YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sisterhood.S01E05.1080p.WEBDL.YK(CM).mp4

414.58 MB 1080p video/mp4 28 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tin & Tina
6.1

Tin & Tina (2023) ဒီဇာတ်ကားလေးကတော့ Psychological Thriller & Horror အမျိုးအစား စပိန်ကားလေး ဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာရေးအစွဲအလမ်းကြီးမှုရဲ့ အကျိုးဆက်တွေအကြောင်းကို ရိုက်ပြထားတာပါ။ အဒေါ့ဖိုနဲ့ လိုလာတို့ လင်မယားနှစ်ယောက်က ခရစ်ယာန် သီလရှင်မိဘမဲ့ကျောင်းကနေ ကလေးမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ဆုံးဖြတ်ချက်က နောင်တရစရာ ဖြစ်လာတယ်။ သူတို့မွေးစားလိုက်တဲ့ တင်နဲ့တီနာတို့ မောင်နှမနှစ်ယောက်က ဘုရားသခင်နဲ့ သမ္မာကျမ်းစာအပေါ်မှာ ယုံကြည်မှုပြင်းထန်လွန်းပြီး ကျမ်းစာထဲပါသမျှကို တဖက်စွန်းရောက်တဲ့အထိ အလေးအနက် ကျင့်သုံးတတ်ပါတယ်။ ထူးဆန်းတဲ့ ဒီကလေးတွေ အိမ်ကိုရောက်လာပြီး မကြာခင်မှာပဲ လိုလာမွေးထားတဲ့ ခွေးကြီးက ဗိုက်ပွင့်ပြီး သေသွားရတယ်။ နောက်ထပ် ကျောင်းမှာ သူတို့ကို အနိုင်ကျင့်တဲ့ ကောင်လေးကလဲ သေသွားရပြန်တယ်။ တင်နဲ့တီနာက လိုလာ့ခေါင်းကို အဝတ်နဲ့အုပ်ပြီး အသက်ရှူကျပ်သွားအောင် လုပ်ပစ်တဲ့အထိ ဘုရားသခင်ကို အယုံအကြည်ပြင်းကြတယ်။ ဒါ့အပြင် ကုတင်ပေါ်မှာ လိုလာ့ကို ကြိုးနဲ့ချည်၊ သူ့ခြေအတုကို ဖြုတ်ယူပြီး ကိုယ်ဝန်ရှိတဲ့ဗိုက်ထဲကို ဆေးထိုးအပ်နဲ့ ထိုးဖို့ကြိုးစားတယ်။ ဒါတွေအားလုံးကို သူတို့က ရယ်စရာဟာသလို လုပ်နေကြတာပါ။ ဒီလောက်ဖြစ်နေတာတောင်၊ လိုလာတစ်ယောက် အသည်းအသန် ကြောက်ရွံ့နေတာတောင်မှ အဒေါ့ဖိုဟာ အရာအားလုံးကို မတော်တဆ ဒါမှမဟုတ် အမှားတစ်ခုလို့သာ မြင်နေပြီး ကလေးတွေကို လုံးဝ အပြစ်မတင်ဘူး။ အဒေါ့ဖို ထင်နေသလိုမျိုး ဒီကလေးတွေက တကယ်ပဲ အပြစ်ကင်းသလား... မကောင်းတဲ့အရာတွေက ဘယ်လိုဖြစ်လာတာလဲ... ဒီကလေးတွေကို ဘယ်လိုရပ်တန့်နိုင်မှာလဲ... ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 560MB Quality - 1080p, 720p Format - mp4 Duration - 1H 59Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Crime • Drama • Mystery
6.1 2023 119 mins
Tin & Tina
The Bricks
1

ဒီဇာတ်လမ်းရဲ့အစကို ထောင်ထဲရောက်နေတဲ့မူးယစ်ရာဇာတစ်ယောက် ထောင်ထဲမှာ အာဏာပါဝါပြနေပုံနဲ့ဖွင့်ထားပါတယ်။ မူးယစ်ရာဇာဟာ ထောင်အပြင်ကသူ့သားရယ် ပါတနာညီအကိုသုံးယောက်ရယ်နဲ့ချိတ်ဆက်ပြီး ဟူစတန်မြို့ရဲ့အမှောင်ဘက်ခြမ်း မူးယစ်ဂိုဏ်းလောကကိုချုပ်ကိုင်ထားသူတွေထဲကတစ်ယောက်ပါ။ ဟူစတန်မြို့ မူးယစ်ဆေးလောကမှာ ဂိုဏ်းပေါင်းစုံရှိတဲ့အထဲ အဲဒီဂိုဏ်းဟာ အဆိုးဆုံးအ​ကြမ်းကြုတ်ဆုံးဖြစ်ပြီး ငွေကြေးအင်အား လူအင်အားတောင့်တင်းတဲ့အပြင် ဂိုဏ်းကိုဦးစီးနေတဲ့ ညီအစ်ကိုသုံးယောက်ရဲ့ပါးနပ်မှု သိုသိုဝှက်ဝှက်အလုပ်လုပ်တတ်မှုတို့ကြောင့် ရဲတပ်ဖွဲ့အနေနဲ့သက်သေခိုင်ခိုင်မာမာရှာလို့မရဘဲ ဖမ်းဆီးလို့မရနိုင်ဖြစ်နေပါတယ်။ ဒီအတွက်ရဲတပ်ဖွဲ့ဟာ အဲဒီဂိုဏ်းရဲ့မ​​ကောင်းတဲ့လုပ်ရပ်တွေကိုဖော်ထုတ်နိုင်ဖို့ စုံထောက်တစ်ယောက်ကို သူလျှိုအနေနဲ့လွှတ်ပြီး မူးယစ်ဂိုဏ်းထဲဝင်ဖို့ကြိုးစားစေပါတယ်။ အဲဒီစုံထောက်ဟာ မူးယစ်ဂိုဏ်းထဲကိုဝင်ခွင့်ရပြီး ရဲတပ်ဖွဲရဲ့ဆန္ဒအတိုင်း မူးယစ်ဂိုဏ်းကိုဖြိုခွဲသွားနိုင်မလား ဒါမှမဟုတ် ပါးနပ်တဲ့ညီအစ်ကိုသုံးယောက်လက်အောက်မှာပဲ ကျဆုံးသွားမလား... မူးယစ်ရာဇာရဲ့သားကကော ဘယ်လိုပါဝင်ပတ်သက်နေလဲ... စုံထောက်ကိုနောက်ကွယ်ကအကူအညီပေးနေတဲ့ရဲတပ်ဖွဲ့ကရော ရိုးသားရဲ့လား... စတဲ့ သို့လောသို့လောပေါင်းများစွာနဲ့အတူ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Paing Hein Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 725MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Paing Hein Kyaw Encoded by Y

