YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Shoshana (2024) WEB-DL,1080p5.1CH(CM).mp4

1.8 GB N/A video/mp4 109 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Life of Crime
5.7

Tim Robbins နဲ့ Jennifer Aniston တို့ အဓိက ပါဝင်ထားတဲ့ Comedy ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... ဇာတ်လမ်းအစမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့ မိန်းမ မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြတဲ့ ရာဇဝတ်သား ၂ ယောက်ရဲ့ ဇာတ်ဝင်ခန်းနဲ့ စထားပါတယ်. သူ့မိန်းမကိုယ်တိုင်တောင်မသိတဲ့ ဖရန့်ခ်ဒေါ်ဆင်ရဲ့ လျှို့ဝှက် ချက်တွေကို သိထားတဲ့ သူတို့ ၂ယောက်ကတော့ ဖရန့်ခ်ရဲ့မိန်းမကို ပြန်ပေးဆွဲငွေညှစ်တာက လွယ်လွယ်လေးပိုက်ဆံရမယ့် အလုပ်လို့ ထင်ထားခဲ့တာပါ.ဒါပေမယ့် သူတို့မသိတာက ဖရန့်ခ်မှာ သူတို့ မထင်ထားတဲ့ မယ်လနီဆိုတဲ့ အငယ်အနှောင်း ရှိနေပြီး. သူ့မိန်းမ မစ်ကီ့ကိုလည်း ကွာရှင်းဖို့ထိ စီစဉ်ထားပြီး ဖြစ်နေခဲ့တယ်ဆိုတာပါပဲ. တကယ့်တကယ် မစ်ကီကို ပြန်ပေးဆွဲချိန်မှာတော့ ဖရန့်ခ် အနေနဲ့က သူ့မိန်းမကို ဒေါ်လာ ၁ သန်း ပေးပြီး ပြန်အရယူဖို့ စိတ်ကူးမရှိသလို သူ့အငယ်အနှောင်း မယ်လနီကလည်း တခြားအကြံအစည် တစ်ခုရှိနေပါတယ်. ငွေအရလွယ်ဖို့ ပြန်ပေးဆွဲမိကာမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့ အဖြစ်ကြုံရတဲ့သူတို့၊ မစ်ကီကို ဖမ်းထားရင်း ကြုံတွေ့ရတဲ့ အလွဲများ၊ တစ်ဖက်က ဖရန့်ခ်ရဲ့ မီးခဲဖင်ခုထိုင်မိသလို ကြံရာမရဖြစ်ပုံများနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ စတာတွေကို ဟာသနှော တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.26GB / 529MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Drama
5.7 2013 94 mins
Life of Crime
The Meyerowitz Stories (New and Selected)
6.5

"The Meyerowitz Stories" ဆိုတဲ့ဇာတ်ကားလေးကတော့ နွေးထွေးတဲ့ မိသားစုအကြောင်း၊ အနုပညာနဲ့ ရှုပ်ထွေးလှတဲ့ လူ့ဘဝအကြောင်းတွေကို သရုပ်ဖော်ထားတဲ့ နွေးနွေးထွေးထွေး ဟာသကားလေးပဲ ဖြစ်ပါတယ် တော်လှတဲ့ ပန်းပုဆရာဖြစ်ပေမယ့် အပြစ်လည်း သိပ်မကင်းလှတဲ့ သူတို့ အဖေအပေါ် မာယာဝစ် မွေးချင်းသားတွေနဲ့အတူ သူတို့ ဘယ်လိုခံစားကြရတယ်ဆိုတာ တူတူခံစားကြည့်လို့ ရပါတယ် ဒီကားလေးကတော့ မိဘနဲ့ သားသမီးတွေအကြား ဆက်ဆံရေးတွေကို သေချာ စူးစမ်းလေ့လာထားတဲ့ ရင်ထဲ ထိဖွယ် ဟာသ ဇာတ်ကားလေးဖြစ်ပါတယ် မိသားစု တစ်ခုမှာ ဘယ်လို အတက်အကျတွေ ရှိတယ်ဆိုတာရယ် ခဏတာ ရယ်မောချင်တာရယ်အတွက်ကတော့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.. File size…2.31GB / 892.6MB Quality…Web-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw

Drama • Romance
6.5 2017 112 mins
The Meyerowitz Stories (New and Selected)
The Best Man
6

ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို "The Best Man"ဆိုတဲ့အက်ရှင်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ သူဌေးကြီးတစ်ဦးရဲ့သမီးပြန်ပေးဆွဲခံရရာကနေ ပြန်ကယ်ဖို့ တပ်ဖွဲ့တစ်ဖွဲ့ငှားလိုက်ပါတယ်။ အဖွဲ့သားဆုံးရှုံးမှုတွေရှိပေမဲ့ သူဌေးသမီးကိုတော့ ပြန်ကယ်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက် အချိန်တစ်ခုကြာပြီး ကယ်ပေးတဲ့တပ်ဖွဲ့ထဲက အသက်ရှင်ကျန် ရစ်သူအဖွဲ့သားနဲ့ သူဌေးသမီးတို့ ချစ်ကြိုးသွယ်ပြီး လက်ထပ် ကြတော့မယ်ပေါ့လေ။ ငွေကို‌ရေလိုသုံးနိုင်တဲ့ သူဌေးတွေဆိုတော့ မင်္ဂလာပွဲအတွက် ဟိုတယ်ကြီးတစ်ခုလုံးအပြတ်ငှားထားတာပေါ့။ အဲဒီမင်္ဂလာပွဲကို အကြမ်းဖက်သမားတွေ ဝင်စီးတော့ အရင်ကအသက်ရှင်ကျန်ရစ်တဲ့ မင်းသားတို့အဖွဲ့ကလူတွေနဲ့ အကြမ်းဖက်သမားတွေ ဘတစ်ပြန် ကျားတစ်ပြန် ဖိုက်ကြတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.58 GB) / (560 MB) / (325 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Ngwe Zin Encoder..........SWM

Drama • Romance
6 2023 93 mins
The Best Man
Something in the Dirt
5.8

Sci-Fi ဇာတ်လမ်းတွေကိုနှစ်သက်သူတွေ ကြည့်စရာဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ "Something in the Dirt" ပါ။ ဒီဇာတ်ကားက ကိုဗစ်၁၉ လော့ခ်ဒေါင်းကာလမှာ ဒါရိုက်တာအိမ်မှာပဲ လူဆယ့်နှစ်ယောက်လောက်နဲ့ရိုက်ကူးထားတာမို့ ဘတ်ဂျက်မူဗီအနေနဲ့ကတော့ တော်တော်အရည်အသွေးမှီတဲ့ဇာတ်လမ်း နဲ့ရိုက်ချက်တွေပါပဲ။ ဒီကမ္ဘာကြီးမှာ ဘယ်သူမှမဖြေရှင်းနိုင်တဲ့ပဟေဋိတွေအများကြီးပါ ဥပမာ ကွင်းဆက်လူသတ်သမား ဂျက်ရစ်ပါကဘယ်သူလဲ JFK ကိုဘယ်သူသတ်တာလဲ ပိရမစ်တွေကဘာအတွက်ဘယ်လိုတည်ဆောက်ခဲ့လဲစသဖြင့်ပေါ့။ ဒီဇာတ်လမ်းမှာတော့ လီဗိုင်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က အိမ်အသစ်တစ်ခုကိုပြောင်းလာပါတယ်။ သူကဘားမှာအလုပ်လုပ်သူဖြစ်ပြီး သူ့ဘဝကဘာမှအဓိပ္ပါယ်မရှိပဲလွင့်မြောနေသူ ဆိုပါတော့။ သူပြောင်းလာတဲ့တိုက်ခန်း၊ ဘာမှမရှိတဲ့တိုက်ခန်းထဲမှာ ဘာမှမထူးခြားတဲ့နေ့လည်ခင်းတစ်ခုမှာ အပေါ်ကပြောခဲ့သလိုမဖြေရှင်းနိုင်တဲ့ပဟေဋိမျိုးနဲ့ကြုံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့အိမ်နီးချင်းကလဲရှိနေတယ် ပြီးတော့ဒါကသရဲခြောက်တာလို့သူတို့ထင်တော့ သူတို့နှစ်ယောက်ပေါင်းပြီးဒါကိုမှတ်တမ်းဗီဒီယိုရိုက်မယ် ပြီးရင်နက်ဖလစ်မှာ ရောင်းစားကြမယ်ပေါ့။ ဒါပေမဲ့တကယ်တမ်းကျတော့ ဒါကသရဲခြောက်တာမဟုတ်ဘဲ သိပ်နက်နဲတဲ့ပဟေဋိဖြစ်နေတော့ အခုမှတွေ့တဲ့သူစိမ်းအိမ်နီးချင်းနှစ်ယောက် ဘာတွေများရှာတွေ့ဦးမလဲ သူတို့ရဲ့မှတ်တမ်းတင်ရုပ်ရှင်ကိုရော နက်ဖလစ်မှာ မကြာခင်ကြည့်ရတော့မလားဆိုတာ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Horror, Sci-fi Quality…. 1080p | 720p | 480p File size… Format… mp4 Duration….1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Fantasy • Romance • Science Fiction
5.8 2022 116 mins
Something in the Dirt
I Am Not a Witch
6.8

