YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shot Caller [2017] (MM Sub).mp4

802.29 MB N/A video/mp4 1136 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Lifeguard's Obsession
3.7

အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။ အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။ သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။ မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။ လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။ မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။ တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီ ဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင် အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။ ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ third partyလို့ခေါ်တဲ့ ကြားပွဲစားလေးတွေပေါ့။ အခုမက်ဂီတို့အတွဲကြားကိုလည်း လှိုင်းခိုးစီးဖို့ကြိုးစားရင်း ရေနစ်နေတဲ့မက်ဂီကို ကယ်တင်ပေးရင်းနဲ့ ဝင်ရောက်လာတဲ့ တောင့်တောင့်ဖြောင့်‌ဖြောင့်Lifeguardတစ်ယောက်ဖြစ်တဲ့ ဘလိတ်ခ်၊ မက်ဂီကတော့ အသက်သခင်ကျေးဇူးရှင်လို့မြင်နေတာကတစ်ကြောင်း တော်ကီကောင်းလွန်း သူ့ကိုဖေးမတတ်လွန်းတဲ့ ဒီဘဲကြီးရဲ့ခြွေချက်တွေကြားမှာ မျောမလိုဖြစ်သွားတဲ့အခါမှာတော့.... ကိတ်ဒ်နဲ့ကတောက်ကဆတွေများနေချိန်မှာ ကယ်တင်ရှင်လိုပေါ်လာတဲ့ဘလိတ်ခ်ကို မိန်းမသားပီပီ အားကိုးချင်စိတ်ဖြစ်လာမိတဲ့ မက်ဂီ၊ မက်ဂီကိုချစ်ပေမဲ့ အလုပ်ကိုပိုချစ် ပိုအလေးပေးနေမိတဲ့ကိတ်ဒ်၊ အသက်ကယ်တာကိုအရင်းတည်လို့ မက်ဂီရဲ့ဘဝမှာပါ နေရာဝင်ယူဖို့ကြိုးပမ်းလာတဲ့ဘလိတ်ခ် ဒီ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းကနေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 712MB | 335MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Comedy • Fantasy • Horror
3.7 2023 90 mins
A Lifeguard's Obsession
Civet Cat for Crown Prince

ဘဝအခြေအနေချင်း လားလားမှမအပ်စပ်တဲ့ လူနှစ်ဦး မထင်မှတ်ဘဲ နေရာချင်းလဲသွားတာကနေ ဇာတ်လမ်းကစပါတယ်။ ရွှီယိ ဟာအလုပ်ရောအချစ်ရေးမှာပါ ကံဆိုးမိုးမှောင်ကျနေတဲ့သူပါ။ အလုပ်ကလည်းငွေမရ၊ ချစ်သူကလည်းဖောက်ပြန်၊ အိမ်ငှားခလည်းပေးစရာမရှိ၊ လက်ထဲခြူးတစ်ပြားတောင်မူးလို့ ရှူစရာမရှိတဲ့ဘဝကြီးမှာ တိုက်ပေါ်ကခုန်ချဖို့ဖြစ်လာရင်း သူ့ဘဝဟာပြောင်းလဲဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။ လုံရှန်း ကတော့နာမည်ကြီးဖောက်ထွင်းဝိဇ္ဇာဖြစ်ပြီး တကိုယ်တည်းလှုပ်ရှားနေပေမယ့်၊လူဆိုးဂိုဏ်းတွေကပါ ကြောက်ရတဲ့သူဖြစ်ပါတယ်။ တစ်ရက်မှာတာဝန်တစ်ခုကိုလုပ်ဆောင်ရင်း ထိခိုက်မှုဖြစ်ပြီး အတိတ်မေ့သွားခဲ့တယ်။ အဲ့ဒီမှာ လုံရှန်းနဲ့ရွှီယိတို့ နေရာချင်းလဲနေဖို့ အကြောင်းဖန်လာပါတော့တယ်။ လုံရှန်းဟာလူရွှင်တော်ဖြစ်တဲ့ ရွှီယိဘဝမှာနေထိုင်ရင်း၊ ရွှီယွိကလည်း လူဆိုးဂိုဏ်းတွေနဲ့ဆက်ဆံနေရတဲ့ လုံရှန်းဘဝမှာနေထိုင်ရင်း ဘယ်လိုအလွဲတွေနဲ့ကြုံတွေ့ရမလဲ။ ဘယ်လိုပြဿနာတွေရော ပါဝင်ပတ်သက်လာမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ခံစားကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy , Romance Runtime : 1h 25min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Drama
0 2022 85 mins
Civet Cat for Crown Prince
My Best Friend's Breakfast
6.1

