YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Shrew's Nest (2014) Blu-ray 720p (CM).mp4

521.43 MB N/A video/mp4 23 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Clue
7.2

Clue (1985) ~ IMDb – 7.2/10, Rotten Tomatoes – 68% ~ Clue ဟာ board game ကို Inspiration ယူပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ နည်းနည်းတော့ ဆန်းတယ်မလား။ ပုံမှန်ဆို ရုပ်ရှင်ကိုမှ board game ပြန်လုပ်ကြတာမလား။ ဒီရုပ်ရှင်ဟာ တကယ့် ကလပ်စစ်ဂကြောင် ရုပ်ရှင်ပါ။ ဘာလို့ဆို သူဆန်းတာက ဒီလောက်တင်မဟုတ်ဘဲ စုံထောက်ကားကိုမှ ဟာသကားဖြစ်အောင်ရိုက်ထားတာလည်း ပါတာကိုး။ တကယ့် ကကြိုးကကြောင်ဇာတ်ဝင်ခန်းတွေနဲ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းစစဖွင့်ချင်းမှာ အိမ်တစ်အိမ်ကို လူ့နယ်ပယ်နဲ့ သူ နာမည်ကြီးတဲ့ နာမည်ကျော်လူတွေကို ဖိတ်ခေါ်လိုက်တယ်။ နာမည်ပျက်ခံလို့မရတဲ့သူတွေချည်းပေါ့။ သူတို့အားလုံးမှာ တူညီတာက ငွေညှစ်ခံနေရတဲ့တစ်ချက်ပဲ။ အဲဒီငွေညှစ်ခံရတာကို ဖိတ်ခေါ်တဲ့သူက ဘယ်လိုသိလဲ ဘာလဲညာလဲ အဖြေရှာရင်း လူသတ်မှုတွေဖြစ်လာတယ်။ အဲဒီလူသတ်မှုကို သူတို့ ကြားထဲပဲ ပြန်အဖြေရှာတယ်။ ဒါပါပဲ။ ဘုတ်ဂိမ်းကို ပြန်ရိုက်ထားတာဆိုတော့ ဘုတ်ဂိမ်းဆန်ဆန် ဇာတ်လိုက်လည်းမပါသလို ကစားသမားတိုင်းက အဓိကပါပဲ။ ဘုတ်ဂိမ်းကစားသလိုကို ကစားသမားတွေရဲ့ စောက်တလွဲတွေ ဖြစ်ချင်သလိုဖြစ်နေတာတွေနဲ့ ခွီရမယ့် လူသတ်မှုအဖြေရှာတဲ့ စောက်တလွဲဇာတ်လမ်းပါပဲ။ သေချာတာကတော့ ဘာပဲဖြစ်ဖြစ် ခင်ဗျား ပထမ၁၅မိနစ်လောက်ကို ကြည့်ကြည့်ပါ။ ခင်ဗျားစိတ်က ဒီဇာတ်လမ်းပြင်ပကို ဘယ်လိုမှမထွက်နိုင်တော့ဘူး ဖြစ်သွားပါလိမ့်မယ်။ ဒီလိုဆွဲဆောင်မှုရှိတဲ့ ဂကြောင်ဇာတ်လမ်းပါ။ သူ့ဆန်းပုံက ဒါတင်ပဲမဟုတ်သေးဘူးရယ်။ ပါရာမောင့်ရဲ့ စောက်စားအကွက်ကြီးလည်း ဒီရုပ်ရှင်ရဲ့ကြောင်နိုင်အားကို ပိုဆန်းသစ်စေခဲ့ပါတယ်။ ဒီရုပ်ရှင်ရုံတင်တုန်းက ပါရာမောင့်က တစ်ချို့ရုံတွေက ဇာတ်သိမ်းတစ်မျိုး တစ်ချို့ရုံတွေတစ်မျိုးနဲ့ ဇာတ်သိမ်း၃ခု သုံးခဲ့ပါတယ်။ ဇာတ်သိမ်းသုံးခုလုံးကို သိချင်ရင် လက်မှတ်၃ခါပြန်ဝယ်ပြီး ရုံတွေလိုက်ပတ်ကြည့်ရအောင်လုပ်ထားတဲ့ ပါရာမောင့်ရဲ့ မဟာစီးပွားရေးအကွက်မြင်မှုကြီးပေါ့။ ဒီလိုနဲ့ ဒီရုပ်ရှင်ဟာ သမိုင်းတွင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ ကလပ်စစ် ဂကြောင်ကားကြီးပေါ့။ ဒီမှာတောာ့ ဇာတ်သိမ်းသုံးခုလုံးကို ပြထားသလို ကိုယ့်စိတ်ကြိုက်ဇာတ်သိမ်းကိုလည်း ရွေးလို့ရပါတယ်။ ကျွန်တော်ကတော့ ပထမဇာတ်သိမ်းကို အကြိုက်ဆုံးပါပဲ၊ ဆက်စီကျပြီး လန်းလို့ပါ။ ရော်ဂျာအတ်ဘတ်ကတော့ ၃ခုလုံးကြည့်ရအောင်တန်တဲ့ကားမဟုတ်ဘူးပြောပေမဲ့ ကျွန်တော်သာ အဲဒီခေတ်မှာ ပတ်ကြည့်မှ ၃ခုလုံးကြည့်ရမယ်ဆို ကြည့်မိမှာတော့ အမှန်ပါပဲ။ ဟာသဖြစ်အောင်ရိုက်ထားလို့ ကြောင်သလို ပဟေဌိလည်းဆန်တဲ့ တကယ့်စုံထောက်ဇာတ်ကောင်းလည်းဟုတ်ပါတယ်။ သရုပ်ဆောင်တွေ ပြောင်မြောက်တာကလည်း တစ်ပိုင်းပေါ့။ ဆက်စီကျတဲ့ သရုပ်ဆောင်ကလည်းကျတယ်။ စောက်တလွဲတွေချည်းအကုန်ပတ်လုပ်ကြတာတွေကလည်း တကယ်အသက်ဝင်ပါတယ်။ ဒီဗရုတ်သုတ်ခတွေကိုက ဒီဇာတ်လမ်းရဲ့ အားသာချက်ပဲလို့ ဆိုရပါမယ်။ နာမည်ကျော်ဘုတ်ဂိမ်းကြီးကို သရုပ်ဆောင်တွေက အသက်ဝင်အောင်လုပ်ပေးခဲ့တဲ့ ကလပ်စစ် ဂကြောင်ကားအဆန်းကြီးကို ကြည့်ချင်ရင်တော့ ထူးထူးခြားခြား ဒီ Clue ဆိုတဲ့ကားကို ကြည့်ကြည့်ကြပါ။ အင်တာတိန်းလည်း တော်တော်ဖြစ်သလို အချိန်လည်းသိပ်မပေးရတဲ့အပြင် ကလပ်စစ်အရသာကိုပါ ခံစားနိုင်မယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 704MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 34Min Genre – Comedy, Crime, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Crime • Drama • Thriller
7.2 1985 94 mins
Clue
Khuda Haafiz: Chapter 2
8.3

