YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Single.Drunk.Female.S01E03.Im.Sorry.But.1080p[CM].mp4

392.26 MB N/A video/mp4 118 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Samaritan
6.8

IMDb Rating - 6.1/10 စတားလုံးကြီးရဲ့ စူပါဟီးရီုး အက်ရှင်ကားအသစ်ပါ။ ဂရန်နိုက်ဆိုတဲ့ မြို့လေးမှာတစ်ခါတုန်းက အရမ်းအားကြီးတဲ့ အမွှာနှစ်ယောက် ရှိခဲ့ ဖူးတယ်။ အင်အားအရမ်းကြီးလွန်းတော့ မြို့ထဲကလူတွေကို ထိခိုက် အောင်လုပ်မိတာရှိပါတယ်။ ဒီတော့သူတို့ညီအစ်ကိုကို ကြောက်လာတဲ့ လူတွေက သူတို့အိပ်နေတုန်းမှာ အိမ်ကိုမီးတင်ရှို့လိုက်တာပေါ့။ သူတို့ မိဘနှစ်ယောက်လုံးသေသွားပေမဲ့ သူတို့ညီအစ်ကိုကတော့ ဒဏ်ရာ တောင်မရဘဲလွတ်လာခဲ့ပါတယ်။ အဲဒီမှာအစ်ကိုဖြစ်သူက ဆမယ်ရီတန် ဆိုတဲ့နာမည်နဲ့ လူတွေကို ကယ်တင်တဲ့ သူရဲကောင်းဖြစ်လာပြီး၊ ညီကတော့ နဲမီးစစ် ဆိုတဲ့နာမည်နဲ့ တစ်မြို့လုံးကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားလာပါတော့တယ်။ ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက် အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး နှစ်ယောက်လုံးပျောက်ဆုံးသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာတော့ ဒီစွမ်းအားရှင်နှစ်ယောက်နဲ့ပတ် သတ်တဲ့ ဇာတ်လမ်းတွေပြန်ပေါ်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.7 GB) / (857 MB) / (530 MB) Quality............WebDL 1080p / 720p / 480p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Fantasy Translator.......Mr.Anderson Encoder..........SWM

Horror • Thriller
6.8 2022 102 mins
Samaritan

အခုတင်ဆက်ပေးလိုက်တဲ့ Detective Dee ရဲ့အကြောင်းကိုတော့ အထူးတစ်လည်မိတ်ဆက်ပေးနေစရာမလိုဘူးထင်ပါတယ်။ ခက်ခဲနက်နဲတဲ့အမှုမျိုးမျိုးမှာ လက်စွမ်းတွေပြခဲ့တဲ့ ဆရာကြီးဒီးတစ်ယောက် ဘယ်လိုတွေလက်စွမ်းပြဦးမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းလေးကတော့ဘုရင်မကြီးက Detective Dee အတွက်ကျင်းပပေးတဲ့ ရာထူးတိုးဂုဏ်ပြုပွဲမှာ ဝိဉာဉ်စစ်သည်တွေနန်းတွင်းကိုဝင်စီးတယ်ဆိုတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးဖြစ်သွားခဲ့တယ်။ အဲဒါနဲ့ စုံထောက်ကြီးဒီးတစ်ယောက်က အသေကောင်တွေ ပြန်ထလာတယ်ဆိုတဲ့ ချောင်ခရိုင်ကိုအပြေးနှင်ပြီး အမှုစုံစမ်းဖို့သွားတဲ့အချိန်မှာပဲ ခြုံခိုတိုက်ခိုက်ခံလိုက်ရပါတယ်။ စုံထောက်ကြီးဒီးသေဆုံးသွားတာကို ဘုရင်မကြီးက တိတ်တဆိတ်ပဲသဂြိုလ်ခိုင်းလိုက်ပါတယ်။ အဲဒီအချိန်မှာ စုံထောက်ကြီးဒီးနဲ့ ရုပ်ချင်းဆင်တဲ့ စုန့်ရှောင်ပိုင်ဆိုတဲ့လူဟာ သူ့ကိုယ်သူစုံထောက်ကြီးဒီးပါဆိုပြီး လိမ်စားနေပါရော။ အဲဒီလိုနဲ့ စုံထောက်ကြီးဒီးရဲ့ ရန်သူက သူ့ဆီကိုရောက်လာပါတော့တယ်။ အယောင်ဆောင်Deeတစ်ယောက် ဘယ်လိုများအန္တရာယ်တွေကိုကျော်ဖြတ်မလဲ ...... စုံထောက်ကြီးDeeကရော တကယ်သေသွားပြီလား...... အမှုရဲ့နောက်ကွယ်ကလက်မဲကြီးကဘယ်သူဖြစ်ပြီးတော့ ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ အဆုံးထိဆက်ကြည့်လိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery Runtime : 1h 13min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Romance • Thriller
null 2022
Di Renjie Resurrection
Dreams
7.7

