YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Sher Shivraj 2022 WebRip 1080p Marathi AAC5.1CH(CM).mp4

3.43 GB N/A video/mp4 852 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
After Masks
3.8

ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် သောင်းကျန်နေတဲ့ကိုဗစ် ကာလအတွင်း Stay home နေကြရင်း တစ်ယောက်ချင်းစီ ဖြတ်သန်းရပုံတွေ အခက်အခဲ တွေ့ရပုံတွေ အထီးကျန်ရပုံတွေ ပြဿနာတက်ရပုံတွေ စိတ်ထွက်ပေါက်ရှာကြတာတွေကို ရှုထောင့်အမျိုးမျိုးကနေ ပြောပြနေတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထား ပါတယ်။ အလုပ်တွေ ကြိုးစားရုန်းကန်ပြီး အဆင်မပြေဖြစ်နေတဲ့ အမျိုး သမီးတစ်ဦး၊ လူမည်းတစ်ယောက် နှိမ့်ချခံရတာ Black Lives Matter ပြချင်တဲ့ လူမည်းအမျိုးသမီးတစ်ဦး၊ ကိုဗစ်ကာလ မူးရူး ဖြတ်သန်းနေတဲ့ အမူးသမားတစ်ဦး၊ ဘာသာရေးတွေနဲ့ ဖြတ်သန်း ကြတဲ့ ဂျူးအမျိုးသမီး၊ ယောက်ျားဆုံးလို့ ပူပင်စွာဖြတ်သန်းနေရတဲ့ ဇနီးသည်၊ သူငယ်ချင်းတွေနဲ့ ပျော်မြူးပြီး ဖြတ်သန်းကြတဲ့လူငယ်တွေ အတွဲတွေ စသဖြင့် လူပေါင်းစုံနေရာကို ရိုက်ကူးထားပြီး ကိုဗစ်ကာလ တစ်ယောက်ချင်းစီရဲ့ အကြောင်း လူသားအတွေ့အကြုံခရီးတစ်ခု ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(2.27 GB) / (592 MB) / (378 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thura Aung Encoder..........SWM

Comedy • Romance
3.8 2021 100 mins
After Masks
Resurrected
5.5

ဒီ Resurrected ဆိုတဲ့ ဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ လူတွေကိုပြန်အသက်သွင်းတဲ့ အကြောင်းအပေါ် ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားလေးမှာဆိုရင်တော့ The Walking Dead နဲ့ Logan ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသား Dave Davis ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ၂၀၁၉ နဲ့ ၂၀၂၀ မှာထွက်ထားတဲ့ Manifest နဲ့ Dynasty ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Erika Chase ကနေပြီးတော့ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကတော့ သိပ်မကွာတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ဗာတီကန်ကလူတွေဟာ သေလူတွေကို သေရာကနေပြန်ရှင်လာအောင် အသက်သွင်းတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါ။ တစ်ဖက်မှာလည်း အဲ့အချိန်ကာလအတွင်းမှာပဲ မင်းသားကြီး Dave Davis ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ စတန်လေမာတင်ဆိုသူရဲ့ သားဟာလည်း မတော်တဆမှုအကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ဗာတီကန်ကလူတွေက စတန်လေမိသားစုရဲ့ အဖြစ်ဆိုးကိုအခွင့်ကောင်းယူပြီး သူတို့သားလေး နစ်ခ်ကိုလက်စ်ကို ပြန်အသက်သွင်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ အချိန်အပိုင်းတစ်ခုကို ကျော်သွားတဲ့အခါမှာ အသက်ပြန်သွင်းတယ်ဆိုတဲ့ ကိစ္စဟာ Trend တစ်ခုလိုဖြစ်လာခဲ့ပြီး ခရစ်ယာန်ဂိုဏ်းတွေမှာ သေဆုံးပြီးတဲ့သူတွေကို ပြန်အသက်သွင်းဖို့လုပ်တာကလည်း တရားဝင်ကျင့်သုံးလာတဲ့ အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ပြန်အသက်သွင်းတယ်ဆိုတဲ့ ကိစ္စက သွေးရိုးသားရိုးကော ဟုတ်ရဲ့လား... ဒီလို သေဆုံးပြီးတော့ ပြန်အသက်သွင်းခံလိုက်ရတဲ့သူတွေရော ပုံမှန်လူတွေလိုပြန်ဖြစ်သွားတာပဲလား... ဗာတီကန်ရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ သည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ် ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - Quality - 1080p, 720p Format - mp4 Duration - 2H 2Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Comedy • Science Fiction
5.5 2023 90 mins
Resurrected
Ikiru
8.3