Khuda Haafiz Chapter II: Agni Pariksha (2022) ============================= ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီ…နံပါတ် ၁ ကတော့ ၂၀၂၀ လောက်က ထွက်ရှိထားပါတယ်… နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်း အက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်း အက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ.. အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက် အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း ၇၂၀၀ကျော် ဖြစ်ပွားနေတယ်.. ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကို ကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်… နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှ လူကို သတ်နေပါတယ်… သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့ စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ် မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်.. ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေး မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ…

Action • Comedy • Crime
8.3 2022
Khuda Haafiz: Chapter 2
Mr. Monk’s Last Case: A Monk Movie
7.4

Mr. Monk’s Last Case: A Monk Movie (2023) ထွက် ဇာတ်ကားလေးက ၂၀၀၂ ကနေ ၂၀၀၉ ခုထိ ထွက်ခဲ့တဲ့ လူကြိုက်များနာမည်ကျော် Emmy ဆုတွေ အများကြီး ရခဲ့တဲ့ Monk ဆိုတဲ့ ဟာသ ဒရမ်မာ မှုခင်းလိုက် Series လေးရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဆက်ဆိုပေမဲ့ ရှေ့ series မကြည့်ထားတဲ့သူတွေအတွက်လည်း အခုမှ စကြည့်လို့ ရတဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားဖြစ်ပြီး ဝါရင့်နာမည်ကျော်သရုပ်ဆောင် Tony Shalhoub က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Mr. Monk ဆိုတာ လူသတ်မှုတွေအများကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဝါရင့်စုံထောက် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ တခြားသူနဲ့ မတူတာတွေကတော့ photogenic memory လို့ခေါ်တဲ့ အရာရာကို တစ်ကြိမ်မြင်ရုံနဲ့ မှတ်မိတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ OCD လို့ခေါ်တဲ့ ပတ်ဝန်းကျင်က အရာတွေကို သူ့စိတ်ထဲကပုံစံအတိုင်း စနစ်တကျ ဖြစ်ရမှ ကျေနပ်တဲ့ စိတ်အခြေအနေတစ်မျိူးလေးတို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိက ပြသွားတဲ့ အကြောင်းအရာကတော့ Mr. Monk ရဲ့ သမီးအရင်းလို့ ချစ်တဲ့ Molly တစ်ယောက် သူ့ခင်ပွန်းလောင်နဲ့ လက်ထပ်ပွဲ မကျင်းပခင် တစ်ရက်အလိုမှာ သူ့ရဲ့ခင်ပွန်းလောင်းဟာ မသင်္ကာစရာဖြစ်ရပ်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ Molly စိတ်သက်သာရာရအောင် Mr. Monk တစ်ယောက် ဆုံးပါးသွားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ သေမှုသေခင်းကို လေ့လာတဲ့ အခါမှာတော့ ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ မသင်္ကာစရာ ပတ်သက်မှုတွေ ရှိနေတဲ့ အခါမှာတော့ Mr. Monk တစ်ယောက် အမှုပုစ္ဆာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ သူ့ရဲ့ စိတ်အခြေအနေကလည်း ပုံမှန်ထက် ပိုပြီးယိုင်လဲနေတဲ့ အချိန်မှာ သူကျော်ဖြတ်နိုင်ပါ့မလား စတာတွေကို ဇာတ်ရှိန်မကျပဲ တဝကြီးကြည့်ရမဲ့ ဟာသ ဒရမ်မာ စုံထောက်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်ဗျ…. File size…1.71GB / 791MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.4 2023 97 mins
Mr. Monk’s Last Case: A Monk Movie
Nothing Lasts Forever
7.1