~ IMDb - 7.7/10, Rotten Tomatoes - 66% ~ ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။ Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ၁ ) မိုးစက်စီးကြောင်းကြား စီးဆင်းနေသောနေရောင်များ မိုးစက်တွေကြား နေရောင်စီးဆင်းနေတဲ့တစ်နေ့မှာ အမေက ငါ့ကို လျှောက်မသွားဖို့ ပြောတယ်။ အခုနေ ပြန်တွေးကြည့်ရင် ဘယ်လိုနေ့မျိုးတွေဖြစ်မလဲတော့ ငါလည်းမသိပါဘူး။ ဒီဘဝထဲ ဒီလိုနေ့တွေ ငါဘယ်နှခါကြုံခဲ့ရဖူးလဲ ငါမရေရာ။ တစ်ဘဝလုံးလည်း ဖြစ်ကောင်းဖြစ်မှာ။ သေချာတာတစ်ခုက ငါ အခုထက်ထိ အမေ့စကားကို နားမထောင်ဖြစ်ခဲ့ဘူး။ အမှားတွေ အမှားတွေနဲ့ငါ အဲဒီသက်တန့်ကြီးဆီ ရောက်လာခဲ့တယ်။ အဲဒီသက်တန့်ကြီးရဲ့အဆုံးမှာ ဘာတွေရှိနေမလဲ။ ဘယ်ဆီကိုရောက်မလဲ ငါမသိနိုင်ခဲ့၊ ဘယ်ဆီကိုရောက်မလဲ ငါမသိသေးဆဲ။ ငါတို့အတူကူးခတ်ခဲ့ကြတဲ့မြစ်ကြီးထဲလည်း အမှားတွေဟာစီးဆင်းဆဲ... (၂) မက်မွန်ခြံ သစ်ခုတ်သမားတွေဟာ သူတို့ရဲ့ကိန်းဂဏန်းတွေသက်သက်နဲ့ မက်မွန်ပင်ကြီးကို လှဲသတ်ပစ်ကြတယ်။ ငါတို့ရဲ့မသိတတ်သေးတဲ့စိတ်မှာ မျက်ရည်တွေနဲ့။ မအောင်မြင်ခဲ့တဲ့အသီးတွေကြောင့်လား၊ အောင်မြင်ခဲ့တဲ့အပွင့်တွေကြောင့်လား။ မရှိတော့တဲ့ မက်မွန်ပွင့်တွေဟာ ငါတို့ရဲ့သညာမှာ လင်းနေဆဲ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာခဲ့တယ်။ မက်မွန်ပင်အသစ်ကလေးဟာ နေရာဟောင်းမှာ ပြန်ပွင့်လာခဲ့တယ်။ ပြန်လှပခဲ့တယ်။ သစ်ခုတ်သမားရဲ့ ပုဆိန်တွေကိုတော့ ငါတို့မတွေ့ရတော့ဘူး။ ( ၃ ) နှင်းမုန်တိုင်း နှင်းလွှာတွေ သည်းကြီးမည်းကြီးပေါ့။ တစ်ခါတလေကျ လူဟာပန်းတိုင်ကို သိပေမဲ့ လမ်းကိုမမြင်ရဘူး။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ တာထွက်ဟာနောက်ကျခဲ့တယ်။ အအိပ်လည်း မက်ခဲ့ကြတယ်။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ နာရီလက်တံတွေ ရွေ့နေဆဲပဲ။ နှင်းပွင့်တစ္ဆေ၊ မခံနိုင်အောင်ပေါ့ပါးသော ဘဝနေ့ညများ၊ ကမ်းမမြင်လမ်းမမြင်သူတစ်ယောက်ရဲ့ ပြန်မရောက်တော့တဲ့ ဟိုးတုန်းက ညနေခင်းများ။ ချစ်စိတ်ရဲ့ကျောချင်းကပ်မှာ အခါနှောင်းနှင့်တဲ့ခရီးဟာ ရောက်နှင့်ပြီးသားဆိုတာ ငါတို့မမြင်နိုင်ခဲ့ကြဘူး။ ( ၄ ) လှိုဏ်ခေါင်း ဂျပန်တွေဟာ စိတ်တော့တော်တော်ကြီးတယ် ပြောရမလား ဘယ်လိုစကားလုံးနဲ့ သုံးရမလဲတော့မသိဘူး။ နှောင်းအတော်ကြာအောင်ထိ ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေကို ခံစားနေရတုန်းဆိုတာကို ဂျပန်အနုပညာပစ္စည်းတွေမှာ သိသိသာသာကို ထည့်သွင်းဖော်ပြတတ်တယ်။ ဒီဇာတ်လမ်းတွေဟာ ဆိုခဲ့သလို ကူရိုဆာဝါဟာ သူ့အိပ်မက်တွေကို ကျောရိုးပြုပြီး အသက်သွင်းထားတာပါ။ ဒီအိပ်မက်ကတော့ ဒုတိယကမ္ဘာစစ်အစမှာ အသက်၂၉ရှိနေခဲ့ပြီဖြစ်တဲ့ ကူရိုဆာဝါရဲ့ လိပ်ပြာမလုံခြင်းတွေအကြောင်း မြင်မက်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ရှင်ကျန်ရခြင်းဟာလည်း တစ်ခါတလေ ရှင်လျက်နဲ့ သေခြင်းတစ်မျိုးပဲပေါ့။ ( ၅ ) ကျီးကန်းများ အချစ်တွေကို တို့အတွက်လို့ပဲ သိမ်းဆည်းထားလိုက်ဖို့ကျ သိပ်လေးလံလွန်းခဲ့တယ်။ ရှိသမျှအင်အားနဲ့ရွေ့ရတဲ့ စက်ခေါင်းလို တို့ရွေ့ခဲ့တာပေါ့။ စတာရီနိုက် ဂျုံခင်းထဲက ကျီးကန်းများ ကိုယ်တိုင်ရေးပုံတူ အာလူးစားသူများ တားရေ့ကဖေးည ဆိုက်ပရပ်စ်သစ်ပင် ဗန်ဂိုးရဲ့ကုလားထိုင် ဂေါ်ဂင့်ကုလားထိုင် နေကြာပန်းများ အဝါရောင်အိမ်ကလေးထဲ အဆုံးမဲ့ အချစ်တို့ စီးဆင်းဆဲ... ကူရိုဆာဝါဟာ ဂျပန်ရဲ့အထင်ကရ ဒါရိုက်တာ၊ ရုပ်ရှင်ရဲ့ မဏ္ဍိုင်ကြီးတစ်ခုအဖြစ် ကမ္ဘာကျော်ပေမဲ့ ငယ်ငယ်ကတော့ ကူရိုဆာဝါဟာ ပန်းချီဆရာဖြစ်ချင်ခဲ့ဖူးတယ်။ ကူရိုဆာဝါဟာ ဒါရိုက်တာဖြစ်လာပေမဲ့လည်း သူ့အိပ်မက်တွေကို လုံးဝကျောခိုင်းပစ်ခဲ့တာတော့မဟုတ်ဘူး။ သူ့စတိုရီဘုတ်တွေကို ကြည့်ရင် သူ့ရဲ့ပန်းချီစွမ်းရည်ကို မြင်နိုင်သေးသလို သူရိုက်ခဲ့တဲ့ကာလာဖလင်တွေမှာလည်း ပန်းချီကားတော်တော်ဆန်တဲ့ အရောင်အသွေး စီနီမာတိုဂရပ်ဖီတွေကို သုံးထားခဲ့တယ်။ ရုပ်ရှင်အဖြစ်အသက်မသွင်းနိုင်ခင်မှာ သူပြောချင်ပြချင်တာတွေကို ပန်းချီအဖြစ် ဒီအရင်အသက်သွင်းတာတွေလည်းရှိခဲ့တယ်။ နောက်ဆုံး သူဆွဲထားတဲ့ သူ့ရုပ်ရှင်ရဲ့ ပုံကြမ်းတွေက ပိုစတာဖြစ်လာတာတွေလည်း ရှိတတ်တယ်။ ဒီအိပ်မက်ကတော့ ကူရိုဆာဝါရဲ့ ပန်းချီချစ်စိတ်အကြောင်း၊ ဗန်ဂိုးသို့တမ်းတခြင်းနဲ့ ပန်းချီအပေါ် သူ့အမြင်တွေအကြောင်းပေါ့။ မလွယ်တာကိုမှ ရွေးချစ်မိတယ် အသက်ရယ် - သုခမိန်လှိုင် (မိုးတိမ် - ၅) ( ၆ ) ( ၇ ) ( ၈ ) အနီရဲရဲဖူဂျီ၊ နတ်ဆိုးငိုချင်းနဲ့ ရေရဟတ်ရွာကလေး ဒီ၃ပုဒ်က ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်၃ပုဒ်ပါပဲ။ ဒီ၃ပုဒ်ရဲ့ အကြောင်းအရာဟာ ချွတ်စွပ်မဟုတ်ပေမဲ့ သူပြောချင်တာတော့ တူနေတယ်လို့ ပြောရမယ်။ သူမြင်ခဲ့တဲ့ကမ္ဘာကြီး သူမြင်ခဲ့တဲ့လူတွေ သူမြင်ခဲ့တဲ့အမှားတွေကနေ သူယုံကြည်တဲ့ကမ္ဘာကြီးဆီ ဦးတည်သွားတယ်။ Short Films စုဆိုတော့ ဒီ၈ပုဒ်လုံးကို ခွဲကြည့်လို့ရကောင်းရပေမဲ့ Dreams ဟာ ဆိုခဲ့သလို ကူရိုဆာဝါရဲ့ အိပ်မက်တွေကို ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်တွေကလည်း ကူရိုဆာဝါရဲ့ ကိုယ်ပွားတွေပါပဲ။ ဒါကိုလည်း ကူရိုဆာဝါက သူ့အမှတ်သညာဖြစ်တဲ့ ဦးထုပ်ဝိုင်းဝိုင်းကြီးနဲ့အတူ သိသိသာသာကို တွဲဖက်တင်ပြထားတယ်။ Dreams ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ ကားပေါင်းများစွာထဲမှာမှ သူ့ Personal အဖြစ်ဆုံး ရုပ်ရှင်လို့ တစ်ထစ်ချဆိုလို့ရပါတယ်။ စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်စကားအရတော့ အိပ်မက်ဆိုတာ လူတွေရဲ့ ချုပ်တည်းထားရတဲ့ ဆန္ဒတွေကို မြင်မက်ခြင်းပဲတဲ့။ လူ့စိတ်နဲ့ အိပ်မက် ဆက်စပ်နေတယ်လို့ ယုံကြည်လို့ ဖရွိုက်ကိုယ်တိုင်တောင် အိပ်မက်တွေကို လေ့လာခဲ့ဖူးတယ်။ ကူရိုဆာဝါရဲ့ အိပ်မက်တွေကို သူ့အတွေးအမြင်တွေနဲ့ တန်ဆာဆန်ပြီး ဖြစ်လာတဲ့ ဒီရုပ်ရှင်ရဲ့ အရှေ့ငါးပုဒ်မှာ ကျွန်တော်တို့ ကူရိုဆာဝါရဲ့အတိတ်က အမှားတွေ၊ ချစ်စိတ်‌တွေ၊ လျှောက်လာခဲ့ခြင်းတွေ၊ ဆန္ဒတွေကို စီးကူးမြင်နေရတယ်။ ဒီနောက်ဆုံးသုံးပုဒ်က ပထမနှစ်ပုဒ်မှာတော့ ကူရိုဆာဝါဟာ ပစ္စုပ္ပန် သူမြင်ခဲ့တဲ့ကမ္ဘာကြီးပေါ်က ငို့ဘတွေ လောဘတွေ ရေလိုက်ငါးလိုက်လွဲမှုတွေ စေတနာအမှားတွေကနေ မျှော်ရင်းမြင်တဲ့ ဂျပန်ရဲ့ခေတ်သစ်နဲ့ပတ်သက်တဲ့ သူ့အကြောက်တရားကို စီးကူးမြင်နေရသလို နောက်ဆုံးအပုဒ်ဖြစ်တဲ့ ရေရဟတ်ရွာကလေးမှာတော့ ကူရိုဆာဝါဟာ သူယုံကြည်မျှော်လင့်တဲ့ ကမ္ဘာကြီးရဲ့အနာဂတ်ကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားတယ်။ ၁၉၉၀ကနေ အခုဆို နှစ်၃၀ကျော်ကြာခဲ့ပြီ။ ကမ္ဘာကြီးမှာ ကူရိုဆာဝါရဲ့ အနီရဲရဲဖူဂျီနဲ့ နတ်ဆိုးငိုချင်းထဲကလိုအဖြစ်မျိုး‌တွေ သွယ်ဝိုက်သောနည်းတွေနဲ့ ဖြစ်လာခဲ့ပြီးပါပြီ။ ဘဝတွေဟာ သူရဲ့နောက်ဆုံးအိပ်မက်ဖြစ်တဲ့ ရေရဟတ်ရွာကလေးထဲကလို မငြိမ်းချမ်းနိုင်တော့တာလည်း သေချာနေခဲ့ပြီ။ ဘာပဲဖြစ်ဖြစ်ပါ ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်ရဲ့ နောက်ဆုံးအပိတ်မှာ အသက်၁၀၃နှစ်အထိ ဖြတ်သန်းပြီးတဲ့ အဘိုးအိုပြောသွားခဲ့သလိုပေါ့... " ရှင်သန်နေရတာကိုက အရသာရှိပါတယ် " P.S - ဆရာသုခမိန်လှိုင်ဆီရောက်တော့ ဆရာ့ဆီက ဆရာဖြတ်သန်းခဲ့တဲ့ခေတ်တွေ လူတွေ အရာတွေအကြောင်း၊ ကဗျာတွေ သီချင်းတွေ ရုပ်ရှင်တွေ ပန်းချီတွေအကြောင်း အများကြီးနားထောင်ခဲ့ရတယ်။ ဆရာ့မှတ်ဉာဏ်က အဖြစ်တွေကို ခုနှစ်အတိအကျနဲ့ လုံးစေ့ပတ်စေ့ပြောပြနိုင်သလို လေးနာရီလောက်ဆက်တိုက် စပ်စုသမျှပြောပြနေရပေမဲ့ ဆရာ့ပါးစပ်ကထွက်သမျှ စကားလုံးတွေက ကဗျာဆန်ပြီး လှပလွန်းတယ်။ Y ပြောတဲ့စကားပြန်ယူသုံးရရင် ဆရာသုခမိန်လှိုင်ဟာ အနုပညာအားကြီးပြီး ဦးနှောက်ကပါ နှလုံးသားဖြစ်သွားတဲ့လူမျိုးပေါ့။ ဒီရုပ်ရှင်ဟာ ဆရာနဲ့အန်တီယံယံတို့ပြောခဲ့တဲ့ သူတို့ချစ်တဲ့ရုပ်ရှင်များစွာထဲက တစ်ကားပါပဲ။ ကျွန်တော်တို့အတူ ပြန်တမ်းတထားတဲ့ ဒီရုပ်ရှင်ဟာ Dedicated to U Hlaing & Aunty Yan Yan... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung နဲ့ Phoo Lin တို့က ပြန်ဆို ရေးသားထားပါတယ်) Size - 2.45GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 59Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung & Phoo Lin Encoded by Y