နောက် ၁၅ နှစ်နေရင် ဘယ်လိုတွေဖြစ်ကြမှာလဲ...ဒီဇာတ်ကားလေးရဲ့ အဓိကစာကြောင်းလေးပေါ့။ နောက် ၁၅ နှစ်နေရင် အောင်မြင်မှာလား၊ အခုထက်ပိုဝမှာလား၊ အခုလက်ရှိတွဲနေတဲ့ချစ်သူနဲ့ရော ဆက်တွဲဖြစ်ပါ့မလား... စသည်ဖြင့်မသိနိုင်တဲ့အချိန်ကာလတစ်ခုပေါ့ တွေးရင်း စဉ်းစားရင်းနဲ့ ခံစားလို့ကောင်းဦးမယ့် ထိုင်ဝမ်ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားကားတွေဆို ထိုင်ဝမ်ကားတွေကပဲ ကြည့်လို့ပိုကောင်းတယ်လို့ထင်မိတယ်။ ပိုပြီးလည်း ယုတ္တိဆန်သလို ဆယ်ကျော်သက်အရွယ်ခံစားချက်ကိုလည်း ထိထိမိမိရိုက်ပြနိုင်တတ်ကြပါတယ်။ ဒီကားကလည်း အဲ့ဒီလိုမျိုးပါပဲ။ အစားအသောက်ဆို မီးလိုတောက်တဲ့ ရှန့်ဝေရှင်းကတော့ သူ့သူငယ်ချင်းကို ပိုးကြေးပန်းကြေးနဲ့ လာပို့ပေးတတ်တဲ့ မနက်စာကိုတောင် အကုန်စားပစ်တတ်တဲ့ သူပါ။ အစားအသာက်ရှိနေမှ ဘဝအဓိပ္ပါယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့သူက နောက် ၁၅ နှစ်ကြာရင် ဘယ်လိုဖြစ်လာမလဲဆိုပြီး စဉ်းစားနေရင်းနဲ့ အခုလို အချစ်၊ဒရာမာ၊ လူငယ်ဆန်ဆန်ရုပ်ရှင်ကားလေးဖြစ်တည်လာပါတော့တယ်။ ရိုးရှင်းမလိုလိုနဲ့ ရှုပ်ထွေးတဲ့အထဲမှာ ဒီဇာတ်ကားလည်းပါပါတယ်။ အတွေးစတစ်ခုခုရရှိစေပြီး စာအရှည်ကြီးရေးချင်လာတဲ့ဖီလင်ဖြစ်လာမှာပါ။ ကဲ... ဒီကားလေးကြည့်ရင်းနဲ့ ပရိသတ်ကြီးလည်း နောက် ၁၅ နှစ်နေရင် ဘယ်လိုပုံစံဖြစ်မလဲ စဉ်းစားကြည့်ရအောင်လားဗျာ...။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(2.1GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.9/10 Format__mp4 Duration__02:01:00 Type__Romance, School Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Drama
6.1 2022 119 mins
My Best Friend's Breakfast
Bāhubali 2: The Conclusion
7.4

