YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shining Just For You E24 (1080p) CM.mp4

534.42 MB N/A video/mp4 40 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ripper's Revenge
6.4

လန်ဒန်မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကွင်းဆက်လူသတ်သမား Jack the Ripper ရဲ့ လူသတ်မှုတွေ ဖြစ်ပွားပြီး တစ်နှစ်အကြာ ၁၈၈၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ခဲ့ကြပေမဲ့လည်း Jack the Ripper ရဲ့ သရုပ်မှန်ဟာ ခုချိန်ထိ လျှို့ဝှက်ဆန်းကြယ်ဖြစ်နေဆဲပါ။ ဆီဘက်ရှန် စတပ်ဘ်က London Morning’s Times က သတင်းထောက်တစ်ဦးပါ။ ၁၈၈၈ က Jack the Ripper ရဲ့ လူသတ်မှုတွေအကြောင်း ရေးပြီး အကြီးအကျယ် အောင်မြင်ခဲ့ပေမဲ့ တစ်နှစ်အကြာမှာတော့ ကံဆိုးမိုးမှောင်ကျပြီး လူစိတ်မဝင်စားတဲ့ သတင်းတွေကိုပဲ ရေးနေရပါတယ်။ ငွေရေးကြေးရေး ကြပ်တည်းပြီး အိမ်ငှားခတောင် မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာပါတယ်။ စာအောက်ခြေမှာလည်း Jack the Ripper လို့ လက်မှတ်ထိုးထားပြီး သူ ကျူးလွန်ခဲ့တဲ့ လူသတ်မှုအကြောင်း ရေးထားပါတယ်။ နောက်တစ်နေ့မနက်မှာလည်း စာထဲက ရေးထားတဲ့နေရာမှာ တကယ်ပဲ လူသတ်မှု ဖြစ်သွားပါတယ်။ စာထဲမှာလည်း လူသတ်သမားက သူ့လူသတ်မှုတွေကြောင်းကို ရှေ့ဆုံးစာမျက်နှာမှာ ထည့်ရေးစေချင်တယ်လို့ ပြောထားပါတယ်။ စာတွေ ထပ်ရောက်လာပြီး လူသတ်မှုတွေ ထပ်ဖြစ်လာချိန်မှာတော့ ဆီဘက်ရှန်တစ်ယောက် စုံစမ်းရပါပြီ။ စာတွေအကြောင်း သတင်းထည့်ရေးပြီး သူ့ငွေကြေး အကြပ်အတည်းကို လွယ်လွယ်ပဲ ဖြေရှင်းလိုက်မလား လူသတ်သမား လိုချင်တဲ့ လူထုအာရုံစိုက်မှု မရအောင် မရေးဘဲနေမလား ဝေခွဲမရဖြစ်နေပါပြီ။ အမှုကို ထပ်ပြီးတူးဆွလိုက်တဲ့အခါမှာတော့ အမှန်တရားဟာ ထင်ထားတာထက် အများကြီး ရှုပ်ထွေးနေတာ တွေ့လိုက်ရပါတယ်။ ထင်မထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(950 MB)/(400 MB)/(220 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Twe

Comedy • Romance
6.4 2023 85 mins
Ripper's Revenge
Devil Angel
3.2

ဟောင်ကောင်မင်းသမီးချောလေး Vivian Hsu ကို တချို့လဲ ရင်းနှီးကြမှာပါ...ရှောင်လင်ကလေးနှစ်ယောက်ရဲ့ဇာတ်ကား Shaolin Popey(1994) မှာ မင်းသမီးအဖြစ် စတင်ပွဲထွက်ခဲ့ပြီးတော့ ဂျက်ကီချန်းနဲ့ The Accidental Spy ဇာတ်ကားထဲမှာလဲ ပါဝင်ခဲ့ဖူးပါတယ်။ ဟောင်ကောင်မော်ဒယ်တွေထဲမှာ ချစ်စရာမျက်နှာပေါက်လေးနဲ့ နာမည်ကြီးခဲ့ရာကနေ ရုပ်ရှင်မင်းသမီးအဖြစ်ထိုးထွက်လာခဲ့ပြီး ခုချိန်ထိလဲ ဇာတ်လမ်းရုပ်ရှင်တွေရိုက်ကူးနေဆဲမင်းသမီးဖြစ်ပါတယ်။ ခုတင်ဆက်လိုက်တဲ့ Devil Angel (1995) ဇာတ်ကားကတော့ သူနာမည်ကြီးကာစအချိန်မှာ ရိုက်ကူးထားတဲ့ Drama,Romance,Thriller အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပြီး အဖော်အချွတ်ခန်းတချို့ကြောင့် 18+ အသက်ရွယ်ပြည့်မီသူများသာ ကြည့်သင့်တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ အပူအပင်ကင်းတဲ့မိဘအိမ်မှာနေရတာ အေးချမ်းလွန်းလို့ အပူရှာဖို့အတွက် အချစ်ဆိုတဲ့ခေါင်းစဉ်ကြီးကြီးတပ်ပြီး လင်နောက်လိုက်သွားတဲ့ အသက်ငယ်ရွယ်တဲ့ကလေးမလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပါ။ အချစ်ဆိုတာရဲ့နောက်ကွယ်က အပူအပင်တွေနဲ့ ငွေရေးကြေးရေးပြသနာတွေကြောင့် ဘဝကို ဘဝဆန်ဆန် ဘယ်လိုဖြတ်သန်းရမလဲဆိုတာ.....။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (2.5 GB) & (950 MB) Quality : WEBRip 1080p & 720p Running Time : 01:34:55 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by YeK Encoded by RGB

