YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Six Flying Dragons .2015.EP19.WEB-DL720P(CM).mp4

468.51 MB 720p video/mp4 1099 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Legend of Zu 2

ဇူတောင်တန်းမှာ ဒဏ္ဍာရီတွေ အများကြီးရှိနေပါတယ်... စွမ်းအားပြင်းတဲ့ လက်နက်တွေ နတ်ပြည်က ဖန်ဆင်းပေးထားတာတွေ မသေမျိုးတွေ ပြီးတော့... တောင်တန်းကို မကောင်းဆိုးဝါးတွေ လက်ထဲက ကာကွယ်ပေးနေတဲ့ အသင်းတော်တွေ … နှစ် ရာထောင်သောင်းချီတဲ့ ကာလအတွင်းမှာ အသင်းတော်တွေကြားက မညီညွတ်မှုကြောင့် တစ်သင်းပြီး တစ်သင်း မကောင်းဆိုးဝါးကြီး အင်စိုရဲ့ ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်ခဲ့ရပါတယ်။ အခုကတော့ အိုမီအသင်းတော်အလှည့်ပါ... အိုမီကျောင်းတော်သားတွေက တက်ညီလက်ညီ ကာကွယ်သွားနိုင်မလား... မကောင်းဆိုးဝါးကပဲ အနိုင်ယူသွားမလားဆိုတာကို တရုတ်သိုင်းကား စိတ်ဝင်စားရင်တော့ ကြည့်လိုက်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲခဗျာ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(3GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:44:00 Type__Action, Adventure, History Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Crime
0 2020 78 mins
The Legend of Zu 2
Ip Man: The Awakening
6.5

"လောကမှာ လူနှစ်မျိုးပဲရှိတယ်။ ဈေးကြီးတဲ့လူနဲ့ ဈေးပေါတဲ့လူ"တဲ့။ ဒါက ရုပ်ရှင်ထဲက လူကုန်ကူးသူပြောတဲ့စကား...... CM ပရိတ်သတ်တို့အတွက် IP Man - The Awakening ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲမှာတော့ IP Man ငယ်ရွယ်စဉ်ဘဝက ဟောင်ကောင်မှာ ပညာသင်နေချိန်ကပေါ့ ဟောင်ကောင်မှာ အင်္ဂလန်ဂိုဏ်းတစ်ခုက အမျိုးသမီးငယ်လေးတွေကိုဖမ်းဆီး နှိပ်စက် ရောင်းစားနေခဲ့တယ်။ တစ်နေ့မှာ IP man ဟာ လူဆိုးဂိုဏ်းတွေ အပိုင်စီးထားတဲ့ ဆိပ်ကမ်းတစ်ခုထဲကို မှားဝင်သွားမိပြီး ထိုဒုစရိုက်မှုကြီးကို မျက်မြင်တွေ့ခဲ့ရပါတယ်...... IP Man ဟာ သူတစ်ယောက်တည်းအားနဲ့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေကို ကယ်တင်နိုင်ပါ့မလား... လူဆိုးဂိုဏ်းကြီးကိုကော IP Man ရဲ့ ကွန်ဖူးပညာနဲ့ ဘယ်လိုချေမှုန်းမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်. Quality : Bluray 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 20min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Mystery
6.5 2023 76 mins
Ip Man: The Awakening
Waltz with Bashir
7.7

၁၉၈၂ ခုနှစ် ဇွန်လမှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံကိုကျူးကျော်စစ်စတင်ခဲ့စဉ်က အကြောင်းတွေပြန်လည်ဖော်ထုတ်ထားတဲ့ဖြစ်ရပ်မှန်နောက်ခံဇာတ်ကားဖြစ်ပါတယ်။ Ari Flomanဟာထိုစစ်ပွဲမှာ အစ္စရေးဘက်ကတိုက်ခိုက်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ကာ စစ်ပွဲနဲ့ပတ်သက်တာတွေကို သူမမှတ်မိနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာသူငယ်ချင်းဖြစ်သူ ဘော့ဇ်က သူ့အိပ်မက်အကြောင်းပြောပြတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စစ်ပွဲမှာဖြစ်ပျက်ခဲ့တာတွေကိုရေးရေးမြင်လာပါတယ်။ စစ်ပွဲမှာ သူဘာတွေလုပ်ခဲ့လဲ၊ဘယ်တွေရောက်ခဲ့လဲဆိုတာကို ပြန်လည်ရှာဖွေဖို့ မိတ်ဆွေတွေဆီလိုက်မေးတဲ့ ပုံစံမျိုးနဲ့ဇာတ်အိမ်တည်ထားပါတယ်။ ဘာလို့လိုက်မေးရသလဲ ဒီဇာတ်ကားကိုသူဘာကြောင့်ထုတ်လုပ်ရသလဲဆိုတော့ အဲ့အချိန် အဲ့စစ်ပွဲမှာဖြစ်ပျက်ခဲ့ပြီး ဘာစီရင်ချက်မှမရှိခဲ့တဲ့ လက်ဘနွန်ဒုက္ခသည်စခန်းတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို မီးမှောင်းထိုးပြချင်လို့ပါပဲ။ ဇာတ်လမ်းအဆုံးမှာ ထိုအချိန်ကရိုက်ကူးခဲ့တဲ့ video footageလေးနဲ့အဆုံးသတ်ထားပါတယ်။ File Size : (1.5GB) and (575MB) Quality : Blu-Ray  1080P, 720p Format…mp4 Duration…01:30:00 Genre : Biography, Animation Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Mystery • Romance • Science Fiction • Thriller
7.7 2008 90 mins
Waltz with Bashir
Apur Sansar
8.2