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် ဗဟုသုတ ရမယ့် documentary တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ Nothing Lasts Forever – ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတဲ့ နာမည်ကြောင့် အချစ်ရေးရာ အဖြာဖြာရယ်တော့ မဟုတ်ရပါဘူး။ ဒီ Documentary ထဲမှာတော့ စိန်လုပ်ငန်းနယ်ပယ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းလှည့်ကွက်တွေအကြောင်းကို ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ customer တွေက ပစ္စည်းအကြောင်း သေချာမသိပါဘဲ လုပ်ငန်းရှင်တွေရဲ့ အလိမ်အညာတွေကြားထဲမှာ နစ်မြောပြီး ထုတ်ကုန်တစ်ခုကို ဝယ်ယူမိတတ်ကြပါတယ်။ လက်ဝတ်ရတနာ အဝယ်မှားရင်တော့ ပိုက်ဆံသိန်းချီ ဆုံးရှုံးရမယ့်ကိန်းပါ။ လက်ဝတ်ရတနာတွေကြားမှာ ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ စိန်ထည်က တကယ်ပဲ ပေးရတဲ့ ဈေးနဲ့ တန်နေရဲ့လားဆိုတာကို ဒီ documentary ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စိန်တွေကို ဘယ်လိုထုတ်နေကြသလဲ၊ ဘယ်နေရာတွေမှာ သန့်စင်သိုလှောင်ပြီး ဘယ်လောက်ပမာဏတွေ ထုတ်ယူနေကြလဲဆိုတာကို သိရှိရမှာပါ။ အဓိကကတော့ သဘာဝတွင်းထွက်စိန်နဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ စိန်တို့ကြားက ဈေးကွက်ယှဉ်ပြိုင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ သူတို့အကျိုးစီးပွားအတွက် customer တွေကို ဘယ်လိုထင်ယောင်ထင်မှားဖြစ်မှုတွေကြား လှောင်ပိတ်ထားပြီး အမြတ်ထုတ်နေသလဲဆိုတာကိုပါ သဘောပေါက်သွားစေမှာပါ။ စိန်တိုက်ပိုင်ရှင်တွေက သူတို့ရောင်းချတဲ့ စိန်တွေက စိန်အစစ်ပါလို့ အာမခံပေမဲ့ တကယ်ပဲ စစ်ရဲ့လားဆိုတဲ့ သံသယမျိုး ချန်ပေးခဲ့မယ့် Documentary ကောင်းတစ်ခုဖြစ်တာမလို့ ဗဟုသုတရချင်သူများ အထူးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… 1.2 GB / 593 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

