YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Silent Tides E23 720p WEB-DL (W+T).mp4

367.12 MB 720p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Violent Night
7.5

Dead Snow တို့ Hansel & Gretel: Witch Hunters တို့လို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားကတော့ Stranger Things မှာ အားလုံးချစ်တဲ့ ရဲမှူးကြီး David Harbour ပါပဲ။ ရုပ်ရှင်ကတော့ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး အသတ်အဖြတ်တွေ ကြမ်းတာကိုတော့ သတိပေးထားချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆန်တာကလောက်ဟာ ဆန်တာမဖြစ်ခင်က အတိုက်အခိုက်အသတ်အဖြတ်ကြမ်းတဲ့ စစ်သည်တော်ကြီးဖြစ်ခဲ့ပါတယ်။ အများသိတဲ့မူရင်းဆန်တာပုံပြင်နဲ့တော့ မတူဘူးပေါ့။ အခုတော့ ဆန်တာကလောက်ဟာ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေပေးလာရင်း တဖြည်းဖြည်း လောဘကြီးလာ ပျက်စီးလာတဲ့ ကမ္ဘာကြီးနဲ့ သူ့အလုပ်ကို စိတ်ကုန်လာပါပြီ။ နို့နဲ့ကွတ်ကီးအစား အိမ်ထဲဝင်ရင် အရက်ပုလင်းရှာမော့တဲ့အဆင့်ဖြစ်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်းအယုံအကြည်မရှိတော့ပါဘူး။ ဒါပေမဲ့ တာဝန်အရ လိမ္မာတဲ့ကလေးစာရင်းမှာပါတဲ့ ကလေးမလေး ထရူဒီရဲ့အိမ်ကို လက်ဆောင်ပေးဖို့ ရောက်လာပါတယ်။ ထရူဒီရဲ့မိသားစုဟာ သန်းကြွယ်သူဌေး လောဘအိုး လူ့ဂွစာတွေဖြစ်ပြီး ခရစ္စမတ်မှာဆုံတိုင်း ဘာအမြတ်ထုတ်ရမလဲ စဉ်းစားနေတဲ့လူမျိုးတွေပါပဲ။ အခု ခရစ္စမတ်ညမှာတော့ သူတို့မိသားစုစံအိမ်ကြီးကို လက်နက်ကိုင်တစ်ဖွဲ့က ဝင်စီးနင်းပြီး ဒေါ်လာ သန်း ၃၀၀ ကို အလုံခန်းထဲက ဖောက်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဆန်တာလည်း မူးမူးရူးရူးနဲ့အိမ်ထဲပိတ်မိနေပြီး ဓားပြတစ်ဖွဲ့လုံးနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဆဲအဆိုတွေ ဟာသတွေ အက်ရှင်ကြမ်းကြမ်းတွေနဲ့မို့ လူကြီးတွေအတွက် ခရစ္စမတ်မှာဖျော်ဖြေနိုင်မယ့် ရုပ်ရှင်တစ်ခုပါပဲ။ File size…(1.66Gb) / (1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Comedy • Fantasy
7.5 2022 112 mins
Violent Night
Ae Dil Hai Mushkil
6.5

