YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Shins Project (2025) E09 1080p HEVC WEB-DL [RMC].mp4

1.08 GB 1080p video/mp4 8 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raze
5.2

Saw နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ မိန်းကလေးတွေကိုပဲ မြေအောက်အချုပ်ခန်းထဲဖမ်းထားပြီး အချင်းချင်း လက်ဗလာနဲ့မသေမချင်း ချခိုင်းတယ်။ အကြောင်းကတော့ အဲ့လိုသတ်ပွဲမျိုးကိုမှကြိုက်တဲ့ လူချမ်းသာ တွေကြောင့် အဖွဲ့အစည်းထောင်ပြီး အဲ့လိုသတ်ပွဲတွေကိုစီစဉ်ပေးတာကြောင့်ပါ။ တစ်ယောက်နဲ့တစ်ယောက်တောင်မသိကြပဲ အပြန်အလှန်သတ်ကြတာကို သွေးသံရဲရဲပါတဲ့ အခန်းတွေနဲ့ကြည့်ရမှာမို့ action ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ (ဘာသာပြန်နဲ့အညွှန်းကတော့ Kasashi ဖြစ်ပါတယ် ) File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Action • Crime • Thriller
5.2 2013 92 mins
Raze
Badhaai Do
6.9

ဒီတစ်ခါမှာတော့ IMDb 7.9 ထိရရှိထားပြီးတော့ ရုံဝင်ငွေ 28.03 ကုဋေထိရရှိထားတဲ့ ဘောလိ၀ုဒ်ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ရှာဒူလ်ကလည်း ရဲအရာရှိတစ်ယောက်ဖြစ်သလို ဆူမန်ကလည်း ကာယဆရာမပါ သူတိုနှစ်ယောက်လုံးရဲ့ တူညီတဲ့အချက်ကတော့ နှစ်ယောက်လုံးက အရွယ်ဟိုင်းနေပြီဖြစ်တဲ့ လူပျိုသိုး အပျိုကြီးပဲဖြစ်ပါတယ် မိဘတွေက လက်ထပ်ပေးဖိုလုပ်နေတဲ့သူတွေကိုလည်း သဘောမကျ အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ရတဲ့အကြောင်းအရင်းရှိပါတယ် ဒါကတော့ ရှာဒူလ်က ယောကျာ်းလေးချင်းသဘောကျသူဖြစ်ပြီးတော့ ဆူမန်က မိန်းကလေးချင်း သဘောကျတဲ့သူမိုလိုပါ ဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် သူတိုနှစ်ယောက်တွေ့ဆုံမိသွားတဲ့ချိန်မှာပဲ မိဘတွေဆန္ဒလည်းပြည့်၀အောင် သူတိုလည်း အေးဆေးနေရအောင်ဆိုပြီး နှစ်ယောက်ဦးသဘောတူ လက်ထပ်လိုက်ပါတော့တယ် အဲ့လိုနဲ့ပဲ မတူညီတဲ့စုံတွဲ ဆူမန်ရဲ့ကောင်မလေးက ဆူမန်ဘ၀ထဲပြန်ဝင်လာတဲ့ချိန်မှာ ပြဿနာတွေဖြစ်လာပါတော့တယ် သူတိုနှစ်ယောက်ရဲ့ဇာတ်လမ်းလေးကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ ပုံမှန်ဇာတ်ကားတွေနဲ့မတူဘဲ မတူကွဲပြားတဲ့ဇာတ်အိမ်နဲ့ comedy/drama ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်........ File size…1.6GB / 2.1GB Quality…720p WEB DL Format…mp4 Duration….2h 27mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eliza & Poe & Shwe Pyae & Yunni