IMDb Rating (8.2) / Rotten Tomatoes (86%) ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။ အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ ပါတယ်။ တစ်ဖက်မှာလည်း ဘုရင်မ ကြီး ဆီဗာဂါမိဟာ ရန်သူနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ တူတော် ဘာလာကို နှစ်နိုင်ငံငြိမ်းချမ်းရေး အတွက် လက်ဆက်ဖို့ ကမ်းလှမ်း စာပို့ခဲ့ပါတယ်။ မင်းသမီးက ငြင်း ဆန်ခဲ့တဲ့အတွက် ဘုရင်မကြီး အမျက်ထွက်ပြီး ကန်တာလာကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတော့ တယ်။ မင်းသမီး ဒီဗာဆီနာတို့ နိုင်ငံကို ရန်သူတွေကျူးကျော်ဝင် လာတဲ့အခါမှာ အမန်ဒရာက ကူညီတိုက်ခိုက်ပေးခဲ့ပြီး သူ့ရဲ့ အံ့မခန်းစွမ်းအားတွေကြောင့် မင်းသမီးရော၊ ဟန်တာလာဘုရင်ကြီး ရော အံ့အားသင့်ခဲ့ကြပါတယ်။ ထူးခြားအစွမ်းတွေကြောင့် သာမန်လူ မဟုတ်တန်ရာတဲ့အ တွက် မေးမြန်းရင်း ဘုရင်မကြီးရဲ့ သားတော်ဆိုတာ သိသွားခဲ့ကြပြီး အမန်ဒရာက မင်းသမီးကို သ ဘောကျကြောင်း ဖွင့်ပြောခဲ့သလို ဘုရင်မကြီးကလည်း လက်ထပ်ဖို့ ကမ်းလှမ်းထားတာလည်း ရှိတဲ့အ တွက် မင်းသမီးကို တစ်ပါတည်း ခေါ်သွားခဲ့ပါတယ်။ ဟိုဘက်နိုင်ငံရောက်တဲ့အ ခါမှာ မင်းသမီးဒီဗာဆီနာကို ဘာ လာနဲ့ပေးစားဖို့ ကမ်းလှမ်းတာဖြစ် နေတဲ့အတွက် ဘုရင်မကြီး၊ အမန်ဒရာနဲ့ မင်းသမီးတို့ အချေအတင် တွေဖြစ်ကာ အမန်ဒရာက သူ့ မယ်တော်ကို ဆန့်ကျင်ပြီး သူ့ လမ်းသူလျှောက်ခဲ့တဲ့အတွက် ရာထူးအသိမ်းခံခဲ့ရပါတယ်။ ဘာလာက ရှင်ဘုရင်ဖြစ် သွားခဲ့ပေမယ့် လူထုကတော့ စစ်သူကြီးဖြစ်သွားတဲ့ အမန်ဒရာဘက်ကသာ ရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။ အဲဒီအခါမှာ အမန်ဒရာအပေါ် မရှုဆိတ်တဲ့ဘာလာဟာအမျိုးမျိုးဒုက္ခတွေပေးခဲ့သလို ပြဿနာတွေဖြေရှင်းမှုမှာ လည်း ထိပ်တိုက်တွေ့ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးဖို့လုပ်ခဲ့ပါတော့တယ်။ ပြည်သူတွေဘက်က ရပ်တည်တဲ့ အမန်ဒရာနဲ့ မဟုတ်မခံမင်းသမီး ဒီဗာဆီနာတို့ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင် ရမှာလဲ၊ ဘုရင်မကြီးနဲ့ ဘာလာက တစ်ဖက်၊ အမန်ဒရာတို့ က တစ်ဖက်ဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ၊ အမန်ဒရာရဲ့ ဖြစ်ကြောင်းကုန်စင်ကိုသိသွားတဲ့ သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီတစ်ယောက် ဘယ်လိုလက်တုံ့ပြန် မှာလဲဆိုတာ ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ အမန်ဒရာ ဘာဟုဘာလီ၊ မဟင်ဒရာ ဘာဟု ဘာလီအဖြစ် ပရာဘက်စ်၊ ဘာလာအဖြစ် ရာနာ ဒက်ဂူဘာတီ၊ ဒီဗာဆီနာအဖြစ် အနွတ်ရှ်ကာ ရှက်တီ၊ ဘုရင်မကြီး ဆီဗာဂါမိ အဖြစ် ရမ်ရာခရစ်ရှ်နာ၊ ကက်တာပါးအဖြစ် ဆက်သ်ရာရာ့ဂျ်တို့ သရုပ်ဆောင်ထားပါတယ်။ (ရုပ်ရှင်အညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။) File size…(4.2 GB ) / (3.1 GB) / (1.6 GB) Quality…BluRay 4K HEVC / 1080p / 720p Telugu Audio Format…mkv Duration….02:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tariq L Walker

Crime • Drama • TV Movie • Thriller
7.4 2017 168 mins
Bāhubali 2: The Conclusion
Shot Caller
6.9

ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ် နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင် မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက် တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလို တစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။ အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှ ပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်း မဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင် လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကို ပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။ အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်း မိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ) Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hardsub) Translated By Little Twinlay Encode By Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
6.9 2017 121 mins
Shot Caller
The Woman
6

ဒီဇာတ်လမ်းမှာတော့ တောတောင်ထဲမှာ တစ်ကိုယ်တည်း လျှောက်သွားပြီး ရှင်သန်နေတဲ့ မိန်းမတစ်ယောက်ကို ယဉ်ကျေးအောင်၊ လူမှုအဖွဲ့အစည်းနဲ့အံဝင်အောင် ကြိုးစားခဲ့တဲ့ ရှေ့နေတစ်ယောက်နဲ့ သူ့မိသားစု အကြောင်းကို တင်ဆက်ထားပါတယ် ခရစ်စ်တို့မိသားစုဆီကို သူ့ကိုယ်ပိုင်စိတ်ဆန္ဒမပါဘဲ ရောက်လာတဲ့ မိန်းမတစ်ယောက်. သူတို့တွေက “အမျိုးသမီး” လို့ ရည်ညွှန်းခဲ့ပေမယ့် သူကတော့ တိရစ္ဆာန်နဲ့ မခြားခဲ့ပါဘူး. ရိုင်းစိုင်းပြီးသားရဲဆန်တဲ့အမျိုး သမီးကို ဖမ်းဆီးနိုင်ခဲ့တဲ့ ခရစ်စ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်စမ်းသပ်မှုအဖြစ် အတင်းအကျပ်ထိန်းသိမ်းပြီး အရိုင်းဆန်စိတ်တွေ ပပျောက်အောင် ကြိုးစားခဲ့ပါတယ်.။ သူ့ရဲ့ မိသားစုကိုလည်း ဒီပရောဂျက်မှာ မဖြစ်မနေ ပါဝင်စေခဲ့ပြန်ပါတယ်. တရားဥပဒေဘက်တော်သားဖြစ်သူ ခရစ်စ်ကိုယ်တိုင်က ဥပဒေနဲ့ဆန့်ကျင်စွာ အမျိုးသမီးတစ်ယောက်ကို မတရားဖမ်းဆီး လူယဉ်ကျေးဇာတ်သွင်းနိုင်မလား အောင်မြင်ပြည့်စုံနေတဲ့ မိသားစုကြားမှာ ရိုင်းစိုင်းတဲ့အမျိုးသမီး တစ်ယောက် ဝင်ရောက်လာမှုကလည်း ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ အမျိုးသမီးတစ်ယောက်ကို ယဉ်ကျေးအောင်သင်ပြပေး ချင်သူ ခရစ်စ်ကိုယ်တိုင်က သူ့မိန်းမ၊ မိသားစု အပါအဝင် အမျိုးသမီး များကို မလေးစားတတ်သူ ဖြစ်နေသောအခါ.. ထိုအမျိုးသမီးရဲ့ ရက်စက်တဲ့အမျက်ဒေါသကနေ လွတ်မြောက်နိုင်လမ်း ရှိမလားဆိုတာကို ရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်. File size…1.82GB / 756MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

