YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shine On Me E35 720p WEB-DL.mp4

426.94 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
60 Days of Summer
8

လီဂျယ်ဟွန်းဆိုတဲ့ ကောင်လေးက ၁၈ နှစ်ပြည့်ပေမဲ့ အနိုင်ကျင့်ခံရလို့ဆိုပြီး ကျောင်းထွက်ထားတဲ့လူငယ်တစ်ယောက်ပါ။ စားလိုက်၊ အိပ်လိုက်၊ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက်၊ အိမ်ကိုနောက်ကျမှပြန်လာလိုက်နဲ့ အကျင့်ဆိုးတွေနဲ့ကောင်လေးပေါ့။ တစ်နေ့မှာ သူ့အဖေက နောက်မိန်းမယူဖို့ဆိုပြီး လင်းယုန်တိုင်းပြည်ကို နှစ်လလောက်ထွက်သွားမယ်လုပ်ပါလေရော။ အဖေ နှစ်လလောက်ထွက်သွားတာ ဂျယ်ဟွန်းအတွက်မထူးဆန်းပေမဲ့ သူ့အဖေနဲ့ရော သူနဲ့ပါမတည့်တဲ့ လူ့ဂွစာအဘိုးဖြစ်သူဆီမှာ ရက်ပေါင်း ၆၀ နေရဖို့ဖြစ်လာလေတော့... ဂျယ်ဟွန်းတစ်ယောက် အဘိုးဖြစ်သူကြည်ဖြူအောင် ဘယ်လိုနေထိုင်မလဲ... တစ်ဖက်မှာလည်း သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထား လုယက်တဲ့ကိစ္စတွေ မကြာခဏကြုံလာရတဲ့အခါ မြေးအဘိုးနှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ... ရက်ပေါင်း ၆၀ အတွင်း မတည့်အတူနေ မြေးအဘိုးနှစ်ယောက်ရဲ့ နှောင်ကြိုးလေးခိုင်မြဲလာမလား ပြတ်တောက်သွားမလား ဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီးကြည့်ရှုရမယ့် IMDb 6.4/10 ရထားတဲ့ မိသားစုဒရာမာရုပ်ရှင်လေးပါ။ Generation မတူတဲ့ လီမျိုးရိုး မြေးအဘိုးကြားက ကတောက်ကဆလေးတွေကိုကြည့်ပြီး ရင်ထဲမှာ ကြည်နူးမှုတစ်စုံတစ်ရာခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size… 922MB | 463MB | 232MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Drama • Romance
8 2018 94 mins
60 Days of Summer
All Quiet on the Western Front
7.7

