YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Showtime.S01E03.1080p.WEB DL.YK(CM).mp4

525.29 MB N/A video/mp4 157 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
When Harry Met Sally...
7.4

ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။ ၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။ ၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။ နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။ ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally... ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally... ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ... ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့... " ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ " သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်ခြမ်းကွဲနေခဲ့တယ်။ ရုပ်ရှင်ရဲ့ ပထမခြမ်းကတော့ ဒါရိုက်တာနဲ့ အင်တာဗျူးခံရတဲ့ စုံတွဲတွေဆီက လာပြီး ဒုတိယခြမ်းကတော့ ခင်ဗျားဆီကိုယ်တိုင်ဆီက လာပါလိမ့်မယ်။ ရုပ်ရှင်ဆိုတာလည်း အနာအဆာအပြည့်နဲ့ အသည်းတွေကို တစ်စစီခွဲပြီး ပိုချစ်တတ်လာအောင် တစ်စချင်း ပြန်ဆက်ပေးတဲ့အရာမျိုးပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ရှင်ကို လိုခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 740MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 35Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 1989 96 mins
When Harry Met Sally...
Haunted Universities
5.4

မွေ အဖြစ် Panward Hemmanee နုတ်နွိုင် အဖြစ် Noocha Ashiraya ဆာ အဖြစ် Anna Reese ဇာတ်လမ်းအကျဉ်း "မွေ" က ဆေးရုံကားနောက် လိုက်ပြီး အမှုအခင်းလူနာတွေကို ကူကယ်ဆယ်ပေးတဲ့ ကောင်မလေးဖြစ်တဲ့အပြင် သရဲတွေကိုလည်း မြင်နိုင်ဆက်သွယ်နိုင်တဲ့သူလည်းဖြစ်တယ် သူမ လိုက်ကယ်ဆယ်ဖြစ်တဲ့ ညတစ်ညက လူသေမှုတွေရဲ့နောက်ကွယ်က သရဲပုံပြင်တွေ ဖြစ်တဲ့ "အမျိုးသမီးသန့်စင်ခန်းထဲက သရဲမပုံပြင်" , "ဒီမိုကရေစီအတွက် အသက်ပေးခဲ့ပြီး မကျွတ်လွတ်ခဲ့တဲ့ကျောင်းသားတွေ"," သရဲ​ကြောက်ပေမယ့် ဆရာဝန်ဖြစ်ချင်တဲ့စိတ်နဲ့ ရင်ခွဲရုံကို တစ်ညတာတာဝန်ယူခဲ့မိတဲ့ ​ကျောင်းသားလေး" အစရှိတဲ့ သရဲနဲ့ပတ်သက်တဲ့ယုံတမ်းပုံပြင်တွေကို တင်ဆက်ထားတာဖြစ်ပါတယ် ဒါ့အပြင် မွေ အမြဲတမ်းဖုန်းပြောနေခဲ့တဲ့ သူငယ်ချင်းကရော ဘယ်သူလဲ ဘယ်ချိန်ကတည်းက သူမ သရဲတွေကို ​မြင်နိုင်ဆက်သွယ်နိုင်ခဲ့တာလဲဆိုတာကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(870MB) Quality__DVDRip IMDb Rating__5.6/10 Format__mp4 Duration__01:50:00 Type__Horror , History Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin Encoded by Naing Aung Latt

Action • Crime • Thriller
5.4 2009 90 mins
Haunted Universities
Special Delivery
7

ခေါင်းစဉ်အတိုင်းပဲ စပယ်ရှယ်ပို့ဆောင်ရေးလုပ်ပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုပါပဲ... စာတိုက်တွေ၊ ပို့ဆောင်ရေးကုမ္ပဏီတွေက လက်မခံတဲ့ ပစ္စည်းတွေအပါအဝင် အရာရာတိုင်းကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းလေးပါ ဂျန်အွန်းဟာကတော့ အဲပို့ဆောင်ရေးလုပ်ငန်းမှာလုပ်တဲ့ အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ပရိုပို့ဆောင်ရေးဒရိုက်ဘာပါ မိန်းကလေးဆိုပြီး အထင်သေးတဲ့သူတွေကို ပညာအစွမ်း ပါဝါတွေထုတ်ပြတတ်သူလေးပါပဲ အဲလိုအွန်းဟာက သူဌေးလက်ခံလိုက်တဲ့ အလုပ်တစ်ခုကြောင့် ဆိုးလ်အထိတက်သွားခဲ့ပေမဲ့ ထင်သလိုအဆင်မပြေဘဲ သောင်တင်သွားပါတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ကျွန်မတို့ရဲ့ ဂျက်ဆီကာ လို့သိကြတဲ့ Park So Dam ကနေ ဂျန်အွန်းဟာဆိုတဲ့ ကာရိုက်တာနဲ့ တစ်သားတည်းဖြစ်အောင် ဘယ်လိုတွေသရုပ်ဆောင်ပြသွားသလဲ Crime Action အမျိုးအစားဆိုပေမဲ့ ကိုရီးယားရဲ့ သဘာဝအတိုင်း ဖယ်ထားလို့မရတဲ့ Comedy နဲ့ Drama အပျော့စားလေးကိုပါထည့်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။ Genre.....Action, Crime, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 780MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August

