မလဲ ခင်ဗျားသိနေပြီလို့ ရေးတေးတေးထင်လာစရာအကြောင်းရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒီဇာတ်က ဒီထက်အများကြီး အကွေ့အကောက်များသလို သူ့တင်ပြချင်တဲ့ အကြောင်းအရာကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီထိရေးပြခဲ့တာက ဇာတ်ရဲ့အစပဲရှိသေးတယ်။ နောက်မှာ ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို ခင်ဗျားမြင်လာရလိမ့်မယ်။ ရဲတွေက ပြန်ပေးသမားကို ဖမ်းဖို့ကြိုးစားတာကလည်း စုံထောက်ရုပ်ရှင်တစ်ကားလို စိတ်ဝင်စားဖို့ကောင်းသလို ပြန်ပေးသမားနဲ့ ဒါရိုက်တာ အဓိကကာရိုက်တာနှစ်ယောက် ငရဲနဲ့ကောင်းကင်ကြား အားပြိုင်ကြတာကလည်း သူတို့ချမယ့်ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေကိုလိုက်ကြည့်ရင်း အသည်းလန့်ချင်စရာကောင်းတယ်။ High and Low ကို အကောင်းဆုံး သည်းထိတ်ရင်ဖိုစုံထောက်ကားတစ်ကားလို့ ဆိုကြတယ်။ လွန်တော့မလွန်ပါဘူး။ မင်းသားတွေကလည်း ကူရိုဆာဝါထုံးစံအတိုင်း သူသုံးနေကျ လက်ရှိမှာ ဂျပန်ဂန္ထဝင်မင်းသားကြီးတွေ ဖြစ်သွားကြတဲ့ဘဲတွေချည်းပဲ။ Toshiro Mifune လို ဂန္ထဝင်မင်းသားကြီးရော၊ Ran ထဲက Tatsuya Nakadai ရော၊ To Live ထဲက Takashi Shimura ရောသုံးထားတယ်။ ဒီရုပ်ရှင်ကို မက္ကဘတ်ကို ကူရိုဆာဝါရိုက်ပြထားတဲ့ Throne of Blood မဟုတ်တဲ့ နောက်ထပ် ဗားရှင်းတစ်မျိုးလို့ တစ်ချို့က ဆိုကြတယ်။ ကူရိုဆာဝါရဲ့ တင်ပြပုံကြောင့် ဒီဇာတ်ဟာ ပိုမိုကျယ်ပြန့်သွားတယ်လို့လည်း ဆိုကြတယ်။ High and Low ကို မာတင်စကောဆဲစီက 39 Essential Foreign Films for a Young Filmmaker စာရင်းထဲ ထည့်ထားသလို အကောင်းဆုံးဂျပန်ရုပ်ရှင်ကားများစာရင်းမှာလည်း နံပါတ်၁၃ချိတ်ထားခဲ့တယ်။ ဒီဘာတွေညာတွေအသာထားပါဦး… ကူရိုဆာဝါတင်ပြတဲ့ စုံထောက်ကားတစ်ကားကို ဘယ်လိုဘယ်ပုံနဲ့ မြင်ရမလဲ တွေးကြည့်ရုံနဲ့တင် High and Low ဟာ တော်တော်လေး ရင်ခုန်စရာကောင်းနေပါပြီ။ နောက်ဆုံးတစ်ချက်အနေနဲ့တော့ ဒီရုပ်ရှင်ဟာ တခြားကူရိုဆာဝါရုပ်ရှင်တွေထက် ပရိသတ်မရွေးတဲ့ တင်ပြပုံမျိုးလည်း ပိုင်ထားပါတယ်။ စုံထောက်ကားပရိသတ်တွေကြည့်လည်းအဆင်ပြေသလို ရုပ်ရှင်ကောင်းကြိုက်သူတိုင်းအတွက်လည်း ကြည့်လို့ ကောင်းတယ်ဆိုတာထက် အများကြီးပိုစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 1.15GB Quality – 1080p, 720p IMDb Rating – 8.4/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.4 1963