" ဒီနှလုံးသားက ရှုပ်ထွေးလွန်းလှပါတယ်" မထွက်ခင်က သတင်း... ၁၇ နှစ်လောက် တွဲအလုပ်မလုပ်ဖြစ်တော့တဲ့ ဒါရိုက်တာ ကာရန်ဂျိုဟာ နဲ့ မင်းသမီး အက်ရှ်ဝါရိုင်းတို့ ပြန်လည်ပေါင်းစည်းရိုက်ကူးထားတဲ့ ကားလေးပါ... မင်းသားကတော့ Ranbir Kapoor နဲ့ မင်းသမီး Anushka Sharma(PK) တို့ ပါဝင်ပါသေးတယ်... ကာရန်ဟာ Kuch Kuch Hota Hai ကအစပြု ပြီး Dostana(Shut Up & Bounce) ဒီမှာတော့ အေသင်ရဲ့တင်းတယ် ဖြစ်သွားတဲ့ သီချင်းပါတဲ့ ရုပ်ရှင်နဲ့ တအားအောင်မြင်ခဲ့တဲ့သူပါလို့ အက်ရှ်က ပြောပါသေးတယ်... ပါဝင်သူတို့အကြောင်း... ကာရန်ဂျိုဟာ - ရုပ်ရှင်ကားကို မညွှန်းခင် ဒါရိုက်တာကို အရင် ပြောပါရစေ... သူ့ရိုက်လိုက်တဲ့ ဒရမ်မာကားတွေဆိုရင် ဒရမ်မာကားမကြိုက်တဲ့သူတွေတောင် ကြိုက်ကြတယ်... လူငယ်ဆန်တယ် ပေါ့ပါးတယ်... စကားလုံး ဒိုင်ယာလော့တွေ အမိုက်စားတွေချည်းပဲ... သူနည်းနည်းလေး ဝင်ပါလိုက်တဲ့ ရုပ်ရှင်ဆိုရင်ပဲ သူ့ရဲ့ လက်ရာပါမှန်းသိသာအောင် မိုက်တာ... ရာဘင်ကပူး - သူ့ကိုလဲ Yeh Jawaani Hai Deewani(2013) Tamasha(2015) နှစ်ကားကြည့်မိပြီးကတည်းက သတိထားမိတယ်... လူငယ်ဖန်စီကားကိုမှ တွေးစရာနက်နက် စကားလုံး မိုက်မိုက်တွေနဲ့ တွဲပြီး မှတ်မိနေတယ်... အခုကားမှာဆိုလဲ လူငယ်ဆန်ဆန် အချစ်ကို ရူးမိုက်တာ တော်တော်လေးကို သဘာဝကျပါတယ်... အနူရှကာ - သူမကလဲ ပီကေမှာကတည်းက သတိထားမိတယ်... ဒါပေမဲ့ တကားနဲ့ တကားမှာ ဇာတ်ရုပ်ပေါ်မူတည်ပြီး ရုပ်ပြောင်းသွားတာလေးကိုတော့ သဘောကျတယ်... ဇာတ်ရုပ်နဲ့လိုက်အောင် ဝတ်စား နေထိုင်တာကောင်းတယ်လို့လဲ ပြောချင်တာပေါ့... သူမလဲ သရုပ်ဆောင်လိုက်ရင် ခပ်သွက်သွက်ကားလေးတွေပဲ သရုပ်ဆောင်သလားပဲ လိုက်လဲ လိုက်ပါတယ်... ဒီကားထဲမှာတော့ အချစ်ကိုသိပေမဲ့ အသိရှိတဲ့ သူအဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်... ဆုံးရှုံးဖူးထားတော့ အချစ်ကို ထပ်မဆုံးရှုံးရအောင် ထိန်းသိမ်းထားတာလေးကလဲ ဒီကားမှာ တမျိုးဆွဲဆောင်မှု ရှိနေပါတယ်... အက်ရှ်ဝါရိုင်း - လတ်တလောတော့ ဆာရာဂျစ်ရယ် Jazbaa ရယ် ရုပ်ရှင်ကားတွေနဲ့ အရမ်းသဘောကျနေတာပါ... သူမကတော့ ဒီကားမှာ ဇာတ်ပို့အနေနဲ့ပေါ့... ဒါကလဲ ကျွန်တော်မြင်မိတာပြောတာပါ... ကိုယ့်ကိုယ်ကို ပေးဆပ်ချစ်တတ်သူ နားလည်တတ်သူ၊ ရာဘင်ရဲ့ နှလုံးသားဒဏ်ရာ ကွက်လပ်ကို ဖြည့်ဆည်း ကုသပေးတဲ့ သူ မမကြီး အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်... ဧည့်သည်သရုပ်ဆောင် - လုံး၀ မထင်ထားတာပါ... ရှရွတ်ခန်းက အက်ရှ်ဝါရိုင်းရဲ့ အရင် Ex အဖြစ်သရုပ်ဆောင်ပေးထားပါတယ်... တခန်းဆို တခန်းပဲ ပြောသွားတာတွေက အရမ်းမိုက်ပါတယ်... အလီဘတ်ကတော့ သိပ်မထင်ရှားပါဘူး ဒီဂျေသူငယ်ချင်း တယောက်အဖြစ်နဲ့ပါ... သီချင်းတွေ - ပါသမျှသီချင်းတွေ အရမ်းကြိုက်ပါတယ်... ရုပ်ရှင်မကြည့်ရခင်ကတည်းက သီချင်းက အလွတ်ရနေတာပါ... အဆိုတော်တွေတော့ မလေ့လာရသေးပေမဲ့ ဇာတ်ကားအရ ရင်ထဲကဆိုမှ တကယ် ပီပြင်တယ်လို့ ပြောထားသလိုပဲ နားထောင်ရင်း ကြက်သီးပါထမိပါတယ်... Channa Mereya သီချင်းဆိုရင် ရာဘင်သရုပ်ဆောင်ထားတာနဲ့ဆို မျက်ရည်ပါဝဲချင်သွားပါတယ်... ရုပ်ရှင်အညွှန်း - အချစ်ကိုပေါ့ပေါ့ပါးပါးပဲလို့ တွေးထားတဲ့ လူငယ်တယောက်(ရာဘင်) ဟာ ခဲမှန်ဖူးတဲ့ (အနူရှကာ) နဲ့ မမျှော်လင့်ပဲ ဆုံခဲ့ပါတယ်... စရိုက်တူတဲ့ သူတို့နှစ်ယောက်ဟာ အတွဲမိသွားပါတယ်... ကိုယ်စီ Ex တွေနဲ့ ဆုံတွေ့ချိန်းပြီး ကလပ်မှာ ကကြရာကနေ အဖြစ်အပျက်တွေ ကပြောင်းကပြန်ဖြစ်သွားတော့တာပါပဲ... စိတ်ပြေလက်ပျောက် ၂ ယောက်သား ခရီးအတူတူထွက်ရင်း တဦးကို တဦး ပုံမှန်ထက်ပိုလိုအပ်တယ်လို့ သိလာရပါတယ်... အဲအချိန်မှာပဲ ကြမ္မာငင်တာကတော့ အနူရှကာရဲ့ မှန်ဖူးတဲ့ခဲလေးက ပြန်လာချိတ်တာပါပဲ... ချစ်တာ နဲ့ လက်ထပ်တာမတူတာကိုသိတဲ့ အနူရှကာက ရွေးချယ်မှုတခုကို ပြုလုပ်ခဲ့ပါတယ်... ဒီတခါမှ အသည်းက ဟက်တက်ကို ကွဲတာ ရာဘင်... ဒါကိုထပ်ဆင့်ဖြစ်စေတာက မင်္ဂလာဆောင်ကို လာချီးမြှင့်ခိုင်းတာပါပဲ... ရင်ထဲက သံစဉ်တွေပွင့်အန်ပြီး Channa Mereya သီချင်းဆိုတော့မှ ရာဘင် တကယ် သူ့ကို ချစ်မှန်းသိသွားတာ... ဒါပေမဲ့ လွန်သွားပြီလေ... မခံစားနိုင်တော့လို့ အိမ်အပြန် လေဆိပ်မှာ ဆုံတွေ့လိုက်တာ အက်ရှ်ဝါရိုင်း... သူမကလဲ နှလုံးသားတံခါး အခေါက်ခံရဖူးသူတယောက် အသက်အရွယ်တခုအရ ရင့်ကျက်သွားလို့ ခံနိုင်ရည်ရှိနေတာပါ... ခံစားချက်တွေကို ရင်ထဲကနေ စာရွက်ထဲကူးပြောင်းထားတဲ့ မမကြီးပေါ့... သူ့ရဲ့ စာအုပ်ကို လက်ဆောင်ပေး နှစ်သိမ့်အပြီးမှာတော့ ထုံးစံအတိုင်း ရာဘင်က အချစ်ဇာတ်လမ်းတပုဒ်ကို ထပ်မံသီကုံးတော့တာပါပဲ... မဆွတ်ခင်ကတည်းက ညွှတ်နေတဲ့ မမကြီးလဲ ကောက်ကောက်ပါသွားတော့တာပေါ့... အပျော်တွေမှ မဆုံးသေးဘူး ဒုတိယတကြိမ် ကြမ္မာဆိုးက ရာဘင်ကို လာနောက်ယှက်တာကတော့ အနူရှကာဆီက ဖုန်းဝင်လာတာပါပဲ... ကလေးတယောက်လို အရွဲ့တိုက်ချင်တာနဲ့ Ex ချင်းပေးတွေ့ ခနဲ့ရာမှာ ရင်ထဲက သရုပ်မှန်တွေထွက်ကျလာပြီး မမကြီးနဲ့ပါ ပြတ်ဆဲသွားတော့တာပါပဲ... ကျန်တာကတော့ ရုပ်ရှင်မှာပဲ ကြည့်တော့ဗျာ... ဟီး... ဆဲလဲခံရတော့မှာပဲ... ထပ်ရေးနိုင်စွမ်းမရှိတော့ဘူး... အရမ်းခံစားရလွန်းလို့ပါ... မထင်ထားတဲ့ ထောင့်တွေက ဝင်လာတဲ့ ဂြိုလ်ဆိုးတွေက ဘယ်လိုနှောက်ယှက်လဲ... အဆုံးမသတ်သွားမယ့် အချစ်ကို ဘယ်လိုဖန်တီးလဲဆိုတာကို ကျွန်တော်တင်တဲ့ ရုပ်ရှင်အစ/အဆုံးကိုသာ ကြည့်တော့ဗျာ...။ (ရုပ်ရှင်အညွှန်းကို bollywoodloversmyanmar မှ ကူးယူဖော်ပြပါသည်။) File size…(9.6 GB)/(3 GB)/(1.6 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:36:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • Romance
6.5 2016 158 mins
Ae Dil Hai Mushkil
Nobody
8