6 2011
The Woman
Mindhorn
6.3

စုံထောက်အမှုလိုက်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးဟာသတွေ စိတ်လှုပ်ရှားစရာဇာတ်ကွက်အစုံကို ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ပြသွားတဲ့ဇာတ်လမ်းလေးပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့… ရစ်ချက် သွန်းခရက်ဟာ ၁၉၈၀ ပြည့်နှစ်များဆီက ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ…။ သူနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နာမည်က အမှန်တရားကို မြင်နိုင်တဲ့ “စက်မျက်စိ စုံထောက်မိုင်းဟွန်း”…. ရုပ်ရှင်ကအောင်မြင်ခဲ့ပေမယ့်လည်း ရစ်ချက်ဟာ ဘဝင်မြင့်အောက်ခြေလွတ်ပြီး လေကြီးလေကျယ်ပြောတတ်တဲ့သူဖြစ်လေတော့ လက်ရှိကာလမှာ ဘယ်သူမှ သူ့ကိုရုပ်ရှင်ခေါ်မရိုက်ကြတော့ပါဘူး…။ ဒီတော့ ရစ်ချက်ခမျာ အလုပ်လက်မဲ့ မင်းသားအဖြစ်ပေတေလေလွင့်နေရတာပေါ့… ကံကောင်းချင်တော့ ရစ်ချက်ရဲ့ မွေးရပ်မြေကျွန်းလေးမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ်…။ လူသတ်တရားခံက ရဲတွေဆီဆက်သွယ်ပြီးတော့ သူနဲ့ညှိနှိုင်းချင်ရင် စုံထောက်မိုင်းဟွန်းကိုခေါ်ပေးလို့ပြောပါတယ်…။ စုံထောက်မိုင်းဟွန်းဆိုတာ လက်တွေ့ဘဝမှာတကယ်မရှိတဲ့အတွက် ရဲတွေလည်း ကြံရာမရမယ့်အတူတူ စုံထောက်မိုင်းဟွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရစ်ချက်ကိုပဲ အကူအညီလှမ်းတောင်းပါတယ်… ရစ်ချက်ကလည်း အလုပ်မရှိတဲ့အပြင် တီဗီထဲကစုံထောက်က တကယ့်စုံထောက် စစ်စစ်တွေကိုကူညီပြီးအမှုဖြေရှင်းနိုင်ရင် နာမည်ကြီးမှာပဲဆိုပြီး လက်ခံလိုက်ပါတယ်…. စိတ်ကူးယဥ်ရုပ်ရှင်ဇာတ်ကောင်တဖြစ်လဲ စုံထောက်မိုင်းဟွန်းတစ်ယောက် လက်တွေ့ဘဝမှာ ဘယ်လိုအမှုလိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်….။ File size…1.51GB / 712MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action
6.3 2016
Mindhorn
The Preparation
8.1

The Preparation (2017) အညွှန်း ပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး ” ငါသေရင် ” ၊ ” ငါသာသေသွားခဲ့ရင် ” ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ … IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon Lovers, Moving, High Kick 2 တို့လို နာမည်ကြီး Kdrama တွေရဲ့ Kim Sung Kyun နဲ့ Shin Se Kyung ဆိုတာနဲ့တင် ကြည့်ရတာ အသားကျမယ့် Movie တစ်ကားမို့လို့ Highly recommended ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Wutyi Myaing ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.5GB | 707MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Wutyi Myaing Encoder ….. Aaron

8.1 2017
The Preparation
Missions of Love
5.5

Mission of love (2018) IMDb – 5.5 My Drama List – 6.9 2009 ခုနှစ်‌ကနေ 2015 အထိ Nakayoshi manga magazine မှာ လစဉ်ရေးသားတင်ဆက်ခဲ့တဲ့ Manga Series ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ ဟိမုရိုယူကီနာက အွန်လိုင်းပေါ်မှာ နာမည်ကျော်တဲ့ စာရေးဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။ သူက နာမည်ကျော်စာရေးဆရာမဆိုပေမယ့် အချစ်ဝတ္ထုကို တစ်ခါမှမရေးဖူးပါဘူ။ တစ်နေ့မှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ အချစ်ဝတ္ထုရေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အချစ်အကြောင်း ဘာတစ်ခုမှမသိတဲ့ယူကီနာတစ်ယောက် ဝတ္ထုရေးဖို့ ကုန်ကြမ်းအဖြစ် အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးဖို့လိုအပ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောင်းရဲ့ နာမည်ကြီးကျောင်းသားတစ်ယောက်ဖြစ်တဲ့ ခီတမိရှီဂုရဲရဲ့ လျှို့ဝှက်ချက်တစ်ခုကို အမှတ်မထင် သိရှိသွားပါတော့တယ်။ အဲဒီလျှို့ဝှက်ချက်ကိုသုံးပြီး ရှီဂုရဲကို သူနဲ့တွဲပေးဖို့ အကြပ်ကိုင်ခဲ့ပါတယ်။ ယူကီနာတစ်ယောက် ဝတ္ထုအတွက် မစ်ရှင်တွေတစ်ခုပြီးတစ်ခု စမ်းသပ်ရင်းနဲ့ ဘာမှမပြောင်းလဲဘဲ ဝတ္ထုကိုအဆုံးထိရေးနိုင်မလား ယူကီနာရဲ့အချစ်ရေးအပြောင်းအလဲ အခက်အခဲတွေကို စိတ်ဝင်စားစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size… 1.9 GB / 844 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