Drama
3.2 1995 95 mins
Devil Angel
Medieval
7.1

ဥ​​ရောပအလယ်​ခေတ်ဇာတ်ကား​တွေကို ကြိုက်နှစ်သက်သူ​တွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်​မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်​ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီး​နောက် ဘိုဟီးမီးယန်းနယ်​မြေတွင်း ဂိုဏ်းဂဏ​တွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်​အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာ​​ရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ​ ချားစ်-၄ ​နတ်ရွာစံပြီး​နောက် သား​တော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်​ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အ​နေနဲ့ ​ဘိုဟီးမီးယားနယ်က​နေ ရောမကိုသွားဖို့ လိုအပ်​နေတာဖြစ်ပါတယ်။ ဒါ​ပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ​ကြွေးမှီများစွာတင်​နေပြီး ရောမကိုသွားဖို့​တောင် ရဲမက်စရိတ် စားစရိတ်ကအစ ​ချေးငှားရမယ့်အ​ခြေအ​နေပါ။ သူတို့​ချေးငှား​နေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ​ချေး​​ငွေထုတ်မ​​ပေးတာ​ကြောင့် အကျပ်ရိုက်​နေတာပါ။ ဒါ​ကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီး​​လောင်း ​လေဒီကတ်သရင်းကို ပြန်​ပေးဆွဲပြီး ပြန်​ပေး​ငွေ​တောင်းဖို့ ကြံပါ​တော့တယ်။ ပြန်​ပေးဆွဲ​​​ရမယ့်တာဝန်က​တော့ ​ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအ​နေနဲ့ ​လေဒီကတ်သရင်းကို ​ပြန်​ပေးဆွဲတဲ့ကိစ္စ​ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သ​​လောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံ​ရေး ဘာသာ​ရေးအရှုပ်အ​ထွေး​တွေကြား ဘယ်​လောက်ထိ ​ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, DrMa, History Quality…. 1080p | 720p | 480p File size… 2GB | 1.1GB | 585MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Adventure • Comedy • Family • Horror
7.1 2022 126 mins
Medieval
The Secret Life of Walter Mitty
7.2

အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။ လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ပိုက်ဆံရှာမယ်.. ဘဝကို ပုံမှန်ပဲ ကြိုးစားရုန်းကန်တည်ဆောက်မယ်ပေါ့။ ငယ်စဉ်က စိတ်ကူးယဉ်အိမ်မက်တွေ.. စွန့်စားချင်စိတ်တွေက ..အသက်အရွယ်ရလာတာနဲ့အမျှ.. စိတ်ကူးထဲမှာပဲ တဖြေးဖြေးတိမ်မြုပ်သွားကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်တွေထဲမှာ ဆက်လက်စိတ်ကူးယဉ်ကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲကအတိုင်း အပြင်မှာ ဆက်ပြီးစိတ်ကူးယဉ်ကြတယ်။ ဒီလိုနဲ့ အသက်တွေတဖြည်းဖြည်းကြီး သက္ကရာဇ်တွေက တိုက်စားရင်း လူတွေ လုံးပါး ပါးလာကြာတာပဲ မဟုတ်ပါလား.. Walter Mitty ဆိုတဲ့ လူကလည်း ထိုနည်းလည်းကောင်းပါပဲ… အသက်ကြီးနေတဲ့ အမေအိုတစ်ဦးရယ် ညီမတစ်ယောက်ရယ်နဲ့ ပုံမှန်အလုပ်သွားအလုပ်ပြန်ရင်း ..အချိန်တွေကုန်လာလိုက်တာ အသက်(၄၁)နှစ်ကိုရောက်လာရော… သူက Life မဂ္ဂဇင်းရဲ့ ဓာတ်ပုံဌာနက နဂ္ဂတစ်ဖလင်တွေစုဆောင်းထားတဲ့ ဌာနရဲ့ မန်နေဂျာတစ်ဦး.. သူ့ဌာနမှတဆင့် နဂ္ဂတစ်ဖလင်တွေကနေ ဓာတ်ပုံအဆင့်ကိုဖြတ်သန်းပြီးမှ မဂ္ဂဇင်းအတွက်အသုံးပြုရတာပါ။ သူစိတ်ဝင်စားနေတဲ့ အမျိုးသမီးကလည်း သူတို့ Life မဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ (၁)လ လောက်ကမှ ရောက်လာတဲ့ ဝန်ထမ်းတစ်ဦး ၊ အသက်(၄၀)ကျော်လာတဲ့အထိ ဖခင်ကွယ်လွန်ပြီး (သူဆယ်ကျော်သက်အရွယ်ကတည်းက) မိသားစုအတွက် အစ်ကိုကြီးအဖရာ အနေနဲ့ ဘဝတစ်လျှောက်လုံးကြိုးစားရုန်းကန်လာခဲ့ပြီး ငွေကြေးကိုစနစ်တကျသုံးစွဲက မချမ်းသာပေမယ့် ပုံမှန်လည်ပတ်နေတဲ့ လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ ရိုးသားအေးဆေးစွာနေလာခဲ့တဲ့သူ… မွေးနေ့မှာ ကံကောင်းခြင်းတွေထက် ကံဆိုးဖို့တွေသာဖြစ်လာခဲ့တာကတော့… သူတို့ မဂ္ဂဇင်းက ဒီလအတွက် နောက်ဆုံးထုတ်ဝေခြင်းပါတဲ့ ... ဝန်ထမ်းတွေလည်း ရုတ်တရက် ဆွံ့အသွားခဲ့ကြပါတယ်။ ဒါပေမယ့် သူဘာများတတ်နိုင်ဦးမှာလဲ… နောက်ထပ် တကယ့် လတ်တလောပြသနာကတော့ …သူ့ဌာနကို ရောက်လာတဲ့ တစ်ကိုယ်တော် စွန့်စားသွားလာ ဓာတ်ပုံရိုက်ကူးနေတဲ့ Sean O’ Connell က ပို့လိုက်တဲ့ နဂ္ဂတစ်ဖလင် (၂၅)ကွက်နဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ပိုက်ဆံအိတ်ကလေးပါ။ ဖလင် (၂၅)ကွက်မှာ (၂၅)ကွက်မြောက် ဖလင်က ပါမလာပါဘူး။ ဒါပေမယ့် အထက်လူကြီးဆီကို ရောက်နေတဲ့ သတင်းကတော့ ဒီတစ်ပတ်နောက်ဆုံးထုတ်မဂ္ဂဇင်းရဲ့ အဖုံးကို ဖလင်နံပါတ်(၂၅) ကို အသုံးပြုဖို့ Sean O’ Connell က မှာလိုက်ပါသတဲ့…. အဲဒီတော့ Sean O’ Connell ကိုအရေးတကြီး ဆက်သွယ်မေးမြန်းဖို့ လိုအပ်လာပါပြီ.. ဒါပေမယ့် အဲ့ဒီတစ်ကိုယ်တော်ဓာတ်ပုံဆရာ လူစွန့်စားကြီးက Mobile Phone / Email / internet social media account ဘာတစ်ခုမှ မသုံးပါဘူး။ (၂၅)ကွက်မြောက် ဖလင်ကို ရရှိဖို့ကလည်း Walter Mitty အတွက် သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။ ဒီတော့ ဘယ်လို ဆက်လုပ်ကြမလဲဗျ ??? Zoolander (2001) မင်းသားကြီး Ben Stiller ကိုယ်တိုင် ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.3/10 ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက… ကျွန်တော်တို့ ဘဝ နေ့တဓူဝ ရုန်းကန်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်တွေ.. ရုပ်ဝတ္ထုတွေရဲ့ အရေးပါပုံတွေ… အလှတရားတွေ .. သဘာဝအလှ/ရုပ်အလှ ပြီးတော့ စိတ်ဓာတ်ခွန်အားရဲ့ ကြီးကျယ်ခန်းနားတဲ့ အလှ တွေကို ပြန်လည်သုံးသပ်မိစေအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ အညွှန်းရေးသားထားသူကတော့ (Nucleon_Content #Admin_N) မှဖြစ်ပါတယ် ။ File size__(1.9GB) and (950MB) Quality__1080p, 720p IMDb Rating__7.3/10 Format__mp4 Duration__01:54:35 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
7.2 2013 114 mins
The Secret Life of Walter Mitty
Mishan Impossible
6.1

Thappad ဆိုတဲ့ ကားနဲ့ လူသိပိုများတဲ့နာမည်ကြီးမင်းသမီးချောလေး Taapsee Pannu  ရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ... တစ်ချို့သောသူတွေဟာ အာဏာရပြီး အများကျိုးသယ်ပိုးဟန်တွေပြတဲ့သူတွေဆိုပေမဲ့ တစ်ချိန်တုန်းက ကလူတိုင်းထိတ်လန့်ကြောက်ရွှံရတဲ့ လူဆိုးကြီ:တွေဖြစ်ခဲ့ကြတယ်... လက်ရှိမှာလည်း ဉပဒေကိုလက်တစ်လုံးခြား ကွက်ကျော်ရိုက်နေတဲ့သူတွေပေါ့.... ဒီလိုလူတွေကို နည်းမျိုးစုံနဲ့ လက်လံဖမ်းဆီးနေတဲ့ ကောင်မလေးတစ်ယောက်ဦးဆောင်တဲ့ (၃)ယောက်အဖွဲ့တစ်ဖွဲ့ရှိတယ်...တစ်နေတာ့ သူတို့တွေဟာ ကလေး လူမှောင်ခိုကူးတာကို အဓိကထားလုပ်နေတဲ့ ဒုစရိုက်ရာဇာတစ်ဦးကို ဖမ်းဖို့ စီစဉ်ကြတယ်... အာဏာလည်းရှိပြီးငွေလည်းရှိတဲ့အပြင် အဆက်အသွယ်တွေ လူအင်အားတွေ တောင့်လွန်းတော့ သူတို့အတွက်မလွယ်လှဘူး...တစ်ချိန်တည်းမှာပဲ အစိုးရက ဒီလူဆိုးကြီ:ကိုဖမ်းနိုင်ရင် ရူပီသိန်း(၅၀)ချီးမြှင့်မယ်ဆိုပြီးကြေငြာထားတယ်... ဒီအကြောင်းကို ရွာတရွာရဲ့ မျောက်လောင်း ကလေး (၃)ယောက်ကသွားတွေ့တယ်... သူတို့သာ ဖမ်းနိုင်ရင် သိန်း၅၀ ရမယ် ..ဒါဆို သူတို့ရည်မှန်းချက်တွေပြည့်အောင် လုပ်ဖို့များစွာအထောက်အကူဖြစ်မယ်ဆိုပြီး စပါယ်ရှယ်အစီအစဉ်တွေဆွဲပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်.. လူကြီး(၃)ယောက်နဲ့ ကလေး(၃)ယောက်ပေါင်းစည်းဖို့ဖြစ်လာသလို သူတို့အစီအစဉ်တွေအောင်မြင်မလား...ဆိုတာကိုတော့... File Size          : 2.5GB, 1.1GB, 378MB Quality            : Web-dl 720p, 480p Format            : mp4 Duration         : 1hr & 34mins Genre              : Drama , Action, Comey Translated by  Chothet_mlmt & Moe Lay Encoded by  Phyo Pyae