ဒီကားကိုတော့ ဂျွန်ဝစ် lite လို့ ပြောရမလား pro max လို့ ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ ကြမ်းတာတော့ အတော်ကြမ်းပါတယ်။ ဘရုစ်ဝီလီရဲ့ Red လို ခံစားမှုမျိုးလည်းပါတယ်။ ဇာတ်လမ်းကတော့ ရှင်းပါတယ်။ မန်ဆယ်လ်ဟာ စာလုံးသုံးလုံးပါတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းစစ် အငြိမ်းစားပါ။ မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ အေးဆေးနေပါတယ်။ ဒါပေမယ့် မိသားစုကို ညဘက် ဓားပြတိုက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လိုက်ရှင်းရင်းနဲ့ သမိုင်းပေးလူဆိုးတွေဖြစ်တဲ့ ရုရှားတွေနဲ့ သွားရှုပ်မိတဲ့အခါ... ချူချာတွေ ကံဆိုးရပါတော့တယ်... ဒီကားက သတ်ဖြတ်ခန်းတွေကြမ်းတဲ့အပြင် မင်းသားကြီး Bob Odenkirk ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့် Box Office မှာလည်း တော်တော်ဝင်ငွေကောင်းတဲ့ကားကြီးဖြစ်ခဲ့တာမို့ အားလုံးပဲ လက်မလွှတ်သင့်ပါကြောင်း နင်းကန်သတင်းကောင်းပေးပါရစေ..... File Size : 856MB Quality : WEB-DL 720p Format…mp4 Duration…01:32:00 Genre :  Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae

Action • Mystery • Thriller
8 2021 92 mins
Nobody
Inescapable
5.2

Inescapable (2012) ============== ၂၀၁၂ က ထွက်ရှိခဲ့တဲ့ နိုင်ငံရေးနောက်ခံပြုထားတဲ့ Drama, Thriller ဇာတ်ကားတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။ MCU ရဲ့ Spider-man သုံးကားထဲမှာ အန်တီမေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Marisa Tomei ရဲ့ အလှအပ တွေကိုလည်း ခံစားရဦးမှာပါ။ အာဒိဒ်ဟာ ကနေဒါ နိုင်ငံ တိုရန်တိုမှာ ဇနီးတစ်ယောက်၊ သမီးနှစ်ယောက်နဲ့ အခြေတကျ နေထိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းလာခဲ့သူပါ။ သူ့သမီး ဖြစ်သူ နှစ်ယောက်ကတော့ သူ့အဖေရဲ့ ‌အတိတ်ကို သိချင်ပေမယ့် အာဒိဒ်ဟာ ပြောမပြခဲ့ပါဘူး။ တစ်နေ့မှာတော့ သမီးအကြီးဖြစ်သူ မူနာ ဟာ ဆီးရီးယားနိုင်ငံ ဒက်မာစကတ်မြို့မှာ ပျောက်ဆုံးသွားပါတော့တယ်။ သမီးအကြီးက ဂရိနိုင်ငံကနေ ဓာတ်ပုံရိုက်ကူးရေးလုပ်ရင်း ကနေဒါကို ပြန်မလာဘဲ သူ့အဖေအကြောင်းကို စုံစမ်းချင်တဲ့အတွက် ဆီးရီးယားနိုင်ငံကို အဖေမသိအောင် ခိုးသွားခဲ့တာပါ။ အာဒိဒ်လည်း သတင်းရရချင်း သမီးဖြစ်သူကို ကယ်ဆယ်ဖို့ ဆီးရီးယားနိုင်ငံကို ပြန်သွားခဲ့ရင်း သူ ချန်ထားခဲ့ပြီ ဖြစ်တဲ့ သူ့ဘဝအဟောင်းက ဇာတ်လမ်းတွေ ပြန်လိုက်ပါတော့တယ်။ သမီးကို ကယ်တင်ချင်စိတ်ကြီးနေတဲ့ အာဒိဒ် တစ်ယောက် သူ့သမီးကို ပြန်ရှာတွေ့နိုင်ပါ့မလား ဘယ်လို ရုန်းကန်ရမလဲဆိုတာကိုတော့ ဇာတ် လမ်းထဲမှာ ဆက်လက်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

Action • Animation • Mystery • Science Fiction
5.2 2012 93 mins
Inescapable
Confess, Fletch
6.5

Confess, Fletch (2022) ================= IMDb Rating – 6.5/10 ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဇာတ်လမ်းကောင်းပြီး ရယ်ရတဲ့ ဟာသဇာတ်ကား ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.5, Rotten Tomatoes 85% ရရှိထားပြီးတော့ ဇာတ်အိမ် ခိုင်မာသလို ဟာသများကလည်း ကလိထိုးရယ်စရာမလိုတဲ့ ဟာသတွေပါ။ ဖလက်ချ်ဟာ သတင်းထောက်အလုပ်ကနေ အနားယူရင်း ဥရောပမှာ ခရီးသွားနေတဲ့သူပါ။ အီတလီနိုင်ငံ ရောမမြို့က မြို့စား ကြီးတစ်ယောက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ပန်းချီကားတွေကို ပြန်လည်ရှာဖွေဖို့ ဖလက်ချ်ကို အလုပ်အပ်လာပါတော့တယ်။ မြို့စားကြီးရဲ့ သမီးဖြစ်သူ အန်ဂျလာနဲ့လည်း ချစ်ကြိုက်မိသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မြို့စားကြီး ပြန်ပေးဆွဲခံလိုက်ရပြီး ပြန်ပေးသမားများက ပြန်ရွေးငွေအဖြစ် ပီကာဆိုရဲ့ ပန်းချီကား တစ်ချပ်ကို တောင်း ဆိုလာပါတယ်။ ထိုအခါမှာ ဖလက်ချ်လည်း ပန်းချီကားများကို မဖြစ်မနေ ပြန်လည်ရှာဖို့ ဖြစ်လာပါတော့တယ်။ ဖလက်ချ်ဟာ ပန်းချီကားတွေကို ခြေရာခံလိုက်ရင်း ဘော်စတွန်မြို့ကို ရောက်ရှိပါတယ်။ သူ့ရည်းစား စီစဉ်ပေးတဲ့ အိမ်တစ်အိမ်မှာနေဖို့ ရောက်လာတဲ့အခါမှာ ထိုအိမ်တွင် သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ရဲတွေကလည်း ဖလက်ချ်ကို သံသယဝင်သော်လည်း ဖမ်းစရာသက်သေမရလို့ မဖမ်းနိုင်ဘဲ ဖြစ်နေပါတယ်။ သတင်းထောက်ဗီဇပါတဲ့ ဖလက်ချ်လည်း လူသတ်မှုကိုရော ပန်းချီကားပျောက်မှုကိုရော လိုက်လံစုံစမ်းပါတော့တယ်။ ထိုသို့ စုံစမ်းရင် ကြုံတွေ့ရတဲ့ အရာများကို ဟာသလေးတွေနဲ့ ကြည့်ရှု့ရမှာမို့ လက်မလွတ်စတမ်း ကြည့်သင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