7.1 2022 87 mins
Nothing Lasts Forever
Persona
8

Persona ( 1966 ) Personaက Ingmar Bergmanရဲ့ အကောင်းဆုံးတွေထဲပါသလို ခေတ်အဆက်ဆက် ရုပ်ရှင်ဒါရိုက်တာတွေ ဒီစတိုင်မျိုး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပြန်ဖော်ထုတ်ကြတာကိုလည်း ခဏခဏခံခဲ့ရတဲ့ ရုပ်ရှင်ပဲ။ ထင်ထင်ရှားရှားကတော့ ဒေးဗစ်လင်းရဲ့ မူဟော်လန်ဒရိုက်ဗ်တို့ ဘာတို့ပေါ့။ စတိုရှိခွန်တို့ စကောဆေးစိတို့လည်း ကင်းခဲ့မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီလိုပါပဲ။ ဘာမှအသစ်မရှိတဲ့ သမိုင်းတစ်လျှောက်မှာ ဒါလည်း မဆန်းပါဘူး။ အင်ဂမာဘာ့ခ်မန်းကို ကျွန်တော်အလေးစားဆုံးအပိုင်းက သူ့အနုပညာကို သူ့အတွက်ပဲသူလုပ်တဲ့ အမှုကိုပဲ။ ဘာ့ခ်မန်းက အစောပိုင်းကာလတွေမှာတော့ သူ့ရုပ်ရှင်ရိုက်တဲ့အပိုင်းမှာ ပရိသတ်ဆိုတဲ့အပိုင်းကို ထည့်တွေးခဲ့ပေမဲ့ နောက်ပိုင်းတော့ ရုပ်ရှင်ကို သူ့အတွက်ပဲ သူရိုက်တော့တယ်လို့ ပြောခဲ့တယ်။ သူ့ခံစားချက် သူ့အနုပညာကို သူစီးကူးချင်လို့ပဲ ရိုက်တော့တယ်လို့ပြောခဲ့တယ်။ ဘာ့ခ်မန်းဟာ အော်စကာဆန်ခါတင်ဝင်တာကိုတောင် ငြင်းခဲ့တဲ့အတွက် သူ့ရုပ်ရှင်တွေဟာ သူ့အတွက်သူလုပ်တာလို့ပဲ ယုံခဲ့တဲ့လူမျိုးပဲ။ ဘယ်သူ့မှတ်ကျောက်မှ အတင်ခံစရာမလိုလို့လည်းဖြစ်နိုင်တယ်။ မသိနိုင်ဘူး။ ဝူဒီအယ်လန်ကလည်း Personaကို မှီးပြီး Stardust Memories (1980)ကို ရိုက်ခဲ့ဖူးသလို ဘာ့ခ်မန်းကို လေးလည်းလေးစားသလို လူချင်းလည်းတွေ့ဖူးတဲ့သူပဲ။ သူလည်း မထူးဘူး။ ‌အော်စကာကို ငြင်းတော့မငြင်းခဲ့ပေမဲ့ သူရခဲ့တဲ့လေးဆုလုံးကို သူသွားလည်းမယူခဲ့ဘူး။ သူလည်း အလားတူ သူ့အတွက်ပဲသူရိုက်ပုံပါပဲ။ သူ့ပြဿနာနဲ့သူ အမေရိကန်ရုပ်ရှင်လောကမှာ ခြေချဖို့မဖြစ်နိုင်တော့ပေမဲ့ ပရိသတ်လက်ခံမှုတော်တော်ပျက်သွားပေမဲ့ ပြင်သစ်မှာ အခုထိရိုက်ကောင်းတုန်းပဲ။ ဘာ့ခ်မန်းရဲ့ ရုပ်ရှင်တွေကတော့ ပုဂ္ဂလိက ပိုဆန်မလားပဲ။ သူ့ရုပ်ရှင်တွေဟာ အမြဲ သူ့အမေးတွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။ သူ့ရုပ်ရှင်တွေဟာ သူ့ရှေ့က ဘယ်ဒါရိုက်တာနဲ့မတူတဲ့ အကြောင်းအရာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်တွေများတယ်။ သေခြင်း ယုံကြည်မှု လူ့ဆက်ဆံရေးတို့ကို အမြဲမေးခွန်းထုတ်ထားတယ်။ Personaကလည်း အဇ္စျတ္တနဲ့ အစစ်အမှန်တရားကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်လို့ပြောလို့ရတယ်။ Personaဆိုတာ maskဆိုတဲ့ အဓိပ္ပာယ်လည်းရနေတယ်။ ဘာ့ခ်မန်းအဆိုအရတော့ ကျွန်တော်တို့ရဲ့ ပြုခြင်းပြောခြင်း ထိတွေ့ခြင်း အရာရာက အစစ်အမှန်တရားမဟုတ်ဘူးတဲ့။ ငြိမ်သက်ခြင်းကတော့ အစစ်အမှန်တရားတစ်ခုတည်းသော ပုံစံဖြစ်နိုင်တယ်တဲ့။ ဒါကြောင့် ဒီရုပ်ရှင်ထဲက ဇာတ်ဆောင်ဟာ စိတ်‌ရော ကိုယ်ရော ကျန်းမာနေလျက်ပါနဲ့ ပြောခြင်းပြုခြင်းတွေနဲ့ ကင်းအောင်နေခဲ့တယ်။ ဒါကို ဆရာဝန်တွေက ကုပေးဖို့ကြိုးစားတာနဲ့ ဒီရုပ်ရှင်ကို စဖွင့်ထားတယ်။ ဘာ့ခ်မန်းဆက်ပြောတာက… နောက်တစ်ဆင့်ထပ်တွေးကြည့်မယ်ဆိုရင်လည်း ဒီလိုမပြုမပြောဘဲနေတာကိုကလည်း မျက်နှာဖုံးတစ်မျိုးဖြစ်နေတာကို မြင်ရလိမ့်မယ်တဲ့။ ဒီရုပ်ရှင်ဟာ အဲဒီနောက်တစ်ဆင့်ရဲ့ မျက်နှာဖုံးကို ခွာချတဲ့အကြောင်းလို့ပြောရင်လည်း ရတယ်။ မရှိမဖြစ်အတုတွေနဲ့ လည်ပတ်နေတဲ့အရာကို ကမ္ဘာလို့ ငါတို့ခေါ်တယ်။ အမြဲမဟုတ်တောင် တစ်ခါတလေတော့လည်း ငါတို့ထဲကအများစုကတော့ ဒါကိုမြင်ခဲ့ကြတယ်။ ဘယ်သူမှတော့ ဒါကိုအကြာကြီးမစွဲကြဘူး။ အကြာကြီး မတွေးကြဘူး။ စွဲလိုက်မိရင်လည်း ငါတို့ကမ္ဘာကြီးက ပြိုကျသွားလိမ့်မယ်။ ငါတို့ထက်တော်တဲ့လူတွေ မသိခဲ့ကြဘူးမဟုတ်ဘူး။ တစ်ချို့တလေကတော့ ငြိမ်သက်ခဲ့ကြတယ်။ သက်ငြိမ်ကလည်း ဒီကမ္ဘာက မလွတ်မြောက်နိုင်သေးတဲ့ လွတ်မြောက်ချင်ယောင်ဆောင်ထားတဲ့ နောက်ထပ်အတုတစ်ခုပဲ။ “ရောင်စုံစွန်းထင်းခဲ့တဲ့စိတ်ကို ဖြူစင်အောင်ပြန်ဖွတ်လည်း” ဒါတကယ်ဖြူစင်ခြင်း ဟုတ်ပါ့မလား။ ဖြူစင်ခြင်းကရော ရှိပါ့မလား။ တစ်ချိန်တည်းမှာပဲ အသစ်တစ်ခုကြောင့် အဟောင်းတစ်ခုက အတုဖြစ်သွားမယ်ဆို အသစ်တစ်ခုကလည်း အတုပဲလို့ ထင်ကောင်းထင်ရနိုင်တယ်။ ဒါပေမဲ့ ငါတို့ယုံကြည်ထားတဲ့ ခံစားချက်ရဲ့စစ်မှန်ခြင်းအရတော့ စစ်နေရင် ဒါတွေဟာ အတုတွေဟုတ်ပါ့ဦးမလား။ ဒါမှမဟုတ် အဲဒီခံစားချက်ကလည်း ငါတို့ဉာဏ်မမီနိုင်တဲ့ အတုတစ်ခုပဲလား။ စိတ်မှာရော အဆုံးရှိပါ့မလား။ ဒီအချိန်ငါ့အတွေးဟာ”အမည်မရှိရေတံခွန်”။ ” ဘယ်တုန်းကမှလည်း မမိခဲ့ဖူးဘူး”။ ဒီတိုင်းပဲ ထားလိုက်ရပါတယ်။ ဘာကမမှန်ပေမဲ့ အားလုံးမှားသွားတဲ့အခါကျရင် အားလုံးပြိုလဲကြရမှာမို့ပါ။ ဒီဒုက္ခဟာ ငါနဲ့ငါ့အတွက်ပဲ ဖြစ်ပါစေပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.55GB | 1.15GB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