Ikiru (1952) ~ IMDb – 8.3/10, Rotten Tomatoes – 98% ~ Golden Age of Asian Cinema လို့လည်းခေါ်ကြတဲ့ ၁၉၅၀ဝန်းကျင်ကာလဟာ non-English World Cinema ရဲ့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။ ဒီ ၁၉၅၀ဝန်းကျင်မှာပဲ အာရှဒါရိုက်တာတွေဟာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အနုပညာအရည်အသွေးရှိတဲ့ ရုပ်ရှင်တွေကို တင်ဆက်နိုင်ခဲ့ပြီး ဒီနေ့ထိလည်း ဒီကားတွေဟာ ခေတ်ကိုကျော်ဖြတ်ပြီး ရှင်သန်နေတုန်းပါ။ ဒီကာလမှာ Yasujirō Ozu ရဲ့ Tokyo Story (1953), Satyajit Ray’s The Apu Trilogy (1955–1959), Kenji Mizoguchi ရဲ့ Ugetsu (1954), Ishirō Honda ရဲ့ Godzilla (1954) နဲ့ Akira Kurosawa ရဲ့ Rashomon (1950), Ikiru (1952), Seven Samurai (1954) နဲ့ Throne of Blood (1957) တို့တွေလည်း ထွက်ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်တွေဟာ ကမ္ဘာ့ရုပ်ရှင်လောကကို ဒီနေ့ထိထက်တိုင် လွှမ်းမိုးမှုကြီးခဲ့ပြီး ကူရိုဆာဝါရဲ့ ရာရှိုးမွန်ကားက “Rashomon Effect” ကို ဒီနေ့ခေတ်ထက်ထိ ရုပ်ရှင်တက္ကနစ်တစ်ခုအနေနဲ့ အသုံးပြုနေကြတုန်းပါပဲ။ The Usual Suspects (1995), Gone Girl (2014), Predestination (2014), Hero (2002), The Handmaiden (2016) တို့လို နာမည်ကြီးဒါရိုက်တာတွေရဲ့ နာမည်ကျော်ကားတွေမှာပါ “Rashomon Effect” ကို သုံးနေကြတုန်းပါပဲ။ နောက် ကူရိုဆာဝါရဲ့ Seven Samurai ကို အနောက်ဘက်က ခဏခဏပြန်ရိုက်ခဲ့ကြသလို The Hidden Fortress (1958) ဟာလည်း ဂျော့လူးကတ်စ်ရဲ့ စတားဝါးစ်ယူနီဗာ့စ်ကြီးရဲ့ အင်စပီရေးရှင်းတစ်ခုလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာပါ ဒီကာလကို အာရှရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်မျိုး ဂျပန်ရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်ဖုံ သတ်မှတ်ခဲ့ကြပါတယ်။ အကီရာကူရိုဆာဝါဟာ ရုပ်ရှင်ရိုက်သက် နှစ်ငါးဆယ်ကျော်မှာ ကား၃၃ကားရိုက်ခဲ့ပြီး ကားတိုင်းနီးပါး အနုပညာအရအောင်မြင်ခဲ့တဲ့အပြင် သူ့ခေတ်သူ့အခါမှာတင် နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့တဲ့ အထင်ကရဂျပန်ဒါရိုက်တာတစ်ယောက်ပါ။ လက်ရှိဟောလိဝုဒ်ရဲ့ဘိုးအေကြီးတွေဖြစ်နေတဲ့ စကောဆေးစိတို့ စပီးဘာ့ဂ်တို့နဲ့လည်း လက်တွဲလုပ်ဖူးတဲ့ လူဆိုလည်းမမှားပါဘူး။ သူတို့ထက်ရှေးကျတဲ့ ရုပ်ရှင်ရဲ့ဆရာကြီးတွေဖြစ်တဲ့ အင်ဂမာဘာ့ဂ်မန်းတို့၊ ဖက်ဒါရီကို ဖယ်လင်နီတို့၊ ပက်ဒင်တန်ပေါ်မလာခင်အထိ တစ်ချိန်ကအကောင်းဆုံးရုပ်ရှင်လို့သတ်မှတ်ဖူးကြတဲ့ Citizen Kane ရဲ့ဖန်တီးရှင် အော်ဆန်ဝဲလ်တို့ကပါ ကူရိုဆာဝါ ရုပ်ရှင်တွေကိုထောပနာပြုခဲ့ကြဖူးပါတယ်။ ယုတ်စွအဆုံး တာကော့စကီးကလည်း ဆဲဗင်းဆာမူရိုင်းကို သူ့အကြိုက်ဆုံးရုပ်ရှင်ဆယ်ကားထဲက တစ်ကားလို့ပြောဖူးပါတယ်။ စတန်လေကူးဘရစ်ကိုယ်တိုင်လည်း “One of the Great Film Directors” လို့ ချီးကျူးဖူးတဲ့ သူပါပဲ။ အများစုကတော့ ဆဲဗင်းဆာမူရိုင်းနဲ့ Ran ပြီးရင် Ikiru ကို ကူရိုဆာဝါရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ကြပါတယ်။ Ikiru ဟာ လီယိုတော်စတွိုင်းရဲ့ ဝတ္တုကို ကူရိုဆာဝါက သူ့ဟန်နဲ့ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Living (2022) အဖြစ်လည်း ပြန်လည်ခံစား ခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ Living မှာလည်း Ikiru အကြောင်း တော်တော်လည်းပြောပြီးပြီဆိုတော့ ဘာမှတော့ သိပ်ပြောစရာမရှိတော့ပါဘူး။ Living က စာကိုပါ ပြန်ပေါင်းဖတ်လိုက်ရင် Ikiru အကြောင်းက မဆိုသလောက်လေး စုံနေပါပြီ။ အောက်ကဟာကတော့ ရေးချင်တာရေးထားတာမို့ ဖတ်ချင်မှဖတ်ကြပါ။ ပစ္စုပ္ပန်မှာနေတာ အကောင်းဆုံးလို့ တစ်ချို့ကပြောကြတယ်။ မှားတော့လည်း မမှားပါဘူး။ အနေလွန်သွားရင်ကျလည်း ဘေးထွက်ဆိုးကျိုးသဘောမျိုးရှိတတ်လားတော့မသိဘူး။ ဒီလိုအခါတွေကျ ခြင်္သေ့လည်ပြန်ထဲက ဘယ်နေရာမဆို တစ်ဖက်စွန်းကျရင် တစ်ယောက်တော့ နစ်နာရစမြဲဆိုတဲ့ စာသားကိုပဲ ပြေးပြေးမြင်မိတယ်။ ပစ္စုပ္ပန်မှာ ရှင်သန်နေရတာ ကျွန်တော့်အတွက်တော့ လွယ်လှတယ်မဟုတ်ပေမဲ့ မခက်လှဘူး။ ဒီလိုပဲ ရွှင်တစ်လှည့် ပြတ်တစ်လှည့်နဲ့ တစ်နေ့ပြီးတစ်နေ့ကုန်သွားခဲ့တာ ကြာပြီ။ တစ်ယောက်ယောက်အတွက်ပါ ထည့်သွင်းစဉ်းစားမိတဲ့အခါတွေဆိုရင်တော့ Summer Palace