Action • Drama
6.9 2022 147 mins
Badhaai Do
Signs
6.7

Horror / Thriller ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအနေနဲ့တော့ ဒါရိုက်တာ M. Night Shyamalan ကို မသိတဲ့လူ မရှိလောက်ပါဘူး။ ရုပ်ရှင်နဲ့ လူမတွဲမိရင်တောင် သူ့ကားအများစုကို ကြည့်ဖူးပြီးသားဖြစ်ကြမှာပါပဲ။ Shyamalan ဟာ The Sixth Sense, Unbreakable Trilogy, The Village, The Happening နဲ့ Old အစရှိတဲ့ ကားတွေကိုရိုက်ခဲ့တဲ့သူပါပဲ။ Signs ဟာ Shyamalan ရဲ့ မာစတာပိစ်တစ်ကားအဖြစ် Horror ဖန်တွေ သမုတ်ကြတဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို Mel Gibson, Joaquin Pheonix တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ မင်းသား Rory Culkin, မင်းသမီး Abigail Breslin တို့ရဲ့ ငယ်စဉ်ကတည်းကပါလာတဲ့ အနုပညာစွမ်းရည်ကို တွေ့ရမှာလည်းဖြစ်ပါတယ်။ သူ့ Rating ဟာ 6.7 ပဲရှိပေမဲ့ သူ့ပရိသတ်တွေကတော့ ဒီရုပ်ရှင်ဟာ 8.5 အထိပေးသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး 8 အောက်ပေးရင်ကို ရာဇ၀တ်မှုကျူးလွန်လိုက်သလိုပဲလို့ ဆိုကြပါတယ်။ လူတိုင်းကြိုက်နိုင်မှာမဟုတ်ပေမဲ့ Horror သမားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ကားကောင်းဖြစ်တဲ့ Underrated ဖြစ်တဲ့ Horror masterpiece ရုပ်ရှင်တစ်ကားလို့ ပြောရင်လည်းမမှားပါဘူး။ ရင်တသိမ့်သိမ့်တုန် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းလို့ သတ်မှတ်နိုင်သလို မိသားစုမေတ္တာဖွဲ့ ဇာတ်လမ်းလို့လည်း သတ်မှတ်လို့ရနိုင်လောက်ပါတယ်။ နာမည်က Sign (နိမိတ်၊ သင်္ကေတ) ဆိုတဲ့အတိုင်း ဇာတ်ကားတစ်ခုလုံးကို နိမိတ်ပုံလေးတွေနဲ့ ရင်တဖိုဖို ဖြစ်ရအောင်ဖန်တီးထားပြီး ဇာတ်ကားအစကနေအဆုံးထိ မထတမ်းကြည့်ချင်အောင် စိတ်အာရုံကိုဖမ်းစားနိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဇနီးသည်ဆုံးပါးသွားလို့ စိတ်ဓာတ်ပျက်စီးပြီး ယုံကြည်မှုပျောက်ဆုံးနေတဲ့ ဓမ္မဆရာတစ်ယောက် ကမ္ဘာကို ဂြိုလ်သားတွေ ကျူးကျော်လာချိန်မှာ မိသားစုကိုကာကွယ်ရင်း သူ့ရဲ့ယုံကြည်ရာကို ပြန်ပြီးရှာတွေ့သွားနိုင်ခဲ့တဲ့ အကြောင်းလေးပါပဲ။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ပုံကောင်းကောင်း၊ ဒါရိုက်တာရဲ့ တင်ပြပုံ ပညာသားပါပါနဲ့ သိမ်သိမ်မွေ့မွေ့နဲ့ကို ကြောက်လန့်စေမယ့် Horror Masterpiece ကားတစ်ကား ရှာနေတယ်ဆိုရင်တော့ Signs ဟာ ရွေးချယ်မှုမှန်စေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.71GB, 727MB, 481MB Quality - 1080p, 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 1H 46Min Genre - Drama, Mystery, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
6.7 2002 106 mins
Signs
Robust
5.2

Robust (2021) ============ IMDb Rating - 5.7/10 သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်း ဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာက အသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်း ရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့ သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ် မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။ ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယား တွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်း ဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက် ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင် ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမ လဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(960 MB) / (400 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......EL Encoder..........SWM

Thriller
5.2 2022 95 mins
Robust
World’s Best
5.4

World’s Best (2023) =============== ကျွန်တော်တို့ လိုင်းပေါ်မှာ အိန္ဒိယလူမျိုး ကလေးတွေ သင်္ချာအိုလံပစ် ဝင်ပြိုင်ကြတဲ့ ဗီဒီယိုတွေ ခဏခဏတွေ့ဖူးကြတယ်ဟုတ်။ သူတို့က ကလေးတွေကို သင်္ချာနဲ့ ပတ်သက်ရင် အရမ်းလည်း train ပေးကြသ လို ပြိုင်ပွဲတွေမှာ အများဆုံး ဆုရကြတာလည်း အိန္ဒိယလူမျိုးတွေပဲဗျ။ ဒီဇာတ်ကားလေးကလည်း သင်္ချာတွက်တာ အရမ်းတော်တဲ့ ပရမ်ဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးပြထားတာပါ။ ဒါပေမဲ့ သူ့ချည်းပဲ လားတော့ မဟုတ်ဘူးပေါ့။ အသက် ၁၂ နှစ်ပဲ ရှိသေးပေမဲ့ သင်္ချာအိုလံ ပစ်တွေမှာ ဆုတွေရပြီး အထက်တန်းအဆင့်သင်္ချာကို ခုန်ပျံကျော်လွှား သင်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်လည်းပါပါသေးတယ်၊ သူကတော့ ပရမ်ပါ။ သူ့ရဲ့အမေဖြစ်သူကလည်း ပရမ် နောက်ထပ်သင်္ချာအိုလံပစ်မှာ အနိုင်ရဖို့ အားသွန်ခွန်စိုက်ကို လေ့ကျင့်ပေးလိုက်တာ ထမင်းစားလည်း အလီရွတ် လမ်းလျှောက်လည်း အလီရွတ်တဲ့အထိပါပဲ။ တစ်နေ့မှာ သူ့ရဲ့ကျောင်းက မိသားစုနဲ့ပတ်သက်တဲ့ သင်္ချာအီကွေးရှင်းတစ်ခုကို ထုတ်ခဲ့ဖို့ အဆိုင်းမန့် ပေးလိုက်တဲ့ အချိန်မှာတော့ ပရမ်တစ်ယောက် တိုင်တွေစပတ်ပါတော့တယ်။ အကြောင်းကတော့ သူ့ရဲ့အဖေဖြစ်သူက ငယ်ငယ်ကတည်းက ဆုံးပါးသွား ခဲ့ပြီး သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေ သိပ်မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ သူ့ အဖေရဲ့ မှတ်စုစာအုပ်လေးကို ရှာတွေ့သွားပြီး အဖေက ကမ္ဘာ့အကောင်းဆုံး ရက်(ပ်)ပါတစ်ယောက် ဆိုတာကို သိသွားတဲ့အခါမှာတော့ ပရမ့်ရဲ့ DNA ထဲက ရက်(ပ်)ပါသွေးတွေ နိုးထလာပါတော့တယ်။ သင်္ချာဉာဏ်ကြီးရှင် ပရမ်နဲ့ ကမ္ဘာ့အကောင်းဆုံးအမ်စီရဲ့သား ပရမ် ရဲ့ကြား လွန်ဆွဲကြပုံတွေအပြင် အမိုက်စား beat တွေနဲ့ အလန်းစား rapping တွေကလည်း ပရိသတ်ကြီးကို စောင့်ကြိုလို့နေပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.65 GB) / (864 MB) / (517 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Family, Music Translator…….May Thet Khine Soe Encoder……….ZinPhyoAung