Comedy • Drama • Fantasy
6.1 2022 129 mins
Mishan Impossible
Next Exit
5.7

Next Exit (2022) အခုတလောမှ အသစ်ထွက်လာတဲ့ Sci-Fi/ Drama ကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.6, Rotten Tomatoes 85 % အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ နောက်ဘဝဆိုတာ တကယ်ရှိကြောင်း အတည်ပြုထားတဲ့ အနာဂတ်ကာလတစ်ခုမှာ ရို့စ်ဆိုတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးတော့ နောက်ဘဝကို ကူးပြောင်းပြီး ဝိညာဥ်အဖြစ်နေနိုင်အောင် ကူညီပေးတဲ့ Life Beyond ဆိုတဲ့ လေ့လာရေးအစီအစဉ်မှာ ပါဝင်ဖို့ စာရင်းပေးခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှာ ပါဝင်ဖို့အတွက် ဆန်ဖရန်စစ္စကိုမြို့ဆီ သွားရမှာပါ။ သို့သော် ရို့စ်ဟာ အစီအစဉ်ကပေးတဲ့ လေယာဉ်နဲ့ မသွားချင်ဘဲ ကားနဲ့ သွားချင်တာကြောင့် အငှားကားငှားဖို့ အငှားကားကုမ္ပဏီဆီကိုရောက်ခဲ့ပါတယ်။ တက်ဒီဆိုတဲ့ လူတစ်ယောက်ဟာလည်း ထိုအစီအစဉ်မှာ ပါဝင်ဖို့ သွားရမှာဖြစ်တာကြောင့် အငှားကားကုမ္ပဏီကို ရောက်လာပါတယ်။ သို့သော် အငှားကားကုမ္ပဏီမှာ အဆင်မပြေဖြစ်ရာကနေ နှစ်ဦးသား သွားမယ့်နေရာကလည်း တူနေတာမို့ နှစ်ယောက်သား ကားတစ်စီးတည်းနဲ့ ခရီးအတူတူသွားဖို့ ဖြစ်လာပါတော့တယ်။ \ ခရီးတစ်ခုတည်းကို အတူတူသွားကြမယ့် လူနှစ်ယောက်က ဘာကြောင့် သတ်သေချင်ရတာလဲ၊ သူတို့မှာ ဘာအကြောင်းတွေရှိလို့လဲ ဆိုတာတွေကို ခရီးစဉ်တစ်လျှောက် လိုက်ပါရင်း စိတ်ဝင်တစား ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အက်ဒီအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Rahul Kohli ဟာဆိုရင် Haunting of Hill House, Haunting of Bly Manor, Midnight Mass နဲ့ Midnight Club တွေ ပါဝင် သရုပ်ဆောင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Mystery, Romance Quality…. 1080p | 720p | 480p File size… 1.1GB | 569MB | 339MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. August