" အကောင်းဆုံး Art house Trilogyများ " ဆိုတဲ့ IMDb ရဲ့ List တစ်ခုမှာ ထိပ်ဆုံး၆ကားလုံးက ဘင်္ဂါလီဒါရိုက်တာကြီး ဆာတရာဂျစ်ရေးရဲ့ Trilogy နှစ်ခုပါပဲ။ ပထမကတော့ အပု Trilogy ပါ၊ နောက် ကာလကတ္တား Trilogy ကိုမြင်ရမှာပါ။ ရေးရဲ့အပု Trilogy မှာ Pather Panchali, Aparajito, Apur Sansar ဆိုတဲ့ သုံးကားပါပြီး သုံးကားလုံးဟာ IMDb ၈.၅ဝန်းကျင် ရထားတဲ့ ရုပ်ရှင်တွေပါပဲ။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုအလီလီ ရရှိခဲ့တယ်။ နောက်ဆုံး ရေးဟာ မာတင်စကောဆေးစိရဲ့ ကမကထပြုမူနဲ့ ၁၉၉၂ အော်စကာဆုပေးပွဲမှာ Honorary Award ကိုတောင် ရခဲ့ပါတယ်။ ကျွန်တော်တို့ဆီက စွယ်စုံရဒါရိုက်တာကြီးဝင်းဖေကတော့ ဝင်းဖေလွယ်အိတ် စာအုပ်မှာ "ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အနေနဲ့ နိုင်ငံတကာရုပ်ရှင်ဆု အများဆုံးရထားသူဟာ ဥရောပကမဟုတ် အမေရိကက မဟုတ်တဲ့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာကြီး ရှော်ဒိုးဂျီးရွိုင်း (ဘင်္ဂါလီသံဖြင့်) ဖြစ်တယ်" လို့ ဆိုထားပါတယ်။ အပု Trilogy ဟာ ဘင်္ဂါလီစာရေးဆရာ ဘီဘုတိဘုဆန် ဘနားဂျေး (Bibhutibhushan Bandyopadhyay) ရဲ့ ပသာပန်ချာလီ (၁၉၂၉)နဲ့ အပရာဇိတ (၁၉၃၂) စာအုပ်၂အုပ်ကို အခြေတည်ပြီး ရေးကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတာပါ။ ရေးရဲ့ ပထမကား ပသာပန်ချာလီကတော့ နာမည်တူစာအုပ်ကိုပဲ အခြေတည်ထားပြီးတော့ ဒုတိယကား အပရာဇိတကတော့ အပရာဇိတစာအုပ်ရဲ့ ပထမတစ်ဝက်ကို ရိုက်ကူးထားတာဖြစ်ပြီး နောက်ဆုံးကား အပုဆန်းဆားကတော့ အပရာဇိတစာအုပ်ရဲ့နောက်ဆုံးတစ်ဝက်ကိုရိုက်ကူးထားတာပါ။ ဒီသုံးကားလုံးဟာ အပုဆိုတဲ့ ဘင်္ဂါလီလူမျိုး အောက်ခြေလူတန်းစားကလေးရဲ့ လူမှန်းမသိတတ်သေးတဲ့ အရွယ်ကနေ ဖခင်ဖြစ်တဲ့အရွယ်အထိ အရွယ်သုံးပါးလုံးကိုပြပြီး ဘင်္ဂါလီမိသားစုတွေရဲ့ ဘဝကို အရိုးရှင်းဆုံးနဲ့အလှပဆုံးပုံဖော်ထားခဲ့တယ်။ နောက်ဆုံးကားအရ ဒီစာအုပ်၂အုပ်ဟာ စာရေးဆရာရဲ့ ဘဝဖြစ်စဉ်တွေလည်း နှောနေမယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့်လည်း ဒီသုံးကားဟာ တော်တော့်ကို ခံစားရ စစ်မှန်နေတာပါပဲ။ ဘယ်လောက်ပဲနည်းပညာတွေဖွံ့ဖြိုးလာပါစေ အရှိတရားကို အရိုးရှင်းဆုံးပြထားတဲ့ ရုပ်ရှင်တွေက ခံစားမှုကတော့ အမြဲတစ်ပန်းသာနေမြဲမို့ ရေးရဲ့ရုပ်ရှင်တွေဟာ ခုလည်း ခေတ်ရဲ့နောက်မှာမကျန်ခဲ့သလို နောင်လည်းကျန်ခဲ့မှာမဟုတ်ပါဘူး။ ရေးဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ နယ်ပယ်အစုံမှာ ခြေဆန့်နိုင်တဲ့ အနုပညာသမားပါ။ Screen Writer, Documentary, Filmmaker, Author, Essayist, Lyricist, Magazine Editor, Illustrator, Calligrapher, နဲ့ Music Composer စတဲ့ နယ်ပယ်တွေမှာလည်း ခြေဆန့်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်မှာလည်း လိုင်းပေါင်းစုံကို ခြေဆန့်နိုင်ခဲ့ပါတယ်။ Goopy Bagha ရုပ်ရှင်သုံးကားတွဲနဲ့ အိန္ဒိယ fantasy ကမ္ဘာတစ်ခုကို ဖန်တီးခဲ့သလို စုံထောက်ကြီး Feluda ဇာတ်ကားတွေရိုက်ကူးပြီးလည်း အိန္ဒိယရဲ့ကိုယ်ပိုင်ပုံစံနဲ့ ရှားလော့ခ်ကိုဖန်တီးခဲ့ပါတယ်။ သူ့ရုပ်ရှင်တွေရဲ့ costume ဒီဇိုင်းတွေ နောက်ခံတေးသံတွေကို ကြည့်ခြင်းအားဖြင့် ရေးဟာ အဘက်ဘက်မှာ ပါဖက်ရှင်နစ်ဖြစ်တဲ့ လူတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ရေးကို အိန္ဒိယရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲပေးခဲ့တဲ့သူလို့လည်း ဆိုကြပါတယ်။ သူ့ရုပ်ရှင်တွေမှာ ဘင်္ဂါလီဓလေ့တွေကို သေသေချာချာပြထားပြီး ကရုဏာသက်စရာ ဘင်္ဂါလီအမျိုးသမီးတွေ ဘဝကိုပါ ပေါ်လွင်အောင်ပြနိုင်ခဲ့ပါတယ်။ ဘယ်မှာဖတ်ခဲ့ဖူးတာလဲ မမှတ်မိတော့ပေမဲ့ ကျွန်တော် ခပ်ရေးရေး မှတ်မိနေတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ လူတစ်ယောက်ရှိတယ်။ သူက ဝက်အကြောင်းကလွဲ ဘာမှစိတ်မဝင်စားဘူး။ သို့ပေမဲ့ အိမ်နားက ကလေးမလေးလားမသိ မြူးထူးနေတာကိုကြည့်ပြီး ဒါဝက်မတွေအတွက်ဆို လင်လိုချင်နေတဲ့ အခြေအနေပဲ လို့ပြောတယ်။ နောက်ရက်ကျ အဲဒီကလေးမလေး တကယ် လင်နောက်လိုက်သွားတော့တာပါပဲ။ လောကဟာ ရှုပ်မယောင်နဲ့ အတော်ရိုးရှင်းပါတယ်။ တစ်ခုခုကို အတွင်းကျကျသိသွားပြီး သော့ချက်ရသွားတဲ့အခါ ဘာမဆို သိသွားသလိုပါပဲ။ တစ်ချို့ပြောကြသလို ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းနားလည်လိုက်တာနဲ့ လူတွေအားလုံးကို နားလည်နိုင်သလောက်ပဲမလား။ ဒါကြောင့်လည်း တရားတော်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ မြင်အောင်ကြည့်ဖို့ ဆိုခဲ့တယ်ထင်ပါတယ်။ ရေးဟာ အနုပညာနဲ့ပတ်သက်ရင် ဘက်စုံတော်တဲ့သူ၊ အနုပညာရဲ့သော့ချက်ကိုသိရှိပြီး ဘယ်အနုပညာမှာမဆို အသုံးချနိုင်တဲ့သူပါပဲ။ ဒီလိုလူတွေ မနည်းပေမဲ့ မများလှသလို ရေး‌လောက်လည်း ဘယ်သူမှ နာမည်မကျော်ဖူးကြတာတော့ အမှန်ပါပဲ။ " အပုရဲ့ကမ္ဘာ " အပုသုံးကားဟာ အပုရဲ့ကမ္ဘာပါပဲ။ ဒီသုံးကားဟာ အပုဘဝရဲ့ ရယူခြင်း ဆုံးရှုံးခြင်း၊ အောင်မြင်ခြင်း ကျရှုံးခြင်း၊ ဆုံဆည်းခြင်း ကွဲကွာခြင်းများကို မခြွင်းမချန်ပြထားတဲ့ ရုပ်ရှင်တွေပါပဲ။ ရှေ့၂ကားအကြောင်းရေးခဲ့ဖူးပြီမို့ အပုဆန်းဆားကားကိုပဲ အခုတော့ အပုဆန်းဆားကားကိုပဲ ဦးတည်လိုက်ပါမယ်။ ရှေ့သုံးကားလုံးကိုလည်း အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ ~~ " The Apu Trilogy "  ~~ " Apur Sansar "(1959) " အပုဆန်းဆား " IMDb - 8.5/10 အဖေရော အမေရောမရှိတော့တဲ့ တစ်ကောင်ကြွက် အပုဟာ ကျောင်းပြီးအောင် မတက်နိုင်တော့ပါဘူး။ အပုဟာ သူနဲ့အဆင်ပြေတဲ့အလုပ်ကို ရှာကြည့်ပေမယ့်လည်း အခြေနေအကြောင်းကြောင်းကြောင့် သူနဲ့ အံကိုက်တဲ့အလုပ်ကိုမတွေ့ခဲ့ပါဘူး။ ဒီနောက်မှာတော့ အပုဟာ ပြန်လာရင်အလုပ်သွင်းပေးမယ်ဆိုတဲ့ သူ့သူငယ်ချင်းနဲ့အတူ သူ့ငယ်ချင်းအမဝမ်းကွဲရဲ့ မင်္ဂလာဆောင်ကိုသွားခဲ့တယ်။ ကံဆိုးချင်တော့ သူ့သူငယ်ချင်းအမရဲ့ သတို့သားလောင်းက မင်္ဂလာချိန်နီးမှ ရူးသွားခဲ့တယ်။ ဒုတိယကားမှာ ထုံးတမ်းစဉ်လာအောက်က အိန္ဒိယဇနီးသည်တွေရဲ့ဘဝဒုက္ခကို မြင်သာအောင်ပြသွားပြီးတဲ့နောက် ဒီတစ်ခါတော့ အိန္ဒိယသမီးပျိုတွေရဲ့ ဘဝဒုက္ခကို မြင်သာအောင်ပြတော့တာပါပဲ။ သတို့သားရူးသွားလို့ မင်္ဂလာပွဲကိုဖျက်လိုက်ကြပေမယ့် သတို့သမီးဟာ အဲဒီတစ်နေ့တာရဲ့ ဒုတိယမင်္ဂလာချိန်မှာမှ ခင်ပွန်းလောင်းလုပ်ပေးမယ့်သူကို ရှာမတွေ့ရင် တစ်သက်လုံးလက်ထပ်လို့မရတော့တဲ့ အမျိုးသမီးဖြစ်တော့မှာပါ။ ဒီတော့အပုသူငယ်ချင်းဟာ အပုကို သူ့အမကိုယူပေးဖို့ စကားဆိုလာတယ်။ အဆောင်လခက မပေးနိုင် အလုပ်ကရေရေရာရာမရှိတဲ့ တစ်ကောင်ကြွက် သူ့ဘဝပေးကြောင့် အပုဟာ အစပိုင်းမှာ အင်တင်တင်ဖြစ်နေပေမဲ့ သူ့ကိုသွင်းပေးမယ့် အလုပ်ရမှာသေချာလားမေးပြီးတဲ့နောက် အပုဟာ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ အပုနဲ့ သူ့မိန်းမရဲ့ အိမ်ထောင်ရေးကို ရေးဟာ အတော်ကြည်နူးစရာကောင်းအောင် ပုံဖော်သွားခဲ့တယ်။ အပုမိန်းမရဲ့ကာရိုက်တာဟာ မိန်းမဆန်တဲ့မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာပါပဲ။ ဒီလိုကာရိုက်တာမျိုးကို ကျွန်တော်သေချာရင်းနှီးဖူးတာက Farewell My Concubine ထဲက ဂေါင်လီရဲ့ကျူရှန်းကရယ်၊ မီနရီထဲက Han Ye-Ri ရဲ့ မိုနီကာရယ်မှာပါ။ မိန်းမနဲ့တူတဲ့ မိန်းမအဖြစ်ကောင်းကောင်း ပုံဖော်နိုင်ခဲ့တဲ့ အဲဒီအမျိုးသမီး ၂ယောက်ကြောင့် အဲဒီရုပ်ရှင်၂ကားလုံးဟာ ကျွန်တော့်အတွက် အတော်ညှိလောက်စရာကားတွေဖြစ်ခဲ့တယ်။ အပုဆန်ဆားကတော့ သူတို့ထက် ပိုလှပအောင်ပုံဖော်သွားနိုင်တယ်ပဲ ဆိုရမှာပါ။ ၃၉မိနစ်ကနေ ၁နာရီ၁၃မိနစ်အထိ နာရီဝက်လောက်ပဲမြင်ခဲ့ရတဲ့ ဒီဇာတ်ကောင်ဟာ ဒီရုပ်ရှင်မှာ ရင်ထဲ အရောက်ဆုံး ဇာတ်ကောင်ဖြစ်ခဲ့ရလောက်အောင် သရုပ်ဆောင်ခဲ့တဲ့မင်းသမီးရော ရေးရောရဲ့ ပုံဖော်နိုင်စွမ်းက ပြောင်မြောက်ခဲ့တယ်။ ရေးဟာ ဇာတ်လိုက်‌နေရာမှာသာ အပုကို ထားထားပေမဲ့ သူ့အပုသုံးကားလုံးမှာ အပုဘဝထဲက အမျိုးသမီးဇာတ်ကောင်တွေကို ကြည့်ရှုသူ ရင်ထဲပိုရောက်အောင်၊ သူတို့ကိုစာနာတတ်အောင်၊ အိန္ဒိယယဉ်ကျေးမှုကြီးကို ပြောင်းလဲနိုင်အောင်များ ပုံဖော်သွားသလားတော့ မသိပါဘူး။ ရေးပြောဖူးသလိုပါပဲ။ " ရုပ်ရှင်တစ်ကားက ဘာအကြောင်းကို ရိုက်ထားခဲ့တာလဲဆိုတာကို ဒါရိုက်တာတစ်ယောက်တည်းသိမှာပါ"။ ကြည့်ရှုသူ ခံယူတဲ့အတိုင်းပဲ ဖြစ်သွားမှာပါပဲ။ တစ်နာရီဆယ့်သုံးမိနစ်နောက်ပိုင်းမှာ ရေးဟာ အပုမိန်းမ အပါနာဇာတ်ကောင်ကို စာတစ်စောင်နဲ့တော့ ဆက်ပုံဖော်သွားခဲ့ပါတယ်။ ဒီစာနဲ့တင် ဇာတ်ကောင်ဟာ ဘယ်လိုမျိုးလဲဆိုတာ သိစေနိုင်စွမ်းခဲ့ပါတယ်။ " ပွဲတော်ရှစ်ရက်မြောက်နေ့မှာ ကျွန်မဆီလာမယ်လို့ ရှင် ကျွန်မကို ကတိပေးထားတယ်နော်။ ကျွန်မ အဲဒီနေ့ကိုစောင့်နေမယ်။ ရှင်မလာရင် ကျွန်မရှင့်ကိုလုံးဝမခေါ်တော့ဘူး။ ရှင်ကလူလိမ်ကြီးပဲ။ အရင်လက ရှင်ကျွန်မဆီ စာ၇စောင်ပဲပို့တယ်။ တစ်ပတ်နှစ်စောင်ပို့ရမယ်လို့ ကျွန်မမှာထားတယ်လေ။ ရှင်က ရှင့်ကတိကိုတကယ်မတည်ဘူးပဲ။ ကျွန်မရှင်လာမယ့်ရက်ကို လက်ချိုးရေနေမယ်။ ရှင်မလာဘူးဆိုရင် ကျွန်မရှင့်ကို စကားမပြောဘူး။ ရှင့်အိမ်နားက ကောင်မလေးကို ကျွန်မမနာလိုဘူး။ သူကျ ရှင့်ကို မနက်တိုင်း ညနေတိုင်းတွေ့ရတယ်။ ကျွန်မကျ မတွေ့ရဘူး။ ဒါတော်တော်မတရားဘူး။ ရှင့်အခန်းပြတင်းပေါက်ကို သေချာပိတ်ထားနော်။ ကျွန်မစာလုံးပေါင်းတွေ အများကြီးမှားတယ်မလား။ ရှင် ရယ်တော့မှာ ကျွန်မသိနေတယ်။ ကျွန်မက စာရေးဆရာမှမဟုတ်ဘဲ။ စာရေးတတ်ရုံလောက်ရှိတာ။ ရှင့်ကိုယ်ရှင် ကောင်းကောင်းဂရုစိုက်ပါ။ ကျွန်မက ကျန်းမာပေမဲ့ ကျွန်မနှလုံးသားကတော့ မကျန်းမာဘူး။ ရှင်ရောက်လာမှပဲ ပျောက်မှာ။ ရှင်ရောက်မလာရင် ကျွန်မ ရှင့်ကို ဘယ်တော့မှ မခေါ်တော့ဘူး။ " ရုပ်ရှင်ဟာ စိတ်ရဲ့အစာပဲလို့ ရေးကဆိုပါတယ်။ အပုသုံးကားဟာ ကြည့်ရှုသူရဲ့ စိတ်ကို ဘယ်လိုပုံစံနဲ့ အဆာပြေစေမလဲကတော့ ကြည့်ရှုသူတစ်ယောက်ချင်းအလိုက် မူကွဲသွားမှာပါပဲ။ " ကိုယ်တိုင်တွေ့ရှိတဲ့ အဖြေတွေဟာ အကောင်းဆုံးအဖြေတွေပဲ "လို့ ရေးကိုယ်တိုင်ကပဲဆိုဖူးတော့ ဘယ်လိုအဆာပြေစေမလဲဆိုတာ ကိုယ်တိုင်ပဲအဖြေရှာကြည့်လိုက်ပါတော့။ အမှန်ပြောရရင် ရေးကတော့ အပုသုံးကားကို အနိုင်နဲ့ပိုင်းပြီး ဇာတ်သိမ်းပစ်လိုက်ပေမဲ့ ကျွန်တော်ကတော့ အပုရဲ့ နောက်ပိုင်းဇာတ်ကို ဆက်ကြည့်ချင်မိတာပါပဲ။ သို့ပေမဲ့လည်း သုခမိန်လှိုင်ရေးဖူးတဲ့ စာသားတစ်ခုလို " အနုပညာမှာ ဘဝမှာ အချစ်မှာ အဆုံးသတ်ရန် တစ်နေရာမှာတော့ အဆုံးသတ်လိုက်ရတာပါပဲ။ " ဘာပြောပြောပါ အပုရဲ့ဇာတ်လမ်းဟာ အဆုံးသတ်သွားပေမဲ့ အပုနဲ့ ရေးနဲ့ ဘနားဂျေးနဲ့ကတော့ ကျွန်တော်တို့ရင်ထဲကျန်နေမှာပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.7GB, 1GB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Science Fiction
8.2 1959 105 mins
Apur Sansar
My Worst Neighbor
5