ရုပ်ရှင်ထဲက တစ်စက်မှမမှားတဲ့ ဒိုင်ယာလော့တစ်ကြောင်းကို ပြေးပြေးမြင်တာပဲ။ ” တစ်ယောက်တည်းဆိုရင်တော့ ခိုကိုးရာမဲ့ဘဝမှာ နေလို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ဒီလိုဘဝမှာ နောင်တတွေပဲရနိုင်မယ် “တဲ့။ ရှေ့ကိုလုံးဝမကြည့်တဲ့ ပစ္စုပ္ပန်ဟာ နေတတ်သူနဲ့ မနေတတ်သူကြားထဲမှာတော့ တော်တော်အန္တရာယ်များတဲ့အရာပဲ။ ကျွန်တော့်အတွက်တော့ ပစ္စုပ္ပန်မှာပဲ နေထိုင်ခြင်းဆိုတာ တော်တော်အကျိုးရှိတဲ့အမြင်လည်းဖြစ်သလို တစ်ခါတလေ တော်တော်အန္တရာယ်များတဲ့ အမြင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ဟာလည်း ပစ္စုပ္ပန်မှာပဲ အနေလွန်သွားတဲ့ လူတစ်ယောက်အကြောင်းပဲလို့ ပြောရမလားပဲ။ ဇာတ်ကောင်ဟာ သူ့ဘဝကို သူပစ္စုပ္ပန်ကိုပဲတည့်တည့်ကြည့်ရင်း အနှစ်၃၀လုံး ဘာမှမပြောင်းလဲပဲ ရှင်ရင်းသာနေလာခဲ့တယ်။ ဒီလိုနဲ့ သူ့အကန့်အသတ်ကို ရောက်လာတယ်။ သူနောက်ထပ်၆လပဲနေရတော့မယ်။ တစ်သက်လုံး သူက ပစ္စုပ္ပန်တည့်တည့်ကလွဲ ဘာကိုမှမကြည့်ဘဲ နေလာခဲ့တော့ မခက်ခဲဘူးပေါ့။ တစ်ခုရှိတာက သူ့ပစ္စုပ္ပန်မှာ နေပုံက လုံးဝအနိမ့်အမြင့် အတက်အကျ ဘာမှမရှိဘဲ တော်တော်ပျင်းဖို့ကောင်းတဲ့ ရုံးဝန်ထမ်းဘဝနဲ့ ရှင်လာတာ။ သေရတော့မယ်ဆိုတော့ အတိတ်ကိုလှည့်ကြည့်တော့လည်း ဒီနှစ်၃၀လုံး သူဘာမှမဖြစ်ခဲ့ဘူး။ ယုတ်စွအဆုံး ညနေခင်းနေဝင်ချိန်လေးတစ်ခုကိုတောင် အရသာခံပြီး မကြည့်ခဲ့ဖူးဘူး။ ရှင်လျက်နဲ့သေနည်းမျိုးနဲ့ ရှင်သန်လာခဲ့တယ်။ ဒီနေရာမှာ တစ်ချိန်လုံးသုံးလာခဲ့တဲ့ ပစ္စုပ္ပန်ဆိုတဲ့စကားလုံးကို ကျွန်တော်ပြောချင်ခဲ့တဲ့ဆိုလိုရင်းက ပစ္စုပ္ပန်ဆိုတာထက် အခြေအနေတစ်ခုမှာနေသားကျနေခြင်းလို့ ပြောရင်ပိုမှန်မလားပဲ။ နည်းနည်းတော့ ဝေဝါးသွားပြီ။ ဒီလိုဝေဝါးနေတာကိုကပဲ ရှင်သန်ခြင်းပိုဆန်နေမလားပဲ။ ထားလိုက်ပါတော့။ ဆက်ရရင်… ဇာတ်ကောင်က တစ်ချိန်လုံး အလုပ်တော့များနေတာပဲ။ အသက်ရှုဖို့အချိန်မရှိလောက်အောင်ကို သူ့မှာ အလုပ်များနေခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း ဘာတွေလုပ်နေသလဲဆိုရင်လဲ သူ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိဘူး။ သူ့ရထားတဲ့နေရာလေးကို သူကာကွယ်ရင်း အလုပ်များနေခဲ့တာပဲ။ ဒီအခြေအနေမှာပဲ သူနေသားကျနေခဲ့တယ်။ ဒီလိုနဲ့ ဘာမှမတွေးဘဲ ပစ္စုပ္ပန်မှာ နေလာခဲ့တဲ့သူ့ကို ရှောင်လွှဲမရတဲ့အရာတွေက တံခါးလာခေါက်တယ်။ သေခြင်းပေါ့။ ဒါကတော့ သူ့ကိုတံခါးလာခေါက်တဲ့အရာပေါ့။ ကျွန်တော်ဆိုရင်တော့ သေခြင်းက နည်းနည်းဝေးဦးမယ်လို့ထင်ရတယ်။ မလွယ်ကူတဲ့ ဆုံးရှုံးခြင်းတွေ တံခါးလာခေါက်တာဖြစ်ဖို့က ပိုနီးစပ်တယ်။ လွယ်ကူတဲ့ဆုံးရှုံးခြင်းမျိုးတွေကတော့ ပစ္စုပ္ပန်ကို တံခါးလာခေါက်နိုင်တဲ့ စွမ်းပကားမျိုးရှိမှာမဟုတ်ဘူး။ ဘာကလွယ်ပြီး ဘာကမလွယ်လဲကတော့ လူပေါ်မူတည်ပါလိမ့်မယ်။ ဒီလိုတံခါးလာခေါက်တဲ့အချိန် ဒီလိုအခြေအနေမှာသာနေနေတဲ့လူဆို ဘယ်လိုမှတော့ ဒီအရာကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေစရာအကြောင်းမရှိဘူး။ ဒီတော့ စစချင်း သူဆောက်တည်ရာမရဖြစ်သွားတယ်။ သူမရှင်သန်ခဲ့ရတဲ့ဘဝကို ရှင်သန်ဖို့ကြိုးစားတယ်။ သေခြင်းကို မမြင်နိုင်ခဲ့ဘဲ မရှင်သန်နေတဲ့ ပစ္စုပ္ပန်မှာပဲနေလာခဲ့တဲ့လူဟာ ရှင်သန်နည်းကိုရှာတယ်။ ရှင်သန်တယ်ဆိုတာ ဘာများလဲ။ ဘယ်လိုဆို တကယ်ရှင်သန်နေတာလဲ အဖြေကို သူရှာရင်း နောက်ဆုံးကျ သူအဖြေကိုတွေ့သွားတယ်။ သေခြင်းတရားကို အစိမ်းလိုက်ရင်ဆိုင်ရဲစေမယ့် ရှင်သန်ခြင်းမျိုးကို သူတွေ့ရှိသွားခဲ့တယ်။ ဒါပေမဲ့ သူတွေ့ရှိသွားတဲ့ ရှင်သန်ခြင်းမျိုးကို ဘာမှမဟုတ်ပါဘူးလို့ ခင်ဗျားတွေးချင်လည်း တွေးမိလိမ့်မှာပဲ။ အဲဒီကျ အောက်က စာလေးဖတ်ကြည့်ပေါ့။ ကျွန်တော်တို့ချစ်တဲ့လူတစ်ယောက်အကြောင်းကို သူ့ကိုချစ်တဲ့လူတစ်ယောက်ပြောပြခဲ့တဲ့အရာပေါ့။ ဒီလောက်ပါပဲ။ “တချို့ကတော့ ခင်မောင်ရင့်ဘဝဟာ ဘာမှမဟုတ်ဘဲ ပြီးသွားတယ် ပြောကြတယ်။ ဝမ်းနည်း စကားပေါ့။ ကျနော်က အဲဒီလို ဘယ်တုန်းကမှ မထင်ဘူး။ ခင်မောင်ရင်ဟာ သူ့ဘဝရဲ့အကြောင်း အကုန် နားလည်တယ်။” စာကြွင်း။ နေ့တွေဟာ အကန့်အသတ်ရှိတာကြောင့်ပဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 980MB Quality – 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 23Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror • Drama • Thriller
8.3 1952
Ikiru
Bank of Seoul

