YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shuffle of Hearts.2025.E21.1080p.(HTV).mp4

782.92 MB N/A video/mp4 11 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

IMDb - 7.1 ဟီဆိုတဲ့ကောင်မလေးတစ်ယောက်ရှိလေရဲ့။ ပြီးတော့ သူ့ကိုအရူးအမူးချစ်နေတဲ့ ကောင်လေးတစ်ယောက်ရောပေါ့။ ကျောင်းတော်ကြီးရဲ့ အချစ်ဇာတ်လမ်းတွေကို ပြောမယ်ဆို ပြောမကုန်နိုင်ပါဘူး။ လူတိုင်းမှာ သူတို့ရဲ့ ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိမယ်ထင်ပါတယ်။ ဒီလိုအချစ်ဇာတ်လမ်းလေးတွေမျိုးစုံထဲက​ တစ်ပုဒ်ဖြစ်တဲ့ 2022ခုနှစ်ထွက် IMDb rating 7.1အထိရရှိထားတဲ့ Loverဆိုတဲ့ အိန္ဒိယ Movieလေးကို အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒါကားလေးကတော့ အချစ်ဇာတ်လမ်းထဲမှာမှ လူတစ်ယောက်ကို အရူးအမူး Crushနေရတဲ့ ခံစားချက်ပါပဲ။ ရိုမီယိုနဲ့ ဂျူးလီယက်လို ဂန္ဓဝင်တွင်တဲ့အချစ်ဆိုတာမျိုးကို စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ ပုံပြင်တွေထဲမှာ လူတွေက မျိုးစုံဖော်ပြကြသလို လူမသိနိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခမ်းနားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်းရှိပါတယ်။ ကျောင်းသွားတဲ့အချိန် သူမ ငှားစီးတဲ့ကားလေးရဲ့ ထိုင်ခုံမှာ ဖုန်သုတ်ပေးမယ်။ သူမမျက်နှာကိုမြင်ရဖို့ မနက်ခင်းကျောင်းတန်းစီချိန်မှာ အပြစ်ပေးခံရတဲ့နေရာမှာ မတ်တပ်ရပ်တယ်။ ရရာနေရာကနေ သူမကို ခိုးကြည့်မယ်။ သူမနောက်က တစ်ကောက်ကောက်လိုက်မယ်။ ဘယ်လောက်တောင်လဲဆို သူမသောက်ပြီးကျန်ခဲ့တဲ့ လက်ဖက်ရည် အကျန်လေးကိုတောင် အမြတ်တနိုးသောက်ရတဲ့သူပါ။ သူ့ဘဝမှာ ဒီလောက်နဲ့တင် အရာရာလုံလောက်ပြည့်စုံနေသလိုပေါ့။ လှပပြီး ကျောင်းမှာ နာမည်ကြီးတဲ့ ဒီမိန်းကလေးအတွက် တခြားလူက လူသတ်နိုင်တယ်ဆိုရင် သူက အသတ်ကိုတောင် ပေးရဲပါတယ်တဲ့။ သူမနားမှာပဲ အရိပ်ကလေးလို တကြည့်ကြည့်ရှိနေရင်းက တစ်နေ့ သူ့လို အချစ်ရူးကမှ သူချစ်ရတဲ့ ကောင်မလေးနဲ့ မထင်မှတ်ဘဲ ဝေးကွာသွားရပါတော့တယ်။ ခွဲခွာရတဲ့နောက်မှာ ဒီအလွမ်းဒဏ်ကို ဒီကောင်လေး ခံနိုင်ဦးမှာတဲ့လား။ လူတစ်​ယောက်ကို ချစ်ရတယ်ဆိုတာ အရာရာ ပျော်ရွှင်ဖို့ကောင်းနေတာတော့ မဟုတ်ပါဘူးလေ။ ဒီမိန်းကလေးကို ချစ်မိလို့ သူဘာတွေကို ရင်ဆိုင်ရမလဲ၊ ဘယ်လိုဒုက္ခတွေကို ကြံ့ကြံ့ခံရမလဲ၊ ဘယ်လို ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းနာမည်ကတော့ "Lover"ပဲ ဖြစ်ပါတယ်။ File size…2.5GB  / 1.08GB Quality…1080p.CBR.AMZN.WEB-DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Keving Ag & Thet Ko & Nay