My Worst Neighbour (2023) ဒီတစ်ခါမှာ ချိုချိုချဉ်ချဉ်လေးခံစားရစေမယ့် Romance ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါမယ် ဇာတ်လမ်းအကျဉ်းကတော့ အဆိုတော်အဖြစ် လူရွေးပွဲဝင်ချင်တဲ့ အီဆွန်းဂျင်းဟာ လွတ်လွတ်လပ်လပ်နဲ့ လေ့ကျင့်ချင်တဲ့အတွက် အိမ်ငှားရပါတယ်... အိမ်ရှာတဲ့နေရာမှာလည်း ပေါချောင်ကောင်းလိုချင်တဲ့ သူ့အဖြစ်က ငိုရခက်ရယ်ရခက်ပါပဲ ဘာလို့လဲဆိုတော့ ငှားလိုက်တဲ့အိမ်က ဟိုဘက်တိုက်နဲ့ ဖုန်းဆက်စရာတောင်မလိုဘဲ စကားပြောလို့တောင်ရတဲ့အထိ အသံက ထိုးချင်းပေါက် ကြားနေရတာပါ အဲတော့ အဆိုလေ့ကျင့်ချင်တဲ့သူနဲ့ ဟိုဘက်အိမ်က ကောင်မလေးတို့ရဲ့ ရန်ပွဲစပါတော့တယ်.. အဲလိုရန်ဖြစ်ရင်းနဲ့ပဲ သံယောဇဉ်တွေဖြစ်လာပြီး နောက်ပိုင်း မျက်နှာတောင်မမြင်ဖူးသေးဘဲ တွဲတဲ့အဆင့်ထိရောက်လာပါလေရော မျက်နှာတောင်မမြင်ဖူးဘဲ သံယောဇဉ်တွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ရှေ့ဆက်လို့အဆင်ပြေပါ့မလား.. ဖြစ်လာတဲ့ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်