5.5 2018 96 mins
Missions of Love
The Keeper
7.5

The Keeper(2018) IMDb….7.5 ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ… ကျွန်တော်ပြောတာကို ယုံလိုက်ပါ… ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး… သူ့နာမည်က ထရော့မန်း…ဂျာမန်လူမျိုး… ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ… ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ… ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်…အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်…အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့… ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး…ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့…အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်… File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Biography Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Horror • Thriller
7.5 2018
The Keeper
Luciferina
4.7

Luciferina (2018) ( 18+ ကားမဟုတ်ပေမယ့်လည်း ဇာတ်လမ်းက နတ်ဆိုးဆီက သန္ဓေကိုအခြေခံထားတာဖြစ်တဲ့အတွက် ပွင့်လင်းတဲ့ ချစ်တင်းနှောခန်းတစ်ခုအကြာကြီးပါနေပါတယ်။ မိသားစုနဲ့မကြည့်ခင်ဆုံးဖြတ်နိုင်ဖို့ပါ။) LUCIFERINA ဟာသီလရှင်ကျောင်းမှာ ပညာသင်နေဆဲ ဂျူနီယာသီလရှင်လေးတစ်ယောက်ဖြစ်တဲ့ နက်တလီယာ နဲ့ စပါတယ်။ သူ့မိဘတွေ မတော်တဆမှုဖြစ်ပြီး မိခင်ဖြစ်သူသေဆုံးခဲ့ရသလို ဖခင်ဖြစ်သူအိပ်ယာထဲလဲသွားတယ်ဆိုတာ သိရတဲ့အချိန်မှာတောင် သူဟာအိမ်ကို မပြန်ချင်ခဲ့ပါဘူး။ ဒါပေမယ့် သီလရှင်ဆရာကြီးရဲ့ဒီနေရာဟာ သူ့ပြဿနာတွေ၊ ဒုက္ခတွေဆီက ပုန်းရှောင်နေရမယ့်နေရာမဟုတ်ဘူးဆိုတဲ့စကားကြောင့် သူတမင်စွန့်ခွာခဲ့တဲ့ သူ့အိမ်ကိုပြန်သွားဖြစ်ခဲ့ပါတယ်။ သူ့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ အိပ်ယာထဲ လဲနေတဲ့ဖခင်ကြီးနဲ့အတူ သူ့ညီမ အိန်ဂျလာရဲ့ဆိုးဝါးတဲ့ထိုးနှက်စကားတွေကိုရင်ဆိုင်ရပါတယ်။ သူ့အမေဟာနတ်ဆိုးတစ်ကောင်ပူးကပ်တာခံနေရတဲ့အကြောင်း၊ အခုဖြစ်သွားတဲ့ ကိစ္စဟာလည်း အဲ့ဒါတွေကြောင့်အများကြီးသက်ဆိုင်နေပြီး အဲ့ဒီပဟေဠိတွေကိုအဖြေရှာဖို့အတွက် သူတို့ဟာ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက ဘုရားကျောင်းပျက်ကြီးတစ်ခုမှာ အစီအရင်တစ်ခုသွားလုပ်ကြတော့မယ်ဆိုတာသိရပါတယ်။ အဲ့ဒီအစီအရင်ဟာ သူတို့ရဲ့ (မွေးစား) မိဘနှစ်ပါးဖွက်ထားတဲ့ ပဟေဠိတွေကိုအထုပ်ဖြေပြမှာဖြစ်တဲ့အတွက် သူ့ကိုပါလိုက်ခဲ့ပါလို့ခေါ်ဆောင်ချိန်မှာတော့ နက်တလီယာအနေနဲ့ ညီမငယ်ကိုစိတ်မချတဲ့ ဇောသက်သက်နဲ့ကြောက်စရာကောင်းလွန်းလှတဲ့ အတိတ်ပေါင်းစုံနဲ့နေရာစိမ်းတစ်ခုကိုအခြေချမိပါတော့တယ်။ ဒါပေမယ့် အဲ့ဒီနေရာဟာ တကယ်တမ်းတော့ သူ့အတွက် အစိမ်းသက်သက်ဖြစ်မနေခဲ့ဘူးဆိုတာကို သိလိုက်ရတဲ့အချိန်..။ သမားရိုးကျ မိစ္ဆာဖုတ်နှင် ကားတွေကနေကွဲထွက်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အာဂျင်တီးနားကားဖြစ်တဲ့အတွက် ကမ္ဘာကျော်မျက်နှာသိမင်းသားမင်းသမီးတွေ မပါဝင်ပေမယ့် သရုပ်ဆောင်တွေက ကိုယ့်တာဝန်ကိုယ်ကျေသလို ဇာတ်လမ်းရောလှည့်ကွက်တွေရောကောင်းတဲ့ကားဖြစ်တဲ့အတွက် Horror ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery Duration….01:55:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.7 2018
Luciferina
Jersey Bred
5.5