High and Low
Easy Money
5.7

ငွေတုငွေစစ်အရှုပ်တော်ပုံ ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အခြေခံလူတန်းစားတစ်ယောက်ဖြစ်တဲ့ ချောင်ရှီချင့်ဟာ တစ်နေကုန်ကံဆိုးနေခဲ့ပါတယ်။ စိတ်ညစ်ညစ်နဲ့တံတားအောက်ကိုသွားတဲ့အချိန်မှာ ပိုက်ဆံသေတ္တာတစ်ခုကိုကောက်တွေ့ရပါတယ်။ သူကဒီပိုက်ဆံသေတ္တာကိုရဲလက်အပ်ရမလား ဘာလုပ်ရမလဲတွေဝေနေတဲ့အချိန်မှာ…… လင်ကြီးဆီကပိုက်ဆံတွေကိုခိုးပြီး ပိုက်ဆံအတုနဲ့လဲဖို့ကြိုးစားနေတဲ့စုံတွဲတစ်တွဲနဲ့ မထင်မှတ်ပဲ လက်ဆွဲသေတ္တာချင်လွဲသွားခဲ့တယ်။ တကယ်တော့ ချောင်ရှီချင့်လက်ထဲကပိုက်ဆံသေတ္တာက ရိုက်ကူးရေးသုံးတဲ့ပိုက်ဆံအတုတွေပါ။ ခိုးလာတဲ့ပိုက်ဆံကအတုတွေဖြစ်သွားတော့ စုံတွဲကခေါင်းမီးတောက်တော့တာပဲ။ ဒီလိုနဲ့ ချောင်ရှီချင့်ကငွေတုဆိုပြီးရဲလက်ကိုအပ်ဖို့ကြိုးစားတဲ့ ပိုက်ဆံတွေနဲ့ရွာလည်နေတော့တာပါပဲ။ ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေချင်တဲ့အခါမှာ သေချာပေါက်ကြည့်သင့်တဲ့ အခွီကားလေးတစ်ကားပါပဲ။

5.7 2023
Easy Money
Hideaways
6.1

လူတော်တော်များများမှာ မိသားစုကနေဆက်ခံထားရတဲ့ အမွေတွေရှိပါတယ်။ဥပမာ မိဘမှာဆီးချိုရှိရင်သားသမီးမှာ လိုက်ရှိတာတို့ မိဘဆီကရောဂါတစ်ခုခုအမွေရထားတာမျိုးပေါ့။ ဒါပေမယ့်အခုတင်ဆက်ပေးမဲ့ IMDb Rating 6.1 ရရှိထားတဲ့ Hideaways ဆိုတဲ့ဇာတ်ကားထဲကဖာလွန်ဆိုတဲ့မိသားစုရဲ့ အမွေကတော့ထူးခြားပါတယ်။ဘယ်လိုထူးခြားတာလဲဆိုတော့ သူတို့ဆီမှာသားယောက်ျားလေးတွေမွေးရင် တခြားသူတွေထက် သာလွန်ထူးကဲတဲ့စွမ်းရည်တွေကိုဆက်ခံရလို့ပါပဲ။ ဒါပေမယ့် စွမ်းရည်ဆိုလို့ မိုက်တာပေါ့ ဘာညာဆိုပြီးမတွေးလိုက်ပါနဲ့။ လိင်ဆက်ဆံရင် မျက်လုံးကန်းသွားတဲ့စွမ်းရည်တို့ စိတ်လှုပ်ရှားပြီး ကြောက်လာရင် အနီးအနားကစက်ပစ္စည်းတွေပျက်သွားတဲ့ စွမ်းရည်တို့လိုမျိုး ကြောင်တောင်တောင်ကြီးတွေဖြစ်ပါတယ်။ အခုသူတို့မျိုးဆက်ထဲကနောက်ဆုံးသားယောက်ျားလေးဖြစ်တဲ့ ဂျိမ်းစ်မှာလည်း ကြောင်တောင်တောင်စွမ်းရည်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ သူကြောက်လာရင်သူ့နားမှာရှိတဲ့အပင်တွေကအစ လူတွေအဆုံး အကုန်လုံးသေဆုံးကြရတာဖြစ်ပြီး အဲ့ဒီစွမ်းရည်ကြောင့်ပဲ မိဘမဲ့ဘ၀ကိုရောက်ရှိပြီး မိဘမဲ့ဂေဟာကိုရောက်ခဲ့ရပါတယ်။ဒါပေမယ့် မိဘမဲ့ဂေဟာမှာလည်း အဲ့လိုထပ်ဖြစ်ပြီးနောက်ပိုင်းထွက်ပြေးသွားခဲ့ပြီး ဂျိမ်းစ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမယ့် နှစ်ပေါင်း