8 1966
Persona
Legacy of Rage
6

ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6 1986
Legacy of Rage
Sorority Row

Sorority Row ဟာ 1982 ရုပ်ရှင် The House on Sorority Row ရဲ့ Remake ဖြစ်ပြီးရှားရှားပါးပါးမူရင်းကိုလိုက်မှီတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ရော့စ်မန်းတက္ကသိုလ် Theta P Sorority ညီအစ်မတစ်စုဖြစ်တဲ့ Cassidy, Jessica, Ellie, Claire, Chugs နဲ့ Megan တို့ဟာ စီနီယာပါတီကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီညမှာပဲ ချက်ဂ်ရဲ့မောင်ဖြစ်သူ ဂဲရတ်အပေါ်သူ့ရည်းစား မီဂန်နဲ့ပေါင်းပြီး ဇာတ်လမ်းဆင်ဟာသတစ်ခုလုပ်ပြီး စနောက်ရာကနေ မီဂန်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာပဲအားလုံးတိုင်ပင်ပြီးတော့ မီဂန်အလောင်းကို မိုင်းတွင်းဟောင်းကြီးထဲပစ်ချဖျောက်ဖျက်ခဲ့ပြီးနောက်အားလုံး ဘာမှမဖြစ်သလိုပြန်နေခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်အပြီးနောက်ရှစ်လအကြာ သူတို့ရဲ့ကျောင်းဆင်းပွဲပါတီနေ့မှာတော့ ခေါင်းစွပ်ဘွဲ့ဝတ်စုံနဲ့မီဂန်ကိုသေဆုံးစေခဲ့တဲ့ တာယာတံတစ်ချောင်းကိုကိုင်ထားတဲ့လူသတ်သမားဟာ သူတို့အုပ်စုကိုအမှည့်ချွေပါတော့တယ်။ Horror ကားပီသစွာ Rated R ကိုယူထားတဲ့အတွက် သတ်ခန်းဖြတ်ခန်းတွေ ရှယ်ကြမ်းပါတယ်။ အမျိုးသမီးဆောင်ကိုအခြေခံပြီး ဗရုတ်ကျကျမိန်းကလေးငယ်တစ်စုဦးဆောင်တဲ့အတွက် အဖော်အချွတ်လေးတစ်ချို့လည်းပါပါသေးတယ်။ Slasher ကားကောင်းငတ်မွတ်နေတဲ့ ပရိသတ်တွေအတွက် Old but gold တစ်ကားပါပဲ။ File size…(1.7 GB)/(894 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Action • Comedy • Crime • Drama
0 2009
Sorority Row
Kakuda