Action • Crime • Horror
5.7 2022 106 mins
Next Exit
Clash of the Titans
6.9

Clash of the titans – 1981 Genre – Action,Adventure,Family IMDb – 6.9/10 ဂရိနတ်ဘုရားတွေရဲ ဒဏ္ဍာရီကို အခြေခံထားတဲ့ ငယ်ဘဝအောက်မေ့ဖွယ် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အိုလံပတ်စ်တောင်ပေါ်က နတ်ဘုရားတွေရဲ့ဖခင် ဖြစ်တဲ့ ဇုစ်ဟာ အာဂို့စ်တိုင်းပြည်က အလွန်ချောမောလှပတဲ့ ဘုရင့်သမီးတော် ဒနေးကို အထူးစောင့်ကြပ်ထားတဲ့ကြားက ရွှေရောင်ချိုးရေအသွင်ပြောင်းပြီးတော့ ပေါင်းသင်းခဲ့ပါတယ်။ ကလေးတစ်ယောက်ရလာခဲ့တဲ့ သမီးတော် ဒနေးအပေါ် ဖခင်ဘုရင်ကြီး အက်ကရီးစီးယက်စ်က အမျက်တော်ရှိပြီး ဒနေးနဲ့သားငယ် ပါးစီးယက်စ်ကို ပင်လယ်ထဲကို စွန့်ပစ်ခဲ့ပါတယ်။ ဒါကို သိရှိသွားတဲ့ ဇုစ်နတ်ဘုရားက အာဂို့စ်တိုင်းပြည်ကို ဧရာမတိုက်တန်ကြီး ကရာကန်ကို စေလွှတ်ဖျက်ဆီးစေခဲ့ပြီး ဒနေးနဲ့သားတော်ပါးစီးယက်စ်ကို ဘေးကင်းရာကို လုံလုံခြုံခြုံရောက်ရှိစေရန် ပင်လယ်နတ်ဘုရားပိုဆိုက်ဒန်ကို စေခိုင်းခဲ့ပါတယ်။ ပါးစီးယက်စ်တစ်ယောက် ချောမောခန့်ညားစွာ အရွယ်ရောက်လာခဲ့ပြီး ဇုစ်ရဲ့ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်လာခဲ့ပါတယ်။ သူ့သားကာလီးဘော့စ်အပေါ် ပြစ်ဒဏ်ချထားမှုအပေါ် မကျေနပ်တဲ့ နတ်ဘုရားမတက်တစ်က ဇုစ် မျက်နှာသာပေးခြင်းခံရတဲ့ ပါးစီးယက်စ်အပေါ်မနာလိုဖြစ်ပြီး ကျိန်စာသင့်မျှော်လင့်ချက်မဲ့နေတဲ့ ဂျော်ပါမြို့ကို ရောက်ရှိစေခဲ့ပါတယ်။ သူ့ရဲ့မွေးရပ်မြေ အာဂို့စ်ကို ပြန်လည်သိမ်းပိုက်ဖို့ အကြံရှိတဲ့ပါးစီးယက်စ်က သူ့ရဲ့ခရီးစဉ်ကိုဂျော်ပါမြို့ကနေ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တက်တစ်စ်နဲ့ မကောင်းဆိုးဝါးသဖွယ် အသွင်ပြောင်းပြီး အပြစ်ပေးခံထားရတဲ့ ကာလီးဘော့စ်တို့ရဲ့ ကြီးစိုးမှုကြောင့် ဂျော်ပါမြို့သားတွေဟာ ကျီးလန့်စာစားဖြစ်နေကြပြီး ကာလီးဘော့စ်နဲ့ ရည်ရွယ်ထားတဲ့ မင်းသမီးအန်ဒရိုမေဒါကလည်း အကျဉ်းစံသတို့သမီးလောင်းဘဝကိုရောက်နေခဲ့ပါတယ်။ အန်ဒရိုမေဒါနဲ့ လက်ဆက်ဖို့ ကြိုးစားသူတိုင်းကလည်း ကာလီးဘော့်စ်ရဲ့ ပဟေဠိပုစ္ဆာကို မဖြေဆိုနိုင်ကြဘဲမီးတင်ရှို့ယစ်ပူဇော်ခံရစမြဲပါ။ အန်ဒရိုမေဒါနဲ့ လက်ဆက်ရင်း တိုင်းပြည်တစ်ခုလုံးကို အုပ်စိုးရမယ့်အခွင့်အရေးကို ပါးစီးယက်စ်ကလည်း ကြိုးစားလာပါတယ်။ စီစဉ်သူ ဇုစ်ကနေတစ်ဆင့် နတ်ဘုရားတွေရဲ့လက်ဆောင်ဖြစ်တဲ့ ကိုယ်ပျောက်ခေါင်းဆောင်း၊ ဓားလွတ်တစ်ချောင်းနဲ့ ဒိုင်းကာတစ်ခုကိုပါ ရရှိလာရင်း အန်ဒရိုမေဒါကို မျက်ဝါးထင်ထင်မြင်တွေ့ရချိန်မှာတော့ သူ့အတွက်ဆို ဘာမဆိုလုပ်ရဲတဲ့သတ္တိတွေ ဝင်လာခဲ့ပါတယ်။ စိမ့်မြေသခင် ကာလီးဘော့စ်ကိုပါ တိုက်ခိုက်အနိုင်ယူပြီး အန်ဒရိုမေဒါရဲ့ ပုစ္ဆာကိုဖြေဆိုကာ တိုင်းပြည်တစ်ခုလုံးပါ အပိုဆောင်းရယူနိုင်ခဲ့ပါတယ်။ ရွှေလက်ဆက်ပွဲမှာ အန်ဒရိုမေဒါရဲ့မိခင်၊ ဂျော်ပါရဲ့ဘုရင်မ ကတ်စီရိုပီအာရဲ့ မဆင်မခြင်ပြောဆိုမှုကြောင့် နတ်ဘုရားမတက်တစ်က သားဖြစ်သူအပေါ် ကျူးလွန်ခဲ့တဲ့အပြစ်နဲ့ သူ့အပေါ်စော်ကားမှုအပေါ် ပြန်လည်ပေးဆပ်ရန် အန်ဒရိုမေဒါရဲ့ အသက်ကို တောင်းဆိုခဲ့ပါတယ်။ ဂျော်ပါမြို့သူမြို့သားအားလုံးကို ကရာကန်ဖျက်ဆီးတိုက်ခိုက်မည့်ဘေးမှ လွတ်လိုပါက အန်ဒရိုမေဒါကို ရက် (၃၀) အတွင်း ကရာကန်အား ယစ်ပူဇော်ဆက်သရန် အမိန့်ပေးခဲ့ပါတယ်။ ပါးစီးယက်စ်ကလည်း ဧရာမတိုက်တန်ကရာကန်ကို အနိုင်ယူနိုင်ဖို့ နည်းလမ်းတွေကို ရဲမက်ဗိုလ်ပါတွေနဲ့အတူ တိုင်ပင်စဉ်းစားကြရင်းနဲ့ပဲ ရှာပုံတော်စွန့်စားခန်းခရီးတစ်ခု ထွက်ရန် ဖန်လာပါတော့တယ်… ၈၀ ခုနှစ်က Special Effects တွေ အခုကာလလောက် မဖွံ့ဖြိုးသေးပေးမယ့် Clash of the titans ဟာ လူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်း ပါးစီးယက်စ်ရဲ့ ရဲရင့်မှု၊ နတ်မြင်းပျံ ပက်ဂဆစ်၊ ဇီးကွက်စက်ရုပ်ကလေး ဘူဘို၊ ကြောက်မက်ဖွယ် ဧရာမတိုက်တန်ကရာကန်၊ အန်ဒရိုမေဒါရဲ့ အလှတရား စတဲ့ ရောင်စုံစုတ်ချက်တွေနဲ့ ချယ်မှုန်းထားတဲ့ ဂန္ထဝင်ပန်းချီကားတစ်ချပ်အဖြစ် ရှိနေဆဲပါ။ File size… 3.1 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Action/Adventure/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