ရွာတစ်ရွာကို ဆွေမရှိမျိုးမရှိ အမည်မသိ ကလေးမလေးတစ်ယောက် ရုတ်တရက် ရောက်လာပြီးနောက်ပိုင်း ရွာသားတွေရဲ့ အဆိုအရ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်...တဲ့။ အဲဒီ့ရွာဟာလည်း "စုန်းကဝေ" ဓလေ့ထွန်းကားတဲ့ရွာပီပီ ရွာသားတွေက ကလေးမလေးကို စုန်းမအဖြစ်သတ်မှတ်ပြီး ဒေသအာဏာပိုင်တွေဆီ ပို့လိုက်ကြပါတော့တယ်...။ ဒါဟာ ရုပ်ရှင်သမားတွေအခေါ်အရဆိုရင်တော့ ဇာတ်လမ်းရဲ့ 'အခင်း' ဖြစ်ပြီး 'အခက်'နဲ့ 'အဖြေ' ကတော့ ကိုယ်တိုင် ကြည့်ရှုနိုင်ကြဖို့ ဇာတ်လမ်းအကျဉ်းထဲ ထည့်မရေးတော့မယ့် ဇာတ်လမ်းထဲက ကလေးမလေးရဲ့ 'စုန်းမ' တစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့်ဘဝပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ဒါရိုက်တာဖြစ်တဲ့ Rungano Nyoni ဟာ ဇမ်ဘီယာနိုင်ငံရဲ့ စုန်းကဝေအတတ်ပညာပေါ် ယိုးစွပ်မှုတွေအပေါ် စိတ်ကူးစိတ်သန်းယူပြီး ဒီဇာတ်လမ်းကို ရေးသားရိုက်ကူးထားခဲ့တာမို့ ဒီကားထဲက စုန်းမဆိုတာဟာ လက်ရှိ ၂၁ရာစုရဲ့ မော်ဒန်အတွေးအခေါ်တွေထဲတောင် အမြစ်စွဲနေသေးတဲ့ ခေတ်ဟောင်းဓလေ့ရဲ့ သားကောင်ပဲဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဖို့အတွက် ဂါနာနိုင်ငံမှာရှိတဲ့ တကယ့် 'စုန်းစခန်း' တစ်ခုမှာနေရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေကိုလည်း လေ့လာခဲ့သေးတယ်ဆိုတော့ လက်မလွှတ်သင့်တဲ့ ၁နာရီခွဲပါပဲ။ ဒီကားဟာ Drama အမျိုးအစားထဲပါပေမယ့် မသိမသာ သရော်ထားတာတွေလည်း ပါတာမို့ ကြည့်တတ်ရင် Dark Humour ကိုပါ တွေ့နိုင်မှာပါ။ လိင်ခွဲခြားမှု၊ အယူသီးမှုတွေကို ကိုယ့်ကိုယ်ကိုယ်ရှာဖွေနေတဲ့ ကလေးမလေးကတစ်ဆင့် သဘာဝကျကျပုံဖော်သွားခဲ့တာမို့ ရုပ်ရှင်ဆုံးသွားတဲ့အခါ ဖဲကြိုးလေးတွေအကြောင်း ဆက်တွေးရင် တွေးမိနေဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.8 2017 93 mins
I Am Not a Witch
Promising Young Woman
7.5

Promising Young Woman အညွှန်း ကတ်စီ ရဲ့ဘဝမှာ အရာရာတိုင်းက ထင်ထားသလို မဟုတ်ပါဘူး သူမဟာ လှသလောက် ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကကျစ်လည်း ကျပါတယ် သူမဟာ ညဘက်ရောက်ရင် ကလပ်မှာ ယောက်ျားတွေကို အမူးလွန်ချင်ယောင်ဆောင်ပြီး လှည့်ဖြားတတ်တဲ့ မိန်းမတစ်ယောက်ပါ တစ်ချိန်က အရမ်းစာတော်တဲ့ ဆေးကျောင်းသူလေးက ဒီလိုဘဝမျိုးကို ဘယ်လိုများ ရောက်လာတာလဲ? တစ်ချိန်က စိတ်ဒဏ်ရာဖြစ်စေခဲ့တဲ့ အဖြစ်ဆိုးကို သူရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား Promising Young Woman 2020 ဟာ 92% tomatometer ရထားပြီး IMDB score 7.4 ရထားတဲ့ ထိတ်လန့်သဲဖို ကားကောင်းတစ်ကားပဲဖြစ်ပါတယ် အပြင်ပန်းမှာ အချစ်ဟာသကားယောင် ဆောင်ထားပေမယ့် လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာအကြောင်း နက်နက်နဲနဲ ရိုက်ကူးပြထားတဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် Translated by : Htet Wai Lwin Encoded by : YK Quality : 720 p WEBSCR File Size : 1.2Gb Duraion .1h 53min Subtitle :Myanmar (Hardsub)