Action • Thriller
6.5 2022
Confess, Fletch
It’s a Wonderful Binge

It’s a Wonderful Binge (2022) Holiday Comedy အမျိုးအစား​လေးဖြစ်ပြီး Heavy မဟုတ်ပဲ ပေါ့​​ပေါ့ပါးပါး​ ကြည့်ရတာကြိုက်တယ့် ညိုကီတို့အတွက် Recommend ​ပေးပါတယ် ။ အရက် မူးယစ်​ဆေး ​သောက်စားတာ ဒုစရိုက်မှုတစ်ခုလို ဖြစ်​နေတဲ့ကမ္ဘာမှာ မူးမူး ကွဲကွဲ ပြဲပြဲ လုပ်ချင်တာလုပ်လို့ရတဲ့ The Binge ပွဲရိုးရာ ခရစ္စမတ်​နေ့မှာ​… ​ရှေးရိုးစွဲ အ​မေနဲ့ ​ထောင်​ပြေးဦး​လေးတို့ ရဲ့ သမီး တူမ Kimmi, မျိုးရိုးတစ်ခုလုံး ​​မွေးစားခံရတာနဲ့ တည်​ဆောက်ထားတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ Sarah, Sarah ကို လက်ထပ်ခွင့်​တောင်းဖို့ စီစဥ်ရင်း လက်စွပ်​ပျောက်သွားတဲ့ Hag, အ​ဖေနှစ်​ယောက်နဲ့ အ​မေတစ်​ယောက်တို့ရဲ့ သား Andrew တို့ရဲ့ကြုံ​တွေ့ရမယ့် ပြဿနာ​တွေကို ဟာသဆန်ဆန် ရိုက်ထားတာ​လေးကို ကြည့်ရင်း ရီရီ​မော​မောပဲ ဖြတ်သန်းရမှာ ​သေချာ​ပေါက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB နဲ့ Tissue တို့မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 870MB Quality – 1080p, 720p Format – mp4 Duration – 1H 38Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by DB & Tissue Encoded by Y

Drama • History
0 2022
It’s a Wonderful Binge
Thaaram Theertha Koodaram
7

Thaaram Theertha Koodaram (2023) သောကမျက်ရည်စက်များ IMDb- 7.8/10 အမေဖြစ်သူက နောက်ယောကျ်ားယူသွားပြီး ပထွေးဖြစ်သူ နှင်ချခံထားရတဲ့ အကြွေးနွံနစ်နေတဲ့ အိမ်ခြေရာမဲ့ညီမနှစ်ယောက်။ အခန်းခကလည်း မပေးနိုင်တဲ့အပြင် အကြွေးရှင်တွေကလည်း သတ်မှတ်ရက်အတွင်း အကြွေးကို ဆပ်ဖို အတင်းတိုက်တွန်းနေတဲ့အခြေအနေမှာ သူငှားနေတဲ့အခန်းရဲ့ ဘေးအခန်းက ကောင်လေး ဆန်ဂျေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆန်ဂျေးဆိုသူကတော့ နှစ်ကိုယ်ခွဲစိတ်ရောဂါခံစားနေရပြီးတော့ မိသားစုကနေ ပစ်ပယ်ခြင်းကို ခံထားရသူတစ်ဦးပေါ့။ ဒီလိုနဲ့ ဆန်ဂျေးဟာ အိမ်ခြေရာမဲ့ညီမနှစ်ယောက်ကို သူဟာ လူမှုစိတ်ဓာတ်အပြည့်အဝရှိသူပါဆိုတာကို သက်သေပြနိုင်ဖို ကူညီပေးဖို ကြိုးစားရင်းနဲ့ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာရိုမန့်စ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တိုပဲဖြစ်ပါတယ်)