Action • Crime • Drama • Thriller
null 2022
Lover
Sharmaji Namkeen
6.6

အခုတစ်ခါမှာတော့ Channel Myanmar ကနေ Sharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူး ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီး မင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက် အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ် အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာ ဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ် ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင် B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာ ဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီး သူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး လုပ်ဆောင်ပါတော့တယ် မီးဖိုချောင်ထဲက မထွက်စတမ်းဟင်းချက်နေတဲ့ Sharma ရဲ့လက်ရာတွေကလည်း စားဖူးသူတိုင်း လျှာလည်သွားလောက်အောင် အင်မတန်ကောင်းမွန်လှပါတယ် ဒီလိုနဲ့ တစ်နေ့ Sharma ရဲ့သူငယ်ချင်းဖြစ်သူ Chadda က ဘာသာရေးပွဲတစ်ခုမှာဟင်းချက်ရမယ်ပြောပြီး Sharma ကို အမျိုးသမီးတစ်ဖွဲ့ရဲ့ ရန်ပုံငွေပါတီပွဲမှာ ချက်ဖို့ခေါ်သွားရာကနေ အဲ့ဒီအမျိုးသမီးတွေက Sharma ရဲ့ဟင်းချက်လက်ရာတွေကို အကြိုက်တွေ့ပြီး သူတို့ရဲ့ ရန်ပုံငွေပါတီပွဲတွေမှာ Sharma တစ်ယောက် ပင်တိုင်စားဖိုမှူးဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ အခုလိုတွေ ပါတီပွဲတွေမှာ ဟင်းလိုက်ချက်နေတာကို Sharma က သူ့သားတွေကိုမပြောပြဘဲဖုံးကွယ်ထားတဲ့အခါ.... သူ့သားတွေက အဲ့ဒီလျှို့ဝှက်ချက်ကို သိရှိသွားတဲ့အခါ.... သားဖြစ်သူရဲ့ ကန့်ကွက်မှုနဲ့ ပတ်ဝန်းကျင်အမြင်တွေကို Sharma တစ်ယောက် ဘယ်လိုကျော်လွှားမလဲ.... သူ့ရဲ့ဝါသနာပါရာ ဟင်းချက်တာကိုရော ဆက်လုပ်နိုင်ဦးပါ့မလား... မင်းသားကြီး Rishi ရဲ့သရုပ်ဆောင်လက်ရာကို နှမြောစွာနဲ့ မခံစားလိုက်ရပေမဲ့လည်း မင်းသားကြီး Paresh ရဲ့ ဟန်ပန်တွေက ပရိသတ်အားလုံးရဲ့အကြိုက်ကို ကျေနပ်စေမှာမလို့ ဒီရုပ်ရှင်လေးမှာ လိုက်ပါခံစားရင်း အားပေးကြည့်ရှုပေးကြပါဦးနော် File size…2.62GB / 1Gb Quality…1080p WEB RIP AAC 5.1CH / 720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Shwe Pwint & Poe & Jerrica

Drama • Music
6.6 2022 119 mins
Sharmaji Namkeen
Scooby-Doo! And Krypto, Too!