ဇာတ်လမ်းအကျဉ်းက ဗင်းဆင့်နပိုလစ်တန်နို က New Mafia အဖွဲ့ကိုဦးဆောင်ပြီးနယူးဂျာစီမှာရှိတဲ့ လောင်းကစားရုံ ကာစီနို မူးယစ်ဆေးစတာတွေကို အကြီးအကျယ်လုပ်ကိုင်နေပါတယ်။ ရဲတပ်ဖွဲ့ကလည်းသူရဲ့အပြစ်တွေကို သက်သေနဲ့တကွ မဖမ်းနိုင်ဘူးဖြစ်နေတယ်။ စာရင်းတွေစစ်ကြည့်တော့လည်းပိုက်ဆံတွေအကုန်လုံးက တရားဝင်လမ်းကြောင်းကနေဝင်လာတာ ဖြစ်တဲ့အတွက် ဗင်းဆင့်တို့တစ်ဖွဲ့လုံးကိုမျက်ခြေမပြတ်စောင့်ကြည့်နေ ကြပါတယ်။ ဒီလိုအချိန်မှာပဲ ဗင်းဆင့်ရဲ့ရန်ဖက်လို့ဆိုလို့ရသလို တစ်ချိန် တစ်ခါကလက်တွဲဖော်ဖြစ်တဲ့ အန်တိုနီဟာထောင်ကနေ ထွက်လာပါတော့တယ်။ အန်တိုနီကတော့ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ဗင်းဆင့်အဖေနဲ့ ဘားတစ်ခုမှာ လူသတ်ရင်းမလွတ်တော့တဲ့အခြေအနေမှာ ဗင်းဆင့်ကသူ့ကိုထားခဲ့တဲ့အတွက်တစ်သက်လုံးအခဲမကျေ ဖြစ်နေပါတယ်။ အဲ့ဒါကြောင့်ထောင်ကထွက်ရင်ဗင်းဆင့်ကို ရှင်းပစ်ဖို့တွေးထား ပါတယ် အန်တိုနီနဲ့အတူ တစ်ချိန်တစ်ခါကနာမည်ကြီး လူကြီးဆိုး အန်ကယ်ဆဲလ်ကလည်းထောင်ကနေထွက်ရင် အတူတူပူပေါင်းဖို့တိုင်ပင်ထားကြတယ်။ နည်းပညာသစ်တွေ နည်းလမ်းသစ်တွေနဲ့ လောင်းကစား လောကကိုချယ်လှယ်ချင်နေတဲ့ဗင်းဆင့်ကိုအန်ကယ်ဆဲလ်တို့က မနာလိုပြီးလုပ်ငန်းတွေကိုအပိုင်သိမ်းဖို့ကြိုးစားတဲ့အခါမှတော့….. File size… (841 MB) / (463 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