TV Movie • Comedy • Drama • Romance
5.4 2023
World’s Best
Endless Love
6.2

Endless Love (2014) ~ IMDb rating – 6.2/10 ~ ဒီရုပ်ရှင်လေးထဲမှာတော့ အထက်ကျောင်းမှာ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျိတ်ဘတ်တာဖီးလ်ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အစ်ကိုခရစ်ကိုဆုံးရှုံးပြီးနောက်ပိုင်း အနေအေးလာတဲ့အခါ ကျောင်းမှာသူတစ်ယောက်တည်းလိုမျိုး အဖော်မရှိဖြစ်နေခဲ့ပါတယ်။ သူများတွေ ဂျိတ်ကိုမေ့မေ့ပျောက်‌ပျောက်ဖြစ်နေပေမဲ့ အဲဒီထဲမှာ သူ့ကိုသဘောကျပြီး စောင့်ကြည့်နေတဲ့ ဒေးဗစ်ဆိုတဲ့ အတန်း‌ဖော်ကောင်လေးကတော့ မပါခဲ့ပါဘူး။ ဒေးဗစ်ဟာ တစ်ကောင်ကြွက်၊ ဝပ်ရှော့ဖွင့်ထားတဲ့ အဖေပဲရှိတော့တဲ့ သာမန်လက်လုပ်လက်စား မိသားစုငယ်လေးကဖြစ်ပြီး ဂျိတ်ကတော့ ပညာတတ်လူကုံထံအသိုင်းအဝိုင်းကဖြစ်ပါတယ်။ သားတစ်ယောက်လည်းဆုံးရှုံးထားရတဲ့ သူ့ရဲ့အဖေ ဟူ့ချ်ဘတ်တာဖီးလ်ဟာ အငယ်ဆုံးသမီးလေးဂျိတ်တစ်ယောက် ဒေးဗစ်နဲ့တွေ့တဲ့အခါမှာ ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ရပါတယ်။ ပညာရေးအရရော အဆင့်အတန်းအရပါကွာခြားလွန်းနေတဲ့ ဒေးဗစ်ကို ဂျိတ်ရဲ့အမေ”အန်း”နဲ့ အစ်ကို”ကိ့သ်”တို့က ကြည်ဖြူကြပေမဲ့ ဟူ့ခ်ျကတော့ လုံးဝလက်မခံနိုင်ခဲ့ပါဘူး။ မိုးအေးအေးနဲ့ကွေးရင်းကြည့်လို့ကောင်းမယ့် ဒီလူငယ် Drama, Romance ကားကောင်းလေးတစ်ကားပါပဲ။ ဟူ့ခ်ျတစ်ယောက် ဒေးဗစ်နဲ့ဂျိတ်ရဲ့ဆက်ဆံရေးကို ဘယ်လိုကြားဝင်နှောင့်ယှက်မလဲ… တကယ်တော့ သူဟာဘယ်လိုလူမျိုးလဲ… မိသားစုအပေါ်တကယ်ရောကောင်းရဲ့လား… ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရင်း ဒေးဗစ်နဲ့ ဂျိတ်အချစ်ဇာတ်လမ်းကိုလည်း ရင်တဖိုဖိုနဲ့ စောင်ကိုက်နေရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 44Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Drama
6.2 2014
Endless Love
Stockholm
6.9