6.9 1981
Clash of the Titans
The Exorcist
8.1

The exorcist (1973) IMDb rating – 8.1/10 ဒီဇာတ်လမ်းလေးကတော့ “World No.1 horror film” လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့အပြင် Imdb rating 8 အထိရရှိထားပါတယ်။ တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အပြင် ခုထိလည်း ‘ဟောင်းပေမယ့်လည်းကောင်းနေဆဲ’ ဇာတ်လမ်းလေး ဖြစ်လို့နေမှာပါ။ ၁၉၇၃ ခေတ်အနေအထားအနေနဲ့ဆိုရင် တကယ်ကိုပီပြင်တဲ့ရိုက်ချက်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်ရှိနေတယ်လို့လည်း သိရပါတယ်။ တကယ်ခြောက်ခြားစရာ သွေးသံရဲရဲတွေ ဇာတ်ကွက်တွေကြောင့် ပြသခွင့်တောင် ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အော်စကာဆုအတွက် ဇကာတင်အများကြီးဝင်ခဲ့ပြီး အော်စကာဆု၂ဆုတောင် သိမ်းပိုက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကဲ horror ကြိုက် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအစမှာ သရုပ်ဆောင်မင်းသမီး ခရစ်မက်နီယယ်က ဇာတ်ကားရိုက်ဖို့ ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ လာခဲ့ပါတယ်။ ၁၂နှစ်အရွယ် ရေဂန်လေးက အစပိုင်းမှာ ချစ်စရာကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြုအမူတွေထူးဆန်းလာတယ်၊ ကြမ်းတမ်းလာတယ်။ မိခင်ဖြစ်တဲ့ ခရစ်ကတော့ ဆေးကုသမှုတွေ အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့လည်း ဆေးပညာနဲ့ အဖြေရှာမရ၊ကုသမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ဖာသာဒေမီယမ်ကားရက်စ်ဟာ သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး ဘာသာရေးယုံကြည်မှုတွေ လျော့ပါးလာပါတယ်။ ဒီတော့ ရေဂန်လေးကို ဘယ်လိုကယ်တင်ကြမလဲပေါ့။ (သွေးသံရဲရဲ ဇာတ်ဝင်ခန်းများပါသည့်အတွက် ကလေးငယ်များ ကြည့်ရှုရန်မသင့်ပါ) ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 1.6 GB / 0.99 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Orika

Drama • Thriller • Crime
8.1 1973
The Exorcist
[18+] An Affair
5.5

An affair (2018) ဟာ IMDb 5.5 ရရှိထားတဲ့ နော်ဝေး drama/suspense အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဂျွမ်းဘားမယ်ဟောင်းဖြစ်တဲ့ အနီတာ ဟာ အထက်တန်းကျောင်းမှာဆရာမအဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။ အဲ့အချိန်မှာပဲ အတန်းထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ကိုစွဲလန်းနေမှန်းသိလိုက်ရချိန်မှာ အနီတာ တစ်ယောက်ဘယ်လိုတုန့်ပြန်မလဲ၊ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်မလား၊ ကျင့်ဝတ်တွေကို စောင့်ထိန်းမလား၊ သူဘယ်လမ်းကိုရွေးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လိင်အသားပေး အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ လူတွေရဲ့သဘော သဘာဝကို မြင်သာအောင်ရိုက်ပြထားတဲ့ သဘာဝဆန်ဆန်ဇာတ်လမ်းမျိုးကြိုက်သူတို့အဖို့တော့ စိတ်အာသာပြေစေမှာပါ………..