များစွာကြာတဲ့အချိန်မှာကင်ဆာရောဂါဖြစ်နေပြီး ဆေးရုံကနေ ထွက်ပြေးလာတဲ့ မေဆိုတဲ့ကောင်မလေးနဲ့ဂျိမ်းစ်နဲ့တွေ့ဆုံခဲ့တဲ့ အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမဲ့ ဒရာမာ စိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.78 GB / 851 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2011
Hideaways
Jaws: The Revenge

Jaws Franchiseက အကျတော်တော်မှန်တဲ့ Franchiseလို့ပြောရပါမယ်။ ပထမကားမှာ ချီးကျူးခံရပေမဲ့ တစ်ကားထက်တစ်ကား ပိုပိုလို့ အဆဲခံရလာတဲ့ရုပ်ရှင်ပါပဲ။ ၄မှာတော့ ၃ကို မဆက်တော့ဘဲ ၃ကဟာတွေအကုန်ပယ်ချပစ်လိုက်ပါတယ်။ ဒီထဲမှာလည်း မိုက်က အဓိကဇာတ်ကောင်နီးနီးနေရာရထားပါတယ်။ ဒါပေမဲ့ ဒီမှာတော့ သူ့အလုပ်အကိုင်ပြောင်းသွားပါတယ်။ အင်ဂျင်နီယာမဟုတ်တော့ဘဲ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သွားပါတယ်။ အဓိကဇာတ်ကောင်ကတော့ ဘရိုဒီ့မိန်းမ အယ်လန်ပါ။ သူ့ယောက်ျားလည်း ငါးမန်းလာပြန်သတ်မှာကို လန့်ရင်းနဲ့ သေသွားသလို သူ့သားအငယ်ဆီလည်း ငါးမန်းက တမင်လက်စားလာချေတာလို့ သူယုံနေခဲ့ပါတယ်။ ဒီတော့ သူဟာ သူ့ရဲ့ကျန်ခဲ့တဲ့သားဖြစ်တဲ့ မိုက်ကို ရေနဲ့ဝေးဝေးနေစေချင်နေတယ်။ ဒါပေမဲ့ မိုက်အလုပ်ကိုက ရေထဲဆင်းရတဲ့အလုပ်ဖြစ်နေတဲ့နောက် လက်စားချေချင်နေတဲ့ ငါးမန်းကိုရှောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အယ်လန်ဟာ သူ့သားကိုကယ်ဖို့ ပင်လယ်ထဲထွက်ပြီး ငါးမန်းကိုရှာတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ ပထမ၂ကားက ဘရိုဒီ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကပဲ ပြန်သရုပ်ဆောင်ပေးထားသလို မိုက်ကယ်ကိန်းကလည်း ဝင်အားဖြည့်ပေးထားပေမဲ့ Jaws 4ဟာလည်း တော်တော်ဝေဖန်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။ ရိုက်ဖြစ်ပုံကလည်း ယူနီဗာဆယ်က သူတို့ရဲ့ ခက်ခဲနေတဲ့နှစ်တွေမှာ ရှေ့က jaws အဆက် ၂ကားဟာ အဆဲခံရလည်း ဝင်ငွေတော့ကောင်းသေးတာကြောင့် ငွေရပြီးရောသဘော ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း အဆိုးဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဒီရုပ်ရှင်ကို မိုက်ကယ်ကိန်းရိုက်နေတုန်းက ရော်ဂျာအတ်ဘတ်က ” မိုက်ကယ်ကိန်းက Hannah and Her Sistersရုပ်ရှင်အတွက် သူရခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ဆုကိုယူဖို့ ပွဲမတက်တာက Jaws 4 ရိုက်နေလို့ဗျ။ သူက ဒီရုပ်ရှင်ကို လုံးဝစိတ်နှစ်ထားတာ ။ မပြီးမချင်း အိမ်ပြန်ဖို့အစီအစဉ်မရှိဘူး။ ဘာလို့ဆို အဲဒီရိုက်ကွင်းကနေ သူထွက်လာမိရင် လုံးလုံးပြန်သွားချင်တော့မှာမဟုတ်တာ သူ့ကိုယ်သူသိနေလို့ပဲ”လို့ အရွှန်းဖောက်ခဲ့ပါသေးတယ်။ Jaws 4 ဟာ ငွေကြေးအရလည်း Jawsကားတွေထဲ မအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ပြောခဲ့သလိုပါပဲ။ စပီးဘာ့ခ်ရဲ့ မှော်ကို စပီးဘာ့ခ်ဆီကပဲ ကျွန်တော်တို့ ရနိုင်မှာပါပဲ။ File size… 2.8 GB / 1.2 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

0 1987 89 mins
Jaws: The Revenge
Django Unchained
8.4

Django Unchained (2012) IMDb Rating (8.5) / Rotten Tomatoes (87%) ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။ Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ၃ ယောက်ဆိုတာက လွဲလို့ ဘာမှ မသိဘူး။ အဲဒါကြောင့် အဲဒီညီအစ်ကို ၃ ယောက်ဆီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တစ်ယောက်ကို လိုက်ရှာနေတယ်။ ဖြစ်ချင်တော့ တစ်ည လမ်းခရီးမှာ အဲဒီကျွန်တစ်ယောက်ကို တွေ့သွားခဲ့တယ်။ ဒါပေမယ့် အဲဒီဂျာမန်သွားဆရာဝန်ရဲ့ ပြောပုံဆိုပုံကြောင့် လူဖြူကျွန်ပိုင်ရှင်တွေက မရောင်းဘဲနဲ့ ငြင်းလိုက်တယ်။ ဒါပေမယ့်လည်း ဂျာမန်သွားဆရာဝန်ဟာ bounty hunter လေ။ သူ့ကို အဲဒီလို အချိုးမျိုး လာလုပ်လို့မရဘူးဆိုတာ လက်တွေ့ပြလိုက်တယ်။ ဒီလိုနဲ့ သူလိုချင်တဲ့ ကျွန်တစ်ယောက် ခေါ်လာနိုင်ခဲ့တော့တယ်။ အဲဒီလူမည်းနာမည်က Django ။ D silent ဂျန်ဂို တဲ့။ ဒီနေရာမှာ bounty hunter ဂျာမန်သွားဆရာဝန်ရဲ့ ကာရိုက်တာကို နည်းနည်းပြောချင်တယ်။ လူမည်းကျွန်စနစ်ခေတ်ကြီးထဲမှာ သူခေါ်လာတဲ့ လူမည်းကို လူလိုသဘောထားပြီး တန်းတူဆက်ဆံတာဆိုလို့ သူ တစ်ယောက်တည်း ရှိတယ်။ အဲဒါအပြင်သူက သူ့ကျွန်ကို အပြည့်အ၀ ကာကွယ်ပေးသေးတာ။ အဲဒီလိုသဘောထားလို့လည်း ရောက်တဲ့နေရာတိုင်းမှာ သူ့တို့နှစ်ယောက်ကို လူဖြူတွေရော လူမည်းတွေပါ အထူးအဆန်းလို ကြည့်ကြတယ်။ အဲဒီ bounty hunter က ဂျန်ဂို ကိုပြောတယ်။ ဂျန်ဂိုအနေနဲ့ ညီအစ်ကို ၃ ယောက်ကို ရှာတွေ့ပြီး သတ်ပေးနိုင်ရင် သူ့ကို ကျွန်ဘဝကနေ လွတ်လပ်ခွင့်ပေးပါမယ်တဲ့။ ဆိုတော့ သူတို့နှစ်ယောက် ညီအစ်ကို ၃ ယောက် ရှာပုံတော် ဖွင့်ကြတော့တယ်။ ဒီကားထဲမှာ Quentin Tarantino ရဲ့ ကာရိုက်တာတွေ အထိုင်ချတာကို တော်တော်သဘောကျတယ်။ ဂျာမန် bounty hunter