Im Westen nichts Neues ဂျာမန်စစ်ကားအသစ်ထွက်လာပါပြီ။ အနောက်ပိုင်းစစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်လို့ ဆိုတဲ့ နာမည်အတိုင်းပဲ အနောက်ပိုင်းစစ်မြေပြင်က တိုက်ပွဲတွေအကြောင်းပါပဲ။ 1930 နဲ့ 1973 မှာလည်း ဒီနာမည်နဲ့ ရုပ်ရှင်တွေ ထွက်ခဲ့ပါသေးတယ်။ အနောက်ပိုင်းစစ်မြေပြင်ဟာ ပထမကမ္ဘာစစ်ရဲ့ ကမ္ဘာကျော်တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တဲ့နေရာပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မီတာ ၁၀၀ လောက် ရှေ့တိုးနိုင်ဖို့ လူ တစ်သန်းလောက် အသေခံခဲ့ရတဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ပထမကမ္ဘာစစ်အစကနေ အဆုံးအထိ စစ်သားတွေရဲ့ တိုက်ပွဲတွေနဲ့ ဖြတ်သန်းမှုတွေကို တွေ့ရမှာပါ။ သဘောကျစရာကောင်းလာတာကတော့ စစ်ကားအများစုဟာ စစ်ပွဲကို သူရဲကောင်းဝါဒထက် စိတ်ကုန်စရာ စိတ်ပျက်စရာဖြစ်အောင် ပုံဖော်ခဲ့ကြတာ အတော်များလာပါပြီ။ Kingsmen နောက်ဆုံးရုပ်ရှင်မှာ ကဗျာရွတ်သွားတဲ့အခန်းလိုပါပဲ။ ဒီရုပ်ရှင်မှာလည်းဒီလိုပါပဲ စစ်ပွဲပြီးဆုံးရေးကို ဦးတည်မျှော်လင့်နေတဲ့ စစ်သားတွေအကြောင်းပါပဲ။ "ငါ့သားလည်း စစ်ပွဲထဲမှာ သေသွားတာပဲကွ၊ သူတော့ ဘာဂုဏ်သိက္ခာမှ ခံစားမိလိုက်တယ် မကြားပါဘူး" ဆိုတဲ့ စကားမျိုးတွေပဲ ပြောသွားတာပါပဲ။ ပထမကမ္ဘာစစ်ဟာ ၁၉၁၄ ဇူလိုင်လ ၂၈ မှာ စတင်ခဲ့ပြီး ၁၉၁၈ နိုဝင်ဘာ ၁၁ မှာ ပြီးဆုံးခဲ့ပါတယ်။ စတင်ခဲ့တာကတော့ ဩစတြီးယား-ဟန်ဂေရီက ဆားဘီယားကို စစ်ကြေညာတာကနေ စတင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်ပါဝင်ခဲ့ကြပြီး ပင်မအနေနဲ့ ရုရှား၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ ဗြိတိန်၊ ဆားဘီးယား၊ အီတလီ၊ အမေရိကန် တို့ဟာ ဩစတြီးယား-ဟန်ဂေရီ၊ ဂျာမနီ၊ ဘူဂေးရီးယား၊ တော့တိုမန်အင်ပါယာတို့နဲ့ တိုက်ခိုက်ခဲ့ကြတာပါ။ အဆိပ်ငွေ့တွေအဓိကသုံးခဲ့ကြတဲ့ စစ်ပွဲလည်းဖြစ်ပါတယ်။ စစ်သား ၉ သန်းခန့်သေဆုံးခဲ့ပြီး စစ်ပွဲဘေးဒုက္ခကြောင့် ဒဏ်ရာရ၊ ငတ်မွတ်၊ ရောဂါဘေးတွေနဲ့ လူ ၅ သန်းခဲ့ သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံးနဲ့အကြီးဆုံး တုပ်ကွေးကပ်ရောဂါလည်း ပထမကမ္ဘာစစ်ကြောင့် ပြန့်နှံ့ခဲ့ပါတယ်။ ဒီတော့ ဒီရုပ်ရှင်ထဲက ပထမကမ္ဘာစစ်တိုက်ပွဲတွေနဲ့ စစ်သားတွေအကြောင်းကို ခံစားကြည့်လိုက်ပါဦး။ File size…(2.7 GB)/(1 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:27:00 Genre...War, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy
7.7 2022 147 mins
All Quiet on the Western Front
True and False Jigong
9

“မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊ မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲ သီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး - ကျိကုန်း” “ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အ ထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ - ဟွမ်ယွမ်” လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာ မြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့ လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာ အစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။ ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက် ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့ ၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။ ❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ? ❏ ကျိကုန်းတစ်ယောက် အညှိုးအတေးတွေ အာဃာတတွေကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုဘယ်လို ကယ်တင်သွားမလဲဆိုတာ ? ကြည့်ရှုရလိုက်ရအောင်ပါနော် ။ ဒီဇာတ်ကားလေးကိုကြည့်ရှုပြီး လူတစ်ယောက်ကို အပေါ်ယံ ကြည့်ယုံနဲ့ မဆုံးဖြတ်သင့်တဲ့အကြောင်း နားလည်သဘောပေါက်သွားစေမှာ အသေချာပါပဲရှင် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
9 2023 80 mins
True and False Jigong
Spoiler Alert
7.3