7 2023 125 mins
Thaaram Theertha Koodaram
Jaladhara Pumpset Since (2023)
6.5

Jaladhara Pumpset Since 1962 (2023) (ရေမော်တာ ခိုးမှု) ဒီနေ့တင်ဆက်ပေးမှာကတော့ ဘောလိဝုဒ် ဟာသရုပ်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ အားလပ်ချိန်မှာ ဘောလိဝုဒ် အက်ရှင်တွေမဟုတ်ဘဲ ဟာသဆန်ဆန် ကားလေးတွေကြိုက်တတ်တဲ့လူတွေ မလွတ်တမ်းကြည့်သင့်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်း မရနာလီနီဆိုတဲ့ ကျောင်းဆရာမတို့အိမ်မှာ တစ်ညရေမော်တာ အခိုးခံရပါတယ်။ ကံကောင်းလို့ အရပ်ထဲက ရှက်ကီဘဲ၂ယောက်နဲ့ တိုးပြီး မိသွားလို့ မော်တာတော့ပါမသွားဘူးပေါ့။ ဒီလိုနဲ့ပဲ ထုံးစံအတိုင်း သူခိုးမိတယ်ဆိုတော့ ရဲလက်အပ် အမှုဖွင့်ဘာညာ လုပ်ထုံးအတိုင်း လုပ်ရတော့တာပေါ့။ သာမန် ခိုးမှုလေးဆိုပေမဲ့ ဒီရေမော်တာလေးပျောက်တာကို အချိန်နှစ်ချီကြာတဲ့ထိ အိပဲ့အိပဲ့နဲ့ အရေးမယူနိုင်ဘဲရှိနေပါတယ်။ နောက်ပြီး ဆရာမကြီး မရနာလီနီမှာ အိမ်ထောင်ချပေးဖို့လုပ်နေတဲ့ သမီးပျိုလေးတစ်ယောက်ကလည်း ရှိနေပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေနဲ့သမီး အမြဲရန်ဖြစ်စကားများနေရတာပေါ့။ ဆိုတော့ သမီးလေးရဲ့ အိမ်ထောက်ဖက်ကရော ဘယ်သူဖြစ်ပြီး ဘာတွေဆက်ဖြစ်မလဲ ရေမော်တာပျောက်တဲ့အမှုကရော ဘယ်လိုပြီးသွားမှာလဲဆိုတာ့ကိုတော့ စိတ်ဝင်စားတယ်ဆိုရင် ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။)

6.5 1962
Jaladhara Pumpset Since (2023)
Teriya Meriya Hera Pheriyan

Teriyaan Meriyaan Hera Pheriyan 2024 (ယူကေကို သွားချင်တဲ့ ကားသမားလေးလက်ကီး) လက်ကီးဆိုတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ဟာ ယူကေကို အရမ်းသွားချင်နေသူဖြစ်ပေမယ့် ငွေရေးကြေးရေးအခြေအနေအရ မသွားနိုင်တဲ့သူတစ်ယောက်ပါ၊ ကားလေးတစ်စီးကို အရစ်ကျစနစ်နဲ့ဝယ်ထားပြီးတော့ တက္ကစီလေးမောင်းရင်း အရစ်ကျလေးပေးရင်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်ကျတော့ ယူကေကနေ အိန္ဒိယကို ပြန်လာတဲ့ မေဂျာဆရာဆိုတဲ့သူက ကားငှားလို့ သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးရပါတယ်။ မေဂျာဆရာကြီးကတော့ ယူကေမှာ မိန်းမရှိပေမယ့် အိန္ဒိယမှာလည်း အသည်းလေးထားပြီး တစ်နှစ်တစ်ခါ မိဘတွေရဲ့နှစ်ပတ်လည်နေ့ကို အကြောင်းပြပြီး အိန္ဒိယက အသည်းလေးနဲ့ ပြန်လာကြည်နူးနေကြသူပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ လက်ကီးဆီကို ကောင်မလေးတစ်ယောက်က ဖုန်းဆက်ပြီး ကားငှားတဲ့အတွက် သွားရာကနေ အဲဒီကောင်မလေးဟာ IELTS ဖြေတာကို ၄ခါမြောက်ကျထားပြီး အခုမှာတော့ ၅ခါမြောက်ဖြေဆိုတာဖြစ်ကြောင်း သိခဲ့ရပါတယ်။အဲဒီကောင်မလေးရဲ့ ဖခင်ဖြစ်သူကတော့ သမီးကို နိုင်ငံခြားရောက်ပြီး ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်စေချင်သူတစ်ယောက်ပါ။ ယူကေကို အရမ်းသွားချင်တဲ့ လက်ကီးတစ်ယောက်နဲ့ နိုင်ငံခြားမှာဘဝကို ကောင်းစားစေချင်တဲ့ ဖခင်ဖြစ်သူရဲ့ သမီးတို့ ဆုံတွေ့ကြရာကနေ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲ ……… လက်ကီးတစ်ယောက် မေဂျာဆရာကြီးရဲ့ အရှုပ်တွေကြားထဲမှာရော ဘယ်လိုတွေကြားညပ်ဦးမလဲ….. ဆိုတာတွေကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