Science Fiction • Thriller
7 2022 109 mins
Special Delivery
Kamu Tidak Sendiri
5.2

Kamu Tidek Sendiri (2022) -အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကို အရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။ မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။ -ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။ အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။ တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thrillee Quality…. 1080p | 720p | 480p File size…778MB | 398MB | 219MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. August

5.2 2022
Kamu Tidak Sendiri
Mob Land
5.5

Mob Land (2023) မင်းသားကြီး John Travolta ပါဝင်ထားပြီး မူးယစ်ဆေးစွဲသူတွေ ဆေးရောင်းတဲ့ လူဆိုးဂိုဏ်းတွေနဲ့ မသမာသူတွေ ကြီးစိုးနေတဲ့ မြို့အကြောင်းအခြေတည်ထားတဲ့ Action ရုပ်ရှင်သစ်တစ်ကားပါ။ ယခင်က ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ ရှယ်ဘီဟာ ဇနီး သမီးလေးနဲ့အတူ မြို့ငယ်လေးမှာ အခြေချခဲ့ပါတယ်။ သူ့အလုပ်က မြို့လေးနဲ့မအပ်စပ်တဲ့အတွက် သူတို့မိသားစုက အဆင်ပြေလှတယ်ရယ်တော့မဟုတ်ပါဘူး။ ယောက်ဖဖြစ်သူ ထရေးနဲ့ အသိ ရဲမှူးဘိုဒီတို့ကလည်း မကြာခဏလာလည်ကြပါတယ်။ ဇနီးနဲ့သမီးလေး ဆွေမျိုးတွေဆီခဏသွားတဲ့အခါ ထရေးက ဆေးရောင်းသမားတွေဆီက ငွေကို ဓားပြတိုက်ဖို့ လာဆွယ်ပါတယ်။ ရှယ်ဘီက မလုပ်ချင်ပေမယ့် ငွေလိုနေတာရော ထရေးအဆွယ်ကောင်းတာကြောင့်ရော သဘောတူလိုက်ပါတယ်။ အစီအစဉ်ဆွဲတုန်းကတော့ အဆင်ချောပေမဲ့ လက်တွေ့မှာ ထင်သလိုမဖြစ်လာဘဲ ထရေးက လူသတ်မိတဲ့အခါ… သူတို့ဓားပြတိုက်မိတာက မာဖီးယားဂိုဏ်းက ငွေတွေဖြစ်ပြီး အရှုပ်တွေဆက်တိုက်ဖြစ်လာတဲ့အခါ… ထရေးတို့ကို လက်စားချေဖို့ မာဖီးယားဂိုဏ်းက လူ လိုက်လာတဲ့အခါ… ရှယ်ဘီကရော ဘယ်လို ပြစ်မှုတွေ ဆက်လုပ်ရဦးမလဲ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဘာတွေပြန်ပေးဆပ်ရမလဲဆိုတာ စိတ်၀င်စားဖွယ် အားပေးရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 695MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 51Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.5 2023
Mob Land
4:4:44
6.7