Kakuda 2024 ကျိန်စာသင့်ရွာ TGIFလေးမှာ ဘဝအမောတွေပြေပျောက်အောင် ဟာဒယရွှင်ဆေးလေးဖြစ်တဲ့ horror comedy ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီဗျ။ သရဲကားဆိုပေမဲ့ ဟာသဦးစားပေးထားတာဖြစ်တဲ့အပြင် castမှာဆိုရင်လဲ ဟင်ဒီနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဆိုနာ့ရှီးဆင်ယာနဲ့ ရီတေးရှ်တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် အကြိုက်တွေ့စေမဲ့ ဟာသသရဲကားလေးပဲဖြစ်ပါတယ် မြို့တွေရဲ့အဝေးတစ်နေရာ လူသူနည်းတဲ့နေရာလေးမှာ သီးသန့်လေးဖြစ်နေတဲ့ရာတိုဒီဆိုတဲ့ရွာငယ်လေး လူသူအရောက်အပေါက်နည်းတဲ့အပြင် ဒီရွာလေးမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အင်္ဂါနေ့တိုင်း ည ၇:၁၅ ရောက်တာနဲ့ အိမ်တိုင်းမှာရှိတဲ့ တံခါးပေါက်ငယ်လေးကို ဖွင့်ထားရပါသတဲ့။ ဒီတံခါးကိုမဖွင့်ထားရင်တော့ ကာကူဒါဆိုတဲ့သရဲက အိမ်ကယောက်ျားသားကို ကျိန်စာတိုက်ပြီး အဲဒီလူက နေ့ချင်းညချင်း ခါးကုန်းကြီးဖြစ်သွားပြီးတော့ ၁၅ ရက်နေရင် သေရတယ်ဆိုတဲ့အယူပါ။ ဒါကို ချစ်သူဖြစ်တဲ့ ရာတိုဒီရွာသားဆန်နီက ယုံလည်းယုံ ကြောက်လည်းကြောက်ပေမဲ့ ခေတ်ပညာတတ်ဖြစ်တဲ့ အင်ဒီရာက‌တော့ မယုံပါဘူး။ ဒီလိုနဲ့ အိမ်ကအသည်းအသန် အိမ်ထောင်ချပေး‌တာကိုရှောင်ဖို့ ဆန်နီနဲ့ခိုးပြေးပြီး ရာတိုဒီရွာကိုသွားဖို့ အင်ဒီရာတစ်ယောက် အကြောင်းဖန်လာချိန်မှာတော့…… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Cyrah ~ KKKZတို့ပဲဖြစ်ပါတယ်)

0 2024
Kakuda
There’s Still Tomorrow
7.7

၂၀၂၃ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ အီတာလျံစကားပြော ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ဟာ အီတလီပြည်တွင်းမှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ဝေဖန်သူတွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရောမရုပ်ရှင်ပွဲတော်မှာ ဆုသုံးခု ရရှိခဲ့တဲ့အပြင် အီတလီနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အီတာလျံခေါင်းစဥ်က C’è ancora domani ဖြစ်ပြီး Period Comedy-Drama အမျိုးအစားပါ။ ဇာတ်အိမ်ကို ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတည်ထားပြီး Delia ဆိုတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အဲဒီခေတ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခတွေနဲ့ လူတန်းစားရုန်းကန်မှုတွေကို ပြဆိုထားတာ ဖြစ်ပါတယ်။ Delia ရဲ့ ခင်ပွန်းဖြစ်သူက ဇနီးအပေါ် နှိပ်စက် ချုပ်ချယ်တတ်တဲ့ လူစားမျိုးဖြစ်ပြီး သမီးဖြစ်သူ Marcella နဲ့ သားနှစ်ဦးရှိပါတယ်။ Delia ဟာ အိမ်မှုကိစ္စအားလုံးကို လုပ်ကိုင်ရသလို အပြင်ထွက်ပြီး ငွေလည်းရှာရပါသေးတယ်။ ဒီကြားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ မထင်ရင် မထင်သလို ရိုက်နှက်ခြင်းကိုလည်း ခံရပါသေးတယ်။ သမီးဖြစ်သူကို အိမ်ထောင်ချပေးရေး ကိစ္စနဲ့ ဗျာများနေတုန်းတစ်နေ့မှာ မမျှော်လင့်ဘဲ စာတိုက်ကနေ မဲပေးခွင့်လက်မှတ် တစ်စောင် ရလာရာကနေ အစပြုပြီး မိမိရသင့်ရထိုက်တဲ့ အခွင့်အရေးကို အရယူဖို့ စတင်နိုးကြားလာပါတော့တယ်။ ဒါရိုက်တာဖြစ်သူရဲ့ ပထမဆုံးလက်ရာဖြစ်ပြီး ရုပ်ရှင်တစ်ခုလုံးကို Neo-realism ပုံစံနဲ့ အဖြူအမည်းကာလာ ရိုက်ကူးထားပါတယ်။ စစ်ပြီးခေတ် ဖိုဝါဒီကြီးစိုးမှုနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို မီးမောင်းထိုးပြထားပြီး အမျိုးသမီးတွေကို ပထမဆုံးအကြိမ် မဲပေးခွင့်ပြုတဲ့ ၁၉၄၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ရွေးကောက်ပွဲ ပုံရိပ်တွေကိုလည်း တွေ့မြင်ရပါတယ်။ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် ဥရောပရုပ်ရှင်နှစ်သက်သူများ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ File size…(2.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.7 2023
There’s Still Tomorrow
The Mask of Shura of Fire Cloud
5.8