Mystery • Family • Fantasy • Comedy • Horror
5.5 2018
[18+] An Affair
Twisters
7.1

နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရော ပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ “ဇာတ်လမ်းအကျဉ်း” ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီး လေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။ အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာ သူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲ သာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကို နည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာ စွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလား လူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။ မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့ အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File size… 6.80GB / 2.85GB / 1.39GB Quality… WEB-DL 4K HEVC 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Action /Adventure / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by Mr.Anderson

7.1 2024 123 mins
Twisters
Tucker and Dale vs. Evil
7.6

Tucker & Dale vs. Evil (2010) IMDb Rating (7.5) / Rotten Tomatoes (85%) သရဲကားတွေ နဲ့ ဟာသကားတွေဟာ လူတွေကြားမှာ ရေပန်းစားပြီး လူတွေပိုကြိုက်တက်ကြပါတယ်။ အဲ့လို ကြိုက်တတ်ကြတဲ့အတွက်လည်း အချင်းချင်းစနောက်ပြီး ချောက်တက်လှန့်တတ်ကြပါတယ်။ အဲ့လို ချောက်လှန့်ရာကနေ မတော်တဆဖြစ်ရပ်တွေ ဖြစ်ဖူးတာတွေရှိသလို ရယ်စရာ အဖြစ်အပျက်တွေလည်း ကြုံရတာတွေရှိပါတယ်။ အခုကားလေးထဲမှာတော့ ကောလိပ်ကျောင်းသားလေးတစ်သိုက် အားလပ်ရပ် အပန်းဖြေ ခရီးထွက်ရာမှာ မတော်တဆမှုတွေနဲ့ ကြုံရတာကို ဟာသဆန်ဆန်နဲ့ရိုက်ကူးပြထားပါတယ်။ ဇာတ်လမ်းကတော့…. အယ်လီဆန်တို့ ကျောင်းသားတစ်သိုက်က တောအုပ်ထဲမှာအပန်းဖြေဖို့ ခရီးထွက်လာကျပါတယ်။ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ တက်ကာ နဲ့ ဒေးလ် တို့ကလည်း ငါးမြှားရင်း အနားယူဖို့ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းသားတွေနားက အိမ်ကိုပဲ ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်လုပ်လက်စား တက်ကာ နဲ့ ဒေးလ် တို့ရဲ့ မတောက်ပြောင်တဲ့ဖိုသီဖပ်သီ အဝတ်အစား နဲ့ အတီးအတ အမူအယာတွေကြောင့် ကျောင်းသားတစ်သိုက်က သူတို့က လူဆိုးတွေလို့ ထင်နေကြပါတယ်။ ဒီလိုနဲ့ ကျောင်းသားလေးတွေ စခန်းချမဲ့နေရာကို အရောက်မှာ ကျောင်းသားတစ်ယောက်က သူတို့ စခန်းချတဲ့ နေရာမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်ကဖြစ်ပျက်ခဲ့တဲ့ လူသတ်မှု့တွေ အကြောင်းကို ပြောပြတာပေါ့။ ဒီလို စနောက်ရင်းနဲ့ ရေကူးကြတဲ့ အချိန်မှာပဲအယ်လီဆန် တစ်ယောက် ကျောက်တုံးပေါ်က ချော်ကျပြီး ဒဏ်ရာရသွားပါတော့တယ်။ ဒါကို မြင်တဲ့ တက်ကာ နဲ့ ဒေးလ်က သဘောရိုးနဲ့ ကူညီဖို့ လှေပေါ်ခေါ်တင်သွားတာကို ကျောင်းသားတစ်သိုက်က ဖမ်းခေါ်သွားတယ်လို့မြင်ပြီး အယ်လီဆန်ကို ပြန်ရဖို့ ကြိုးစားပါတယ်။ အဲ့လို ကြိုးစားရင်းနဲ့ပဲ ကျောင်းသားတွေ မတော်တဆဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် သေကုန်ပါလေရော။ အဲ့သေဆုံးမှုတွေကလည်း တက်ကာ၊ ဒေးလ် တို့ နဲ့ သွားသွား ဆက်စပ် နေတဲ့အခါမှာတော့ …… ဒီလို အရှုပ်ထုပ်ဇာတ်လမ်းတွေကနေ လူရိုးနှစ်ယောက်ဖြစ်တဲ့ တက်ကာ နဲ့ ဒေးလ် တို့ ဘယ်လိုရုန်းထွက်ဖြေရှင်းမလဲ ကျောင်းသားတွေကကော တက်ကာ နဲ့ ဒေးလ် တို့ကို အထင်လွဲနေတာ ပျောက်သွားမလား သဘောရိုးနဲ့ ကူညီပေမယ့် ဘယ်လို တစ်လွဲတွေဖြစ်မလဲ ဒီသေဆုံးမှုရဲ့အမှန်တရားကရောဘာလဲ ဆိုတာတွေကို ဟာသဆန်ဆန် ကြောက်စရာလန့်စရာလေးတွေနဲ့ တွဲဖက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို မှီငြမ်းပြီး ကိုရီးယားကလဲ Handsome Guys (2024) ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးထားပါသေးတယ်။

