YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Siccin 3 2016 1080p AMZN WEB-DL {CM}.mp4

2.21 GB 1080p video/mp4 192 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Spiderwick Chronicles
6.6

The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10 ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့‌ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က စာအုပ်တစ် အုပ်ကို တွေ့သွားရာကနေ သူတို့အိမ်ကြီးပတ်ပတ်လည်မှာ မှော် ဝင်သတ္တဝါတွေ အများအပြားရောက်လာကြပါသတဲ့။ စာအုပ်ကို ကာကွယ်လိုသူ မှော်သတ္တဝါတွေနဲ့ လုယူအသုံးချချင်တဲ့ မှော်သ တ္တဝါတွေကြားထဲမှာ အမေတစ်ယောက် သားသမီးသုံးယောက် ဘယ်လိုကြားညပ်သွားသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(1.7 GB) / (729 MB) / (487 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Arr Khun Winchester Encoder..........SWM

Comedy • Drama • Romance
6.6 2008 95 mins
The Spiderwick Chronicles
Gangnam Zombie
3.4

Ji II Jooနဲ့ Park Ji-yeon တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ Gangnam Zombie လေးရပါပြီ။ Ji-yeonလေး ၇ နှစ်အကြာမှ ပထမဆုံးပြန်ရိုက်တဲ့ ကားလေးဖြစ်ပြီးတော့ Ji-yeon ပုံစံလေးအတိုင်း ခပ်ချေချေ စတိုင်လေးကို ပြန်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... ကိုရိုနာအပြီး အကုန် ပြန်အဆင်ပြေ‌ဖို့ လူတွေက မျှော်လင့်နေကြတဲ့အချိန်‌ ဆိုးလ်မြို့ရဲ့ ဂန်းနမ်ခရိုင်မှာ မြို့သူမြို့သားတွေက ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာ‌တွေကို စတင်ခံစားလာရတယ်။ အဲဒီကနေ လူတွေက မကောင်းဆိုးဝါး ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပြီး ဘယ်လိုတွေ ကြုံတွေ့ရင်ဆိုင်ကြရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်‌ကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri  က ရေးပေးထားပါတယ်။) File Size          : 1.5GB, 596MB, 493MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 21mins Genre              : Horror Translated by Miri & Tiff Encoded by Kinnov

Crime • Drama • Thriller
3.4 2023 81 mins
Gangnam Zombie
Break Through the Darkness
5.8

ဝေ့ဟယ်ခရိုင် ကျောက်ကျားရွာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနဲ့ ပတ်သတ်ပြီး ဖျိုဖျက်မှုများ ပြုလုပ်ကြရမှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့် ခရိုင်ဘက်ကနေပြီး ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုစေလွှတ်ပြီး ဒေသဆိုင်ရာ စစ်ဆေးမှုတွေလုပ်စေခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင် စုန့်ရီးရွေ့ရဲ့ ညွှန်ကြားချက်အောက်မှာ ကျောက်ကျားရွာက ရွာရဲ့ မျက်နှာဖုံး သားအဖနှစ်ယောက်ကို အမှုကိစ္စနဲ့ပတ်သတ်ပြီးစစ်ဆေးမှုတွေလုပ်ခဲ့ပါတော့တယ်။ စစ်ဆေးမှုတွေပြုလုပ်ရင်း ပရော့ဂျက်စီစဥ်ရေးခေါင်းဆောင် ချီဖေးယွီကို စစ်ဆေးခဲ့ပြီး အမှုပေါ်ခါနီးမှာမှ ချီဖေးယွီတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တဲ့အခါမှာတော့....? အကြိမ်ကြိမ် အခါခါ ခြိမ်းခြေက်မှုတွေခံရပေမဲ့လဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က လက်မလျှော့ခဲ့ပါဘူး ။ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို တစ်စ တစ်စ လိုက်လံစုံစမ်းရင်း စွန့်စားမှုတွေကိုပါ ကြုံတွေ့လာတဲ့အခါ...? ❏ ဘာတွေဆက်ဖြစ်ကြမှာလဲ? ❏ အဖြစ်မှန်ကိုရော သူတို့ရှာတွေ့နိုင်ပါ့မလား? ❏ နယ်ခံတွေရဲ့ မျှော်လင့်ချက်လေးကိုရော သူတို့ ရှာဖွေပေးနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုအဖြေရှာလိုက်ရအောင်လားရှင် [Reviewed Bu Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Romance
5.8 2021 112 mins
Break Through the Darkness
Spiral: From the Book of Saw Saw 9
5.8