Scooby-Doo! and Krypto, too! (2023) Leaked Version (Official မဟုတ်ဘဲ Leak လာတာဖြစ်တဲ့အတွက် 1080p မရတာကို နားလည်စေချင်ပါတယ်။ 720p တောင်မှ ကြည့်လို့ပြေအောင် ချဲ့ကုတ်ထားရပါတယ်) မော်ဒန်ခေတ် Animation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Studio တွေရဲ့ ပြိုင်ဆိုင်မှုတွေ Fan တွေရဲ့ ပေါက်ကွဲအားတွေနဲ့ အတူ Animation တွေဟာ ရုပ်ရှင်ဇာတ်ခုံမြင့်ပေါ်မှာ အလုအယက် နေရာယူလာကြပါပြီ။ ခွေခေတ် VCD ခေတ်တွေကနေ Streaming Service ကို ကူးပြောင်းလာတဲ့ ကာလမှာ Writer တွေ Producer တွေဟာလည်း Animation တွေကို တစ်ခေတ်ဆန်းတဲ့နည်းနဲ့ ခေတ်နဲ့လည်း လိုက်လျောညီထွေအောင် ရိုက်ရင်း ပရိသတ်တွေဆီကို အမြင်သစ်နဲ့ ယူဆောင်လာခဲ့ကြတယ်။ သို့ပေမဲ့လို့ Streaming Service တွေ မပေါ်ခင် ကျွန်တော်တို့ Generation ရဲ့ ငယ်ဘဝ ပျော်စံရာကြီးဖြစ်ခဲ့တဲ့ ခွေခေတ်မှာလည်း WALL-E တို့လိုမျိုး "Animation ဟာ ရိုးရိုးကာတွန်းဆိုတာထက် မပိုဘူး” ဆိုပြီး ကြည့်ရှူသူတွေရဲ့ အတွေးတွေကို ရိုက်ခတ်ပစ်လိုက်တဲ့ ရုပ်ရှင်တွေကိုလည်း စတူဒီယိုကြီးတွေက risk ယူပြီး ဖန်တီးခဲ့ကြသလို Toy Story, Up အစရှိတဲ့ ကွန်ပျုတာသုံး 3D Animation တွေနဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝကို ပြည့်စုံစေခဲ့ကြတယ်ပေါ့ဗျာ။ လောလောလတ်လတ် Oscar Best Animated Feature မှာ ပီနိုချီရိုကို အမြင်သစ်နဲ့ ဖော်ပြထားတဲ့ရုပ်ရှင်နဲ့ ဆုရသွားခဲ့တဲ့ Guillermo ကြီးကလည်း Animation တွေဟာ Pure Cinema ဖြစ်ပြီး ဖန်တီးသူတွေကိုလည်း နည်းပညာသမားတွေအဖြစ် မမြင်ဘဲ အနုပညာရှင်တွေအဖြစ် မြင်ပေးဖို့ ပြောခဲ့ပါသေးတယ်။ အခုမော်ဒန်ခေတ်လို မရေမတွက်နိုင်တဲ့ ကွာလတီကောင်းကောင်း Animation ရုပ်ရှင်တွေ ကြီးစိုးလာချိန်မှာ တစ်ချိန်က ကျွန်တော်တို့ ကျုရှင်ကနေ အိမ်ကိုပြန်လာတိုင်း လွယ်အိတ်ပစ်ချပြီး တီဗီရှေ့ မျောနေခဲ့ရတဲ့ ကာတွန်းကားတွေကိုလည်း ဘယ်မေ့ထားကြနိုင်လိမ့်မှာတုန်းဗျာ။ အဲဒီထဲမှာမှ Scooby-Doo အပါအဝင် Tom & Jerry, Mickey Mouse, Peter Pan, Cinderella တို့ဟာ ကျွန်တော်တို့ ငယ်ဘဝကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တဲ့ အမှတ်တရတွေပေါ့။ နောက်ပိုင်းတော့ Remake တွေ Live-Action တွေနဲ့ ဒီဇာတ်ကောင်တွေကို ပိတ်ကားထက်ပေါ် တဖန် ပြန်ခေါ်လာဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ထင်သလောက် အရာမရောက်ခဲ့ရတဲ့ ရုပ်ရှင်တွေ မနည်းတော့ပါဘူး။ ဒီလိုနဲ့ မှေးမှိန်စ ပြုလာပြီဖြစ်တဲ့ ငယ်ဘဝ အမှတ်တရတွေထဲမှာ Scooby-Doo ကလည်း တစ်ထောင့် တစ်နေရာကနေ ပြည့်စုံစေခဲ့ဖူးတာ ငြင်းရက်စရာမရှိပါဘူး။ ချစ်စရာခွေးလေးတစ်ကောင်ရယ် လူငယ်လေးယောက်ရယ် အပြာရောင် တောက်တောက် ဗန်ကားလေးတစ်စီးရယ်နဲ့ အမြို့မြို့အနယ်နယ်က သရဲခြောက်နေပါတယ်ဆိုတဲ့ နေရာတွေကို ဓာတ်မီးကိုယ်စီနဲ့ ပတ်အဖြေရှာတဲ့ဇာတ်ဟာ ဖန်တရာတေနေတဲ့ ဇာတ်ပေမယ့် သရဲတစ်ကောင်ပေါ်လာတိုင်း ဒူးတုန်အောင်ကြောက်ရသလို စကူဘီဒူးနဲ့ ရှက်ဂီနှစ်ကောင်ပေါင်းပြီး မွှေတာကိုလည်း အကြိမ်ကြိမ်အဖန်ဖန် ရယ်မောခဲ့ကြတာ အရိုးသားဆုံးအမှန်တရားတွေပေါ့။ အလယ်က ဇာတ်အိမ်တွေ ဘယ်လိုပြောင်းပြောင်း ဗားရှင်းအသစ်တွေ အထပ်ထပ်အကာကာ ဘယ်လိုပဲလုပ်လုပ် Universe ကြီးတွေနဲ့ Collaboration အကြိမ်ကြိမ်လုပ်ခဲ့တဲ့တိုင် မရိုးမအီနိုင်အောင် မျောပါသွားခဲ့ကြတာပဲ မဟုတ်လား။ ဒီတစ်ခါက Collaboration ကတော့ စကူဘီဒူးတင်မက ခရစ္စပတိုလည်း ပါသဟေး ဆိုတဲ့အတိုင်း စကူဘီဒူးနဲ့ DC ပါ။ ပြောရရင် DC က နာမည်ကြီးတော်တော်များများလည်း ပါပါတယ်။ ဘတ်မန်း စူပါမန်း ဂျက်စတစ်လိဂ် လက်စ်လူသာ ဂျိုကာ ဟာလေကွင်း ဂျန်နရယ်ဇော့ လူးဝစ်လိန်း အစရှိသဖြင့်ပါ။ ဇာတ်ကတော့ ဒီလိုစပါတယ်... Hall of Justice ကနေ စူပါမန်းတို့အဖွဲ့ ရုတ်တရက်ကြီးပျောက်ချင်းမလှပျောက်သွားကြပါတယ်။ သူတို့မရှိတော့တဲ့ Hall of Justice မှာ သရဲတွေပါခြောက်လာပါတယ်။ ဒီတော့ လူးဝစ်လိန်းဟာ သတင်းထောက်ပီပီ အဆက်အသွယ်စုံလေတော့ နာမည်ကျော်သရဲစုံထောက်အဖွဲ့ကြီးကို ဒီအမှုကိုဖြေရှင်းဖို့ ဖိတ်ကြားလိုက်ပါတယ်။ စကူဘီဒူးတို့အဖွဲ့ပါပဲ။ စူပါဗီလိန်တွေသောင်းကျန်းနေတဲ့မြို့ပေါ် စကူဘီတို့ အမှုလာဖြေရှင်းတဲ့အခါ သူ့သခင်ကိုရှာနေတဲ့ ခရစ္စပတိုနဲ့တိုးကြပါလေရော။ စကူဘီနဲ့ ခရစ္စပတိုဆိုတဲ့ ခွေးလေး၂ကောင် စူပါမန်းတို့ကို ကယ်နိုင်မလား ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ခရစ္စပတိုဟာ သိပ်ချစ်ဖို့ကောင်းလွန်းနေတော့ ဒီကားကို အားလုံးသဘောကျကြမှာ သေချာသလောက်ပါပဲ။ (အညွှန်းရေး‌ပေးထားသူက‌တော့ Linn Ko Maung ဖြစ်ပြီး ဇာတ်ကားကိုတော့ Scooby Dooby မှ ပြန်ဆိုပေးထားပါတယ်) Size - 1.5GB, 630MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 18Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Scooby Dooby Encoded by Doo