Crime • Thriller
5 2023 112 mins
My Worst Neighbor
1917
8

ဒီနှစ် အကယ်ဒမီမှာ ဆုတွေ အများကြီး ဆန်ကာတင်ဝင်ပြီး ၃ ဆုရထားတဲ့ စစ်ကားပါ။ စစ်ကားငတ်နေတဲ့သူတွေတော့ အကြိုက်တွေ့မှာပါ။ ဒီဗွန် တပ်ရင်း-၂ ဟာ ၉မိုင်ကျော် ဆုတ်ခွာသွားတဲ့ ဂျာမန်တွေကို အပြီးသတ်ချေမှုန်းဖို့ လိုက်တိုက်နေပါတယ်။ ဒါပေမယ့် ဒါဟာ ထောင်ချောက်ဆိုတာကို သူတို့ မသိကြရှာပါဘူး။ ဒီနေ့ပြီးလို့ နောက်တစ်နေ့ မနက်မှာ ထိုးစစ်စတာနဲ့ လူပေါင်း ၁၆၀၀ လုံး သေကြရတော့မယ်။ သူတို့ တပ်ရင်းကို တားဖို့အတွက် တိုက်ရိုက်အမိန့်ကို ဌာနချုပ်ကနေ ပို့ဖို့ကြိုးစားတဲ့အခါ လူနည်းလေ မြန်လေမို့ လူ ၂ ယောက်ထဲကိုပဲ လွှတ်လိုက်ရတယ်။ ဒုတပ်ကြပ်ဘလိတ်ခ် နဲ့ စကိုးဖီးတို့ဟာ လူပေါင်း ၁၆၀၀ အသက်ကို ကယ်နိုင်ဖို့ တစ်ရက်အတွင်းမှာ ဂျာမန်ရန်သူ့မြေထဲကို ဖြတ်ဝင်ပြီး တပ်ရင်း-၂ ဆီကို အရောက်သွားဖို့ ကြိုးစားရပါတော့တယ်။ အကောင်းဆုံး စီနီမက်တိုဂရက်ဖီဆု၊ အသံတည်းဖြတ်ဆု နဲ့ အထူးပြုလုပ်ချက်ဆုကို ရထားတဲ့ ရုပ်ရှင်ကို ထိုက်ထိုက်တန်တန် ခံစားကြည့်လိုက်ကြပါဦး။ File Size : ( 2 GB , 1 GB , 308 MB ) Quality : BluRay 1080p 5.1 CH , BluRay 720p Running Time : 1 hr 59 min Format : Mp4 Genre : Drama , War Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Adventure • Mystery
8 2019 119 mins
1917
The Substitute
6

