YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shuffle of Hearts.2025.E21.720p.(HTV).mp4

412.64 MB N/A video/mp4 20 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
...ing
6.8

အင်္ဂလိပ်ဝေါဟာရ "Present" ဟာ မြန်မာလို "လက်ရှိ" လို့ ဘာသာပြန်လို့ ရသလို "လက်ဆောင်" လို့လည်း ဘာသာပြန်လို့ရပါတယ် ကိုယ့်ရဲ့"လက်ရှိ"အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက် ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး "လက်ဆောင်" ပါပဲ အဲ့ဒါကြောင့် "Present is Present❤" "လက်ရှိက လက်ဆောင်" လို့ ပြောကြပါတယ် ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့် ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကို ပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါ ကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူး တင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါ နေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်း တွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါ ဒါပေမယ့် ဒီ "...ing" ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင် ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ် အားလုံးရဲ့ အချစ်ဦး Kim Rae Won နဲ့ မမလှလှ Lim Su Jeong တို့ကလည်း ဓာတုဗေဒမိမိ ပါဝင် သရုပ်ဆောင်ထားပါတယ် ဒီ Old but gold (အိုင့်အတွက်တော့ old but diamond ပါ) ရုပ်ရှင်ကားကောင်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းရင်း... File size…1.89GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Drama • Horror • Thriller
6.8 2003 104 mins
...ing
One Fine Spring Day
7

Christmas in Augustတို့ April Snowတို့ The Last Princessတို့ Lost (TV series)တို့ရိုက်ခဲ့တဲ့ Hur Jin-hoရဲ့ Christmas in August အပြီး ဆက်ရိုက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ လက်ရှိ Money Heist: Korea – Joint Economic Areaထဲက ပရော်ဖက်ဆာအဖြစ် လူသိများလောက်မယ့် ပတ်ချန်းဝုရဲ့ Oldboyတို့ Lady Vengeanceတို့ Hong Sang-sooရဲ့ Woman Is the Future of Manတို့ Dittoတို့လို ကိုရီးယားရဲ့မာစတာပိစ် ကားတွေမှာ အဓိကကျတဲ့ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ဖူးခဲ့တဲ့ Yoo Ji-taeပါ။ မင်းသမီးကတော့ ငယ်ငယ်က ချန်ဂင်အဖြစ် လူသိများခဲ့တဲ့ ပတ်ချန်းဝုရဲ့ Lady Vengeanceတို့ Joint Security Areaတို့ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ Lee Young-aeပါပဲ။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ဘာမှပြောစရာမရှိသလို ဇာတ်ကလည်း Christmas in Augustကို သဘောကျတဲ့လူတွေ သဘောကျမယ့် ဇာတ်ပါပဲ။ အဲဒီထက်တော့ ပိုရိုမန့်ဆန်ပေမဲ့ သူရိုက်နေကျအတိုင်း သူ့ရိုမန့်တွေက သဘာဝကျကျလေးနဲ့ကို အရမ်းငြိမ်ပါတယ်။ တစ်ခါတလေ ဘဝမှာ ရိုမန့်တစ်အဆန်ဆုံး ဘာတွေရှိဖူးလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်တော့ ရိုမန့်တစ်ကွေကွင်းခြင်းတွေကို အိပ်မက်မက်တယ်။ ကွေကွင်းခြင်းဟာ ရိုမန့်တစ်ဖြစ်ဖို့ တစ်ခါတလေလည်းခက်တယ်။ အချစ်ဟာ အဆုံးသတ်တစ်နေရာမှာ ကွေကွင်းကြဖို့ပဲမလား။ ကွေကွင်းခြင်းသာ ရိုမန့်တစ်မဆန်ဘူးလို့ ငြင်းလာရင်လည်း အဲဒီအချစ်က ရိုမန့်တစ်ဆန်ပါဦးမလား။ ထားပါတော့။ လူ့ကမ္ဘာဟာ ငရဲပဲဆိုပါစို့။ သေကွဲဟာ အကောင်းဆုံး ဇာတ်ပေါင်းခန်းလို့ရော တစ်ခါတလေ မြင်မိကြလား။ ကံကောင်းထောက်မခဲ့ရင်တော့ ရှင်ကွဲလည်း ဇာတ်ပေါင်းခန်းဖြစ်သွားနိုင်တာပါပဲ။ ကံကောင်းထောက်မခဲ့ရင်ပေါ့။ ဒီရုပ်ရှင်ဟာ ရိုမန့်တစ်ဆန်တဲ့အချစ်နဲ့ ရိုမန့်တစ်ဆန်တဲ့ ကွေကွင်းခြင်းအကြောင်း ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 880MB | 385MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder ..... August