IMDb – 6.9/10 ဇာတ်လမ်းအညွှန်း အလေးအနက်ထားချင်တဲ့ကောင်မလေးတစ်ယောက်နဲ့ တစ်ညတာပျော်ပါးချင်တဲ့ကောင်လေးတစ်ယောက် ပါတီပွဲတစ်ခုမှာ တွေ့ကြပါတယ်။ ကောင်လေးက ကောင်မလေးကို ချစ်မိသွားပါပြီဆိုတဲ့ စကားနဲ့ စတင်မိတ်ဆက်တယ်၊ ကောင်မလေးကို အိမ်အပါခေါ်ဖို့ဆွယ်တယ်။ ပုံမှန်ကောင်မလေးတစ်ယောက်အတွက်ဆိုရင်တော့ ဒီကောင်လေးက ငြင်းရက်စရာမရှိပေမယ့် ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်အမျိုးသမီးလေးကတော့ ငြင်းပါတယ်။ ဒီလိုကနေ ကောင်မလေးရဲ့အိမ်အပြန်လမ်းမှာ ဒီကောင်လေးဟာ စကားတွေလိုက်ပြောရင်း သူ့အချစ်တွေကို သက်သေပြဖို့လုပ်တော့တာပေါ့။ အလိမ်အညာမပါ အမှန်တွေသာ ပြောနေပါတယ်ဆိုတဲ့ ကောင်လေးနဲ့ သူစိမ်းတစ်ယောက်ကိုအလွယ်တကူမယုံလိုက်နိုင်တဲ့ ကောင်မလေးတို့ရဲ့ စကားပြောခန်းတွေဟာ စိတ်ဝင်စားစရာဖြစ်လာပြီး ကောင်လေးရဲ့ ပိုးပန်းမှုလေးတွေက ကြည်နူးစရာ ဖြစ်နေမှာပါ။ ဇာတ်လမ်းသဘောလေးက ပါတီပွဲကအိမ်ပြန်လာတဲ့ သူတို့နှစ်ယောက် ညသန်းခေါင်အချိန် လမ်းမထက်မှာ စကားတောက်လျှောက်ပြောကြတဲ့ပုံစံကို ရိုးရိုးရှင်းရှင်း ရိုက်ကူးထားတာမျိုးလေးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲ ကောင်လေးက ကောင်မလေးကို အိမ်အပါခေါ်နိုင်ပါ့မလား၊ သူတို့နှစ်ယောက်ဇာတ်လမ်းလေး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေမှာပါ။ ရိုးရိုးရှင်းရှင်းရိုက်ကူးထားတယ်ဆိုပေမယ့်လည်း လူငယ်တွေရဲ့ သဘာဝတွေ ရိုမန့်ဖြစ်တဲ့အချစ်တွေ လိမ်ညာမှုတွေ ဒါတွေ စဉ်းစားကြည့်မယ်ဆိုရင်တော့ တကယ့်အကြောင်းတွေပဲဆိုတာမျိုးဖြစ်နေမှာပါ။ “ကြွေမွအက်ကွဲနေတဲ့ ဖန်ခွက်လေးတစ်ခွက်ဟာ ထိလိုက်တဲ့အခါမှာ အစိတ်စိတ်အမွှာမွှာသာဖြစ်သွားမယ်ဆိုရင်… ဒီဖန်ခွက်ကိုဒီအတိုင်းလေး ဆက်ရှိစေချင်သေးတယ်ဆိုရင် မထိလိုက်ဘဲ ဒီအတိုင်းထားလိုက်တာ ပိုကောင်းမယ်မလား။ ဒီလိုဖန်ခွက်နဲ့တူတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။“ ‌ awards တွေလည်း အများကြီးသိမ်းပိုက်ခဲ့တဲ့ romance/drama ဇာတ်လမ်းလေးကို ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။ File size… 803.2 MB / 402.1 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Romance, Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

6.9 2013 90 mins
Stockholm
Landscape with Invisible Hand
6.1

လူသားတွေရဲ့ ကမ္ဘာကြီးဟာ လောဘမောဟဒေါသတွေနဲ့ တဖြည်းဖြည်း ပျက်စီးလာနေပါပြီ။စီးပွားရေးတွေဆုတ်ယုတ်နေသလို နည်းပညာတွေကလဲ မတိုးတက်တော့ပါဘူး။အဲ့ဒီအချိန်မှာ ကမ္ဘာဂြိုလ်ပေါ်ကို ဗက်လို့ခေါ်တဲ့ ဂြိုလ်သားတွေရောက်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ လူတွေရဲ့ထုံးစံ အတိုင်းငြင်းဆိုခဲ့ကြပေမဲ့ အကွက်မြင်တတ်ကြတဲ့စီးပွားရေးသမားတွေက ဗက်တွေရဲ့နည်းပညာ မြင့်မားမှုတွေကိုမြင်ပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ကမ္ဘာကြီးက တကယ်နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ အလယ် ကနေဟက်တက်ကွဲသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နဲ့အောက်နဲ့ကွဲသွားခဲ့တာ ဖြစ်ပါတယ်။လေပေါ်လွင့်မြောနေတဲ့ကမ္ဘာကြီးရဲ့အပေါ်မှာ နေရတဲ့လူတွေက ချမ်းသာတဲ့လူတွေ ဂြိုလ်သားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီး ကောင်းကောင်း မွန်မွန်နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး မြေကြီးပေါ်မှာနေရတဲ့လူတွေကတော့ ဆင်းရဲပြီးကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ အက်ဒမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကနိမ့်ကျတဲ့ မြေကြီးပေါ်ကမ္ဘာမှာ နေနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်သူ့မှာ တခြားသူတွေထက်သာတဲ့အရာက သူတို့မိသားစုမှာ နေစရာ အိမ်တစ်လုံးရှိနေတာပါပဲ။တစ်နေ့မှာတော့ အက်ဒမ်ကကျောင်းမှာ ကလိုဝီဆိုတဲ့ အိမ်ခြေရာမဲ့ ကောင်မလေးနဲ့တွေ့ပြီးစိတ်ကောင်းရှိသူကြီးပီပီ ကောင်မလေးရဲ့ တစ်မိသားစုလုံးကိုအိမ်ပေါ်ခေါ်တင်ထားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ သူတို့တွေနဲ့ဂြိုလ်သားတွေကြားမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဘယ်လိုအဆင့် အတန်းခွဲခြားမှုတွေရှိလဲ ဆိုတာကိုကြည့်ရင်းနဲ့ ကိုယ်တွေကမ္ဘာကိုဂြိုလ်သားတွေ လာသိမ်းပိုက်လာရင်ဘယ်လိုတွေဖြစ်လောက်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့ စိတ်ကူးယာဉ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…2.77GB / 861MB Quality… AMZN.WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2023
Landscape with Invisible Hand
The Ipcress File
7.2