Action & Adventure • Crime • Drama
7.5 2020 114 mins
Promising Young Woman
Cure
7.5

Cure (1997) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ Directed by “Kiroshi Kurosawa” Cure ရဲ့ ဒါရိုက်တာ ခိရိုရှိ ကူရိုဆာဝါကို ဂျပန်ရုပ်ရှင်ပရိသတ်တော်တော်များများလည်း ရင်းနီးလောက်ပါတယ်။ Japanese Horror Genre အကြောင်းပြောရင် မပါမဖြစ်ကိုထည့်ရမယ့် ဂုရုကြီးဖြစ်သလို လက်ရှိ ဂျပန်စီနီမာရဲ့ ဆရာတစ်ဆူလည်းဟုတ်တယ်။ ခိရိုရှိဟာ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ ဝေဖန်ရေးသမားဖြစ်သလို Tokyo University of the Arts မှာ ပရော်ဖက်ဆာလည်း လုပ်နေတယ်။ တစ်နှစ်က အော်စကာရခဲ့တဲ့ ဂျပန်ရုပ်ရှင် Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိလည်း အဲဒီမှာပဲ သူ့တပည့်ဖြစ်ခဲ့သလို သူ့လွှမ်းမိုးမှုလည်း ရှိခဲ့တယ်။ ခိရိုရှိဟာ Pulse, Creepy, Tokyo Sonata, Séance, Retribution နဲ့ Charisma တို့လို အောင်မြင်တဲ့ Thriller, Horror ကားတွေကိုလည်း ရိုက်ခဲ့တယ်။ Cure ဟာ ခိရိုရှိ ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်သလို ခိရိုရှိကူရိုဆာဝါဟာ Cure နဲ့ပဲ အင်တာနေရှင်နယ်ရဲ့ အာရုံစိုက်မှုကို စရခဲ့တယ်။ ရလည်းရသင့်ပါတယ်။ ပြောရရင် ဒီကားကို တစ်ချို့က Se7en နဲ့ ဆင်တယ်လို့ပြောကြတယ်။ မှားတော့လည်းမမှားဘူး ပြောရမှာပေမဲ့ ဒီလိုကားမျိုးရိုက်လို့ ဒီလိုမျိုးဆင်သွားတာက ဆန်းတော့ဆန်းမနေဘူး။ ဒါပေမဲ့လည်း Cure ဟာ Se7en ထက် တင်ဆက်ပုံ ပိုသိမ်မွေ့သလို Se7en ရဲ့ အလှဆုံးလို့ပြောကြတဲ့ ဇာတ်သိမ်းထက် ပိုအထာကျတဲ့ ဇာတ်လမ်းမျိုးပိုင်ထားတယ်လို့တော့ ပြောချင်တယ်။ လူတိုင်းအတွက်တော့ ဒီလိုဖြစ်နေမယ်မထင်ဘူး။ ဂျပန်ရုပ်ရှင်ရဲ့ တင်ဆက်ပုံနဲ့ ရင်းနှီးနေတဲ့ လူတွေအတွက်တော့ ဟုတ်လိမ့်မယ်။ ပါရာဆိုက်နဲ့အော်စကာရခဲ့တဲ့ ဘွန်းဂျွန်းဟိုကတော့ Cure ကို One of the Greatest Films of All Time လို့ ဆိုထားဖူးတယ်။ ဒီကားက ခိရိုရှိကူရိုဆာဝါနဲ့ Koji Yakusho ပထမဆုံး စတွဲရိုက်တဲ့ကားလည်းဟုတ်တယ်။ ခိုဂျိရဲ့ သရုပ်ဆောင်စွမ်းရည်ကို စပြနိုင်ခဲ့တဲ့ သူ့ရဲ့အစောပိုင်းကားတွေထဲက တစ်ကားလည်းဟုတ်တယ်။ ခိုဂျိဟာ ခိရိုရှိနဲ့ Pulse, Séance, Retribution, Charisma တို့လည်း ဆက်တွဲရိုက်ခဲ့တယ်။ အကုန်လုံးလည်း အောင်မြင်ခဲ့တယ်။ နောက်ပိုင်း သူဟာ Kore-eda တို့ Shinji Aoyama တို့နဲ့လည်း ရိုက်ခဲ့သလို တစ်နှစ်ကဆို Under the Open Sky လို သူ့သရုပ်ဆောင်စွမ်းရည်ကို ပြနိုင်တဲ့ကားမျိုးတွေ ရိုက်ခဲ့တယ်။ အင်တာနေရှင်နယ်အနေနဲ့ Memoirs of a Geisha တို့ Babel တို့ ဒီနှစ်ဆို Wings of Desire ဒါရိုက်တာ Wim Wenders နဲ့ Perfect Days ရိုက်ပြီး Cannes မှာပါ မင်းသားဆုရသွားတယ်။ သတိထားမိချင်မှ ထားမိမှာပေမဲ့ သူ့ကို ကျွန်တော်တို့ Tampopo လို ဂန္ထဝင်ကားမှာ စတွေ့နိုင်တယ်။ Cure ရဲ့ ဇာတ်ဟာ စုံထောက်နဲ့ စိတ္တဇလူသတ်သမား အပြိုင်ကြဲတဲ့ ဇာတ်လိုဇာတ်မျိုးပဲ။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ စိတ်ရဲ့အစစ်အမှန်ဆိုတာနဲ့ ပေါင်းစပ်ထားတယ်။ ဒီလိုဆိုလို့ ကြောင်တောင်တောင် ဒိုင်တွေချည်း ထိုင်ရွတ်နေမှာလားဆိုတော့ မဟုတ်ဘူး။ မသိမသာလေးနဲ့ပဲ ကစားသွားတယ်။ ဒါကြောင့်လည်း တင်ဆက်ပုံက တော်တော်သိမ်မွေ့တယ်လို့ ပြောခဲ့တာပါပဲ။ ပြောရရင် ဒီထဲက လူသတ်သမားက လူသတ်နေတာတောင်မဟုတ်ဘူး။ လူတွေသေကြတယ်။ သေပုံတွေဆင်ကြတယ်။ ဒါပေမဲ့ သူတို့ကြား ဘာအဆက်အစပ်မှ ရှိမနေသလို သူတို့ကိုသတ်သွားတဲ့လူတွေဆိုတာကလည်း သူတို့ရဲ့ အရင်းနှီးဆုံး သူတို့အချစ်ဆုံးလူတွေချည်း။ ဒါပေမဲ့ စုံထောက်က မသင်္ကာဘူး။ ဒီကြားက အဆက်အစပ်ကို ရအောင်လိုက်ရှာတယ်။ တကယ်တမ်းလည်း အဆက်အစပ်က ရှိမနေဘူး။ ဒါပေမဲ့ ဘာအကြောင်းနဲ့ ဒီလူတွေ ဒီလိုဖြစ်ကြလဲဆိုတာကို စုံထောက်က‌ တွေ့သွားတယ်။ ဒါပေမဲ့လည်း သူလက်လှမ်းမမီပြန်တဲ့အရာပေါ့။ ဒါကို သူဘယ်လိုဖြေရှင်းမလဲ ကြည့်ရမယ့်ဇာတ်ပေါ့။ ဒီဟန်ကို ဘန်နီဒစ်ကမ်ဘားဘတ်ရဲ့ ရှားလော့အပိုင်းတစ်ပိုင်းမှာလည်း သုံးသွားဖူးတယ်။ ဘယ်အပိုင်းလဲတော့ စပွိုင်လာဖြစ်မှာစိုးလို့ မပြောတော့ဘူး။ ၂ခုလုံးကြည့်ဖူးရင် သိမှာပါပဲ။ နိဂုံးချုပ်ရရင် Cure ဟာ သိမ်မွေ့တယ် သိချင်စရာကောင်းတယ်။ ကြက်သီးထစရာကောင်းတယ်။ အေးစက်တယ်။ အေးစက်တာနဲ့မလိုက်အောင်ဘဲ Cure ဟာ အားရစရာကောင်းတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.25GB, 970MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 51Min Genre – Crime, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.5 1997 112 mins
Cure
Poor Boy