4:4:44(2022) ************ 1944ခုနှစ် ဧပြီလ ၄ရက်နေ့မှာ ချစ်သူနှစ်ဦးလက်ထပ်ခဲ့ကြတယ်။ ဒီချစ်သူနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦးအရမ်းကိုချစ်ခင်ကြပြီး မိဘချင်းကလည်းရင်းနှီးတဲ့အတွက် သူတို့နှစ်ဦးရဲ့အနာဂတ်ဟာလှပနေခဲ့တယ်။ ဒါပေမယ့်အငြှိုးရှိသူတစ်ယောက်ကြောင့် ဇနီးသည်ဖြစ်သူ သရီစာဟာ အဲ့ဒီနေ့မှာပဲခဲဆိပ်သင့်ကာ ဦးနှောက်ကစဉ့်ကလျားရောဂါရသွားပါတယ်။ နောက်ဆုံးထွက်သက်အထိ အတူရှိသွားပါ့မယ်လို့ကတိပေးထားတဲ့ ဟီလာရီဟာ ဇနီးသည်အပေါ်မငြိုမငြင်ပြုစုရင်းနဲ့ အခက်အခဲများစွာကြုံလာတဲ့အခါမှာတော့… အဲ့ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းပြီး သူတို့နှစ်ဦးရဲ့ချစ်ခြင်းတွေက ဘယ်လောက်ထိခိုင်မာလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1,6GB& 816MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 51min Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Aung Paing Phyoe

6.7 2022
4:4:44
What Happens Later
5

What Happens Later (2023) Meg Ryan ဆိုတဲ့ မင်းသမီးကြီးကို အားလုံးလည်း သိကြမှာပါ။ When Harry Met Sally, Sleepless in Seattle, You’ve Got Mail နဲ့ City of Angels တို့လို ဂန္ထဝင်ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ခဲ့တဲ့ ရိုမန့်ကွင်း မင်းသမီးကြီးပါပဲ။ Top Gun မှာလည်း သူ့ရဲ့ထုံးစံ ကပိုကရိုအလှနဲ့ ပုရိသတွေကို ဖမ်းစားခဲ့ဖူးတယ်ပြောရင် မမှားပါဘူး။ သူ့သမိုင်းကို ပြန်လှန်ကြည့်လိုက်ရင် ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အဲဒီကားတွေအကုန်ကလည်း ဂန္ထဝင်တန်းဝင်ကားတွေဖြစ်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်ရုပ်ရှင် ထွက်ရှိလာပါပြီ။ သူကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး မင်းသမီးလုပ်ထားတဲ့ ရုပ်ရှင်ကားပေါ့။ သူ့ဝသီအတိုင်း သူပိုင်နိုင်တဲ့ ရိုမန့်ကားပဲဆိုတော့ သူ့ပရိသတ်တွေအတွက်တော့ နောင်တမရစေမယ့်ကားဆိုတာ ဗေဒင်သွားတွက်စရာမလိုပါဘူး။ မင်းသားကတော့ The X-Files စီးရီးရဲ့ မင်းသားကြီး David Duchovny ပါ။ ဇာတ်လမ်းကတော့ အနှစ် 20 ကျော်ကြာမှ ပြည်တွင်းလေဆိပ်မှာ မထင်မှတ်ဘဲ ပြန်ဆုံတဲ့ ချစ်သူဟောင်းနှစ်ယောက်ရဲ့ အတိတ်တုန်းက ပဟေဠိကို ပြန်လည်ဖြေရှင်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ လူကြီးတွေရဲ့ Generation Gap ကြောင့် ယနေ့ခေတ်မှာ အခက်တွေ့နေရတာကိုပါ မြင်ရမှာပါ။ ဆယ်ကျော်သက်အရွယ်မှာ ချစ်မိခဲ့ပြီး ဘ၀ထူထောင်ဖို့ရာ အသင့်မဖြစ်သေးဘဲ နားလည်မှုလွဲပြီး ကွဲကွာသွားကြတဲ့ ဘေလ်နဲ့ဝီလာတို့ စုံတွဲ… ဘေလ်က ရိုးရှင်းတဲ့ မိသားစုတည်ဆောက်ချင်ပြီး ဝီလာက‌တော့ အရာရာကို မှော်ဆန်ဆန်တွေးတတ်ပြီး မိခင်ဖြစ်ဖို့ အသင့်မဖြစ်သေးဘူး ထင်တဲ့သူ… အက်ကြောင်းတွေထပ်လာတဲ့ သူတို့ပတ်သက်မှုက ဝီလာ့ဗိုက်ထဲက သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ပြတ်တောက်သွားပါတယ်။ တကယ်က ဘေလ်က ဝီလာကို တစ်ခွန်းမှ မပြောဘဲထားပြီးထွက်သွားခဲ့တာပါ။ နှင်းမုန်တိုင်းကြောင့် သွားစရာရှိတဲ့ခရီးစဉ်ကြန့်ကြာနေပြီး သူတို့နှစ်ယောက် လေဆိပ်မှာ သောင်တင်နေတဲ့အခါ ဒီအဖြစ်က သူတို့ရဲ့ အတိတ်က မကျေလည်မှု အထင်အမြင်လွဲမှားမှုတွေကို ပြန်ဖြေရှင်းဖို့ အခွင့်အရေးလားဆိုတာ လိုက်ပါစီးမျောခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 875MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 43Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 104 mins
What Happens Later
Rhinegold