Comedy • Drama • Romance
1 2022 92 mins
The Bricks
Black Girl Missing
7.9

ဒီနေ့တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ထားတဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ (၁၈) နှစ်အရွယ် သမီးလေး ပျောက်သွား လို့ လိုက်ရှာတဲ့ လူမည်းအမျိုးသမီး မိခင်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေ မတရားမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်လ်ဘိတ်ကာက ဘလူးဗယ်လ်လီ အထက်တန်းကျောင်းက ဒု ကျောင်းအုပ်ပါ။ ချစ်စရာ သမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထား ပါတယ်။ ခင်ပွန်းဆုံးသွားပြီး စိတ်သစ်လူသစ်ဖြစ်အောင် ဘလူး ဗယ်လ်လီကို ပြောင်းခဲ့ကြတာပါ။ တစ်နေ့မှာတော့ သမီးကြီး လော်ရန် ပိတ်ရက်အိမ်ပြန်လာတုန်း စကားများကြပါတယ်။ စိတ်ဆိုးပြီး လော်ရန် ကောလိပ်ကို ပြန် သွားပြီပဲ ထင်နေခဲ့တာပါ။ လော်ရန်နဲ့ စကားမပြောဖြစ်တာ ကြာ ပါပြီ။ ဖုန်းဆက်လို့ စာပို့လို့လည်း မရပါဘူး။ ဟိုဟိုဒီဒီ စုံစမ်းကြည့်မှ လော်ရန် ပျောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ရဲတွေကို သွား ရောက်အကြောင်းကြားပေမဲ့ ထွက်ပြေးသွားတာလို့ပဲ သုံးသပ် ပြောကြားပြီး သေချာစုံစမ်းမပေးကြပါဘူး။ သတင်းထောက်တွေကို ပြောတော့လည်း စိတ်ဝင်စားစရာ မရှိဘူးဆိုပြီး အာရုံမစိုက်ကြပါဘူး။ တစ်ချိန်တည်းမှာပဲ ဂျက်စီကာရူဆို ဆိုတဲ့ လူဖြူကောင်မလေး တစ်ယောက်လည်း ပျောက်နေပါတယ်။ ရဲတွေ စေတနာ့ဝန်ထမ်း တွေကလည်း အသည်းအသန်ရှာပေးကြပါတယ်။ သတင်းချန်နယ် တွေကလည်းဂျက်စီကာနဲ့ ပတ်သက်တဲ့ သတင်းတွေကို တစ်ချိန်လုံး တင်ဆက်နေကြပါတယ်။ ဒါပေမဲ့ လော်ရန်ပျောက်သွားတာကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ဒီတော့ ရှယ်ရယ်လ်နဲ့ သမီးငယ်မာလီ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှာဖို့ ကြိုးစားရပါတော့တယ်။ အဲတော့ ရှယ်ရယ်လ်နဲ့ မာလီ ပျောက်သွားတဲ့ လော်ရန်ကို ရှာတွေ့ပါ့မလား။ လော်ရန် ဘာလို့ ထွက်သွားတာလဲ။ သူတို့ခက်ခဲနေတုန်း ဘယ်သူတွေ ကူညီပေးမလဲ။ ခံစားခဲ့ရတဲ့ မတရားမှုတွေအတွက် တရားမျှတမှု ရနိုင်မလားဆိုတာကို စောင့်ကြည့်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.5 GB) / (530 MB) / (350 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......Phu Myat Thwe Encoder..........SWM

Drama • Music • Romance
7.9 2023 90 mins
Black Girl Missing
Dear Nathan: Thank You Salma
6.2

IMDb 7.2 နသန်နဲ့ဆယ်မာတို့ရဲ့နောက်ဆုံးထွက် ‌ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အမျိုးသမီးတစ်ယောက် Sexual Harassment လုပ်ခံရပြီဆိုရင် " ဘာလို့ညဘက်ကြီးတစ်ယောက်တည်းသွားလဲ ဘာတွေဝတ်ထားလို့လဲ ဒီအချိန်ကြီးသွားတာကိုး' စသဖြင့် 'လဲ'ပေါင်းများစွာသောမေးခွန်းတွေအမေးခံရတာက ထုံးစံလိုတောင်ဖြစ်နေပါတယ် တောင်းပန်ခံရမယ့်လူကတောင်းပန်နေရတဲ့ ဘဝထဲ မဟုတ်မခံနသန်တစ်ယောက်ဝင်ရောက်သွားခဲ့မိပါတယ် တစ်ဖက်မှာလည်းဆယ်မာက သူ့ကိုဂရုစိုက်မပေးဘူးဆိုပြီး ပြတ်ကြတော့မယ့်အနေအထားပါ ဒါပေမယ့် နသန်လိုက်ကူညီနေတဲ့ကိစ္စကို ဆယ်မာသိသွားတဲ့အခါမှာတော့ မတရားမှုကိုတိုက်ထုတ်ဖို့သူတို့ဘယ်လိုတွေကြိုးစားသွားမလဲ ဒီမတရားမှုကိုရော ဆယ်မာ့နှလုံးသားကိုပါ နသန်တစ်ယောက်အနိုင်ရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.27GB  / 616MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni

Drama • Western
6.2 2022 112 mins
Dear Nathan: Thank You Salma
Home Coming
6.6

ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ Numedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ် အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ------------ ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁.၅ ဘီလီယံ​ကျော်ရရှိခဲ့သည့်အပြင် နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ကျန်းယိ ဝမ်ကျွင့်ခိုင်(TFBOYS အဖွဲ့ခေါင်းဆောင်) နဲ့ ယင်းထောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးဖြစ်တာမို့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်နော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Animation • Science Fiction • Thriller
6.6 2022 137 mins
Home Coming
Da Capo
9

"ဂီတဆိုတာ ရင်ထဲကစစ်မှန်မှုမပါရင် အသက်မဝင်ဘူး" တဲ့ ဂီတရုပ်ရှင်တစ်ခု CM ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေ နားဆင်ရတာကြိုက်တယ်ဆိုရင်တော့ မလွတ်တမ်းကြည့်ရှုလိုက်ပါ ဇာတ်လမ်းအကျဉ်း အရည်အချင်းရှိပေမယ့် နာမည်ကြီးဖြစ်မလာတဲ့ တေးရေးဆရာ/အဆိုတော် ထယ်အီ အရည်အချင်းတစ်ခုရှိနေပေမယ့် ဂီတလောကမှာနေရာယူဖို့မကြိုးစားဘဲ ဂီတကျောင်းတစ်ခုမှာ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျီဝန် အနုပညာဝါသနာပိုးအပြည့်နဲ့ Rock ဂီတကို သီဆိုချင်တဲ့ ဒေါ့ခိုတု့ိ သူငယ်ချင်းတစ်စု တစ်ရက်မှာ ထယ်အီနဲ့ ဂျီဝန်တို့ ဂီတကျောင်းမှာ ပြန်တွေ့တဲ့အခါ... ဒေါ့ခိုတို့ သူငယ်ချင်းတစ်စုရော ထယ်အီ့ဆီက ဘယ်လိုပညာတွေ သင်ယူဖြစ်မလဲ.... အနုပညာလမ်းပေါ် ဘယ်လိုပုံစံလေးနဲ့ ဆက်လျှောက်သွားမှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် File Size__(1.1GB) / (630MB) Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:13:00 Type__Drama, Music Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

Horror • Thriller
9 2020 98 mins
Da Capo
L’uomo sulla strada
6.2

L’uomo sulla strada (2022) ~ IMDb rating – 6.2/10 ~ ဒီကားက‌တော့ 2022 ကထွက်ရှိထားတဲ့ အီတလီ သည်းထိတ်ရင်ဖို အချစ်ကား​တစ်ကားပါ။ အသက်ရှစ်နှစ်အရွယ်တုန်းက အီရန်နာတစ်​ယောက် အ​ဖေနဲ့ ကစား​နေတုန်း မျက်စိ​ရှေ့မှာတင် သူ့အဖေ ကားနဲ့တိုက်ခံလိုက်ရတာကို ​တွေ့ကြုံလိုက်ရပါတယ်။ အမှုရဲ့တစ်ခုတည်း​သော မျက်မြင်သက်​သေ ဖြစ်တဲ့ အီရန်နာတစ်​ယောက် တရားခံဖြစ်သူရဲ့ မျက်နှာကို မမှတ်မိလို့ အမှုမှန်မ​ပေါ်​ပေါက်ခဲ့တာကို အရွယ်​ရောက်ခါတဲ့အထိ စိတ်ထဲတာဝန်မကင်းဖြစ်​နေခဲ့ရပါတယ်။ အဲဒီစိတ်​ကြောင့်ပဲ ​ကျောင်းမှာ အဆင်မ​ပြေဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ် ဝင်လုပ်ပါ​တော့တယ်။ တစ်ဖက်မှာလည်း တစ်ရက် သူငယ်ချင်း​တွေနဲ့ ​​သောက်စား​ပျော်ပါးပြီးအပြန် ​ကောင်မ​လေးတစ်​ယောက်ကို ဖွန်​ကြောင်ဖို့ကြိုးစားရင်း မထင်မှတ်ပဲ အီရန်နာ့အ​ဖေကို သတ်မိသွားတဲ့ မီခဲတစ်​ယောက် ​နောင်တ​တွေများစွာနဲ့ အ​ဖေ့စက်ရုံမှာ လုပ်​နေရင်း တစ်​နေ့ အီရန်နာ စက်ရုံကို​ရောက်လာတဲ့အခါ မီခဲတစ်​ယောက် ဘယ်လို​တွေတုံ့ပြန်ခဲ့လဲ… တုံ့ပြန်ရာကနေ အချစ်ဆိုတဲ့ခံစားချက်​တွေ​ ဘယ်လို ပြောင်းလဲသွားလဲ… ဆိုတာ​တွေကို ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​ကောင်း​​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 875MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 50Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.2 2022
L’uomo sulla strada
[18+] Beautiful Sisters: Flesh Slave
6.2