ဒီတစ်ခေါက်မှာတော့ကိုယ်ခံပညာအသားပေးကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့ တော်လှန်ရေးခေတ်အပြီးကာလကို အခြေခံထားပြီး… သဘာဝလွန်ဇာတ်ကားလေးလို့ ဆိုရမှာပေါ့… ဖီးနစ်ငှက်ရဲ့ မီးတောက်အတွင်းအား အကူအညီနဲ့ ဘဘာဝလွန်စွမ်းအားတွေနဲ့ မြို့ကို ကာကွယ်ဖို့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း တာဝန်ယူခဲ့တဲ့ လော့ရှားမိသားစုရယ်… ရှူရာမျက်နှာဖုံးဆိုတဲ့ လောကကို ဖျက်စီးဖို့ ကြိုးစားတဲ့ မိစ္ဆာကို ပိတ်လှောင်ထားတဲ့ မျက်နှာဖုံးရယ်… ကိုယ်ခံပညာထက်မြက်ပြီး နေရာတိုင်းမှာ သူရဲကောင်းလုပ်ချင်နေတဲ့ ကိုယ့်ကိုယ်ကို မီးတောက်မိစ္ဆာလေးလို့ ခေါ်နေတဲ့ လော့ရှားမိသားစုက သခင်လေးရယ်… မီးတောက်မိစ္ဆာလေးက နာမည်နဲ့လိုက်အောင် မီးအတွင်းအား ထက်မြက်ပြီး မြို့ထဲမှာ ကာကွယ်စရိတ်တောင်းနေတဲ့ လူရမ်းကားအဖွဲ့ကို အမြဲ ပြည်သူတွေရှေ့ကနေ ကာကွယ်တတ်တယ်… ဒါပေမယ့် ရန်ကို ရန်နဲ့ တုံ့ပြန်တတ်တာလေးက အားနည်းချက်လိုဖြစ်နေတာ… သူ့ညီလေးကတော့ သူနဲ့မတူဘူး ရိုးရိုးအေးအေးနဲ့ ကိုယ်ခံပညာလည်း သူ့လောက် မတတ်ဘူး… ဒါပေမယ့် တစ်သက်လုံး ကာကွယ်ပေးမယ့် အစ်ကိုကြီးရှိနေတော့ သူစိတ်ပူဖို့မလိုပါဘူး… ဒီလိုနဲ့ ညီအစ်ကို ၂ ယောက် တစ်သက်လုံး အတူချစ်ခင်နိုင်မယ်ထင်ပေမယ့်… တစ်နေ့မှာ သူတို့ လော့ရှားအိမ်တော်ကို ခိုးဝင်လာပြီး ရှူရာမျက်နှာဖုံးကို လာခိုးဖို့ကြံတဲ့ အဖွဲ့ကြောင့် မီးတောက်မိစ္ဆာလေးက ရှူရာမျက်နှာဖုံးရဲ့ စွမ်းအားကို အကူအညီတောင်းခဲ့ပြီး အသိစိတ်လွတ်သွားခဲ့တယ်… အသိစိတ်ပြန်လည်လာချိန်မှာတော့ သူကာကွယ်ခဲ့တဲ့ မြို့လေးကို ဖျက်စီးသူကသူဖြစ်နေတယ်… ဒီကိစ္စကြောင့်ပဲ သူလည်း လော့ရှားမိသားစုက နှင်ထုတ်ခံခဲ့ရတယ်… ကဲ လော့ရှားမိသားစုက ဘာဆက်ဖြစ်မှာလဲ… ရှူရာမျက်နှာဖုံးကိုရော ဖျက်စီးနိုင်မှာလား… ဒီမြို့လေးကိုရော ဆက်ပြီး ကာကွယ်ပေးနိင်မှာလား…