IMDb 6.8 || Rotten Tomatoes 71% ဂျာမန် rapper နဲ့ တေးသံသွင်းပိုင်ရှင် Xatar (Giwar Hajabi)ရဲ့ အထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ Crime/Drama ဖြစ်ပါတယ် ရပ်ဂီတနဲ့ ဒုစရိုက်ဆိုတာ လိုက်ဖက်ညီတဲ့ အဓိပ္ပာယ်နှစ်ခုလို့ ပြောလို့ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာဆိုရင် rap အပိုင်းထက် Xatar ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဝရမ်းပြေးဘဝ/ဒုစရိုက်လောကထဲ ပါဝင်ပတ်သက်မိပုံတွေ အဓိကအလေးပေးပြီး ဖော်ပြထားတာပါ G ရဲ့ အစောဆုံးမှတ်ဉာဏ်တွေက ထောင်ထဲမှာပါပဲ အီရန်-အီရတ် ပဋိပက္ခတွေရဲ့ အလယ် အကျဥ်းထောင် မွေးဖွားခဲ့ပြီး လွတ်မြောက်လာတော့ ဒုက္ခသည်စခန်း၊ ဒီကနေတစ်ဆင့် ဥရောပ ဂျာမနီကို ရွှေ့ပြောင်းလာခဲ့ရတယ် သူ့ရဲ့အဖေက သူတို့ Kurd မျိုးနွယ်တို့ လေးစားကြတဲ့ နာမည်ကြီး ဂီတဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သား G ကို ငယ်ငယ်လေးကတည်းက classical ဂီတကို လက်ဆင့်ကမ်းဖို့ရည်ရွယ်ချက်နဲ့ စန္ဒရားသင်ပေးခဲ့ပေမဲ့ သူတို့နေထိုင်ရာ ဂျာမန်ရပ်ကွက်လေးရဲ့ စရိုက်ဆန်မှု၊ လူနေမှုဘဝတွေက Giwar ကို rap ဂီတ ဝါသနာပါအောင် တွန်းပို့ခဲ့တယ် ငယ်ငယ်ကတည်းက အပေါင်းအသင်းကြောင့် ဆေးခြောက်ရောင်းခဲ့ပြီး မဟုတ်တာတွေလည်း အစုံတတ်ခဲ့တဲ့နောက် ကြီးလာတော့ အမှုတစ်ခုကြောင့် ဟော်လန်နိုင်ငံကို ထွက်ပြေးခဲ့ရတယ် ဟော်လန်မှာ ငယ်သူငယ်ချင်းရဲ့ကောင်းမှုနဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ပတ်သက်မိပြန်ပြီး ဂျာမနီကို ပြန်ရောက်တယ် သူချစ်ရတဲ့ ကောင်မလေးက သူ့ရဲ့စရိုက်ကို မကြိုက်ခဲ့ပေမဲ့ Giwar က စိတ်ရင်းကောင်းပြီး သူ့ရဲ့ ရည်ရွယ်ချက်က အခွေမထုတ်နိုင်တဲ့ rapper တွေကို တေးသံသွင်းကုမ္ပဏီထောင်ပြီး စင်တင်ပေးချင်တာပါ ဒီအတွက် ပိုက်ဆံရှာဖို့ လုပ်မိလုပ်ရာတွေ လျှောက်လုပ်မိရင်း သူ့ရဲ့အိပ်မက်ကို တက်လှမ်းနိုင်မှာလား သူ့ဘဝခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ လူနေမှုဘဝ ပုံစံ၊ သူတို့ဝန်းကျင်နဲ့ အသိုင်းအဝိုင်း ယဥ်ကျေးမှုတွေကို တဝကြီး ခံစားရမှာဖြစ်ပြီး ဖျော်ဖြေရေးဆန်အောင်လည်း တင်ဆက်ထားတာမို့ မပျင်းစေရမဲ့ ကားလေးပါ File size…(2.2 GB)/(1.85 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:18:00 Genre…Biography, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