Crime • Mystery • Thriller
0 2023 78 mins
Scooby-Doo! And Krypto, Too!
The Twins Effect (Vampire Effect)
6

၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။ အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ “Day For Night”စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama
6 2003
The Twins Effect (Vampire Effect)
My Sister
6.7

ဒီကားလေးက “ အစ်မကြီး အမိအရာ” ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့… သားယောက်ျားလေးမှ ဦးစားပေး နေရာပေး လူရာသွင်းတဲ့ တရုတ်တွေရဲ့ ဖိုဝါဒဓလေ့ကြီးအောက်မှာ နင်က အစ်မပဲလေဆိုတဲ့စကားတစ်ခွန်းဟာ တစ်သက်လုံးရုန်းထွက်မရအောင် ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်… ဒီလိုမမျှတနေတာကြီးနဲ့ ဒီလိုချည်နှောင်ထားတဲ့ကြိုးကို ဖြတ်တောက်ဖို့ရုန်းထွက်ဖို့ကြိုးစားသူကတော့ အန်းရန်ပေ့ါ သူကို မွေးတည်းက မိန်းကလေးဖြစ်လို့ဆိုပြီး မိဘရင်ခွင်ထက် အဒေါ်ရင်ခွင်မှာ ခိုလုံခဲ့ရတဲ့သူဖြစ်ခဲ့ရတယ်… သူအပျိုအရွယ်လောက်မှာ သားယောက်ျားလေးမွေးပြီး သူ့ကို မပေးခဲ့တဲ့မေတ္တာတွေကို ဒီမောင်လေးအလှည့်မှ ပေးနေတဲ့အပြင် သူ့ကိုပါ ဒီမောင်လေးအတွက် စွန့်ခြင်းမြောက်များစွာကို စွန့်ခိုင်းခဲ့တဲ့အခါသူဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး… ဒီအချိန်မှာ သူ့ကိုတိုက်ခန်းလွှဲပေးပြီး သူ့မိဘ ၂ ပါးလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားချိန်မှာ အန်းရန်တစ်ယောက် မမျှော်လင့်ထားတဲ့တိုက်ခန်းနဲ့အတူ သူမမြင်ချင်မကြည့်ချင်တဲ့ မောင်လေးပါ သူ့ဘဝထဲရောက်လာခဲ့ပါတယ်… အန်းရန်တစ်ယောက်ဟာ တိုက်ခန်းနဲ့အတူ မောင်ကိုပါ ရောင်းဖို့ပြင်ဆင်တော့တာပေါ့… အန်းရန်နဲ့ သူ့မောင်လေး ဘယ်လိုစခန်းသွားမယ်ဆိုတာ ဒါရိုက်တာက ပုံဖော်ထားပါတယ်… ဒါပေမယ့် ပရိသတ်ကြီးရော ဒီလို “အစ်မကြီးအမိရာ”ဆိုတဲ့အတိုင်း မောင်တွေညီမတွေရဲ့ အရှုပ်ထုပ်ကို အစ်မကလိုက်ရှင်းပေးရမယ်ဆိုတဲ့ အဆိုကို ထောက်ခံကြသလား…ဇာတ်ကားကြည့်ပြီးရင် အမြင်လေးတွေ ပြန်ဝေမျှသွားပါဦး~