5.8 2020
The Mask of Shura of Fire Cloud
Dragon Sword : Outlander
6

တနေ့ကတင်ဆက်ထားတဲ့ To Be Immortal ဇာတ်ကားလေးရဲ့ အဆက်သဘောလေးပဲဖြစ်ပါတယ် ဒီကားလေးက သိုင်းပညာနဲ့အဂ္ဂိရတ်ပညာကို ရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါပဲ ကျင့်ကြံသူတွေဒုက္ခရောက်ပြီး အားလုံးသေဆုံးတော့မဲ့အချိန်မှာ ဖုယန်နဲ့သူ့သူငယ်ချင်းတစ်စုဟာ ပြသနာကိုဖြေရှင်းဖိုလိုက်ရှာရင်း တောအုပ်တစ်ခုထဲရောက်သွားခဲ့ပါတယ်တကယ်တော့ အဲ့တောအုပ်ဟာ သာမန်တောအုပ်တစ်ခုမဟုတ်ပါဘူး လောကကြီးနဲ့အဆက်ဖြတ်ပြီး တသီးတခြားတည်ရှိနေတဲ့ ဝင်္ကပါတောအုပ်တစ်ခုပါ သာမန်သူတွေလည်းမဝင်နိုင်သလို ဝင်ချင်လည်း သားရဲမိစ္ဆာကောင်တွေကြောင့် အသက်မရှင်နိုင်ပါဘူး ဒါပေမဲ့ဖုယန်ဟာ ထိုတောအုပ်ထဲကိုရောက်ရှိသွားခဲ့ပါတယ် တောအုပ်ထဲက ကိုယ်ပိုင်ကမ္ဘာမှာနေထိုင်တဲ့ဂိုဏ်းမှ အကြီးအကဲအမတမျိုးနွယ်ကလည်း ဖုယန်ကုသတိထားမိပြီး သူ့တပည့်ကိုလိုက်ချဥ်းကပ်ခိုင်းပါတော့တယ် တစ်ဖက်မှာလည်း အဂ္ဂိရတ်ပညာရှင် တန်းကျွင်းကလည်း သူ့ပညာတွေအမွေပေးရန် ဖုယန်ကုအတင်းချဥ်းကပ်အကျပ်ကိုင်ပြီး သင်ပေးပါတော့တယ် ကဲ ဖုယန်တစ်ယောက်လွတ်မြောက်နိုင်မလား? အဂ္ဂိရတ်ပညာကိုလည် တစ်ဖက်ကမ်းခပ်တက်မြောက်နိုင်မလား? သူဘာတွေကြုံတွေ့နေရမလဲ? ဇာတ်လမ်းလေးထဲ စောင့်ကြည့်ပေးပါနော်

Drama
6 2021
Dragon Sword : Outlander
Happy Monday(s)
6.2

“အေ့ဒ်” ဆိုတဲ့​တက္ကသိုလ်​ကျောင်းသား​လေးတစ်​ယောက်ဟာရည်မှန်းချက်မယ်မယ်ရရမရှိတဲ့အပြင်စာ​မေးပွဲခဏခဏကျလွန်းလို့ တက္ကသိုလ် ၈ နှစ်တက်တာ​တောင်အခုထိ​ကျောင်းမပြီး​သေးပါဘူး ။ဒါ့အပြင် အတန်းထဲမှာနာမည်ကြီးပြီးစာလည်းအရမ်း​တော်တဲ့ “ဆိုင်မိုင်” ဆိုတဲ့​ကောင်မ​လေးကိုတိတ်တခိုးသ​ဘောကျရင်း “ဆိုင်မိုင်” လိုအပ်သမျှကို​ဘေးကအရိပ်တကြည့်ကြည့်​ဖြည့်ဆည်း​ပေး​နေခဲ့တာပါ။ “ဆိုင်မိုင်” ​ကျောင်းပြီးရင်နိုင်ငံခြားမှာ​ကျောင်းဆက်တက်ဖိုပလန်ရှိတာ​ကြောင့် ပညာသင်ဆုရဖို့အပြင်းအထန်ကြိုးစား​ခဲ့​ပေမဲ့ ကံမ​ကောင်းချင်​တော့ အမှတ်ကထင်ထားသ​လောက်ထွက်မလာခဲ့ပါဘူး ။ စာ​မေးပွဲရလာဒ်မထွက်ခင် ” ​အေ့ဒ် ” ဟာ “ဆိုင်မိုင်” အမှတ်​တွေ​ကောင်းဖိုနဲ့သူ့ကိုပြန်ချစ်လာနိုင်ဖို့ဆု​တောင်းယတြာတစ်ခုပြုလုပ်ခဲ့ပါတယ်။ ယတြာ​အောင်မြင်ဖို့အရက်​သေစာနဲ့မူးယစ်​ဆေးဝါးကို​ရှောင်ရှားရမှာဖြစ်​ပေမဲ့ ကံဆိုး​ချင်​တော့ စာ​မေးပွဲရလာဒ်ထွက်ပြီးတဲ့အထိ ဆု​တောင်းထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ ဒီ​တော့​ “အေ့ဒ်” လည်းအရက်​တွေ​အလွန်အကျွံသောက်ပြီးမူးသွားပါ​တော့တယ် ။ ယတြာအစွမ်း​ကြောင့် “​အေ့ဒ်” တစ်​ယောက်ထပ်ခါတလဲလဲ ” ဧပြီလ ၁ ရက်​နေ့ တနင်္လာ​နေ့ ” ကိုပဲပြန်ပြန်နိုးထလာပါ​တော့တယ်။ ဒီ​တော့ ” ​​အေ့ဒ် ” ဟာရလာတဲ့အခွင့်အ​ရေးကိုအသုံးချပြီး သူဆု​တောင်း​တွေပြည့်လာဖို့အတွက် “ဧပြီလ ၁ရက်​နေ့၊ တနင်္လာ​နေ့” မှာဘယ်လို​တွေကျင်လည်ဖြတ်သန်းမလဲဆိုတာကို ” HAPPY MONDAY(S) ” ဆိုတဲ့movie ​လေးမှာကြည့်ရှုလို့ရပါပြီ​နော် File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:08:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Htet & Alyn

Action • Thriller
6.2 1900 128 mins
Happy Monday(s)