Bank of Seoul (2019) တစ်နေ့ တစ်နေ့ အလုပ်ပဲလုပ်နေရင်းကနေ စိတ်ဖိစီးမှုတွေရပြီး မိသားစုအတွက် အလုပ်လုပ်နေတာပေမဲ့ မိသားစုကိုတောင် အချိန်မပေးနိုင်၊ ကောင်းကောင်းတောင် မအိပ်နိုင်ဖြစ်ရတဲ့ အလုပ်သမားတွေရဲ့ ဘဝကို ထင်ဟပ်စေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းတိုလေးမှာတော့ အလုပ်တွေဖိလုပ်ရင်း အိပ်ချိန်မရှိတဲ့အခါ အိပ်ချိန်ချေးပေးတဲ့ဘဏ်ကို ရောက်ရောက်သွားပြီး နောက်ဆုံး အိပ်ချိန်အကြွေးကို ပြန်မဆပ်နိုင်တဲ့အခါ သေဆုံးသွားမဲ့ အလုပ်သမားတွေအကြောင်းကို ရိုက်ကူထားပါတယ်။ အလုပ်ဘယ်လောက်များများ အိပ်ချိန်ကိုတော့ ကောင်းကောင်းအိပ်ပေးဖို့ အသိဝင်စေတဲ့ ပညာပေးဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အလုပ်ရှိလို့မဟုတ်ဘဲ ညလုံးပေါက် လိုင်းသုံးနေရင်းနဲ့လည်း အိပ်ချိန်ချေးပေးတဲ့ဘဏ်ကို ရောက်သွားပြီး အိပ်ချိန်အကြွေး ပြန်မဆပ်နိုင်ဘဲ ဂိန်သွားနိုင်ကြောင်းလည်း အသိတရားရကြပါစေ။ Genre….. Drama, Thriller Quality…. 1080p | 720p File size…346MB | 112MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