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Spiral: From the Book of Saw (2021) Saw 9 Saw ရုပ်ရှင်တွေရဲ့ ၉ ကားမြောက်ရုပ်ရှင်ဖြစ်တဲ့ Spiral လာပါပြီ။Spiral ဆိုတဲ့ ခရုပတ်ပုံလေးက ပြောင်းလဲခြင်း၊တော်လှန်ခြင်း၊တိုးတက်ခြင်းတွေကို ရည်ညွှန်းတယ်တဲ့။ဒီရုပ်ရှင်မှာတော့ လူသတ်သမား ပြောင်းလဲဖို့ကြိုးစားခဲ့တာကတော့ ရဲတွေကိုပါပဲ။အကျင့်ပျက်ရဲတွေအပြင် ရဲဥပဒေ အပိုဒ်ခွဲ-၈ ဖြစ်တဲ့ မိမိကိုယ်ကိုယ် ခုခံဖို့လက်နက်သုံးခွင့် ဥပဒေကိုပါ အလွဲသုံးစားလုပ်ခဲ့တဲ့ ရဲတွေ၊တစ်နည်းအားဖြင့် မလိုအပ်ဘဲ လူမတရားသတ်ပြီး လွတ်မြောက်နေတဲ့ ရဲတွေကို အပြစ်ပေးဖို့ကြိုးစားခဲ့တာပါပဲ။saw ရဲ့ထုံးစံအတိုင်း သူ့ကို လိုက်ဖမ်းဖို့ကြိုးစားနေကြတဲ့ကြားကတစ်ယောက်ပြီးတစ်ယောက်ကို သူတို့ရဲ့ အတိတ်တွေနဲ့ ပတ်သတ်တဲ့အပြစ်ပေးနည်းတွေနဲ့ကစားနည်းတွေ ကစားခိုင်းပြီး သတ်ဖြတ်ခဲ့တာကို ကြည့်ရမှာပါပဲ။ ဟော်ရာ ရုပ်ရှင် ပရိသတ်တွေအတွက် ကြည့်စရာ တစ်ကားရပါပြီ။

Adventure • Drama • Family
5.8 2021
Spiral: From the Book of Saw Saw 9
The Aviary

The Aviary [2022] ကန္တာရရဲ့အလယ်မှာ အေဗာရီဆိုတဲ့အရပ်မှာ စိတ်ကျန်းမာရေးကုထုံးနဲ့ လူတွေကို ကုသပေးနေတဲ့ ဂေဟာတစ်ခုရှိပါတယ်… ဆက်သ်ဆိုတဲ့ လူဟာ ဒီနေရာကို ဦးဆောင်နေသူပေါ့… တစ်နေ့မှာတော့ သူတို့ဂေဟာက နံပါတ် ၂ဖြစ်တဲ့ ဂျီလီယန်ဟာ သူ့သူငယ်ချင်း ဘလဲရ်နဲ့အတူ ဒီဂေဟာကနေ ထွက်ပြေးလာခဲ့ပါတယ်… ဂေဟာထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သွေးထွက်သံယိုမှုတွေပါ ပါဝင်လာတာကြောင့် အသက်အန္တာရာယ် မကျရောက်လိုတဲ့ ဂျီလီယန်ဟာ ဆက်သ်လက်က လွတ်အောင် ထွက်ပြေးလာခဲ့တာပါ… ဂျီလီယန်ဟာ လွတ်မြောက်ရုံထွက်ပြေးလာပေမယ့် အတူလိုက်ပါလာတဲ့ ဘလဲရက်ကတော့ ဆက်သ်ရဲ့ လက်တော့ပ်ကိုပါ အပါယူလာခဲ့ပါတယ်… အရေးကြီးသက်သေခံမှတ်တမ်းတွေပါတဲ့ ဒီလက်တော့ပ်နဲ့သာဆို ဆက်သ်ကို တစ်သက်တစ်ကျွန်းထောင်ကျသွားအောင် လုပ်ပစ်နိုင်တာမို့ ဂျီလီယန်ရဲ့ ခရီးဟာ သူ့လွတ်မြောက်ရေးတင်မဟုတ်ပဲ အေဗာရီက လူတွေအားလုံး လွတ်မြောက်ရေးပါ ဖြစ်လာပါတော့တယ်… ဒီလွတ်မြောက်ရေးခရီးမှာတော့ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက အကြီးအမားဆုံးအရာကတော့ ဆက်သ်ပါပဲ… ဆက်သ်ဟာ သူတို့ စိတ်တွေကို ထိုးနှောက်ဖျက်ဆီးထားပြီးပါပြီ… ပုံမှန်မဟုတ်တဲ့ သူတို့စိတ်အခြေအနေ…. နောက်ကတကောက်ကောက်လိုက်နေတဲ့ ဆက်သ်…. ဒါတွေအားလုံးကနေ သူတို့ လွတ်မြောက်ပြီး လိုရာပန်းတိုင်ကို ရောက်သွားနိုင်ကြမလား… ရှုစားကြရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p File size… 1.3GB | 613MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2022
The Aviary
[18+] The Celebrated Gisaeng