IMDb Rating (6.0) Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ…ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ ဇာတ်လမ်းကတော့…. ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ‌ခြေတောက်ကျိုးနေပါရော့လား။ သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူစာသင်နေတဲ့ကျောင်းက မူးယစ်ဆေးဝါးဖြန့်ချီရေး ဗဟိုဌာနဖြစ်နေတာကို သိလိုက်ရတဲ့ ရှေးလ် တစ်ယောက်၊ သေနတ်နဲ့ ကျည်ဆံတွေ ဖောဖောသီသီပါတဲ့ မူးယစ်ဆေးစစ်ပွဲထဲကို ကိုယ်တိုင်ဝင်ပါရတဲ့အခါ ဘာတွေကြုံရမလဲ။ အထိုးအကြိတ်၊ အပစ်အခတ်၊ ဆဲရေးတိုင်းထွာ၊ ဘာညာ။ ကျည်ဆံတွေပလူပျံနေတုန်း ယီးချင်းထပ်အောင်ဆဲနေတဲ့ ဟောဒီဇာတ်ကားက Sniper ဇာတ်ကားတွေထဲက လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ် နဲ့ တိတ်ခွေခေတ်တစ်ခေတ်ကို အလွမ်းပြေကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Science Fiction • Comedy • Horror
6 1996 114 mins
The Substitute
Sanctified

အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့‌အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။ တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ပစ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ ၀က်စ်တန်ဟ ခရစ်တော်ရဲ့အမှုကိုထမ်းဖို့ မြောက်ဘက်ကိုခရီးသွားနေတဲ့ စစ်စတာဟေဒီရဲ့ ကယ်တင်ခြင်းကိုခံလိုက်ရပြီးတဲ့နောက်မှာ ၀က်စ်တန်တစ်‌ယောက် ‌မစ္စတာရှောရဲ့လက်အောက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဘာသာရေးအတွေးအမြင်တွေနဲ့ ရောယှက်ရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Western, Drama, Thriller, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Sanctified
Lotawana

ဖောရက်စ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ တခြားလူတွေနည်းတူ စားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်ပြီး စည်းစိမ်ဥစ္စာတွေ ခံစားရတဲ့ဘဝမျိုးကို တဖြည်းဖြည်း ငြီးငွေ့လာခဲ့တာကြောင့် Missouri က လိုတာဝါနာရေကန်ထဲမှာပဲ ကိုယ်ပိုင်ရွက်လှေလေးတစ်စင်းလွှင့်ပြီး သူ့ရဲ့လက်ကျန်အချိန်တွေကို သဘာဝတရားထဲမှာနစ်မြုပ်ရင်း ကုန်ဆုံးစေကာ အဆင်ပြေရုံတမယ် တစ်ယောက်တည်း နေထိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ တနေ့တော့ သူ့လိုပဲအတွေးတူတဲ့ နီကိုလာကော်လီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာလည်း အိမ်ကနေထွက်လာပြီး သူနဲ့အတူ ရေကန်ထဲက ရွက်လှေလေးထဲမှာပဲ အတူတူလိုက်နေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချစ်သူနှစ်ဦး စိတ်တူကိုယ်တူ သဘာဝတရားထဲမှာပဲ အလိုလောဘနည်းနည်း အပူအပင်ကင်းကင်းနဲ့ လေလွင့်နေကြရင်း ကော်လီဆီမှာ ကိုယ်ဝန်ရှိလို့ လာခဲ့ပါတယ်။ ဖျက်ချဖို့လည်း မရွေးချယ်နိုင်ခဲ့တဲ့ နှစ်ယောက်သားဟာ နောက်ဆုံးတော့ တာဝန်များပြားလှတဲ့ မိသားစုဘဝလေးတစ်ခုအတွင်းဆီ ခြေစုံပစ်ဝင်နိုင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုတင်ပြင်ဆင်ကြရပါတော့တယ်။ ဒီလိုနဲ့ အနာဂတ်မှာ သူတို့နှစ်ယောက်ရဲ့ဘဝအပေါ် ခံယူချက်တွေကရော ဘယ်လိုအသီးသီးပြောင်းလဲသွားပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုရော ပိုင်ဆိုင်လာနိုင်မလားဆိုတာ Lotawana လို့အမည်ရတဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါ။ File size…(1.8 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Renu