0 2019
Bank of Seoul
Rise of the Legend
6.5

Rise Of The Legend (2014) IMDb – 6.4/10 Rotten Tomotoes – 63% ဒီတစ် ခေါက် မိတ်ဆက် ပေးမယ့်ကား လေးက တော့ Rise Of The Legend ဆိုတဲ့ တရုတ် သိုင်းကားအက်ရှင်ကား လေးပဲဖြစ်ပါတယ် 2014 မှာထွက်ရှိထားပြီီး Sammo Kam-Bo Hung, Eddie Peng တိုနာမည်ကြီးသရုပ် ဆောင် တွေပါဝင်အားဖြည့်ထားတဲ့ကားဖြစ်ပြီး ဆု တွေလည်းအများကြီးလည်းရထားပါတယ် ဇာတ်လမ်းအညွှန်း ကျင်မင်းဆက် နှောင်းပိုင်းအချိန်အခါ ၁၈၆၈ ခုနှစ်အ တောအတွင်း ဂွမ်ဂျုံးပြည်နယ် ကုန်သွယ် ရေးဂိတ်ကိုကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို စိုးမိုးထားစဥ် အချိန်အခါကို ကျောရိုးထားပြီးရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဖိန်းဆိုတဲ့ သိုင်းသမားလူငယ်တစ် ယောက် ဂိတ်ကိုစိုးမိုး နေတဲ့ လူဆိုးဂိုဏ်း တွေကို ရှင်းလင်းဖို သူငယ်ချင်း ဝူနဲ့ ချန်းတိုနဲ့ အတူ နှစ်ရှည်အစီအစဥ်ဆွဲ အ ကောင်အထည် ဖော်ဖိုကြိုးစားရင်း ဖိန်းတစ် ယောက် ရန်သူကိုအတွင်းက နေတိုက်ဖို ကျားမဲဂိုဏ်းထဲကိုဝင်သွားခဲ့ပါတယ် အဲ့ဒီအချိန်ကာလက ဂိတ်ကို ကြီးစိုးထားတဲ့ ကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို အာဏာအတွက် အပြိုင်အဆိုင်လုနေတဲ့အချိန်ပဲဖြစ်ပါတယ် ဖိန်းတစ် ယောက်ဂိုဏ်းထဲဝင်ပြီး ဂိုဏ်း ခေါင်း ဆောင်ရဲ့ ယုံကြည်မှုကို ရယူဖို ဘယ်လို တွေကြိုးစားခဲ့ရလဲ ရန်သူ့အတွင်းထဲက နေ ဘယ်လို တွေ ကြံရွယ်ထားတဲ့အစီအစဥ် တွေကို ဖော် ဆောင်လဲ ဆိုတာ တွေကိုကြည့်ရှူရမယ့်ကား လေးပဲဖြစ်ပါတယ် ဒါ့အပြင် အိမ်မက်တစ်ခုကို ဖော် ဆောင်ရင်ဖြစ် နေကျအတိုင်း ကိုယ့်ဘက်က စွန့်လွှတ်လိုက်ရတာ တွေလည်းရှိပါတယ် ထိုစွန့်လွှတ်မှု တွေကို ဖိန်းတစ် ယောက်ဘယ်လို တွေ ခက်ခက်ခဲခဲ ဖြတ် ကျော်ခဲ့ရလဲ ဘယ်လိုအ တွေးအ ခေါ် တွေနဲ့ အောင်မြင်မှုကိုရယူခဲ့လဲဆိုတာ တွေကိုလည်း တွေ့မြင်ရမယ့်တရုတ်သိုင်းကား ကောင်း လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ DB ပါ ) P.S- အသတ်အဖြတ်တွေက ကြမ်းတမ်းတဲ့အတွက် အတိုက်အခိုက်ကြိုက်တဲ့ ပရိတ်သတ်ကြီးကိုတော့အကြိုက်တွေ့စေမှာပါ။ ဒီဇာတ်ကားထဲက Orchid ဆိုတဲ့ ပြည့်တန်ဆာမလေးကတော့ကျွန်တော့ ခရှ်ခ် လေး AngelaBaby ပါ မာစတာလူကတော့ ဟုန်ကျင်းပေါင် လို့လူသိများခဲ့တဲ့မင်းသားကြီး Sammo Kam-Bo Hung ပါ အသက်ကြီးပြီး ဝပေမယ့် ပေါ့ပေါ့ပါးပါးဘဲ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်ထားတာတွေ့ရပါတယ် File size_(2.8GB)/(1.5GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:11:00 Genre_Action, Biography, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

Horror • Science Fiction • Thriller
6.5 2014
Rise of the Legend
Unhappily Ever After (aka) Infelices para Siempre
5.3

“ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း” တဲ့။ ဘယ်နှယ့် “ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း” ပဲကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ​ဒီရုပ်ရှင်ဟာ စပိန် Rom/Com ရုပ်ရှင်တစ်ခုဖြစ်ပြီး ကြည်နူးဖို့ကောင်းတဲ့ ဟာသအချစ်ဇာတ်လမ်းလေးနဲ့အလှဆင်ထားပါတယ်။ အယ်ဖရက်ဒိုနဲ့ မာရီယာဟိုဆေးတို့ဟာအရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းကပေါ့လေ။ အိမ်ထောင်သက်ကြာလာတဲ့အမျှ ကလေးတွေလည်းမွေး အချစ်တွေလည်းပေါ့လာကြပြီး ကတောက်ကဆလေးတွေဖြစ်လာကြပါတယ်။ ဒီလိုဖြစ်နေတာတွေကို သူတို့ရဲ့ကလေးတွေဟာပြန်ပြင်ပေးဖို့ နှစ်ပတ်လည်နေ့မှာ ပျားရည်စမ်းထွက်တုန်းက ကမ်းခြေက ဟိုတယ်မှာအခန်းဖြတ်ပေးခဲ့ပါတယ်။ မသွားခင်လေးမှာ သမိီးလေး နီနာဟာ သူ(မ) ရဲ့မှောတုတ်တံလေးနဲ့ “နှစ်​ယောက်ပြန်မချစ်မချင်းပြန်မလာခဲ့ကြနဲ့”ဆိုပြီးပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်မသိလိုက်တာက ဒီစကားလေးဟာ သူတို့နှစ်ယောက်အတွက် အတော်လေးကိုအကျိုးသက်ရောက်စေမယ့်စကားဆိုတာကိုပါပဲ။ အားလုံးကပုံမှန်ဖြစ်နေပေမယ့် နောက်ရက်နိုးလာတဲ့အခါမှာသူတို့ဟာ ရ​က်တစ်ရက်တည်းမှာပိတ်မိနေတာကိုသိသွားခဲ့ပါတယ်။ မာရီယာနဲအယ်ဖရက်ဒိုတို့နှစ်ယောက် ဘယ်လိုများအချိန်လည်နေတာကိုရပ်တန့်မလဲ။ မျက်နှာမကြည့်ချင်အောင် ဖြစ်နေတဲ့နှစ်​ယောက်ကဘယ်လိုမျိုး ဒါကိုပြန်ပြင်မှာလဲ။ တကယ်ပဲရုပ်ရှင်ခေါင်းစဥ်လို “ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း”ဆိုပြီးဖြစ်သွားမှာလား။ အတော်လေးကိုကြည်နူးရတဲ့ Rom/Com ရုပ်ရှင်တစ်ခုမလို့ ကြည့်ဖို့အကြံပေးပါရစေ။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