တစ်ခါက ဟန်ယန်းဆိုတဲ့မြိုမှာ အမှုထမ်းဖြစ်ချင်တဲ့ ဘယ်ဂွန်ဟီးဆိုတဲ့ လူချမ်းသာသခင်လေးတစ်ယောက်ရှိပါတယ် သူဟာ နေ့နေ့ညညစာကြိုးစားပြီး နောက်ဆုံးမှာ အရာရှိရာထူးနဲ့ ဟားမြောင်းဆိုတဲ့ဆင်းရဲနုံချာတဲ့မြိုလေးမှာ တာဝန်ထမ်းဆောင်ဖို ဖြစ်လာခဲ့ပါတယ်. သိုသော် ဟားမြောင်းမြိုမှာ ဘယ်ဂွန်ဟီးနဲ့အတူ တာဝန် ထမ်းဆောင်ရမယ့် အထက်လူကြီးဟာ လာဘ်စားအကျင့်ပျက်ကာ ပြည်သူတွေကို ဂုတ်သွေးစုပ်နေတဲ့သူဖြစ်ပြီး ဟားမြောင်းရဲ့ နာမည်ကြီးအချောအလှဖြစ်တဲ့ အနပညာသည်လေး အယ်ရန်နဲ့ ပေါင်းပြီး ဘယ်ဂွန်ဟီးအပေါ် ယုတ်မာပြီး ကလိမ်ကကျစ်ကျပါတော့တယ် အထက်လူကြီးရဲ့ယုတ်မာမှုကို ဘယ်ဂွန်ဟီးတစ်ယောက် ဘယ်လိုခံရမလဲ ဘယ်လိုတွန်းလှန်မလဲ ဘယ်ဂွန်ဟီးနဲ့အယ်ရန်တိုကရော ဘယ်လိုဆက်ဆံရေးတွေ ဖြစ်လာမလဲဆိုတာ ရင်ဖိုဖိုနဲ့ကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်.. File size…1.54GB/ 804MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….Heidi Translated by Jaden

0 2014 94 mins
[18+] The Celebrated Gisaeng
The Unwavering Brotherhood / Triad 3
6.1