0 2022
Rhinegold
Cleveland Abduction

ဒီဇာတ်ကားကိုတော့ 2002 ခုနှစ်ကနေ 2004 ခုနှစ်အတွင်း ကလိဗ်လန်းမှာ ဖြစ်သွားခဲ့တဲ့ မိန်းကလေးသုံးယောက်ပျောက်ဆုံးမှုအကြောင်းကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဆင်ဂယ်မားသားတစ်ယောက်ဖြစ်သူ မီရှဲ နိုက်ခ်ဟာ ကလေးအုပ်ထိန်းပိုင်ခွင့်အတွက် တရားရုံးကိုသွားတဲ့လမ်းမှာ သူငယ်ချင်းအမ်မလီရဲ့အဖေဖြစ်သူ အေရီရယ် ကက်စထရိုက လမ်းကြုံလိုက်ပို့ပေးမယ်ဆိုပြီး ကလိဗ်လန်းနေအိမ်ဆီကို ပြန်ပေးဆွဲခေါ်သွားတာခံလိုက်ရပါတယ်။ နေအိမ်မြေအောက်အမှောင်ခန်းထဲမှာ သံကြိုးနဲ့ချည်ထားခံရပြီး ရိုက်ခံရလိုက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရလိုက်နဲ့နေရင်း နှစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရှိလာလို့ ပျက်ကျအောင်လည်းအရိုက်ခံခဲ့ရပါသေးတယ်။ ကက်စထရိုဟာ နှစ်နှစ်အတွင်း နောက်ထပ် မိန်းကလေးနှစ်ယောက်ကိုလည်း ပြန်ပေးဆွဲလာခဲ့ပြီး မိသားစုတစ်ခုလိုဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဒီလိုဆိုးရွားလှတဲ့ ငရဲခန်းကိုဖြတ်ကျော်ရင်း နှစ်ပေါင်း ၁၁ နှစ်အကြာမှ ကောင်မလေးသုံးယောက်လုံးပြန်လွတ်လာခဲ့ပုံကို ခံစားကြည့်ရှုလိုက်ကြပါဦး။ ရုပ်ရှင်ထဲမှာ အေရီရယ် ကက်စထရိုအဖြစ် သရုပ်ဆောင်တဲ့ Raymond Cruz ရဲ့ဇာတ်ရုပ်ဟာ အပြင်က အေရီရယ် ကက်စထရိုနဲ့ တူလွန်းတာကြောင့် တကယ်ပြန်ပေးဆွဲခံခဲ့ရတဲ့ မီရှဲ နိုက်ခ်ဆိုရင် Raymond Cruz နဲ့တွေ့ဖို့တောင် တွန့်ဆုတ်ခဲ့ပါသေးတယ်လို့ဆိုပါတယ်။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။ File size…(1.4 GB)/(660 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2015
Cleveland Abduction
Alvin and the Chipmunks: The Squeakquel