"အချစ်"ဆိုတာ ဘယ်လိုအရာမျိုးလဲ။ စွန့်လွှတ်အနစ်နာခံခြင်းလား၊ ရယူပိုင်ဆိုင်ခြင်းလား။ ယောကျာ်းလေး၊ မိန်းကလေး၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ လူဖြူ၊ လူမည်း မတူကွဲပြားတဲ့ပုံပန်း သဏ္ဌာန်တွေကြား "အချစ်"ကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းလည်း ကွဲပြားနိုင်ကြတယ်မဟုတ်လား။ မွေးထုတ်ပေးထားတဲ့ မိဘနဲ့တောင် စိတ်အခန့်မသင့်လို့ ရန်ဖြစ်စကားများတတ်ကြသေးတာ သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်နဲ့ "အချစ်" တစ်ခုတည်း‌ကြောင့် နှစ်ရှည်လများအတူရှိနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ တကယ်ချစ်တဲ့သူက "ဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင် ကိုယ့်ကိုစွန့်ခွာမသွားတဲ့သူ"တဲ့။ ဘဝရဲ့တကယ့်အခက်ခဲ အပင်ပန်းဆုံးဆိုတဲ့ အချိန်ဆိုတာမျိုးရောက်လာခဲ့ရင်ရော ကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ အချစ်က စွန့်ခွာမသွားဘူးဆိုတာ သေချာနိုင်ပါ့မလား။ မသေချာ မရေရာတာတွေများတဲ့လောကကြီးထဲ ကံကောင်းထောက်မစွာနဲ့ Right person ကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင်တောင် Right time ဖြစ်ဖို့ အခွင့်အရေးရှိပါ့မလား။ စတဲ့မေးခွန်းတွေရဲ့အဖြေကို The Big Bang Theory ထဲက မင်းသားကြီး Jim Parsonက မိုက်ကယ်ဆိုတဲ့ လိင်တူချစ်မိသူအမျိုးသားအဖြစ် ဒီကားလေးထဲမှာ ဆွတ်ပျံကြည်နူးစရာ လွမ်းမောတမ်းတဖွယ်ရာ ပုံဖော်ပြထားပါတယ်။ ဒီကားလေးက ပရိသတ်ကြီးတို့ရဲ့"အချစ်"အပေါ်ရှုမြင်ပုံကို တစ်မျိုးတစ်မည်ပြောင်းလဲသွားစေနိုင်မှာလား။ ပရိသတ်ကြီးတို့ရဲ့ "အချစ်"အပေါ်ရှုမြင်ပုံခြင်းနဲ့ရော ထပ်တူကျပါ့မလားဆိုတာကို အဖြေရှာဖို့ ခံစားသက်ဝင်ကြည့်လိုက်ကြပါဦး‌နော်။ ဪ တစ်ခုလောက်ကြိုတင်သတိပေးချင်တာက ဒီကားလေးက ဖြစ်ရပ်မှန်ကို အခြေခံတဲ့ဝတ္တုကို ရိုက်ကူးထားတာမို့ တချို့‌ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေကို မကြည့်ခင် တစ်ရှူးလေးတော့ဆောင်ထားကြပါလို့။ File size…(1.23GB)  / (`981MB) / (479MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...  Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily Sue

7.3 2022 110 mins
Spoiler Alert
No Man’s Land Hunt
6

တစ်ခါတလေမှာ မနက်ဖြန်နဲ့ မတော်တဆက ဘယ်ဟာအရင်လာမလဲဆိုတာ မသိကြဘူးတဲ့။ လူမရှိတဲ့ တောအုပ်ထဲမှာ ကြောက်လန့်ဖွယ်ကောင်းလှတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်နေပါတယ်။ လူငယ်လေးကျင်ယန်ဟာ လူမရှိတဲ့နေရာကို ခရီးထွက်လာရင်း အမဲခိုးလိုက်သူက ရဲကို တိုက်ခိုက်နေတာကို ဓာတ်ပုံရိုက်မိသွားပါတယ်။ အမဲခိုးလိုက်သူဟာ ကျင်ယန်ကို သတိထားမိသွားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ကျင်ယန်ဟာ နာကျင်မှုတွေနဲ့ အေးခဲလှတဲ့ ရာသီဥတုကြားက ရွ ာသားအိမ်ကို ထွက်ပြေးလာခဲ့ပေမဲ့ အမဲခိုးလိုက်သူက အနောက်က ဆက်လိုက်လာပါတယ်။ အမဲခိုးလိုက်သူက ကျင်ယန်ရဲ့ အစ်မကို လိမ်ပြီး ကျင်ယန်ကို သက်သေထုတ်ပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ထို့နောက် ကျင်ယန်က သူ့အစ်မကို ကယ်နိုင်ခဲ့ပြီး သူတို့ မောင်နှမနှစ်ယောက် လူမရှိတဲ့ တောအုပ်ထဲမှာ အသက်လု ထွက်ပြေးခဲ့ရပါတယ်။ ကံဆိုးလှတဲ့ မောင်နှမနှစ်ယောက် လူသတ်သမားရဲ့ဘေးရန်ကနေ လွှတ်မြောက်ဖို့ ဘယ်လို ကြိုးစားကြရမလဲ။ သူတို့နှစ်ယောက် လွှတ်မြောက်ပြီး ရှင်သန်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမဲ့ ကားလေးပဲ ဖြစ်ပါတယ်။