0 2024
Teriya Meriya Hera Pheriyan
Seondal: The Man Who Sells the River
6.5

ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့ အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။ ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီး စစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်…. ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီး ညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်… သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ… ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့… သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။ တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်း မအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်…. ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူ ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစား ဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့… ငွေကြေးအင်အားကလည်းတောင့်တင်း တရုတ်ကိုလည်းပိုင်ဆိုတော့ ဘုရင်ကတောင် မနိုင်လို့ လက်မှိုင်ချနေရတဲ့ လူလည်ကြီး မုသားသခင် ကင်အီနွန်းကလည်း ညီငယ်အတွက် ဆောဒယ်ယောင်းကိုလက်စားချေဖို့ သူ့ကျွမ်းကျင်တဲ့အတတ်ပညာနဲ့ မြစ်ကြီးကိုလိမ်ရောင်းဖို့ ကြံစည်တဲ့အခါတော့မှာတော့ မုသားသခင်ကပဲ လိမ်ရောင်းနိုင်မလား ဘယ်လိုလိမ်ရောင်းကြမလဲ မြစ်တစ်စင်းကို ဝယ်ချင်လာအောင် ဘယ်လိုများဆွဲဆောင်ကြမလဲ ဆောဒယ်ယောင်းလို သူများကတုံးပေါ် ထိပ်ကွက်နေတဲ့လူလည်ကြီးကရော အညာခံမိမလား အလိမ်ပေါ်သွားလေမလား ဆိုတာကတော့ ဇာတ်ကားမှာပဲ ဆက်လက်ရှုစားကြည့်ကြပါ….

6.5 2016 121 mins
Seondal: The Man Who Sells the River
The Girl with the Needle
7.5

ဒီတစ်ခါမှာတော့ 97 ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့ Best International Feature Film ဆုအတွက် ဆန်ခါတင် စာရင်း ဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက် ပေးလိုက်ချင်ပါတယ်။ 82ကြိမ်မြောက် Golden Globes Awards ပွဲမှာလည်း ဆန်ခါတင်စာရင်းဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ဟာ ၁၉၁၅-၁၉၂၀ခုနှစ်အတွင်း ဒိန်းမက်နိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ခြောက်ခြားတုန်လှုပ်ဖွယ် မှုခင်း တစ်ခုကို ကျောရိုးယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ***************** ကာရိုလင်းဆိုတဲ့အမျိုးသမီးဟာ သာမန်လက်လုပ်လက်စား အထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးတစ်ဦးပါ။ သူ့ယောက်ျားက စစ်ပွဲကာလမှာ စစ်မှုထမ်းသွားရာကနေ စာမလာသတင်းမကြားတာ ၁နှစ်ကျော်ရှိပြီမလို့ တိုက်ပွဲထဲ ကျသွားပြီသာထင်မှတ်ပြီး ယာဟန်ဆိုတဲ့လူကုံထံတစ်ဦးနဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကာရိုလင်းမှာ ယာဟန်နဲ့ရတဲ့ကိုယ်ဝန်ရှိလာခဲ့ပြီး ယာဟန်နဲ့အတူလက်ထပ်ကာ ဘဝသစ်တည်ထောင်ဖို့ စိတ်ကူးခဲ့ပေမဲ့ ကာရိုလင်းတစ်ယောက် ကံမကောင်းခဲ့ရှာပါဘူး။ လူကုံထံအသိုင်းအဝိုင်းက ယာဟန်ဟာ ကာရိုလင်းကိုတာဝန်မယူဘဲ စွန့်ပစ်လိုက်တော့ ကာရိုလင်းဟာ သူနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ကြိုးစားခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချ‌တာမအောင်မြင်ခဲ့ပေမဲ့ ဒါမာဆိုတဲ့အမျိုးသမီးဟာ သူ့ကိုလာကူညီပေးခဲ့ပြီး ကလေးမွေးရင် သူ့ကိုလာရှာဖို့မှာသွားခဲ့ပါတယ်။ ဒါမာဟာ မိခင်တွေစွန့်ပစ်ချင်တဲ့ကလေးတွေကို အခကြေးငွေယူပြီး မွေးစားမိဘ‌တွေဆီပို့ပေးတယ်လို့ ပြောခဲ့တာကြောင့် ကာရိုလင်းဟာ ကလေးမီးဖွားပြီးတဲ့အခါ ဒါမာဆီကို ကလေးသွားပေးပါတော့တယ်။ အဲဒီကနေစလို့ ဇာတ်လမ်းရဲ့ tempoလည်း တဖြည်းဖြည်းတက်လာပြီး အပေါ်မှာပြောခဲ့တဲ့ တုန်လှုပ်ဖွယ် မှုခင်းဟာလည်း ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပါတော့တယ်။ ဒါ့အပြင် Black and white color နဲ့ တင်ဆက်ထားတာကြောင့် ရုပ်ရှင်ကနေတစ်ဆင့် ပေးချင်တဲ့ ရသကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ဘာကြောင့် အော်စကာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်နေတာလဲဆိုတာကိုတော့ ကိုယ်တိုင် ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… (7.07GB) / (2.04GB) / (953MB) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h 3m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Adventure • Animation • Comedy • Family • Fantasy • Music
7.5 2024 123 mins
The Girl with the Needle
Three Birthdays
5.8