ဒီဇာတ်ကားက Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဒုတိယ​မြောက် ဇာတ်ကား ဖြစ်ပါတယ်။ ​​​​ ဒေ့ဗ်နဲ့တူတူ နယ်လှည့်​ဖျော်​ဖြေပွဲ​တွေလုပ်​နေရင်း ထုံးစံအတိုင်း အယ်ဗင်​ကြောင့်ပဲ ​ဒေ့ဗ်တစ်​ယောက် မ​တော်တဆဖြစ်ပြီး ​ဆေးရုံရက်ရှည် တက်လိုက်ရတာ​ကြောင့် ​အယ်ဗင်တို့သုံး​ကောင် ဒေ့ဗ်ရဲ့အ​ဒေါ်အိမ်မှာ သွား​နေဖို့ ဖြစ်လာပါတယ်။ ဖြစ်ချင်​တော့ အဲဒီအိမ်မှာ ​ဒေ့ဗ်ရဲ့တူ​တော်​မောင်လည်း ရှိ​နေပြီး သူ့​ကြောင့်ပဲ အဲဒီအ​ဒေါ်ပါ ​ဆေးရုံတက်လိုက်ရချိန်မှာ အယ်ဗင်တို့ဟာ ​ဒေ့ဗ်ရဲ့တူဖြစ်သူနဲ့ တူတူ​နေဖို့ ဖြစ်လာပါတယ်။ ​ဒေ့ဗ်​တောင် ထိန်းမနိုင်တဲ့ ရှဉ့်သုံး​​ကောင်ကို တူ​​ဖြစ်သူကလည်း ထိန်းဖို့ အစီအစဉ်မရှိဘဲ ရှဉ့်သုံး​ကောင်ကို ​ကျောင်းတက်ဖို့ဆိုပြီး အထက်တန်း​ကျောင်းကို သွားတက်ခိုင်းလိုက်ပါတယ်။ ​ကျောင်းမှာလည်း ပြဿနာ​တွေ ရှာခဲ့တာ​ကြောင့် အယ်ဗင်တို့ သုံး​ကောင်သား ​ကျောင်းနားမလား၊ ​ကျောင်းဂီတဌာန ရန်ပုံ​​ငွေ ရဖို့ ​ကျောင်း​​ပေါင်းစုံ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်​ပေးမလားဆိုပြီး အ​ပေးအယူ လုပ်ရတဲ့ အ​ခြေအ​​နေ​တွေ ​ရောက်ကုန်ပါတယ်။ တစ်ဖက်မှာလည်း အယ်ဗင်တို့​ကြောင့် မွဲသွားတဲ့ producer ကြီးက အခွင့်သာတိုင်း အယ်ဗင်တို့ကို လက်​စား​ချေဖို့အတွက် စောင့်​နေရင်း အယ်ဗင်တို့လိုပဲ သီချင်းဆိုတတ်တဲ့ ရှဉ့်မ​လေး သုံး​ကောင်က သူ့ဆီ​ရောက်လာခဲ့ပါတယ်။ သူတို့အဖွဲ့ကို​တော့ချစ်ပက်တ်​လို့ ​ခေါ်ပါတယ်။ Producerကြီး အီယန်က အဲဒီရှဉ့်မ​လေး​တွေကို အသုံးချပြီး အဆိုပြိုင်ပွဲမှာ အယ်ဗင်တို့ကို အနိုင်ရ​ဖို့ ကြံဖန်ပါ​တော့တယ်။ သူကပဲ ပြန်လက်စား​ချေသွားနိုင်မလား၊ အယ်ဗင်တို့ကပဲ အ​ကြွေးထပ်ယူသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size… 2.6 GB / 621 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

0 2009
Alvin and the Chipmunks: The Squeakquel
[18+] Piglady

ဟော်ရာရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအတွဲနှစ်တွဲက ခရစ်စမတ်မှာ ခရီးထွက် အနားယူအပန်းဖြေကြဖို့ လူသူအရောက်အပေါက်နည်းတဲ့ သစ်တောထဲက သစ်လုံးအိမ်လေးတစ်ခုကို ထွက်လာခဲ့ကြပါတယ်။ ဒီသစ်လုံးအိမ်လေးက သစ်တောထဲက တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိတာပါ။ ဒီသူငယ်ချင်းတစ်စုဟာ သစ်လုံးအိမ်မှာနေရင်း တစ်ရက်မှာတော့ အနီးနားက ၀က်မွေးတဲ့မိန်းမကြီးဆီမှာ ၀က်သား၀ယ်မိလိုက်ပါတယ်။ သူတို့မသိလိုက်တာကတော့ ဒီ၀က်မွေးတဲ့မိန်းမကြီးက သာမန်မိန်းမကြီးမဟုတ်တာကိုပါ။ ဒီလိုနဲ့ သစ်လုံးအိမ်မှာ ဒချိဖို့ရောက်လာကြတဲ့ဒီအတွဲနှစ်တွဲဟာ မထင်မှတ်ထားတဲ့ကံဆိုးမှုတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့… ညစ်ညမ်းတဲ့အသုံးအနှုန်းနဲ့ ရိုက်ချက်တွေပါ၀င်တာကြောင့် ၁၈ နှစ်အောက်ကြည့်ဖို့မသင့်ပါဘူး။ File size…(1.8 GB)/(928 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Horror, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
[18+] Piglady
Pushing Hands
7.2