ရီကိုဟာ သွားဆရာဝန်မလေးတစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူ ကျိုကိုကတော့ သူ့ဆေးခန်းမှာ စာရေးမအဖြစ် ကူညီပေးနေပါတယ်။တစ်နေ့မှာတော့ သူတို့ညီအစ်မဆေးခန်းထဲကို ဝရမ်းပြေး လူဆိုးတစ်ယောက် လူနာယောင်ဆောင်ဝင်ရောက်လာပြီး သူတို့နှစ်ယောက်ကိုချုပ်နှောင်ဖမ်းဆည်းထားပါတော့တယ်။ ဒီလူဆိုးဟာ ချေးငွေလုပ်ငန်းတစ်ခုက ငွေတွေကိုဘုံးပြေးလာတာဖြစ်ပြီး ရဲတွေလက်ကလွတ်အောင် သူတို့ဆီကိုလာပုန်းအောင်းနေတာပါ။ ပုန်းအောင်းနေတဲ့အချိန်မှာ သူတို့ညီအစ်မနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာနည်းမျိုးစုံနဲ့စော်ကားနှိပ်စက်ရာက နဂိုကတည်းက မိန်းမချင်းသာ စိတ်ဝင်စားတဲ့ညီအစ်မဟာ ဒီလူဆိုးလက်ကလွတ်ဖို့အစွမ်းကုန်ကြိုးစားရပါတော့တယ်။ နှောင်းပိုင်းကာလ pink film တစ်ကားဖြစ်ပြီး ကြိုးတုပ်တာတွေ မျက်နှာပေါ်တက်ထိုင်တာတွေ အပြင် ဖော်ပြလို့မကောင်းတဲ့ကွက်ကွက်ကွင်းကွင်းပြကွက်တွေပါဝင်တဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အပြင် မင်းသမီးနှစ်ယောက်လုံးကလည်း တော်တော်လှတဲ့အတွက်ကြည့်ရကျိုးနပ်မယ့်ကားဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Comedy • Romance
6.2 1986 70 mins
[18+] Beautiful Sisters: Flesh Slave
Asphalt City
6.1

အကယ်ဒမီဆုရှင် ဝါရင့်မင်းသား Sean Penn နဲ့ X-Men မင်းသား Tye Sheridan တို့နှစ်ယောက် အဓိကပါဝင်ထားတဲ့ နယူးယောက်မြို့က ကြက်ခြေနီတွေအကြောင်း ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ် နယူးယောက်မြို့ ညချမ်းကာလတွေမှာ လှပတဲ့နေရာတွေ အစုံအလင်ရှိသလို တဖက်မှာလည်း သေနတ်ပစ်သံတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ အက်ဆီးဒင့်တွေနဲ့လည်း ဟန်ချက်ညီစွာ ပျားပန်းခတ်လို့နေပါတယ် Rut (Sean Penn) က စီနီယာ ကြက်ခြေနီဖြစ်ပြီး ခရော့စ် ကတော့ ဆေးကျောင်းဝင်ခွင့်စာမေးပွဲအတွက် တဖက်ကကြိုးစားရင်း အခုမှ ကြက်ခြေနီအလုပ်ကို စဝင်လာသူပါ သူတို့အလုပ်မှာ လူ့အသက်နဲ့ရင်းပြီး လုပ်ရတဲ့အပြင် ဖိအားဒဏ်တွေ၊ ဘယ်လောက်စေတနာထားထား အဆဲအဆိုချည်း ခံရပုံတွေ၊ အခက်အခဲတွေအပြင် ကျဥ်းထဲကျပ်ထဲမှာ ရွေးချယ်မှုတွေ ပြုလုပ်ရတာမို့… သူတို့ ဆေးဝန်ထမ်းတွေကိုယ်တိုင်လည်း ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက် ထွေပြားမှုတွေ၊ စိတ်သံသယ၊ ယုံကြည်မှုပျောက်ဆုံးဖြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတို့ပါ မျက်ဝါးထင်ထင်မြင်ရအောင် တင်ဆက်ထားပြီး သူတို့ရဲ့ ပရဟိတ စိတ်ဓာတ်၊ လူသားဆန်ခြင်းတို့ကို ပရိသတ်ကြီး ခံစားရမှာပါ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

TV Movie • Comedy • Romance
6.1 2024
Asphalt City
Three Old Boys
6

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊ တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့် ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့ သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။ သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့ အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့ တိုင်ကြားစာရောက်လာခဲ့တယ်။ ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့ စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင် ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့် အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့် အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။ နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။