Thriller • Horror
6 2023
No Man’s Land Hunt
Liquor Store Dreams
7.9

Liquor Store Dreams (2022) ===================== ၁၉၉၂ ဧပရယ်တစ်ရက်မှာ ရဲအရာရှိလေးယောက်ဟာ Rodney King ဆိုတဲ့လူမည်းတစ်ယောက်ကိုအကြမ်းဖက် ဖမ်းဆီးရုံမကပြင်းပြင်းထန် ထန် ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကိုအနားမှာရှိတဲ့ လူတစ်ယောက်က ဗီဒီယိုရိုက်ထားပြီး ဖြန့်ဝေရာက သတင်းမီဒီယာတွေ မှာ ပွက်လောရိုက်ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရဲလေးယောက် ကို တရားရုံးကတရားသေလွှတ်ပေးလိုက်ချိန်မှာတော့ လူထုရဲ့မကျေနပ် မှုဟာအုံကြွလာခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်ကိုထပ်ပြီးမီးမွှေးပေးလိုက်တာကတော့ Latasha Harlins ဆိုတဲ့ဆယ်ကျော်သက်မိန်းမငယ်တစ်ယောက်ကို ကိုရီးယားစတိုးဆိုင်ရှင် တစ်ယောက်က အအေးတစ်ဘူးခိုးတယ်လို့စွပ်စွဲပြီး သေနတ်နဲ့ပစ်သတ် လိုက်တဲ့အဖြစ်အပျက်ပါ။ အဲ့ဒီဖြစ်ရပ်နှစ်ခုနောက်ပိုင်းမှာ 1992 Los Angeles riots လို့သိကြတဲ့ဆူပူအုံကြွမှုဖြစ်ပေါ်လာခဲ့ပြီးမဆိုင်တဲ့သူတွေ အတွက်ပါ ဂယက်ရိုက်ခဲ့တဲ့ဖြစ်ရပ်ဆိုးတွေဖြစ်ပေါ်သွားခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အဲ့ဒီဖြစ်ရပ်တွေကြားက ကိုရီးယားယမကာ စတိုးပိုင်ရှင်တွေရဲ့ဘဝ၊ သူတို့မျိုးဆက်တွေနဲ့ အသိုင်းအဝိုင်းတွေအထိ ဘာတွေရင်ဆိုင်တွေ့ကြုံခဲ့ရလဲ၊ ဘယ်လိုသက်ရောက်မှုတွေရှိခဲ့လဲဆိုတာ တွေတင်မကပဲ မျိုးဆက်နှစ်ခုကြားက အတွေးအခေါ်အယူအဆကွာခြား ချက်တွေ၊ လူငယ်တွေရဲ့ပြောင်းလဲလာတဲ့အတွေးအမြင်တွေနဲ့ ကိုရီးယား- လူမည်း နှစ်ဘက်အသိုင်းအဝိုင်းကြားက အာဃာတတွေ ဘယ်လိုသင်ပုန်း ချေပြေလည်ကြမလဲ အစရှိတာတွေကို မျက်မှောက်ခေတ် George Floyd ဖြစ်ရပ်အထိချိတ်ဆက်တင်ပြထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias မှဖြစ်ပါတယ်) File Size……….(2.15 GB) / (665 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator…….Alias Encoder……….SWM

7.9 2022
Liquor Store Dreams
Talk to Me
7.4

Talk to Me (2022) ~ IMDb – 7.4/10, Rotten Tomatoes – 95% ~ ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။ ဒီ ရုပ်ရှင်ဟာ Danny and Michael Philippou ညီအစ်ကိုနှစ်ယောက်ရဲ့ ပထမဆုံး ရုံတင်ရုပ်ရှင်ကြီးပါ။ ပွဲဦးထွက်မှာတင် ဝက်ဝက်ကွဲ အောင်မြင်သွားပါပြီ။ ဟော်ရာရုပ်ရှင်ကို Rating 7.4/10 အထိ IMDb မှာရောက်တာ ရှားပါတယ်။ တော်ရုံ ဟော်ရာ ရုံကြီးကားတွေတောင် မရောက်ပါဘူး။ အဲဒါကြောင့်မို့လို့ပဲ နာမည်ကျော် Horror ကားတွေထုတ်နေကျ A24 က ဒီရုပ်ရှင်ရဲ့ မူပိုင်ခွင့်ကို ဝယ်ပြီး သူတို့ရုပ်ရှင်အနေနဲ့ သိမ်းပိုက်လိုက်တယ်။ နောက်ပြီး ရုံတင်တာမှာ အတော်လေးကို ပေါက်သွားပြီး A24 ရဲ့ အရင် အောင်မြင်ခဲ့တဲ့ သရဲကား Hereditary ရဲ့ ဝင်ငွေထက်တောင် ကျော်သွားခဲ့ပါတယ်။ ဒေါ်လာ ၄ သန်းခွဲ ဘက်ဂျက်နဲ့ ရိုက်ကူးပြီး ခုဆို ၆၇ သန်း ရုံဝင်ငွေ ရရှိနေပါပြီ။ ဒါရိုက်တာညီအစ်ကိုက ဒီကားရိုက်ဖို့နဲ့ DCEU က ကမ်းလှမ်းတဲ့ စူပါဟီးရိုးရုပ်ရှင်တစ်ကားရိုက်ဖို့ တိုက်နေတာတောင် DCEU ရုပ်ရှင်ကို ငြင်းပြီး သူတို့ကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ ဒီကားကို ယုံယုံကြည်ကြည်ရိုက်ခဲ့တာပါ။ မင်းသားမင်းသမီးတွေကလည်း A list မဟုတ်ဘဲ တက်သစ်စတွေပါပဲ။ တစ်ယောက်တည်း မီးပိတ် အမှောင်ထဲ ကြည့်လို့တော့ မလွယ်မဲ့ကားမျိုးပေါ့။ ဘာသာပြန်ရင်းတောင် ကျောချမ်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.85GB, 491MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 35Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, TSK