5.3 2023
Unhappily Ever After (aka) Infelices para Siempre
Serenity
5.5

တစ်ချိန်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ခန့်ချောမင်းသားကြီး Matthew McConaughey နဲ့ ဒရာမာဇာတ်ကားပေါင်းများစွာကို ပီပီပြင်ပြင် သရုပ်ဆောင် နိုင်ခဲ့တဲ့ မင်းသမီးချော Anne Hathaway တို့ပါဝင် သရုပ်ဆောင်ထားတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေး လိုက်ပါတယ် .. ဒရာမာ လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းအစအလယ်အဆုံး ကြည့်ရှုသူပရိသတ်ရဲ့အာရုံကို ဖမ်းစားထားနိုင်မဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားအစမှာတော့ ပလိုင်းမောက်မြို့ရဲ့နာမည်ကြီး ငါးဖမ်းသမားဘိတ်ကာဒေးလ်ကို တွေ့ရမှာဖြစ်ပြီး သူ့ဘ၀ ကတော့ ငါးမျှားလိုက် သူတို့ဆီကိုလာတဲ့ခရီးသွားတွေကို ငါးမျှားဖို့လှေနဲ့ တင်ခေါ်ပေးသွားလိုက် အရက်သောက်လိုက် သူနဲ့အရင်ဘ၀ကတည်းက ရန်သူတော်ဖြစ်လာခဲ့သလားတောင် ထင်ရတဲ့ တူနာငါးကိုမရမက ဖမ်းဖို့ကြိုးစားလိုက်နဲ့အချိန်ကုန် ငွေတွေကုန်ပြီး လည်ပတ်နေခဲ့ပါတယ်။ သူသုံးနေတဲ့ လှေကလည်းဘဏ်ချေးငွေနဲ့ ဝယ်ထားတဲ့အတွက် သူတစ်ဝက် ဘဏ်တစ်ဝက် ပိုင်နေသလိုပါပဲ။ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့ပျင်းစရာကောင်းတဲ့ဘ၀ကြီးထဲကို သူ့ဇနီးဟောင်းရောက်လာခဲ့ပြီး သူနဲ့ရထားတဲ့သားနဲ့သူ့ကို နှိပ်စက်နေတဲ့ လက်ရှိယောက်ျားကို ပင်လယ်ထဲခေါ်သွားပြီး သတ်ပေးဖို့ ပိုက်ဆံတွေအများကြီးကမ်းလှမ်းပြီး တောင်းဆို လာတဲ့အခါမှာတော့ သူ့ဇနီးဟောင်းတောင်းဆိုတဲ့အတိုင်း လုပ်ပေးလိုက်မလား ပိုက်ဆံတွေကိုရောလက်ခံလိုက်မလား ဒါမှမဟုတ် လူသားတစ်ယောက်ပီသစွာနဲ့ပဲငြင်းလိုက်မလား ဆိုတာတွေအပြင်တခြားမထင်မှတ်ထားတဲ့လှည့်ကွက်တွေ အများကြီးကိုပါ တွေ့ကြုံခံစားရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB/888MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 46m Genre ….. Drama , Mystery Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2019
Serenity
Jackpot

Jackpot 2015 ဒီတစ်ခါပရိသတ်ကြီးကို ဗီယက်နက်ဟာသဒရမ်မာကားလေးတစ်ခုတင်ဆက်ပေးချင်ပါတယ် အာရှကားတွေဆိုတော့ အာရှဆန်ဆန်ပဲ ဇာတ်လမ်းရိုးရိုးရှငိးရှင်းကိုမှ ပေါ့ပေါ့ပါးပါးနဲ့အပန်းဖေကြည့်ရှုနိုင်မှာပါ ဇာတ်လမ်းလေးကလည်း ဆရာမင်းလူရဲ့ရယ်မောခြင်းအပိုင်းအစထဲက ဓာတ်ခဲတို့ရပ်ကွက်လေးလို တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းတဲ့ ရွာလေးက လူတွေအကြောင်း တင်ဆက်ပေးထားတာပါပဲ ဇာတ်လမ်းလေးကတော့ ကြင်နာတတ်တဲ့ထီသည်မလေး တစ်ခုလပ်ကလေးအမေ သွန် ထီလှည့်ရောင်းနေရပေမယ့် အားလုံးကိုကူညီတတ်တဲ့ သွန်ရဲ့ ကံကြမ္မာဟာအကောင်းဘက်ရောက်လာတဲ့အခါ….. ဇာတ်ဆောင်တွေအများကြီးနဲ့ သွန်ရဲ့ဘော်ဒါ တွန်းလှည်းလင်မယားတို့ သူ့ခင်ပွန်းဟောင်းနဲ့ သဝန်တိုတတ်တဲ့လက်ရှိမိန်းမ ခရိုင်မှူးဖြစ်ပြီးမှ ထောင်ကျသွားတဲ့ ထောင်ထွက်ဦးလေးကြီး စသဖြင့် ဘဝမှန်ကူကွက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဘဝသရုပ်ဖော်ကားလေးအဖြစ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 2.26GB | 1.11GB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

0 2015
Jackpot
Rogue River

ရော့ခ်မြစ်နားမှာ သေဆုံးသူဖခင်ရဲ့ အရိုးပြာကို လာစွန့်ပစ်တဲ့ မာရာဟာ သူစိမ်းတစ်ယောက်ဖြစ်သူ ဂျွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အရိုးပြာစွန့်ပစ်ဖို့ ခွင့်ပြုချက်လိုမယ့်အကြောင်းလာပြောပြတဲ့ ဂျွန်နဲ့ စကားစပ်မိရင်းကနေ ဂျွန်ကလည်း ဒီနေရာကို သူ့သမီးနဲ့အတူလာတတ်ကြောင်း ပြောပြခဲ့သလို မာရာကလည်း သူ့အဖေနဲ့ စခန်းချအမဲလိုက်ဖူးတဲ့ အမှတ်တရတွေကို ပြောပြနေခဲ့ပါတယ်။ နောက်တော့ မမှောင်ခင်မှာပဲ တောစပ်က ကားနားထိ အတူတူလမ်းလျှောက်လာခဲ့ကြပါတယ်။ ကားလမ်းဘေးကို ပြန်ရောက်တဲ့အခါမှာ သူစီးလာတဲ့ကားကို ထူးဆန်းစွာ ပျောက်ဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။ လူသူရှားပါးတဲ့အရပ်ဖြစ်နေတဲ့အတွက် ဂျွန်နဲ့ပဲ လမ်းကြုံလိုက်ခဲ့ဖို့ မာရာ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျွန့်အိမ်ကနေတစ်ဆင့် မြို့ထဲကိုသွားဖို့ စီစဉ်ထားတဲ့ မာရာဟာ သူ့ကို နွေးထွေးစွာ ကြိုဆိုနေတဲ့ ဂျွန်နဲ့လီယာတို့ ဇနီးမောင်နှံရဲ့ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ဘဲ ဂျွန်တို့အိမ်မှာ ညအိပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ညတွင်းချင်းပဲ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က ဂျွန်နဲ့လီယာ တို့ရဲ့ အရုပ်ဆိုးအကျည်းတန်မှုတွေ တစ်ရစ်ချင်းပေါ်လာတဲ့အချိန်မှာတော့ မာရာ့အတွက် ငရဲကို လက်တွေ့ကြုံရတဲ့ ညတစ်ညဖြစ်လာပါတော့တယ်။ ဘယ်လောက်ပဲ အပေါ်ယံဖော်ရွေတဲ့သူပဲဖြစ်ဖြစ် သူစိမ်းဖြစ်နေခဲ့ရင် အယုံမလွယ်သင့်ဘူးဆိုတာကို အကောင်းဆုံး ဥပမာပေးနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.6 GB/ 832 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Horror , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