The Ipcress File (1965) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ ဗြိတိသျှရုပ်ရှင်အစည်းအရုံးရဲ့ ၂၀ရာစုအတွင်း အကောင်းဆုံးဗြိတိသျှရုပ်ရှင် ၁၀၀ မှာ နံပါတ် ၅၉ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကိုတော့ Len Deighton ရဲ့ ၁၉၆၂ ခုနှစ်ထုတ် The Ipcress File စာအုပ်အပေါ် အခြေခံရိုက်ကူးထားပါတယ်။ စာအုပ်အပေါ်အခြေခံကြတာက မထူးဆန်းပေမဲ့ ဒီစာအုပ်ကျတော့ စပိုင်ဝတ္ထုလောကကို အတော်ရိုက်ခတ်ခဲ့တဲ့စာအုပ်ဖြစ်နေတယ်။ သူ့ခေတ် သူ့အခါအရ စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် စပိုင်ဇာတ်လမ်းတွေခေတ်စားခဲ့တယ်။ အဲဒီစာအုပ်တွေထဲကမှ ဒီစာအုပ်ဟာ လက်တွေ့ဘဝနဲ့ ဆက်နွယ်မှုရှိပြီး တကယ့် စပိုင်တွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပီပီပြင်ပြင် ဖော်ပြခဲ့တာကြောင့် အတော်ကိုကျော်ကြားခဲ့တာမျိုး‌ပေါ့။ ဒီစာအုပ်က Len Deighton ကို ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်စေခဲ့သလို ရုပ်ရှင်အနေနဲ့ ပြန်ရိုက်တဲ့အချိန်မှာလည်း Sir Michael Caine ကို ကမ္ဘာကျော်မင်းသားဖြစ်စေခဲ့တယ်။ Sequel အနေနဲ့ Funeral in Berlin (1966) နဲ့ Billion Dollar Brain (1967) တို့ထွက်ခဲ့တယ်။ ဇာတ်လမ်းကတော့ အေးအေး ကောင်းကောင်းကြီးပဲ။ မုန့်တစ်ခုကို စားနေတုန်း ဗိုက်ပြည့်အောင်သာစားနေပေမဲ့ ကုန်ခါနီးကျမှ ပိုပိုပြီး အရသာရှိလာနေသလိုပေါ့။ ဇာတ်လမ်းကတော့ စပိုင်ကားထုံးစံ သိပ္ပံပညာရှင်တယောက် ပြန်ပေးဆွဲခံလိုက်ရတာကနေ စတယ်။ အဲဒီအချိန်မှာ ထောက်လှမ်းရေးရဲ့ မှတ်တမ်းတွေအရ သိပ္ပံပညာရှင်တွေ အကြောင်းမဲ့ ပျောက်သွားတာ ဒီတယောက်နဲ့ဆိုရင် ၁၇ ယောက်ရှိနေပြီ။ ပြန်ရောက်လာကြတဲ့အခါမှာလည်း သိပ္ပံပညာအလုပ်တွေကိုဆက်မလုပ်ကြတော့ဘူး။ အဲဒီတော့ ဒီလို “ဦးနှောက်ခမ်းခြောက်မှု” ကိစ္စကို အဖြေရှာဖို့အတွက် သူလျှိုတန်ပြန်ရေးဌာနရဲ့ တာဝန်ဖြစ်လာတယ်။ အထူးသဖြင့် ပါလ်မာပေါ့။ ဒီထဲမှာ Michael Caine က ပါလ်မာ ဆိုတဲ့ ဇာတ်ကောင်နဲ့ လုံးဝတထပ်တည်းကျသွားတယ်။ ခွဲခြားမရနိုင်အောင်ကိုဖြစ်သွားတာ‌မျိုး။ ပါလ်မာဆိုတာက စပိုင်တယောက်ပဲ။ ဂျိမ်းစဘွန်းတို့ ဘာတို့လို “ရုပ်ရှင်ထဲမှာပဲရှိတာပါကွာ” လို့ ထင်ရတဲ့ စပိုင်အလန်းစားမျိုးမဟုတ်ဘူး။ သူက ကမ္ဘာစစ်ကာလတုန်းက မှောင်ခိုတွေလုပ်လို့ စစ်ထောင်လည်းကျခဲ့ဖူးတယ်။ ထောင်ကျရင်း ဗိုလ်မှူးကြီးရော့စ်က သူ့အရည်အချင်းကို သိတာကြောင့် အာမခံနဲ့ ထုတ်ပေးပြီး ထောက်လှမ်းရေးမှာ ခိုင်းနေတာပေါ့။ ဖွန်ကြောင်ရတာလည်း အတော်ဝါသနာထုံတယ်။ သူက ဂျိမ်းစဘွန်းလို အားတိုင်း ဖိုက်တင်တွေပလေးပြတဲ့ ဖိုက်တာလည်းမဟုတ်ဘူး။ ရှားလော့ဟုမ်းလို အမှုသီးသန့်လိုက်တဲ့ စုံထောက်လည်းမဟုတ်ဘူး။ သူက စပိုင်။ လက်တွေ့ဘဝက စပိုင်တွေနဲ့ အနီးစပ်ဆုံး ရိုက်ကူးထားတယ်။ အဲဒီလိုနဲ့ ဒီအမှုကို သူတို့လိုက်ကြတယ်။ လူကိုပါ တင်ရောင်းနိုင်တဲ့ မှောင်ခိုဈေးကွက်မျိုးရှိတဲ့လူက ငှက်ခါး ဆိုတဲ့ ဘဲကြီးပဲရှိတယ်။ အဲဒီတော့ သူ့ကို လိုက်ကြလေသတည်းပေါ့။ ဒါပေမဲ့ အမှုက ထင်သလောက်မရိုးရှင်းဘူး။ နောက်ကွယ်က သိပ္ပံစမ်းသပ်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ သပွတ်အူလိုရှုပ်နေတယ်။ အဲဒီအရာတွေထဲက Ipcress ဆိုတာကတော့ ဘယ်လိုအဓိပ္ပာယ်ရှိမလဲ… ဘာရည်ရွယ်ချက်နဲ့လုပ်ကြသလဲ… အဲဒီဇာတ်ရှုပ်ကြီးကို ဘယ်လို‌ဖြည်မလဲ… ကြည့်ရမှာပါ။ ဇာတ်လမ်းကလည်း ၂ နာရီနီးပါးဆိုတော့ အတော်ပေရှည်တဲ့ထဲပါပါတယ်။ ဒါပေမဲ့ ကြည့်ရကျိုးနပ်ပါလိမ့်မယ်။ ရုပ်ရှင်နဲ့ ပေရှည်နေပြီးတာတောင် အားမရလို့ ‌၂၀၂၂ တုန်းက စီးရီးအနေနဲ့ ထပ်ရိုက်ထားပါသေးတယ်။ အဲလ်ဖရက်ဒ်ကြီးရဲ့ ငယ်ဘဝကိုတွေ့ရမယ့်အပြင် စိတ်ဝင်စားဖို့လည်း အတော်ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.2 1965
The Ipcress File
Martin Luther King
7.4

