YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Six.pieds.sur.Terre.2024.720p.MAX.WEB-DL (CM).mp4

711.19 MB N/A video/mp4 26 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
They Live in the Grey
5

ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။ သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။ ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်‌နေမှန်း သိလိုက်ရတယ်။ သရဲတစ်ကောင်က ကလေးကို အန္တရာယ်ပေးနေတာ‌ပေါ့။ ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။ ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။ သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား... သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။ အရမ်းကြီးကြောက်ဖို့ကောင်းမနေဘဲ ဇာတ်လမ်းဇာတ်ကွက် အဓိကပြတဲ့သရဲကားမို့ အသည်းငယ်တတ်လို့ အမြဲကျော်တတ်ကြသူတို့ ကျော်ကြည့်ဖို့ မလိုမယ့် ကြောက်ဖို့မကောင်းတဲ့ စိတ်ပညာ သရဲ ကလေးသူငယ်ပညာပေး ရောသမွှေမဆိုးတဲ့ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.10GB, 460MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 2H 3Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Fantasy
5 2022 124 mins
They Live in the Grey
Army of the Dead
6.3

ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ ဇာတ်လမ်းက ဒီလိုပါ ..... လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။ အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။ အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။ တရားဝင်ငွေ မဟုတ်လို့ပါ။ ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ.. ဒန် .... တန့် ..... တန် ..... ပွဲဦးထွက်မှာတင် IMDb - 7.5/10 ဆိုတော့ ဘာမေးနေစရာ လိုဦးမလဲဗျာ။ Review and Translated by : Mr.Anderson Encoded by : August File size…3.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 28min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action & Adventure • Crime • Drama
6.3 2021 148 mins
Army of the Dead
The Stolen Years
6.2

The Stolen Years (2013) (အညွှန်း) လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။ Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။ 2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။ “ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” မှာ ဘာတွေဖြစ်ပျက်ခဲ့လို့ He Mann ရဲ့ကမ္ဘာကြီးကပြောင်းလဲသွားရတာလဲ .. လူတွေကပဲပြောင်းလဲသွားခဲ့တာလား အချစ်စစ်ဆိုတာကပဲတည်မြဲမှုမရှိတာလား .. သိပ်ချစ်လွန်းလို့ပေါင်းဖက်နိုင်ခဲ့ပြီးကာမှ ဘယ်အရာတွေက သူတို့ကိုဝေးကွာသွားစေခဲ့တာလဲ .. ဒီအမှန်တရားကို He Mann တစ်ယောက်လက်ခံနိုင်စွမ်းရှိပါ့မလား .. နှစ်ယောက်သားနဲ့ကံကြမ္မာကရော ဘာတွေဆက်ဖြစ်ဦးမှာလဲ .. ။ IMDb 6.2/10 ရ တရုတ် romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အချစ်ဇာတ်လမ်းအဆွေးဇာတ်တွေကိုကြိုက်တတ်သူတွေအဖို့ကတော့ မိုးအေးအေးနဲ့ငြိမ့်ငြိမ့်လေးဆွေးလို့ကောင်းတဲ့ ဇာတ်လမ်းဟောင်း ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။

Action • Adventure • Fantasy • Science Fiction
6.2 2013
The Stolen Years
Goodbye Cruel World
5.9