7.4 2022 95 mins
Talk to Me
Changle Town is Treacherous
5.8

သည်းထိတ်ရင်ဖို ရုပ်ရှင်ကိုပဲ ကြိုက်တဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်က ကြောက်လန့်တဲ့အရသာကို အပြည့်ပေးနိုင်မှာ သေချာပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့- ဟူကော်ဟွာဆိုတာ ချန်လဲ့မြို့မှာ အချမ်းသာဆုံး သူဌေးသားလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ အထင်မကြီးတဲ့ ဟူကော်ဟွာက လောင်းတိုင်း နိုင်နိုင်မယ့် လူအရိုးနဲ့ လုပ်ထားတဲ့ အံစာတုံးကို ရရှိခဲ့ပြီးနောက် ပိုင်ဆိုင်မှုတွေ အားလုံးသုံးပြီး လောင်းခဲ့ပါတယ်။ ဒါပေမဲ့ ညသန်းခေါင်ကျော်တဲ့အထိ မလောင်းရဘူးဆိုတဲ့ တားမြစ်ချက်ကို လျစ်လျူရှုခဲ့တဲ့အတွက် အကုန်ရှုံးသွားခဲ့ပြီး သူတောင်းစား သာသာဖြစ်သွားခဲ့ပါတယ်။ စိတ်မပြတ်နိုင်တဲ့ ဟူကော်ဟွာက သူ့အဖေရဲ့ သင်္ချိုင်းကို သွားတူးခဲ့ပြီး ဦးလေးဖြစ်သူက သူ့အဖေဆီ အကြွေးကျန်နေတာကို သိခဲ့ရပါတယ်။ ဦးလေးဆီ အကြွေးသွားတောင်းချိန်မှာ ဦးလေးက အိမ်ထောင်ကျပြီးမှ ပေးမယ်လို့ ပြောတဲ့အတွက် လူသေအတွက်သုံးတဲ့ စက္ကူသတို့သမီးနဲ့လိမ်ဖို့ စီစဉ်ခဲ့ပါတယ်။ စက္ကူသတို့သမီးက အသက်ဝင်လာပြီး တကယ်လက်ထပ်ဖို့ သူမရှိရာသင်္ချိုင်းကို ခေါ်တဲ့အခါ…… ဟူကော်ဟွာတစ်ယောက် ရှုံးသွားတဲ့ ငွေတွေကို ပြန်ရနိုင်မလား…… သူမြင်တွေ့ရတဲ့အရာတွေ အားလုံးကရော အစစ်အမှန်တွေ ဟုတ်ရဲ့လား…… ဆိုတာကို တရုတ်စတိုင် ခြောက်လှန့်ခြင်းတွေကို ရုပ်ရှင်နဲ့အတူ ခံစားလိုက်ရအောင်နော်။

5.8 2023
Changle Town is Treacherous
I Don’t Feel at Home in This World Anymore
6.9

Crime/Thriller ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးလာပါပြီ… Ruth ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့အိမ်ဖောက်ထွင်း ခံလိုက်ရပြီး laptop နဲ့သူ့အဖွားကျန်ခဲ့‌တဲ့ပစ္စည်းတွေခိုးခံရပြီးနောက် ရဲစခန်းကိုအကြောင်းကြားခဲ့ပါတယ်… ရဲတွေ အိမ်ကိုလာပြီး သက်သေလာယူသွားတာကလွဲလို့ ဘာမှမထူးခဲ့ပါဘူး တစ်နေ့ ခြေရာခံတဲ့ app ကနေ သူ့ laptop ကိုခြေရာခံမိသွားလို့ ရဲသခန်းကိုထပ်မံအကြောင်း ကြားခဲ့ပေမယ့် လျစ်လျူရှူပြန်ပါတယ်… ဒီတော့ Ruth ဟာသူခိုးကို သူကိုယ်တိုင်ဖမ်းဖို့ဖြစ်လာပါတော့တယ်.. ဒီတော့ ဘေးအိမ်က Tony ဆိုတဲ့လူကိုအကူအညီတောင်းပြီး နှစ်ယောက်သား သူခိုးဘယ်လိုဖမ်းကြမလဲဆိုတာကတော့ ရုပ်ရှင်သာကြည့်လိုက်ကြပါတော့…. File size…1.42GB / 602MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