6 2024
Three Old Boys
Lockdown Lovers
7.6

ဒီတစ်ခေါက်မှာတော့ ကိုဗစ်‌‌ဖြစ်တုန်းက lockdown ကာလတွေကိုပြန်အမှတ်ရသွားစေမဲ့ GLဇာတ်ကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ Kristal ဟာ ကိုဗစ်မဖြစ်ခင်တစ်ပတ်လောက်အလိုမှာ Australia ကို ခရီးထွက်လာခဲ့ပြီး Lisetteဆိုတဲ့ ခပ်မိုက်မိုက် Bartender ကောင်မလေးတစ်ယောက်နဲ့ ငြိမိသွားပါတယ်။ ခရီးကမပြန်ခင် Lisette အိမ်မှာ ခဏလိုက်နေနေတုန်း ကိုဗစ်ရောဂါပြန့်ပွားလာတာကြောင့် လေယာဉ်လည်း cancel ဖြစ်သွားပြီး lockdown ကျသွားပါတော့တယ်။ တစ်ယောက်ကိုတစ်ယောက် one night stand လို့သာ သတ်မှတ်ထားခဲ့ကြပေမဲ့ lockdown ကြောင့် တစ်အိမ်တည်း တူတူနေကြရတဲ့အခါမှာ အရာရာကချောမွေ့မနေခဲ့ပါဘူး။ Kristal က အရာရာကို တိတိကျကျ အစီအစဉ်ဆွဲ ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်စရိုက်မျိုးရှိပေမဲ့၊ Lisette ကတော့ ထင်ရာစိုင်း လုပ်ချင်ရာလုပ် ဖြစ်သလိုနေ တတ်တဲ့ လူမျိုးပါ။ ဒီလို အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့နှစ်ယောက်ရဲ့ ကြားထဲက ပဋိပက္ခတွေ သံယောဇဉ်ဖြစ်တည်လာပုံတွေကို plot twist ပါးပါးလေးထည့်ပြီး ကျကျနနရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Kristal နဲ့ Lisette တို့ရဲ့အချစ်လမ်းခရီးက ဖြောင့်ဖြူးနိုင်ပါ့ မလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှု လိုက်ကြရအောင်ပါ။ File size…1.50GB / 686MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.6 2023
Lockdown Lovers
Ghost World
7.3