မိသားစုဆိုလို့ သူတို့နှစ်ယောက်လွဲပြီး ဘယ်သူမှမရှိတော့တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်အကြောင်းကို အသားပေးပြီးရိုက်ကူးထားတဲ့ Western, Dramaအမျိုးအစားကားတစ်ကားပါပဲ ဇာတ်လမ်းအညွှန်းကတော့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့မိဘတွေမရှိတဲ့နောက်မှာ လှေအစုတ်ကြီးတစ်စီးကိုငှားပြီး အိမ်သဖွယ်နေထိုင်ကာ ပိုက်ဆံရဖို့ဆို ဘာမဆိုလုပ်ပြီး ပေပေတေတေပဲနေခဲ့ကြပါတယ် သူတို့ဟာ ပေပေတေတေနေကြပေမဲ့ သူတို့မှာ အမြဲဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတော့ရှိပါတယ်။ ထိုအိပ်မက်က လှေအစုတ်ကြီးကို ပြန်ပြုပြင်ပြီး ကယ်လီဖိုးနီးယားကို ရွက်လွှင့်သွားချင်တာပါ။ ဖြစ်ချင်တော့ သူတို့လှေကို ပြန်မပြင်နိုင်ခင်မှာပဲ ပိုက်ဆံမရှိရင် လှေကိုလက်လွှတ်ရမဲ့အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒါနဲ့ သူတို့လဲ လှေကိုလက်မလွတ်ရဖို့ ပိုက်ဆံအများကြီးကိုဘယ်လိုရှာမလဲ နောက်ဆုံးမှာ ကယ်လီဖိုးနီးယားကို ရောက်သွားမှာလားဆိုတာကို ညီအစ်ကိုသံယောဇဉ်နဲ့ရောနှောပြီး ရိုက်ပြထားပါတယ်။ File size…(1.7 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro

Action • Adventure • Science Fiction
0 2021
Poor Boy
Băieți Deștepți

Baieti Destepti (2023) ရုပ်ရှင်ကြည့်ပရိသတ်တို့ကို အရသာတစ်မျိုး ပေးစွမ်းနိုင်မဲ့ ရိုမေးနီးယားအက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (လီယို)မိန်းမသေသွားပြီးကတည်းက အရက်ပဲနေ့စဉ်သောက်နေလို့ ဆိုင်းငံ့ခံထားရတဲ့သူ။ (ကိုစတီ)ဒေါသတအားကြီးပြီး ရုံးမှာ မိတ္တူစက်ထဲက စာရွက်ထွက်မလာလို့ သေနတ်နဲ့ ပစ်ချလိုက်တဲ့အတွက် ဆိုင်းငံ့ခံထားရတဲ့သူ။ (အက်လက်စ်)အဆဲတအားသန်ပြီး ရဲကားထဲမှာ အိပ်ပျော်နေတုန်း ရေဒါခိုးခံလိုက်ရလို့ ဆိုင်းငံ့ခံထားရတဲ့သူ။ သူတို့အကုန်လုံးကို ပြန်စုစည်းစေတာက အရာရှိမအယ်လ်နာ။ နာဆစ်ဆိုတဲ့ မူးယစ်ကုန်သည်တစ်ဦးက ဘယ်လိုမှဖမ်းမရတာကြောင့် နာဆစ်နဲ့ အနီးစပ်ဆုံးထိရောက်ဖူးတဲ့ သူတို့သုံးဦးကို အထူးအဖွဲ့အဖြစ် ပြန်လည်စုစည်းပြီး နာဆစ်ရဲ့ ကိုကင်းအချီကြီးကူးမဲ့ကိစ္စကို လိုက်ကြပါတယ်။ အလွဲလွဲအချော်ချော်တွေနဲ့ ဟာသ-အက်ရှင်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3hanဖြစ်ပါတယ်) Genre….. Action, Comedy, Romance Quality…. 1080p | 720p File size… 1.7GB | 868MB Format… mp4 Duration…. 1h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Drama • History
0 2023
Băieți Deștepți
Spy
7

Spy(2015) IMDb Rating (7/10) / Rotten Tomatoes (95%) ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ “ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။ စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမယ့်မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက်လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကိုသိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်းဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။ သူကသင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါမြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။ ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်းအစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။ ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆုဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။ ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက်သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ့ထဲမှာပါတယ်။ ချုပ်ပြောရရင် သရုပ်ဆောင်တွေကော ဇာတ်လမ်းပါ ပျင်းဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။ “ငါသာ အတွေ့အကြုံမရှိဘဲ စပိုင်အနေနဲ့ထွက်လုပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ”။ ပြီးရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ မိုးမွှန်နေအောင်ရိုင်းထားတာကြောင့် ဒီရုပ်ရှင်နဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်တော့ ကောင်းကောင်းဆဲတတ်သွားမှာတော့သေချာပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။

7 2015 120 mins
Spy
Christmas with the Kranks

ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
Christmas with the Kranks
Kinds of Kindness
6.9

အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ် Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊ The Favourite နဲ့ The Killing of a Sacred Deer ကို ဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။ သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကို တွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်း မေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရု မစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက် ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီး ရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။ အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊ အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊ လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက် အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေပေါ့။ ဒုတိယပိုင်းက လှေမှောက်ပြီး အကြာကြီး ပျောက်နေတဲ့မိန်းမ အိမ်ကို ပြန်လာတဲ့အခါ လုံးဝပြောင်းလဲသွားတဲ့အတွက် သူ့မိန်းမမဟုတ်ဘူး ဘာကြီးလဲဆိုပြီးအဖြေရှာတဲ့ဇာတ်လမ်းပါ။ တတိယပိုင်းကတော့ လူတွေကို ပြန်ရှင်အောင်လုပ်နိုင်တဲ့ မိန်းမ တစ်ယောက်ကို လိုက်ရှာရတဲ့ ဇာတ်လမ်းပါ။ ကြည့်ပြီးရင်လည်း ချန်နယ်မြန်မာ ဂရုမှာ review တွေလာရေး လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။ File size…8.83GB / 2.67GB / 1.26GB Quality…WEB-DL 4k HEVC 1080p / 720p Format…mkv / mp4 Duration….2h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama
6.9 2024
Kinds of Kindness
Haunted Universities 3
6.1