0 2022
Lotawana
Stuff and Dough (Marfa Si Banii)
7.3

Marfa si banii ဆိုတာ ပစ္စည်း နဲ့ ငွေ ကို ရိုမေးနီးယားဘာသာစကားနဲ့ရေးထားတာပါ။ IMDb 7.3 အထိရရှိထားတဲ့ low budget film တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့… မိဘတွေကို အိမ်ဆိုင်ဖွင့်ကူရင်း တောက်တိုမယ်ရလုပ်ပြီး နေထိုင်နေတဲ့ အိုဗီဒူဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ်။ အိုဗီဒူက မိဘတွေနဲ့ အိမ်ခွဲနေပြီး သူ့ရဲ့ကိုယ်ပိုင်ဈေးဆိုင်လေးကို ဖွင့်ချင်တာ။ ဒီလိုဖွင့်ဖို့က‌လည်း အရင်းအနှီးတစ်ခုကတော့ လိုနေတာမလို့ အကြံအစည်ကိုအကောင်အထည်မဖော်နိုင်သေး ဖြစ်နေတယ်။ တစ်ရက်မှာတော့ အိုဗီဒူကို အဖိုးကြီးတစ်ယောက်က ၃ ၊ ၄ နာရီ‌ပဲမောင်းရမယ့် ခရီးတစ်ခုအတွက် မြိုးမြိုးမြက်မြက်ပေးဖို့ ကမ်းလှမ်းလာတယ်။ ဒီအလုပ်ကတော့ အိုဗီဒူတို့မြို့ကနေ တခြားမြို့ကို ပစ္စည်းပို့ပေးရမှာပါ။ နဂိုကတည်းက ပိုက်ဆံအချီကြီးရဖို့ စောင့်မျှော်နေတဲ့ အိုဗီဒူလည်း ဂွင်တွေ့သွားပြီ သူငယ်ချင်းအတွဲဖြစ်တဲ့ ဗာလီနဲ့ ဘက်တီ တို့ကိုခေါ်ပြီး ဗန်ကားလေးတစ်စီးနဲ့ ဘူကာရက်စ်မြို့ကနေထွက်ခွာလာခဲ့တယ်။ ထုံးစံအတိုင်း လမ်းရောက်တော့မှ သယ်လာရတဲ့ပစ္စည်းတွေဟာ သာမန်ပစ္စည်းတွေမဟုတ်မှန်း သိလိုက်ရတဲ့နောက်မှာတော့ အိုဗီဒူတို့သူငယ်ချင်းသုံးယောက် လမ်းခရီးမှာ ဘယ်လိုအခက်အခဲတွေဆက်တွေ့ပြီး ခရီးဆုံးအောင် ဘယ်လိုဆက်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(1.2GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.3 2001
Stuff and Dough (Marfa Si Banii)
A Chef’s Deadly Revenge
4.5

A Chef’s Deadly Revenge (2024) ======================== လူစီ လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ အနိုင်ကျင့်နှိပ်စက် တတ်တဲ့ ယောက်ျားနဲ့ဆက်ဆံရေးဆီကနေ ထွက်ပြေးပြီး မြို့အ သစ်မှာ စားသောက်ဆိုင်ဖွင့်ထားပါတယ်။ အဲဒီနောက်မှာ ဖရန့် ဆိုတဲ့ လူတစ်ယောက်ရဲ့ နောက်ယောင်ခံလိုက်ပြီး နှောက်ယှက် ခြင်းကို ခံရပါတော့တယ်။ အနိုင်ကျင့်နှိပ်စက်တဲ့ ယောက်ျားဆီ ကနေ ‌ထွက်လာတဲ့လူစီဟာ ဒီတစ်ခါမှာတော့ ငြိမ်မခံတော့ဘဲ လိုက်နှောက်ယှက်တဲ့သူကို ပြန်ပြီး လက်စားချေပါတော့တယ်။ စားဖိုမှူးတစ်ယောက်ဖြစ်တဲ့လူစီဟာ ထက်မြတ်ရဲရင့်တဲ့ မိန်းမ‌ တစ်ယောက်ပီပီ လာပြီးနှောက်ယှက်တဲ့သူကို ဘယ်လိုပြန်ပြီး လက်စားချေမလဲ၊ ဖရန့်ကရော ဘာလို့ လူစီကို လိုက်နှောက် ယှက်နေရတာလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.44 GB) / (645 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Katt Encoder……….SWM

Crime • Thriller
4.5 2024 87 mins
A Chef’s Deadly Revenge
Wong Fei Hung: The Iron-Blooded Thirteen Aunts
5.8

တရုတ်ကွန်ဖူးသိုင်းကားတွေမှာ အမျိုးသားဇာတ်ဆောင်တွေကို အဓိကထားပြီး ရိုက်တတ်ကြပေမဲ့ ဒီရုပ်ရှင်လေးကတော့ ထူးထူးခြားခြား အမျိုးသမီးဇာတ်ဆောင် အသားပေးရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ ဗြိတိန်လူမျိုးတွေက ကွမ်ကျိုးက မိန်းမပျိုလေးအများအပြားကို လှည့်ဖြားပြီး နိုင်ငံခြားကို ရောင်းစားနေကြောင်း သတင်းသိရပါတယ်။ အဲဒီ မိန်းမပျိုလေးတွေထဲမှာ ချင်မင်းဆက်ရဲ့ မင်းသမီးတစ်ပါးလည်း ပါသေးတယ်တဲ့။ တော်ဝင်မျိုးနွယ်ကို ဓားစာခံအဖြစ် ထိန်းချုပ်ထားနိုင်တဲ့အခါ ဗြိတိန်လူမျိုးတွေက ပိုရက်စက်ကြပြီး ချင်မင်းဆက်ကလည်း သူတို့ကို မထိရဲအောင် ဖြစ်နေပါတယ်။ ပေါင်ကျီးလင်သူရဲကောင်း ဟွမ်ဖေးဟုန်ဟာ သူ့ဇနီးလောင်း သိုက်ရှောက်ကျွင်းနဲ့ တပည့်လျန်ခွမ်းတို့နဲ့အတူ ချင်မင်းဆက် ယဉ်ကျေးမှုရေးရာဌာန အမတ်ကြီးလင်ရဲ့ အမိန့်အရ ကျိုလုံဆိပ်ကမ်းမှာ နိုင်ငံခြားကို ရောင်းစားခံရမဲ့ မိန်းမပျိုတွေကို သွားကယ်ခဲ့ပါတယ်။ ဒါပေမဲ့ မိန်းမပျိုလေးတွေက သူတို့ ထင်ထားသလို အကယ်ခံရဖို့ စောင့်နေတာ မဟုတ်ဘဲ နိုင်ငံခြားကို ထွက်ရဖို့ မျှော်လင့်နေကြတာကို တွေ့ခဲ့ရပါတယ်။ ဟွမ်ဖေးဟုန်ဟာ သိုက်ရှောက်ကျွင်းကို ကာကွယ်ဖို့အတွက်နဲ့ တိုက်ခိုက်ခံလိုက်ရပြီး သေလားရှင်လားမသိ ဖြစ်နေပါတယ်။ သိုက်ရှောက်ကျွင်းဟာ အမှန်တရားကို စုံစမ်းစစ်ဆေးဖို့အတွက် ဗြိတိန်သံတမန် လိုင်စစ်ထ်က ဖွင့်လှစ်ထားတဲ့ စိန့်အန်းနာ့ကျောင်းကို လျှို့ဝှက်ဝင်​ရောက်ခဲ့ပါတယ်။ စိန့်အန်းနာ့ကျောင်းထဲမှာ ဘယ်လို လျှို့ဝှက်ချက်ကြီးတွေ ရှိနေမလဲ…… ကျောင်းသူလေးတွေက ဘာဖြစ်လို့ နိုင်ငံခြားကို လိုလိုလားလားထွက်ချင်ကြရတာလဲ…… သိုက်ရှောက်ကျွင်းတစ်ယောက် ဘယ်လို အန္တရာယ်မျိုးတွေ ကြုံတွေ့ရမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Wong Fei Hung: The Iron-Blooded Thirteen Aunts
Aashiqui 2
7.1