Martin Luther King(2023)”ချုံကြားမှ ဘုံဖျားသို့” IMDb-7.3/10 ကျေးရွာဥက္ကဋ္ဌဖြစ်ဖို့အရေး ရွာရဲ့ တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားတို့ အပြိုင်မဲဆွယ်ကြပုံကို ဟာသနှောရိုက်ကူးထားတဲ့ တလဂူးလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မာတင်လူသာကင်းဆိုတာ 1968ခုနှစ်က ဆုံးပါးသွားခဲ့တဲ့ အာဖရိကန်-အမေရိကန်လူမျိုး သင်းအုပ်ဆရာတယောက်ဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်ပေါ့။ သူ့ကို လူ့အခွင့်အရေးသင်္ကေတအဖြစ် အခုခေတ်ထိ ရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။ မာတင်လူသာကင်းလို့ နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းက အဲဒီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအကြောင်းတော့မဟုတ်ပါဘူး။ တံဆိပ်ခေါင်းပေါ်က မာတင်လူသာကင်းကိုမြင်ပြီး နာမည်အစစ်မရှိသေးတဲ့ ဖိနပ်ချုပ်သမားလေးကို မာတင်လူသာကင်းလို့ နာမည်ပေးရာကစခဲ့တဲ့ဇာတ်လမ်းလေးပေါ့။ တောင်ပိုင်း မြောက်ပိုင်းကွဲနေတဲ့ရွာကို သူကြီးဖြစ်သူ အခုခေတ်လိုဆို ဥက္ကဋ္ဌပေါ့၊အဲဒီဥက္ကဋ္ဌက တောင်ပိုင်းသူတစ်ယောက်နဲ့ မြောက်ပိုင်းသူတစ်ယောက်ကို ပေါင်းသင်းလက်ထပ်ပြီး ကျေးရွာကိုပေါင်းစည်းစေနိုင်ခဲ့တဲ့သူ။ ရွေးကောက်ပွဲပြန်လည်နီးကပ်လာတဲ့အချိန်မှာတော့ ဥက္ကဋ္ဌကြီး နာမကျန်းဖြစ်ရာကနေ နိုင်ငံရေးကတစ်ဆင့်ရမယ့် အကျိုးအမြတ်တွေကို မျှော်ကိုးပြီး မယားတစ်ယောက်ဆီက သားတော်မောင်နှစ်ကောင် ဥက္က‌ဋ္ဌနေရာကို ဝင်ပြိုင်ကြပါတော့တယ်။ သူ့ထက်ငါ မဲအသာစီးရရေးအတွက် အမျိုးမျိုးအဖုံဖုံ စည်းရုံးရေးဆင်းကြရင်း နှစ်ဖက်လုံး မဲအရေအတွက်တူညီနေချိန်မှာတော့…။ တစ်ရွာလုံးရဲ့ခိုင်းဖက် ရွာရဲ့အနှိမ်ခံ ဖိနပ်ချုပ်သမားလေး မာတင်လူသာကင်းရဲ့ အသဲကြားကမဲတစ်ပြားဟာ အရေးပါလာပါတော့တယ်။ အဲဒီကနေစလို့ မာတင်လူသာကင်းတစ်ယောက် ဘယ်လိုဒုက္ခသုခတွေရင်ဆိုင်ရမလဲဆိုတာ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.4 2023 145 mins
Martin Luther King
Bad Santa
7.1