0 2011 81 mins
Rogue River
Bibi
6

Bibi (2024) ဒီ BiBi ဆိုတဲ့ ဇာတ်လမ်းကတော့ Psychological, Thriller အမျိုးအစားကို နှစ်သက်တဲ့ CM ပရိသတ်တို့အတွက်ကတော့ ကွက်တိပါပဲ။ ဗီဗီယန်လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ ကလေးဘဝကအဖြစ်ဆိုးတွေကြောင့် တစ်ဘဝလုံးစိတ်ဒဏ်ရာရပြီး ကြီးပြင်းလာခဲ့သူပါ။ အသက်အရွယ်ရလာတာတောင်မှ စိတ်ဒဏ်ရာမပျောက်သေးတဲ့ ဘီဘီဟာ မူးယစ်ဆေးသုံး အရက်အလွန်အကျွံသောက်ပြီး လူသူမဆန်လောက်အောင် စိတ္တဇသမားသယောင်ဖြစ်လာသူပါ။ တစ်နေ့ သူ့ရဲ့အတိတ်ကို ပြန်အမှတ်ရသွားတဲ့အချိန်ကစပြီးတော့ အက်ရ်ှဝုဒ်ဗီဗီယန်ဟာ သူ့ရဲ့ငယ်ဘဝတုန်းက ဆုံးပါးသွားခဲ့တဲ့​ ညီမအကြောင်းကို ထင​်ယောင်ထင်မှားစဖြစ်လာပါတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် အသည်းသန်ဖြစ်လာတဲ့ ဗီဗီယန်ဟာ တစ်ခုခုဖြစ်တိုင်း သူ့သမီး ဘီဘီကိုသွားမှီခိုရှာပါတယ်။ ဒါပေမဲ့ တကယ်လက​်တွေ့မှာ ဗီဗီယန်တစ်ယောက် ဘယ်လောက်ထိတောင် စိတ်ရူးပေါက်ပြီး ထင်ယောင်ထင်မှားဖြစ်နေလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (800 MB) / (440 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:35:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6 2024 92 mins
Bibi
A Giraffe on the Balcony
5.5

Original Title : Una jirafa en el balcón Una jirafa en el balcn” ဟာ ၂၀၂၄ ခုနှစ်မှာ Diego Yaker ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ အာဂျင်တီးနားနိုင်ငံမှာ Lidia Muozဟာ ၁၉၇၈ ခုနှစ် စစ်အာဏာရှင်ကာလမှာ တော်လှန်ရေးသမားအဖြစ်ပါဝင်ပြီး ဘာစီလိုနာကို ထွက်ပြေးခဲ့ပါတယ်။ထွက်ပြေးပြီးနောက်သူမဟာဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲနေခဲ့ပါတယ်။ နှစ်ပေါင်းများစွာအကြာမှာ သူ့ရဲ့ ချစ်သူ Oscar Medina ပျောက်ဆုံးပြီးသေဆုံးသွားတဲ့ အမှုကို သက်သေထွက်ဖို့ တာဝန်ပေးခံရပြီး သူမရဲ့စိတ်ဒဏ်များရှိရာ အာဂျီတီးနားကို ပြန်သွားခဲ့ရပါတယ်။ သူမဟာအစပိုင်မသွားဖို့ဆုံးဖြတ်ထားပေမဲ့ သူမ၏ကိုယ်ဝန်သည် သမီးဟာသူ့အဖေဘယ်လိုသေဆုံးသွားလည်းသိချင်တာ ကြောင့် အာဂျီတီးနားကို ပြန်ရောက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်ခဲ့မလဲ? သူ့သူငယ်ချင်းတွေနဲ့တွေ့ပြီးနောက် တစ်ခုခုဖုံးကွယ်ထားမှန်း သိလိုက်ရတဲ့အခါ သူမဟာဖုန်းကွယ်ထားတာကိုရှာဖွေနိုင်မှာလား? ဒီကားလေးမှာတော့ သစ္စာဖောက်ခံရမှု,အခက်ခဲကြားထဲမှ မိသားစု,သူငယ်ချင်းဆက်ဆံရေးတွေနဲ့ စိတ်ဒဏ်ရာများနဲ့ရှင်သန် နေထိုင်ရသူများအကြောင်းများပါဝင်တာကြောင့် ရင်နင့်ဖွယ် ကြည့်ရှူနိုင်မယ့်ကားလေးပဲ ဖြစ်ပါတယ်။ File size… (1.39 GB) / (735 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Drama
5.5 2024 90 mins
A Giraffe on the Balcony
Lilies Not for Me
7.1