Drama
7 2001 106 mins
One Fine Spring Day
[18+] Raped by an Angel 2: The Uniform Fan
4.7

Raped by An Angel အောင်မြင်သွားတာကြောင့် နံပါတ် (၂) ထွက်ရှိလာတဲ့ဇာတ်ကားပါ... ဒီဇာတ်ကားထဲက မင်းသမီးကတော့ A Chinese Odyssey ထဲက စတီဗင်ချောင်ရဲ့တွဲဖက် မင်းသမီးချောလေး Athena Chu ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ... ကောင်မလေးတွေရဲ့ယူနီဖောင်းဝတ်စုံတွေကိုစွဲလန်းပြီး လစ်ရင်လစ်သလို မကောင်းကြံတတ်တဲ့ သွားဆရာဝန် နှာဘူးကောင်ကို Raped by An Angel ဇာတ်ကားတို့ ထုံးစံအတိုင်း ကောင်မလေးတစ်ယောက်က လက်စားပြန်ချေမယ့် ဇာတ်လမ်းပါ။ နှာဘူးကောင်က စတီဖင်ချောင်ပုံစံပြင်ဆင်ထားပြီး ယူနီဖောင်းမြင်တိုင်း ရုပ်တည်ကြီးနဲ့  နှာဘူးထနေတာကို မြင်ရမှာပါ။ မင်းသမီးကလဲ အားနွဲ့တဲ့ မိန်းမသားဆိုပေမယ့် အရေးကြုံလာတော့ ဘယ်လိုအကွက်ချ လက်စားပြန်ချေမယ်ဆိုတာ အသည်းတယားယားကြည့်ရှုရမှာပါ။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=raped+by+an+angel  ရှာကြည့်လို့ရပါတယ်။ File Size : (4.8 GB) & (999 MB) Quality : BluRay 1080p & 720p Running Time : 01:32:24 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Khant Encoded by RGB

Drama • Thriller
4.7 1998 89 mins
[18+] Raped by an Angel 2: The Uniform Fan
Por Thozhil
8.1

Por Thozhil ( 2023 ) ================== IMDb 8.4/10 တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။ Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB  / 789MB Quality…4k SONY WEB DL /1080p WEB DL / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Yunni~ Moon~ V~Cherry ~ Zwe Yan

Drama
8.1 2023 148 mins
Por Thozhil
Lunch Box
5.9

2004 Lunch Box အချစ်ကလွဲပြီး ဘာမှ မမြင်နိုင်တဲ့ မိန်းမသားတစ်ယောက်… သူမှသူပဲ ချစ်မိပြီးရင် အရာရာကို ပေးဆပ်တတ်တဲ့ မိန်းမသားတစ်ယောက်… ကိုယ်ချစ်တဲ့ ယောင်္ကျားတစ်ယောက်အတွက် မနက်တိုင်း ထမင်းဗူး ပြင်ပေးရင် ပျော်ရွှင်နေတတ်တဲ့ သူမ… တနေ့ သူမ ချစ်ရတဲ့ ယောက်ျားက လမ်းခွဲစကားပြောပြီးမကြာခင် လက်ထပ်‌တော့မယ့် အကြောင်းသိသွားသောအခါ… သာမာန်အတွဲတွေလို ဝုန်းဒိုင်းကြဲပြီး ပြသာနာရှာမလား❓ ဆက်ချစ်နေအုံးမှာလား❓ အဖြေကတော့ ပရိသတ်ကြီး မှန်းထားတာနဲ့ တော့ ကွာနေမှာ အသေအချာပါပဲ ဇာတ်လမ်းဆန်းတဲ့ကားလေးမို့ ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ် File Size__(550MB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:05:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Adventure • Animation • Comedy • Family
5.9 2004 65 mins
Lunch Box
[18+] Love at the End of the World
6.9