6.9 2017
I Don’t Feel at Home in This World Anymore
In Between Seasons
6.1

In Between Seasons (2018) ************************* BL ကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် မိခင်မေတ္တာနဲ့ သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်အကြောင်းကို ရိုက်ကူးဖော်ပြထားတဲ့ In Between Seasons ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် .. အိမ်ရှင်မတစ်ဦးဖြစ်တဲ့မီဂယောင်းဟာ ခင်ပွန်းဖြစ်သူနဲ့ အနေဝေးပြီးတော့ တစ်ဦးတည်း‌သောသားလေး ဆူဟျွန်းကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆူဟျွန်းက အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ ယောင်းဂျွန်းကိုသူနဲ့အတူ နေဖို့အတွက် အိမ်ကို ခေါ်လာခဲ့ပါတော့တယ်။ နှစ်အတော်ကြာအတူတူနေခဲ့ပြီးတော့ စစ်မှုထမ်းဖို့အတွက် ယောင်းဂျွန်းက အရင် သွားခဲ့ပြီး ဆူဟျွန်းက နောက်မှ ဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆူဟျွန်း စစ်မှုထမ်းပြီးတဲ့နောက် သူတို့နှစ်ယောက်က အတူတူခရီးထွက်ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဆူဟျွန်းက ကိုမာဖြစ်သွားတာကြောင့် မိခင်ဖြစ်သူကတော့ သူ့သား ဒီလိုဖြစ်သွားအတွက် ယောင်းဂျွန်းကို အပြစ်တင်ခဲ့ပါတယ်။ ဒီတော့ မီဂယောင်းက သူ့ကို ခွင့်လွှတ်ဖို့အတွက် ယောင်းဂျွန်းအနေနဲ့ ဘယ်လိုတွေ ကြိုးစားမလဲ။ ဆူဟျွန်းနဲ့ ယောင်းဂျွန်းရဲ့ဆက်ဆံရေးကို မီဂယောင်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Estel မှရေးသားထားပါတယ်) File size…791MB / 356MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 42 min. Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

6.1 2018
In Between Seasons
Young Werther
5.8

ဒီတစ်ခါ Channel Myanmar ပရိတ်သတ်ကြီးကို ကနေဒီယန် အချစ်ဒရာမာကားလေးနဲ့မိတ်ဆက်ပေးပါရစေ.. ဇာတ်လမ်းကတော့ ဝယ်သာဆိုတဲ့ ကောင်လေးတစ်ယောက် မြို့ကြီးပြကြီးက သူ့အဒေါ်ဆီကနေ အမွေပစ္စည်းတစ်ခုကို လာယူရင်းနဲ့ နန်းဆန်တဲ့ ပန်းခြံ အဲမဟုတ်သေးဘူး ပန်းမာန်လိုလှတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မိရင်း မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဝယ်သာဟာလူချစ်လူခင်များအောင်နေတတ်သူတစ်ယောက်မလို့ ကောင်မလေးအနားကိုအဆင်ပြေပြေ ချဉ်းကပ်ဖို့ကတော့ မခက်ခဲ လှပါဘူး။ ဒါပေမဲ့ မမျှော်လင့်ထားတာကတော့ ကောင်မလေးက လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ သတို့သားလောင်းနဲ့ စေ့စပ်ထားတာပါပဲ။ ဟင် ဒါဆိုမင်းဇာတ်ကားကြီးက သူများဆော် ကြောင်တောင်နှိုက်တဲ့ ကားကြီးပေါ့လို့ပြောစရာရှိပါတယ်။ ဟုတ်ပါတယ် ဒါပေမဲ့ ကျွန်တော်လက်ခံထားတာကတော့ ဇာတ်လမ်းတွေဟာ ဇာတ်လမ်းပြောသူရဲ့ ရှူထောင့်ပေါ်မူတည်ပြီး ရသတွေ အမြင်တွေ ကွာကုန်တာပါပဲ။ ဥပမာပြောရရင် ရာမယနဇာတ်ဟာ နိုင်ငံတော်တော်များများမှာ ဒဿ ကို လူဆိုးအနေနဲ့ပဲ ဖော်ကျူးခဲ့ကြပေမဲ့ မြန်မာမှာတော့ ဆရာချစ်ဦးညို လက်စွမ်းပြလိုက်တာ ဒဿဟာ သနားစရာ အချစ်ရှုံးသမားအဖြစ် ပြောင်းလဲသွားတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဝယ်သာက ဒဿလိုပဲ စာတွင်တဲ့အချစ်ရှုံးသမားပဲဖြစ်မလား၊ အနိုင်ရတဲ့သူပဲဖြစ်မလားဆိုတာကိုတော့……….. ထူးခြားချက်အနေနဲ့ ဒီကားက ကနေဒီယန်ကားပေမဲ့ ၁၇၇၄ က The Sorrows of Young Werther ဆိုတဲ့ ဂျာမန်ဝတ္တုကိုအခြေခံ ထားတာဖြစ်ပြီး အော်ပရာအနေနဲ့ကထားတာတွေလည်းရှိပါတယ် ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ José Lourenço ကဇာတ်ညွန်းကိုယ်တိုင် ရေးသားရိုက်ကူးထားပြီး Douglas Booth, Alison Pill, Iris Apatow , Patrick J. Adams တို့လိုသရုပ်ဆောင်တွေပါဝင်ရိုက်ကူးထားပါတယ် File size… (1.35GB) / (760MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