Horror • Science Fiction
5.5 2024 92 mins
Jersey Bred
Morrison
6.5

Morrison (2024) *************** Morrison သည် ပြင်သစ်နိုင်ငံက ထုတ်လုပ်သူနဲ့ပူးတွဲ တင်ဆက်ရိုက်ကူးထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပါတယ်… Mystery ဆန်ဆန် ဂီတကို နောက်ခံပြု ရိုက်ကူးတဲ့အပြင် လွန်ခဲ့တဲ့နှစ် ၄၀ ကျော်က ထိုင်းနိုင်ငံရဲ့လူတွေ ဂီတအပေါ်မှာ ဘယ်လိုခံစားကြသလဲဆိုတာကိုပါ ရှုစားရမှာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– အမေရိကန်အဖေနဲ့ထိုင်းမိခင်မှ မွေးဖွားလာသူ ဂျင်မီ(လတ်)ဟာ ငယ်စဉ်က နာမည်ကြီး အဆိုတော်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူလည်း ဖြစ်ပါတယ်…သူ့မိခင်ဆုံးပါးသွားချိန်မှာ မွေးရပ်မြေကို ပြန်ပြီး မိခင်ရဲ့နာရေးကို တက်ရောက်ခဲ့ပါတယ်…အဲဒီနောက် သူဟာ ဟိုတယ်အဟောင်းတစ်ခုကို ပြန်လည်မွမ်းမံဖို့ အလုပ်လက်ခံလိုက်ပါတယ်…အဲဒီဟိုတယ်ကို သူရောက်သွားချိန်မှာတော့ ထူးဆန်းလွန်းတဲ့ ခံစားချက်တွေ ဖြစ်လာခဲ့ပါတယ်…ဟိုတယ်ဟာ ဟိုတယ်တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ မပြည့်စုံသလို ဆန်းကြယ်မှုတွေလည်း ပြည့်နှက်နေခဲ့ပါတယ်…ဟိုတယ်ကို မွမ်းမံပေးဖို့လာတဲ့ဂျင်မီ(လတ်)တစ်ယောက် ဟိုတယ်ကို ပြီးစီးအောင် ပြင်ဆင်ပေးနိုင်ပါ့မလား…သူကြုံတွေ့ခံစားနေရတဲ့ ထူးဆန်းအံ့ဖွယ်အဖြစ်အပျက်တွေကရော တကယ်ပဲလားဆိုတာ အဖြေရှာရင်း ခံစားကြည့်ရှုအပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအညွှန်းကို Dao Phyo မှရေးသားပေးထားပါတယ် File Size : 1.49GB / 674MB Quality : WEB-DL 1080p /720p Genre : Drama Duration : 1hr 46mins Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Heather Oo

Thriller • Drama
6.5 2024 106 mins
Morrison
Ka.Mu – Ka.Pi
6

Ka.Mu – Ka.Pi 2025 (ချစ်ခြင်း၏အလွန်) အန်ဘူနဲ့ အာနူတို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအဆင့်ကနေ အချင်းချင်း ချစ်မိသွားကြပြီး လက်ထပ်ဖို့အထိပါ ရည်ရွယ်ထားကြတဲ့ ချစ်သူတွေပါ။ သူတို့တွေ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ မျိုးရိုးဇာတ်တွေ မတူညီတာကြောင့်နဲ့ပဲ နှစ်ဖက်မိဘတွေက သဘောမတူဘဲ သူတို့ရဲ့ အချစ်ရေးမှာ အနှောင့်အယှက်ဖြစ်ခဲ့ရပါတော့တယ်။ သို့ပေမဲ့လည်း နှစ်ယောက်လုံးဟာ အရမ်းချစ်လွန်းပြီး နှစ်ဖက်မိဘတွေ တားမြစ်ထားတဲ့ကြားကနေ နှစ်ယောက်သား အိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့ပါတော့တယ်။ သို့ပေမဲ့လည်း လူ့စိတ်ဆိုတာက အခက်သားပါ၊ အန်ဘူနဲ့ အာနူတို့ နှစ်ယောက်ဟာ လက်ထပ်ပြီးသွားတော့မှ ဘာမဟုတ်တဲ့ ပြဿနာသေးသေးလေးတွေကစပြီးတော့ အမြဲ ပြဿနာတက်လို့နေပါတော့တယ်။ အန်ဘူနဲ့ အာနူတို့လင်မယားနှစ်ယောက်ကြားမှာ ပဋိပက္ခတွေ အရမ်းများလာတဲ့နောက်မှာတော့ သူတို့နှစ်ယောက် ကွာရှင်းဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့လင်မယားနှစ်ယောက် မကွာရှင်းခင်မှာ ထုံးစံလုပ်ရိုးလုပ်နည်းအတိုင်း အတိုင်ပင်ခံနဲ့ ဆွေးနွေးရတဲ့အချိန်မှာတော့ ……. သူတို့နှစ်ယောက်ကြားက ပြဿနာတွေဟာ ဘယ်လိုအကြောင်းပြချက်တွေကြောင့်ဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Comedy • Drama
6 2025
Ka.Mu – Ka.Pi