Horror
7.7 1990 119 mins
Dreams
Tarla
7

Tarla(2023) CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။ သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ ယောကျာ်းကိုမိသွားတဲ့အခါ ...။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့ နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်မယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းသစ်လေးကို Cm Bollywood Team မှ Aditi, V နဲ့ ZWE တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.9GB / 800MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 7m Subtitle….Myamar Subtitle (Hard Sub) Encoder….YK Translated by  Aditi~  V ~ ZWE

Drama
7 2023 127 mins
Tarla
Martial Universe

အားလုံးသိကြတဲ့ Yang Yang(ယန်ယန်)ရဲ့2018ကထွက်ရှိခဲ့တဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီနော် လွန်ခဲ့တဲ့နှစ်ရာကျော်တုန်းက တာအိုသခင်ကြီးက နတ်ဝိညာဉ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပေမဲ့ အမှတ်မထင် လောကတံခါးကို ဖွင့်ချမိခဲ့တယ်၊ ဒီလိုနဲ့ တစ်ခြားကမ္ဘာခြား မှော်မိစ္ဆာက ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီးကို ကပ်ဘေးစိုက်စေခဲ့တယ်။ ဒီလိုနဲ့ တာအိုသခင်ကြီးက တပည့်ရှစ်ဦးကိုဦးဆောင်ပြီး မှော်မိစ္ဆာကို တိုက်ခိုက်ချိတ်ပိတ်ခဲ့တယ်၊ဒါပေမဲ့ နှစ်ရာချီကျော်လွန်ပြီးနောက်မှာတော့ မှော်မိစ္ဆာက သွေးဆူလာခဲ့တော့တယ်။ မှော်မိစ္ဆာပြန်လည်ထကြွလာတဲ့အခါ ကမ္ဘာကြီးပျက်သုန်းခြင်းကပ်ဘေးဆိုက်ရောက်မှာဖြစ်ပါတယ်။ တစ်ဖန် မှော်မိစ္ဆာကိုသုတ်သင်ရှင်းလင်းဖို့ လူ့ပြည်ဆင်းသက်လာကြတဲ့ တာအိုဆရာအဖွဲ့အစည်းနဲ့ လင်သုန်းဆိုတဲ့ ပေါ့ပျက်ပျက်ကောင်လေးတို့ တွေ့ဆုံခဲ့ကြတယ်၊ အဲ့ဒီအချိန် တာအိုသခင်ကြီးက လင်သုန်းကို အဖွဲ့အစည်းဂိုဏ်းထဲဝင်ပြီး ဂိုဏ်းအကြီးအကဲရာထူးဆက်ခံဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ ... -မှော်မိစ္ဆာကိုဘယ်သူကဇီဝိန်ခြွေနိုင်မလဲ -လင်သုန်းကရော ဘယ်လိုရဲစွမ်းသတ္တိလမ်းကိုခင်းမလဲဆိုတာ အသေးစိတ်ကို ဆက်လက်ကြည့်ရှုခံစားပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK

Drama • Romance
0 2018 81 mins
Martial Universe
Darkeplica

ဒီတစ်ခါမှာတော့ mystery, thriller ဇာတ်ကားဖန်တွေအတွက် darkeplica ဆိုတဲ့ဇာတ်ကားကိုမိတ်ဆက်ပေးပါရစေ။ ပယ်နီလိုပီဟာ သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာကလေးနှစ်ယောက်ရှိပေမဲ့ သူ့အိမ်အနီးအနားမှာရှိတဲ့ တောအုပ်ထဲမှာ ကလေးနှစ်ယောက်လုံးပျောက်ဆုံးသွားကြပါတယ်။ ဘယ်လိုရှာရှာပြန်မတွေ့ တောပါဘူး။ အဲဒီအချိန်ကနေ ပယ်နီလိုပီဟာ အဲဒီတောအုပ်ထဲမှာ မမြင်ရတဲ့ မကောင်းဆိုးရွားတွေရှိနေတယ်လိုယုံနေတာပါ။ ညဘက်တွေဆို မကြာခဏ အမှာင်ထဲမှာထထိုင်နေတတ်ပြီး တစ်ယောက်တည်းစကားတွေလည်းပြော နေတတ်ပါတယ်။ သူ့ယောက်ျားက သူရူးနေပြီလိုထင်ပြီး စိတ်ရောဂါကု ဆေးရုံကိုပိုလိုက်ပါတယ်။ ငါးနှစ်ကြာပြီးတော့ စိတ်ရောဂါကုဆေးရုံကနေ သူ့မိန်းမကိုပြန်ခေါ်လာပေမဲ့ သူ့မိန်းမနဲ့ အဲဒီမကောင်းဆိုးရွားတွေရဲ့ ဆက်ဆံရေးက ပိုအားကောင်းလာပြီး သူ့မိန်းမကလည်း အဲဒီမကောင်းဆိုးရွားတွေရှိတယ်လို ပိုယုံကြည်လာပါတော့တယ်။ ဒီတော့ အဲဒီတောအုပ်မှာ မကောင်းဆိုးရွားတွေက တကယ်ရှိနေတာလား။ ကလေးတွေကရော လုံးဝပြန်မလာကြတော့ဘူးလား။ Mystery, thriller အမျိုးအစားပေမဲ့ ဇာတ်လမ်းကနည်းနည်းအေးပြီး စကားပြောခန်းတွေကိုပဲအသားပေးရိုက်ထားတာမလို နည်းနည်းတော့ပျင်းစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဇာတ်နှေးနှေးလေးနဲ့ စဥ်းစားရတာကြိုက်တဲ့သူတွေ ဆိုရင်တော့ အကြိုက်တွေ့စေမှာပါ။ File size…1.38GB / 432MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 33m Genre …..Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

Action & Adventure • Drama • Sci-Fi & Fantasy
0 2023 92 mins
Darkeplica
Why Him?
6.4

socially awkward Silicon Valley billionaire boyfriend, Laird. A rivalry develops and Ned's panic level goes through the roof when he finds himself lost in this glamorous high-tech world and learns Laird is about to pop the question. နက်ဟာဆိုရင် သာမန်ဘဝကနေ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်နိုင်ခဲ့သူပါ။ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်လည်းရှိပါတယ်။ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့ပေါ့ သူ့မိတ်ဆွေတွေ သူငယ်ချင်းတွေ နဲ့ အတူ သူ့သားငယ်ရဲ့ စီစဉ် ပေးမှု့ကြောင် မွေးနေ့ပွဲလေး တစ်ပွဲကို ကျင်းပနေပါတယ်။ အဲ့အချိန်မှာ သူ့ကို အံံသြအောင်လုပ်တဲ့ အနေနဲ့ အဝေးရောက်နေတဲ့ သူ့ အစ်မ နဲ့ ဗီဒီယိုကော ချိတ်ဆက်ပေးပါတယ်။ဒီလိုနဲ့ သားအဖတွေ စကားပြောဖြစ်ကျတယ်ဆိုပါတော့ ဒီလိုပြောနေစဉ်မှာပဲ သူ့သမီးအခန်းထဲကို ကောင်လေးတစ်ယောက် ဝင်လာပြီး ဘောင်းဘီ ချွတ်ချလိုက်ပါတော့တယ်။ နောက်ရက်မှာပဲ သူကသမီးဆီကနေ ဖုန်းလာတာက အဲ့ဒါက သူ့ကောင်လေးဖြစ်ကြောင်း အားလပ်ရပ် သူ့ ကောင်လေးနဲ့ လာတွေ့စေလိုကြောင်းခေါ်ပါတော့တယ်။ သမီးချစ်တဲ့ အဖေတစ်ယောက် နက်လည်း သွားရတော့တာပေါ့ ဟိုရောက်မှ သိရတာက သူ့သမီးရဲ့ ကောင်လေး လဲယာက အရမ်းကိုချမ်းသာလွန်းတယ်ဆိုတာပါပဲ။ဒါပေမယ့် ငယ်စဉ်ကတည်းက မိဘ အုပ်ထိန်းမှု့မခံခဲ့ရတဲ့ အတွက် စကားပြောရင် တစ်ချိန်လုံးဆဲဆို နေတက်ပြီး ပေါက်ကရ ကြောင်တောင်တောင် တွေလုပ်တက်တာကြောင့် နက် တို့ဟာ လဲယာကို သဘောမကျကျ ပါဘူး ဒါပေမယ့် လဲယာကတော့ သူ့ချစ်သူရဲ့ မိဘတွေနဲ့ အစဉ်ပြေအောင် အတက်နိုင်ဆုံး မျက်နှာလုပ်ပါတယ် ဒါပေမယ့် သူလုပ်သမျှက လွဲ သူကလည်း အလိုက်မသိတော့ ပိုပိုဆိုးပြီးရှုပ်ထွေးကုန်ပါတယ်။ နက် ဟာဆိုရင်လည်း ကိုယ့် သမီးကို အရမ်းချစ်တဲ့ သူတစ်ယောက်ဖြစ်လို့ ဒီလို လူနဲ့ ရသွားမှာကိုကြောက်နေပြန်ပါတယ်။ လဲယာ တစ်ယောက် အမြဲတမ်း ပေါက်ကရ လုပ်နေတဲ့ ကြားက သူ့ယောက်ခမ နဲ့ အဆင်ပြေအောင် ဘယ်လိုညှိယူကျမလဲ ဆိုတာကို ရယ်မောပေါ့ပါးစွာ ကြည့်ရှု့ရမှာပါ။ဇာတ်ဝင်ခန်း အချို့ဟာ မိသားစုနဲ့ ကြည့်ဖို့ မသင့်လျော်ပါဘူးခင်ဗျာ။ File Size : 800MB /400 MB Quality : Blu Ray Running Time : 1h 51min Format : Mp4 Genre : Comedy Encoder : Tariq L Walker