Drama • Romance
5.8 2024 101 mins
Young Werther
We Kill Them All

Imdb rating – 4.3/10 ၂၀၂၅ ခုနှစ်​ကမှ ထွက်​ရှိခဲ့တဲ့​ ဇာတ်ကား​တစ်​ကားဖြစ်ပြီး Crime​/Thriller​ အမျိုး​အစား​ဖြစ်​ပါတယ်​။ ဒါရိုက်တာက Jeremy Drummond ဖြစ်​ပြီး​ ဘတ်ဂျက်​ရုပ်ရှင်​တစ်ခု​ဖြစ်​ပါတယ်​။ ဇာတ်လမ်းအကျဥ်းကတော့ Meg နဲ့ Lanes တို့​ဟာ Lesbian​စုံ​တွဲဖြစ်ပြီး Meg ရဲ့​ဖခင်​ဖြစ်သူ​ Lee က ရာဇဝတ်သား​ဟောင်း​တစ်ဦး ဖြစ်​ကာ လူသူ​မနီးတဲ့ တောင်​ပေါ်​အပန်းဖြေ​စခန်း​တစ်ခု​မှာ အလုပ်​လုပ်​နေပါတယ်။ Meg ရဲ့ဖခင် Lee က Meg​ တို့ကို​ အားလပ်​ရက်​ အပန်းဖြေ​ခရီး​အဖြစ်​ သူရှိတဲ့ တောင်​ပေါ်​စခန်း​ကို အလည်​အပတ်​ခေါ်​တာကြောင့် Meg​ တို့​နှစ်ဦး​လည်း​ ကား​နဲ့ ခရီး​ထွက်​လာခဲ့ပါတယ်။ သူတို့​မရောက်​ခင်​မှာ​ပဲ Lee ရဲ့ လုပ်​ဖော်​ကိုင်​ဖက်​ကောင်း​ဖြစ်​တဲ့ Jimmy​ တို့ လူဆိုး​အဖွဲ့​က တောင်​ပေါ်စခန်းကို ရောက်​လာပြီး​ Lee ကို ဖမ်းဆီး​ပြီး အလစ်သုတ်​သွားတဲ့ ငွေ​ထုပ်​ရှိတဲ့နေရာကို စစ်ဆေး​မေးမြန်း​ပါတယ်။ အဲဒီအချိန်​မှာပဲ Meg တို့စုံတွဲ ရောက်ရှိ​လာပြီး​ ဖခင်​ဖြစ်သူ​ကို မတွေ့ရတဲ့အပြင် စခန်း​ရဲ့အခြေအနေက မူမမှန်တာကြောင့် ထွက်ပြေး​ဖို့ ကြိုးစား​ခဲ့ပေမဲ့ Jimmy တို့လက်ထဲမှာ အဖမ်းခံလိုက်ရပါတော့တယ်။ Meg​ တို့ လူဆိုး​အဖွဲ့​လက်​ထဲက လွတ်​မြောက်​နိုင်ပါ့မလား၊ ပျောက်ဆုံး​နေတဲ့​ ငွေထုပ်ကရော ဘယ်​မှာ​ရှိမလဲ ဆိုတာ​ကို ကြည့်​ရှု​ရမှာပါ။ ဇာတ်​ကားထဲမှာ ကြမ်း​တမ်းတဲ့ ပြကွက်တွေ မပါ​ဝင်ပေမဲ့ ရိုင်း​စိုင်း​တဲ့ ဒိုင်​ယာလော့ဂ်အချို့ပါဝင်တာကြောင့် အသက်​မပြည့်သေးသူတွေ ဆင်​ခြင်​ရမှာဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