Haunted Universities 3 (2024) IMDb Rating (6.1) Haunted Universities 1 နဲ့ 2 ထွက်အပြီး အခုဆိုရင် နံပါတ်3ကားထပ်မံထွက်ရှိလို့လာပါပြီ။ ဒီဇာတ်လမ်းရဲ့ ထုံးစံအတိုင်းပါပဲ တက္ကသိုလ်တွေတိုင်းမှာ ရှိတတ်တဲ့ ကြောက်မက်ဖွယ်ရာ သရဲဇာတ်လမ်းတွေထဲကနေ ကောင်းနိုးရာရာ ဇာတ်လမ်း၃ခုကို ရွေးချယ်ပြီးတော့ တင်ဆက်ပေးထားပါတယ်။ *ပထမဇာတ်လမ်းအနေနဲ့ ပညာသင်ဆုတစ်ဆုပဲပေးမယ့်ဟာကို လူက နှစ်ယောက်ဖြစ်နေတော့ သူငယ်ချင်းနှစ်ယောက် အတွဲတွေအတွက် ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာကို သွားဆုတောင်းရင်း ဘယ်လိုဂြိုဟ်ဆိုးတွေ ဝင်လာမလဲ …* **ဒုတိယဇာတ်လမ်းအနေနဲ့ကတော့ ကျောင်းမှာ လူသစ်တွေအတွက် စောင့်ရှောက်သူဆိုပြီး လူဟောင်းတွေကို ပြန်လုပ်ခိုင်းရာကနေ ကျောင်းမှာ လူသစ်တွေကို အနိုင်ကျင့်လွန်ပြီးတော့ သူ့ကိုသူ အပြစ်လွတ်အောင် သတ်သေသွားတဲ့ စီနီယာကြီးရဲ့ ဝိညာဉ်နဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲ …** ***နောက်ဆုံးတစ်ပုဒ်အနေနဲ့ကတော့ မမြင်နိုင်တဲ့နတ်ကွန်းလို့ နာမည်ပေးထားခံရတဲ့ နတ်ကွန်းတစ်ခု၊ အဲဒီနတ်ကွန်းဆီကနေ ပန်းကုံးကို ယူလိုက်မိရာကနေ ဘယ်လိုတွေ ပြဿနာတက်ကြမလဲ …*** အစရှိတဲ့ ဇာတ်လမ်း ၃ပုဒ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Char Ou, Mary Christ ဖြစ်ပါတယ်။) File size…(2.4 GB) / (970 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….02:00:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Char Ou, Mary Christ

Drama
6.1 2024
Haunted Universities 3
Feather Christmas
5.6

ခရစ်စမတ်ရာသီရောက်လာပြီဆိုတော့ ရင်ဘတ်ထဲမှာ နွေးခနဲကျန်ရစ်ခဲ့စေမယ့် ခရစ်စမတ် ကားကောင်းလေးတစ်ကား ညွှန်းပေးချင်ပါတယ်။ တိကုဆရာဝန် Martin ဟာ Single Father တစ်ဦးဖြစ်ပါတယ်။ ဒီနှစ်မှာလည်း သားအဖနှစ်ယောက် ခရစ်စမတ်ကို ထုံးစံအတိုင်းပဲ ဖြတ်သန်းဖိုပြင်ဆင်နေတုန်း Mrs.Lay ဆိုတဲ့ အိမ်မွေးကြက်မလေးတစ်ကောင် နေမကောင်းလို ဆေးခန်းလာပြရာကနေ Robin တို သားအမိနဲ့ ဆုံစည်းဖိုဖန်လာ ပါတယ်။ အဲ့နောက်မှာ ကလေးအချင်းချင်း ခင်မင်သွားကြပြီး ဘဝခရီးသွားဖော်မဲ့နေတဲ့ သူတိုနှစ်ယောက်လည်း မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားကြပါတယ်။ ဒါပေမယ့် ရင်းနှီးတာကနေ နီးစပ်ဖို့ဆိုတာတော့ အိမ်ထောင်ပျက်စီးထားရသူအတွက် အတားအဆီးတွေ မာနတွေနဲ့ အထင်သေးမခံလိုစိတ်တွေက ကာရန်တားဆီးထားပါတယ်။ အကြီးဆုံးအတားအဆီးကတော့ မိဘဖြစ်လာပြီဆိုရင် သားသမီးက တစ် သားသမီးက နှစ်ဖြစ်လာတဲ့အတွက် ကိုယ့်ဘဝနဲ့ ပျော်ရွှင်မှုကို ဦးစားမပေးနိုင်တော့တာပါပဲ။ ဒီကားလေးမှာလဲ နှလုံးသားနဲ့ နှလုံးသွေးကဖြစ်လာတဲ့ ရင်နှစ်သည်းချာအတွက်ဆိုတဲ့ကိစ္စတွေအကြား လွန်ဆွဲပွဲနဲ့ ဒါကိုဘယ်လို တွေးခေါ်ခံယူပြီး ဖြေရှင်းသွားမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.12GB) / (661MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Drama • Romance
5.6 2024 94 mins
Feather Christmas
Tigerland
6.9