Action • Adventure • History
6.4 2016 111 mins
Why Him?
Whiplash
8.4

IMDb - 8.5/10_____Rotten- 94% Won 3 Oscars. Another 91 wins & 144 nominations. ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး….. File Size…(903 MB) Quality…BluRay 720p Format…mp4 Duration…01:46:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant

Action • Adventure • Science Fiction
8.4 2014 107 mins
Whiplash
What to Do With the Dead Kaiju?
5

What to Do with Dead Kaiju IMDB 4.4 ၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2022
What to Do With the Dead Kaiju?
[18+] Showgirls
6.7

******************** (Dark Side Production မှတင်ဆက်သည်…) ဒီဇာတ်လမ်းဟာ.. Las Vegasရဲ့ဖော်ချွတ်အက လောကထဲကို မိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေး တစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ… ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း… မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း.. ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို.. ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်.. ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်… File Size : (2.7GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:08:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB

Animation • Family
6.7 1995 131 mins
[18+] Showgirls
What Keeps You Alive

မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တောအုပ်အစပ်က ရေကန်ကြီးဘေးမှာရှိနေတဲ့ ဘိုးဘွားပိုင်အိမ်လေးဆီကို ဂျူးနဲ့ ဂျက်ကီတို့ စုံတွဲ အလည်အပတ်လာခဲ့ကြပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဂျက်ကီရဲ့ အပြုအမူတွေကအရင်လို မဟုတ်တော့ဘဲပြောင်းလဲသွားခဲ့တဲ့အပြင် ဂျူးတစ်ယောက်လည်း ဒီအိမ်လေးမှာပဲဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေကို ပြန်သိလာခဲ့ရပြီး ကြည်နူးဖွယ်စုံတွဲလေးရဲ့ နှစ်ပတ်လည်းအထိမ်းအမှတ် အပန်းဖြေခရီးဟာ ဘယ်လိုပျက်စီးသွားရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(739 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2018
What Keeps You Alive
The Most Beautiful Day (aka) De mooiste dag
6

‘ဂျက်စမင်ဟယ်လ်မက်’က နာမည်ကျော်စာရေးဆရာမတစ်ဦးဖြစ်ပြီးတော့ ဆုပေးပွဲတစ်ခုက အပြန် ကားမောင်းနေစဉ် ဖုန်းပြုတ်ကျတာကိုကုန်းကောက်ရင်း သူမကားက တစ်ဖက်လမ်းပေါ်ကို တက်သွားတဲ့အတွက် မျက်နှာချင်းဆိုင်ကကားနဲ့ ဝင်တိုက်မိပါတယ်။ တစ်ဖက်ကားပေါ်မှာပါလာတာကတော့ ‘ဝင်မ်’နဲ့ ‘အယ်လန်’ဆိုတဲ့ အသက် ၆၀ ကျော် အဘိုးကြီး အဘွားကြီးစုံတွဲတစ်တွဲပါ။ ကားအက်ဆီးဒန့်မှာ အယ်လန်ကအသက်ဆုံးရှုံးသွားပြီးနောက် ခင်ပွန်းဖြစ်သူ ဝင်မ်အတွက် အဆင်မပြေတော့သလို စာရေးဆရာမကလည်း နောက်ထပ်စာအုပ်အသစ်ကို မရေးနိုင်လောက်အောင် စိတ်ထိခိုက်သွားပါတယ်။ ဒါနဲ့ စာရေးဆရာမလည်း ဝင်မ်ရှိရာ မော်ရိုကို,ကို လိုက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားကြည့်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။) File size…(1.5 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:32:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Romance • Drama
6 2024
The Most Beautiful Day (aka) De mooiste dag
The Redemption of Sin
7.3