ဒီတစ်ခါမှာတော့ CM ကနေဟောင်ကောင် ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဟောင်ကောင်မှာ အကြီးမားဆုံးကုမ္ပဏီအုပ်စုထျယ်ဦးလေးအဖွဲ့မှာ အားချွမ်နဲ့ ဟွားကျင်လို့ခေါ်တဲ့သူငယ်ချင်းနှစ်ယောက် နှစ်ဆယ်နဲ့ချီညီအစ်ကိုတွေလိုနေလာခဲ့တာပေါ့။ ဒါပေမဲ့ နှစ်ဦးသားရဲ့စိတ်ဓါတ်ကတော့အလွန်အမင်းကိုကွာခြားလှတယ်။ အားချွမ်ကတော့ အာဏာကိုမက်မောပြီး ပိုက်ဆံကိုရူးသွပ်ပြီးတော့ ခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့နေရာမှာ သူ့ကိုရွေးဖို့သိမ်းသွင်းတာပေါ့။ ဒါပေမဲ့ အထက်ပိုင်းထျယ်ဦးလေးအဖွဲ့က ဟွားကျင်ကို ခေါင်းဆောင်ပေးဖို့ဆုံးဖြတ်ထားတယ်။ဟွာကျင်က အရမ်းကိုဖြောင့်မတ်ကြင်နာတတ်ပြီး ကုမ္ပဏီက ချမှတ်ထားတဲ့ မည်သို့ပင်ငွေမက်မောနေပါစေ မူးယစ်ဆေးနှင့်မပတ်သက်ရ။ မလုယက်ရစည်းကမ်းကို နာခံတယ်။ အားချွမ်းကတော့ဒါတွေကိုဆန့်ကျင်ပြီး ပတ်သက်နေတာကြောင့် ခေါင်းဆောင်ကိုမပေးချင်ကြဘူး ဟွာကျင်လက်အောက်ငယ် အားဖေး၊အားကျီနဲ့ အားဟွာတို့ညီအစ်ကို သုံးယောက်ရှိကြတယ်။ သူတို့ကိုဟွားကျင်ကသားအရင်းလိုဆက်ဆံပြီး လမ်းမှန်ရောက်အောင် သင်ပေးသလို သူတို့သုံးယောက်ကလည်း သစ္စာရှိရှိ အစ်ကိုကြီးလို့ခေါ်ကြတယ်။တနေ့မှာတော့ ကုမ္ပဏီပိုက်ဆံ ငွေသိန်းဆယ်ချီကိုသူတို့သုံးယောက်ဆီလွှဲပေးပြီး တဖက်ဝယ်သူထံပေးဖို့တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့လမ်းမှာတင်လုယက်ခံလိုက်ရလို့ ထျယ်ဦးလေးတစ်ဖွဲ့လုံးက ဟွားကျင်ရဲ့လက်အောက်ငယ်သား သုံးယောက်ကို အပြစ်တင်ကြတယ်။ဒီလိုနဲ့ ဟွားကျင်ကနောက်ကွယ်ပြုလုပ်သူကို ဖော်ထုတ်မယ်လို့ပြောခဲ့တယ်။တကယ်တမ်းမှာတော့ ဒီသိန်းဆယ်နဲ့ချီပိုက်ဆံယူထားတဲ့လူကတော့ အားဖေး အားကျီနဲ့အားဟွာတို့ဖြစ်ကြပြီး အားဖေးရဲ့ညီမလေးက သွေးကင်ဆာဖြစ်နေပြီး ဆေးရုံစရိတ်အကြွေးတင်နေကြတယ်။ အဲ့အချိန်မှာပဲ အားကျီရှယ်ယာဝယ်လို့အရူံးတွေပေါ်နေတယ် ဒါကြောင့်ဒီပြဿနာတွေကိုဖြေရှင်းဖို့ ပိုက်ဆံကို‌လုယူဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကို အားဟွာကအစ်ကိုကြီး ဟွားကျင်ကို အလုံးစုံပြောပြတဲ့အချိန် အားချွမ်ပြဿနာရှာတော့မယ်ဆိုတာကို ဟွားကျင်ကကြိုသိနေလို့သူ့လက်အောက်ခံသုံးယောက်ကို ရှောင်ပုန်းခိုင်းတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်နေကြမလဲ။ အာဏာကိုမက်မောသူရဲ့အဆုံးသတ်က မလှပပေမဲ့ အသက်ရှင်နေချိန် လောင်မြိုက်နေတဲ့လောဘတရားကို မြင်သာအောင်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်

6.1 2024
The Unwavering Brotherhood / Triad 3
Maybe Today (or) Ngayon Kaya
6.1

Maybe Today (2023) IMDb Rating (6.1) အကယ်၍ ကျွန်တော်တို့သာ ခံစားချက်ကိုမဖုံးကွယ်ဘဲ ရိုးသားခဲ့ကြမယ်ဆိုရင်… အကယ်၍ ကျွန်တော်တို့သာ သူငယ်ချင်းဆိုတဲ့ဝေါဟာရကို ဆုပ်ကိုင်မထားခဲ့ဘူးဆိုရင်… အကယ်၍ ကျွန်တော်တို့သာ ကျွန်တော်တို့အရမ်းချစ်ရတဲ့သူကို ဖွင့်ပြောဖို့သတ္တိမျိုး ရှိခဲ့မယ်ဆိုရင်… ဒီဇာတ်လမ်းလေးက ကောလိပ်မှာကတည်းက ခြောက်နှစ်ကျော် ချစ်လာခဲ့တဲ့ ဆင်းရဲသား ကောင်လေးတစ်ဦးနဲ့ သူ့ရဲ့သူငယ်ချင်းဆိုတဲ့ သူဌေးသမီးလေးရဲ့ ရင်နာစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မတူညီတဲ့ ဘဝအဆင့်အတန်းကြောင့် ကိုယ်ဝါသနာပါတဲ့ ဂီတအိပ်မက်ကိုစွန့်လွှတ်ပြီး ကနေဒါကိုအလုပ်လုပ်ဖို့ သွားခဲ့ရတဲ့ Harold နဲ့ ကျန်ရစ်ခဲ့ရတဲ့ သူငယ်ချင်းမလေး AM တို့ နောက်ငါးနှစ်ကျော်မှ သူများမင်္ဂလာဆောင်တစ်ခုမှာ ပြန်ဆုံတွေ့ရင်း အရင်ကခံစားချက်တွေ ပြန်ပေါ်ပေါက်လာတဲ့အခါမှာ… သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွေကို ဖွင့်ပြောလာနိုင်မှာလား… ဒါမှမဟုတ် အရာအားလုံးက နောက်ကျသွားပြီလားဆိုတာကို ဒီဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File size…(1.9 GB) / (765 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:40:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Thriller • Action • Science Fiction
6.1 2023 99 mins
Maybe Today (or) Ngayon Kaya
Happy Together
6