Goodbye Cruel World IMDB 5.8 ကားပေါ်မှာ ဒရိုင်ဘာ၊ အဖိုးကြီး၊ ကောင်မလေး၊ လူမိုက်တစ်ယောက် ပေါင်းလေးယောက်ဟာ အချင်းချင်း စကားများရင်း ဟိုတယ်တစ်ခုရှေ့ရောက်လာပြီးနောက်မှာ မျက်နှာဖုံးစွပ် သေနတ်မောင်းတင်ကာ ဟိုတယ်ထဲ ဝင်ရောက်ခဲ့ပါတော့တယ်။ ဂျပန်မှာ ယာကူဇာကို ထိဝံ့သူဟာ အခြားယာကူဇာပဲ ဖြစ်ဖို့များတဲ့ အခြေအနေမှာပဲ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတဲ့ သည်လူတစ်စုဟာ ယာကူဇာဂိုဏ်းကြီးတစ်ခုရဲ့ ငွေကြေးခဝါချတဲ့ နေရာကို စီးနင်းဝင်ရောက် ဓားပြတိုက်ခဲ့ပါတော့တယ်။ ယန်း သန်း ၁၀၀ကျော်ပါသွားတဲ့နောက် နားရွက်တံတွေးဆွတ်ခံလိုက်ရတဲ့ ယာကူဇာများကလည်း ဓားပြတွေကို အမိဖမ်းနိုင်ရေး ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်ကားမှာ ယာကူဇာတွေရဲ့ ဩဇာသက်ရောက်နိုင်မှုနဲ့ စွမ်းပကားတွေကို တွေ့မြင်ရမှာဖြစ်ပြီး အကျင့်ပျက်ရဲတစ်ယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ ဂိုဏ်းတစ်ခုကို အကျိုးပြုနိုင်သလဲ ပြသထားတာလည်း ဖြစ်ပါတယ်။ ထို့အပြင် တစ်ခါ ယာကူဇာဖြစ်ဖူးလျှင် လူ့အသိုင်းအဝိုင်းထဲ ပြန်တိုးဝင်မရလောက်အောင် ခက်ခဲကြောင်းကိုလည်း ရိုက်ပြထားပါသေးတယ်။ ယာကူဇာကိုမှ သွားထိတဲ့ ဓားပြတွေဟာ ယာကူဇာစက်ကွင်းကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ပရိတ်သက်ကြီးတို့ ကိုယ်တိုင်ကိုယ်ကျ ရှုစားလိုက်ကြပါဦးခဗျာ File Size__(2.5GB) / (1GB) Quality__1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__02:00:00 Type__Crime Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5.9 2022
Goodbye Cruel World
Leroy & Stitch
6.1

Leroy & Stitch (2006) ================= IMDb Rating – 6.1/10 ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို မရလိုက်ဘဲ ထောင်ကျသွားတဲ့ Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီး ပြန်ကယ်လိုက်ပါတယ်။ Lilo နဲ့ Stitch ကတော့ အလေအလွင့်ဖြစ်ပြီး ကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါ ရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။ Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ် ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။ ဒါပေ မယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူက ဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။ ငိုချင်လျက် လက်တို့ ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ ပြန်ဖျောင်းဖျလိုက်ရပါတယ်။ Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီး သိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့ စရာပါပဲ။ ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo လက်အောက်ရောက် သွားတာမို့လို့ မျိုးစိတ်အသစ်တစ်မျိုးကို ခြိမ်းခြောက်ထွင်ခိုင်းဖို့လုပ်တော့မှာပါ။ ထောင်ကလွတ်လွတ်ချင်းပဲ စမ်းသပ်ခန်းကိုဝင်စီးပြီး Stitch နဲ့အလားတူ နောက် ထပ်တစ်ကောင်ကို ထွင်ခိုင်းပါတော့တယ်။ ၆၂၅ ကောင်ကိုမရလိုက်တဲ့ အခဲမ ကျေမှုနဲ့ သုတေသနအသစ်ကိုပဲ ကိုယ်ပွားပေါင်းရာကျော်ထုတ်ပြီး Hamsterviel တစ်ယောက် အာဏာလုပါတော့တယ်။ သတိရလို့ Video call ခေါ်လိုက်တဲ့အခါ အရင်နဲ့မတူဘဲ ထူးဆန်းနေတဲ့ Stitch ကို Lilo သတိထားမိသွားပြီးနောက်မှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.23 GB) / (545 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator……Hnin Wut Yi Encoder……….Zin Phyo Aung