ဒီတစ်ခါမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဇာတ်ကားလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Bad Santaဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကိုဒါရိုက်တာTerry Zwigoffကပုံဖော်ရိုက်ကူးထားပြီး မင်းသား Billy Bob Thornton ,Tony Coxနဲ့မင်းသမီးLauren Grahamတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး rating 7.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားဟာ Artios Award ဆုကိုရရှိထားပြီး ဝီလီအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Billy Bob Thoronက အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ အမြဲတမ်းမူးရူးသောက်စားနေတဲ့ ဝီလီတစ်ယောက် ဘဝကိုစိတ်ပျက်လက်ပျက်လက်မှိုင်ချနေပုံတဲ့ စတင်ထားပါတယ် အဲ့နောက် သူငယ်ချင်းဖြစ်သူ မားကတ်နဲ့တွေ့ဆုံမိပြီး ခရစ်စမတ်ကိုငယ်ငယ်ကတည်းက မဆင်နွှဲခဲ့ရတဲ့ ဝီလီကဆန်တာကလော့စ်အဖြစ် သူငယ်ချင်းဖြစ်သူ မားကတ်ကနတ်သူငယ်လေး အဖြစ် ဟန်ဆောင်ပြီး ခရစ်စမတ်အကြိုနေ့ညရောက်တိုင်းမှာ ကုန်တိုက်က မီးခံသေတ္တာတွေကို လိုက်ဖောက်လေ့ရှိကြပါတယ် နောက်ဆုံးရဲကမသင်ကာလို့လိုက်ဖမ်းရာကနေ ဝီလီက အဖွားနဲ့အတူတူနေတဲ့ အမေးအမြန်းထူတဲ့ မိတဆိုးကောင်လေးတစ်ယောက်နဲ့ ဆုံမိပါတယ် ဇာတ်လမ်းက မိတဆိုးကောင်လေးရဲ့ အမေးအမြန်းထူမှုတွေ သူငယ်ချင်းနှစ်ယောက်ကြားက ပြောစကားတွေကြောင့် ကြည့်ရှသူပရိတ်သတ်ကို ဝါးလုံးကွဲအောင် ရယ်ရစေမှာ အမှန်ပါပဲ အဲ့ဒီနောက်ကလေးတွေဆိုရင်သဘောမကျတတ်တဲ့ ဝီလီတစ်ယောက်ဘယ်လိုမျိုးပြောင်းလဲသွားမလဲ ဝီလီတို့သူငယ်ချင်းနှစ်ယောက် ကရော ရဲလက်ကနေ လွတ်အောင်ဘယ်လိုမျိုးရှောင်ပြေးကြမှာလဲ ခရစ်စမတ်နဲ့ပတ်သက်တဲ့ ဝီလီရဲ့သဘောထားကရော ဘယ်လိုရှိမလဲ နောက်ဆုံးမှာဝီလီတစ်ယောက်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Comedy, Crime &Drama အမျိုးအစားဖြစ်ပြီး ကြည့်ရှုသူပရိတ်သတ်ကြီးကို ဇာတ်လမ်းအစအလယ် အဆုံးကောင်းကောင်းဆွဲခေါ်သွားနိုင်မဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ကြည့်ရှုသင့်တယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်….. File size…1.93GB / 929MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