[18+] Love at the end of the world (2015) IMDb- 6.9/10 MyDramaList- 6.8/10 မိုးရာသီလေးမှာ အလောင်တစ်လိုင်းကြည့်သင့်တဲ့မိသားစုကားကောင်းလေးတစ်ကားကို ညွှန်းချင်ပါတယ် ပျော်ရွှင်မှုဆိုတာမရှိတဲ့မိသားစုလေးမှာ ဂျာယောင်းဆိုတဲ့အမျိုးသမီးက ကျောင်းမှာရာထူးမတိုးတဲ့အပြင် ခင်ပွန်းဖြစ်သူအရက်သမားရဲ့ နှိပ်စက်တာကိုကြိတ်မှိတ်ခံနေရပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သမီးဖြစ်သူ ယူဂျင်းကိုဆက်လက်ပြုစုပျိုးထောင်လာခဲ့ပါတယ်။ ဒီလိုနဲ့ သာယာနေတဲ့သားအမိနှစ်ယောက်ကြားထဲကို ဝင်လာတာကတော့ တစ်ကောင်ကြွက်ဆီဆိုင်ပိုင်ရှင်ဒုံဟာပါ။ ဒီလိုမျိုးအမေနဲ့ သမီးကြားမှာ ဒုံဟာတစ်ယောက် ဘယ်လိုမျိုး ဗျာများမလဲဆိုတာတော့ ဒီဇာတ်ကားလေးကိုဆုံးအောင်ကြည့်ရှုပေးဖို့ တိုက်တွန်းချင်ပါတယ်။ မြင်တွေ့ဖူးနေကျ မင်းသား မင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပြီး ယူဂျင်းလေးကလည်း ချစ်စရာကောင်းတာ‌တော့ အမှန်ပါပဲ။ (၁၈+ ဆိုပေမယ့် ဒီဇာတ်ကားလေးရဲ့ပေးချင်တဲ့ message တွေအများကြီးပါတဲ့အတွက် တစ်ခန်းချင်းစီကို သေချာကြည့်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ငိငိ) အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Kaung ပဲဖြစ်ပါတယ် Genre….. Romance Quality…. 1080p | 720p File size… 1.1GB | 529MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Kaung Encoder ….. Aaron

6.9 2015
[18+] Love at the End of the World
V/H/S/85

V/H/S ဇာတ်ကားတွေထဲက ၆ ကားမြောက်ဖြစ်ပြီး IMDb 5.8 ရရှိထားတဲ့အပြင် ကြည့်ရှုသူတွေဆက်တိုက်မြင့်တက်လာနေတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ V/H/S ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ၁၉၈၀ ခုနှစ်လောက်ကဗီဒီယိုတိတ်ခွေတွေထဲကနေ တွေ့ရှိလာတဲ့ သည်းထိုက်ရင်ဖိုစရာ၊ ‌ခြောက်ခြားစရာ အဖြစ်အပျက်တွေ ကိုရိုက်ပြထားတာပါ။ ဒီဇာတ်ကားမှာတော့ horror ဇာတ်လမ်း ငါးခုပါဝင်ပြီး တစ်ခုစီကမတူညီတဲ့ ခြောက်ခြားဖွယ်ရသတွေကို ဖော်ကြူးထားတာကိုတွေ့ရမှာပါ။ သွေးသံရဲရဲဇာတ်ဝင်ခန်းတွေကအစ ထူးဆန်းဖွယ် ထိတ်လန့်စရာတွေအဆုံး horror ရသမျိုးစုံကိုခံစားရမှာဖြစ်ပါတယ် File size…(1.8 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Horror • Thriller
0 2023
V/H/S/85
A Christmas Carol
6.8