Comedy • Drama
6.1 2006
Leroy & Stitch
Lilo & Stitch
7.3

Lilo & Stitch (2002) =============== IMDb Rating – 7.3/10 စတစ်ချ်လို့ပြောလိုက်တာ နဲ့ ပြာတာတာ နဲ့ နားရွက်ကြီးကြီး ပြူးကြောင်ကြောင် ကောင်လေးကို အားလုံးမျက်စိထဲ ပြေးမြင်မိကြမှာပါ။ ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် စတစ်ချ်အရုပ်လေးတွေ စတစ်ချ်အင်္ကျီလေးတွေက လူတွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ခုCMပရိတ်သတ်ကြီးအတွက် ဒီ စတစ်ချ်ကားလေးကို ပြန် လည် ခံစားလို့ရအောင် တစ်ဖန် ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်း ကို အနည်းငယ် ပြန်မိတ်ဆက်ပေးရရင် လီလို ဆိုတာ ဟာဝေယံ ခလေး မလေးတစ်ဦးပါ ချစ်စရာ ဂျစ်ကန်ကန် လူဆိုးမလေးပေါ့ဗျာ။ တစ်ရက်တော့ သူက ခွေးတစ်ကောင်မွေးဖို့အတွက် သူ့အစ်မနဲ့ ညီအစ်မနှစ်ယောက်သား ခွေးထိန်းသိန်း ရေးစခန်းကို သွားပါတယ်။အဲ့မှာလီလို တစ်ယောက် ပြာတာတာ နဲ့ ရယ်စရာခွေးလေး ကို သဘောကျ ပြီး မွေးခဲ့ပါတယ်။ ခွေးလေးနာမည် ကိုတော့ စတစ်ချ်လို့ ပေးလိုက် တာပေါ့။အဲ့မှာပဲ ပြသနာတွေစတော့တာပါ။ တစ်ကယ်တော့စတစ်ချ်က တစ်ခြား ဝေးလံတဲ့ ဂြိုလ်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက် ရဲ့တီထွင်မှုပါပဲ။ အဲ့ဂြိုလ်ရဲ့ အာဏာပိုင်တွေက သဘာဝကိုဖောက်ပြန်တဲ့ ဒီတီထွင်မှုကို လက်မခံနိုင်ပဲ တီထွင် တဲ့ ပညာရှင်ကိုအကျဉ်းချ စတစ်ချ်လေးကို အပြစ်ပေးဖို့ ခေါ်လာရာမှ အဖျက်စွမ်း အားပြင်း လက်နက် ဖြစ်တဲ့မောင်စတစ်ချ်က ထွက်ပြေးပြီး ကမ္ဘာပေါ်ရောက်လာ တာပါ။ ဒီဂြိုလ်က အကြီးအကဲတွေကလည်း စတစ်ချ် ကို ပြန်ခေါ်ဖို့ သူ့ကို တီထွင်တဲ့ ပညာ ရှင်ရယ် တစ်ခြားပညာရှင်တစ်ယောက်ရယ်ကိုလွှတ်ပြီး ပြန်ခေါ်ခိုင်းတာပေါ့။ စတစ်ချ် လေးကို သံယောဇဉ်တွယ်နေတဲ့ လီလို တစ်ယောက် ဘယ်လိုပြသနာတွေ ကြုံရမလဲ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက် ရှု့စားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို A_Zမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.36 GB) / (550 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

Drama
7.3 2002
Lilo & Stitch
Fearless Hyena 2

မင်းသားကြီး ဂျက်ကီချန်းရဲ့အစောပိုင်းဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အတွက် ထွေထွေထူးထူးညွှန်းဖို့တောင်လိုမယ်မထင်ပါဘူး တရုတ်ပြည်ရဲ့ကိုလိုနီမတိုင်ခင်ရှေ့ခေတ်ကို ဇာတ်အိမ်တည်ထားပြီး ဂျက်ကီချမ်းကတော့ ထုံးစံအတိုင်း အားလုံဆိုတဲ့ သိုင်းသမားလူငယ်လေးဖြစ်ပါတယ် ဇာတ်လမ်းအစပိုင်းမှာတော့ မိစ္ဆာကျင့်စဉ်ကိုကျင့်ကြံတဲ့ သိုင်းဆရာနှစ်ယောက်ဟာ တရားမျှတတဲ့ဂိုဏ်းတွေကိုလိုက်သုတ်သင်နေတာကိုတွေ့ရမှာပါ “ချင်” မိသားစုဟာလည်းတစ်ဂိုဏ်းလုံးသုတ်သင်ခံလိုက်ရပြီး ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ အားလုံနဲ့ အားတုန်တို့ပဲကျန်ခဲ့တာပါ နှစ်တွေကြာလာပြီးတဲ့နောက်မှာတော့ ချင်မိသားစုဝင်တွေဟာမိစ္ဆာတွေလက်ထဲကလွတ်မြောက်နိုင်ပါ့မလား တရားမျှတတဲ့သူနဲ့ ယုတ်မာတဲ့သူတွေကြားကတိုက်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှူရမှာဖြစ်ပါတယ် အက်ရှင်နဲ့ သိုင်းကွက်တွေအပြည့်ပြထားတဲ့အပြင် ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ “old but gold” ရုပ်ရှင်တစ်ကား ဆိုရင်လည်းမမှားပါဘူး….. File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Drama, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn

Comedy • Action • Drama
0 1983 92 mins
Fearless Hyena 2
A Job to Die For

ဒီဇာတ်ကားလေးကတော့ သည်းထိပ်ရင်ဖို thriller အမျိုးအစားဖြစ်ပါတယ် ဆေဒီဆိုတဲ့ကောင်မလေးဟာ ကျောင်းသားချေးငွေပြန်ဆပ်ဖို့အတွက်အလုပ်ရှာနေတာပါ ဒါပေမယ့်လူငယ်တွေကြုံရတဲ့ပြဿနာအတိုင်း ကျောင်းပြီးစအတွေ့အကြုံမရှိတော့ဘယ်သူကမှမခန့်ချင် ဘယ်သူမှမခန့်တော့ အတွေ့အကြုံကမရှိနဲ့ သံသရာလည်နေရော ဒီလိုနဲ့တစ်နေ့မှာသူသဘောကျရတဲ့ဖက်ရှင်ဒီဇိုင်းနာတစ်ယောက်ရဲ့ကုမ္ပဏီမှာ လစာအပြင် တခြားအကျိုးခံစားခွင့်မျိုးပါပေးတဲ့လက်ထောက် အလုပ်ရခဲ့ပါတယ် ဒါပေမယ့်ဘယ်အလုပ်ကမှ လွယ်ကူတယ်ဆိုတာမျိုးမရှိပါဘူး ဒီကုမ္ပဏီရဲ့သူဌေးမနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေတာကို ဆေဒီတစ်ဖြည်းဖြည်းနဲ့သိလာရပါတယ် သူဌေးမကဘာလို့လက်ထောက်တွေခဏခဏပြောင်းနေတာလဲ သူ့အရင်လက်ထောက်တွေကရောဘာလို့ပျောက်သွားတာလဲ သူ့ကိုအလုပ်ထွက်ဖို့ခြိမ်း​ခြောက်စာတွေကရော ဘယ်သူပို့နေတာလဲ ဘာလို့ပို့နေတာလဲ… File size…(1.4 GB)/(707 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

Comedy • Drama • Romance
0 2022 86 mins
A Job to Die For
The Goldfinger
6.2

ဒီတစ်ခါမှာ CM ပရိသတ်တွေကို Liu De Hua ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Golden Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့ အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီး ဒေဝါလီခံလိုက်ရတယ်။ ဒီလိုနဲ့အပတ်တကုတ်အလုပ်ကြိုးစားရှာရင်း တနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာ ကြေးစားသူဌေးယောင်ဆောင်အဖြစ်လုပ်ရင်း တကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။ ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေး ရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။ တစ်စတစ်စ တဖြည်းဖြည်းဟောင်ကောင်မှာ လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICAC အဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာ လျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။ အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီ ထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီး ပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။ စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ။ လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊ စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ် ပျော်မွေ့နေမှုစတာတွေကို Liu De Hua , Liang Chao Wei တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်တွေဟာ သာမာန်စီးပွားရေး နိုင်ငံရေးဇာတ်လမ်းများနှင့်မတူတမူထူးခြားစွာရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင် ~