Pushing Hands ( 1991 ) ====================== Pushing Handsဟာ အန်းလီရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သလို “Father Knows Best” trilogyထဲက ပထမဆုံးကားလည်းဟုတ်တယ်။ ဒီtrilogyက ရိုးရာမပျက်သေးတဲ့ မျိုးဆက်က အဖေတွေရယ် ပြောင်းလဲတဲ့ကမ္ဘာကြီးက ကလေးတွေရယ်ကြားက ပဋိပက္ခတွေကို ပြထားတဲ့ရုပ်ရှင်တွေပေါ့။ ဒီtrilogyမှာ ဒီကားအပြင် The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994)လည်း ပါတယ်။ ဒီသုံးကားလုံးဟာ မတူတဲ့ဇာတ်တွေပေမဲ့ သူတို့အဖေနေရာက သရုပ်ဆောင်တဲ့ သူကတော့ ထိုင်ဝမ်မင်းသားကြီး Sihung Lungတစ်ယောက်တည်းပဲ။ အန်းလီဟာ ဒုတိယ ထိုင်ဝမ်နယူးဝေ့ရဲ့ ထင်ရှားတဲ့ ဒါရိုက်တာတွေထဲ ပါနေတာလည်း ဒီသုံးကားကြောင့်ပဲလို့ ပြောရမယ်။ ဒီသုံးကားနောက်ပိုင်းမှာ အန်းလီဟာ ဟောလိဝုဒ်မှာပဲ ရုပ်ရှင်အရိုက်များခဲ့တယ်။ ပြောရရင် နောက်ပိုင်း Crouching Tiger, Hidden Dragonတို့ Lust, Cautionတို့လို ကားမျိုးတွေကို သူပြန်ရိုက်ခဲ့သေးပေမဲ့ ဒီ Trilogyလို ထိုင်ဝမ်အရသာစစ်စစ် ပေးနိုင်တဲ့ ရုပ်ရှင်တွေတော့ သူအခုထိ လုံးဝထပ်မရိုက်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒီသုံးကားဟာာ ထိုင်ဝမ်စီနီမာက အန်းလီရဲ့ နေရာတစ်နေရာကို အခုထိ မှတ်ကျောက်တင်ပေးနိုင်တုန်းပါပဲ။ တရုတ်ယဉ်ကျေးမှုကိုလည်းပြသလို အနောက်ပိုင်းယဉ်ကျေးမှုကိုလက်ခံလာပုံကိုလည်း ပြထားတဲ့ “Father Knows Best” trilogy သုံးကားဟာ သူ့နာမည်အတိုင်း ဖခင်တွေရဲ့ ဇာတ်ကြောင်းတွေဆိုလည်းဟုတ်တယ်။ အသက်၂၅နှစ်မှာ ထိုင်ဝမ်ကနေ အမေရိကန်ကိုသွားခဲ့တဲ့ အန်းလီရဲ့ အတွေ့အကြုံတွေ အမြင်တွေအပေါ် အခြေခံထားတယ်ဆိုလည်းဟုတ်တယ်။ သူ့လိုလူတွေအကြောင်းဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အမေရိကမှာ အလုပ်လုပ်ရင်း အမေရိကန်သူနဲ့ အိမ်ထောင်ကျနေတဲ့ သားဖြစ်သူဆီ သွားနေတဲ့ ထိုက်ကျိသိုင်းဆရာတရုတ်အဘိုးကြီးတစ်ယောက်နဲ့ မိန်းမနဲ့အဖေရဲ့ ပဋိပက္ခတွေကြား ဗျာများရတဲ့ သားတစ်ယောက်အကြောင်းပဲ။ အဘိုးကြီးက အမေရိကကို လာနေတာ တစ်လပဲရှိသေးပေမဲ့ ဘာသာစကားလည်းမတူတော့ စကားလည်းပြောမရသလို ယဉ်ကျေးမှုမတူတော့ တစ်ယောက်လုပ်ရပ်တွေဟာ တစ်ယောက်အမြင်မှာ ထောင့်မကျိုးဖြစ်နေတော့ သူ့ချွေးမနဲ့ သူက မတည့်အတူနေဆိုသလိုဖြစ်နေတယ်။ အိမ်ကလည်း ကျဉ်းတော့ သူ့ချွေးမရဲ့အလုပ်ခန်းထဲ သူဝင်နေရတော့ အခြေအနေက ပိုဆိုးသွားတယ်။ သူ့မြေးကို သူချစ်သလို သူ့အမေကလည်း သူ့သားကိုချစ်တော့ နှစ်ယောက်ရဲ့ မတူညီတဲ့ပျိုးထောင်ချင်ပုံတွေကလည်း ပြဿနာဖြစ်လာတယ်။ ဒီလိုနဲ့ ပြဿနာက တစ်စတစ်စကြီးလာတဲ့အခါ သားဖြစ်သူက ဘယ်ဘက်ကိုရွေးပြီး ဘာတွေဆက်လုပ်မလဲ။ အဖိုးကြီးကပဲ အလျှော့ပေးမလား ချွေးမကပဲ အလျှော့ပေးမလား ကြည့်ရမယ့်ဇာတ်ပါပဲ။ ဇာတ်ကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကြုံနေမြင်နေရတာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ဇာတ်ဆိုတော့ ကြည့်ရတာအရသာရှိသလို အဖိုးကြီးရဲ့ ထိုက်ကျိသိုင်းတစ်ဖက်ကမ်းခတ်ကျွမ်းခြင်းကလည်း ဒီဇာတ်လမ်းရဲ့ အဆင်တန်ဆာတစ်ခုအဖြစ် ပိုကြည့်လှစေခဲ့တယ်။ Pushing Hands ( 1991 )ဟာ နေ့သစ်တွေမှာ နေ့ဟောင်းတွေကို မမေ့ဖို့ အကြောင်းလို့ ပြောလည်းရမယ် ထင်တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.1GB) Quality_Blu-Ray 720p Format_mp4 Duration_0::00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.2 1991
Pushing Hands
Miki
6.9