အဖြစ် Christoph Waltz ကို လုပ်ခိုင်းပြီး သူ့ရဲ့ အဖော်ကျွန်နေရာမှာတော့ Jamie Foxx ကို လုပ်ခိုင်းတယ်။ လူဖြူသူဌေးအဖြစ် Leonardo ၊ လူဖြူသူဌေးရဲ့ သစ္စာတော်ခံလူယုံအဖြစ် Samuel Jackson က သရုပ်ဆောင်ရတယ်။ ဒီနေရာမှာ Leo Vs Christoph ထက် Samuel Jackson Vs Jamie Foxx နှစ်ယောက်ရဲ့ အားပြိုင်သရုပ်ဆောင်မှုကို ပိုပြီးတွေ့ရမယ်။ မထုံတတ်သေးနဲ့ ရန်သူကို သွေးအေးအေးနဲ့ လှည့်စားတတ်တဲ့ Christoph ရဲ့ ကာရိုက်တာကြောင့်လည်း ဒီကားက ပိုပြီးဆွဲဆောင်မှု ရှိနေတာပါ။ (Christoph Waltz ဟာ ဒီဇာတ်ကားနဲ့ ဒုတိယအကြိမ် အော်စကာဆုရခဲ့ပါတယ်။ ) နောက်ပြီး ဒီရုပ်ရှင်ထဲမှာ Spaghetti Western ရုပ်ရှင်တွေရဲ့ လွမ်းမိုးမှုတွေ ပါဝင်နေတာတွေ့ရတယ်။ အထူးသဖြင့် သေနတ်ထပစ်ကြတဲ့အခန်းတွေ။ သေနတ်ပစ်ကြတဲ့ပုံစံတွေ။ Django Unchained နဲ့ The Hatefull Eight ဟာ ခေတ်တစ်ခေတ်ကို အကြောင်းပြုပြီး ရိုက်ထားတာဆိုပေမယ့် Bounty Hunter Character ကို ယူသုံးထားတာက လွဲလို့ တစ်ခြားဇာတ်အိမ် ဆက်စပ်မှု သိပ်မရှိပါဘူး။ လုပ်မယ့်လုပ်စေချင်ရင် Django Unchated ( 2012 ) ထဲက bounty hunter ဖြစ်သွားတဲ့ လူမည်း Jamix Foxx ကာရိုက်တာဟာ sequel အနေနဲ့ The Hatefull Eight ( 2015 ) မှာ Major Warren အနေနဲ့ Bounty Hunter လာဖြစ်တယ်ဆိုတာမျိုးပဲ ဖြစ်လုပ်လို့ရမယ်ထင်တယ်။ (ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Science Fiction • Adventure
8.4 2012 165 mins
Django Unchained
Exclusive Memory
5.6

အရာအားလုံးကိုမြင်ဖူးရုံနဲ့ မေ့မရတဲ့မှတ်ဉာဏ်စွမ်းရည်ရှိတဲ့သူများဟာ ကမ္ဘာပေါ်မှာအင်မတန်ရှားပါးပါတယ်။ ဖြစ်ချင်တိုင်းမဖြစ်ရတဲ့ အရာအားလုံးအဆင်ပြေတယ်ဆိုတာာ မရှိတဲ့လောကကြီးမှာ မေ့မရခြင်းဟာလဲ ကောင်းလှတဲ့အရာတော့မဟုတ်ပါဘူး။ ဒီလိုလက္ခဏာရှိတဲ့သူတွေကို စိတ်ပညာအရ မှတ်ဉာဏ်လွန်ရောဂါလို့ခေါ်ပါတယ်။ တစ်နေ့မှာတော့ ဒေါက်တာချင်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ အရာအားလုံးကိုမေ့မရတာကြောင့် ဖိအားတွေဖြစ်ပြီ း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားလာနိုင်တဲ့လူငယ်လေးကို ကုသပေးဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆန်းကြယ်တဲ့စိတ်ပညာအကြောင်းတွေစိတ်ဝင်စားတဲ့လူတွေ ဦးစားရတာကြိုက်တဲ့လူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

5.6 2025
Exclusive Memory