0 2025
We Kill Them All
The Comic Shop
5.4

The Comic Shop (2025) ဒီဇာတ်ကားကတာ့ မကြာခင်ကမှထွက်ရှိထားပြီး IMDb 5.4/10ရရှိထားပါတယ်။ Drama, Comedy အမျိုးအစားဖြစ်ပြီး ပေါ့ပေါ့ပါးပါးအေးအေးဆေးဆေးကြည့်လို့ ကောင်းတဲ့ဇာတ်ကားမျိုးလေးပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ Las Vagasမြို့မှာ comicဆိုင်သေးသေးလေးဖွင့်ထားတဲ့မိုက်ခ်ဟာ အငယ်ကတည်းကပုံဆွဲဆရာဖြစ်ချင်ခဲ့‌ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့ပါဘူး။ သူ့ဘဝကိုဒီလိုပဲ နေသွားတာ့မယ်လို့ ဆုံးဖြတ်ပြီးမှ တစ်နေ့မှာ သူ့ဆိုင်ထဲကိုဝင်လာတဲ့ ဘရန်ဒန်ဆိုတဲ့ဝါသနာတူ လူငယ်လေးတစ်ယောက်ကြာင့် အရင်ကဝါသနာကိုပြန်ပြီးစိတ်အားထက်သန်လာပါတော့တယ်။ ဒါပေမဲ့ ဘယ်အရာကမှလွယ်လွယ်ကူကူမရလေတော့ အခြေကျနေပြီးသားအလုပ်ကနေ တခြားအလုပ်ကို ပြောင်းဖို့ကထင်သလောက်မလွယ်ခဲ့ပါဘူး။ ထို့အတူ ဘရန်ဒန်မှာလဲ သူ့အဖေက သူ့ရဲ့ဝါသနာကိုဘာအဓိပ္ပါယ်မှမရှိဘူးဆိုပြီး အမြဲတားမြစ်နေသူပါ။ ဒီလိုနဲ့ သူတို့ဟာတစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကူညီရင်းနဲ့ပဲ သူတို့ရဲ့ရည်မှန်းချက်အိပ်မက်တွေပြည့်ဝနိုင်သွားမလားဆိုတာ ကြည့်ရှုပေးကြပါဦး။ File size… 1.6 GB / 784 MB Quality… Webrip 1080p / 720p Format… mp4 Audio… AAC Duration…. 1h 34m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Mastero

Action • Drama • Crime
5.4 2025 94 mins
The Comic Shop
Bonjour Tristesse
6

Bonjour Tristesse ရုပ်ရှင်ဟာ Françoise Sagan ရဲ့ ၁၉၅၄ ခုနှစ်ထွက် ဂန္ထဝင်ဝတ္ထုကို အခြေခံတဲ့ရုပ်ရှင်ဖြစ်ပြီး Durga Chew-Bose က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ အသက် ၁၈ နှစ်အရွယ် Cécile (Lily McInerny) ဟာ ပြင်သစ်ကမ်းခြေတစ်ခုမှာ ဖခင်ဖြစ်သူ Raymond (Claes Bang) ၊ ဖခင်ရဲ့ချစ်သူ Elsa (Naïlia Harzoune) တို့နဲ့အတူဖြတ်သန်းတဲ့ နွေရာသီကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဒါပေမဲ့ Cécile ရဲ့သေဆုံးသွားတဲ့မိခင်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Anne (Chloë Sevigny) ရောက်ရှိလာချိန်မှာတော့ သူတို့ရဲ့ ပျော်ရွှင်မှုတွေ အဆုံးသတ်ခဲ့ရပါတော့တယ်။ Anne ရဲ့တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ Raymond အပေါ် Anne ရဲ့လွှမ်းမိုးမှုကြောင့် မကျေနပ်ဖြစ်လာတဲ့ Cécile ဟာ Elsa ၊ သူ့ချစ်သူကောင်လေး Cyril (Aliocha Schneider) တို့နဲ့ပူးပေါင်းကြံစည်ပြီး Anne နဲ့ Raymond ရဲ့လက်ထပ်မယ့်အစီအစဉ်ကို ဖျက်ဆီးဖို့ကြံစည်ပါတော့တယ်။ ဒါတွေရဲ့အဆုံးသတ်မှာတော့ Cécile တစ်ယောက် ထင်မှတ်မထားတဲ့ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတော့တယ်။ ဒီရုပ်ရှင်မှာ အလှပဆုံးသော ရုပ်ပုံတွေ၊ ပြင်သစ်ကမ်းခြေရဲ့သဘာဝအလှတရားတွေနဲ့ ဇာတ်ကောင်တွေရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးကို အဓိကရိုက်ကူးပြသထားပါတယ်။ လူငယ်ဘဝရဲ့စိတ်ရှုပ်ထွေးမှု၊ လွတ်လပ်မှုကိုတောင့်တခြင်းနဲ့ စိတ်ခံစားမှုတွေရဲ့ပဋိပက္ခတွေကို ဖော်ပြထားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ File Size… (1.72 GB) / ( 0.97 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama • Thriller
6 2025 111 mins
Bonjour Tristesse