သမိုင်းနောက်ခံလည်းဖြစ် .. ဖြစ်ရပ်မှန် ဇာတ်ကားလည်းဖြစ်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ၂၀၂၄ မှာ ထွက်ထားတဲ့ မာဖီးယား ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ ၁၉၉၀ ခုနှစ်ပိုင်း ကွန်မြူနစ်ခေတ်ကုန်ကာလ .. ဆလိုဗက်ကီးယားနိုင်ငံမှာ အကြောက်ရဆုံးဖြစ်တဲ့ မာဖီးယားခေါင်း‌ဆောင်တစ်ဦး ပေါ်ပေါက်ခဲ့ပါတယ်။ သူ့နာမည်က Miki။ Miki ဟာ အရင်က သစ်တောထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ပါ။ အရမ်းချမ်းသာချင်တဲ့ Miki ဟာ အဲဒီဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း လောဘတက်ပီး အာဏာတွေ .. သစ္စာရှိ အရိုသေခံမှုတွေကို ရှာဖွေရင်း မာဖီးယားလောကထဲကို ရောက်သွားပါတယ်။ သူလုပ်နေတဲ့ မာဖီးယား အလုပ်တွေကို သူ့မိန်းမနဲ့ သူ့အမေ မသိအောင် ဘယ်လို ကျူးလွန်ခဲ့သလဲဆိုတာ ရင်တမောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါလို့ ပြောရင်း .. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှု ခံစားလိုက်ပါတော့။ ( ဘာသာပြန်နဲ့ အညွန်းကတော့ BZW ဖြစ်ပါတယ် ) File size… (1.26GB) / (773MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.9 2024 106 mins
Miki
Love Across Time
7.2

Love Across Time (2024) ===================== အချစ်ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အားလုံးကတော့ အချိန်ခရီးသွားတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ လကြတ်တဲ့နေ့မှာအချိန်ခရီးသွားမယ် ရေထဲမတော်တဆပြုတ်ကျတဲ့အခါ အချိန်ခရီးသွားမယ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့အချိန်ခရီးသွားကြတဲ့ဆီမှာ ၁၇၀၀ခုနှစ်များရဲ့ သမိုင်းဝင်မိသားစုတစ်ခုက ချားစ်ဟာ ၂၁ရာစုဆီကို ဘယ်လိုအနေအထားနဲ့ အချိန်ခရီးသွားမှာလဲ။ ချားစ်ပိုင်ဆိုင်ခဲ့တဲ့ အိမ်ဟောင်းကြီးကို ရောင်းပစ်ဖို့အတွက် ဘဏ်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လာရောက်နေထိုင်သူ ချယ်လ်ဆီးက ချားစ်နဲ့တွေ့ပြီး ဘယ်လိုလှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါက်ဖွားလာမလည်းဆိုတာတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။

7.2 2024 90 mins
Love Across Time