Happy Together (2018) *********************** ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ Park Sung-woong, Song Sae-byeok, Cho Ro-woon, Han Sang-Hyuk တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၈ မှာထွက်ခဲ့တဲ့ Happy Together ဆိုတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း- သားဖြစ်သူ ဂန်ဟာနူး (Choi Ro-woon) ကြောင့် အနုပညာအိပ်မက်ကို လက်လျှော့ခဲ့ရတဲ့ ဆက်ဆိုဖုန်းတူရိယာတီးမှုတ်သူ ဂန်ဆော့ဂျင် (Park Sung-woong)။ ဖခင်ဖြစ်သူက အတော်ဆုံး ဆက်ဆိုဖုန်းပညာရှင်လို့ အမြဲပြောလေ့ရှိတဲ့ ဆင်းရဲနွမ်းပါးပေမဲ့ အမြဲပျော်နေတတ်တဲ့ ဆက်ဆိုဖုန်းပါရမီရှင် ဂန်ဟာနူး (Choi Ro-woon)။ ကြည့်ရှူသူတွေရဲ့ စိတ်ကို ညှို့ယူဖမ်းစားနိုင်တယ်ဆိုပြီး ဝံ့ကြွားနေပေမဲ့ နောက်ကွယ်မှာ မိမိရဲ့ပရိသတ်အဖြစ် သရုပ်ဆောင်ဖို့ လူငှါးလေ့ရှိတဲ့ ဘတ်ယောင်းဂေါလ် (Song Sae-byeok)။ တစ်နေ့ ဂန်ဆော့ဂျင်ဟာ ကလပ်တစ်ခုမှာ လူစားဖျာ်ဖြေဖို့သွားရင် ဘတ်ယောင်းဂေါလ်နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး မထင်မှတ်ဘဲ မထင်မှတ်တဲ့နေရာမှာ နောက်တစ်ခါ ပြန်ဆုံးတဲ့အချိန်မှာတော့..။ ဒီကားလေးဟာ အဆင်မပြေမှုတွေကြားက မိသားစုတွေရဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ရောက်အောင် ကြိုးစားကြပုံ၊ ချစ်ရသူတွေအတွက် ပေးဆပ်အနစ်နာခံမှုစတာတွေကို ဟာသလေးနှောရင်း ကြည့်ရှုရမဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တာမလို့ လက်မနှေးဘဲ ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Emily Lynn မှ ရေးသားပေးထားပါတယ်။) File size…1.60GB / 700MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Music, Comedy, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Emily Lynn