6.2 2024
The Goldfinger
Bhoothaddam Bhaskar Narayana
6.4

Bhoothaddam Bhaskar Narayana 2024 (နတ်ဆိုး) Imdb 6.4 မျက်နှာဖုံးလူသတ်မှု : ဒီလူသတ်မှုက ကာနာတာကာနားက ချင်ချိုလီတောအုပ်မှာဖြစ်ပွားခဲ့တာပါ သေဆုံးသူအရေအတွက်က ၁၅ဦးထိရှိလာပြီးတော့ နစ်နာသူတွေက မသေခင်မှာအတော်လေးနှိပ်စက်ခံခဲ့ရတဲ့ အနေအထားမျိုးနဲ့တွေ့ခဲ့ရတယ် ဦးခေါင်းမပါတဲ့အမျိုးသမီးတွေကိုပါတွေ့ခဲ့ရတော့ ဒီဒေသခံတွေက ကျီးလန့်စာစားဖြစ်ကုန်ကြပြီး ရဲတွေလည်းကြံရာမရဖြစ်လာကြရတယ်။။။ ဘူသာဒမ် ဒီလူကတော့ အတော်ဆုံးရှေ့နေလို့ပြောရမလားပဲ သူမရှင်းနိုင်တဲ့အမှုမရှိလို့ နာမည်ကြီးလူသိများတယ်ပေါ့ ငယ်စဉ်က အစ်ကိုဖြစ်သူကို လူသတ်သမားလို့စွပ်စွဲပြီး ထောင်သွင်းလို့ အစ်ကိုကရှက်စိတ်ကြောင့်သတ်သေသွားခဲ့တယ် ဒီတော့ မွေးရာပါပါရမီပါလာတဲ့ဒီကလေးက စုံထောက်ကားတွေကြည့်ပြီး ဘယ်လိုသင်ယူရမယ်ဆိုတာလေ့လာခဲ့ပြီး အခင်းနေရာသွား သဲလွန်စတွေစုလာခဲ့တယ် သူယူလာတဲ့သဲလွန်စက တစ်မှုလုံးအတွက် အဓိကဖြစ်နေပေမဲ့လည်း ကလေးတစ်ယောက်ရဲ့စကားကို ဘယ်ရဲမှမယုံကြည်ပေးကြလို့ အစ်ကိုကသေဆုံးခဲ့တာတောင် လူသတ်သမားဘဝနဲ့နေသွားခဲ့ရရှာတယ် ဒီလိုထရော်မာတွေကြောင့် ရဲလုပ်မယ်ဆိုပြီးလျှောက်တော့ မျက်စိမှုန်တာကြောင့် မရခဲ့ဘူးပေါ့ ကျန်တဲ့လူတွေ သူ့အစ်ကိုလိုဖြစ်မှာစိုးလို့ အမှုတွေကို ထောင့်စေ့အောင်စုံစမ်းဖော်ထုတ်ရင်း အတော်ဆုံးဖြစ်လာခဲ့တာပါ မျက်နှာဖုံးအမှုမတိုင်ခင် သူရဲ့အမှုကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ မျက်နှာဖုံးအမှုကိုရင်ဆိုင်ရပုံတွေကို ကြည့်ရှုလိုက်ကြပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ KKKZ ~ Alice Wai တို့ပဲဖြစ်ပါတယ် )

6.4 2024
Bhoothaddam Bhaskar Narayana
Full Moon Scimitar Harmony Initial
5.6

ရှုပ်ထွေးလှတဲ့ သိုင်းလောကကို ဓားသိုင်းကျမ်းတစ်ခုအားကိုးနဲ့ ဝင်လာတဲ့ တင်းဖောင်တစ်ယောက်… လောကနံပါတ်၁ နေရာရဖို့ သိုင်းပညာရှင်တစ်ယောက်ပြီး တစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်ပြီး နေရာတစ်ခုရဖို့ ကြိုးစားနေချိန်မှာပဲ… တစ်နေ့တော့ မိန်းကလေးတစ်ယောက်က သူနားနေတဲ့ သစ်ရိပ်ဆီ အပြေးရောက်လာပြီး… ပြန်ပေးသမားတွေလက်က ထွက်ပြေးလာရတာမို့ ကယ်တင်ပေးဖို့ တောင်းပန်ခဲ့တယ်… တင်းဖောင်လည်း အဲ့မိန်းကလေးတောင်းဆိုသမျှကို အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားခဲ့တယ်… နောက်တော့လည်း အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလိုပဲ… တင်းဖောင်နဲ့ ဒီမိန်းကလေး ချစ်ကျွမ်းဝင်ခဲ့တယ်… ဒါပေမယ့် ၇ လပိုင်း ၁၅ ရက်နေ့မှာ ဂိုဏ်းချုပ်တစ်ဦးနဲ့ စိန်ခေါ်တိုက်ခိုက်ရမှာမို့ သူ့ကိုမနှောင့်ယှက်ချင်လို့ဆိုပြီး မိန်းကလေးပျောက်သွားခဲ့တယ်… တင်းဖောင်လည်း ဒီစိန်ခေါ်ပွဲအတွက် သူကြိုးစားလေ့ကျင့်ခဲ့တယ်… တကယ့် စိန်ခေါ်ပွဲနေ့မှာတော့…. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…….