A Christmas Carol(2009) IMDb….6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် .. အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေ စုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်း Forrest Gump ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်……ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၃)ဆုလည်းရရှိခဲ့တယ်… Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်… …Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်… …သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်… ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ…. ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ… ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ.. ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်.. ခလေးတွေအတွက်တော့ ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ… ကိုင်းခံစားကြည့်လိုက်ပါဦးနော်… File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather Oo

Drama • Crime
6.8 2009 94 mins
A Christmas Carol
The Marvels
5.9

မာဗယ် ရုပ်ရှင် စကြဝဠာရဲ့ ၃၃ ကားမြောက်ဖြစ်တဲ့ The Marvels ကိုတင်ပေးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ အဓိက ပါတဲ့နောက်ထပ်ကာရိုက်တာနှစ်ယောက်ကိုတော့ Wanda Vision စီးရီး နဲ့ Ms Marvel စီးရီးတွေမှာ မိတ်ဆက်ထားပြီးပါပြီ။ ဒီရုပ်ရှင်ဟာ ရိတ်တင်နည်းနေတာရယ်၊ ဇာတ်လမ်းက ပေါနေတာရယ် ကလွဲရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ မာဗယ်ရဲ့အကြီးဆုံးခြေလှမ်းတွေထဲက တစ်ခုကို ဒီကနေ စတင်ထားလို့ပါ။ ထုံးစံအတိုင်း ဘယ်လောက်ပေါပေါ နောင်လာမဲ့ကားတွေနဲ့ ဆက်စပ်မိအောင် တစ်ခါတော့ ကြည့်ကိုကြည့်ထားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ကပ္ပတိန်မာဗယ်ဖြစ်တဲ့ ကယ်ရိုးဒန်ဗာဟာ အာကာသထဲမှာ ရှိနေချိန် စကြဝဠာထဲက ခုန်မှတ်တစ်ခုက အပေါက်ကြီးဖြစ်သွားပါတယ်။ အဲဒီအပေါက်ကို ဖြူရီရဲ့အဖွဲ့က သွားစုံစမ်းနေချိန်မှာ ကပ္ပတိန်မိုနီကာရမ်ဘူးလည်းပါလာပါတယ်။ အဲဒီအပေါက်ထဲက စွမ်းအင်တွေကြောင့် ကယ်ရိုးနဲ့မိုနီကာတို့ ချိတ်ဆက်မိသွားပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပေါက်ကိုဖန်တီးလိုက်တဲ့ ကွမ်တမ်လက်ပတ်တစ်ခုက ခရီး ခေါင်းဆောင် ဒါဘန်းဆီမှာရှိနေပြီး နောက်တစ်ခုက ကာမာလာခန်းဆီမှာရှိနေတာကြောင့် ကာမာလာကလည်း ကယ်ရိုးတို့နှစ်ယောက်နဲ့ စွမ်းအားတွေချိတ်ဆက်မိသွားပါတယ်။ ဒါကြောင့် သူတို့သုံးယောက်ခွဲမရတော့ဘဲ အတူပေါင်းပြီး ခရီးဂြိုလ်သားတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ခရီးဥသျှောင် ဒါဘန်းရဲ့အကြံက စကြဝဠာတစ်ခုလုံးပါ ပျက်စီးသွားနိုင်ကြောင်းသိရတဲ့အခါ မာဗယ် ၃ ယောက် တားဆီးဖို့ ကြိုးစားကြပါတော့တယ်။ File size…(4 GB)/(2 GB)/(1.1 GB) Quality….Webrip 4K/1080P/720p Format…mp4 Duration….01:45:00 Genre…Action, Adventure, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson

5.9 2023 105 mins
The Marvels
Cold Copy

ထွက်ထားတာမကြာသေးတဲ့ အမေရိကန်လျှို့ဝှက်သည်းဖို ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ရုပ်ရှင်ကြည့်ပရိသတ်တို့ မျက်နှာမစိမ်းလောက်တဲ့ Wonder(2017), Room(2015)ရုပ်ရှင်တွေထဲက ကလေးသရုပ်ဆောင် ဂျေကော့ဘ်တောင် ဒီထဲမှာ ဆယ်ကျော်သက်ကောင်လေး အီဂေါ်အဖြစ်ပါဝင်ထားပါတယ်။ မီယာဆိုတာ အသက်ရှစ်နှစ်အရွယ်ကတည်းက အောင်မြင်တဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူ။ အိပ်မက်အတိုင်းလည်း တစိုက်မက်မက်ကြိုးစားနေတဲ့သူ။ သူ့သင်တန်းဆရာမကတော့ TNRရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်မှူး ဒိုင်ယန်း။ ဒိုင်ယန်းက တပည့်ဖြစ်သူတွေကို TNRရုပ်သံလိုင်းမှာလွှင့်ပေးမယ်ဆိုတဲ့ စကားနဲ့ ကျောင်းသူတွေကို ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ရှာခိုင်းခဲ့ပါတယ်။ ဒီမှာပဲ ဖုံးကွယ်ထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေနဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်လေး အီဂေါ်ရဲ့ဇာတ်လမ်းကို မီယာတစ်ယောက် တွေ့ခဲ့ပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုချနင်းရမယ်ဆိုတဲ့ ဒိုင်ယန်းနဲ့ ဖြစ်ချင်တဲ့အိပ်မက်နောက်ကို တကောက်ကောက် လိုက်နေတဲ့ မီယာတို့ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ကြရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(699 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

0 2023 96 mins
Cold Copy
I Am DB Cooper

‌လေယာဉ်တစ်စီးလုံးကိုအပိုင်စီးပြီး ဒေါ်လာ၂သိန်းဓားပြတိုက်သွားကာ လေယာဉ်ပေါ်ကခုန်ချသွားတဲ့ ဒီဘီကူပါးအကြောင်းဟာ အခုအချိန်ထိမဖြေရှင်းနိုင်သေးတဲ့အမှုတစ်ခုဆိုတာ တော်တော်များများလဲကြားဖူးကြမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီဘီကူပါးအကြောင်းကိုပဲ Documentaryပုံစံသဘောနဲ့ပြန်ရိုက်ထားပြီး IMDb 4.4/10ရရှိထားပါတယ်။ သူလေယာဉ်ကို ဓားပြမတိုက်ခင်ဘာတွေလုပ်ခဲ့လဲ၊ ဓားပြတိုက်ပြီးနောက်ဘယ်လိုဆက်ဖြစ်လဲဆိုတာကို စိတ်ကူးပုံဖော်ကာရိုက်ပြထားတာပါ။ ဒီဘီကူပါးအကြောင်းစိတ်ဝင်စားသူတွေကတော့ ဒီဇာတ်ကားကိုကြည့်ရင်းတစ်ခုခုအဖြေရနိုင်မလားဆိုတာ အဖြေရှာလိုက်ကြတာပေါ့။ File size…(1.6 GB)/(975 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Documentary Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 2022
I Am DB Cooper
Legend
6.9