6 2018 111 mins
Happy Together
The Price Of Happiness Cai Gia Cua Hanh Phuc
6.7

The Price Of Happiness (2024) IMDb Rating (6.7) 2024 ရဲ့ နှစ်ကုန်ပိုင်းမှာ အသစ်ထွက်ရှိထားတဲ့ ဗီယက်နမ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လူကုထံအသိုင်းအဝိုင်းကြား လူကုထံမိသားစုကြားထဲက အရှုပ်အရှင်းတွေကို ထုံးစံအတိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတစ်စုကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ မိသားစုဝင်တွေထဲမှာဆိုရင် မိဘနှစ်ဦးဖြစ်သူ လင်မယား၊ သားဖြစ်သူတစ်ယောက်၊ သမီးဖြစ်သူတစ်ယောက်နဲ့ မိခင်ဖြစ်သူရဲ့ အဖေ အဘိုးတစ်ယောက်ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဖခင်ဖြစ်သူ ဒင်ခုံးသွာဟာ ယောက္ခထီးရဲ့ ဗိုမျိုးဆက်ပိုင် လုပ်ငန်းစုကြီးကိုအမွေခံဖို့ အလားအလာရှိနေတဲ့သူတစ်ယောက်ပါ။ နောက်ကွယ်က ဇနီးဖြစ်သူကလည်း သူအသက်ငယ်စဉ်က ချွတ်ခြုံခဲ့တဲ့အမျိုးသားကို ဒီကနေ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့သူပါ။ သားဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ပညာတတ်ပြီး အပျော်အပါးခုံမင်သူပါ။ သမီးဖြစ်သူကတော့ အိမ်ရဲ့အဝေးမှာ ပညာတော်သင်ဖို့အတွက်ထွက်သွားတာ ၆ နှစ်တောင်ရှိပါပြီ။ လူထုအမြင်အပေါ်ယံမှတော့ အားလုံးပြီးပြည့်စုံ​နေပေမယ့်လည်း လေထဲကအိမ်၊ ဖန်နဲ့ဆောက်ထားတဲ့အိမ် ဆိုသလိုပဲ နောက်ကွယ်မှာ ရိုက်ခတ်မှုအကြီးစားတွေပြည့်နှက်နေခဲ့ပါတယ်။ တစ်ချိန်က ပြီးပြည့်စုံတဲ့အိမ်အထောင်အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူမှာ သစ္စာတရားပျက်ပြားမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကပိုဆိုးလာပြီး ဆုံးလုနီးနီးဖြစ်သွား၊ သားဖြစ်သူမှာလည်း ဒီကနေ့ခေတ်မှု woke mindset လို့ခေါ်တဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇကိုဆန့်ကျင်တဲ့ identity crisis ဖြစ်ပြီး လိင်တူအမျိုးသားသူငယ်ချင်းကိုချစ်နေ၊ သမီးဖြစ်သူကလည်း တကယ်တမ်တော့ ဖခင်ရဲ့ ရမ္မက်မြူထူမှုတွေကို နာကျည်းပြီး အိမ်ကနေဝေးနိုင်သထက်ဝေးအောင်ထွက်ပြေးသွားတာကို သိလိုက်ရတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:55:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Drama
6.7 2024
The Price Of Happiness Cai Gia Cua Hanh Phuc
Bougainvillea
6.7

Bougainvillea (2024) “စက္ကူပန်း” IMDb – 6.7/10 ဒီကားလေးကတော့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့ပရိသတ်တွေအတွက် မလွတ်တမ်းကြည့်သင့်တဲ့ ရုံတင်ဇာတ်ကားကောင်းလေးပါ။ ရော့်ချီနဲ့ ရီသူးတို့ဟာ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေကြတဲ့သူတွေပါ။ ဒါပေမဲ့ တစ်ရက် ကားအက်စီးဒင့်တစ်ခုနဲ့ကြုံလိုက်ရပြီး ရီသူးတစ်ယောက် အတိတ်မေ့သွားပါတယ်။ မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ဒီလိုအဖြစ်ဆိုးနဲ့ပါကြုံလိုက်ရတာကြောင့် အနည်းနဲ့အများတော့ နေ့စဉ်ဘဝမှာ သက်ရောက်မှုရှိခဲ့တာပေါ့။ ဒါပေမဲ့ ရော့်ချီဟာ သူ့ဇနီးကို စိတ်ရှည်ရှည်နဲ့စောင့်ရှောက်ပေးပြီး အချစ်တွေအပြည့်အဝပေးရှာပါတယ်။ ရီသူးက အပြင်ကိုသိပ်ထွက်လေ့မရှိပေမဲ့ အားလပ်ချိန်တွေမှာတော့ ပန်းချီလေးတွေဆွဲပြီး သွားသွားရောင်းတတ်တဲ့သူပါ။ ဒါပေမဲ့ ဒီလိုတစ်ဖန်ပြန်အဆင်ပြေနေတဲ့ သူတို့ဘဝလေးထဲကို နောက်ထပ်မုန်တိုင်းတစ်လုံး ဝင်လာပါတယ်။ အဲဒါကတော့ ရဲအရာရှိတစ်ယောက် စုံစမ်းနေတဲ့အမှုတစ်ခုမှာ ရီသူးက အဓိကသံသယရှိသူဖြစ်လို့နေတာပါ။ ရီသူးဆိုတဲ့ အမျိုးသမီးရဲ့အတိတ်မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ ဒီအမှုကရော သူနဲ့ဘယ်လိုပတ်သက်မှုရှိနေတာလဲ.. ဒီမေးခွန်းတွေကိုတော့ ဇာတ်ကားလေးကို ရင်တထိတ်ထိတ်ကြည့်ရင်းနဲ့ပဲ အဖြေရှာလိုက်ရအောင်နော်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.7 2024 138 mins
Bougainvillea
Kang Mak from Pee Mak