5.6 2024
Full Moon Scimitar Harmony Initial
Kadha Innuvare
7.3

Kadha Innuvare (2024) “အချစ်နောက်လိုက်ခြင်း” ရိုးရိုးစင်းစင်း မလေယာလမ် ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တို့ ရင်အေးစေဖို့ တင်ဆက်လိုက်ပါတယ် ဒီဇာတ်လမ်းမှာဆိုရင် မတူညီတဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို စတိုင်တစ်မျိုးနဲ့ တင်ဆက်ထားတာကို ကြည့်ရမှာပါ ရာမာချန်ဒရန်က သက်လတ်ပိုင်း ရုံးလုလင်တစ်ယောက်ဖြစ်ပြီး တစ်သက်လုံးလူပျိုလုပ်လာခဲ့ပြီးမှ ရုံးကိုအသစ်ရောက်လာတဲ့ အထက်အရာရှိအမျိုးသမီးကို ချစ်မိသွားတဲ့လူ ဂျိုးဆပ်ဆိုတာက နိုင်ငံရေးသမားတစ်ယောက်ရဲ့ တပည့်ဖြစ်သူ၊ အကြမ်းနည်းသုံးပြီး ပြဿနာတစ်ခုကို ဖြေရှင်းရင်း ဆတ်ဆတ်ကြဲရန်တွေ့တတ်တဲ့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားခဲ့တယ် နောက်ပြီး ဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်က သူ့ထက်သာတဲ့ ကျောင်းသူကောင်မလေးရဲ့ အချစ်ကို ရဖို့ကြိုးစားပုံနဲ့ အရက်ဆိုင်မှာအလုပ်လုပ်ပြီး ရွှေကြာမလေးတစ်ယောက်ကိုမှ သဘောကျသွားတဲ့ ရိုးသားတဲ့ဖိုးသခွားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.3 2024 129 mins
Kadha Innuvare
The Guns of Navarone
7.5

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ war/adventure ရုပ်ရှင်တစ်ခုဖြစ်တဲ့ The Guns of Navarone ပါ မူရင်းစာအုပ် The Guns of Navarone ကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ် Navarone ဆိုတဲ့ကျွန်းက အပြင်မှာ တကယ်မရှိပါဘူး ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း Roman Holiday, To kill a mockingbird တို့နဲ့ သိလောက်မယ့် မင်းသားကြီး Gregory Peck, David Niven, Anthony Quinn, James Darren တို့ပါ IMDb rating 7.5, rotten tomatoes 92% ရထားတဲ့ စစ်စွန့်စားခန်း ရုပ်ရှင်ကားကောင်းတစ်ခုပါပဲ ဇာတ်ကြောင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်‌တွေဟာ စစ်အင်အားပြသဖို့အတွက် ဂရိကျွန်းဆွယ်တစ်ခုဖြစ်တဲ့ ကာရိုစ်ကျွန်းကို ‌ရုတ်တရက်ထိုးစစ်ဆင်ဖို့ ကြံစည်ပါတယ် ကာရိုစ်ကျွန်းပေါ်မှာ သောင်တင်နေတဲ့ အင်္ဂလိပ်စစ်သား ၂၀၀၀ ကို ကယ်တင်ဖို့အတွက် မဟာမိတ်အဖွဲ့ဘက်က အရည်အချင်းပြည့်ဝတဲ့ အရာရှိ ၆ ဦးကို ဂျာမန်တွေရဲ့ နောက်ဆုံးပေါ်အမြောက်ကြီးတွေ တပ်ဆင်ထားတဲ့ နာဗာရွန်ကျွန်းကို ဖောက်ခွဲပစ်ဖို့အတွက် စေလွှတ်လိုက်ပါတော့တယ် အစကတည်းက မဖြစ်နိုင်ဘူးဆိုတာ သေချာနေတဲ့ စစ်ဆင်ရေးတစ်ခုကို စေလွှတ်ခံရတဲ့ အရာရှိ ၆ ဦးတို့ ဘယ်လိုစွန့်စားခန်းတွေနဲ့ ကြုံရပြီး စစ်ဆင်ရေးကို အကောင်အထည်ဖော်ကြမလဲ ဆိုတာ ဇာတ်ကွက်ကောင်းကောင်း၊ ဟန်ပါပါသရုပ်ဆောင်ချက်၊ ကျစ်လျစ်တဲ့ဒိုင်ယာလော့ခ်တွေနဲ့ စစ်ပွဲအတွင်း ပါဝင်ကြ နစ်နာကြရသူတွေရဲ့ ခံစားချက်အမြင်ကို ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျာ File size…(3.6 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:38:00 Genre… Action, Adventure, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khey Ki