Legend (2015) IMDb Rating (6.9) / Rotten Tomatoes (60%) Gangster ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် Tom Hardy ကိုလည်းချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ပြည့်နှစ်-၆၀ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Gangsters တွေဖြစ်တဲ့ ခရေးအမြွှာညီနောင်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ Identical twins ဖြစ်တဲ့အတွက် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ရော်နယ်ခရေးနဲ့ ရတ်ဂျီနယ်ခရေးဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန်လို့ခေါ်တဲ့ ရော်နယ်ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင် ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ ဒီရုပ်ရှင်ကို ရတ်ဂျီရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ(Emily Browning)က ဇာတ်ကြောင်းကို ပြောပြနေဟန်ရိုက်ကူးထားတယ်။ “ကျွန်မရဲ့ ခန့်ညားလှတဲ့ ရတ်ဂျီ/ ကျွန်မရဲ့ ရတ်ဂျီ/ ကျွန်မရဲ့ခင်ပွန်း” ဒီလိုလေးတွေ သုံးနှုန်းပြီးတော့ ခရေးညီနောင် နာမည်ကျော်ကြားလာပုံကစလို့ သူတို့ရဲ့ အဆုံးသတ်အထိ ဇာတ်ကြောင်းကိုပြောပြသွားတယ်။ ဒီဇာတ်ကားကို အတော်များများက underrated ဖြစ်တယ်လို့လည်း ဆိုကြတယ်။ ဒီတော့ အဲ့ဒါတကယ်ဟုတ်မဟုတ်ကို ကိုယ်တိုင်ခံစားကြည့်ရှုပြီး အကဲဖြတ်ကြည့်ပါဦး (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw မှ တင်ဆက်ထားပါတယ်။)

Horror • Thriller • Drama
6.9 2015 132 mins
Legend
The Biggest Fan
4.3

The Biggest Fan (2025) ဒီရုပ်ရှင်လေးကတော့ 2025 ထွက် မက္ကစီကိုဟာသကားလေးပဲဖြစ်ပါတယ်။ လာရာခရုဇ်ဟာ မက္ကဆီကန်လူမျိုး ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပြီး နာမည်ကြီး “Special Crimes” ဇာတ်လမ်းတွဲရဲ့ ပင်တိုင်စံမင်းသမီး တစ်ဦးဖြစ်ပါတယ် ။ တစ်ရက်သူဟာ ပွဲတစ်ခုကို တက်ရောက်ရင်း ပရိတ်သတ်တစ်ဦးကို မတော်တဆရိုက်မိလိုက်ရာကနေ အဆိုပါဗီဒီယိုဟာ အင်တာနက်မှာ Viral ဖြစ်သွားပြီး အားလုံးကမုန်းကာ ဘွိုင်းကော့ ဝိုင်းလုပ်ကြလို့ “Special Crimes” ကနေလည်း အထုတ်ခံလိုက်ရပြီး နာမည်ကြီး မင်းသမီးအဖြစ်ကနေ နေ့ခြင်းညခြင်း အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါတော့တယ်။ ထို့သို့နေထိုင်ရင်း တစ်ရက်မှာတော့ သူမရဲ့မွေးရပ်မြေ မက္ကဆီကိုက ရုပ်ရှင်တစ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ လာနာလည်း သူမရဲ့နာမည်ကို ပြန်အဖတ်ဆယ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ မက္ကဆီကိုနိုင်ငံကို ခရီးထွက်လာပါတော့တယ်။ တည်းခိုရာ ဟိုတယ်ရောက်ရောက်ခြင်း ဟိုတယ်က ပိုလီဆိုတဲ့ ရေကန်သန့်ရှင်းရေးမိန်းကလေးက သူမရဲ့အမာခံပရိတ်သတ်ပါဆိုပြီး လာနာကိုနှုတ်ဆက်လာပါတယ်။ နောက်ရက်တွေမှာလည်း ပိုလီဟာ လာနာကို ဇွတ်ဝင်ရောပြီး သူမရဲ့ မိသားစုတစ်ခုလုံးကိုပါ ရိုက်ကွင်းကို‌ ခေါ်ချလာပါတယ်။ အဲ့လိုနဲ့ တစ်ရက်မှာတော့ လာနာဟာ အွန်လိုင်းဆယ်လီတစ်ဦးဖြစ်တဲ့ပိုလီကို သူမရဲ့နာမည်ကို ဆိုရှယ်မီဒီယာကို သုံးပြီး ပြန်မြင့်တင်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ လက်ထောက်ခန့်လိုက်ပါတော့တယ်။ သူမရဲ့နာမည်ကို အဖက်ပြန်ဆယ်မယ့် နာမည်ကြီးထမင်းငတ်လာနာနဲ့ ရေကူးကန်သန့်ရှင်းရေး ဘဝကနေ မင်းသမီးရဲ့လက်ထောက်ဖြစ်လာတဲ့ ပိုလီတို့ ဘယ်လို ဆက်စခန်းသွားကြမလဲ ဒီဟာသကားလေးမှာ ဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကို Swan Yee Myo Thant မှတင်ဆက်ထားပါတယ်။) File size… (1.7 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:33:44 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Swan Yee Myo Thant