Ghost World (2001) ~ IMDb – 7.3/10, RT – 93%, Meta – 90% ~ Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ နာမည်ကြီးသွားတာတို့ပေါ့။ ဒီရုပ်ရှင်မှာက ကျောင်းသားပြဿနာတွေကိုကျော်ပြီး အထက်တန်းပြီးပြီးချင်း ဘဝကြီးထဲရောက်လာတဲ့ ကောင်မလေး ၂ ယောက်ရဲ့ ရှုထောင့်တွေကိုပြောထားတယ်။ ဒဿနပိုင်းအရလည်း တော်တော်ကိုပြည့်ဝတဲ့ Coming-of-Age ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ လူငယ်ဘဝကိုဖြတ်သန်းဖူးတဲ့လူတိုင်း ကြုံခဲ့ရမယ့် -ism တွေပေါ့။ ဒါကို ဟာသဆန်ဆန် ပြောပြသွားတာ လက်ဖျားခါဖို့ကောင်းတယ်။ ဒီရုပ်ရှင်က ရုပ်ပြစာအုပ်ကနေ ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ကား။ ရုပ်ပြအကြောင်းတော့ တကူးတက သိပ်ပြောဖို့မလိုပါဘူး။ ဘာလို့ဆို ဒီရုပ်ရှင်က ရုပ်ပြနဲ့ တော်တော်လေးကို နီးစပ်အောင် ရိုက်ထားနိုင်လို့ပါပဲ။ ရုပ်ရှင်ကိုကြည့်ရုံနဲ့ ရုပ်ပြဘယ်လောက်ကောင်းသလဲ မြင်သာပါတယ်။ ပြီးတော့ ဒီရုပ်ရှင်က Adaptive Screenplay အော်စကာဆုအတွက်တောင် ဆန်ကာတင်ပါခဲ့ပါသေးတယ်။ ဒါရိုက်တာ Terry Zwigoff ဆိုတာကလည်း ကားနည်းနည်းပဲရိုက်ပေမဲ့ ဒီလို “စည်းအပြင်ကလူ” အထာ ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့ဘဲမျိုးဆိုတော့ တော်တော်ကို အံကိုက်ဖြစ်သွားတယ်ပြောရမယ်။ သူကိုယ်တိုင်ကိုကလည်း အဲဒီလို ဘုကန့်လန့်ကိုး။ သူ့မိတ်ဆွေတစ်ယောက် ကြားမကောင်းတဲ့အမှုတစ်ခုနဲ့ ထောင်ကျတာကိုတောင် ပြန်လွှတ်ဘာညာ လှော်ခဲ့သေးတာ။ ဒီရုပ်ရှင် Iconic ဖြစ်ရတဲ့ အကြောင်းပြချက်ထဲမှာ သရုပ်ဆောင်တွေကောင်းတာကြောင့်လည်း ပါတယ်။ Thora Birch က လောကကြီးကို အမြင်ကပ်ပြီး လူတွေကို စိတ်ကုန်နေတဲ့ ကောင်မလေးဇာတ်ရုပ်နဲ့ သိပ်ကိုက်တယ်။ ဇာတ်လမ်းထဲတင်မဟုတ်ပါဘူး။ အပြင်မှာလည်း ရိုက်ကူးရေးအဖွဲ့ကို ဂဂျီဂဂျောင်ကျလွန်းလို့ အကုန်လုံးစိတ်ဒုက္ခရောက်ရတယ်ဆိုပဲ။ ဒုက္ခအိုးဇာတ်ရုပ်ကို အပြင်ထိသယ်သွားနိုင်တယ်ပဲပြောရမလား၊ လက်တွေ့ဘဝကဇာတ်ရုပ်ကို ရုပ်ရှင်ထဲထိ သယ်လာတယ်ပြောရမလားတော့မသိဘူး။ နောက်ထပ် ချီးကျူးရမှာက Steve Buscemi ပေါ့။ ဒီဘဲကတော့ သိတဲ့အတိုင်း အုန်းဆီကောက်လိမ်း၊ ခေါင်းဆွဲဖြီးပေးပြီး ရှပ်အင်္ကျီကို ခါးကြားညှပ်ခိုင်းလိုက်ရင် အရှုံးသမားလိုလို Geek လိုလိုရုပ်ပေါက်သွားတာမျိုး။ ဒီထဲမှာလည်း သူက အဲဒီလိုပဲလုပ်ထားတယ်။ အံ့ဩဖို့ကောင်းတာက သူ့ရဲ့ အဲဒီလို အူကြောင်ကြားပုံစံက Creepy ဖြစ်မယ့်အစား ကြည့်နေတဲ့လူတွေအတွက်ပါ တစ်မျိုးလေး ခင်ချင်စရာကောင်းသွားတာပဲ။ နောက်အဓိကတစ်ယောက်ကတော့ မမ Scarlett Johansson ပေါ့လေ။ မမကတော့ မမ ဖြစ်နေလို့ အရမ်းကောင်းတဲ့အပြင် လှချက်ကလည်း လက်ဖျားခါဖို့ကောင်းတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်ရင် သဘာဝကျလွန်းနေတာက သဘောကျဖို့ကောင်းတယ်။ အပြင်လက်တွေ့ဘဝက ကောင်မလေးတွေ စကားပြောနေသလိုကို သဘာဝကျတာ။ အတင်းတုပ်တာကစလို့ ရန်ဖြစ်ကြတဲ့အထိ။ ဇာတ်လမ်းအကြောင်းကတော့ အထက်တန်း ပြီးခါစ ကောင်မလေး ၂ ယောက်ကစတယ်။ အီနစ် (Thora Birch) နဲ့ ရေဗက္ကာ (Scarlett Johansson)။ အထက်တန်းပြီးတော့ အားလုံးကိုယ်စီ ဘဝလမ်းကြောင်းရွေးရမယ့်အချိန်ပေါ့။ ဒီအချိန်ကို လူတိုင်းနီးပါးကြုံဖူးလိမ့်မယ်။ ကိုယ့်ဘဝကိုယ် ဘာလုပ်ရမှန်းမသိဖြစ်တဲ့အချိန်မျိုးပေါ့။ ကျောင်းစာတွေကနေ ဝေးပြီး လူ့လောကထဲ အတည်ပေါက်ရောက်လာတော့ လူတွေအကြောင်းပိုပိုသိလာလေလေ လူတွေကို အမြင်ကပ်လာလေလေနဲ့ တစ်လောကလုံးကို ဆန့်ကျင်ချင်စိတ်ပေါက်လာတဲ့ကာလမျိုး။ ဒီအချိန်မျိုးမှာ သူတို့ ၂ ယောက်ကလည်း ‌လျှောက်မွှေတာပေါ့လေ။ တစ်နေ့ကျတော့ သတင်းစာထဲမှာ လူရှာ‌တဲ့ကြော်ငြာတစ်ခုတွေ့လိုက်တယ်။ အဲဒီလူက လေဆိပ်ထဲမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ရှာနေတာ။ အဲဒါနဲ့ သူတို့ကလည်း စသလိုနောက်သလိုနဲ့ ဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင်ကို ချိန်းလိုက်တယ်။ ပြီးတော့ အဲဒီလူ ထိုင်စောင့်နေတာကို ထိုင်ကြည့်ပြီး ဟားကြတာပေါ့။ ဟားရုံနဲ့တင်မပြီးဘဲ အဲဒီလူနေတဲ့နေရာကို နောက်ယောင်ခံလိုက်မယ် ဆိုပြီး Stalk ကြပါလေရော။ ဖြစ်ချင်တော့ အဲဒီလူက သူတို့နဲ့ တစ်ရပ်ကွက်ထဲမှာ နေတဲ့လူဖြစ်နေတယ်။ သူက ရှေးဟောင်းပစ္စည်းတွေစုတာ၊ အထူးသဖြင့်ဓာတ်ပြားပေါ့။ သူ့နာမည်က ဆီးမောလို့ခေါ်တယ်။ သူက ဓာတ်ပြားဟောင်းတွေလည်း ပြန်ထုတ်ရောင်းတတ်တယ်။ ဒါနဲ့ သူတို့သူငယ်ချင်း နှစ်ယောက်က အဲဒီလူ ဓာတ်ပြားထုတ်ရောင်းတဲ့နေရာကို ဟိုလိုလို ဒီလိုလိုနဲ့ ဝင်ပြီး မိတ်‌ဖွဲ့တာပေါ့။ အဲဒီမှာ ယောက်ျားတွေကို ငတုံးတွေ၊ မုန်းဖို့ကောင်းတဲ့ကောင်တွေလို့ ယူဆထားတဲ့ အီနစ်က ဆီးမောကို မြင်တော့ သနားသွားတယ်။ သူတို့ အဲဒီလို ဓာတ်ပြားငှားလိုက်ပေးလိုက်နဲ့ ပိုပိုခင်လာတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အသက်အရွယ်ကွာပေမဲ့ လူတွေကို စိတ်ပျက်တာချင်း တူတာကြောင့် ပေါင်းလို့သင်းလို့အဆင်ပြေနေတာပေါ့။ အီနစ်က အလုပ်ရှာဖို့ ဝေလေလေ လုပ်နေတဲ့အချိန် ရေဗက္ကာကတော့ အိမ်ခွဲနေဖို့ စိုင်းပြင်းနေတယ်။ အဲဒီမှာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝလားရာက ကွာလာတယ်။ အီနစ်က လူတွေကိုစိတ်ပျက်တယ်။ သူလုပ်ချင်တာကို လွတ်လွတ်လပ်လပ် မလုပ်ရလို့ စိတ်ညစ်နေတယ်။ ပြီးတော့ လူတွေရဲ့ စံနှုန်းကို အချိန်ပြည့်မေးခွန်းထုတ်နေတယ်။ ရေဗက္ကာကကျ ဘဝကို သာမန်အတိုင်း လိုက်လျောညီထွေနေသွားချင်နေတယ်။ သူ့အဖေကလည်း အီနစ်ကြည့်မရတဲ့ မိန်းမတစ်ယောက်နဲ့ပြန်တွဲနေတယ်။ ‌အီနစ်အနေနဲ့ ရေဗက္ကာရဲ့လုပ်ရပ်တွေ၊ သူ့အဖေရဲ့လုပ်ရပ်တွေကို နားမလည်နိုင်ဖြစ်လာတယ်။ မလာတော့မယ့်ဘတ်စ်ကားကို နေ့တိုင်း လာထိုင်စောင့်နေတဲ့ နော်မန်ဆိုတဲ့လူကို သူနားလည်လာတယ်။ ဒီလိုနဲ့ ရုပ်ရှင်တစ်ခုလုံးကို ပေါ့ပေါ့ပါးပါးဆွဲခေါ်ပြီး နောက်ဆုံးမှာ တွေးစရာတစ်ခုနဲ့ ဇာတ်သိမ်းပေးလိုက်တယ်။ ဇာတ်သိမ်းကတော့ တွေးကြည့်ရုံပေါ့။ ပုံမှန် Coming-of-Age ကားတွေမှာ မြင်ရတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ ဒဿန Philosophy ပိုင်းမှာလည်း ဒီရုပ်ရှင်က တော်တော် ခြုံမိတယ်ပြောရမယ်။ ဒီလို လူ့စရိုက်ကို သိသိသာသာပြနိုင်တဲ့ High School Rom-Com မျိုး တော်တော်ရှားတယ်။ အဓိကကတော့ Nihilism နတ္ထိက ဝါဒ နဲ့ Absurdism ဘဝအနက်မဲ့ဝါဒ ပေါ့။ အီနစ်ရဲ့ ဘဝကိုရှုမြင်ပုံက အဲဒီနှစ်မျိုးကို ရောထားတာပဲ။ နီးချာရဲ့ Nihilist ပုံစံနဲ့ ကမူးရဲ့ Absurdist ပုံစံမျိုး။ အီနစ်ဆီမှာ လူမှုစံနှုန်းတွေကို မေးခွန်းထုတ်ပြီး သူ့ကိုယ်သူ သင်းကွဲတစ်ယောက်လို ခံစားလာရတာကို အထင်းသားမြင်နေရတယ်။ အဲဒီ ဝါဒနှစ်ခု ယှဉ်တွဲ‌တယ်ဆိုတဲ့နေရာမှာ အီနစ်ရဲ့ လူ့လောကကိုရှုမြင်ပုံက Nihilist ဆန်ပြီး လောကကြီးကို သူတုံ့ပြန်တဲ့ပုံစံက Absurdist ဆန်နေတယ်။ လောကကြီးက အဓိပ္ပာယ်မရှိဘူး၊ မရှိလို့ လောကကြီးရဲ့ အပိုဆာဒါးစံနှုန်းတွေကို ဆန့်ကျင်ပြီး ငါ့လမ်းငါဖောက်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်တော်တို့လည်း တစ်ချိန်မဟုတ် တစ်ချိန်တော့ လောကကြီးရဲ့ အဓိပ္ပာယ်မဲ့မှုတွေကို စိတ်ကုန်လာမိလိမ့်မယ်။ ဘဝရဲ့အဓိပ္ပာယ်ကို လိုက်မရှာနေရင်တောင် ငါတို့က ဘာကြောင့် ဆိုတဲ့ မေးခွန်းလေးတစ်ခုကို ကိုယ့်ကိုယ်မေးဖူးကြလိမ့်မယ်။ အဲဒီအတွက်လည်း အဖြေတွေ အမျိုးမျိုးရှိနေလိမ့်ဦးမယ်။ ကမူးစကားအရဆိုရင်တော့ “ပျော်ရွှင်မှုကို ဘာနဲ့ဖွဲ့စည်းထားလဲလိုက်ရှာနေရင် ပျော်ရမှာမဟုတ်ဘူး။ ဘဝရဲ့ အဓိပ္ပာယ်ကိုလိုက်ရှာနေရင် ဘယ်တော့မှ ဘဝကို တကယ်နေထိုင်ရမှာမဟုတ်ဘူး” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.4GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.3 2001 111 mins
Ghost World
Last Known Location
5.3