Tigerland (2000) IMDb Rating (6.9) / Rotten Tomatoes (77%) 1 November 1955 ကနေ 30 April 1975 အထိဖြစ်ပွားခဲ့တဲ့နာမည်ကျော် ဗီယက်နမ်စစ်ပွဲအတွင်းမှာတော့ အပြစ်မဲ့ပြည်သူတွေသာမက လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။ သို့သော်လည်း ဘယ်လောက်ပဲ ဘယ်လိုပဲ လူတွေသေစေကာမူ အထက်ဖိအောက်ဖားဆိုသလိုပဲ နှစ်ဦးနှစ်ဖက်စလုံးက စစ်သားတွေကတော့လုပ်စရာရှိတာတွေ လေ့ကျင့်စရာရှိတာတွေကို အပြန်အလှန်တိုက်ခိုက်ဖို့ ရန်သူကိုချေမှုန်းဖို့ နိုင်ငံကိုကာကွယ်ဖို့အတွက် စတဲ့စတဲ့ ဆင်ခြေဆင်လက်တွေနဲ့ ပင်ပန်းဆင်းရဲစွာ ရှိခဲ့ကြပါတယ်။ ထိုအထဲမှပဲ အမေရိကန်ဘက်ကလည်း တစ်ဖက်ကိုစစ်ရှုံးနေတဲ့အတွက် တပ်ရင်းအသီးသီး တပ်မအသီးသီးက စစ်သားတွေကို အားရပါးရဖိပါတော့တယ်။ တစ်ချို့ကလည်း ပင်ပန်းလို့ထွက်ချင်ကြ တစ်ချို့ကလည်း စစ်သားအချင်းချင်းနောက်ကြ မတည့်ကြနဲ့ဘဲ အမျိုးမျိုးအထွေထွေ ပရပွက်တွေကိုဂယက်တွေထနေကြပါတယ်။ အဓိကဇာတ်ကောင်ဖြစ်သူ တပ်သား Roland Bozzဆိုသူကလည်း တကယ့်လက်ပေါက်ကပ်ပြီး ပြောရဆိုရခက်တဲ့ လူရှုပ် လူဂွစာတစ်ယောက်ပါ။ သူနဲ့ သူ့ဘော်ဒါ Jim Paxtonတို့ စစ်ပွဲအတွက် အတူတူလေ့ကျင့်ရေးဆင်းကြနဲ့ တစ်တွဲတွဲတစ်လာလာလုပ်ကြနဲ့ပဲ နောက်ဆုံးပိတ်လေ့ကျင့်ရင်းဖြစ်တဲ့ Tigerlandဘက်ကို အတူတူဆင်းကြရဖို့ဖြစ်လာပါတယ်။ Tigerlandဆိုတာကတော့ ဗီယက်နမ်စစ်ပွဲရောက်ရင် တွေ့ကြုံရမယ့် အရာတွေကို တစ်ပုံစံတည်းတူအောင် ဆောက်လုပ်ထားပေးတဲ့ရွာတစ်ရွာဖြစ်ပြီး အဲ့ဒီမှာတော့စစ်သားတွေဟာအိပ်ချိန်တစ်နာရီသာအိပ်ခွင့်ရပြီး အသေအကြေ လေ့ကျင့်ရေးဆင်းရတဲ့နေရာပါ။ Bozz နဲ့ Paxtonတို့ရဲ့ Bromance , Bozzရဲ့ဗရုတ်ကျပုံတွေ , စစ်တပ်ထဲက အချင်းချင်မတည့်မြတ်မှုတွေ , အထက်ကနေ အောက် / ဘော်ဒါအချင်းချင်းစကားပြောတဲ့အခါမှာ ဆဲဆိုတာတွေမွှန်နေအောင် ပြောကြ ကြိတ်ကြတာတွေ / စစ်ရဲ့အကျိုးသက်ရောက်မှုတွေ စတဲ့ရသစုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(2.5 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, War Duration….01:42:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Ya Mone

Animation • Fantasy • Mystery
6.9 2000 101 mins
Tigerland