Kang Mak (2024) **************** Pee Mak ကို remake ပြန်ရိုက်ထားတဲ့ Pee Mak အင်ဒိုနီးရှားဗာရှင်း Kang Mak ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ… အင်ဒိုဗားရှင်းမှာရော ဘယ်လိုအခွီတွေနဲ့ ဘယ်လိုတွေ တင်ဆက်သွားဦးမှာလဲဆိုတာကို ရှုစားကြပါဦး… ဇာတ်လမ်းအကျဉ်း ————- ကိုယ်ဝန်ကြီးနဲ့ မိန်းမကို ထားခဲ့ပြီးတော့ တိုင်းပြည်အတွက် စစ်တိုက်ဖို့ ထွက်လာခဲ့ရတဲ့ မက်မူရ်… ကိုယ်ဝန်ကြီးနဲ့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဆာရီ…သူတို့နှစ်ယောက်ဟာ အရမ်းကိုချစ်ကြပြီး… ဒီလို ခွဲခွာနေရပေမယ့် စစ်ထွက်တိုက်နေရတဲ့ ယောက်ျားလုပ်သူကလည်းမိန်းမဆီကို အမြန်ပြန်လာချင်… အိမ်ကမိန်းမကလည်း နေ့တိုင်း ယောက်ျားပြန်လာမှာကို အမြဲ မျှော်နေတဲ့သူပေါ့။ ဒီလိုနဲ့နေလာရင်း… မိန်းမဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဆုံးသွားခဲ့ရပါတော့တယ်။ ယောက်ျားဖြစ်သူကို ချစ်လွန်းအားကြီးပြီး… မကျွတ်မလွတ်ဘဝနဲ့ ယောက်ျားပြန်အလာကို စောင့်နေပြီးတော့ သူတို့ရွာမှာတော့ စေတန်ဆာရီဆိုရင်ကို… နာမည်ကြားတာနဲ့ ကြောက်နေကြပြီး ညနေဆို နေမဝင်ခင်မှာတင်ပဲ အကုန် တံခါးပိတ်ပြီး အပြင်မထွက်ရဲလောက်အောင်ထိ… ဖြစ်နေပါတယ်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ စစ်ပွဲကြီးလည်း ပြီးဆုံးကာ ယောက်ျားဖြစ်သူ မက်မူရ်တစ်ယောက်… မိန်းမဆီကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူတူ ပြန်လာခဲ့ပါတော့တယ်… ဘဝခြားနေကြပြီဖြစ်တဲ့ သူတို့နှစ်ယောက် … ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။ ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ် File Size : 1.64GB / 628MB Quality : WEB-DL 1080p 5.1ch / 720p Duration : 2 hr 2min Genre : Comedy, Horror, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou & Mary Encoded by Heather Oo

Romance • Drama
0 2024 122 mins
Kang Mak from Pee Mak
Wild at Heart
7.2

Wild at Heart (1990) IMDb Rating (7.2) / Rotten Tomatoes (66%) မင်းသားကြီး နစ်ခ်ကိတ်ခ်ျလို့ပြောလိုက်ရင် မသိတဲ့ဘယ်သူမှမရှိပါဘူး။ ဒီ Wild at Heart ဇာတ်ကားကတော့ နာမည်ကျော်မင်းသားကြီး Nicolas Cage ရဲ့ ငယ်စဉ်ဘဝက ပွဲဦးထွက်ဇာတ်ကားတွေထဲ Old But Gold ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ——————— ဆေလာဆိုတဲ့သူဟာ မကြာသေးခင်ကမှ ထောင်ထဲကနေ ခံဝန်နဲ့ထွက်လာသူပါ။ ထောင်ထဲမရောက်ခင်က လူမိုက်တွေနဲ့ပေါင်းပြီး မျိုးစုံပေတေခဲ့ပေမယ့် ချစ်ရတဲ့ကောင်မလေးတစ်ယောက်ကြောင့် ပြောင်းလဲကာ ထောင်ထဲဝင်ပြီး ပြစ်ဒဏ်တွေကိုခံယူခဲ့ပါတယ်။ ထောင်ထဲနေ ပြန်ထွက်လာတဲ့အခါမှာလည်း ကောင်မလေးနဲ့အတူတူ သမ္မာသမတ်ကျကျနေဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ကောင်မလေးရဲ့ စိတ္တဇဖြစ်နေတဲ့အမေဟာ ကောင်မလေး ဆေလာနဲ့အခြေကျသွားမှာကို စိုးရိမ်သွားတဲ့အခါမှတော့ နည်းလမ်းမျိုးစုံနဲ့ ဆေလာတို့အတွက်ကို ဒုက္ခပေးဖို့ကြိုးစားပါတော့တယ်။ (18+ အခန်း တချို့ နဲ့ ဝတ်လစ်စလစ်အခန်း တချို့ပါဝင်သောကြောင့်မိသားစုနဲ့ အတူတူကြည့်ရန်မသင့်တော်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(2.9 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Romance,Thriller Duration….02:05:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