7.1 2002 92 mins
Bad Santa
What a Feeling
6.4

What a Feeling (2024) IMDb Rating (6.4) မာရီသရိစ်ဟာ အောင်မြင်ပြီး စည်းစနစ်ကြီးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့်ပွဲမှာခင်ပွန်းဖြစ်သူက လမ်းခွဲစကားပြောလာတာကိုခံခဲ့ရပါတယ်။ အောင်မြင်ချမ်းသာပြီး အချိန်နဲ့ငွေတွေပိုလျှံနေတဲ့သူတွေဖြစ်လေ့ရှိတဲ့သက်လက်ပိုင်းစိတ်ဝေဒနာ ဒါမှမဟုတ် စိတ်အပြောင်းအလဲတစ်ခုကြောင့်သာဖြစ်ပြီး နောက်တစ်ယောက်တွေ့လို့မဟုတ်သလိုသူ့အပြစ်ကြောင့်လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း စည်းစနစ်ကြီး လွန်းလှတဲ့သူ့ကို ရုတ်တရက်ရိုက်ချသလိုခံစားလိုက်ရတဲ့ မာရီအတွက်တော့ အတော်ခံစားခဲ့ရပြီးအဲ့ဒီညမှာ မူးမူးနဲ့ Lesbian ဘားတစ်ခုကိုရောက်သွားခဲ့ပြီး အဲ့ဒီဖာရီဘာဆိုတဲ့ အမျိုးသမီးနဲ့ရင်းရင်းနှီးနှီးရင်ဖွင့်ဖြစ်ခဲ့ပြီးအမူးလွန်မှောက်သွားခဲ့ပါတယ်။ ဖာရီဘာကတော့ သူနဲ့ဆန့်ကျင်ဘက် လိင်တူချစ်သူအမျိုးသမီးတစ်ယောက်ပါ။ ချစ်သူတွေထည်လဲတွဲတတ်သူ၊ အသဲခွဲတတ်သူဖြစ်ပြီး စည်းမျဉ်းတွေကိုချိုးဖောက်ပုန်ကန်ရင်းရှင်သန်နေတဲ့သူ၊ ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်ဆီက အမျိုးသမီးနှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦးမသိလိုက်ရခင်မှာကိုယ်စီငြိတွယ်သွားပြီးတဲ့နောက်မှာတော့ သူတို့ကိုယ်တိုင်ရဲ့ဝိရောဓိတွေနဲ့တစ်ကွ ပတ်ဝန်းကျင်တစ်ခုလုံးကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ What a Feeling ဟာအခုနောက်ပိုင်းအတွေ့ရကျဲသွားတဲ့ Rom/com စစ်စစ်လေးတစ်ကားဖြစ်ပြီး၊ သဘာ၀ကျတဲ့ဟာသတွေ၊သရုပ်ဆောင်နှစ်ယောက်ကြားက ပီပြင်တဲ့ Chemistry တွေနဲ့သွက်သွက်လက်လက်ဆွဲဆောင်နိုင်တဲ့ အချစ်ကားလှလှလေးလည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:46:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.4 2024 110 mins
What a Feeling
916 Kunjoottan
6.1

916 kunjoottan (2025)”အစစ်အမှန်ကွန်ဂျိုတန်” ===================================== မာလျာလမ်ရုပ်ရှင်တော်တော်များများမှာ ဇာတ်ပို့အဖြစ်ပါဝင်ဖူးတဲ့ အရပ် ၁၆ လက်မပဲရှိတဲ့ လူပုမင်းသား ဂင်းနက်ပါကရူကို ဇာတ်လိုက်နေရာက တင်ရိုက်ထားတဲ့ အက်ရှင် ဟာသဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ 916 ဆိုတာကတော့ ရွှေအမျိုးအစားတွေထဲမှာ အသန့်စင်ဆုံးလို့ပြောလို့ရတဲ့ရွှေတမျိုးဖြစ်ပြီး ကွန်ဂျိုတန်ဆိုတာကတော့ ဗမာလိုဆို ငလက်မလို့အဓိပ္ပါယ်ရပါတယ်။ မွေးကတည်းက အကောင်သေးလို့ ငလက်မနာမည်ပေးခံထားရတဲ့ကွန်ဂျိုတန်ဟာ ရွာထဲက လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဘောစိရဲ့သားဖြစ်ပါတယ်။ သူဟာ ရွာထဲမှာပဲ ဘော်ဒါတွေနဲ့ အလေလိုက်လိုက်၊ မိန်းမနောက်ပိုးလုပ်လိုက်လုပ်နေရင်း သူ့ဘဝကိုပြောင်းလဲနိုင်မယ့် အခွင့်အရေးတစ်ခုတွေ့လာတဲ့အခါမှာတော့…။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်စွမ်းကိုယ်စနဲ့ အရွယ်အစားကိုမဆိုင်ဘူးဆိုတာပြထားတဲ့ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Romance
6.1 2025 115 mins
916 Kunjoottan