Last known location ဆိုတဲ့ကားလေးကတော့ plot twist ကောင်းကောင်းနဲ့ စိတ်ကိုဆွဲဖမ်းမဲ့ Thriller Movie လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒီmovieကတော့ တစ်ကိုယ်တည်းနေကြတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားဖမ်းခေါ်ပြီး ကိုယ့်တစ်ကိုယ်ရည်အတွက်အသုံးချခြင်းကို ခံရတဲ့ အမျိုးသမီးသုံးယောက်ရဲ့အကြောင်းကို ရိုက်ကူးပြသ ထားတာဖြစ်ပါတယ်။ ကိုယ့်ဘဝကိုယ်အေးအေးလူလူသာမာန်အတိုင်းဖြတ်သန်းနေတဲ့ အချိန်မှာ ပြန်ပေးဆွဲခံရပြီး မြေအောက်ခန်းမှာရုတ်တရက် အပိတ်ခံထားရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ.. ဒီအမျိုးသမီးသုံးယောက်လုံးမှာ ငယ်စဥ်က ရထားတဲ့ကိုယ်စီ စိတ်ဒဏ်ရာလေးတွေရှိပါတယ်။သူတို့အဖမ်းခံထားရတဲ့အချိန်မှာ အတိတ်ကအကြောင်းတွေကိုမျှဝေပြီးအချင်းချင်းအားပေးကြပါတယ်။ တစ်နေ့မှာ ပြစ်မှုကျူးလွန်သူကို စုံထောက်နှစ်ယောက်ကခြေရာခံ မိသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ…. ဘယ်လိုအကြံတွေထုတ်ကြမလဲ…… ဘာလျှို့ဝှက်ချက်တွေများသိသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရှုစားနိုင်မှာပဲ ဖြစ်ပါတယ် Rating5.3ရရှိထားပြီး ဇာတ်ဝင်ခန်းတိုင်းဟာလည်း စိတ်ဝင်စားဖွယ် ကောင်းလို့ ညပိုင်းမှာအေးအေးဆေးဆေးကြည့်ဖို့ recommend ပေးပါတယ်…. File size… (1.28GB) / (745MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.3 2024
Last Known Location
Tom and Jerry & The Wizard of Oz
6.1