Aashiqui 2 (2013) IMDb Rating (7.1) ဘောလိ၀ုဒ်ပရိသတ်တွေကြားမှာမသိတဲ့သူ မရှိသလောက်ရှားမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Aashiqui 2 ကိုပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားတဲ့အတိုင်း Star is Born နှစ်ကားလုံးကိုအခြေခံထားတာဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ တက်သစ်စတွေ ခေါင်းဆောင်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မူရင်းဇာတ်ကားကိုမမှီမှာပူပန်မှုတွေရှိခဲ့ပေမယ့် ဇာတ်ကားထွက်လာချိန်မှာတော့ အဲ့ဒီစိုးရိမ်မှုတွေ သံသယတွေကိုချေဖျက်ခဲ့ပြီး ၂၀၁၃ ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့တဲ့အပြင် Aditya Roy Kapur နဲ့ Shraddha Kapoor တို့ကိုလည်း ကောင်းကောင်းအသိအမှတ်ပြုမှုရစေခဲ့တဲ့ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အရက်စွဲပြီးပြဿနာပေါင်းစုနဲ့နာမည်ကျစပြုနေတဲ့ ရာဟူးဆိုတဲ့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်၊ နယ်မြို့လေးတစ်မြို့မှာရှိုးပွဲသွားဆိုရင်း အဲ့ဒီမြို့က ခပ်နုပ်နုပ်ဘားတစ်ခုမှာ သီချင်းဆိုနေတဲ့ အာရိုနီဆိုတဲ့ ကောင်မလေးကိုအမှတ်မထင်တွေ့ပြီး စွဲလန်းသွားခဲ့မိပါတယ်။အစပိုင်းမှာ သူစွဲလန်းမိတာ လူကိုလား အနုပညာကိုလား မဝေခွဲတတ်ခဲ့ပေမယ့် အဲ့ဒီစွဲလန်းစိတ်နဲ့ပဲ ကောင်မလေးကိုမြို့ပေါ်ခေါ်သွားပြီးမြေတောင်မြှောက်ပေးဖို့စဉ်းစားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းအတူနေရင်း သံယောဇဉ်တွေ ရင့်သန်လာကြရင်းနဲ့ ရာဟူးနဲ့ အာရိုနီရဲ့ ဘ၀အနိမ့်အမြင့်အတက်အကျတွေ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့ ရာဟူးရဲ့စွဲလန်းမှုပြဿနာတွေကြားက သူတို့ရဲ့ဇာတ်လမ်းကိုရှုစားကြရမှာပါ။ ဒီကားကဇာတ်လမ်းပေါက်ခဲ့သလို သီချင်းတွေလည်းအကုန်ပေါက်ခဲ့တဲ့ကားပါ။ ဇာတ်ကားမကြည့်ဖူးတဲ့ သူတွေတောင်သီချင်းတွေကိုတော့ နားစွဲနေမှာဖြစ်တဲ့အတွက် မကြာမှီလာမည်ဆိုတဲ့ Aashiqui 3 မလာခင်လေးမှာ အရင်ကားလေးကိုခဏလောက်ပြန်နွှေးထားကြရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

7.1 2013 132 mins
Aashiqui 2
My Little Brother
6.8

My Little Brother (2017) ************************ ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် The Walt Disney Company ကနေ ပထမဆုံးအနေနဲ့ distribute လုပ်ခဲ့တဲ့ My Little Brotherဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီကားလေးမှာတော့ 49Days ထဲမှ Lee Yo-won, Taxi Driverထဲမှ Esom, Vagabond ထဲမှ Jeong Man-Sikနဲ့ The world of marriageထဲမှ Joon Won Jungတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ************* ဆူဂယောင်း (Lee Yo-won), ဂျူမီ (Esom)နဲ့ ဆောင်းဟို(Jeong Man-Sik)တို့ကတော့ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်မလုပ်ကြတော့တဲ့ မောင်နှမတွေပါ… သူတို့ ၃ယောက်ကို ပြန်ပြီးဆုံတွေ့စေခဲ့တာကတော့ အဖေဖြစ်သူ မတော်တဆမှုနဲ့ဆုံးပါးသွားပြီဆိုတဲ့ သတင်းစကားပါပဲ.. ဒါပေမဲ့ အဲဒီသတင်းနဲ့အတူ ပါလာတာကတော့ ရှိမှန်းတောင် မသိခဲ့တဲ့ နာ့လေး(Joon Won Jung)ဆိုတဲ့ ၁၁နှစ်အရွယ် သူတို့ရဲ့ မောင်နှမအငယ်ဆုံးလေးပါ… ဘယ်ကမှန်းမသိဘဲ ရုတ်တရက်ပေါ်လာတဲ့ နာ့လေးက တကယ်ပဲ သူတို့ရဲ့မောင်နှမအရင်းဟုတ်ရဲ့လား ၁၁နှစ်အရွယ်ကလေးလေးနဲ့ သူတို့မောင်နှမတွေဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားရမဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်) File size…1.33GB / 561MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 46m Genre ….. Comedy, Family, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Htoo Pyae Encoded by AHtet

Comedy • Drama • Family
6.8 2017 106 mins
My Little Brother