Comedy • Drama
6.7 2021 127 mins
My Sister
Queen of Triads 2 – Infinite Sneak
5.9

Queen of Triads 2 ဆိုတဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးက ထုံးစံအတိုင်း ဟောင်ကောင် မူးယစ်ဈေးကွက်လောကကို အခြေခံရိုက်ကူးထားတာပေါ့… ဟောင်ကောင် မူးယစ်ဈေးကွက်မှာ ဦးဆောင်နေတဲ့ နာမည်ကြီး လုပ်ငန်းရှင် ၄ ဦးထဲက ဖေးခွင်း ခေါ် အစ်ကိုခွင်းနဲ့ အစ်ကိုဟောက်တို့ကြားက ယှဉ်ပြိုင်မှုအပိုင်းအစလေးမှာ နှင်းဆီဆိုတဲ့ သူလျိုတစ်ယောက်ဝင် ဂယက်ရိုက်တာကို ကွင်းဆက်မိမိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တင်ဆက်ထားတာပါ… နှင်းဆီ ဆိုတဲ့ နာမည်အတိုင်း လှလည်းလှ ဆူးလည်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ … သူက ဖေးခွင်း လက်မှာ သေခဲ့ရတဲ့ အဖေ ရဲအရာရှိသွေး အပြည့်အဝပါသူမို့ လေ့ကျင့်ရေးမှာလည်း အမှတ်ကောင်းပြီး သူလျို့စစ်ဆင်ရေးအတွက် အရွေးချယ်ခံခဲ့ရသူလေးပေါ့… နှင်းဆီနဲ့ အစ်ကိုခွင်းဟာဆို မိဘကို သတ်ခဲ့တဲ့ သွေးရန်ငြိုးရှိနေသေလိုပဲ… တစ်ချိန်က အစ်ကိုခွင်း လက်အောက်ငယ်သားဖြစ်သူ အစ်ကိုဟောက်ကလည်း တစ်ချိန်က နှင်းဆီကို ကယ်ခဲ့သူဖြစ်နေတာပေါ့… ဒီလိုနဲ့ နှင်းဆီတစ်ယောက် အစ်ကိုဟောက်နားရောက်လာပြီး ဘယ်လို စစ်ဆင်ရေးလှုပ်ရှားမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတာမို့ မပျက်မကွက် ကြည့်လိုက်ကြနော်..

Comedy • Drama
5.9 2023
Queen of Triads 2 – Infinite Sneak
Street Dancer 3D
3.4

(Unicode) အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . . လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . . အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . . အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . . Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . . လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . . တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖို့လုပ်ရင်း ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . . ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ . . Varun Dhawan, Nora Fatehi , Shraddha Kapoor တို့အဓိကခေါင်းဆောင်ပါဝင်ထားပီး အကအလှဝေေ၀ဆာဆာနဲ့ ကြည့်ရှုခံစားရမဲ့ နာမည်ကြီး ရုံတင်ဇာတ်ကားကောင်းတစ်ကားမို့မလွတ်တမ်ခံစားကြည့်ရှုသင့်တဲ့ . . .ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း . . .? ဇာတ်လမ်းအညွှန်းကို MLMC မှ ကူးယူဖေါ်ပြထားဖြစ်ပါတယ် ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

3.4 2020 146 mins
Street Dancer 3D
Bound by Honor (aka) Blood In, Blood Out
7.9

ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း: မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။ မစ်ကလိုတစ်​ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff

7.9 1993
Bound by Honor (aka) Blood In, Blood Out
I’ll Sleep When I’m Dead
5.8

I’ll Sleep When I’m Dead ကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူ အကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူး ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့ အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်း ဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ် လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ် မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့် ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့် ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကို ပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီက သေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲ သံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကို သိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိ လာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီး ဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင် အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
5.8 2003
I’ll Sleep When I’m Dead
Lock-On Love

Lock-On Love (2018) IMDb: 6.1/10 Genre: Comedy, Romance ပေါ့ပေါ့ပါးပါးပေမဲ့ နွေးနွေးထွေးထွေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဂျပန်လူငယ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကတော့ ပင်ကိုယ်ရူပကာ သနားကမားနဲ့ ကောင်မလေးတွေ ဝိုင်းသဘောကျကြတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးပဲဖြစ်ပါတယ်။ မွေးကတည်းကနေ အခုထက်ထိ ဘာမှထွေထွေထူးထူးမလုပ်ရပါဘဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ အော်တိုပြည့်နေသူမျိုးပေါ့။ မိန်းကလေးတွေကြားရည်ပန်းစားနေတော့ သူ့ကိုယ်သူလည်း အချစ်ခံရတယ်ဆိုပြီး ဘဝင်လေဟပ်နေပေမဲ့ တစ်ရက်မှာ သူတို့အဖွဲ့ထဲက သာမန်ရုပ်ရည်နဲ့ သူငယ်ချင်းတစ်ယောက် ရည်းစားရသွားတော့မှ သူ့မှာ တကယ်တမ်း ချစ်သူရည်းစားကောင်မလေး တစ်ခါဆိုတစ်ခါမှ မရှိဖူးသေးဘူးဆိုတဲ့ အမှန်တရားကို သွားသတိထားမိလိုက်ပါတယ်။ ဟုတ်ပါတယ်၊ သူဟာ မိန်းကလေးတွေအဖို့ ချစ်စရာလေးဆိုပြီး ဝိုင်းဝိုင်းလည်နေပေမဲ့ အဲ့ဒီထက်မပိုတဲ့၊ ရည်းစားတော်ဖို့ကျ ဘယ်သူမှ မတွေးထားတဲ့ အလှကြည့်ယောကျ်ားသပ်သပ်သာဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ သူဟာ ရည်းစားတစ်ယောက်တော့မဖြစ်မနေရှာမယ်လို့ အပိုင်ခဲပြီး ဘော်ဒါတွေအကူအညီနဲ့ သူကြိုက်တဲ့မိန်းကလေးကို လိုက်ရှာရင်းကနေ လှလည်းလှ တော်လည်းတော် သွေးလည်းကြီးတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိကျပြီး ဖွင့်ပြောလိုက်ရာက ချက်ချင်းအငြင်းခံလိုက်ရပြီး သူ့ရဲ့ ရှိစုမဲ့စု မာနလေးပါ ကုန်သွားပါတော့တယ်။ သူ့လိုလူကိုမှ ငြင်းရလားဆိုတဲ့ စိတ်နဲ့ ထပ်ဖန်ကြိုးစားရင်းက အဲ့ဒီမိန်းကလေးကို အတည်ချစ်မိသွားတဲ့နောက်မှာတော့… ကျောင်းသားအချစ်ကား ပေါ့ပေါ့ပါးပါးလေးလို့အလွယ်လေးပြောရင် ရပေမဲ့ အဲ့ဒီ့ထက်လည်းပိုပါတယ်၊ တစ်ဖက်က တံတိုင်းကြီးကာချိန် တစ်ဖက်က တံတားထိုးနေခဲ့သလိုပေါ့.. ။ လူသား ၂ယောက်ကြား တူညီတဲ့ မေတ္တာပေါက်ဖွားဖို့ဆိုတာ လွယ်တဲ့ကိစ္စမှလည်း မဟုတ်တာ။ လူတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို အလုံးစုံနားလည်နိုင်ဖို့မဖြစ်နိုင်ဦးတောင် အကောင်းဆုံးလုပ်ပေးနိုင်တာတွေဟာတော့ လက်လှမ်းမီတဲ့နေရာတွေမှာ အမြဲရှိပါတယ်။ သူ့အတွက်ဆိုပြီး တွေးပေးနေသ၍ အားထုတ်မှုတိုင်းဟာ သေးငယ်တယ်ရယ်လို့ မရှိပါဘူး။ ချစ်ခြင်းမေတ္တာဟာ ကြာကြာနှပ်ထားတဲ့ ဟင်းတစ်ခွက်လိုပါပဲ.. အချိန်နဲ့ အားစိုက်မှုပေးလေလေ အရသာရှိတဲ့ အမယ်တစ်ခွက် ရလေလေပေါ့။ အညွှန်းရေးသူကတော့ Zပါ။ File size… 1.4 GB / 677 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Z