Drama
7.5 1961 160 mins
The Guns of Navarone
Big Fish
8

IMDb Rating (8.0) / Rotten Tomatoes (76%) Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေ ဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်… ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း…. အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ အဖေ့ဘဝမှာ နေပူကြဲတဲ ညနက်သန်းခေါင် နရသိန်နှုတ်ခမ်းဝ အမှောင်မိုက်ဆုံးနဲ့ အပူပြင်းဆုံးနေ့ရက်များစွာ ရှိခဲ့ဖူးတာကို ငါကောင်းကောင်းသိပါတယ်။ အဖြူရောင်မဖြစ်တဖြစ် ပန်းချီကားတစ်ချပ်လိုကာလတုန်းကတော့ ငါရေးတေးတေးပဲ သိခဲ့တယ်။ ငါ့ပန်းချီကားမှာ အရောင်တွေစုံလာမှ သူကြုံခဲ့ရတဲ့အရောင်တွေကို ငါပြန်နားလည်လာနိုင်ခြင်းတွေပေါ့။ ဒါပေမဲ့ ငါ့အဖေက အတ်ဒဝတ်ဘလွန်းမဟုတ်ခဲ့ဘူး။ ပုံပြောကောင်းတဲ့ အဘိုးကြီးမဟုတ်တဲ့ သာမန်အဘိုးကြီးတစ်ယောက်ပဲဖြစ်ခဲ့တယ်။ အော်စကာဝိုင်းပြောသလို အမှန်တရားဆိုတဲ့စကားလုံးမှာ သန့်ရှင်းတယ်ဆိုတာရှားပြီး ရိုးရှင်းတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ဘာလို့ဆို ငါတို့ရဲ့များသောအားဖြင့် တင်စားချက်တွေမှာ အမှန်တရားဟာ ဖုံးကွယ်ထားတဲ့အရာတစ်ခုနောက်က တကယ့်အဖြစ်မှန်ကို ရည်ညွှန်းနေတတ်တာများတယ်။ အတ်ဒဝတ်ဘလွန်းဟာ ခါးသီးတဲ့အဖြစ်မှန်တွေကို လှပတဲ့ပုံပြင်တွေအဖြစ်ပြောင်းလဲပစ်ပြီး သူ့သားကို ရက်စက်တဲ့အမှန်တရားတွေလက်ကနေ ကာကွယ်ခဲ့တယ်။ ငါ့အဖေကတော့ ငါ့ကိုမပြောပြတဲ့ နည်းနဲ့ပဲ ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ငါရေးရေးသိခဲ့ပါတယ်။ အတ်ဒဝတ်ဘလွန်းရဲ့ ကာကွယ်နည်းက ပိုထိရောက်တာအမှန်ပေမဲ့ ငါ့အဖေဟာ သူစွမ်းသလောက်တော့ ငါ့ကိုကာကွယ်ပေးခဲ့တယ်။ သုခမိန်လှိုင်ရဲ့ဓားလို ကာကွယ်ပေးခဲ့တယ်။ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကိုခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး Magical Realismရုပ်ရှင်တွေကို ငါသဘောကျတဲ့အချက်က အရက်စက်ဆုံးဇာတ်လမ်းတွေကိုတောင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွေဖြစ်အောင်လုပ်ပစ်နိုင်တာကိုပေါ့။ Big Fishကတော့ ထူးခြားတယ်။ ခါးသီးတဲ့ဇာတ်လမ်းတွေကို လှပတဲ့ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ Magical Realismရုပ်ရှင်မျိုးပဲ။ အတ်ဒဝတ်ဘလွန်းဟာ မွေးကင်းစကတည်းကနေ သေတဲ့အထိ ဖမ်းလို့မမိနိုင်တဲ့ငါးကြီးတစ်ကောင်ကို လိုက်ဖမ်းခဲ့တယ်။ အဲဒီငါးကြီးက ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတယ်။ အချစ်တွေ, ကိုယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးလုပ်ပေးချင်ခြင်းတွေ, သူ့အခက်ခဲဆုံးအချိန်တွေ ဘေးမှာရှိနေပေးစေခြင်းတွေ, သူဖြစ်ချင်တဲ့အရာတိုင်းကို လုပ်ပေးချင်ခြင်းတွေ, အိပ်မက်တွေပေါ့။ အချစ်ဆိုတဲ့အရာကလည်း ငါတို့ထင်သလောက် မရိုးရှင်းတာ, မသန့်ရှင်းတာ, မချိမြိန်တာကို အနေကြာလာရင်းနဲ့ ငါတို့သိလာတာပါပဲ။ ဒါအမှန်တရားပဲ။ အတ်ဒဝတ်ဘလွန်းက အမှန်တရားက သူ့အချစ်တွေကို ဖုံးလွှမ်းသွားမှာကို ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ အတ်ဒဝတ်ဘလွန်းဟာ တစ်ချိန်လုံး အသိဉာဏ်ထက် ခံစားချက်ကို ဦးစားပေးတဲ့သူဖြစ်ခဲ့တယ်။ ဒီတော့ အတ်ဒဝတ်ဘလွန်းဟာ အချစ်ရဲ့မချိုမြိန်တဲ့ဘက်အခြမ်းတွေကို ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူဘယ်တော့မှ ဖမ်းလို့မမိမယ့်ငါးကြီးနောက်ကို တစ်သက်လုံးလိုက်ခဲ့တယ်။ ဒီငါးကြီးနောက်ကို အတ်ဒဝတ်ဘလွန်းဟာ တစ်သက်လုံးလိုက်ခဲ့ရင်း နောက်ဆုံး သူကိုယ်တိုင် အဲဒီငါးကြီးဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီဟာရဲ့ Metaphorက မတူဘူး။ မဖြူစင်မှုတွေနဲ့ရှင်သန်ရင်း အခါခါလောင်ကျွမ်းခြင်းရဲ့ အဆုံးသတ်မှာ အဖြူရောင်ပြာတွေက တကယ်ဖြူနိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဒီဇာတ်လမ်းပြာ အတ်ဒဝတ်ဘလွန်းရဲ့ အဖြူရောင်ပြာတွေပါပဲ။ ငါ့အဖေလည်း ငါ့ကို အဖြစ်အပျက်တွေမဟုတ်ဘဲ မတူတဲ့ပုံပြင်တွေကို ပြောခဲ့ဖူးတယ်။ သူ့ရဲ့အဖြူရောင်ပြာတွေပေါ့။ လူတစ်ယောက်ဟာ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူကိုယ်တိုင် အဲဒီပုံပြင်ကို ယုံသွားတဲ့အဖြစ်မျိုး ခင်ဗျားတို့ကြုံဖူးလား။ ကြုံဖူးမှာပါ။ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူဟာ အဲဒီပုံပြင်ဖြစ်သွားလိမ့်မယ်။ သူကိုယ်တိုင်တောင် ပြန်ယုံသွားတဲ့ ပုံပြင်ကို အားလုံးလည်း ယုံသွားကြလိမ့်မယ်။ တစ်ခါတလေကျတော့လည်း အမှန်တရားတွေဆိုတာ နှလုံးသားတွေအတွက်မလိုဘူး။ ပုံပြင်လှလှလေးတွေ , သိပ်လှတဲ့ဇာတ်လမ်းလေးတွေ။ အင်းပေါ့ ခါးသီးတဲ့ အတိတ်တွေအကုန်လုံးကို လောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ပြာတွေလို လှပတဲ့ပုံပြင်လေးတွေ။ ပုံပြင်တွေဟာ အတိတ်မဟုတ်ဘူး။ ပစ္စုပ္ပန်မဟုတ်ဘူး။ ပုံပြင်တွေဆိုတာ အနာဂတ်အတွက်ပဲ။ ငါတို့အချစ်တွေကို ငါတို့လည်း ပုံပြင်တွေပြောခဲ့တယ်။ ငါတို့အချစ်တွေကို ငါတို့ ပုံပြင်တွေ ဆက်ပြောနေရဦးမယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8 2003 125 mins
Big Fish