4.3 2025 91 mins
The Biggest Fan
Beautiful Voice
8

Beautiful Voice (2019) ************************ “Beautiful Voice” ဟာ ၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကိုရီးယားဟာသ-ဒရာမာရုပ်ရှင်တစ်ကားဖြစ်ပြီး သရုပ်ဆောင်တွေ အနေနဲ့ Park Ho-san, Lee Yi-Kyung, Moon Ji-In တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ အသံသွင်းစတူဒီယိုတစ်ခုမှာ ဂိမ်းတစ်ခုအတွက် အသံသွင်းရင်း ပေါ်ပေါက်လာတဲ့ အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ စတူဒီယိုဟာ ငွေကြေးကျပ်တည်းမှုနဲ့ ကြုံတွေ့နေရတာဖြစ်တဲ့အတွက် စတူဒီယိုရဲ့ ကိုယ်စားလှယ်ဖြစ်သူဟာ ပိုက်ဆံရဖို့အတွက်နဲ့ ဂိမ်းတစ်ခုကို အသံသွင်းပေးဖို့လက်ခံလိုက်ပါတော့တယ်။ အဲဒီလိုအသံသွင်းရာမှာ ပါဝင်ဖို့သရုပ်ဆောင်တွေရွေးချယ်ရာမှာလည်း ဘယ်သူမှ မသုံးတော့တဲ့ အသံသရုပ်ဆောင်တွေကို ရွေးချယ်မိရာကနေ အဆင်ပြေပြေနဲ့ အသံသွင်းနိုင်ပါ့မလား။ ကြော်ငြာရှင်တွေကပါ ဒီအသံသွင်းတဲ့ လုပ်ငန်းစဥ်ကို ဝင်ရောက်ပတ်သတ်လာတဲ့အခါ ဝါသနာကိုရွေးချယ်မလား ဝမ်းရေးကိုရွေးချယ်မလားဆိုတာတွေကို ဟာသနှောပြီး ရိုက်ကူးတင်ပြထားပါတယ်။ အသံသရုပ်ဆောင်အလုပ်ကို လေးနက်စွာပြသသလို၊ လူမသိတဲ့ နောက်ကွယ်က အနုပညာလုပ်သားတွေရဲ့ ဝါသနာတရားနဲ့ အိပ်မက်ကို စစ်မှန်အောင်ဖော်ပြထားတာကြောင့် မသိသေးတဲ့ကမ္ဘာတစ်ခုကို ခံစားရစေတဲ့ ဇာတ်ကားဖြစ်တာကြောင့် တူတူကြည့်ရှု့ခံစားလိုက်ကြရအောင်ပါနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်) File Size – 1.26 GB/ 549 MB Quality – WEB-DL 1080p/ 720p Duration – 1h 36m Format – mp4 Genre – Comedy Subtitle – Myanmar Subtitle (Hard Sub) Translated by – Pan Hsu Encoded by – Treasure Htet

Animation • Family • Fantasy • Adventure
8 2019 96 mins
Beautiful Voice