0 2018
Lock-On Love
Yannick
7

ဟာသကားဆိုရင် ပြင်သစ်ကားတွေကို မေ့ထားလို့ မရတာ အမှန်ပါပဲ။ အခု IMDb 7 အထိရထားတဲ့ ဒီဇာတ်ကားထဲမှာလည်း ပြဇာတ်တစ်ခု ကနေရင်း ရန်းနစ်ဆိုတဲ့ လူတစ်ယောက်က ပြဇာတ်ကို မကြိုက်တဲ့အကြောင်း .. ပြဇာတ်က ချီးထုပ်ပြဇာတ်ဖြစ်နေတဲ့အကြောင်း ထပြောရင်း ဇာတ်လမ်းတစ်ခုလုံး မပျင်းရဘဲ ကြည့်ရမယ့် Dark Comedy ဟာသကားမျိုး ဖြစ်ပါတယ်။ ရိုးရိုး ဟာသကားမဟုတ်ဘဲ Dark Comedy ကိုမှ သဘောကျတယ်ဆိုတဲ့ သူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တယ်လို့ ပြောလိုက်ပါရ‌စေ။ File size…684MB Quality…WEB-DL 1080p 5.1CH Format…mp4 Duration….1h 7m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

7 2023 67 mins
Yannick
Mausam
4.8

Mausam (2011) “မုန်တိုင်းကို ရင်ဆိုင်၍” ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ဟင်ဒီရိုမန့်ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ မျက်နှာထားချိုချိုနဲ့ မင်းသား Shahid Kapoor နဲ့ မင်းသမီး Sonam Kapoor တို့ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ၁၉၉၂ – ၂၀၀၂ ကြား သမိုင်းနောက်ခံဖြစ်ရပ်တွေ အရေးခင်းတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ် ၁၉၉၂ မှာ အာရက်နဲ့ သူ့အဒေါ်ဟာ ကတ်ရှ်မီးယားကနေ Mallukut ကို ထွက်ပြေးလာပါတယ် သူ့အမေကို စစ်သွေးကြွတွေလက်ချက်နဲ့ ဆုံးရှုံးခဲ့ရတာပါ အဲဒီမှာ ပျော်ပျော်နေတတ်တဲ့ တက်တက်ကြွကြွကောင်လေး ဟယ်ရီနဲ့ စတွေ့ပါတယ် ဒီလိုနဲ့ ချစ်သူတွေဖြစ်သွားကြတယ် ဆိုပါတော့ ဒါပေမဲ့ သူတို့တွေအကြောင်းတစ်ခုကြောင့် ခွဲခွာခဲ့ရပြီး နောက်ထပ်ပြန်လည်ဆုံတွေ့ချိန်မှာလည်း နိုင်ငံရေးအခြေအနေတွေက သူတို့နှစ်ယောက်နီးစပ်ရေးကို အမျိုးမျိုးတားဆီးပြန်ပါတယ် မတူညီတဲ့ နောက်ခံမှလာတဲ့ ချစ်သူနှစ်ဦး… စစ်ပွဲ၊ ဘာသာရေးပဋိပက္ခ ခလုတ်ကန်သင်းတွေကြားမှ လွတ်လမ်းကို အတူရှာတွေ့သွားနိုင်မှာလား အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

4.8 2011
Mausam
The New Guy

Imdb rating – 5.8/10 ဒီကားလေးကတော့ အမေရိကန် ကျောင်းသားဟာသကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒစ်ဇ်က အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းထဲမှာ အနိုင်ကျင့်ခံအရှုံးသမားတစ်ယောက်ပါ။ ဒါပေမဲ့ စီနီယာနှစ်မှာတော့ အဲဒါကိုပြောင်းလဲဖို့အတွက်ကြိုးစားရင်း မတော်တဆမှုဖြစ်ပြီး လူရယ်စရာဖြစ်သွားပါတယ်။ စိတ်ညစ်ညစ်နဲ့ ချာ့ခ်ျဂီတအဖွဲ့ထဲ၀င်ကြွယ်လိုက်တာ တစ်ညဂျေးအောင်းလိုက်ရပြီး လူသာဆိုတဲ့ဘဲကြီးဆီအရှုံးသမားကနေ လူကြမ်းကြီးဖြစ်ဖို့ နည်းစနာယူပညာသင်ပါတော့တယ်။ ကျောင်းလည်းပြောင်းလိုက်ပြီးတော့ နာမည်ပါပြောင်း သင်လာသမျှပညာတွေထုတ်သုံးပြီး ဒစ်ဇ်တစ်ယောက် သူဖြစ်ချင်သလို လူကြမ်းကြီးဖြစ်အောင် ကြိုးစားတဲ့အကြောင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။ plotက အကောင်းကြီးမဟုတ်ပေမဲ့ ခွီပဲခွီချင်တယ်ဆိုတဲ့ ကြည့်ရှုသူတွေအတွက် ရွေးချယ်ဖို့အဆင်ပြေတဲ့ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