ဒီတစ်ခါမှာတော့ ထူးထူးခြားခြား LGBT ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Lilies Not For Me ဖြစ်ပြီး လက်ရှိ IMDb Rating 7.1 အထိတောင်ရရှိ ထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကား ကောင်းတစ်ကားဆိုတာတော့ ငြင်းစရာကိုမရှိပါဘူး။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Lord Of The Rings ထဲက Robert Aramayo တို့ ဒရာမာမင်းသားချော Fionn O’Shea တို့အပြင် တခြားသော သရုပ်ဆောင် ကောင်းများစွာလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အခုခေတ်မှာတော့လွတ်လပ်ပွင့်လင်းနေပြီဆိုပေမဲ့ အရင် ခေတ်တုန်းက ယောက်ျားချင်းချစ်ကြိုက်တဲ့သူတွေဆိုရင် ရောဂါဖြစ်နေတယ်လို့တောင်သတ်မှတ်တာတွေ ဥပဒေနဲ့ ထိန်းချုပ်ထားတာတွေရှိခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကို အဲ့ဒီအချိန်ကာလအနေနဲ့ရိုက်ကူး ထားပြီး အဓိကလိင်တူချစ်သူ ၂ ယောက်ကတော့အိုဝင်နဲ့ ဖီးလစ်တို့နှစ်ယောက်ဖြစ်ပြီး အိုဝင်က စာရေးဆရာ ဖီးလစ်က ဆရာဝန်ဖြစ်ပါတယ်။သူတို့နှစ်ယောက်က ဝေးကွာနေခဲ့တာ ကြာပြီဖြစ်ပြီး တစ်နေ့မှာတော့ဖီးလစ်ကအိုဝင့်ဆီကို ကိစ္စ တစ်ခုနဲ့ပြန်လာခဲ့ပါတော့တယ်။အဲ့ဒီကိစ္စကတော့ သူ့ဆီမှာ လိင်တူစိတ်ဝင်စားမှုကို ကုသနိုင်တဲ့လုပ်ထုံးရှိပြီး သူတို့ နှစ်ယောက်လုံး အဲ့ဒါကိုအတူတူလုပ်ကြဖို့ တိုက်တွန်းတာပါပဲ။ အိုဝင်က စစချင်းမှာတော့တုံ့ဆိုင်းနေခဲ့ပေမဲ့ ဖီးလစ်အဲ့ဒါကို လုပ်ပြီး ဖြစ်လာတဲ့ရလာဒ်အပေါ်မှာမူတည်ကာ မီးစင် ကြည့်ကသွားမှာဖြစ်တဲ့အတွက် ဒါကြီးကအောင်မြင် သွားပါ့မလား ဒါမျိုးတွေဆိုတာကရော တကယ်ရှိရဲ့လား လိင်တူစိတ်ဝင်စားတယ်ဆိုတာကရော ရောဂါတစ်ခုလား ဆိုတာတွေကိုရှုစားရမဲ့ စိတ်ဝင်စားစရာ LGBT ဇာတ်လမ်း ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.06 GB) / ( 579 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 39m Genre …..Drama , History , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

TV Movie • Comedy • Romance
7.1 2025 99 mins
Lilies Not for Me
One Piece: Giant Mecha Soldier of Karakuri Castle
6.4

One Piece Movie 7: The Giant Mechanical Soldier of Karakuri Castle (2006) IMDb – 6.4/10, MyAnimeList – 7.1/10 ဒီကားကတော့ One Piece Movie Franchise ရဲ့ခုနှစ်ကားမြောက်ပါ။ ဒီတစ်ခါမှာလဲ One Piece ရိုးရာပီပီ နောက်စွန့်စားခန်းတစ်ခုကို ထွက်ကြရမှာပါ။ ဇာတ်လမ်းအစမှာ‌တော့ Luffy တို့ဟာ ပင်လယ်ပြင်ထဲမှာ ရတနာသေတ္တာတစ်လုံးကို ရှာတွေ့ပြီး အချီကြီးပွပြီထင်ပေမဲ့ တကယ်တမ်းတော့ အထဲမှာရတနာတွေအစား အဖွားအိုတစ်ယောက်ပဲရှိနေတာပါ။ အဖွားအိုက သူ့ကိုအိမ်ပြန်ပို့ပေးအောင် သူ့ကျွန်းမှာရှိတဲ့ ရွှေသရဖူလို့ခေါ်တဲ့ ရတနာကို ပေးမယ်လို့ ဆွဲဆောင်လိုက်ပါတယ်။ ဒီရတနာကတကယ်ရှိမရှိဆိုတာလဲ ဘယ်သူမှမသိကြပါဘူး။ ဒါပေမဲ့ Luffy ကတော့ ယုံကြည်ပြီး အဖွားကို သူ့ကျွန်းဆီပြန်ပို့ကာ ရတနာယူဖို့ချီတက်ပါတော့တယ်။ အဖွားရဲ့ကျွန်းက ပုံမှန်လမ်းညွှန်တွေနဲ့သွားလို့မရဘဲ လိပ်ကလေးညွှန်တဲ့ လိပ်လမ်းညွှန်စက်နဲ့ပဲ သွားလို့ရတာက သူ့ထူးခြားချက်ပါ။ ဒါနဲ့ပဲ ကျွန်းကိုရောက်တော့ အဲဒီအဖွားရဲ့သား တီထွင်ထားတဲ့ စက်တွေရဲ့တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်။ ရတနာဆိုတာလည်း ‌ပဟေဠိဖွက်ထားတဲ့ သီချင်းတစ်ပုဒ်ကို ဖြေရှင်းပြီးရှာဖွေရမှာပါ။ ကြည့်ရတာတော့ အတော်လေးကောင်းတဲ့ကားထဲပါပါတယ်။ သူ့ရဲ့မြှုပ်ကွက်တွေ‌က အရင်ကားတွေနဲ့မတူဘဲ ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါကြောင့် Lost Treasure ရှာဖွေတာတွေကြိုက်တဲ့သူတွေဆိုရင် မလွတ်တမ်းကြည့်သင့်တဲ့ ကားတစ်ကားလို့ပြောရင်း နိဂုံးချုပ်ပါရစေရှင့်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Angelia ဖြစ်ပါတယ်) File size… 1.4 GB / 670 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Angelia

Action • Comedy • Drama
6.4 2006 94 mins
One Piece: Giant Mecha Soldier of Karakuri Castle