Comedy • Horror
7.2 1990 125 mins
Wild at Heart
Peacock
6.2

Peakcock (2010) ဟာ Psychological Thriller ဇာတ်လမ်း အမျိုးစားဖြစ်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ပိုင် identity နဲ့ ပတ်သက်ပြီး စဉ်းစားစရာတွေ အများကြီးပေးတဲ့ ဇာတ်ကားကောင်းတစ်ကားပါ… ရရှိခဲ့တဲ့ဆုများ ✔ Screamfest Horror Film Festival – အကောင်းဆုံး စိတ်လှုပ်ရှားဖွယ်ဇာတ်ကား (2010) ✔ Fangoria Chainsaw Awards – အကောင်းဆုံးသရုပ်ဆောင် (Cillian Murphy) ဆန်ကာတင်စာရင်း သရုပ်ဆောင်များ – Cillian Murphy (John/Emma အဖြစ်) – Ellen Page (Maggie အဖြစ်) – Susan Sarandon (Fanny အဖြစ်) ဇာတ်လမ်းအကျဥ်း +++++++++ John ဆိုတဲ့လူတစ်ယောက်ဟာ သာမန်လူတစ်ယောက်လိုနေထိုင်နေပေမယ့်… သူ့မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ သူဟာ လူတစ်ကိုယ် စိတ်နှစ်မျိုးဖြစ်နေတဲ့ ရောဂါကိုခံစားနေရပြီး Emma ဆိုတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့လည်း နေထိုင်နေတာပါ။ တစ်နေ့မှာ မတော်တဆမှုတစ်ခုကြောင့် ဒီလျှို့ဝှက်ချက်က ပေါ်တော့မလိုဖြစ်သွားပြီး သူ့ဘဝက လုံးဝပြောင်းလဲသွားပါတော့တယ်။ Cillain Murphy ရဲ့ သရုပ်ဆောင်စွမ်းရည်ဟာဆိုရင်လည်း John နဲ့ Emma ဟာတစ်ယောက်တည်းဆိုတာကိုမေ့သွားလောက်အောင် ကောင်းလွန်းပါတယ်။ နောက်ဆုံးမှာ သူဟာ John အနေနဲ့နေထိုင်သွားမလား၊ Emma ဘဝကိုရွေးချယ်သွားမလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ စိတ်ဝင်တစား စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ File Size… (1.25 GB) / ( 666 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 30m Genre …..Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Comedy • Thriller
6.2 2010 90 mins
Peacock
Blood Brothers Bara Naga aka Blood Brothers: Dragon’s Embers
8.1

Blood Brothers Bara Naga aka Blood Brothers: Dragon’s Embers (2025) သစ္စာဟူသည် ခုတလောမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ မလေးရှား ဂန်းစတားဇာတ်ကားလေး‌ကို ခုပဲတင်ဆက်ပေးချင်ပါတယ်။ ကြမ်းမှရမ်းမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်ကြီးတိုအတွက် ရွေးချယ်စရာတစ်ခုဖြစ်လာမှာမလို ခုပဲရှုစားလိုက်ရအောင်ပါ။ မိရင်းဖရင်း ညီအစ်ကိုတွေမဟုတ်ကြပေမဲ့ ညီအစ်ကိုရင်းတွေထက်ချစ်ခင်ကြတယ် အာရစ်ဖ်တို ဘော်ဒီဂတ်အဖွဲ သူတိုရဲ့ခေါင်းဆောင်ကတော့ ဒါတိုဇူးလ်လိုခေါ်တဲ့ ကွန်မန်ဒိုဟောင်းတစ်ယောက်၊ ဒီနယ်ပယ်မှာ တော်ရုံသွားထိလိုမရတဲ့ ဩဇာညောင်းတဲ့သူ အစမှာတော့ သွေးရင်းသားရင်းထက် ပိုချစ်ကြပေမဲ့ ဝေစုကိုမက်လာချိန်မှာတော့ ညီကိုကြားကသစ္စာကို လောဘကဖုံးလွှမ်းသွားတဲ့အခါ… ကျည်ဆန်ကြားမှာ ပြေးလွှားနေရတဲ့လူသားတွေအတွက် အသက်ကိုလောင်းကြေးထပ်ရတဲ့ သစ္စာစမ်းသပ်ပွဲမှာ ဘယ်သူက သရုပ်မှန်ပေါ်လာမလဲ ရှုစားကြပါဦး။

Action • Comedy • Science Fiction • Thriller
8.1 2025
Blood Brothers Bara Naga aka Blood Brothers: Dragon’s Embers