0 2002
The New Guy
That Christmas
6.8

That Christmas (2024) IMDb Rating (6.6) / Rotten Tomatoes (66%) နှစ်ကုန်မှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb 6.8/10ရရှိထားပြီး ပေါ့ပေါ့ပါးပါးနဲ့အေးအေးဆေးဆေးကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းပြောရရင်တော့ ခရစ်စမတ်အကြိုနေ့မှာ လူတိုင်းဟာကိုယ့်အစီအစဉ်နဲ့ကိုယ် ပျော်ရွှင်ဖွယ်ရာပွဲတွေလုပ်ဖို့စီစဉ်နေကြတဲ့အချိန် မထင်မှတ်ထားတဲ့ ရာသီဥတုကြောင့်နှင်းမုန်တိုင်း၂ခါတိုက်ပြီး လူတိုင်းလိုလိုရဲ့အစီအစဉ်တွေပျက်သွားပြီး အားလုံးစိတ်ညစ်ကုန်ကြ‌ပါတယ်။ ဒါပေမဲ့ ခရစ်စမတ်ဆိုတာပျော်ပွဲရွှင်ပွဲတွေနဲ့မဆိုင်ပဲ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်နဲ့အတူရှိနေဖို့သာအဓိကဖြစ်ပြီး နေတတ်ရင်အရာရာတိုင်းကပျော်ရွှင်ဖို့ကောင်းကြောင်းကို ရသအစုံနဲ့ရိုက်ပြထားပါတယ်။ ဒီတော့ အားလုံးလဲဒီဇာတ်ကားလေးနဲ့အတူတူလိုက်ပါစီးမျောပြီးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။) File size…(1.6 GB) / (930 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy, Family, Fantasy Duration….01:36:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mastero

6.8 2024 91 mins
That Christmas
Nanay, Tatay
8

Nanay, Tatay (2024) IMDb Rating (8.0) ဘတ်တီနာ၊အောလစ်ဗ်နဲ့ ပေါ်လာ တို့ဟာ မိဘမဲ့ကလေးတွေဖြစ်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဖမ်းထားရာကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကံကောင်းထောက်မစွာနဲ့လမ်းမှာတွေ့တဲ့ လင်မယားနှစ်ယောက်က ကယ်တင်သွားခဲ့ပါတယ်။ ပိုပြီးကံကောင်းတာကတော့ အဲ့ဒီဇနီးမောင်နှံဟာ သမီးငယ်ကိုလောလောလတ်လတ်ဆုံးရှုံးထားရသူတွေဖြစ်ပြီး သူတို့သုံးယောက်လုံးကို မွေးစားဖို့ဆုံးဖြတ်လိုက်တာပါပဲ။ လမ်းဘေးမှာ စားရမဲ့ သောက်ရမဲ့ဘ၀ကနေ ချက်ချင်းစံအိမ်ကြီးတစ်လုံးမှာ ပြည့်ပြည့်စုံစုံနေရတဲ့ဘ၀ကို ရောက်သွားပေမယ့်လည်း အိမ်ကြီးပေါ်ကိုရောက်မှ ထူးဆန်းတဲ့အဖြစ်တွေ လျှို့ဝှက်ချက်တွေနဲ့ ခြောက်လှန့်မှုတွေကို သူတို့သုံးယောက်လုံး တစ်ယောက်တစ်မျိုးစီကြုံတွေ့လာရပါတော့တယ်။ ဒီအိမ်ကြီးရဲ့အခြောက်အလှန့်က ဘယ်သူ့ဝိဉာဉ်အစွဲဖြစ်မလဲ? အိမ်ရှင်လင်မယားရဲ့သေဆုံးသူ သမီးလေးလား? ဘတ်တီနာတို့သုံးယောက်ဘက်ကရော အပြည့်အ၀ရိုးသားမှုရှိရဲ့လား? အစရှိတာတွေကို သည်းထိတ်ရင်ဖိုရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.2 GB) / (710 MB) / (420 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:36:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Romance • TV Movie
8 2024 120 mins
Nanay, Tatay