ဒီရုပ်ရှင်က Robert Harling ရဲ့ ပြဇာတ်ကို ဒါရိုက်တာ Herbert Ross က ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီးတွေအနေနဲ့ Sally Fields, Julia Robert, Dolly Parton,Shirley MacLaine, Olympia Dukakis တို့လို နာမည်ကြီးတွေ ပါဝင်ပြီး Julia Robert ဟာလည်း 1990 မှာ ဒီရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးခဲ့ပါတယ်။ Robert Harling ရဲ့ အစ်မဖြစ်သူ Susan Harling အကြောင်းကို ပြန်လည် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ရုပ်ရှင်ထဲမှာ အမေနဲ့ သမီး ချစ်မေတ္တာတွေ၊ အမျိုးသမီး အချင်းချင်း ရိုင်းပင်းကူညီမှုတွေကို နွေးနွေးထွေးထွေး ကြည့်ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ထဲမှာ Julia Robert ရဲ့ Character Shelbyကလည်း ပီပြင်သလို သူ့အမေရဲ့ character Miss M’Lynn ကလည်း သိပ်ကို အသက်ဝင်လှပါတယ်။ ကျန်တဲ့ supporting actressတွေကလည်း ကိုယ်စီဝါရင့်တဲ့ သရုပ်ဆောင်တွေဖြစ်ပြီး ဟာသလေးတွေလည်း ပါဝင်တာမို့လို့ မပျင်းမရိပဲ ကြည့်ရမယ့်ကားလေးပါ။ ဇာတ်လမ်းအကြောင်းပြောရရင် Shelby က တက်ကြွ လှပတဲ့ အမျိုးသမီးငယ်လေး ဖြစ်ပြီး Jackson ဆိုတဲ့ လူငယ်လေးနဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ Shelby ရဲ့ အမေ M’Lynnက Shelby ကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့သူပါ။ ဒါပေမယ့် သားအမိနှစ်ယောက်က တစ်ခါတလေ လည်း တကျက်ကျက်နဲ့ပါ။ Shelbyက ဆီးချိုရောဂါရှိတဲ့အတွက် ဆရာဝန်က ကလေး မမွေးသင့်ဘူး အကြံပေးထားပါတယ်။ ဒါပေမယ့် Jackson နဲ့ လက်ထပ်ပြီး တစ်နယ်တစ်ကျေး ပြောင်းသွားတဲ့ Shelbyဟာ ခရစ္စမတ်မှာ အမေ့အိမ်ကို ပြန်လာပြီး ကိုယ်ဝန်ရှိနေကြောင်း အသိပေးခဲ့ပါတယ်။ သမီးကို သိပ်ချစ်တဲ့ M’Lynn က စိုးရိမ်ခဲ့ပေမယ့် Shelby ကိုယ်တိုင်က သူ ကိုယ်တိုင် လိုချင်လို့ မွေးတာဖြစ်ကြောင်း အမေဖြစ်သူကို ဖြောင်းဖြခဲ့ပါသေးတယ်။ ဒီလိုနဲ့ Shelbyက သားလေးတစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ မွေးခဲ့ပေမယ် ကံတရားက ကြိုမမြင်နိုင်တဲ့ အရာတွေကို သယ်ဆောင်လာပါတယ်။ ဒီရုပ်ရှင်က အရမ်းအောင်မြင်ခဲ့ပြီး ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေဆိုရင်လည်း တော်တော်နာမည်ကြီးပါတယ်။ Old but gold ဆိုတဲ့အတိုင်း ကားဟောင်းဆိုပေမယ့် အဲ့အချိန်က အမေရိကန်တောင်ပိုင်းဒေသက အလှအပတွေ ပွဲတော်တွေ ရိုးရာတွေကိုလည်း မြင်နိုင်ပါတယ်။ File size…(2.6 GB)/(1.65 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:57:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie
Drama • Romance
0
1989