The Redemption of Sin (2024) ***************************** CM ပရိသတ်တို့အတွက် အင်ဒိုသရဲကားအသစ်လေးနဲ့ ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ ဝမ်နင်ရဲ့ ဘဝက အသုံးမကျတဲ့ယောက်ျားကပေးတဲ့ ဒုက္ခကလည်း ဒုနဲ့ဒေး၊ စားဝတ်နေရေး မပြေလည်ရတဲ့ကြားမှာမှ အမေအိုတစ်ယောက်နဲ့ သမီးလေးတစ်ယောက်အတွက်ပါ ရုန်းကန်နေရတဲ့သူပေါ့။ ဝမ်နင်ရဲ့ယောက်ျားကတော့ ငွေတွေလိမ်ပြီး မိန်းမနဲ့သမီးကို ထားရစ်ခဲ့တဲ့ မကောင်းတဲ့ကောင်ဆိုပေမဲ့ သိပ်လိမ္မာတဲ့ သမီးလေးနီမာလာကတော့ ဝမ်နင်ရဲ့ ကံဆိုးလှတဲ့ဘဝထဲက ဆည်းလည်းလေးပေါ့။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတဲ့ ကံခေလှတဲ့ မိုးသည်းညတစ်ညမှာ ဝမ်နင်တစ်ယောက် အမေနဲ့သမီးလေးကို ဆိုင်ကယ်ပေါ်တင်ပြီး ဖြတ်လမ်းကနေအပြန် တံတားကျိုးကျပြီးတော့ အမေလည်းဆုံးသွားပြီး သမီးလေးလည်း ပျောက်သွားတဲ့အခါ… ဘဝရဲ့တစ်ခုတည်းသောပျော်စရာကို ကြမ္မာနတ်မင်းဆီက ရက်ရက်စက်စက် လုယူခံလိုက်ရပြီးတော့ မျှော်လင့်ချက်ပျောက်နေတဲ့ဝမ်နင်ဟာ ဂျပန်သုတေသီနဲ့ ပေါ့ကပ်စ်ဟို့စ်တစ်ယောက်ရဲ့ ကူညီဖေးမမှု အောက်မှာ မျှော်လင့်ချက်ရောင်ခြည်လေး ပြန်မြင်လာရပြီး သမီးကို ကိုယ်တိုင်ရှာဖို့ ကြိုးစားချိန်မှာ ဘယ်လိုအချိုးအကွေ့တွေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.84GB / 718MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Horror, Mistery, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

Thriller • Drama • Crime
7.3 2024 116 mins
The Redemption of Sin
One in a Hundred Thousand
7.3

One in a Hundred Thousand (2020) ******************************** ဆာကူရာဂီရီနိုဆိုတဲ့ အထက်တန်းကျောင်းသူလေးက သူငယ်ချင်းဖြစ်သူ ခီရီတာနီရန်ကို အလယ်တန်းကတည်းက တိတ်တခိုးချစ်ခဲ့ရသူပါ။ တစ်နေ့မှာတော့ မထင်မှတ်ထားဘဲ ဆာကူရာဂီကို ခီရီတာနီက ဖွင့်ပြောလိုက်ပါတယ်။ ဆာကူရာဂီလည်း တစ်ဖက်သတ်ကြိတ်ကြွေနေရတဲ့ သူငယ်ချင်းက ဖွင့်ပြောတဲ့အတွက် ခီရီတာနီနဲ့ တွဲလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ဆာကူရာဂီက မထင်မှတ်ထားတဲ့ရောဂါနဲ့ ကြုံတွေ့ခဲ့ရပါတယ် .. ဆာကူရာဂီ ခံစားနေရတဲ့ရောဂါက ဘယ်လိုမျိုးလဲ .. ရောဂါရှိနေတာတောင် ခီရီတာနီက ဆက်ချစ်နေဦးမလား အနားမှာရှိနေဦးမလားဆိုတာကို ကျောင်းသားအချစ်ဇာတ်လမ်းရယ် ဒရမ်မာရယ်ရောပြီး ရိုရိုချိုချိုလေး ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းကို Jiyeon မှ ရေးသားထားပါတယ်) File size…1.44GB / 678MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Jiyeon Encoded by AHtet

Action • Fantasy • Adventure
7.3 2020 112 mins
One in a Hundred Thousand