7.6 2010 89 mins
Tucker and Dale vs. Evil
Bank of Dave 2: The Loan Ranger
6.5

Bank of Dave 2: The Loan Ranger (2025) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ 2023 ခုနှစ်က ထွက်ရှိထားတဲ့ Bank of Dave ရဲ့အဆက်ဖြစ်ပါတယ်။ 2025 ခုနှစ်ထဲမှာ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်ပြီးတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပါတယ်။ Rory Kinnear က ပဲအဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Chris Foggin ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း….. ဒီတစ်ခါမှာတော့ ဒေ့ဗ် တစ်ယောက်ပိုပြီး အန္တရာယ်များတဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အမြတ်ကြီးစားငွေချေးသူတွေနဲ့ ရင်ဆိုင်ရတဲ့အကြောင်းကို စိတ်ဝင်တစားကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.6 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:45:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Nay

Comedy • Action • Crime
6.5 2025 104 mins
Bank of Dave 2: The Loan Ranger
Faceless

Faceless (2024) ကာဘူရာဂီလို့ခေါ်တဲ့ ကောင်လေးဟာ တစ်မိသားစုလုံးကို သတ်တဲ့အမှုနဲ့ တရားစွဲဆိုခံရပြီး သေမိန့်ကျခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ အပြောင်းအရွှေ့ ကာလအတွင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့ တစ်တိုင်းပြည်လုံးလှည့်လည်ကာ ပုန်းလို့နေခဲ့ပါတယ်။ ဒီလို ပုန်းအောင်းနေစဉ်အတွင်းမှာပဲ အန်ဒို, ကာဇူယ, မိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာဘူရာဂီကို ဖမ်းဖို့အတွက် စုံထောက်ကြီး မာတနုကိကလည်း ကြိုးစားပမ်းစား ရှာဖွေလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ ကာဘူရာဂီ ထွက်ပြေးလွတ်မြောက်သွားတာ ရက်ပေါင်း ၄ရာကျော် ရှိလာပေမဲ့လည်း ကာဘူရာဂီရဲ့ အစအနလေးတောင် ရှာလို့မတွေ့ခဲ့ပါဘူး။ ကာဘူရာဂီဟာ ပြစ်မှုကျူးလွန်ပြီးကတည်းက လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါလျက် သေမိန့်ကျပြီးခါမှဘာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလဲ …….. ကာဘူရာဂီကရော တကယ်တမ်း ဘယ်သူဖြစ်နေမလဲ ….. သူ့မှာ ဘာပလန်တွေရှိနေမလဲ …… ဆိုတာကို ကြည့်ရှုရမဲ့ ဂျပန် Thriller အလန်းစားကားလေးဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~Star~Yunni တို့ပဲ ဖြစ်ပါတယ်)

Romance • Drama
0 2024
Faceless
The Nighthawk’s First Love
6.4

The Nighthawk’s First Love (2022) ********************************* IMDb… 6.4 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် reality ဆန်တဲ့ ဂျပန်ဇာတ်ကားတစ်ကားနဲ့ မိတ်‌ဆက်ပေးပါရစေ။ မိန်းကလေးတွေတင်မဟုတ်ဘဲ ယောက်ျားလေးတွေမှာ စိတ်မလုံခြုံမှု insecurity တွေရှိကြတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာပုံပန်းသဏ္ဍာန်၊ ဖြစ်တည်မှု အနိမ့်အမြင့် စတဲ့ မတူညီမှုတွေပေါ့… တချို့ insecurity တွေက ပြောင်းလဲလုပ်ယူလို့ ရပေမဲ့ တချို့ကျတော့ လုပ်ယူဖို့ ခက်ခဲပါတယ်။ ဒီဇာတ်ကားလေးထဲမှာဆိုရင် မျက်နှာပေါ်မှာ မွေးရာပါအမှတ်ကြီး ပါလာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သနားစရာ ဘဝအကြောင်းကို ကြည့်ရှူရမှာပါ။ မိန်းကလေးတစ်ယောက်ရဲ့ အလှဟာ အမျိုးမျိုးရှိတတ်ပေမဲ့ မျက်နှာကတော့ လူတွေအတွက် first impression ဆိုလည်း မမှားပါဘူး… အဲဒီ မျက်နှာပေါ်မှာ ဝက်ခြံပေါက်ရင်တောင် စိတ်မလုံမခြုံဖြစ်ဖူးကြရင် သူ့လို မွေးကတည်းက အမည်းရောင် အကွက်လိုက် ပါလာရင် ဘယ်လိုခံစားရမလဲ။ အဲဒီမိန်းကလေးက ငယ်ငယ်ကတည်းက အတန်းထဲမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာ‌တွေ၊ သူကြုံတွေ့ခဲ့ရတာတွေကို စာအုပ်ထုတ်ရေးတဲ့အခါမှာ ပေါက်သွားပါတယ်။ အင်တာဗျူးချင်တဲ့သူတွေကို ငြင်းဆန်‌ခဲ့ပေမဲ့ စီနီယာတစ်ယောက်ရဲ့ ‌ တောင်းဆိုမှုကြောင့် သူ့စာအုပ်ကို ဇာတ်လမ်းပြန်ရိုက်ချင်တဲ့ ဒါရိုက်တာတစ်ယောက်နဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပြီး သူ့ရဲ့ ပင်ကိုမျက်နှာကို လက်ခံတဲ့ ဒါရိုက်တာနဲ့ ချစ်မိသွားတဲ့အခါမှာတော့… ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Reddy ပဲ ဖြစ်ပါတယ်။) File Size : 1.76GB/590MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:41:03 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Tiff

6.4 2022 98 mins
The Nighthawk’s First Love