ဒီဇာတ်လမ်းက နာမည်ကျော် The Wizard of Oz ပုံပြင်ကို အခြေခံထားတဲ့ Tom&Jerryဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ကန်းဆတ်နယ်က ဒိုရိုသီဆိုတဲ့ ကလေးမလေးဟာ လေဆင်နှာ‌မောင်းကြီး တစ်ခုကြောင့် အော့ဇ်ဆိုတဲ့ မှော်တိုင်းပြည်ကြီးတစ်ခုကို ရောက်သွားပြီး စာ‌ခြောက်ရုပ် ခြင်္သေ့နဲ့ သံပုံးလူသားဆိုတဲ့ မိတ်ဆွေသစ်သုံးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွမ်နဲ့ ဂျယ်ရီတို့ကတော့ ဒိုရိုသီရဲ့အဖော်လေး နှစ်ကောင်ပေါ့။ အော့ဇ်တိုင်းပြည်ကိုရောက်တဲ့အချိန် စွမ်းအားကြီးတဲ့ စုန်းမကြီးရဲ့ အန္တရာယ်ကို အော့ဇ်နိုင်ငံသားတွေ ကြုံနေရတဲ့ အချိန် ဖြစ်နေခဲ့တာပါ။ သူ့အန္တရာယ်ကို ကာကွယ်ဖို့ မှော်နတ်သမီးလေး ဂလင်ဒါက ဒိုရိုသီကို ပတ္တမြားဖိနပ်တစ်ရံပေးလိုက်ပြီး မြမြို့တော်က မှော်ဆရာကြီး အော့ဇ်ဆီကို စေလွှတ်လိုက်ပါတယ်။ အဲဒီမြို့တော်ကိုအသွား ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ စုန်းမကြီးက ဘယ်လိုတွေတားဆီးပြီး ဒိုရိုသီတို့ ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size… 1.2 GB / 624 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 56m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

6.1 2011 59 mins
Tom and Jerry & The Wizard of Oz
Cruel Winter Blues
7

Cruel Winter Blues (2006) ************************* Crime ရုပ်ရှင်တွေ ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်အနေနဲ့တော့ Hope, Memoir Of A Murderer, Kill Boksoon, A Normal Family စတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ လူကြိုက်များတဲ့ မင်းသားကြီး Sul Kyung Gu က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်…။ IMDb 7.0 ရှိပြီး Rotten Tomatoes ကလည်း 70% ရရှိထားပါတယ်။ ဇာတ်လမ်းလေးကတော့ (Sul Kyung Gu) ဂျယ်မွန်းဆိုတဲ့ လူမိုက်က သူ့ရဲ့ဆရာနဲ့ ငယ်သူငယ်ချင်းကို သတ်သွားခဲ့တဲ့ လူမိုက်ဒယ်ရှစ်ကို ပြန်လက်စားချေတဲ့ ဇာတ်လမ်းပါ…။ ဂျယ်မွန်းက လက်စားချေဖို့အတွက် လူမိုက်လောကထဲကို အသစ်ဝင်ရောက်လာတဲ့ တိုက်ကွမ်ဒိုကစားသမား ချီဂုနဲ့အတူ ဒယ်ရှစ်ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဂယိုဆိုတဲ့ မြို့ငယ်လေးကို ထွက်လာခဲ့ပါတယ်။ လက်စားချေမယ့် အခွင့်အရေးကို စောင့်နေတုန်းမှာပဲ ဂျယ်မွန်းက ထမင်းစွပ်ပြုတ်ဆိုင် ဖွင့်ထားတဲ့ ဒယ်ရှစ်ရဲ့မိခင်နဲ့ ရင်းနှီးသွားခဲ့တယ်။ ဒယ်ရှစ်ရဲ့အမေကလည်း ဂျယ်မွန်းကို သားအရင်းတစ်ယောက်လို ပြုမူဆက်ဆံတဲ့အခါမှာ ဂျယ်မွန်းရဲ့စိတ်ထဲမှာ လက်စားချေဖို့အတွက် အကျပ်ရိုက်သွားပါတော့တယ်။ ဂျယ်မွန်းနဲ့ ဒယ်ရှစ်တို့ရဲ့ အဆုံးသတ် ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ .. ရင်ခုန်စိတ်လှုပ်ရှားစရာ၊ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုခံစားကြပါနော်။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…3.91GB / 1.1 GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 58 min. Genre ….. Action, Crime, Drama, Martial Arts Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Drama • Science Fiction
7 2006 118 mins
Cruel Winter Blues