Three Birthdays (2024) IMDb Rating (5.8) 1970 အမေရိကန်မှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဗီယက်နမ်စစ်ပွဲမပြီးသေးခင်ကာလမှာ တည်ထားတယ်လို့ ပြောလို့ရတယ်။ စကားထဲတော့ ဗီယက်နမ်စစ်ပွဲပါပေမဲ့ မပြဘူးပေါ့။ နောက် အမျိုးသမီးအခွင့်အရေး အများကြီးမရသေးခင်ကာလလို့လည်းပြောလို့ရတယ်။ အဓိကဇာတ်ကောင်တွေက မိသားစုတစ်ခုထဲက အဖေနဲ့အမေနဲ့ သမီးနဲ့။ သူတို့က ပွင့်လင်းမြင်သာတဲ့အမြင်တွေရှိပြီး အဖေက စာရေးဆရာနဲ့ ကျောင်းဆရာ အမေက စာရေးဆရာနဲ့ကျောင်းဆရာမ ။ သမီးကလည်း စာရေးဆရာဖြစ်ချင်နေတဲ့သူပေါ့။ သူတို့က သူတို့ခေတ်ရဲ့ရှေ့ကိုကျတဲ့အမြင်တွေရှိတယ်လို့ ခံယူထားကြသလို အဲဒီအရေးတွေနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားတာတွေလည်းလုပ်တယ်။ လိင်မှုလွတ်လပ်ခွင့်ကို အရေးပေးတဲ့ သူတွေလို့လည်း ကြွေးကြော်ထားကြပေမဲ့ တစ်နေ့ သူ့သမီးက သူ့အမေဖောက်ပြန်တာကို သိသွားရာကနေ အဲဒီအဖြစ်ကို လက်သင့်မခံနိုင်ရာက မိသားစုဆက်ဆံရေး ထိခိုက်သွားရပုံကို ပြထားတယ်။ သူ့နာမည်အတိုင်း ဒီရုပ်ရှင်ရဲ့အချိန်ကာလက မွေးနေ့၃ခုကို အချိန်တည်ထားတယ်။ ကားစစမှာ သမီးမွေးနေ့ နောက် အဖေမွေးနေ့ နောက်ဆုံးအမေမွေးနေ့ပေါ့။ မွေးနေ့၃ခုလုံးမှာ အရေးပါတဲ့အချိုးကွေ့တွေဖြစ်ခဲ့ပြီး မွေးနေ့တွေကိုပဲ အချိန်တည်ထားတဲ့ ရုပ်ရှင်ပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.5 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:31:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

5.8 2024 90 mins
Three Birthdays
6 Journey

6 Journey 2025 (ခရီးသွားဖော် သူငယ်ချင်းများ) IMDb – 8/10 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တေလ်ဂူဘာသာစကားပြော Thriller ဒရာမာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဟိုက်ဒရာဘတ်မှာ ဖုန်းပြောပြီးတဲ့နောက် နားထဲကနေ သွေးတွေထွက်ကာ အသက်‌ေ-သဆုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။ ‌ေ-သဆုံးမှုကလည်း ပမာဏ တော်တော်လေးများလာတဲ့အချိန်ထိကို ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အကြောင်းပြချက် ရှာမရဖြစ်လို့နေပါတယ်။ ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာပဲ ဖုန်းလိုင်းစနစ်နဲ့ပတ်သတ်တဲ့ အစိုးရအရှာရှိ နှစ်ဦး ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ ဒီကိစ္စကို တာဝန်ရှိသူတွေကနေ စစ်ဆေးနေပေမဲ့ အဖြေထွက်မလာသေးပါဘူး။ တစ်ဖက်မှာတော့ ဂိုအာကို ခရီးသွားဖို့ လုပ်နေတဲ့ သူငယ်ချင်းတစ်စု။ သူငယ်ချင်း ၆ယောက် ဂိုအာကို ခရီးနှင်ကြရင်း လမ်းမှာ လူငယ်တစ်ယောက် လမ်းကြုံလိုက်ဖို့ တားရာကနေ ခေါ်တင်ခဲ့ပါတယ်။ ဒီလိုခေါ်တင်ခဲ့မိတဲ့နောက်ဆက်တွဲအနေနဲ့ သူတို့ ဘာတွေ ဆက်ဖြစ်သွားမလဲ ……… ခေါ်တင်ခဲ့တဲ့ လူငယ်လေးနဲ့ အထက်မှာဖော်ပြထားတဲ့ အမှုကိစ္စနဲ့ရော သက်ဆိုင်မှုရှိနေမလား ……. ဆိုတာကို ကြည့်ရှုရမဲ့ Thriller ဒရာမာ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Crime • Thriller • Drama
0 2025
6 Journey